





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗူဝါကိဒ် အတ်လိုင်စီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဟိုနိုင်းသို့ ထွက်ခွါတော်မူစဉ်၊ 'ဇာသု-အန်ဝါသ်' ဟုခေါ်သော မုရှ်ရိက်များ၏ သစ်ပင်တစ်ပင်ကို ဖြတ်သွားခဲ့သည်။ ၎င်းတို့သည် ထိုသစ်ပင်တွင် ၎င်းတို့၏ လက်နက်များကို ချိတ်ဆွဲထားကြသည်။ ထိုအခါ ဆွဟာဗဟ်များက အိုအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် သူတို့၌ 'ဇာသု-အန်ဝါသ်' ရှိသကဲ့သို့ ကျွန်တော်မျိုးတို့အတွက်လည်း 'ဇာသု-အန်ဝါသ်' တစ်ခုကို သတ်မှတ်ပေးတော်မူပါ" ဟု ပြောဆိုကြသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က "စွဗ်ဟာနလ္လာဟ် (အလ္လာဟ်အရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူပါ၏)၊ ဤသည်ကား တမန်တော်မူစာ၏ အမျိုးသားတို့က "သူတို့အတွက် ကိုးကွယ်ရာများရှိသကဲ့သို့ ကျွန်ုပ်တို့အတွက်လည်း ကိုးကွယ်ရာတစ်ခုကို ပြုလုပ်ပေးပါ" (ကုရ်အာန်၊ ၇း၁၃၈) ဟု ပြောဆိုခဲ့ကြသည့် စကားနှင့် ဆင်တူလှပေသည်။ ငါကိုယ်တော်၏အသက်ကို စိုးပိုင်တော်မူသော အရှင်၏ ကစမ်၊ အသင်တို့သည် မုချဧကန် အသင်တို့ထက်အလျင် ရှိခဲ့ကြသူ (ယဟူဒ်၊ နတ်စ်ွရာနီ) တို့၏ လမ်းစဉ်ကို လိုက်နာကြမည် ဖြစ်သည်။"
رواه الترمذي وأحمدအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် သွာအိဖ်နှင့် မက္ကာမြို့ကြားရှိ ဟိုနိုင်ချိုင့်ဝှမ်းသို့ ချီတက်တော်မူစဉ်၊ မကြာမီက အစ္စလာမ်သာသနာသို့ ကူးပြောင်းဝင်ရောက်လာကြသည့် ဆွဟာဗဟ်အချို့လည်း ကိုယ်တော်နှင့်အတူ လိုက်ပါခဲ့ကြသည်။ ထို့နောက် သူတို့သည် မုရှ်ရိက်များက ဂုဏ်ပေးလေးစားပြီး ကောင်းချီးမင်္ဂလာရရှိရန်အတွက် သူတို့၏လက်နက်များကို ချိတ်ဆွဲထားသော 'ဇာသု-အန်ဝါသ်' ဟုခေါ်သည့် သစ်ပင်နားမှ ဖြတ်သန်းသွားကြသည်။ ထိုအခါ ၎င်းတို့က တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား " မိမိတို့အတွက်လည်း ထိုကဲ့သို့ သစ်ပင်တစ်ပင် သတ်မှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ထိုသစ်ပင်ပေါ်တွင် မိမိတို့၏ လက်နက်များကို ချိတ်ဆွဲကာ ကောင်းချီးမင်္ဂလာ (ဗရကသ်) ရယူလိုသောကြောင့်ဖြစ်သည်။" အမှန်မှာ ၎င်းတို့သည် ထိုသို့ပြုလုပ်ခြင်းကို ခွင့်ပြုထားသည့်အရာဟု ထင်မြင်ကာ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။ သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤမနှစ်မြို့ဖွယ်စကားကို ငြင်းပယ်ပြီး အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှ စင်ကြယ်တော်မူကြောင်း ထုတ်ဖော်သည့်အနေဖြင့် "စွဗ်ဟာနလ္လာဟ်"ဟု ဆိုတော်မူခဲ့သည်။ ထို့နောက် ကိုယ်တော်က ဤပြောဆိုချက်သည် တမန်တော်မူစာ (အလိုင်းဟိစလာမ်)၏ အမျိုးသားတို့က တမန်တော်မူစာအား ပြောဆိုခဲ့သည့် "သူတို့အတွက် ကိုးကွယ်ရာများရှိသကဲ့သို့ ကျွန်ုပ်တို့အတွက်လည်း ကိုးကွယ်ရာတစ်ခုကို ပြုလုပ်ပေးပါ" (ကုရ်အာန်၊ ၇း၁၃၈) ဟူသောပြောဆိုချက်နှင့် ဆင်တူကြောင်း ရှင်းပြတော်မူခဲ့သည်။ တမန်တော်မူစာ၏ အမျိုးသားများသည် ရုပ်တုများကို ကိုးကွယ်သူများကို မြင်တွေ့သောအခါ၊ ထိုမုရှ်ရိက်များတွင် ရုပ်တု၊ ဆင်းတုများ ရှိသကဲ့သို့ မိမိတို့အတွက်လည်း ရုပ်တု၊ဆင်းတုများ ရှိစေလိုကြောင်း တောင်းဆိုခဲ့ကြသည်။ ဤသည် မုရှ်ရိက်တို့၏ လမ်းစဉ် (သွရီကဟ်)ကို လိုက်နာခြင်းပင်ဖြစ်သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဤအွမ္မသ်သားများသည် ယဟူဒ်၊ နတ်စ်ွရာနီများ၏ လမ်းစဉ်ကို လိုက်နာပြီး၊ ၎င်းတို့လုပ်သကဲ့သို့ လိုက်လုပ်ကြလိမ့်မည်ဟု မိန့်ကြားတော်မူခဲ့သည်။ ဤသည် ထိုကဲ့သို့သော အပြုအမူများမှ ရှောင်ကြဉ်ရန် သတိပေးသည့်အနေဖြင့် မိန့်ကြားခဲ့ခြင်းဖြစ်သည်။
အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံသို့ ရောက်ရှိလာပြီး အကြောင်းအရာတစ်ခုခုနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုခဲ့သည်။ ထို့နောက် ထိုသူက (مَا شَاءَ اللهُ وَشِئْتَ) “အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသည့်အတိုင်းနှင့် အသင် (တမန်တော်) အလိုရှိတော်မူသည့်အတိုင်းသာ (ဖြစ်ခဲ့သည်)” ဟု ပြောဆိုလိုက်သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က “သင်သည် ငါကိုယ်တော်အား အလ္လာဟ်အရှင်မြတ်နှင့် တန်းတူအဖြစ် ပြုလုပ်လိုက်လေသလော။ ‘အလ္လာဟ်အရှင်မြတ်တစ်ဆူတည်း အလိုရှိတော်မူသည့်အတိုင်းသာ (ဖြစ်ခဲ့သည်)’ ဟု ပြောဆိုလော့” ဟု မိန့်ကြားတော်မူခဲ့သည်။
