





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အုက်ဗဟ်ဗင်န်အာမိရ် အလ်ဂျုဟနီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံတော်ပါးသို့ အုပ်စုတစ်စုရောက်လာလေရာ ကိုယ်တော်မြတ်သည် ကိုးဦးသောသူ၏သစ္စာခံခြင်းလက်ခံလိုက်ပြီး တစ်ဦး၏သစ္စာခံခြင်းကို လက်မခံဘဲရပ်ဆိုင်းထား၏။ သာဝကကြီးများက လျှောက်ထားကြသည်မှာ ကိုးဦးသောသူ၏သစ္စာခံခြင်းကို လက်ခံလိုက်ပြီး ဤသူ့ကို အဘယ်ကြောင့်စွန့်ပယ်ထားပါသနည်း။ ကိုယ်တော်မြတ်က ဖြေကြားတော်မူသည်မှာ သူ့ထံတွင် သအ်ဝီးဇ်လက်ဖွဲ့ရှိသောကြောင့်ဖြစ်သည်။ ထို့နောက်ကိုယ်တော်မြတ်သည် မိမိလက်ဖြင့်နှိုက်၍သအ်ဝီးဇ်အား ဖြတ်လိုက်လေသည်။ ပြီးနောက် သူ၏သစ္စာခံခြင်းကို လက်ခံလိုက်သည်။ ၎င်းနောက်မိန့်ကြားတော်မူသည်မှာ သအ်ဝီးဇ်ချိတ်ဆွဲသူသည် အလ္လာဟ်အရှင်မြတ်နှင့် ရှိရ်က်တုဖက်နှိုင်းယှဉ်လိုက်ခြင်းဖြစ်သည်။
رواه أحمدတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံတော်ပါးသို့ အုပ်စုတစ်စုရောက်လာသည်။ သူတို့အားလုံး ဆယ်ယောက်ရှိကြသည်။ ကိုးဦးသောသူသည် အစ္စလာမ်သာသနာတော်ကို လက်ခံပြီး ကိုယ်တော်မြတ်၏နောက်သို့လိုက်ပါမည်ဟု သစ္စာခံခဲ့ကြသည်။ ဆယ်ရောက်မြောက် ပုဂ္ဂိုလ်၏သစ္စာခံခြင်းကို လက်မခံခဲ့ပေ။ ဤသို့ဖြစ်ရခြင်း၏အကြောင်းတ ရားအား ကိုယ်တော်မြတ်အား မေးမြန်းကြသည့်အခါ ကိုယ်တော်မြတ်ကဖြေကြားသည်မှာ - သူ့ထံတွင် သအ်ဝီးဇ်လက်ဖွဲ့ရှိသောကြောင့်ဖြစ်သည်။ လက်ဖွဲ့ဟူသည် မျက်စိထိခြင်း သို့မဟုတ် ဘေးအန္တရယ်အပေါင်းမှ ကင်းဝေးရန်အတွက် ပုတီးစေ့ကဲ့သို့အရာများနှင့် အခြားအရာများဖြင့် ချည်ထားသော သို့မဟုတ် ချိတ်ထားသောအရာကို ခေါ်ပေသည်။ ထို့နောက် ကိုယ်တော်မြတ်သည် သအ်ဝီးဇ် လက်ဖွဲ့ရှိနေသည့်နေရာကို မိမိလက်ဖြင့်နှိုက်၍သအ်ဝီးဇ်အား ဖြတ်ကာ ဖယ်ရှားလိုက်လေသည်။ ဤသို့ပြုပြီးနောက် သူ၏သစ္စာခံခြင်းကို လက်ခံလိုက်သည်။ ၎င်းနောက် သအ်ဝီးဇ် လက်ဖွဲ့များမှ တားမြစ်သောအားဖြင့် ယင်းသအ်ဝီးဇ်၏အမိန့်ကို ရှင်းပြလျက် မိန့်ကြားတော်မူသည်မှာ သအ်ဝီးဇ်ချိတ်ဆွဲသူသည် အလ္လာဟ်အရှင်မြတ်နှင့် ရှိရ်က်တုဖက်နှိုင်းယှဉ်လိုက်ခြင်းဖြစ်သည်။
အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ်ဗင်န်အာဆ်ွ(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ကိုယ်တော်မြတ်သည် ဗလီသို့ဝင်သောအခါ ရွတ်ဆိုသည်မှာ ”أَعُوذُ بِاللَّهِ الْعَظِيمِ، وَبِوَجْهِهِ الْكَرِيمِ، وَسُلْطَانِهِ الْقَدِيمِ، مِنَ الشَّيْطَانِ الرَّجِيمِ“ အဓိပ္ပာယ် - ကျွန်တော်မျိုးသည် ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ဖြင့်လည်းကောင်း၊ အလွန်ရက်ရောတော်မူသောအရှင်မြတ်၏မျက်နှာတော်အားဖြင့်လည်းကောင်း၊ ရှေးမဆွကတည်းကပင် ရှိခဲ့သော အရှင်မြတ်၏စိုးမိုးမှုဖြင့်လည်းကောင်း နှင်ထုတ်ခြင်းခံရသော ရှိုင်သွာန်၏အနှောင့်အရှက်မှ ကင်းဝေးရန် အရှင်မြတ်ထံခိုလှုံပါ၏။
