





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ဂျူး(ယဟူဒီ)တို့သည် သောင်ရာသ်ကျမ်းကို ဟီဗရူးဘာသာစကားဖြင့် ဖတ်ရွတ်ပြီးမွတ်စ်လင်မ်များကို အရဗီဘာသာစကားဖြင့် ရှင်းပြလေ့ရှိကြသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- သင်တို့သည် ကျမ်းရပုဂ္ဂိုလ်များကို ထောက်ခံခြင်းလဲ မပြုကြနှင့် ငြင်းပယ်ခြင်းလည်း မပြုကြနှင့်။ သင်တို့သည် ဤအတိုင်းသာပြောဆိုကြကုန် (ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ကျွန်ုပ်တို့ထံချပေးခြင်းခံရသည့် ကုရ်အာန်ကျမ်းတော်မြတ်ကိုလည်းကောင်း အီမာန်သက်ဝင်ယုံကြည်ခဲ့ကြပါသည်။) ကုရ်အာန် (၂:၁၃၆)
ဗုခါရီကျမ်း။အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ပြောကြားခဲ့သည်မှာ- ကျမ်းရပုဂ္ဂိုလ် ယဟူဒီတို့သည် သောင်ရာသ်ကျမ်းကို ၎င်းတို့၏ဘာသာစကားဖြစ်သည့် ဟီဗရူးဘာသာစကားဖြင့် ဖတ်ပြပြီး အစ္စလာမ်ဘာသာဝင် မွတ်စ်လင်မ်များကို အရဗီဘာသာဖြင့် ရှင်းပြလေ့ရှိသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူခဲ့သည်မှာ- ကျမ်းရပုဂ္ဂိုလ်များကို အသင်တို့ ထောက်ခံခြင်းလည်းမပြုကြနှင့် ငြင်းပယ်ခြင်းလည်းမပြုကြနှင့် ဆိုလိုသည်မှာ ၎င်းတို့၏ ပြောကြားချက်များ၊ ရှင်းလင်းချက်များသည် ဖြစ်ရပ်မှန်နှင့် ကိုက်ညီသည်ဖြစ်စေ၊ ဆန့်ကျင်သည်ဖြစ်စေ ထိုစကားများကို လက်ခံခြင်း မပြုကြနှင့်။ အသင်တို့သည် ရစူလ်တမန်တော်များအပေါ်ချပေးထားသော ကျမ်းဂန်များကို ထောက်ခံယုံကြည်ကာ အသင်တို့၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ နှုတ်တော်မှတဆင့် အသင်တို့ထံ ရောက်ရှိလာသောအရာများကိုသာ လက်ခံကျင့်သုံးကြပါ။ အကယ်၍ ၎င်းတို့က အသင်တို့အား ပြောပြသည့်အကြောင်းအရာသည် အမှား၊အမှန် ဝေခွဲမရသည့် ကိစ္စမျိုးလည်းဖြစ်နိုင်သည်။သို့ဖြစ်၍ ကိစ္စတစ်ခုသည် မှန်ကန်နေပြီး ၎င်းကိုသင်တို့ငြင်းပယ်လိုက်ခြင်း သို့မဟုတ် ကိစ္စတစ်ခုသည် မှားယွင်းနေပြီး ၎င်းကိုသင်တို့ ထောက်ခံလိုက်ခြင်းမျိုးမဖြစ်စေရန်ဖြစ်သည်။ အကယ်၍ ထိုသို့ပြုမိပါက အပြစ်ထိုက်မည်ဖြစ်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်ုပ်တို့၏ ရှရီအဟ်တရားတော်နှင့်ဆန့်ကျင်သည့် ကိစ္စများ၌ ၎င်းတို့ကိုငြင်းဆန်ခြင်းနှင့် ရှရီအဟ်တရားတော်နှင့် ကိုက်ညီသည့် ကိစ္စများ၌ ၎င်းတို့အား ထောက်ခံခြင်းတို့ကို တားမြစ်ရန် ရည်ရွယ်ခဲ့ခြင်း မဟုတ်ပေ။ ထို့ပြင် (ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ကို လည်းကောင်း၊ ကျွန်ုပ်တို့ထံချပေးခြင်းခံရသည့် ကုရ်အာန်ကျမ်းတော်မြတ်ကိုလည်းကောင်း အီမာန်သက်ဝင်ယုံကြည်ခဲ့ကြပါသည်။) ကုရ်အာန် (၂:၁၃၆) ဟူ၍သာပြောဆိုကြကုန်ဟု မိန့်ကြားတော်မူခဲ့သည်။ ဆိုလိုသည်မှာ ဤအာယသ်တော်အား အပြည့်အစုံ ရွတ်ဖတ်ခဲ့သည်။ ဤအာယသ်တော်သည် ‘အစ္စရာအီလီယာသ်’ကျမ်းရပုဂ္ဂိုလ်များထံမှ လာရှိသည့် အကြောင်းအရာများနှင့် သက်ဆိုင်သည့် အမိန့်ပညတ်ချက်ပင်ဖြစ်သည်။
အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟု)ထံမှ ဆင့်ပြန်ချက်လာရှိခဲ့သည်။ ၎င်းကပြောကြားခဲ့သည်မှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိအပေါ် (بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ) မကျရောက်သေးသရွေ့ စူရဟ်တစ်ပုဒ်နှင့် တစ်ပုဒ်ကြားပိုင်းခြားထားသည့် နေရာကိုမသိရှိခဲ့ပေ။
အဗူဒါဝူဒ်ကျမ်း။တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိအပေါ် (بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ) မကျရောက်သေးသရွေ့ စူရဟ်တစ်ပုဒ်နှင့် တစ်ပုဒ်ကြားပိုင်းခြားထားသည့် နေရာကိုမသိရှိခဲ့ပေ။ ဆိုလိုသည်မှာ- အမှန်ပင် ကိုယ်တော်သည် မိမိပေါ်သို့ ‘ဗိစ္စမိလ္လာဟ်’ ကျရောက်လာမှသာ စူရဟ်တစ်ပုဒ်ပြီးဆုံးသွားပြီး နောက်စူရဟ်တစ်ပုဒ်ကျရောက်ပြီဖြစ်ကြောင်း သိရှိခဲ့သည်။ ထို့ကြောင့် ‘ဗိစ္စမိလ္လာဟ်’သည် အခြားအာယသ်တော်များ ကျရောက်ခဲ့သည့်အတိုင်း ကျရောက်လာသည့်အာယသ်တော်ဖြစ်သည်။ သို့သော် အခြားစူရဟ်များဖြင့် နှိုင်းယှဉ်ကာ ‘စူရဟ်သောင်ဗဟ်’၏အစတွင် ဗိစ္စမိလ္လာဟ် ရွတ်ဆိုခြင်းကို မည်သူမျှမပြုရပေ။ ထို့အတူ စူရဟ်၏အလယ်မှ စတင်ဖတ်ရွတ်လျှင်လည်း ဟဒီးဆ်တော်ကိုထောက်ရှု၍ ဗိစ္စမိလ္လာဟ် မဖတ်ဘဲအစပြုခြင်း ပိုမိုကောင်းမွန်သည်။ အဘယ်ကြောင့်ဆိုသော် ဗိစ္စမိလ္လာဟ်ဟူသည့် အာယသ်တော်သည် စူရဟ်များ၏ အစတွင်သာ ကျရောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် အချို့ပညာရှင်များတွင် အဆိုကွဲလွဲမှုရှိသည်။
အဗ်ဒုလ္လာဟ်ဗင်အမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူသည်။ ကုရ်အာန်ကျွမ်းကျင်သူအား ပြောမည်မှာ- ဖတ်ပါ၊ တက်ပါ၊ အသင်လောက၌ ရှိစဥ်အခါက သရ်သီလ်နှင့်ဖတ်ခဲ့သည့်အတိုင်း သရ်သီလ်နှင့်ဖတ်ပါ။အသင်၏အဆင့်အတန်းသည် သင်နောက်ဆုံး ဖတ်ရွတ်လိုက်သည့် အာယသ်တော်နှင့်အညီ ရှိနေမည်ဖြစ်သည်။
အဗူဒါဝူဒ်ကျမ်း။တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ ကုရ်အာန်ကျွမ်းကျင်သူသည် ဂျန္နသ်သို့ဝင်ရောက်သည့်အခါ (ဤသို့)ပြောကြားခြင်းခံရလိမ့်မည်။ (ကုရ်အာန်ကျွမ်းကျင်သူဟူသည် ကုရ်အာန်ကို အမြဲတစေဖတ်ရွတ်ပြီး ကျမ်းလာအတိုင်း အမလ်ကျင့်ဆောင်သူကိုဆိုလိုပြီး ကုရ်အာန်ကိုဖတ်ရွတ်ပြီး ကျမ်းလာအတိုင်း အမလ်ကျင့်ဆောင်မှုမရှိသူကို မဆိုလိုပေ။) အသင်ဖတ်ပါ၊ ဂျန္နသ်၏အဆင့်များသို့တက်ပါ အသင်လောက၌ ရှိစဥ်အခါက စကားလုံးများကို သဂ်ျဝီးဒ် ဥပဒေအတိုင်း ဌာန်ကရိုဏ်းကျစွာနှင့် ရပ်နားရမည့်ဥပဒေများကို သိနားလည်ပြီးဖတ်ခဲ့သည့်အတိုင်း သရ်သီလ်နှင့်ဖတ်ပါ။ နောင်တမလွန်ဘဝ၌ အသင်၏အဆင့်အတန်းသည် (တစ်အာယသ်ပြီးတိုင်း အဆင့်တစ်ဆင့်တက်သွားပြီး) သင်နောက်ဆုံး ဖတ်ရွတ်လိုက်သည့် အာယသ်တော်နှင့်အညီ အဆင့်အတန်းရရှိမည်ဖြစ်သည်။
