





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အိဗ်နု အဗ္ဗားစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် ငါတမန်တော်၏ အွမ္မသ်ကို ( မရည်ရွယ်ပဲမှားသော ) အမှား၊ မေ့လျော့မှုနှင့် အတင်းအကျပ် ဖိအားပေး စေခိုင်းခြင်းခံခဲ့ရသည့် အရာများမှခွင့်လွှတ်ချမ်းသာ ပေးတာ်မူခဲ့လေ၏။
رواه ابن ماجه والبيهقي وغيرهماဤဟဒီးစ်တော်တွင် တမန်တော်မြတ် ( ဆွလ္လလ္လာဟုအလိုင်ဟိ ဝစလ္လမ် ) က အလ္လာဟ်အရှင်မြတ်က မိမိ၏ အွမ္မသ်သားများနှင့်ပတ်သတ်၍ သုံးမျိုးသော အခြေအနေတွင် ခွင့်လွှတ်ချမ်းသာပေးထားတော်မူကြောင်းကို တင်ပြထားသည်။ ( ၁ ) မှားယွင်းမှု- ၎င်းသည် တမန်တော်မြတ်၏ အွမ္မသ်ထံမှ မရည်ရွယ်ဘဲ ထွက်ပေါ်လာသော အမှားဖြစ်သည်။ ဆိုလိုသည်မှာ မွတ်စ်လင်မ်တစ်ဦးသည် တစ်စုံတစ်ရာကို ရည်ရွယ်ပြုလုပ်မိသော်လည်း သူ၏လုပ်ဆောင်မှုသည် ရည်ရွယ်ချက်နှင့် မကိုက်ညီဘဲ ဖြစ်သွားခြင်းကို ဆိုလိုသည်။ ( ၃ ) မေ့လျော့ခြင်း - ဆိုလိုသည်မှာ မွတ်စ်လင်မ်တစ်ဦးသည် တစ်စုံတစ်ရာကို မှတ်မိသိရှိနေသော်လည်း လုပ်ဆောင်ချိန်တွင် မေ့လျော့သွားခြင်းဖြစ်သည်။ ထိုသို့သောကိစ္စမျိုးတွင်လည်း အပြစ်မရှိပါ။ ( ၃ ) အတင်းအကျပ်ပြုမှု - လူတစ်ဦးသည် မိမိသ ေဘာ ဆန္ဒမပါရှိဘဲ အရာတစ်ခုခုကို ကျူးလွန်ရန် အတင်းအကျပ်ပြုခံရပြီး၊ ထိုအတင်းအကျပ်ပြုမှုကို ခုခံတွန်းလှန်နိုင်စွမ်းလည်း မရှိချိန်တွင် ထိုသို့ကျူးလွန်မိပါက မည်သည့်အပြစ်တစ်စုံတစ်ရာ မရှိပေ။ သတိပြုရမည့်အချက်မှာ ဟဒီးစ်တော်လာ အ ကြောင်းအရာသည် ဗန်ဒဟ်နှင့် ၎င်း၏အရှင်ကြားတွင်ရှိသော တားမြစ်ထားသောအရာများကို ကျူးလွန်မိခြင်းနှင့်စပ်လျဉ်းသော အခြေအနေကို ရည်ညွှန်းသည်။ သို့ရာတွင် မေ့လျော့မှုကြောင့် ဝါဂျိဗ်(ပြုလုပ်ရမည့်တာဝန်)ကို မပြုလုပ်မိပါက ထိုတာဝန်မှ လွတ်ငြိမ်းခွင့်မရှိပါ။ အလားတူပင် အကယ်၍ ထိုသို့ကျူးလွန်မိမှုကြောင့် အခြားသူအား ထိခိုက်နစ်နာမှုဖြစ်ပွားပါက ဥပမာ - မတော်တဆတစ်စုံတစ်ဦးအား သေဆုံးစေ ပါက ဒီယသ်(သွေးလျော်ကြေး) ပေးဆောင်ရမည် သို့မဟုတ် မတော်တဆ ကားတစ်စီးအား ပျက်စီးစေခဲ့ပါက ၎င်းအပေါ်၌ လျော်ကြေးပေးဆောင်ရန်တာဝန်ရှိသည်။ ထိုသို့သောကိစ္စမျိုးတွင် အခြားသူ၏အခွင့်အရေးမှာ မပျောက်ပျက်နိုင်ပါ။
ဆွဖ်ဝါန် ဗင်န် မုဟ်ရိဇ်မှ ဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောသည်မှာ- လူတစ်ဦးက အိဗ်နုအုမရ် (ရဿွိလ္လဟုအလ္လာဟ်အန်ဟုမာ ) အား မေးမြန်းခဲ့သည်- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကို "နဂျ်ဝါ" (ကွယ်ရာတွင်စကားပြောခြင်း) နှင့်ပတ်သက်၍ မည်သို့ မိန့်ကြားသည်ကို သင့်အနေဖြင့် ကြားသိခဲ့ရသနည်း။ ထိုအခါ အိဗ်နုအုမရ်က ဖြေကြားခဲ့သည်မှာ- ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ဤသို့ မိန့်ကြားသည်ကို ကြားသိခဲ့ရသည်- “ကိယာမတ်နေ့တွင် မုအ်မင်န်ယုံကြည်သူအား သူ့အရှင်သခင်၏ အနီးသို့ ခေါ်ဆောင်လာခြင်းခံရမည်။ နောက်ဆုံး အလ္လာဟ်အရှင်မြတ်က သူ့အား မိမိအကာအကွယ်အောက်သို့ ထားတော်မူမည်။ ထို့နောက် သူ၏အပြစ်များကို ဝန်ခံစေတော်မူပြီး ‘ဤအပြစ်ကို သင်မှတ်မိသလောဟု မေးမြန်းတော်မူမည်။ ထို(မုအ်မင်န်ယုံကြည်) သူက ‘အိုကျွန်တော်မျိုး၏အရှင်၊ ကျွန်တော်မျိုး မှတ်မိပါ၏’ ဟုလျှောက်ထားလိမ့်မည်။ အလ္လာဟ်အရှင်မြတ်က ‘ငါအရှင်မြတ်သည် လောကီ၌ ထိုအပြစ်များအား သင့်အပေါ်၌ ဖုံးကွယ်ပေးတော်မူခဲ့ပြီး ယနေ့ငါအရှင်မြတ်သည် သင့်အတွက် ထိုအပြစ်များကို ခွင့်လွှတ်တော်မူမည်’ ဟု မိန့်ကြားတော်မူမည်။ ထို့နောက် သူ၏ ကောင်းမှုများမှတ်တမ်းကို သူ့ထံပေးအပ်တော်မူမည်။ သို့ရာတွင် ကာဖိရ်များနှင့် မုနာဖိက်များမှာမူကား အဖန်ဆင်ခံအားလုံး၏ ရှေ့မှောက်တွင် ၎င်းတို့အား 'ဤသူများသည် အလ္လာဟ်အရှင်မြတ်အပေါ် မုသားလိမ်လည်စွပ်စွဲခဲ့ကြသောသူများပင် ဖြစ်ကြသည်' ဟု ကြွေးကြော်ခြင်းခံကြရမည်။"
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကိယာမတ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ မုအ်မင်န်ကျေးကျွန်အား လျှို့ဝှက်စွာစကားပြောဆိုတော်မူမည့်အကြောင်းကို မိန့်ကြားတော်မူခဲ့သည်။ ကိယာမတ်နေ့တွင် မုအ်မင်န်ယုံကြည်သူအား သူ့အရှင်သခင်၏ အနီးသို့ ခေါ်ဆောင်လာခြင်းခံရမည်။ အလ္လာဟ်အရှင်မြတ်က သူ့အား မိမိအကာ အကွယ်အောက်သို့ ထားတော်မူမည်။ ထိုသို့အားဖြင့် အခြားသူများက သူ၏လျှို့ဝှက်ချက်များကို မသိရှိနိုင်စေရန် ဖြစ်သည်။ ထို့နောက် အရှင်မြတ်က ၎င်းအား မိန့်တော်မူမည်မှာ- အသင် ဤသို့ အပြစ်၊ ဤသို့ အပြစ်များကို သိပါသလော။ ထို့နောက် ဗန္ဒဟ်ကျေးကျွန်နှင့် မိမိ၏ အရှင်သ ခင်ကြားလျှို့ဝှက်ကျူးလွန်ခဲ့သည့် အပြစ်များကို တစ်ခုပြီးတစ်ခု ဝန်ခံစေမည်။ ထိုအခါ ၎င်းက 'ဟုတ်ပါသည်၊ အို- ကျွန်တော်မျိုး၏အရှင်၊ ကျွန်တော်မျိုး မှတ်မိပါသည်' ဟု ဝန်ခံပြောဆိုမည်။ နောက်ဆုံး မုအ်မင်န်သက်ဝင်ယုံကြည်သူသည် ကြောက်လန့်တကြားဖြစ်နေချိန်တွင် ကရုဏာတော်ရှင်က ‘ငါအရှင်မြတ်သည် လောကီ၌ ထိုအပြစ်များအား သင့်အပေါ်၌ ဖုံးကွယ်ပေးတော်မူခဲ့ပြီး ယနေ့ငါအရှင်မြတ်သည် သင့်အတွက် ထိုအပြစ်များကို ခွင့်လွှတ်တော်မူမည်’ ဟု မိန့်ကြားတော်မူမည်။ ထို့နောက် သူ၏ ကောင်းမှုများမှတ်တမ်းကို သူ့ထံပေးအပ်တော်မူမည်။ သို့ရာတွင် ကာဖိရ်များနှင့် မုနာဖိက်များမှာမူကား အဖန်ဆင်ခံအားလုံး၏ ရှေ့မှောက်တွင် ၎င်းတို့အား 'ဤသူများသည် အလ္လာဟ်အရှင်မြတ်အပေါ် မုသားလိမ်လည်စွပ်စွဲခဲ့ကြသောသူများပင် ဖြစ်ကြသည်' ဟု ကြွေးကြော်ခြင်းခံကြရမည်။ သတိပြုကြလော့၊ မတရားသူတို့အပေါ် အလ္လာဟ်အရှင်မြတ်၏ လအ်နသ်ပြစ်တင်ကျိန်ဆဲခြင်း ရှိပါစေသတည်း။
မိက်ဒါဒ် ဗင်န် အမ်ရ် အလ်ကင်န်ဒီ ( ရဿွိယလ္လာဟု အန်ဟု )ထံမှဆင့်ပြန်လာရှိသည်။ ၎င်းသည် တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) အား ဤသို့ လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော် မည်သို့ အမိန့်ရှိပါသနည်း။ အကယ်၍ ကျွန်တော်သည် ကာဖိရ်တစ်ယောက်နဲ့ တွေ့ဆုံပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန်တိုက်ခိုက်ခဲ့ကြပြီး ၎င်းသည် ကျွန်တော့်လက်တစ်ဖက်ကို ဓါးရှည်ဖြင့် ခုတ်ဖြတ်ခဲ့သည်။ ထို့နောက် ကျွန်တော့်ထံမှ လွှတ်မြောက်ဖို့ရာ သစ်ပင်တစ်ပင်ကို အကာအကွယ်ယူပြီး (ဤသို့) ပြောဆိုလေသည်။ ကျွန်ုပ် အလ္လာဟ့်အတွက် အစ္စလာမ် သာသနာကို လက်ခံလိုက်ပါပြီ။ အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ၎င်းသည် ထိုစကား( ကလိမဟ် )ကို ရွတ်ဆိုပြီးနောက်မှာ ကျွန်တော် သူ့ကို သတ်လို့ရမလား။ ထိုအခါ တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) မိန့်တော်မူသည်မှာ - “အသင် သူ့ကိုမသတ်လေနှင့်” ။ ထိုအခါ ၎င်း ( မိက်ဒါဒ် ) က လျှောက်ထားသည်မှာ - အို - အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ၎င်းသည် ကျွန်တော့်လက်တစ်ဖက်ကို ခုတ်ဖြတ်ခဲ့တယ်။ လက်ကို ခုတ်ဖြတ်ခဲ့ပြီးမှ ကလိမဟ်ကို ရွတ်ဆိုခဲ့ခြင်းဖြစ်တယ်။ ထိုအခါ တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) မိန့်တော်မူသည်မှာ- “အသင် သူ့ကိုမသတ်လေနှင့်” ။ အကယ်၍ အသင်သူ့ကို သတ်လိုက်ပါက အသင်သူ့ကို မသတ်ခင်က ရှိခဲ့တယ့် အသင့်ရဲ့အဆင့်ကို သူရောက်သွားပြီး၊ အသင်ကတော့ သူဖတ်ရွတ်လိုက်တယ့် ( ကလိမဟ် ) စကားကို မဖတ်ခင်က သူရှိခဲ့တယ့် အဆင့်ကို ရောက်သွားလိမ့်မည်။
متفق عليهမိက်ဒါဒ် ဗင်န် အစ်ဝဒ် (ရဿွိယလ္လာဟုအန်ဟု) သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ဤသို့ လျှောက်ထားမေးမြန်းခဲ့သည် - အကယ်၍ စစ်ပွဲတွင် ကာဖိရ်တစ်ဦးနှင့် ရင်ဆိုင်တွေ့ပြီး ဓားများဖြင့် တစ်ဦးကိုတစ်ဦး တိုက်ခိုက်ခဲ့ကြပြီးကာဖိရ်က ၎င်း၏လက်တစ်ဖက်ကို ဓားဖြင့်ခုတ်ဖြတ်လိုက်ပြီး နောက် ထွက်ပြေးကာ သစ်ပင်တစ်ပင်အနောက်တွင်ခိုလှုံပြီး “လာအိလာဟ အိလ္လလ္လာဟု ” (အလ္လာဟ်မှတစ်ပါး အခြားမှန်ကန်သည့်ကိုးကွယ်ရာအရှင်မျှမရှိပါ )ဟု ကလိမဟ်တော်ကို ရွတ်ဆိုလိုက်လျှင် ကျွန်တော့်လက်ကို ခုတ်ဖြတ်ပြီးမှပင် ဖြစ်သော်လည်း ကျွန်တော်သည် ထိုသူ့ကို သတ်ခွင့်ရှိပါသလား။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က " အသင်သူ့ကို မသတ်လေနှင့်" ဟု မိန့်ကြားခဲ့သည်။ ထိုအခါ ၎င်းက "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ သူသည် ကျွန်တော့်လက်တစ်ဖက်ကို ခုတ်ဖြတ်ခဲ့ပါသည်။ သို့ဖြစ်ပါလျက် သူ့ကို မသတ်ရဘူးလား" ဟု ပြန်လည် လျှောက်ထား မေးမြန်းခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က " အသင် သူ့ကို မသတ်လေနှင့်။ အဘယ်ကြောင့်ဆိုသော် ယခုအခါ သူ၏သွေးသည် (အစ္စလာမ်သာသနာသို့ ဝင်ရောက်ခဲ့ခြင်းကြောင့် သတ်ခြင်း) ဟရာမ်ဖြစ်သွားပြီ ဖြစ်သည်။ အကယ်၍ သူသည် အစ္စလာမ်သာသနာသို့ ဝင်ရောက်လာပြီးနောက် အသင်သူ့ကို သတ်လိုက်ပါက၊ သူသည် မွတ်စ်လင်အဖြစ်သို့ ရှောက်ရှိသွားပြီ ဖြစ်သောကြောင့် အသင့်ရဲ့အဆင့်ကို သူရောက်သွားပြီး၊ အသွေးအသား ကာကွယ်ခြင်းခံရသူ ဖြစ်သွားပြီး၊ အသင်သည် သူ့ကိုသတ်လိုက်ခြင်း ကြောင့် သူရှိခဲ့တယ့် အဆင့်ကို ရောက်သွားပြီး၊ ကိစွားစ် (အစားယူခြင်း အပြစ်ဒဏ်)အနေဖြင့် အသတ်ခံရခြင်းသည် ဟလာလ်ဖြစ်သွားလိမ့်မည်။
အဗူဗရဇဟ် အလ် အတ်စ်လမီး (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကိယာမသ်နေ့တွင် ကျေးကျွန်တစ်ဦးသည် မိမိ၏သက်တမ်းနှင့်ပတ်သက်၍ မည်သို့ကုန်ဆုံးခဲ့သည်။ မိမိ၏ အိလ်မ်အသိပညာနှင့်ပတ်သက်၍ မည်သို့လိုက်နာကျင့်သုံးခဲ့သည်။ မိမိဥစ္စာပစ္စည်းနှင့် ပတ်သက်၍ မည်သည့် နေရာမှရှာဖွေခဲ့သည် မည်သို့သုံးစွဲခဲ့သည်။ မိမိခန္ဓာကိုယ်နှင့်ပတ်သက်၍ မည်သည့်နေရာတွင် အသုံးချခဲ့သည်တို့ကို မေးမြန်းခြင်းမခံရသ၍ ခြေနှစ်ဖက်သည် လုံးဝရွေ့လျားနိုင်မည်မဟုတ်ပေ။