رواه أبو داودတမန်တော်မြတ်သည် ဗလီသို့ဝင်သောအခါ ရွတ်ဆိုသည်မှာ ‘အအူဇုဗိလ္လာဟိအဇွီးမ်’ ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်နှင့်အရှင်မြတ်၏ဆွိဖာသ် ဂုဏ်တော်များဖြင့်လည်းကောင်း၊ ‘ဝဝဂ်ျဟိဟိလ်ကရီးမ်’ အလွန်ရက်ရောတော်မူသောအရှင်မြတ်၏မျက်နှာတော်အားဖြင့်လည်းကောင်း၊ ‘ဝဆွလ်သွားနိဟီ’ အရှင်မြတ်သည် မိမိအလိုရှိသော အဖန်ဆင်းခံတို့အပေါ်လွမ်းမိုးနိုင်စွမ်းရှိတော်မူသော ‘အလ်ကဒီးမ်’ ရှေးမဆွကတည်းကပင် ထာဝရတည်ရှိတော်မူသောအရှင်မြတ်၏စိုးမိုးမှုဖြင့်လည်းကောင်း ‘မိနရှ်ရှိုင်သွာနိရ်ရဂျီးမ်’ အလ္လာဟ်အရှင်မြတ်၏ရဟ်မသ်ဂရုဏာတော်မူသောမှ နှင်ထုတ်ခြင်းခံရသော ရှိုင်သွာန်၏အနှောင့်အရှက်မှ ကင်းဝေးရန် အရှင်မြတ်ထံခိုလှုံပါ၏။ ဆိုလိုသည်မှာ အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား ရှိုင်သွာန်၏မကောင်းသောအကြံအစည်များထည့်သွင်းခံရခြင်း၊ ရှိုင်သွာန်ဘက်မှလမ်းလွဲသွားအောင်ပြုလုပ်ခြင်း၊ သူ၏ခြေလှမ်းများ၊ လူသားစိတ်နှလုံးထဲသို့ ထည့်သွင်းတတ်သော သူ၏မကောင်းသောအကြံအစည်များ၊ မကောင်းမှုကို နှစ်သက်လာအောင်ပြုလုပ်တတ်သည့်သူ၏အကြံအစည်နှင့် သူသည် လူသားကို လမ်းမှားအောင်ပြုလုပ်ခြင်းစသည်တို့မှ ကျွန်တော်မျိုးအား ကာကွယ်စောင့်ရှောက်တော်မူပါ။ မုချထိုရှိုင်သွာန်သည် လမ်းမှားစေခြင်း၊ လမ်းလွဲစေခြင်းနှင့် အသိပညာကင်းမဲ့အောင်ပြုလုပ်ခြင်းတို့၏အဓိကအကြောင်းခံဖြစ်သည်။ အချို့က အဗ်ဒွလ္လာဟ်ဗင်န်အမ်ရ် အားပြောသည်မှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤမျှလောက်သာရွတ်ဆိုခဲ့ပါသလား။ ဟု မေးမြန်းကြရာ ဟုတ်ကဲ့၊ ဤမျှလောက်သာ ရွတ်ဆိုခဲ့သည်ဟု အဗ်ဒွလ္လာဟ်ဗင်န်အမ်ရ် က ဖြေကြားခဲ့လေသည်။ ဗလီသို့ဝင်သူသည် ဤဒုအာကို ရွတ်ဆိုလိုက်ပါက ရှိုင်သွာန်ကပြောသည်မှာ ဤသူသည် မိမိကိုယ်မိမိ ငါ၏အနှောင့်အရှက်မှကင်းဝေးရန် နေ့ရောညပါ အချိန်ပြည့် ကာကွယ်ထိန်းသိမ်းလိုက်ချေပြီ။
အဗူစအီးဒ်ခုဒ်ရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်သုခဘုံသားများအား မိန့်ကြားတော်မူမည်။ “အို− သုခဘုံသားတို့။ ထိုအခါ သူတို့က “အို- ကျွန်တော်မျိုးတိုအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို နာခံဖို့ အသင့်ရှိနေကြပါသည်”ဟု လျှောက်ထားဖြေကြားကြလိမ့်မည်။ ထိုအခါ အရှင်မြတ်က မိန့်ကြားတော်မူမည်။ “အသင်တို့ ကျေနပ်သွားပြီလော။” သူတို့က ဖြေကြမည်မှာ - “ကျွန်တော်မျိုးတို့အဘယ့်ကြောင့်မကျေနပ်ရမည်နည်း။ အရှင်မြတ်သည် မည်သူ့ကိုမျှချီးမြှင့်မထားသော ဆုလာဘ်များအား ကျွန်တော်မျိုးအား ချီးမြှင့်ခဲ့ပြီးဖြစ်သည်။ ထိုအခါ အရှင်မြတ်က မိန့်ကြားတော်မူမည်မှာ ငါအရှင်မြတ်သည် ဤသည်ထက်ပို၍ကောင်းသောအရာကို အသင်တို့ကိုချီးမြှင့်တော်မူပေမည်။ သူတို့က လျှောက်ထားမေးမြန်းကြလိမ့်မည်။ ဤသည်ထက်ပို၍ကောင်းသောဆုလာဘ်မှာ အဘယ်အရာနည်း။ ထိုအခါအရှင်မြတ်မိန့်တော်မူမည်။ အသင်တို့ကို ငါအရှင်အမြဲကျေနပ်သွားပြီဖြစ်ရာ ဤနောက်ပိုင်းတွင် အသင်တို့အားမည်သည့်အခါမျှ အမျက်တော်ရှမည်မဟုတ်ပေ။