အဗူအဗ်ဒိရ်ရဟ်မာန် အတ်စ်စုလမီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အဆ်ွဟာဗ်တော်များအနက်ကျွန်ုပ်တို့အား ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ကြား(သင်)ပြခဲ့သည့်သူများက ကျွန်ုပ်တို့အား ဆင့်ပြန်ပြောကြားခဲ့သည်။ ဧကန်အမှန် ၎င်းတို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ အာယာသ်တော်ဆယ်ပိုဒ်ကို နားထောင်ပြီးနောက် ထိုအာယသ်တော်များတွင်ပါရှိသည့် ‘အိလ်မ်’အသိပညာနှင့် အမလ်ကျင့်ဆောင်မှုများကို မသင်ယူမချင်း နောက်ထပ်အာယာသ်တော်ဆယ်ပိုဒ်ကို သင်ယူခြင်းမရှိခဲ့ပေ။ သာဝကကြီးများက ကျွန်တော်တို့သည် ‘အိလ်မ်’အသိပညာနှင့် အမလ်ကျင့်ဆောင်မှုများကို သင်ယူခဲ့ကြသည်ဟု ပြောကြားခဲ့ကြသည်။
အိမာမ် အဟ်မဒ် ဆင့်ပြန်ခဲ့သည်။ဆွဟာဗဟ်(ရဿွိယလ္လာဟုအန်ဟုမ်)တို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ခေတ်သမယတွင် ကုရ်အာန်ကျမ်းမြတ်၏အာယသ်တော်ဆယ်ပိုဒ်စီအား ဖတ်ရွတ်လေ့ရှိခဲ့ကြသည်။ ၎င်းတို့သည်ကိုယ်တော်မြတ်ထံမှ ထိုအာယသ်တော်များကို ကြားနာပြီးနောက် ပထမအာယသ်တော်ဆယ်ပိုဒ်တွင်ပါရှိသည့် မစာအိလ်ဆိုင်ရာ သဘောတရားများ၊ ယုံကြည်ချက်ဆိုင်ရာ ‘အိလ်မ်’ အသိပညာနှင့်အမလ်ကျင့်ဆောင်မှုနှင့် သက်ဆိုင်သည့် ခဝပ်ကိုးကွယ်မှုကဏ္ဍ၊ အပေးအယူကဏ္ဍများနှင့် အခြားကဏ္ဍများကို လက်တွေ့အကောင်အထည်ဖော် ကျင့်သုံးခြင်းမပြုဘဲ နောက်ထပ်အာယသ်တော်ဆယ်ပိုဒ်ကို သင်ယူခြင်းမရှိပေ။ သာဝကကြီးများသည် မိမိတို့သင်ယူလိုက်သည့်အရာများကို နှောက်နှေးခြင်းမရှိဘဲ ချက်ချင်းလိုက်နာကျင့်သုံးလေ့ရှိကြသည်။
အုဗိုင်းယ္ယုဗ်နုကအ်ဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က(၎င်းအား) အို-အဗုလ်မွန်ဇိရ် အသင့်၌ရှိသော အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်တွင် မည်သည့်အာယသ်တော်သည် အကြီးမြတ်ဆုံးဖြစ်သည်ကို အသင်သိပါသလားဟု မေးတော်မူသည်။ ကျွန်တော်က အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည်ဟု ဖြေကြားခဲ့သည်။ တဖန်ကိုယ်တော်က အို-အဗုလ်မွန်ဇိရ် အသင့်၌ရှိသော အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်တွင် မည်သည့်အာယသ်တော်သည် အကြီးမြတ်ဆုံးဖြစ်သည်ကို အသင်သိပါသလားဟု မေးတော်မူသည်။ကျွန်တော်က (ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ ٱلْحَىُّ ٱلْقَيُّومُ) (စူရဟ် ဗကရဟ်- ၂၅၅) (အာယသုလ်ကုရ်စီ) ဖြစ်သည်ဟု ဖြေကြားခဲ့သည်။ထိုအခါ ကိုယ်တော်သည်ကျွန်ုပ်၏ရင်ဘတ်ကိုပုတ်၍ မိန့်တော်မူသည်မှာ “အို-အဗုလ်မွန်ဇိရ် သင့်အတွက် အသင်၏အိလ်မ်အသိပညာသည် မင်္ဂလာရှိပါစေ။”