رواه ابن ماجه والنسائي في الكبرى وأحمدလူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံသို့ ရောက်ရှိလာပြီး ကိုယ်တော့်အား အကြောင်းအရာတစ်ခုခုနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုခဲ့သည်။ ထို့နောက် ထိုသူက (مَا شَاءَ اللهُ وَشِئْتَ) “အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသည့်အတိုင်းနှင့် အသင် (တမန်တော်) အလိုရှိတော်မူသည့်အတိုင်းသာ (ဖြစ်ခဲ့သည်)” ဟု ပြောဆိုလိုက်သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူ၏ ဤစကားကို ကန့်ကွက်တော်မူပြီး၊ အလ္လာဟ်အရှင်မြတ်၏ အလိုတော်ကို လူသား၏ အလိုတော်နှင့် တွဲဖက်ပေးသော " နှင့် "ဟူသော စကာလုံးသုံးခြင်းသည် ရှိရ်က်အတ်စ်ဂရ် (အသေးစား ယှဉ်တွဲကိုးကွယ်မှု)ဖြစ်ပြီး မွတ်စ်လင်မ်တစ်ဦးအနေဖြင့် ဤကဲ့သို့သော စကားမျိုး ပြောဆိုခွင့်မရှိကြောင်း မိန့်ကြားတော်မူခဲ့သည်။ ထို့နောက် မှန်ကန်သည့်ပြောဆိုမှု ပုံစံကို လမ်းညွှန်ပြသတော်မူခဲ့သည် ယင်းမှာ "مَا شَاءَ اَللّٰه وَحْدَهُ" (အလ္လာဟ်အရှင်မြတ်တစ်ဆူတည်း အလိုရှိတော်မူသည့်အတိုင်းသာဖြစ်ခဲ့သည်) ဟူ၍ ဖြစ်သည်။ ဤသို့ဖြင့် သူသည် အလ္လာဟ်အရှင်မြတ်ကို အရှင်မြတ်၏အလိုတော် (မရှီအဟ်) တွင် တစ်ဆူတည်းသာထား၍ မည်သည့် ဆက်စပ်ခြင်း အမျိုးအစားဖြင့်မျှ မည်သူတစ်ဦးတစ်ယောက်၏ အလိုတော်ကိုမှ ဆက်စပ်ခြင်း မပြုရပါ။
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်မထံကြွရောက်လာတော်မူသည်။ ထိုအချိန်တွင် ကျွန်မသည် မိမိ၏ ပစ္စည်းသိုလှောင်ခန်းငယ်လေး ( နံရံတွင်ရှိသော အပေါက်သေးသေးလေးတစ်ခု )ကို သက်ရှိရုပ်ပုံများပါသော ကန့်လန့်ကာဖြင့် ကာထားခဲ့သည်။ ၎င်းအား ကိုယ်တော် တွေ့မြင်တော်မူသောအခါ ဆွဲချွတ်ပစ်တော်မူကာ ကိုယ်တော် ၏မျက်နှာတော်မှာ အရောင် ပြောင်းလဲသွားပြီး ဤသို့ မိန့်ကြားတော်မူသည်။ "အို-အာအိရှဟ်၊ ကိယာမသ်နေ့ အလ္လာဟ်အရှင်မြတ် ထံတွင် အပြင်းထန်ဆုံးသောပြစ်ဒဏ်ကို ခံစားရမည့်သူများမှာ အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းခြင်းအား လိုက်လံတုပပြုလုပ်သူတို့ပင် ဖြစ်သည်။" အာအိရှဟ်သခင်မက ပြောပြသည်မှာ - ထိုအခါကျွန်မသည် ထိုအဝတ်ကို ဆုတ်ဖြဲကာ ခေါင်းအုံးတစ်လုံး သို့မဟုတ် နှစ်လုံး ပြုလုပ်လိုက်လေသည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အာအိရှဟ်သခင်မ၏ အိမ်သို့ ဝင်ရောက်လာခဲ့သည်။ ထိုအချိန်တွင် သခင်မသည် ပစ္စည်းများထည့်သော သိုလှောင်ခန်းငယ်လေးကို သက်ရှိရုပ်ပုံများပါသော ကန့်လန့်ကာဖြင့် ကာထားသည်ကို တွေ့ရှိတော်မူခဲ့သည်။ တမန်တော်မြတ်သည် အလ္လာဟ်အရှင်မြတ်အတွက် အမျက် ထွက်ကာ မျက်နာတော်၏အရောင်မှာ ပြောင်းလဲသွားကာ မိန့်တော်မူသည်မှာ - ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ် ထံတွင် အပြင်းထန်ဆုံးသောပြစ်ဒဏ်ကို ခံစားရမည့်သူများမှာ အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းခြင်းအား လိုက်လံတုပပြုလုပ်သူတို့ပင် ဖြစ်သည်။ အာအိရှဟ်သခင်မက ပြောပြသည်မှာ - ထိုအခါကျွန်မသည် (ထိုအဝတ်ကို ဆုတ်ဖြဲကာ) ခေါင်းအုံးတစ်လုံး သို့မဟုတ် နှစ်လုံး ပြုလုပ်လိုက်လေသည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည်မှာ - လူသားသည် ငါအရှင်မြတ်အား မဟုတ်မမှန် ပြောဆိုသည်။ လူသားသည် ထိုသို့မပြောသင့်ပေ။ လူသားသည် ငါအရှင်မြတ်အား စွပ်စွဲပြောဆိုသည်။ လူသားသည် ထိုသို့မပြောသင့်ပေ။ ငါအရှင်မြတ်အား လူသားသည် မဟုတ်မမှန် ပြောဆိုသည့်ကိစ္စရပ်မှာ ငါအရှင်သည် မြတ်လူသားအား စတင်ဖန်ဆင်းခဲ့သည့်အတိုင်း ကိယာမသ်နေ့၌ ပြန်လည်ဖန်ဆင်းရန်မတတ်စွမ်းနိုင်ပေဟု ပြောခြင်းဖြစ်သည်။ (အရှင်မြတ်က ဤသို့တုန့်ပြန်တော်မူ၏) စတင်ဖန်ဆင်းခဲ့သည့်အတိုင်းဖန်ဆင်းခြင်းထက် ကိယာမသ်နေ့၌ ပြန်လည်ဖန်ဆင်းရန်မှာ အလွန်ပင်လွယ်ကူလှသည်။ လူသားသည် ငါအရှင်မြတ်အား စွပ်စွဲ ပြောဆိုသည့်ကိစ္စရပ်မှာ ငါအရှင်မြတ်ထံတော်တွင် သားသမီးရှိသည်ဟု ပြောဆိုခြင်းဖြစ်သည်။ (အရှင်မြတ်က ဤသို့တုန့်ပြန်တော်မူ၏) ငါအရှင်သည် တစ်ဆူတည်းတည်ရှိမူသောအရှင်၊ လိုလားတောင့်တခြင်းလုံးဝကင်းတော်မူသောအရှင်၊ သူတစ်ပါးတို့၏မှီခိုအားထားရာအရှင်ဖြစ်တော်မူပြီး ငါအရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မွေးဖွားတော်မူခဲ့သည်မဟုတ်၊ မည်သူတစ်ဦးတစ်ယောက်၏မွေးဖွားခြင်းကိုလည်း ခံခဲ့ရတော်မူသည်မဟုတ်ပါ။ ငါအရှင်မြတ်နှင့်ဂုဏ်ရည်တူသူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင်မရှိပေ။