متفق عليهဂျန္နသ်သုခဘုံသားများအား ဂျန္နသ်တွင်ရှိသော အခါမိန့်ကြားတော်မူမည်မှာ “အို− သုခဘုံသားတို့ ထိုအခါ သူတို့က “အို- ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို့ နာခံဖို့အသင့်ရှိနေကြပါသည်”ဟုလျှောက်ထားဖြေကြားကြလိမ့်မည်။ ထိုအခါ အရှင်မြတ်က မိန့်ကြားတော်မူမည်။ “အသင်တို့ ကျေနပ်သွားပြီလော။” သူတို့က ဖြေကြမည်မှာ - “ ကျွန်တော်မျိုးတို့ကျေနပ်သွားကြပါပြီ။ ကျွန်တော်မျိုးတို့ အဘယ့်ကြောင့်မကျေနပ်ရမည်နည်း။ အရှင်မြတ်သည် မည်သည့်အဖန်ဆင်းခံကိုမျှချီးမြှင့်မထားသော ဆုလာဘ်များအား ကျွန်တော်မျိုးတို့အား ချီးမြှင့်ခဲ့ပြီးဖြစ်သည်။ ထိုအခါ အရှင်မြတ်က မိန့်ကြားတော်မူမည်မှာ ငါအရှင်မြတ်သည် ဤသည်ထက်ပို၍ကောင်းသောအရာကို အသင်တို့ကို ငါအရှင်မပေးရဘူးလား။ သူတို့က လျှောက်ထားမေးမြန်းကြလိမ့်မည်။ အို-အရှင်မြတ် ဤသည်ထက်ပို၍ကောင်းသောဆုလာဘ်မှာ အဘယ်အရာနည်း။ ထိုအခါအရှင်မြတ်မိန့်တော်မူမည်။ အသင်တို့ကို ငါအရှင်အမြဲကျေနပ်သွားပြီဖြစ်ရာ ဤနောက်ပိုင်းတွင် အသင်တို့အားမည်သည့်အခါမျှ အမျက်တော်ရှမည်မဟုတ်ပေ။
အဘူဇရ်(ရဿွိယလ္လာဟုအန်ဟု) ထံမှ ဆင့်ပြန်လာရှိသည်။ ၎င်းသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ဤသို့ မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ " လူတစ်ဦးသည် အခြားလူတစ်ဦးအား အမိန့်ဖီဆန်သည်ဟု စွပ်စွဲခြင်း မပြုရ။ ထို့ပြင် ကာဖိရ် ဖြစ်သည်ဟုလည်း စွပ်စွဲခြင်း မပြုရ။ အကယ်၍ ထိုစွပ်စွဲခံရသူသည် စွပ်စွဲသည့်အတိုင်း မဟုတ်ခဲ့လျှင်၊ ထိုစွပ်စွဲချက်သည် စွပ်စွဲသူ၏အပေါ်သို့ ပြန်လည်ရောက်ရှိလိမ့်မည်။"
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် လူတစ်ဦးသည် အခြားသူတစ်ဦးအား “သင်သည် ဖာစစ်က်(အမိန့်ဖီဆန်သူ) ဖြစ်သည်” သို့မဟုတ် “သင်သည် ကာဖိရ်ဖြစ်သည်” ဟု ပြောဆိုခြင်းမပြုရန် သတိပေးတားမြစ်တော်မူခဲ့သည်။ အကယ်၍ ထို(စွပ်စွဲပြောဆိုခံရ)သူသည် ပြောဆိုသည့်အတိုင်း မဟုတ်ခဲ့ပါက၊ ထိုစွပ်စွဲချက်သည် စွပ်စွဲသူအပေါ် ပြန်လည်သက်ရောက်ပြီး ထိုသတ်မှတ်ချက်ကို ထိုသူကသာ ခံစားရမည်ဖြစ်သည်။ သို့ရာတွင် အကယ်၍ စွပ်စွဲခံရသူသည် စွပ်စွဲသည့်အတိုင်း အမှန်တကယ် ဖြစ်နေပါက၊ စွပ်စွဲသူအပေါ်သို့ မည်သည့်အရာမျှ ပြန်လည်မသက်ရောက်ပါ။ အဘယ်ကြောင့်ဆိုသော် သူသည် အမှန်ကိုပြောဆိုခဲ့ခြင်းသာလျှင် ဖြစ်သည်။
အဗူသွလ်ဟဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ခွေးနှင့်ရုပ်ပုံရှိသောအိမ်တွင် မလာအိကဟ်ကောင်းကင်တမန်များ မဝင်ရောက်ပေ။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ရဟ်မသ်ကရုဏာတော်ရဲ့မလာအိကဟ်ကောင်းကင်တမန်များသည် ခွေးရှိသောအိမ်နှင့် အသက်ရှိသောသတ္တဝါတို့၏ ရုပ်ပုံများရှိသောအိမ်သို့ မဝင်ရောက်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ အသက်ရှိသောသတ္တဝါ၏ ရုပ်ပုံသည် ကြီးလေးသော အပြစ်တစ်ခုဖြစ်ပြီး၊ ယင်းသည် အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းမှုကို တုပခြင်း၊ ရှိရ်က်တွဲဖက်ကိုးကွယ်မှုသို့ ဦးတည်စေနိုင်သော လမ်းကြောင်းတစ်ခုဖြစ်ကာ၊ အချို့သော ရုပ်ပုံများမှာ အလ္လာဟ်အရှင်မြတ်မှအပ အခြားကိုးကွယ်ခံနေရသောအရာတို့၏ ရုပ်တုများဖြစ်နေသောကြောင့်ဖြစ်သည်။ ခွေးရှိသောအိမ်သို့ မလာအိကဟ်ကောင်းကင်တမန်များ မဝင်ရောက်ရခြင်း၏ အကြောင်းရင်းများမှာ - ခွေးသည် မသန့်ရှင်းသောအရာများကို စားသောက်တတ်ခြင်း၊ အချို့ခွေးများကို ရှိုင်တွန်ဟုခေါ်ဆိုပြီး၊ မလာအိကဟ်များသည် ရှိုင်တွန်များနှင့် ဆန့်ကျင်ဘက်ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ပြင် ခွေး၏အနံ့ဆိုးခြင်းကြောင့်ဖြစ်ပြီး မလာအိကဟ်ကောင်းကင် တမန်များသည် အနံ့ဆိုးကိုမနှစ်သက်ပေ။ ထို့ပြင် ခွေးမွေးမြူခြင်းကို တားမြစ်ထားသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ခွေးမွေးမြူသူအား ရဟ်မသ်ကရုဏာတော်ရဲ့ မလာအိကဟ်များ သူ၏အိမ်သို့ ဝင်ရောက်ခြင်း၊ ထိုအိမ်၌ ဆွလာသ်ဝတ်ပြုခြင်း၊ သူ့အတွက် လွတ်ငြိမ်းချမ်းသာခွင့်တောင်းခံပေးခြင်း၊ သူ့အပေါ် ၌ လည်းကောင်း သူ၏အိမ်၌ လည်းကောင်း ဗရ်ကသ်ကောင်းချီးမင်္ဂလာပေးခြင်းနှင့် ရှိုင်တွာန်၏ အနှောင့်အယှက်မှ တွန်းလှန်ဖယ်ရှားပေးခြင်းတို့မှ လက်လွှတ်ဆုံးရှုံးစေခြင်းဖြင့် အပြစ်ပေးခံရခြင်းဖြစ်သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “ ခွေးနှင့် ခေါင်းလောင်းအတူပါလာသည့် ခရီးသွားအုပ်စုအား ကောင်း ကင်တမန်များသည် အဖော်ဖြစ်မပြုလုပ်ပါ ”။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အသိပေးမိန့်ကြားတော်မူသည်မှာ ခွေးကို အတူခေါ်သွား သောခရီးသည်အုပ်စု သို့မဟုတ် တိရစ္ဆာန်များတွင် ချိတ်ဆွဲရာ၌အသုံးပြုသည့် ခလောက်ပါရှိသော ခရီးသည်အုပ်စုတို့နှင့် အတူမလာအိကဟ် ကောင်းကင်တမန်များသည် လိုက်ပါခြင်းမပြုကြပေ။
အဗ်ဒုရ်ရဟ်မားန် ဗင်န် ဆမုရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ သင်တို့သည် ရုပ်တုများဖြင့် ကျိန်ဆိုခြင်း မပြုကြနှင့်။ သင်တို့၏ဘိုးဘေးဘီဘင်များဖြင့်လည်း ကျိန်ဆိုခြင်း မပြုကြနှင့်။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် သွဝါဂီ(ရုပ်တု)များဖြင့် ( ၎င်းတို့၏အမည်များကို ကိုင်တွယ်၍) ကျိန်ဆိုခြင်းမှ တားမြစ်ထားတော်မူသည်။ "သွဝါဂီ" သည် "သွာဂီယဟ်" ဟူသော စကားလုံး၏ ဗဟုဝုစ်ကိန်းဖြစ်ပြီး မုရှ်ရိက်များက အလ္လာဟ်အရှင်မြတ်အစား ကိုးကွယ်ဆည်းကပ်ခဲ့ကြသော ရုပ်တုများကို ရည်ညွှန်းသည်။ ဤရုပ်တုများသည် မုရှ်ရိက်တို့၏ လွန်ကျူးမှုနှင့် သွေဖည်ငြင်းဆန်မှု၏ အကြောင်းရင်း ဖြစ်သည်။ ထိုနည်းတူ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိတို့၏ဘိုးဘေးဘီဘင်များဖြင့် ကျိန်ဆိုခြင်းမှလည်း တားမြစ်တော်မူထားသည်။ အကြောင်းမှာ ဂျာဟိလီယသ်အမှောင်ခေတ် အာရပ်လူမျိုးတို့၏ ထုံးတမ်းစဥ်လာများအနက်တစ်ခုမှာ ၎င်းတို့သည် မိမိတို့၏ဘိုးဘေးဘီဘင်များအား ဂုဏ်ယူဝင့်ကြွားသည့်အနေဖြင့် ၎င်းတို့အား ဂုဏ်ပေးလေးစားသည့်အနေဖြင့် ၎င်းတို့(၏ အမည်နာမများကို ကိုင်တွယ်၍)ကျိန်ဆိုလေ့ရှိခဲ့ကြသောကြောင့် ဖြစ်သည်။
ဗုရိုင်းဒဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "မည်သူမဆို 'အမာနတ်' (ယုံကြည်စိတ်ချရမှု) ဖြင့် ကျိန်ဆိုပါက ထိုသူသည် ငါကိုယ်တော်တို့အနက်မှ မဟုတ်ပေ။"