မွတ်စ်လင်မ်ကျမ်း။အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အို- အဗုလ်မွန်ဇိရ် ဟုခေါ်တော်မူသည်။ ဤနာမည်သည် အုဗိုင်းယ္ယုဗ်နုကအ်ဗ်၏ (ကွန်နီယသ်) ဖြစ်ပြီး ၎င်းသည် သာသနာ့ပညာရှင်ဆွာဟာဗဟ်များအနက်မှ တစ်ပါးဖြစ်သည်။ကိုယ်တော်က သူ့အားအသင့်၌ရှိသော အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်တွင် မည်သည့်အာယာသ်တော်သည်အကြီးမြတ်ဆုံးဖြစ်သည်ကို အသင်သိပါသလားဟု မေးတော်မူခဲ့သည်။ အုဗိုင်းယ္ယုဗ်နုကအ်ဗ်က အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည်ဟု ဖြေကြားခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ကသူ့အား ထိုမေးခွန်းကိုပင်ထပ်မံမေးမြန်းသဖြင့် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏အဖြေကိုနားထောင်လိုတော်မူကြောင်းနှင့် ဤသည်သင်ကြားပေးခြင်းနှင့် ကျိုးစားအားထုတ်ရမည့်အခြေနေမျိုးဖြစ်ကြောင်း သဘောပေါက်သဖြင့် အုဗိုင်းက (ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ ٱلْحَىُّ ٱلْقَيُّومُ) (အာယသုလ်ကုရ်စီ) ဖြစ်သည်ဟု ဖြေကြားခဲ့သည်။ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အုဗိုင်း၏ရင်ဘတ်ကိုပုတ်၍ အို-အဗုလ်မွန်ဇိရ် သင့်အတွက် အသင်၏အိလ်မ်အသိပညာသည် မင်္ဂလာရှိပါစေဟု မိန့်ကြားတော်မူသည်။ ဤသည်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အုဗိုင်းယ္ယုဗ်နုကအ်ဗ်အား လွယ်ကူစွာပညာတတ်မြောက်စေရန်နှင့် ပညာအရာ၌ ကျယ်ကျယ်ပြန့်ပြန့် သိနားလည်စေရန် ဒုအာဆုမွန်တောင်းပေးခြင်းပင်ဖြစ်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူ၏ရင်ဘတ်ကိုပုတ်လိုက်ခြင်းသည် ၎င်း၏စိတ်နှလုံးသားကျယ်ဝန်းပွင့်လင်းမှု၊ ပညာအမြော်အမြင်နှင့် ပြည့်ဝမှုတို့ကို ညွှန်ပြနေခြင်းဖြစ်သည်။
အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ညစဉ်ညတိုင်းအိပ်ရာဝင်သောအခါမိမိ၏လက်ဖဝါးနှစ်ဖက်ကို ပူးကပ်စုရုံးတော်မူပြီး ယင်းလက်ဖဝါးနှစ်ဖက်တွင် စူရဟ်အိခ်လာဆ်ွ၊ စူရဟ်ဖလပ်က်၊ စူရဟ်နာစ်တို့ကို ဖတ်ရွတ်ကာ မန်းမှုတ်တော်မူသည်။ ထို့နောက် ၎င်းလက်ဖဝါးနှစ်ဖက်ဖြင့် ရောက်နိုင်သလောက်ခန္ဓာကိုယ်နေရာအနှံ့ကို ပွတ်သပ်တော်မူသည်။ကိုယ်တော်သည် လက်ဖဝါးနှစ်ဖက်ဖြင့် ပထမဦးဆုံး ဦးခေါင်း၊ ၎င်းနောက်မျက်နှာ၊ ၎င်းနောက်ခန္ဓာကိုယ်အရှေ့ဘက်မှစ၍ ပွတ်သပ်တော်မူသည်။ ကိုယ်တော်သည် ထိုအတိုင်းပင် သုံးကြိမ်သုံးခါ ပြုလုပ်တော်မူသည်။ အခြားဆင့်ပြန်ချက်တစ်ရပ်တွင် လာရှိသည်မှာ-အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ပြောကြားခဲ့သည်။ ကိုယ်တော်မြတ်နေမကောင်းဖြစ်သည့်အခါ ကိုယ်တော့်အား ထိုအတိုင်းမန်းမှုတ်ပေးရန် ကိုယ်တော်သည် ကျွန်မအားအမိန့်ပေးတော်မူသည်။
ဗုခါရီကျမ်း။အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ပြောကြားခဲ့သည်။ ဧကန်အမှန်ပင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ညစဉ်ညတိုင်းအိပ်ရာဝင်သောအခါ မိမိ၏လက်ဖဝါးနှစ်ဖက်ကို ပူးကပ်စုရုံးတော်မူပြီး ယင်းလက်ဖဝါးနှစ်ဖက်တွင် ခိုလှုံမှုတောင်းခံသည့်စူရဟ်များကို ဖတ်ရွတ်ကာ မန်းမှုတ်တော်မူသည်။ လေဖြင့်မှုတ်ခြင်းဟူသည် တံတွေးထွေးသလောက်မများပေ။ ဤနေရာတွင် ပါးစပ်မှတံတွေးအနည်းငယ်ပါသောလေဖြင့် မှုတ်ခြင်းကိုဆိုလိုသည်။ ထို့နောက် ၎င်းလက်ဖဝါးနှစ်ဖက်ဖြင့် ရောက်နိုင်သလောက်ခန္ဓာကိုယ်နေရာအနှံ့ကို ပွတ်သပ်တော်မူသည်။ကိုယ်တော်သည် လက်ဖဝါးနှစ်ဖက်ဖြင့် ပထမဦးဆုံး ဦးခေါင်း၊ ၎င်းနောက်မျက်နှာ၊ ၎င်းနောက်ခန္ဓာကိုယ်အရှေ့ဘက်မှစ၍ ပွတ်သပ်တော်မူသည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ထိုအတိုင်း သုံးကြိမ်သုံးခါပြုလုပ်တော်မူသည်။ အခြားဆင့်ပြန်ချက်တစ်ရပ်တွင် အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)ပြောကြားခဲ့သည်မှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ဘဝ၏နောက်ဆုံးအချိန် မကျန်းမမာဖြစ်သည့်အခါ ကိုယ်တော့်အား ထိုအတိုင်းမန်းမှုတ်ပေးရန် ကိုယ်တော်သည် ကျွန်မအားအမိန့်ပေးတော်မူသည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) နာမကျန်းဖြစ်သည့်အခါနှင့်အိပ်ရာဝင်သည့်အခါ မိမိကိုယ်မိမိ မန်းမှုတ်လေ့ရှိခြင်းသည် ဤအခြေအနေနှစ်ခုတွင် မန်းမှုတ်ခြင်း၌ကြီးကျယ်လှသည့် ‘ဗရကသ်’မင်္ဂလာရှိကြောင်း ညွှန်ပြနေသည်။
အဒီဗင်န်ဟာသင်မ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်တော်မူသည်။ ယဟူဒီ(ဂျူး)များသည် အလ္လာဟ်အရှင်မြတ်၏အမျက်တော်ရှခြင်းခံရသူများဖြစ်ပြီး နဆ်ွရာနီ(ခရစ်ယာန်)များသည် လမ်းလွဲနေသူများဖြစ်ကြသည်။
သိရ်မိဇီကျမ်း။တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်တော်မူသည်။ယဟူဒီ(ဂျူး)များသည် အလ္လာဟ်အရှင်မြတ်၏အမျက်တော်ရှခြင်းခံရသူများဖြစ်ကြပြီး ၎င်းတို့သည်နဗီတမန်တော်များ၊ မုအ်မင်န် သက်ဝင်ယုံကြည်သူများ၊ မလာအိကဟ်(ကောင်းကင်တမန်) များ၏ အမျက်ထွက်ခြင်းခံရသူများလည်းဖြစ်ကြသည်။ နဆ်ွရာနီ(ခရစ်ယာန်)များသည် လမ်းမှားသူများဖြစ်ကြသည်။ ဤသည် အလ္လာဟ်အရှင်မြတ်၏ မိန့်ကြားတော်မူထားသည့် ‘စူရဟ်ဖာသိဟဟ်’တွင်ပါရှိသော {.غَيْرِ ٱلْمَغْضُوبِ عَلَيْهِمْ وَلَا ٱلضَّآلِّينَ }၏ သဖ်စီးရ်အကျယ်ဖွင့်ဆိုချက်ဖြစ်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အမျက်တော်ရှခြင်းခံရသူများသည် ယဟူဒီ(ဂျူး)များဖြစ်ပြီး လမ်းလွဲနေသူများသည် နဆ်ွရာနီ(ခရစ်ယာန်)များဖြစ်ကြောင်း ရှင်းပြတော်မူခဲ့သည်။ ကျွန်တော်တို့သည်နေ့စဉ်နေ့တိုင်း ဆွလာသ်ထဲ၌ ကျွန်တော်တို့အား ဖြောင့်မတ်မှန်ကန်သည့် တရားလမ်းမှန်ကို ညွှန်ကြားပြသတော်မူရန်နှင့် ယဟူဒီများ၊ နဆွ်ရာနီများ၏ လမ်းစဉ်အတိုင်းနောက်လိုက်သူများမဖြစ်စေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် တောင်းခံကြသည်။သို့ဖြစ်၍ မည်သည့်မွတ်စ်လင်မ်မဆို အသိပညာရှိပြီးထိုပညာနှင့်ဆန့်ကျင်ဘက်လျှောက်လှမ်းပါက ၎င်းသည် ယဟူဒီနှင့်တူပြီး မည်သည့်မွတ်စ်လင်မ်မဆို အသိပညာမရှိဘဲ ခဝပ်ကိုးကွယ်မှုပြုပါက ၎င်းသည် နဆ်ွရာနီနှင့်တူမည်ဖြစ်သည်။
အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝဆလ္လမ်)သည် ဤအာယသ်တော်ကို ဖတ်ရွတ်တော်မူခဲ့သည်။ (ထိုအလ္လာဟ်အရှင်မြတ်သည် အသင့်အပေါ်ဝယ် ကျမ်းမြတ်ကုရ်အာန်ကို ထုတ်ပြန်ပို့ချတော်မူသော အရှင်မြတ်ပင်တည်း။ထိုကျမ်းမြတ်အနက် မပြောင်းမလွဲပေါ်လွင်ထင်ရှားပြတ်သား၍ အနက်အဓိပ္ပါယ် တစ်မျိုးတစ်စားတည်းထွက်သော အာယတ်တော်များလည်းရှိပေ၏။ ယင်းအာယတ်တော်များသည်သာလျှင် ကုရ်အာန်ကျမ်းမြတ်၏ မူလအရင်းခံ အခြေအမြစ်ဖြစ်လေသည်။ ထို့ပြင်တစ်ဝ အခြားအာယတ်တော်များမှာမူကား အဓိပ္ပါယ်ပြားသော၊ ဆင်တူယိုးမှားဖြစ်သော အာယတ်တော်များလည်းရှိ၏။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှုရှိသော သူတို့မူကား (လူခပင်းတို့အား သာသနာရေးတွင်) လမ်းမှားစေလို၍လည်းကောင်း၊ ထိုအာယတ်တော်များ၏ အဓိပ္ပါယ်များကို အမှားကောက်လို၍လည်းကောင်း၊ ယင်းဆင်တူယိုးမှား အာယတ်တော်များကိုပင် လိုက်နာလိုက်စားကြကုန်၏။ အမှန်စင်စစ် ယင်းအဓိပ္ပါယ်ပြားသော ဆင်တူယိုးမှားဖြစ်သော အာယတ်တော်များ၏ မှန်ကန်သော အနက်အဓိပ္ပါယ်အလိုသဘောကိုမူကား အလ္လာဟ်အရှင်မြတ်မှတစ်ပါး မည်သူမျှမသိချေ။ သို့ရာတွင် ပညာအရာ၌ ကျွမ်းကျင်လိမ္မာ ရင့်သန်သော ပါရဂူများကမူ (ကုရ်အာန်ကျမ်းလာ မုဟ်ကမာတ်၊ မုတရှာဗိဟာတ်၊ အာယတ်တော်များ) အားလုံးတို့သည် ကျွန်ုပ်တို့အား မွေးမြူတော်မူသော အရှင်မြတ်အထံတော်မှပင် (ကျရောက်လာသော အာယတ်တော်များ) ဖြစ်ပေရာ ကျွန်ုပ်တို့သည် ယင်းအဓိပ္ပါယ်ပြားသော၊ ဆင်တူယိုးမှားဖြစ်သော အာယတ်တော်များကိုလည်း (ခြွင်းချက်မရှိ လုံးဝ) ယုံကြည်ကြပါသည်ဟုပြောဆိုကြကုန်၏။ အမှန်သော်ကား ပညာဉာဏ်ရှိသူတို့မှအပ အခြားသူများ တရားလမ်းမှန်မရနိုင်ချေ။) (ကုရ်အာန်- ၃:၇) အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝဆလ္လမ်)က မိန့်ကြားတော်မူသည်မှာ “အသင်မအနေဖြင့်ဆင်တူယိုးမှား အာယသ်တော်များနောက်ကို လိုက်နေကြသည့်သူများကို တွေ့ရှိပါက (မှတ်ယူပါ) ထိုသူများကို အလ္လာဟ်အရှင်မြတ်က (စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှုရှိသောသူများဟု ကျမ်းမြတ်ကုရ်အာန်၌) အမည်ပေးထားသူများဖြစ်သည့်အတွက် အသင်တို့ ၎င်းတို့ကိုရှောင်ကြဉ်ပါ။”
ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤအယာသ်တော်ကိုဖတ်ရွတ်တော်မူခဲ့၏။ (ထိုအလ္လာဟ်အရှင်မြတ်သည် အသင့်အပေါ်ဝယ် ကျမ်းမြတ်ကုရ်အာန်ကို ထုတ်ပြန်ပို့ချတော်မူသော အရှင်မြတ်ပင်တည်း။ထိုကျမ်းမြတ်အနက် မပြောင်းမလွဲပေါ်လွင်ထင်ရှားပြတ်သား၍ အနက်အဓိပ္ပါယ် တစ်မျိုးတစ်စားတည်းထွက်သော အာယတ်တော်များလည်းရှိပေ၏။ ယင်းအာယတ်တော်များသည်သာလျှင် ကုရ်အာန်ကျမ်းမြတ်၏ မူလအရင်းခံ အခြေအမြစ်ဖြစ်လေသည်။ ထို့ပြင်တစ်ဝ အခြားအာယတ်တော်များမှာမူကား အဓိပ္ပါယ်ပြားသော၊ ဆင်တူယိုးမှားဖြစ်သော အာယတ်တော်များလည်းရှိ၏။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှုရှိသော သူတို့မူကား (လူခပင်းတို့အား သာသနာရေးတွင်) လမ်းမှားစေလို၍လည်းကောင်း၊ ထိုအာယတ်တော်များ၏ အဓိပ္ပါယ်များကို အမှားကောက်လို၍လည်းကောင်း၊ ယင်းဆင်တူယိုးမှား အာယတ်တော်များကိုပင် လိုက်နာလိုက်စားကြကုန်၏။ အမှန်စင်စစ် ယင်းအဓိပ္ပါယ်ပြားသော ဆင်တူယိုးမှားဖြစ်သော အာယတ်တော်များ၏ မှန်ကန်သော အနက်အဓိပ္ပါယ်အလိုသဘောကိုမူကား အလ္လာဟ်အရှင်မြတ်မှတစ်ပါး မည်သူမျှမသိချေ။ သို့ရာတွင် ပညာအရာ၌ ကျွမ်းကျင်လိမ္မာရင့်သန်သော ပါရဂူများကမူ (ကုရ်အာန်ကျမ်းလာ မုဟ်ကမာတ်၊ မုတရှာဗိဟာတ်အာယတ်တော်များ) အားလုံးတို့သည် ကျွန်ုပ်တို့အား မွေးမြူတော်မူသောအရှင်မြတ်အထံတော်မှပင် (ကျရောက်လာသော အာယတ်တော်များ) ဖြစ်ပေရာ ကျွန်ုပ်တို့သည် ယင်း အဓိပ္ပါယ်ပြားသော၊ ဆင်တူယိုးမှားဖြစ်သော အာယတ်တော်များကိုလည်း (ခြွင်းချက်မရှိ လုံးဝ) ယုံကြည်ကြပါသည်ဟုပြောဆိုကြကုန်၏။ အမှန်သော်ကား ပညာဉာဏ်ရှိသူတို့မှအပ အခြားသူများ တရားလမ်းမှန်မရနိုင်ချေ။) (ကုရ်အာန်- ၃:၇)ကျမ်းမြတ်ကုရ်အာန်တွင် အချို့အာယသ်တော်များသည် ထင်ရှားပြတ်သားစွာ အနက်အဓိပ္ပါယ် တစ်မျိုးတည်းထွက်သော အာယသ်တော်များဖြစ်ပြီး ထိုအာယသ်တော်များသည် ကုရ်အာန်ကျမ်းတော်မြတ်၏အဓိကအရင်းအမြစ်ပင်ဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ်က မိန့်ကြားထားသည်။ ထိုအာယသ်တော်များသည် ၎င်းတို့ကိုယ်တိုင် အဓိပ္ပါယ်ရှင်းလင်းပြတ်သားပြီး