رواه الترمذيတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ကိယာမသ်နေ့၌ မည်သည့်လူသားမဆို အောက်ပါအချက်များနှင့်ပတ်သက်၍ မေးမြန်းခြင်းမခံရသေးသမျှ စာရင်းစစ်ဆးသည့်နေရာကို ကျော်လွန်၍ ဂျန္နသ်သုခဘုံသို့ဖြစ်စေ သို့မဟုတ် ဂျဟန္နမ်ငရဲဘုံသို့ဖြစ်စေ သွားနိုင်ကြမည် မဟုတ်ပေ။ ၎င်းတို့မှာ- (၁) မိမိ၏သက်တမ်းအား မည်သို့ကုန်ဆုံးခဲ့သနည်း။ (၂) မိမိ၏အိလ်မ် အသိပညာအား အလ္လာဟ်အရှင်မြတ်အတွက် ရှာဖွေဆည်းပူးခဲ့ပါသလား။ အိလ်မ်ပညာအပေါ် လိုက်နာကျင့်သုံးခဲ့ပါသလား။ ထိုက်တန်သူတို့အား ပြန်လည်ပို့ချခဲ့ပါသလား။ (၃) မိမိဥစ္စာပစ္စည်းအား မည်သည့်နေရာမှ ရှာဖွေခဲ့ပါသနည်း။ ဟလာလ်ရှာဖွေခဲ့သလော သို့မဟုတ် ဟရာမ်ရှာဖွေခဲ့သလော ထိုပစ္စည်းများအား မည်သို့သုံးစွဲခဲ့ပါသနည်း။ အလ္လာဟ်အရှင်မြတ် နှစ်သက်သည့် နေရာများတွင် သုံးစွဲခဲ့သလော သို့မဟုတ် အလ္လာဟ်အရှင်မြတ် မနှစ်သက်သည့် နေရာများတွင် သုံးစွဲခဲ့သလော။ (၄) မိမိ၏ခန္ဓာကိုယ်၊ အင်အား၊ ကျန်းမာမှုနှင့် ပျိုရွယ်မှုတို့ကို မည်သည့်နေရာတွင် သုံးစွဲခဲ့ပါသနည်း။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ခိုင်ဗရ်စစ်ပွဲဖြစ်သည့် နေ့၌ မိန့်ကြားတော်မူခဲ့သည်။ ငါကိုယ်တော် ဤအလံအား အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်ကို ချစ်မြတ်နိုးသောသူအား မုချပေးအပ်မည်။ အလ္လာဟ်အရှင်မြတ်သည် သူ၏ လက်ပေါ်တွင် အောင်နိုင်မှုချီးမြှင့်တော်မူမည်။ အုမရ် ဗင်န် ခသ်သွာဗ်က ထိုနေ့တွင်သာလျှင် ကျွန်ုပ်သည် ခေါင်း ဆောင်ဖြစ်လိုသောဆန္ဒ ဖြစ်ပေါ်ခဲ့သည်ဟု ပြောဆိုခဲ့လေသည်။ ၎င်းက ဆက်လက်၍ ပြောပြခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်သည် ထိုအလံတော်အတွက် ခေါ်ခြင်းခံရမည်ကို မျှော်လင့်ကာ မြင့်သောနေရာသို့ မတ်တတ်ထလျက် ရပ်ခဲ့သည်"။ ၎င်းက ဆက်လက်၍ ပြောကြားသည်မှာ "ထို့နောက် အလ္လာဟ်အရှင်မြတ်၏တမန်တော်မြတ်သည် အလီ ဗင်န် အဗီသွာလိဗ်အား ခေါ်တော်မူပြီး ထိုအလံတော်ကို ၎င်းထံအပ်နှင်းကာ "သွားလော့။ အလ္လာဟ်သည် သင့်အပေါ် အောင်နိုင်မှုကို ချီးမြှင့်တော်မူသည်အထိ နောက်ပြန်လှည့်မကြည့်နှင့်" ဟု မိန့်ကြားတော်မူခဲ့သည်။ ၎င်းက ဆက်လက် ၍ ပြောကြားသည်မှာ "ထိုအခါ အလီသည် အနည်းငယ်မျှ ချီတက်သွားပြီးနောက် ရပ်တန့်ကာ နောက်သို့ လှည့်မကြည့်ဘဲ ဤသို့ ဟစ်အော်မေးမြန်းခဲ့သည်- 'အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ လူတို့အား မည်သည့်အကြောင်းဖြင့် ကျွန်ေတာ်မျိုး စစ်မက်တိုက်ခိုက်ရမည်နည်း' တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "၎င်းတို့သည် 'အလ္လာဟ်မှတစ်ပါး အခြားမည်သည့်ကိုးကွယ်ရာမျှမရှိ' ဟု လည်းကောင်း၊ 'မုဟမ္မဒ်သည် အလ္လာဟ်၏ ရစူလ်တမန်တော်ဖြစ်သည်' ဟု လည်းကောင်း သက်သေခံသည်အထိ ၎င်းတို့နှင့် တိုက်ခိုက်လော့။ အကယ်၍ ၎င်းတို့သည် ထိုသို့ပြုလုပ်ပါက ၎င်းတို့၏အသက်နှင့် ဥစ္စာပစ္စည်းများကို အစ္စလာမ်၏ ဝတ္တရားမှလွဲ၍ သင့်ထံမှ ကာကွယ်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ ထို့နောက် ၎င်းတို့အား စာရင်းစစ်ဆေးခြင်းသည် အလ္လာဟ်အရှင်မြတ်၏ တာဝန်သာလျှင်ဖြစ်တော်မူသည်" ဟု မိန့်ကြားတော်မူခဲ့သည်။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဆွဟာဗဟ်များအား နောက်တစ်နေ့ (မနက်ဖြန်)တွင် မဒီနာမြို့အနီးရှိ ခိုင်ဗရ်တွင်ရှိသော ယဟူဒီများအပေါ် မွတ်စ်လင်မ်တို့ အောင်နိုင်မည့်အကြောင်းနှင့် ထိုအောင်နိုင်မှုသည် တမန်တော်မြတ် အလံချီးမြှင့်အပ်နှင်းမည့်သူ၏ လက်ပေါ်တွင် ဖြစ်မည်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ထိုအလံသည် တပ်မတော်၏ သင်္ကေတအဖြစ် အသုံးပြုသော အလံဖြစ်သည်။ ဤ( အလံပေးအပ်မည့်)ပုဂ္ဂိုလ်၏ ဂုဏ်အရည်ချင်းများအနက်မှ တစ်ခုမှာ သူသည် အလ္လာဟ်အရှင်မြတ်နှင့် ၎င်း၏ ရစူလ်တမန်တော်ကို ချစ်ခင်နှစ်သက်ပြီး၊ အလ္လာဟ်အရှင်မြတ်နှင့် ၎င်း၏ ရစူလ်တမန်တော်ကလည်း သူ့အား ချစ်ခင်နှစ်သက်တော်မူခြင်း ဖြစ်သည်။ အုမရ် ဗင်န် ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု) က တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏(အလံအပ်နှင်းခံရသူသည်) "အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်ရဲ့ ချစ်ခင်နှစ်သက်မှုကို ရရှိသူဖြစ်လိမ့်မည်" ဟု မိန့်ကြားခဲ့သည့် စကားကို ကြားရသည့်အခါ မိမိကိုယ်တိုင် ထိုအရာကို ရရှိရန် မျှော်လင့်ချက်ဖြင့် ထို့နေ့တွင်သာလျှင် ခေါင်းဆောင်ဖြစ်လိုသော ဆန္ဒဖြစ်ပေါ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ထို့နောက် အုမရ် (ရဿွိယလ္လာဟုအန်ဟု) သည် မိမိကိုယ်ကို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မြင်နိုင်ရန် ခန္ဓာကိုယ်ကို ဆန့်တန်းကာ မတ်တတ်ရပ်ခဲ့သည်။ ထိုသို့ပြုလုပ်ရခြင်းမှာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံမှ ထိုတာဝန်အတွက် ခေါ်ခြင်းခံရရန် မျှော်လင့် ချက်နှင့် ထိုအလံကို ရယူနိုင်ရန် အလွန်အမင်း စိတ်အားထက် သန်သောကြောင့် ဖြစ်သည်။ သို့သော် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အလီ ဗင်န် အဗီသွာလိဗ် (ရဿွိယလ္လာဟုအန်ဟု) အား ခေါ်တော်မူပြီး အလံကိုပေးအပ်ခဲ့သည်။ ထို့နောက် ကိုယ်တော်သည် ၎င်းအား စစ်တပ်ကို ဦးဆောင်ရန်နှင့် ရန်သူနှင့် ရင်ဆိုင်ကြုံတွေ့ပြီးနောက်တွင် အနားယူခြင်း၊ တိုက်ပွဲကိုရပ်နားခြင်း သို့မဟုတ် ခဏတာ စစ်ပြေငြိမ်းရန် စာချုပ်ချုပ်ဆိုခြင်းတို့ကိုမပြုဘဲ အလ္လာဟ်အရှင်မြတ်က ၎င်းအား ခံတပ်များကို လွှမ်းမိုးအောင်နိုင်မှုချီးမြှင့်သည်အထိ တိုက်ခိုက်ရန် အမိန့်ပေးတော်မူခဲ့သည်။ အလီ (ရဿွိယလ္လာဟုအန်ဟု)သည် ရှေ့သို့ချီတက်သွားပြီးနောက် ရပ်တန့်ကာ တမန်တော်မြတ်၏ အမိန့်တော်ကို မဖီဆန်မိစေရန် နောက်သို့ လှည့်မကြည့်ဘဲ အသံကျယ်လောင်စွာဖြင့် 'အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ လူတို့အား မည်သည့်အကြောင်းကြောင့် ကျွန်တော်မျိုး တိုက်ခိုက်ရမည်နည်း' ဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "၎င်းတို့သည် 'အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားမည်သည့်ကိုးကွယ်ရာမျှမရှိ' ဟု လည်းကောင်း၊ 'မုဟမ္မဒ်သည် အလ္လာဟ်၏ ရစူလ်တမန်တော်ဖြစ်သည်' ဟု