رواه أبو داود وأحمدနဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် 'အမာနတ်' (ယုံကြည်စိတ်ချရမှု) ဖြင့် ကျိန်ဆိုခြင်းကို တားမြစ်ခဲ့ပြီး သတိပေးတော်မူခဲ့သည်။ ထိုသို့ပြုလုပ်သူသည် ငါကိုယ် တော်တို့အနက်မှ မဟုတ်ဟု မိန့်ကြားတော်မူခဲ့သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ပတ်ပတ်လည်၌ ဝိုင်းရံထိုင်နေခဲ့ကြပြီး၊ (ထို)အုပ်စုထဲ၌ ကျွန်ုပ်တို့နှင့်အတူ အဗူဘကရ်နှင့် အုမရ်( ရဿွိယလ္လာဟုအန်ဟုမာ) တို့လည်း ရှိနေသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့ကြားထဲမှ ထသွားတော်မူပြီး၊ ကျွန်ုပ်တို့ထံ ပြန်လာရန် ကြန့်ကြာနေတော်မူသဖြင့်၊ ကျွန်ုပ်တို့သည် (ရန်သူများက ကိုယ်တော်တစ်ဦးတည်းရှိနေသည်ကိုတွေ့ပြီး) ကိုယ်တော့်အား အန္တရာယ်ပြုမည်ကို စိုးရိမ်ကြောက်လန့်ပြီး၊ ထိတ်လန့်ကာ ထရပ်လိုက်ကြသည်။ ကျွန်ုပ်သည် ပထမဦးဆုံး ထိတ်လန့်သူဖြစ်ပြီး၊ ကိုယ်တော့်အား ရှာဖွေရန်ထွက်လာခဲ့သည်။ နောက်ဆုံး၌ အန်စွာရီဆွဟာဗဟ်များထဲမှ ဗနီနဂျ်ဂျာရ်မျိုးနွယ်ဝင်တို့၏ ဥယျာဉ်တစ်ခုသို့ ရောက်ရှိသွားသည်။ ထိုဥယျာဉ်၏ တံခါးကို ရှာဖွေသော် လည်း မတွေ့ခဲ့ပေ။ ထိုအခါ အပြင်ဘက်ရေတွင်းမှ ဥယျာဉ်အတွင်းသို့ စီးဝင်နေသောမြောင်းငယ်တစ်ခုကို တွေ့လိုက်ရသည်။ ကျွန်ုပ်သည် ခန္ဓာကိုယ်ကိုကျုံ့ကာ(ထိုမြောင်းမှ တွားသွား၍) တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ ဝင်ရောက်ခစားခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က “အဗူဟိုရိုင်ရဟ်”လား ဟု မိန့်တော်မူသည်။ ကျွန်ုပ်က “အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ ဟုတ်ပါသည်” ဟု လျှောက်ထားခဲ့သည်။ ကိုယ်တော်က “သင်ဘယ်လိုဖြစ်တာလဲ” ဟု မေးတော်မူ၏။ ကျွန်ုပ်က “ကိုယ် တော်သည် ကျွန်တော်မျိုးတို့ကြား၌ ရှိနေခဲ့ပါသည်။ ထို့နောက် ထသွားတော်မူ၍ ပြန်လာရန် ကြန့်ကြာတော်မူသဖြင့်၊ ကျွန်တော်မျိုးတို့သည် (ရန်သူများက ကိုယ်တော်တစ်ဦးတည်းရှိနေသည်ကိုတွေ့ပြီး) ကိုယ်တော့်အား အန္တရာယ်ပြုမည်ကို စိုးရိမ်ကြောက်လန့်ပြီး၊ ထိတ်လန့်ခဲ့ကြသည်။ ကျွန်တော်မျိုးသည် ပထမဦးဆုံး ထိတ်လန့်သူဖြစ်ပြီး၊ ကိုယ်တော့်အား ရှာဖွေရန်ထွက်လာခဲ့ပြီး ဤဥယျာဉ်သို့ ရောက်ရှိခဲ့သည်။ ထို့နောက် မြေခွေးကျုံ့ဝင်သကဲ့သို့ ကိုယ်ကိုကျုံ့ကာဝင်ရောက်ခဲ့ပါသည်။ ဤလူများ( ကျန်သည့် စွဟာဗဟ်သာဝကများ) မှာလည်း ကျွန်တော်မျိုး၏နောက်တွင် ရှိကြပါသည်” ဟု လျှောက်ထားသည်။ ထိုအခါ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်- “အို - အဗူဟိုရိုင်ရဟ်” ဟု ခေါ်တော်မူ၍ မိမိ၏ဖိနပ်နှစ်ဖက်ကို ကျွန်ုပ်အား ပေးတော်မူပြီး “သင်သည် ငါကိုယ်တော်၏ ဤဖိနပ်နှစ်ဖက်ကို ယူသွားပါ။ ဤဥယျာဉ်၏နောက်ဘက်တွင် သင်တွေ့ရသောသူမှန်သမျှ မည်သူမဆို "လာအိလာအစ်လ္လာဟ်" (အလ္လာဟ်အရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ခံထိုက်ဟူ၍ အလျင်းမရှိကြောင်း) ကို စိတ်နှလုံးဖြင့် ယုံကြည်စွာ သက်သေခံခဲ့လျင် ထိုသူအား ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်ဟု ဝမ်းမြောက်စရာသတင်းပေးလိုက်ပါ”။ ထိုအခါ ကျွန်ုပ်တွေ့ရှိသော ပထမဆုံးလူမှာ စွဟာဗဟ်ကြီးအုမရ်သခင် ဖြစ်သည်။ သူက “အို - အဗူဟိုရိုင်ရဟ်၊ ဤဖိနပ်နှစ်ဖက်ကား အဘယ်နည်း” ဟု မေးသည်။ ကျွန်ုပ်က “ဤသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဖိနပ်နှစ်ဖက်ဖြစ်ပါသည်။ ကျွန်ုပ်တွေ့ရသူမှန်သမျှ မည်သူမဆို"လာအိလာအစ်လ္လာဟ်" (အလ္လာဟ်အရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ခံထိုက်ဟူ၍ အလျင်းမရှိကြောင်း) ကို စိတ်နှလုံးဖြင့် ယုံကြည်စွာသက်သေခံခဲ့လျင် ထိုသူအား ဂျန္နသ်၏သတင်းကောင်းပေးရန် ကိုယ်တော်က ကျွန်ုပ်အား ဤဖိနပ်နှစ်ဖက်နှင့်အတူ စေလွှတ်တော်မူပါသည်” ဟု ဖြေကြားလိုက်သည်။ ၎င်းက ဆက်လက်ပြောပြသည်မှာ - ထိုအခါ အုမရ်(ရဿွိယလ္လာဟုအန်ဟု)သည် သူ၏လက်ဖြင့် ကျွန်ုပ်၏ရင်ဘတ်ကြားတွင် ရိုက်လိုက်သဖြင့် ကျွန်ုပ်သည် ဖင်ထိုက်လျက် လဲကျသွားပါသည်။ ထို့နောက် သူက “အို - အဗူဟိုရိုင်ရဟ်၊ ပြန်သွားလော့” ဟု ဆိုသည်။ ထို့ကြောင့် ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံတော်သို့ ပြန်လာခဲ့ပြီး ရှိုက်ကြီးတငင်ငိုကြွေးလိုက်သည်။ အုမရ်(ရဿွိယလ္လာဟုအန်ဟု)ကလည်း ကျွန်ုပ်၏နောက်မှ လိုက်ပါလာခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က “အို-အဗူဟိုရိုင်ရဟ်၊ သင်ဘာဖြစ်တာလည်း” ဟု မေးတော်မူ၏။ ကျွန်ုပ်က လျှောက်ထားခဲ့သည်မှာ- “ ကျွန်တော်မျိုး အုမရ်အား တွေ့ဆုံခဲ့ပြီး ကိုယ်တော် ကျွန်တော်မျိုးအား စေလွှတ်တော်မူသည့်အကြောင်းကို ၎င်းအား ပြောပြလိုက်သည်။ ထိုအခါ ၎င်းကသူ ကျွန်တော်မျိုး၏ရင်ဘတ်ကြားကို တစ်ချက်ရိုက်လိုက်ရာ ကျွန်တော်မျိုး ဖင်ထိုက်လျက် လဲကျသွားပါသည်။ ထို့နောက် ၎င်းက အသင် ‘ပြန်သွားလော့’ ဟု ပြောပါသည်” ဟု လျှောက်ထားသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အို “အုမရ်၊ အဘယ်အရာက သင့်အား ဤသို့ပြုလုပ်စေခဲ့သနည်း” ဟု မေးတော်မူ၏။ အုမရ်(ရဿွိယလ္လာဟုအန်ဟု)က “အို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ကျွန်တော်မျိုး၏မိဘနှစ်ပါးကို ကိုယ်တော့်အတွက် စွန့်လွှတ်စတေးပါ၏။ ကိုယ်တော်သည် အဗူဟုရိုင်ရဟ်အား ကိုယ်တော်၏ ဖိနပ်နှစ်ဖက်နှင့်အတူ စေလွှတ်၍ ၎င်းတွေ့ဆုံခဲ့သည့် မည်သူမဆို "လာအိလာအစ်လ္လာဟ်" (အလ္လာဟ်အရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ခံထိုက်ဟူ၍ အလျင်းမရှိကြောင်း) ကို စိတ်နှလုံးဖြင့် ယုံကြည်စွာသက်သေခံခဲ့လျင် ထိုသူအား ဂျန္နသ်သုခဘုံ၏ သတင်းကောင်းပေးလိုက်ပါ ဟု မိန့်ကြားတော်မူခဲ့ပါသလောဟု လျှောက်ထားမေးမြန်း၏။ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က က “ဟုတ်တယ်” ဟု မိန့်တော်မူ၏။ အုမရ်(ရဿွိယလ္လာဟုအန်ဟု)က “ထိုသို့ ပြုလုပ်တော်မမူပါနှင့်။ အကြောင်းမှာ လူတို့သည် ဤအပေါ်တွင်သာ အားထား၍ ကောင်းမှုကုသိုလ်များပြုလုပ်ခြင်းအားစွန့်လွှတ်ကြမည်ကို ကျွန်တော်မျိုး စိုးရိမ်မိပါသည်။ ထို့ကြောင့် ၎င်းတို့အား ကောင်းမှုကုသိုလ်များ ကျင့်ဆောင်နေကြလျက်ပင်” လွှတ်ထားတော်မူပါဟု လျှောက်ထားလေသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က“သို့ဆိုလျှင် အသင် သူတို့ကို လွှတ်ထားလိုက်ပါ” ဟု မိန့်တော်မူသည်။