رواه البخاريဟဒီးဆ်ကုဒ်စီတွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်သည် မုရှ်ရိက်များ၊ ကာဖိရ်များနှင့်ပတ်သက်၍အသိပေးမိန့်ကြားထားသည်မှာ ကာဖိရ်၊ မုရှ်ရိက်တို့သည် အလ္လာဟ်အရှင်မြတ်အား မဟုတ်မမှန်ပြောဆိုကြသည့်အပြင် အရှင်မြတ်တွင် လျောနည်းမှုများ၊ ချွတ်ယွင်းချက်များရှိသည်ဟု ပြောဆိုကြသည်။ ကာဖိရ်၊ မုရှ်ရိက်တို့သည် ထိုသို့မပြောသင့်ပေ။ အလ္လာဟ်အရှင်မြတ်အား ကာဖိရ်၊ မုရှ်ရိက်များကမဟုတ်မမှန် ပြောဆိုသည့်ကိစ္စရပ်မှာ အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်၊ မုရှ်ရိက်များအား မည်သည့်အစအနမှမရှိဘဲ စတင်ဖန်ဆင်းခဲ့သည့်အတိုင်း ကွယ်လွန်သေဆုံးပြီးနောက် ကိယာမသ်နေ့၌ နောက်တစ်ကြိမ် ပြန်လည်ဖန်ဆင်းရန် မတတ်စွမ်းနိုင်ပေဟုထက်မြင်နေကြခြင်းဖြစ်သည်။ အရှင်မြတ်က ဤသို့တုန့်ပြန်တော်မူ၏။ မည်သည့်အစအနမှမရှိဘဲ စတင်ဖန်ဆင်းခဲ့သော အလ္လာဟ်အရှင်မြတ်သည် လူသားများအား တဖန်ပြန်လည်ဖန်ဆင်းရန် တတ်စွမ်းနိုင်သည့်အပြင် ဤသို့ဖန်ဆင်းရန်မှာ ပို၍လွယ်ကူလှပေသည်။ သို့သော် ဤကိစ္စရပ်များအားလုံးသည် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် တန်းတူညီတူဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အရာရာတိုင်းကို တတ်စွမ်းနိုင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူသည်။ ကာဖိရ်၊ မုရှ်ရိက်များက အလ္လာဟ်အရှင်မြတ်အား စွပ်စွဲ ပြောဆိုသည့်ကိစ္စရပ်မှာ ငါအရှင်မြတ်ထံတော်တွင် သားသမီးရှိသည်ဟု ပြောဆိုခြင်းဖြစ်သည်။ အရှင်မြတ်က ဤသို့တုန့်ပြန်တော်မူ၏။ အရှင်မြတ်သည် အလွန်ပြည့်စုံလှသော မိမိနာမတော်များ၊ ဂုဏ်တော်များ၊ လုပ်ဆောင်ချက်များ၌ တစ်ဆူတည်းတည်ရှိမူသောအရှင်၊ ချို့ယွင်းမှုအပေါင်းနှင့် အားနည်းချက်များမှ ကင်းရှင်းတော်မူသောအရှင်၊လိုလားတောင့်တခြင်းလုံးဝကင်းတော်မူသောအရှင်၊ သူတစ်ပါးတို့၏မှီခိုအားထားရာအရှင်ဖြစ်တော်မူပြီး အရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်၏ဖခင်မဟုတ်၊ မည်သူတစ်ဦးတစ်ယောက်၏သားလည်းမဟုတ်ပေ။ ငါအရှင်မြတ်နှင့်ဂုဏ်ရည်တူသူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင်မရှိပေ။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ “မည်သူမဆို ငါအရှင်မြတ်၏အချစ်တော်ကို ရန်ငြိုးထားပါက ငါအရှင်မြတ်သည် သူ့အား စစ်ကြေညာတော်မူသည်။ ငါအရှင်မြတ်၏ကျေးကျွန်သည် ငါအရှင်မြတ်က သူ့အပေါ်ပြဋ္ဌာန်းထားသည့် ဖရ်ဿွ်တာဝန်များအားလုပ်ဆောင်၍ငါအရှင်နှင့်နီးကပ်မှုရယူခြင်းထက် ငါအရှင်ပိုနှစ်သက်သည့်တခြားအရာဖြင့် ငါအရှင်မြတ်ထံတော်ပါး၌ နီးကပ်မှု မရရှိနိုင်ပေ။ ငါအရှင်မြတ်၏ကျေးကျွန်သည် ငါအရှင်မြတ်သူ့အား ချစ်ခင်နှစ်သက်သွားသည့်အထိ နဖိလ်အိဗာဒသ်များဖြင့် ငါအရှင်မြတ်နှင့်နီးကပ်မှုရယူသည်။ ငါအရှင်မြတ် သူ့ကို ချစ်ခင်နှစ်သက်ပြီဆိုပါက ငါအရှင်မြတ်သည် သူနားထောင်သည့်နားဖြစ်သွားသည်။ သူကြည့်သောမျက်စိဖြစ်သွားသည်။ သူကိုင်သည့်လက် ဖြစ်သွားသည်။ သူလျှောက်လှမ်းသည့် ခြေထောက်ဖြစ်သွားသည်။ အကယ်၍သူသည် ငါအရှင်မြတ်ထံမှာ တောင်းခံမည်ဆိုပါက ငါအရှင်မြတ်သည် သူ့ကိုအမှန်တကယ်ပေးတော်မူမည်။ အကယ်၍ သူသည် ငါအရှင်မြတ်ထံတော်တွင် ခိုလှုံခွင့်တောင်းခံမည်ဆိုပါက ငါအရှင်မြတ်သည် သူ့အား အမှန်တကယ် ခိုလှုံခွင့်ပေးမည်ဖြစ်သည်။ (တဖက်တွင်)မုအ်မင်န်သည် သေချင်းတရားကို မနှစ်မြို့(အခြားတဖက်တွင်)ငါအရှင်မြတ်သည် သူ့အားဒုက္ခဖြစ်စေခြင်းကို မနှစ်မြို့ပေ။ (သို့ရှိရာ ငါအရှင်မြတ်သည် သူမနှစ်သက်သည့် သေချင်းတရားကို ဆုံးဖြတ်ပေးခြင်းနှင့် အသက်နှုတ်ခြင်းကြောင့်သူခံစားရမည့် ဒုက္ခကိုဆုံးဖြတ်ပေးခြင်းဟူသော အချက်နှစ်ချက်အားရွေးချယ်ရန်) ချီတုံချတုံဖြစ်သလိုမျိုး ငါအရှင်ဆောင်ရွက်သည့်အခြားကိစ္စရပ်များတွင် ချီတုံချတုံမဖြစ်ပေ။