လည်းကောင်း သက်သေခံသည်အထိ အသင် ၎င်းတို့နှင့် တိုက်ခိုက်လော့။ အကယ်၍ ၎င်းတို့သည် ထိုအချက်ကို လက်ခံလိုက်ပါက ၎င်းတို့၏အသက်နှင့် ဥစ္စာပစ္စည်းများကို အသင့်ထံမှ ကာကွယ်ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး၊ အသင့်အပေါ်၌ ထိုအရာများသည် ဟရာမ် အဖြစ်သတ်မှတ်ခံရသည်။ သို့သော် အစ္စလာမ်၏ ဝတ္တရားရှိပါက တိုက်ခိုက်သတ်ဖြတ်ခွင့်ရှိသည်။ ဆိုလိုသည်မှာ - အကယ်၍ ထိုသူတို့သည် အစ္စလာမ့်တရားဥပဒေအရ သေဒဏ်ချမှတ်ခံရန် ထိုက်တန်သည့် ပြစ်မှုတစ်ခုခု (သို့မဟုတ်) ကြီးလေးသော အမှားတစ်စုံတစ်ရာကို ကျူးလွန်မိခဲ့လျှင် ၎င်းတို့အား တိုက်ခိုက်သတ်ဖြတ်ခွင့်ရှိသည်။ ထို့နောက် ၎င်းတို့အား စာရင်းစစ်ဆေးခြင်းသည် အလ္လာဟ်အရှင်မြတ်၏ တာဝန်သာလျှင်ဖြစ်တော်မူသည်" ဟု မိန့်ကြားတော်မူခဲ့သည်။
နုအ်မာန်ဗင်န်ဗရှီးရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မုအ်မင်န်တို့၏ပမာသည် အချင်းချင်း တစ်ဦးကိုတစ်ဦး ကြင်နာမှု၊ ချစ်ခင်မှုနှင့် သနားညှာတာမှုတို့တွင် ခန္ဓာကိုယ်တစ်ခုနဲ့ အလားတူသည်။ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုက ဒုက္ခဝေဒနာခံစားရပါက ခန္ဓာကိုယ်တစ်ခုလုံးသည် ထိုအစိတ်အပိုင်းနဲ့အတူ အိပ်မပျော်ခြင်း၊ ဖျားနာခြင်းတို့ကို ခံစားရသည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မွတ်စ်လင်မ်တို့ အခြေအနေသည် တစ်ဦးကိုတစ်ဦး အကောင်းလိုလားခြင်း၊ ကရုဏာထားခြင်း၊ ရိုင်းပင်းကူညီခြင်း၊ ဘေးအန္တရာယ် ကျရောက်သည့်အခါ ဒုက္ခခံစားရခြင်းတို့တွင် ခန္ဓာကိုယ်တစ်ခုအလားဖြစ်ရန် လိုအပ်ကြောင်း ရှင်းပြတော်မူခဲ့သည်။ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုသည် ဝေဒနာခံစားရပါက ခန္ဓာကိုယ်တစ်ခုလုံးသည် ထိုအစိတ်အပိုင်းနဲ့အတူ အိပ်မပျော်ခြင်း၊ ဖျားနာခြင်းတို့ကို ခံစားရသည်။
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဒုက္ခအခက်အခဲများကြုံတွေ့သည့်အခါ မိမိပါးများကို ရိုက်ပုတ်သူ၊ အင်္ကျီရင်စများကို ဆွဲဖြဲသူ၊ ဂျာဟိလိယသ် အမိုက်ခေတ်က ကြွေးကြော်သလို ကြွေးကြော်သူတို့သည် ငါတို့အနက်မှ မဟုတ်ပေ။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဂျာဟီလီယသ် အမိုက်ခေတ်မှလူတို့၏ အချို့သော အပြုအမူများမှ တားမြစ်ခဲ့ပြီး သတိပေးနှိုးဆော်ခဲ့သည်။ ကိုယ်တော်က အမိန့်ရှိသည်မှာ- ( အောက်ပါ အချက်များကို ပြုလုပ်သူတို့သည် ) ငါကိုယ်တော်၏ အုပ်စုဝင်ထဲမှ မဟုတ်ပေ။ ပထမအချက်- ပါးကို ရိုက်ပုတ်ခြင်း။ ပါးကို သီးသန့်ဖော်ပြထားရခြင်းမှာ များသော အားဖြင့် ထိုအခြေအနေမျိုးတွင် ပါးကိုသာ ရိုက်လေ့ရှိသောကြောင့် ဖြစ်သည်။ သို့မဟုတ်ပါက မျက်နှာ၏ အခြားအစိတ်အပိုင်းများကို ရိုက်နှက်ခြင်းလည်း ဤတားမြစ်ချက်တွင် အကျုံးဝင်သည်။ ဒုတိယအချက်- အလွန်အမင်း သည်းမခံနိုင်ခြင်းကြောင့် အင်္ကျီရင်စကို စွဲဖြဲခြင်း။ တတိယအချက်မှာ - ဂျာဟီလီယသ်အမိုက်ခေတ်၏ ကြွေးကြော်မှုအတိုင်း ကြွေးကြော်ခြင်း။ ဥပမာ- "ပျက်စီးလေပြီ" "ကံဆိုးလေပြီ"စသည်ဖြင့် ညည်းညူခြင်း၊ အော်ဟစ်ငိုကြွေးခြင်း၊ သေသူအတွက် ကြာရှည်စွာ ငိုကြွေးသီဆိုခြင်း စသည်တို့ ပါဝင်သည်။