رواه مسلمအလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏ တပည့်သာဝကများထဲမှ အုပ်စုတစ်စုနှင့်အတူ ထိုင်နေတော်မူခဲ့ပြီး၊ (ထို)အုပ်စုထဲ၌ အဗူဘကရ်နှင့် အုမရ်( ရဿွိယလ္လာဟုအန်ဟုမာ) တို့လည်း ရှိနေသည်။ ထို့နောက် ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ထသွားတော်မူပြီး၊ ကျွန်ုပ်တို့ထံ ပြန်လာရန် ကြန့်ကြာနေတော်မူသဖြင့်၊ စွဟာဗဟ်သာဝကများသည် ကိုယ်တော့်အား ရန်သူတစ်ဦးဦးက ဖမ်းဆီးခြင်း သို့မဟုတ် အခြားသော ဘေးအန္တရာယ်တစ်စုံတစ်ရာ ကျရောက်မည်ကို စိုးရိမ်ခဲ့ကြ၏။ စွဟာဗဟ်များသည် ထိတ်လန့်ကာ ထရပ်လိုက်ကြသည်။ အဘူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု) သည် ပထမဦးဆုံး ထိတ်လန့်ခဲ့သူဖြစ်ပြီး၊(ကိုယ်တော့်အား ရှာဖွေရန်ထွက်လာခဲ့ကာ) နောက်ဆုံးတွင် ဗနီနဂျ်ဂျာရ်မျိုးနွယ်ဝင်တို့၏ ဥယျာဉ်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ထိုဥယျာဉ်၏ တံခါးဖွင့်ထားခြင်း ရှိမရှိ တွေ့လိုတွေ့ငြား လှည့်ပတ်ရှာဖွေသော်လည်း မတွေ့ရှိခဲ့ပေ။ သို့သော် နံရံတွင်ရေစီးဝင်သည့် အပေါက်ငယ်တစ်ခုကိုတွေ့ရှိသဖြင့် ခန္ဓာကိုယ်ကို ကျုံ့ကာဝင် ရောက်ခဲ့၏။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကို ရှာဖွေတွေ့ရှိခဲ့လေ၏။ ကိုယ်တော်က ၎င်းအား “ အသင် အဘူဟုရိုင်ရဟ်လား”ဟု မေးတော်မူ၏။ ၎င်းက "ဟုတ်ပါသည်" ဟု ဖြေကြားခဲ့သည်။ ကိုယ်တော်က “သင်ဘယ်လိုဖြစ်တာလဲ” ဟု မေးတော်မူ၏။ ကျွန်ုပ်က “ကိုယ်တော်သည် ကျွန်တော်မျိုးတို့ကြား၌ ရှိနေခဲ့ပါသည်။ ထို့နောက် ထသွားတော်မူ၍ ပြန်လာရန် ကြန့်ကြာတော်မူသဖြင့်၊ ကျွန်တော်မျိုးတို့သည် (ရန်သူများက ကိုယ်တော်တစ်ဦးတည်းရှိနေသည်ကိုတွေ့ပြီး) ကိုယ်တော့်အား အန္တရာယ်ပြုမည်ကို စိုးရိမ်ကြောက်လန့်ပြီး၊ ထိတ်လန့်ခဲ့ကြသည်။ ကျွန်တော်မျိုးသည် ပထမဦးဆုံး ထိတ်လန့်သူဖြစ်ပြီး၊ ကိုယ်တော့်အား ရှာဖွေရန်ထွက်လာခဲ့ပြီး ဤဥယျာဉ်သို့ ရောက်ရှိခဲ့သည်။ ထို့နောက် မြေခွေးကျုံ့ဝင်သကဲ့သို့ ကိုယ်ကိုကျုံ့ကာဝင်ရောက်ခဲ့ပါသည်။ ဤလူများ( ကျန်သည့် စွဟာဗဟ်သာဝကများ) မှာလည်း ကျွန်တော်မျိုး၏နောက်တွင် ရှိကြပါသည်” ဟု လျှောက်ထားသည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏ဖိနပ်နှစ်ဖက်ကို ၎င်းအား မှန်ကန်သူဖြစ် ကြောင်း အမှတ်သင်္ကေတနှင့် အထောက်အထားအဖြစ် ပေးအပ်တော်မူပြီး မိန့်တော်မူသည်မှာ- “သင်သည် ငါကိုယ် တော်၏ ဤဖိနပ်နှစ်ဖက်ကို ယူသွားပါ။ ဤဥယျာဉ်၏ နောက်ဘက်တွင် သင်တွေ့ရသောသူမှန်သမျှ မည်သူမဆို "လာအိလာအစ်လ္လလာဟ်" (အလ္လာဟ်အရှင်မြတ်မှတစ်ပါး မှန်ကန်သည့်ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်ဟူ၍ အလျင်းမရှိကြောင်း) ကို စိတ်နှလုံးဖြင့် ယုံကြည်စွာ သက်သေခံခဲ့လျင်၊ ထိုသူသည် ဂျန္နသ်သုခဘုံသားများထဲမှဖြစ်ကြောင်း (သတင်းကောင်းပါးလိုက်ပါ။) ထို့နောက် ၎င်းတွေ့ရှိခဲ့သော ပထမဆုံးလူမှာ စွဟာဗဟ်ကြီးအုမရ်သခင် ဖြစ် သည်။ သူက “အို - အဗူဟုရိုင်ရဟ်၊ ဤဖိနပ်နှစ်ဖက်ကား အဘယ်နည်း” ဟု မေးသည်။ ကျွန်ုပ်က “ဤသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဖိနပ်နှစ်ဖက်ဖြစ်ပါသည်။ ကျွန်ုပ်တွေ့ရသူမှန်သမျှ မည်သူ မဆို"လာအိလာအစ်လ္လာဟ်" (အလ္လာဟ်အရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ခံထိုက်ဟူ၍ အလျင်းမရှိကြောင်း) ကို စိတ်နှလုံးဖြင့် ယုံကြည်စွာသက်သေခံခဲ့လျင် ထိုသူအား ဂျန္နသ်၏သတင်းကောင်းပေးရန် ကိုယ်တော်က ကျွန်ုပ်အား ဤဖိနပ်နှစ်ဖက်နှင့်အတူ စေလွှတ်တော်မူပါသည်” ဟု ဖြေကြားလိုက်သည်။ ထိုအခါ အုမရ်(ရဿွိယလ္လာဟုအန်ဟု)သည် မိမိ၏ လက်ဖြင့် အဘူဟုရိုင်ရဟ်၏ရင်ဘတ်ကြားတွင် ရိုက်လိုက်သဖြင့် သူသည် ဖင်ထိုက်လျက် လဲကျသွားလေသည်။ ထို့နောက် သူက “အို - အဗူဟိုရိုင်ရဟ်၊ ပြန်သွားလော့” ဟု ဆိုသည်။ ထို့ကြောင့် ကျွန်ုပ်သည် ထိတ်လန့်လျက်၊ မျက်နှာပျက်လျက်၊ ငိုတော့မည်နီးနီးဖြင့်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံတော်သို့ ပြန်လာခဲ့သည်။ အုမရ်(ရဿွိယလ္လာဟုအန်ဟု)ကလည်း ကျွန်ုပ်၏နောက်မှ လိုက်ပါလာခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က “အို-အဗူဟိုရိုင်ရဟ်၊ သင်ဘာဖြစ်တာလည်း” ဟု မေးတော်မူ၏။ ကျွန်ုပ်က လျှောက်ထားခဲ့သည်မှာ- “ ကျွန် တော်မျိုး အုမရ်အား တွေ့ဆုံခဲ့ပြီး ကိုယ် တော် ကျွန် တော်မျိုးအား စေလွှတ်တော်မူသည့်အကြောင်းကို ၎င်းအား ပြောပြလိုက်သည်။ ထိုအခါ ၎င်းကသူ ကျွန်တော်မျိုးအား တစ်ချက်ရိုက်လိုက်ရာ ကျွန်တော်မျိုး ဖင်ထိုက်လျက် လဲကျသွားပါသည်။ ထို့နောက် ၎င်းက အသင် ‘ပြန်သွားလော့’ ဟု ပြောပါသည်” ဟု လျှောက်ထားသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အို “အုမရ်၊ အဘယ်အရာက သင့်အား ဤသို့ပြုလုပ်စေခဲ့သနည်း” ဟု မေးတော်မူ၏။ အုမရ်(ရဿွိယလ္လာဟုအန်ဟု)က “အို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ကျွန်တော်မျိုး၏မိဘနှစ်ပါးကို ကိုယ်တော့်အတွက် စွန့်လွှတ်စတေးပါ၏။ ကိုယ်တော်သည် အဗူဟုရိုင်ရဟ်အား ကိုယ်တော်၏ ဖိနပ်နှစ်ဖက်နှင့်အတူ စေလွှတ်၍ ၎င်းတွေ့ဆုံခဲ့သည့် မည်သူမဆို "လာအိလာအစ်လ္လာဟ်" (အလ္လာဟ်အရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ခံထိုက်ဟူ၍ အလျင်းမရှိကြောင်း) ကို စိတ်နှလုံးဖြင့် ယုံကြည်စွာသက်သေခံခဲ့လျင် ထိုသူအား ဂျန္နသ်သုခဘုံ၏ သတင်းကောင်းပေးလိုက်ပါ ဟု မိန့်ကြားတော်မူခဲ့ပါသလောဟု လျှောက်ထားမေးမြန်း၏။ ကိုယ်တော်က"ဟုတ်တယ်" ဟု ဖြေကြား တော်မူခဲ့သည်။ အုမရ်(ရဿွိယလ္လာဟုအန်ဟု)က “ထိုသို့ ပြုလုပ်တော်မမူပါနှင့်။ အကြောင်းမှာ လူတို့သည် ဤစကားရပ်ပေါ်တွင်သာ အားထား၍ ကောင်းမှုကုသိုလ်များပြုလုပ်ခြင်းအားစွန့်လွှတ်ကြမည်ကို ကျွန်တော်မျိုး စိုးရိမ်မိပါသည်။ ထို့ကြောင့် ၎င်းတို့အား ကောင်းမှုကုသိုလ်များ ကျင့်ဆောင်နေကြလျက်ပင်” လွှတ်ထားတော်မူပါဟု လျှောက်ထားလေသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က“သို့ဆိုလျှင် အသင် သူတို့ကို လွှတ်ထားလိုက်ပါ” ဟု မိန့်တော်မူသည်။