رواه البخاريဟဒီးဆ်ကုဒ်စီတွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားထားသည်မှာ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည် မည်သူမဆို ငါအရှင်မြတ်၏အချစ်တော်များအနက်မှတဦးဦးကို ဒုက္ခပေးမည်၊ အမျက်ဒေါသထွက်စေမည်၊ မုန်းစေမည် ဆိုပါက ငါအရှင်မြတ်သည် သူ့အားပြန်၍ရန်ငြိုးထားကြောင်း အသိပေးကြေညာလိုက်ပေသည်။ ဝလီအလ္လာဟ်အရှင်မြတ်၏အချစ်တော်ဟူသည် သက္ကဝါ ကောင်းမှုများ ဆောင်ရွက်ပြီး မကောင်းမှုများမှ ရှောင်ကြဉ်သည့် မုအ်မင်န်ဖြစ်သည်။ လူသားသည် အီမာန်ယုံကြည်မှုရှိခြင်းနှင့် သက္ကဝါတရားရှိသည့်အတိုင်း အတာနှင့်အညီအလ္လာဟ်အရှင်မြတ်၏ချစ်ခင်နှစ်သက်မှုကို ရရှိပေမည်။ မွတ်စ်လင်မ်သည် မိမိ၏အရှင်သခင်က သူ့အပေါ်ပြဋ္ဌာန်းထားသည့် ဖရ်ဿွ်တာဝန်များ၊ မဖြစ်မနေဆောင်ရွက်ရမည့် ကောင်းမှုများ၊ ဟရာမ်ကိစ္စရပ်များ အားစွန်လွှတ်၍ငါအရှင်နှင့်နီးကပ်မှုကို ရယူခြင်းထက် ငါအရှင်ပိုနှစ်သက်သည့်တခြားအရာဖြင့် ငါအရှင်မြတ်ထံတော်ပါး၌ နီးကပ်မှု မရရှိနိုင်ပေ။ ငါအရှင်မြတ်၏ကျေးကျွန်သည် ငါအရှင်မြတ်သူ့အား ချစ်ခင်နှစ်သက်သွားသည့်အထိ ဖရ်ဿ်ွများနှင့်အတူနဖိလ်အိဗာဒသ်များဖြင့် ငါအရှင်မြတ်နှင့်နီးကပ်မှုရယူသည်။ အကယ်၍အလ္လာဟ်အရှင်မြတ်သည် သူ့အားချစ်ခင်နှစ်သက်သွားပါက အောက်တွင်ဖော်ပြမည့်ခန္ဓာကိုယ်၏အစိတ်အပိုင်းလေးခုကို အရှင်မြတ်ကဖြောင့်မတ်အောင်ပြုလုပ်ပေးမည်ဖြစ်သည်။ အရှင်မြတ်သည်သူ၏အကြားအာရုံအား ဖြောင့်မတ်အောင်ပြုပေးလေရာ အရှင်မြတ်နှစ်မြို့သည့်အရာမှအပအခြားအရာများကို နားမထောင်တော့ပေ။ အရှင်မြတ်သည်သူ၏အမြင်အာရုံအား ဖြောင့်မတ်အောင်ပြုပေးလေရာ အရှင်မြတ်နှစ်မြို့သည့်အရာမှအပအခြားအရာများကို မကြည့်ရှုတော့ပေ။ အရှင်မြတ်သည်သူ၏လက်အား ဖြောင့်မတ်အောင်ပြုလုပ်ပေးလေရာ သူသည်မိမိလက်ဖြင့်အရှင်မြတ်နှစ်မြို့သည့်အရာမှအပ အခြားအရာများကို မပြုလုပ်တော့ပေ။ အရှင်မြတ်သည်သူ၏ခြေအား ဖြောင့်မတ်အောင်ပြုလုပ်ပေးလေရာ သူသည်အရှင်မြတ်နှစ်မြို့သည့်နေရာ၊ ကောင်းခြင်းများရှိသည့် နေရာဘက်သို့သာ လျှောက်လှမ်းသွားသည်။ ဤသို့ဖြောင့်မတ်အောင်ပြုလုပ်ပေးခြင်းနှင့်အတူ သူသည် အလ္လာဟ်အရှင်မြတ်ထံတော်ပါး၌တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်သည် သူတောင်းသည့်အရာကို အမှန်တကယ်ပေးတော်မူမည်။ သို့ဖြစ်ရာ ထိုသူသည် ဆုတောင်းပြည့်သူဖြစ်သွားပေသည်။အကယ်၍သူသည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် အကာအကွယ်ပေးရန် တောင်းဆို၍ခိုလှုံမည်၊ ခိုလှုံခွင့်တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်သည် သူ့အား သူကြောက်ရွံ့သည့်အရာမှ ခိုလှုံမှုပေးမည်၊ ကာကွယ်ပေးမည်ဖြစ်သည်။ တဖန်အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ (တဖက်တွင်) သေချင်းတရား၌နာကျင်မှုရှိသည့်အတွက် မုအ်မင်န်သည် သေခြင်းတရားကို မနှစ်မြို့ပေ။(အခြားတဖက်တွင်)အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်တစ်ဦးနာကျင်မည်ကို မနှစ်မြို့ပေ။ သို့ရှိရာ ငါအရှင်မြတ်သည် မုအ်မင်န်အား အသက်နှုတ်ရန်သနားသောအားဖြင့်( သူမနှစ်သက်သည့် သေချင်းတရားကို ဆုံးဖြတ်ပေးရမည်လော၊ အသက်နှုတ်ခြင်းကြောင့်သူခံစားရမည့် ဒုက္ခကိုခံစားစေရန်ဆုံးဖြတ်ပေးရမည်လောဟူသော အချက်နှစ်ချက်အားရွေးချယ်ရန်) ချီတုံချတုံဖြစ်သလိုမျိုး ငါအရှင်ဆောင်ရွက်သည့်အခြားကိစ္စရပ်များတွင် ချီတုံချတုံမဖြစ်ပေ။
အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ လူတို့ထဲတွင် အချက်နှစ်ချက်ရှိပြီး၊ ၎င်းအချက်နှစ်ချက် ကုဖ်ရ် ( သွေဖည်ငြင်းပယ်ခြင်း) ဖြစ်သည်။ ၎င်းတို့မှာ - မျိုးရိုးအား စော်ကားထိုးနှက်ခြင်းနှင့် သေဆုံးသူအပေါ် ဖွဲ့နွဲ့ငိုကြွေးခြင်း ဖြစ်သည်။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် လူတို့ထဲတွင်ရှိသော ကာဖိရ်များ၏ အပြုအမူနှင့် ဂျာဟီလီယသ် အမိုက်ခေတ်၏ စရိုက်လက္ခဏာများဖြစ်သော အချက်နှစ်ချက်နှင့် ပတ်သတ်၍ မိန့်ကြားတော်မူခဲ့သည်။ ပထမအချက် - လူတို့၏ မျိုးရိုးအားစော်ကားထိုးနှက်ခြင်း၊ လူတို့ကို ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် မာန်မာနထောင်လွှားခြင်း။ ဒုတိယအချက် - သက္ကဒီရ် (နဖူးစာကံကြမ္မာ) ကို မကျေမနပ်ဖြစ်သည့်အနေဖြင့် ဘေးဒုက္ခကြုံတွေ့ရချိန်၌ အသံမြှင့်၍ (ဖွဲ့နွဲ့ငိုကြွေးခြင်း) သို့မဟုတ် အလွန်အမင်း စိတ်ရှုပ်ထွေးမှုကြောင့် အဝတ်အ စားများကို ဆုတ်ဖြဲခြင်း။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မုဖ်လိစ် ( ငွေကြေးဥစ္စာပစ္စည်း ဒေဝါလီခံသွားသူ) ဟူသည် မည်သူနည်းဟု သင်တို့သိကြသလော။" သူတို့က "ကျွန်တော်မျိုးတို့ထံတွင် မုဖ်လိစ်ဆိုသည်မှာ ငွေကြေးလည်းမရှိ၊ ပစ္စည်းဥစ္စာလည်းမရှိသူ ဖြစ်ပါသည်ဟု လျှောက်ထားကြသည်။ ထိုအခါ တမန်တော်က "အမှန်စင်စစ် ငါကိုယ်တော်၏အွမ္မသ်သားများတွင် မုဖ်လိစ်ဆိုသူမှာ ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် (များပြားလှသော) ဆွလာသ်ဝတ်ပြုမှု၊ စွိယာမ်ဥပုသ်စောင့်ထိန်းမှု၊ ဇကာသ်ဒါနကြေးပေး ဆောင်မှုတို့ကို ယူဆောင်လာသော်လည်း သူသည်(လောကီ၌) ဤသူကိုလည်း ကဲ့ရဲ့ပြစ်တင်ရှုတ်ချခဲ့သည်၊ ထိုသူကိုလည်း စွပ်စွဲခဲ့သည်၊ ဤသူ၏ ပစ္စည်းဥစ္စာကို မတရားစားသုံးခဲ့သည်၊ ထိုသူ၏သွေးကို မတရားသွေးချောင်းစီးစေခဲ့သည်။(အသက်ကို သတ်ဖြတ်ခဲ့သည်) ဤသူကိုလည်း ရိုက်နှက်ခဲ့သည် (စသည့် ပြစ်မှုများကိုကျူးလွန်)သူအဖြစ် ရောက်လာသူပင် ဖြစ်သည်။ သို့ဖြစ်ရာ ဤသူ့အားလည်း သူ၏ကောင်းမှုများမှ ပေးအပ်ခြင်းခံရမည်။ ထိုသူ့အားလည်း သူ၏ကောင်းမှုများမှ ပေးအပ်ခြင်းခံရမည်။ အကယ်၍ သူ၏ကောင်းမှုများသည် တရားမျှစွာ ဆပ်ချေနိုင်ခြင်းမပြုမီ ကုန်ခန်းသွားခဲ့လျှင် ထိုသူတို့၏အပြစ်များထဲမှ အချို့ကို ယူ၍ သူ့အပေါ်သို့ ပစ်ချခြင်းခံရမည်။ ထို့နောက် သူသည် ငရဲမီးထဲသို့ ပစ်ချခြင်းခံရမည်။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ တပည့်သာဝကများအား "မုဖ်လိစ် ဆိုတာ ဘသူလည်း သင်တို့သိကြသလော ဟု မေးမြန်းတော်မူခဲ့သည်။ စွဟာဗဟ်သာဝကများက "ကျွန်တော်မျိုးတို့ထံတွင် မုဖ်လိစ်ဆိုသည်မှာ ငွေကြေးလည်းမရှိ၊ ပစ္စည်းဥစ္စာလည်းမရှိသူ ဖြစ်ပါသည်ဟု လျှောက်ထားကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က အမှန်စင်စစ် ငါကိုယ်တော်၏အွမ္မသ်သားများတွင် မုဖ်လိစ်ဆိုသူမှာ ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် ဆွလာသ်ဝတ်ပြုမှု၊ စွိယာမ်ဥပုသ်ဆောက်တည်မှု၊ ဇကာသ်ဒါနကြေးပေးဆောင်မှုစသော ကောင်းမှုကုသိုလ်အများအပြားဖြင့် ရောက်ရှိလာသော်လည်း (လောကီဘဝ၌) ဤသူကို ကဲ့ရဲ့ရှုတ်ချခဲ့သည်၊ ဤသူ၏ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့သည်၊ ဤသူ၏ဥစ္စာပစ္စည်းကို မတရားစားသုံးခဲ့သည်၊ ဤသူ၏အသက်ကို သတ်ဖြတ်ခဲ့သည်၊ ဤသူကို ရိုက်နှက်၍ ဂုဏ်သိက္ခာကျအောင်ပြုလုပ်ခဲ့သည်။ ထို့ကြောင့် နစ်နာခံစားရသူများအား သူ၏ကောင်းမှုများမှ ပေးအပ်ခြင်းခံရမည်။ အကယ်၍ သူ၏ကောင်းမှုများသည် သူ့အပေါ်တွင်ရှိသော အခြားသူများ၏အခွင့်အရေးနှင့် ကျူးလွန်ခဲ့သောမတရားမှုများကို ဆပ်ချေရန် မလုံလောက်မီပင် ကုန်ခန်းသွားခဲ့လျှင် နစ်နာခံစားရသူများ၏ အပြစ်များထဲမှ အချို့ကို ယူ၍ ထိုကျူးလွန်သူ၏ (မှတ်တမ်း) စာအုပ်ထဲတွင် ထည့်သွင်းခြင်းခံရမည်။ ထို့နောက် သူ့အတွက် ကောင်းမှုတစ်စုံတစ်ရာမှ မကျန်တော့သည့်အတွက် သူသည် ငရဲမီးထဲသို့ ပစ်ချခြင်းခံရမည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ရွှေ၊ ငွေကိုပိုင်ဆိုင်သူတို့သည် ထိုရွှေ၊ ငွေတို့၏ ဝ တ္တရား(ဇကားသ်)ကိုမပေးခဲ့လျှင်ထိုရွှေ၊ ငွေတို့သည် ကိယာမသ်နေ၌ မီးနှင့်အတိပြီးသောကျောက်သားများအဖြစ် အလျားလိုက် ပြုလုပ်ခံရမည်ဖြစ်ပြီး ထိုသူသည် ငရဲမီး၌ ထိုကျောက်သားပြင်များအပေါ် အပူပေးခြင်းခံရမည်။ ထိုသူ၏ နံဘေး၊ နဖူး၊ကျောကုန်းတို့သည်လည်းထိုအရာတို့ဖြင့် အပူလောင်စေခြင်းခံကြရမည်။ (မီးနှင့်အတိပြီးသော ထိုကျောက်သားပြင်တို့သည်)အေးသွားသည့်အခါတိုင်း တဖန်ပြန်၍ပူလာမည်ဖြစ်သည်။ ထိုအချိန်၌တစ်ရက်၏ အတိုင်းအတာသည် နှစ်ပေါင်းငါးသောင်းနှင့် ညီမျှသည်။ ထိုသူသည် ဗန္ဒဟ်ကျေးကျွန်များကြား ဆုံးဖြတ်ပြီးသည့်တိုင်အောင် ထိုအပြစ်ဒဏ်ကိုခံစားနေရမည်ဖြစ်သည်။ ၎င်းနောက် ထိုသူသည် မိမိလျှောက်ရမည့်လမ်းကို တွေ့မြင်ရလိမ့်မည်။ ထိုလမ်းသည် ဂျန္နသ်သို့သွားသည့်လမ်းဖြစ်ချင်ဖြစ်မည်။ သို့မဟုတ် ဂျဟန္နမ်သို့ သွားသည့်လမ်း ဖြစ်ချင်ဖြစ်မည်။ အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်၊ ကုလားအုတ် ၏ ( ဇကားသ် ) နှင့်ပတ်သတ်၍ မည်သို့ ရှိပါသနည်းဟု လျှောက်ထားခြင်းခံရလေသော် ကိုယ်တော်ကမိန့်တော်မူသည်။ ကုလားအုတ်ပိုင်ရှင်သည် ထိုကုလားအုတ်၏ဝတ္တရားကို ပေးဆောင်မှုမပြုခဲ့လျှင် ၎င်းနောက်ထိုကုလားအုတ်၏ ဝတ္တရားတစ်ခုမှာ ကုလားအုတ်ရေသောက်ဆင်းသောနေ့၌ (ဆင်းရဲ သားများအား) ယင်းကုလားအုတ် ၏ နို့ညှစ်ခွင့်ပေးခြင်း ဖြစ်သည်။ ကိယာမသ်နေ့တွင် ထိုသူသည် မြေပြန့်တစ်ခုတွင် ဝမ်းလျား မှောက် စေခြင်းခံရမည်။ ကုလားအုတ်များအနက် ကုလားအုတ်ပေါက်စ တစ်ကောင်ပင်လျှင် ကျန်ရစ်နေခဲ့မည်မဟုတ်ဘဲ ကုလားအုတ်တို့သည် ဝဖြိုးလျက် လာကြကာ ထိုသူ့ကိုမိမိတို့၏ခွာများဖြင့်နင်းချေကြလိမ့်မည်။ ၎င်းအပြင်မိမိတို့၏ပါးစပ်များဖြင့် ကိုက်ကြလိမ့်မည်။ ထိုကုလားအုတ်များအနက် ပထမဦးဆုံးအကောင် နင်းခြေသွားပြီးသောအခါ နောက်ဆုံးအကောင် ရောက်လာမည်ဖြစ်သည်။ ထိုအချိန်၌ တစ်ရက်၏အတိုင်းအတာသည် နှစ်ပေါင်းငါးသောင်းနှင့်ညီမျှသည်။ ထိုသူသည် ဗန္ဒဟ်ကျေးကျွန် များကြား ဆုံးဖြတ်ပြီးသည့်တိုင်အောင် ထိုပြစ်ဒဏ်ကိုခံစားနေရမည်ဖြစ်သည်။ ၎င်းနောက်ထိုသူသည်မိမိ၏ လမ်းကိုတွေ့မြင်ရမည်။ ထိုလမ်းသည် ဂျန္နသ်သို့သွားသည့်လမ်းဖြစ်ချင်ဖြစ်မည်။ သို့မဟုတ် ဂျဟန္နမ်သို့ သွားသည့်လမ်း ဖြစ်ချင်ဖြစ်မည်။ အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်၊ နွား၊ ဆိတ် တို့၏ ( ဇကားသ် )နှင့် ပတ်သတ်၍ လည်း မည်သို့အခြေအနေ ရှိပါသနည်းဟုလျှောက်ထားပြန်လေသော် ကိုယ်တော်ကမိန့်တော်မူသည်။ နွားရှင်၊ ဆိတ်ရှင်တို့သည်လည်း ထိုနွား၊ဆိတ်တို့၏ဝတ္တရားကို ပေးဆောင်မှုမပြုခဲ့လျင် ကိယာမသ်နေ့၌ ထိုသူသည် မြေပြန့်တစ်ခုတွင် ဝမ်းလျားမှောက်စေခြင်း ခံရမည်။ နွား၊ ဆိတ် အားလုံးသည် အသေးပေါက်စ တစ်ကောင်ပင်လျင်ကျန်ရစ်နေမည်မဟုတ်ဘဲ ရောက်လာကြလိမ့်မည်။ ထိုနွား၊ ဆိတ်တို့တွင် ချိုကောက်၊ ချိုလိမ်၊ ချိုမပါ၊ချိုကျိုးတစ်ကောင်မျှမပါခြေ။ ထိုသူ့အားမိမိတို့၏ ဦးချိုများဖြင့် တိုးဝှေ့ လိမ့်မည်။ ၎င်းပြင် ခွာများဖြင့် နင်းခြေကြလိမ့်မည်။ ပထမဦးဆုံးအကောင် ကျော်လွန်သွားသောအခါ နောက်ဆုံးအကောင်လာရောက်မည်ဖြစ်သည်။ ထိုအချိန်၌ တစ်ရက်၏အတိုင်းအတာသည် နှစ်ပေါင်းငါးသောင်းနှင့်ညီမျှသည် ထိုသူသည် ဗန္နာကျေးကျွန်များကြား ဆုံးဖြတ်ပြီးသည့်တိုင်အောင် ထိုပြစ်ဒဏ်ကိုခံစားနေရမည်ဖြစ်သည်။ အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်၊ မြင်းသည် မည်သို့ အခြေအနေ ရှိပါမည်နည်းဟု လျှောက်ထားခြင်းခံရသောအခါ ကိုယ်တော်ကမိန့်တော်မူသည်။မြင်းသည် သုံးမျိုးရှိသည်။ (၁) ပိုင်ရှင်အတွက် ဝန်ထုပ်ဝန်ပိုး (အပြစ်)ဖြစ်မည်။ (၂) ပိုင်ရှင်အတွက်အပြစ်မှ ဖုံးကွယ်ပေးသောမြင်းဖြစ်သည်။ (၃) ပိုင်ရှင်အတွက်အကျိုးဖြစ်သော မြင်းဖြစ်သည်။ ပိုင်ရှင်အတွက်အပြစ်ဖြစ်သောမြင်းမှာ ပိုင်ရှင်က ပြစားရန်၊ မောက်မာဝင့်ကြွားရန်၊ မွတ်စလင်မ်တို့အား ရန်မူရန် ချည်နှောင်ထားသောမြင်းဖြစ်သည်။ ၎င်းနောက် ပိုင်ရှင်အတွက် အပြစ်မှဖုံးကွယ်ပေးသော မြင်းမှာ ပိုင်ရှင်သည်ထိုမြင်းသည် အလ္လာဟ့်လမ်းတော်၌ ချည်နှောင်ထားသည်။ထို့နောက် သူသည်ထိုမြင်းကို စီးနင်းခြင်း၊ အစာရေစာ တိုက်ကျွေးခြင်းတို့၌ အလ္လာဟ်အရှင်မြတ်၏ ဝတ္တရားကိုမမေ့လျော့ခဲ့လျင် ထိုမြင်းသည် ထိုသူအတွက် အပြစ်မှဖုံးကွယ်ပေးသော မြင်းပင်ဖြစ်သည်။ ၎င်းနောက် အကျိုးဖြစ်သော မြင်းမှာ ပိုင် ရှင်သည် ထိုမြင်းကို မွတ်စလင်မ်တို့အတွက် အလ္လာဟ်လမ်းတော်၌ စားကျက်တစ်ခု သို့မဟုတ် ဥယာဉ်တစ်ခု၌ ချည်နှောင်ထားသည်။ သို့နှင့် ထိုမြင်းသည် စားကျက် သို့မဟုတ် ဥယာဉ်မှ တစ်စုံတရာကို စားသောက်ခဲ့လျင် ထိုမြင်းစားသောက်ခဲ့သည့် အရာများ၏ အရေအတွက်နှင့်အညီကောင်းမှုများ ရေးမှတ်ခံရမည်ဖြစ်သည်။ ၎င်းနောက်ထိုမြင်း၏(စွန့်လိုက်သော) ကျင်ကြီး၊ ကျင်ငယ်တို့၏ အရေအတွက်နှင့်အညီ ကောင်းမှုများ ရေးမှတ်ခံရမည် ဖြစ်သည်။ ထို့ပြင် ထိုမြင်းသည် မိမိ၏ကြိုးကို ဖြတ်၍ တောင်ကုန်း တစ်ခု သို့မဟုတ် နှစ်ခုအပေါ် တက်ရောက်သွားခဲ့သော် အလ္လာဟ်အရှင်မြတ်သည် ထိုမြင်း၏ခြေလမ်းများနှင့် မစင်များ၏ အရေအ တွက်နှင့်အညီ ကောင်းမှုများ ရေးမှတ် တော်မူမည်ဖြစ်သည်။ ၎င်းပြင် ပိုင်ရှင်သည် ထိုမြင်းနှင့် ချောင်းကိုဖြတ်မည်။ သို့နှင့် မြင်းက (ချောင်းမှရေကို) ပိုင်ရှင်ကတိုက်ရန် ဆန္ဒမရှိသော်လဲ (ကိုယ်တိုင်) သောက်လိုက်မည်။ သို့ဆိုလျှင် ထိုမြင်းသောက်ခဲ့သော (ရေ၏) အရေအတွက်နှင့်အညီ အလ္လာဟ်အရှင်မြတ်သည် ကောင်းမှုများကိုရေးမှတ်တော်မူမည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ပစ္စည်းဥစ္စာအမျိုးမျိုးနှင့် ထိုပစ္စည်းဥစ္စာများကို ဇကာသ်မပေးခဲ့သောသူများအတွက် ကိယာမတ်နေ့တွင် ခံစားရမည့် အပြစ်ဒဏ်များကို ရှင်းလင်းတင်ပြမိန့်ကြားတော်မူခဲ့သည်။ ၎င်းတို့အနက်အချို့မှာ - (1) ရွှေ၊ ငွေနှင့် ထိုအရာနှစ်ခု၏အမိန့်တွင်ရှိသော အခြားပစ္စည်းဥစ္စာများနှင့် ကုန်ပစ္စည်းများဖြစ်ကာ၊ ၎င်းတို့အပေါ်တွင် ဇကာသ်ပေးရန် မဖြစ်မနေတာဝန်ရှိပြီး ဇကာသ်မပေးခဲ့ပါက၊ ကိယာမတ်နေ့တွင် ယင်းပစ္စည်းများကို အရည်ကျိုပြီး သင်ပုန်း ကျောက်သားများ သဏ္ဍာန် ပြုလုပ်ကာ ထိုသူသည် ငရဲမီး၌ ထိုကျောက်သားပြင်များအပေါ် အပူပေးခြင်းခံရပြီး၊ ပြစ်ဒဏ် ပေးခြင်း ခံရမည်ဖြစ်သည်။ ထိုသူ၏ နံဘေး၊ နဖူး၊ ကျောကုန်းတို့သည်လည်း ထိုအရာတို့ဖြင့် အပူလောင်စေခြင်းခံကြရမည်။ (မီးနှင့်အတိပြီးသော ထိုကျောက်သားပြင်တို့သည်)အေးသွားသည့်အခါတိုင်း တဖန်ပြန်လည် အပူ ပေးခြင်းခံရမည်ဖြစ်သည်။ ဤပြစ်ဒဏ်သည် ကိယာမတ်နေ့တစ်နေ့လုံး ဆက်တိုက်ဖြစ်ပေါ်နေမည်ဖြစ်ပြီး၊ ယင်းကိယာမသ်နေ့၏ တစ်ရက်၏ အတိုင်း အတာသည် နှစ်ပေါင်းငါးသောင်းနှင့် ညီမျှသည်။ အလ္လာဟ်အရှင်မြတ်သည် အဖန်ဆင်းခံတို့ကြား တရားစီရင်ပြီး၊ ထိုသူသည် ဂျန္နသ် သုခဘုံသားများအနက်မှ ဖြစ်မည်လား သို့မဟုတ် ဂျဟန္နမ်ငရဲသားများအနက်မှ ဖြစ်မည်လားဆိုသည်ကို ဆုံးဖြတ်သည်အထိ (၎င်းသည် ထိုပြစ်ဒဏ်ကို ခံစားနေရမည်) ဖြစ်သည်။ (2) ကုလားအုတ် ပိုင်ရှင်ဖြစ်ပြီး ထိုကုလားအုတ်၏ ဇကာသ်နှင့် ကုလားအုတ်၏ ဝတ္တရားကို မပေးခဲ့သော သူဖြစ်သည်။ ကုလားအုတ်၏ ဝတ္တရားတစ်ခုမှာ (ကုလားအုတ်ရေသောက်ဆင်းသောနေ့၌ ထိုနေရာသို့) လာရောက်ကျသည့် ဆင်းရဲသားများကို ကုလား အုတ်၏ နို့ညှစ်ခွင့်ပေးခြင်း ဖြစ် သည်။ ထိုသို့မပေးခဲ့ပါက၊ ကိယာမတ်နေ့တွင် ထိုကုလားအုတ်များကို ယခင်ကထက် ပိုမိုဝဖြိုးသော အခြေအနေနှင့် ပိုမိုများပြားသော အရေအတွက်ဖြင့် ခေါ်ဆောင်လာပြီး၊ ၎င်း၏ပိုင်ရှင်ကို ညီညာပြန့်ပြူးသော ကွင်းပြင်ကြီးအတွင်း ပက်လက်လဲလျောင်းစေကာ ထိုကုလားအုတ်များက ၎င်း၏ခန္ဓာကိုယ်ကို ခြေဖြင့်နင်းပြီး သွားဖြင့်ကိုက်ဖြတ်ကြမည်။ ထိုကုလားအုတ်များအနက် နောက်ဆုံးကုလားအုတ် တက်နင်းသွားပြီးသောအခါ ပထမဆုံးကုလားအုတ်မှ ( တက်နင်းရန်) ပြန်ရောက်လာမည်ဖြစ်သည်။ ဤပြစ်ဒဏ်သည် ကိယာမတ်နေ့တစ်နေ့လုံး ဆက်တိုက်ဖြစ်ပေါ်နေမည်ဖြစ်ပြီး၊ ယင်းကိယာမသ်နေ့၏ တစ်ရက်၏ အတိုင်း အတာသည် နှစ်ပေါင်းငါးသောင်းနှင့် ညီမျှသည်။ အလ္လာဟ်အရှင်မြတ်သည် အဖန်ဆင်းခံတို့ကြား တရားစီရင်ပြီး၊ ထိုသူသည် ဂျန္နသ် သုခဘုံသားများအနက်မှ ဖြစ်မည်လား သို့မဟုတ် ဂျဟန္နမ်ငရဲသားများအနက်မှ ဖြစ်မည်လားဆိုသည်ကို ဆုံးဖြတ်သည်အထိ (၎င်းသည် ထိုပြစ်ဒဏ်ကို ခံစားနေရမည်) ဖြစ်သည်။ (3) နွားနှင့် သိုး၊ ဆိတ်များ၏ ပိုင်ရှင်ဖြစ်ပြီး ၎င်းသည် ယင်းတိရိစ္ဆာန်တို့၏ ဇကာသ်ကို မပေးဆောင်ခဲ့ပါက၊ ကိယာမတ်နေ့တွင် ထိုနွားများနှင့် ဆိတ်များကို တစ်ကောင်မကျန်အရေအတွက်အပြည့်စုံဖြင့် ခေါ်ဆောင်လာမည်ဖြစ်ပြီး၊ ဦးချိုကွေးနေသော၊ ဦးချိုကျိုးနေ သော၊ သို့မဟုတ် ဦးချိုမရှိသော အကောင်များ တစ်ကောင်မျှပမည်မဟုတ်ပေ။ ထို့နောက် ယင်းတိရိစ္ဆာန်များ ၏ပိုင်ရှင်ကို ကျယ်ပြန့်ညီညာသော ကွင်းပြင်ကြီးအတွင်း ပက်လက်လဲလျောင်းစေကာ ထိုနွားများနှင့် ဆိတ်များက ၎င်း၏ခန္ဓာကိုယ်ကို ဦးချိုများဖြင့် ထိုးနှက်ပြီး ခြေများဖြင့်နင်းကြမည်။ နောက်ဆုံး နွား သို့မဟုတ် ဆိတ် တက်နင်းသွားပြီးသောအခါ ပထမဆုံး နွား သို့မဟုတ် ဆိတ်မှ ( တက်နင်းရန်) ပြန်ရောက်လာမည်ဖြစ်သည်။ ဤပြစ်ဒဏ်သည် ကိယာမတ်နေ့တစ်နေ့လုံး ဆက်တိုက်ဖြစ်ပေါ်နေမည်ဖြစ်ပြီး၊ ယင်းကိယာမသ်နေ့၏ တစ်ရက်၏ အတိုင်း အတာသည် နှစ်ပေါင်းငါးသောင်းနှင့် ညီမျှသည်။ အလ္လာဟ်အရှင်မြတ်သည် အဖန်ဆင်းခံတို့ကြား တရားစီရင်ပြီး၊ ထိုသူသည် ဂျန္နသ် သုခဘုံသားများအနက်မှ ဖြစ်မည်လား သို့မဟုတ် ဂျဟန္နမ်ငရဲသားများအနက်မှ ဖြစ်မည်လားဆိုသည်ကို ဆုံးဖြတ်သည်အထိ (၎င်းသည် ထိုပြစ်ဒဏ်ကို ခံစားနေရမည်) ဖြစ်သည်။ ( 4 ) မြင်းမွေးထားသူဖြစ်ပြီး၊ ယင်း(မြင်း)သည် သုံးမျိုး သုံးစားရှိသည်။ ပထမအမျိုးအစား : ထိုမြင်းသည် သူ့အတွက် ဝန်ထုပ်ဝန် ပိုး(အပြစ်)ဖြစ်၏။ သူသည် ထိုမြင်းကို ပြစားရန်၊ ဂုဏ်ယူဝင့်ကြွားရန်နှင့် မွတ်စ်လင်မ်တို့အား စစ်ပြုရန်အတွက် မွေးထားသူဖြစ်သည်။ ဒုတိယအမျိုးအစား : ထိုမြင်းသည် သူ့အတွက် အကာအကွယ်ဖြစ်၏။ သူသည် ထိုမြင်းကိုအလ္လာဟ်အရှင်မြတ်၏လမ်းတွင် ဂျိဟာဒ်ပြုလုပ်ရန်အတွက် မွေးပြီး၊ ထိုမြင်းအား ကောင်းမွန်စွာမွေးမြူကာ ၎င်း၏ အစာရေစာနှင့် အခြားလိုအပ်ချက်များကို တာဝန်ယူဆောင်ရွက်သူဖြစ်သည်။ ကောင်းမွန်စွာမွေးမြူစောင့်ရှောက်ခြင်းအနက်တစ်ခုမှာ- ၎င်း၏မြင်းထီးကိုလည်း မျိုးပွားစေခြင်းဖြစ်သည်။ တတိယအမျိုးအစား : ထိုမြင်းသည် သူ့အတွက် အကျိုးဆုလဒ်များ ရရှိစေသော မြင်းဖြစ်၏။ သူသည် ထိုမြင်းအား မွတ်စ်လင်မ်တို့အတွက် အလ္လာဟ်အရှင်မြတ်၏လမ်းတွင် ဂျိဟာဒ်ပြုလုပ်ရန်အတွက် မွေးပြီး၊ ထိုမြင်းသည် စားကျက်နှင့် စိမ်းဆိုသည့် ဥယာဉ်တွင် ကျက်စားလေသည်။ ထိုမြင်းစားသမျှအတွက် စားသည့်ပမာဏအတိုင်း သူ့အတွက် ကောင်းမှုများ ရေးမှတ်ခြင်းခံရသည်။ ထို့အပြင် သူတို့၏ မစင်များနှင့် ကျင်ငယ် ( ဆီး )များ၏ အရေအတွက်အတိုင်း သူ့အတွက် ကောင်းမှုများ ရေးမှတ်ခြင်းခံရသည်။ အကယ်၍ ထိုမြင်းများသည် ၎င်းတို့အား ချည်နှောင်ထားသောကျိုးကို ဖျက်တောက်ကာ တောင်ကုန်းတစ်ခု သို့မဟုတ် နှစ်ခုပေါ်သို့ ပြေးတက်သွားခဲ့လျှင်၊ ၎င်းတို့၏ခြေရာများနှင့် (ပြေးတက်ရင်း ကျသွားသော) မစင်များ၏အရေအတွက်အတိုင်း အလ္လာဟ်အရှင်မြတ်သည် သူ့အတွက် ကောင်းမှုများ ရေးမှတ်ပေးတော်မူသည်။ အကယ်၍ ထိုမြင်းများ၏ ပိုင်ရှင်သည် ၎င်းတို့ကို မြစ်ချောင်းတစ်ခုခုဆီသို့ ခေါ်သွားပြီး ၎င်းတို့သည် ထိုမြစ်ချောင်းမှ ရေသောက်ခဲ့လျှင်လည်း၊ ပိုင်ရှင်အနေဖြင့် ၎င်းတို့ကို ရေတိုက်ရန် ရည်ရွယ်ချက်မရှိခဲ့သည့်တိုင်၊ ၎င်းတို့ သောက်လိုက်သော ရေ၏ပမာဏအတိုင်း အလ္လာဟ်အရှင်မြတ်သည် သူ့အတွက် ကောင်းမှုများ ရေးမှတ်ပေးတော်မူသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မြည်းတရိစ္ဆာန်များနှင့် ပတ်သတ်၍ ယင်းတို့သည် မြင်းများနှင့် တူပါသလားဟု မေးမြန်းခြင်းခံရတော်မူသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဤသို့မိန့်ကြားတော်မူ၏- မြည်းတရိစ္ဆာန်များနှင့်ပတ်သက်၍ သီးသန့် အမိန့်ပညတ်ချက်အဖြစ် ဤထူးခြားပြောင်မြောက်သည့် အာယသ်တစ်ပိုဒ်မှလွဲ၍ အခြားမည်သည့် အာယသ်မျှ ကျရောက်လာခြင်းမရှိပါ။ သို့သော် ထိုအာယသ်တော်မှာ နာခံခြင်းနှင့် မနာခံခြင်းဆိုင်ရာ အမျိုးအစားအားလုံးအတွက် ယေဘုယျသက်ရောက်မှုရှိသည်။ ၎င်းမှာ အလ္လာဟ်အရှင်မြတ်၏ မိန့်ကြားချက်ဖြစ်သည့် - "သို့ဖြစ်ပေရာ မည်သူမဆို အနည်းငယ်မျှပင် ကောင်းမှုပြုခဲ့လျှင် ထိုသူသည် ယင်း(ကောင်းမှု၏အကျိုးဆုလာဘ်)ကို မြင်တွေ့ရလိမ့်မည်။ ထိုနည်းတူစွာ မည်သူမဆို အနည်းငယ်မျှပင် မကောင်းမှုပြုခဲ့လျှင် ထိုသူသည် ယင်း(မကောင်းမှု၏အပြစ်ဒဏ်)ကို မြင်တွေ့ရလိမ့်မည်။" (စူရဟ် ဇလ်ဇလဟ် - ၇-၈)။ သို့ဖြစ်ရာ မည်သူမဆိုသည် အမိန့်နာခံရန် ရည်ရွယ်ချက်ဖြင့် မြည်းကို မွေးမြူခဲ့လျှင်၊ ထိုသူသည် ယင်း၏အကျိုးဆုလဒ်ကို (ကိယာမတ်နေ့တွင်) တွေ့မြင်ရမည်ဖြစ်ပြီး၊ မည်သူမဆို အမိန့်ဖီဆန်ရန် ရည်ရွယ်ချက်ဖြင့် မွေးမြူခဲ့လျှင်၊ ထိုသူသည် ယင်း၏အပြစ်ဒဏ်ကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။ ဤအာယတ်တော်၏ ကျယ်ပြန့်သော အတိုင်းအတာအတွင်း၌ လုပ်ရပ်အားလုံး ပါဝင်သည်။
အဒီဗင်န်ဟာသင်မ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်တော်မူသည်မှာ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက်မှအယောက်တိုင်းနှင့် စကားပြောတော်မူမည်ဖြစ်ရာ အရှင်မြတ်နှင့် ထိုသူ၏ကြားတွင် ဘာသာပြန်မည့်သူမပါရှိပေ။ သိုဖြစ်ရာ ထိုသူသည် ယာဘက်ကိုကြည့်ရာ သူတင်ကြို၍ပိုခဲ့သော(ကောင်းမှုကိုသာ) တွေ့မည်။ ဝဲဘက်ကို ကြည့်ရာ သူတင်ကြို၍ပိုခဲ့သော(မကောင်းမှုကိုသာ) တွေ့မည်။ အရှေ့ဘက်သိုကြည့်ရာ မိမိ၏အရှေ့တည့်တည့်တွင် ငရဲမီးကိုသာတွေ့မည်။ ကိုယ်တော်မြတ်က မိန့်တော်မူသည်မှာ အသင်တိုသည် စွန်ပလွံသီးတစ်ခြမ်းစာလောက်သာရှိသော ကောင်းမှုနှင့်ပင်ဖြစ်ပါစေ ဂျဟန္နမ်ငရဲမီးမှ အကာကွယ်ယူကြကုန်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အသိပေးမိန့်ကြားထားသည်မှာ မုအ်မင်န်တိုင်းသည် ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်၏ရှေ့တော်မှောက်၌တစ်ယောက်ခြင်း ရပ်ရပေမည်။ အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အား မည်သည့် ကြားခံမှမပါဘဲ စကားပြောမည်ဖြစ်ရာ အလ္လာဟ်အရှင်မြတ်နှင့် ထိုသူ၏ကြားတွင် ဘာသာပြန်ပေးမည့် ဘာသာပြန်လည်းရှိမည်မဟုတ်။ သိုဖြစ်ရာ ထိုသူသည် အလွန်ပင် ကြောက်ရွံ၍မိမိရှေ့မှောက်တွင်ရှိသော ဂျဟန္နမ်ငရဲမီးမှ လွတ်မြောက်မှုရရှိရန်အတွက် လမ်းစရရန်မျှော်လင့်၍ညာဘက်သိုကြည့်လိုက် ဘယ်ဘက်သိုကြည့်လိုက်လုပ်နေသည်။ ယာဘက်ကိုကြည့်ရာ သူကြိုတင်ပြီးပိုခဲ့သောကောင်းမှုကိုသာ တွေ့မည်။ ဝဲဘက်ကို ကြည့်ရာ သူကြိုပြီးပိုခဲ့သော မကောင်းမှုကိုသာ တွေ့မည်။ အရှေ့ဘက်သိုကြည့်ရာ မိမိ၏အရှေ့တည့်တည့်တွင် ငရဲမီးကိုသာတွေ့မည်။ သူသည် ဂျဟန္နမ်ငရဲမီးမှလွှ ဖယ်နိုင်မည် မဟုတ်သောကြောင့် ဆွိရာသ် တံတားပေါ်မှ မုချဖြတ်သန်းသွားရမည်။ တဖန် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်တော်မူသည်မှာ အသင်တိုသည် စွန်ပလွံသီးတစ်ခြမ်းစာလောက်သာရှိသော အမလ်ကောင်းမှုကိုဖြစ်စေ၊ ဆွဒ်ကဟ် အလှူဒါနကိုဖြစ်စေ ဂျဟန္နမ်ငရဲမီးမှ အကာကွယ်ပေးသောအရာအဖြင့်ပြုလုပ်ကြကုန်။