အနတ်စ်ဗင်န်မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်ကို ကြားသိရသည်မှာ - အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ အို - အာဒမ်၏သားမြေး အသင်သည် ငါအရှင့်ထံတော်တွင် ဆုတောင်းနေသမျှကာလပတ်လုံး၊ ငါအရှင့်ထံမျှော်လင့်တောင်းတနေသမျှကာလပတ်လုံး ငါအရှင်သည် အသင့်ထံတွင်ရှိသော (မည်သည့်ပြစ်မှုကိုမျှ) ဂရုမစိုက်ဘဲ ပြစ်မှုအားလုံးကို ခွင့်လွှတ်တော်မူမည်။ အို - အာဒမ်၏သားမြေးအကယ်၍ အသင်၏အကုသိုလ်များသည်(အလွန်များသောကြောင့်) မိုးကောင်းကင်နှင့်အညီမြင့်မားသွားခဲ့ပြီးနောက် အသင်သည် ငါအရှင့်ထံတော်ပါးတွင် ခွင့်လွှတ်ချမ်းသာတောင်းခံခဲ့ပါက ငါအရှင်မြတ်သည် (မည်သည့်ပြစ်မှုကိုမျှ) ဂရုမစိုက်ဘဲအသင့်အား ခွင့်လွှတ်တော်မည်ဖြစ်သည်။ အို - အာဒမ်၏သားမြေး အကယ်၍အသင်သည် မြေပထဝီနှင့်အညီအကုသိုလ်များကျူးလွန်၍ငါအရှင့်ထံတော်ပါးသို့လာခဲ့ပြီး ငါအရှင်နှင့် ရှိရ်က်တုဖက်ယှဉ်တွဲကိုးကွယ်ခြင်းလည်းမပြုဘဲ ငါအရှင်မြတ်နှင့် တွေ့ဆုံခဲ့လျင် ငါအရှင်မြတ်သည် မြေပထဝီနှင့်အမျှခွင့်လွှတ်မှုကို အသင့်ထံယူလာမည်ဖြစ်သည်။(ဆိုလိုသည်မှာ ခွင့်လွှတ်ပေးမည်ဖြစ်သည်။)
رواه الترمذيတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားထားသည်မှာ - အလ္လာဟ်အရှင်မြတ်သည် ဟဒီးဆ်ကုဒ်ဆီ၌အမိန့်ရှိတော်မူသည် အို - လူသား အသင်သည် ငါအရှင့်ထံတော်တွင် ဆုတောင်းနေသမျှကာလပတ်လုံး၊ ငါအရှင်မြတ်၏ကရုဏာတော်ကိုမျှော်လင့်ချက်မကင်းဘဲ မျှော်လင့်ချက်ထားနေသမျှကာလပတ်လုံး ငါအရှင်သည် အသင့်အကုသိုလ်များကို ပြစ်မှုကြီးပင်ဖြစ်လင့်ကစား ဂရုမစိုက်ဘဲ ဖုံးကွယ်ထား၍ပယ် ဖျက်ပေးတော်မူပေမည်။ အို - အာဒမ်၏သားမြေး အကယ်၍ အသင်၏အကုသိုလ်များသည် အလွန်များသောကြောင့် မိုးကောင်းကင်နှင့် မြေပထဝီ၏ကြားပြည့်လျှံသွားပြီး မြေပထဝီ၏နေရာအနှံ့အပြားသို့ရောက်ရှိသွားလောက်သည့်အထိအကုသိုလ်များ အလွန်များနေလျှင်လည်း အသင်သည် ငါအရှင့်ထံတော်ပါးတွင် ခွင့်လွှတ်ချမ်းသာတောင်းခံခဲ့ပါက ငါအရှင်မြတ်သည် ပြစ်မှုများ အလွန်များနေခြင်းကို ဂရုမစိုက်ဘဲအသင့်အား ခွင့်လွှတ်ချမ်းသာပေးတော်မည်ဖြစ်သည်။ အို - အာဒမ်၏သားမြေး အကယ်၍အသင်သည် သေဆုံးကွယ်လွန်ပြီးနောက် ငါအရှင့်ထံတော်ပါးသို့မြေပထဝီနှင့်အညီအကုသိုလ်များဖြင့်ရောက်လာခဲ့ပြီး တဖန် ငါအရှင်နှင့် ရှိရ်က်တုဖက်ယှဉ်တွဲကိုးကွယ်ခြင်းလည်းမပြုဘဲ ငါအရှင်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်သောသူအဖြစ်ကွယ်လွန်သွားခဲ့ပါက ငါအရှင်မြတ်သည် ယင်းမြေပထဝီနှင့်အမျှပြည့်လျှံနေသော အကုသိုလ်များကို မြေပထဝီနှင့်အမျှပြည့်လျှံနေသောခွင့်လွှတ်မှုဖြင့် ဖလှယ်ပေးမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ငါအရှင်မြတ်သည် အလွန်တရာခွင့်လွှတ်တော်မူသောအရှင်ဖြစ်ပြီး ငါအရှင်သည် ရှိရ်က်မှအပ အပြစ်အကုသိုလ်အားလုံးကို ခွင့်လွှတ်တော်မူပေမည်။
အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “အားကောင်းသည့် မုအ်မင်န်သည် အားအင်ချည့်နဲ့သည့် မုအ်မင်န်ထက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ပို၍ကောင်းမြတ်ပြီး ပို၍နှစ်သက်ခြင်းခံရသည်။ မုအ်မင်န်တိုင်းတွင် ကောင်းခြင်းရှိသည်။ အသင့်အားအကျိုးပြုမည့်အရာကို လိုလားပါ။ အလ္လာဟ်အရှင်မြတ်ထံတော်တွင် အကူအညီတောင်းခံပါ။ မတတ်စွမ်းနိုင်သူ မဖြစ်လေနှင့်။ အကယ်၍ သင့်ထံ တစ်စုံတစ်ရာ ဆိုက်ရောက်လာပါက အကယ်၍ ငါသာ ဒီလိုလုပ်ခဲ့ရင် ဒီလို ဒီလို ဖြစ်ခဲ့မည်ဟူ၍ မပြောဆိုလေနှင့်။ သို့သော် အလ္လာဟ်အရှင်မြတ် သတ်မှတ်စီရင်တော်မူခဲ့ပြီးဖြစ်သည်။ အရှင်မြတ်သည် မိမိအလိုရှိသည်ကို ပြုလုပ်တော်မူခဲ့သည်ဟုသာ ပြောဆိုပါ။ အဘယ်ကြောင့်ဆိုသော် (အကယ်၍)ဟူသော စကားလုံးသည် ရှိုင်သွာန်၏ လုပ်ရပ်ကို ဖွင့်ပေးလိုက်သောကြောင့်ဖြစ်သည်။"
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ - မုအ်မင်န် ယုံကြည်သူသည် အခြေအနေတိုင်းတွင် သာလွန်ကောင်းမွန်သူဖြစ်သည်။ သို့ရာတွင် အီမာန်ယုံကြည်မှု၊ စိတ်ဓာတ်ခိုင်မာမှု၊ ဥစ္စာဓနနှင့် အခြားအရည်အချင်းများတွင် အားကောင်းသော မုအ်မင်န်သည် အားနည်းသော မုအ်မင်န်ထက် သာလွန်ကောင်းမွန်ပြီး အလ္လာဟ်အရှင်မြတ်ထံတော်တွင် ပိုမိုချစ်မြတ်နိုးခြင်းခံရသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုအ်မင်န်အား ဒွန္နယာ၊ အာခိရသ် နှစ်ဘဝစလုံးတွင် အကျိုးဖြစ်စေမည့်ကိစ္စရပ်များတွင် အကြောင်းခံများကို ကိုင်တွယ်ဆောင်ရွက်ရန် သွန်သင်ဆုံးမတော်မူခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် အလ္လာဟ်အရှင်မြတ်အား အားကိုးပြီး အရှင်မြတ်၏ အကူအညီကို တောင်းခံကာ အရှင်မြတ်အပေါ် ယုံကြည်အားထားရမည် ဖြစ်သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် နှစ်ဘဝအတွက် အကျိုးရှိသောအရာများကို ပြုလုပ်ရန် အားနည်းခြင်း၊ ပျင်းရိခြင်းနှင့် လေးလံထိုင်းမှိုင်းခြင်းတို့မှ တားမြစ်တော်မူခဲ့သည်။ သို့ဖြစ်၍ မုအ်မင်န်သည် အလုပ်လုပ်ရာတွင် ကြိုးစားအားထုတ်ပြီး အကြောင်းခံများကို ကိုင်တွယ်ကာ အလ္လာဟ်အရှင်မြတ်ထံတော်တွင် အကူအညီနှင့် ကောင်းခြင်းများကို တောင်းခံရမည်။ ထို့နောက် မိမိ၏ ကိစ္စအဝဝကို အလ္လာဟ်အရှင်မြတ်ထံ လွှဲအပ်ကာ အလ္လာဟ်အရှင်မြတ်၏ ရွေးချယ်မှုသည်သာလျှင် အကောင်းဆုံးဖြစ်ကြောင်း သိနားလည်ထားရမည်။ ထိုသို့ပြုလုပ်ပြီးနောက် သူ့အပေါ် ဘေးဒုက္ခတစ်စုံတစ်ရာ ဆိုက်ရောက်လာပါက - “အကယ်၍ ငါသာ ဒီလိုလုပ်ခဲ့ရင် ဒီလို ဒီလို ဖြစ်ခဲ့မည်” ဟု မပြောဆိုရပေ။ အဘယ့်ကြောင့်ဆိုသော် “အကယ်၍”ဟူသောစကားလုံးသည် သက္ကဒီရ်အား စောဒကတက်ခြင်း၊ လွန်ခဲ့သောအရာများအတွက် ဝမ်းနည်းခြင်းတို့ကို ဖြစ်စေသော ရှိုင်သွာန်၏ လုပ်ရပ်ကို ဖွင့်ပေးသောကြောင့် ဖြစ်သည်။ ထိုအစား ၎င်းအနေဖြင့် အရှင်မြတ်၏ စီမံချက်အား လက်ခံပြီး ကျေနပ်နှစ်သက်စွာဖြင့် "အလ္လာဟ်အရှင်မြတ်၏ သတ်မှတ်စီမံချက်ဖြစ်ပါသည်၊ အရှင်မြတ် အလိုရှိတော်မူသည်ကိုသာ ပြုတော်မူပါသည်" ဟု ပြောဆိုရမည်။ သို့ဖြစ်၍ ဖြစ်ခဲ့သမျှ အရာတိုင်းသည် အလ္လာဟ်အရှင်မြတ်၏ အလိုတော်အတိုင်းသာ ဖြစ်ခဲ့ခြင်းဖြစ်သည်။ ဧကန်အမှန်ပင် အရှင်မြတ်သည် အလိုရှိသည့်အရာကို ပြုလုပ်တော်မူသောအရှင် ဖြစ်တော်မူပြီး အရှင်မြတ်၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်နိုင်သူ၊ အရှင်မြတ်၏ စီရင်ချက်ကို ပြောင်းလဲနိုင်သူဟူ၍ မရှိပေ။