အခြားသောဆင်တူယိုးမှားအာယသ်တော်များကိုလည်း ရှင်းပြပေးသည်။ ထိုအာယသ်တော်များနှင့်စပ်လျဉ်း၍ မည်သူမျှ အဓိပ္ပါယ်ရောနှောရှုပ်ထွေးခြင်းမရှိပေ။ထို့ပြင်ယင်းကျမ်းမြတ်၌ လူများစွာအတွက် သို့မဟုတ် လူအချို့အတွက်အဓိပ္ပာယ်ဆင်တူယိုးမှားဖြစ်ကာ ပေါ်လွင်ထင်ရှားခြင်းမရှိသည့် အခြားအာယသ်တော်များလည်းရှိသည်။ သို့ဖြစ်၍ မည်သူမဆို အဓိပ္ပါယ်တစ်စုံတစ်ရာ မရှင်းလင်းပါက အဓိပ္ပါယ်ရှင်းလင်းသည့် အာယသ်တော်များ ဘက်သို့သာ ပြန်လှည့်ရမည်ဖြစ်သည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်က အနက်အဓိပ္ပါယ် တစ်မျိုးတစ်စားတည်းထွက်သော ‘မုဟ်ကမာတ်’အာယတ်တော်များနှင့် စပ်လျဉ်း၍ (ယင်းအာယတ်တော်များသည်သာလျှင် ကုရ်အာန်ကျမ်းမြတ်၏ မူလအရင်းခံ အခြေအမြစ်ဖြစ်လေသည်။)ဟု မိန့်ကြားတော်မူထားသည်။ ဆိုလိုသည်မှာ အဓိပ္ပါယ်တစ်စုံတစ်ရာ မရှင်းလင်းပါက ပြန်လှည့်ရမည့် ကုရ်အာန်ကျမ်းမြတ်၏ မူလအရင်းခံ အာယသ်တော်များဖြစ်သည်။ (သို့ရာတွင် မည်သို့ပင်ဖြစ်စေ စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှုရှိသော သူများသည်) ဟူသော အာယသ်တွင်ပါရှိသည့် သွေဖည်ယိမ်းယိုင်မှုဟူသည် သံသယရှိမှု၊ ယိမ်းယိုင်မှု၊ လမ်းမှားမှုကိုဆိုလိုသည်။ ၎င်းတို့သည် ‘ဖိသ်နဟ်’ပြသနာထဲသို့ ကျရောက်စေရန်နှင့် ၎င်းတို့၏‘ဗိဒ်အဟ်’တရားသစ်တီထွင်မှုတို့ကို ကုရ်အာန်ဖြင့် အထောက်အထားတင်ပြကြသည်ဟု နောက်လိုက်များအား ထင်ယောင်ထင်မှားဖြစ်စေကာ မိမိတို့၏ နောက်လိုက်များကို လမ်းမှားစေရန်အတွက် ထို‘မုတရှာဗိဟာတ်’အဓိပ္ပါယ်ပြားသော၊ ဆင်တူယိုးမှားဖြစ်သော အာယတ်တော်များကိုလိုက်စားကြသည်။အမှန်တကယ်တွင် ကုရ်အာန်ကျမ်းမြတ်သည် ၎င်းတို့နှင့်ဆန့်ကျင်ဘက် သက်သေအထောက်အထားဖြစ်ပြီး ၎င်းတို့အတွက်သက်သေအထောက်အထားမဟုတ်ပေ၊ ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့သည် ကုရ်အာန်ကျမ်းမြတ်အား မိမိတို့၏လမ်းလွဲနေသည့် စိတ်အလိုဆန္ဒအတိုင်းအကျယ်ဖွင့်ဆိုခြင်းနှင့် မိမိတို့လိုလားသည့်အတိုင်း လွဲမှားစွာတင်ပြကြသည့်အတွက်ကြောင့်ပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ မိန့်ကြားချက်ဖြစ်သည့် (အမှန်စင်စစ် ယင်းအဓိပ္ပါယ်ပြားသော ဆင်တူ ရိုးမှားဖြစ်သော အာယတ်တော်များ၏ မှန်ကန်သော အနက်အဓိပ္ပါယ် အလိုသဘောကိုမူကား အလ္လာဟ်အရှင်မြတ်မှတစ်ပါး မည်သူမျှမသိချေ။ သို့ရာတွင် ပညာအရာ၌ ကျွမ်းကျင်လိမ္မာ ရင့်သန်သော ပါရဂူများကမူ (ကုရ်အာန်ကျမ်းလာ မုဟ်ကမာတ်၊ မုတရှာဗိဟာတ်၊ အာယတ်တော်များ) အားလုံးတို့သည် ကျွန်ုပ်တို့အား မွေးမြူတော်မူသော အရှင်မြတ်အထံတော်မှပင် (ကျရောက်လာသော အာယတ်တော်များ) ဖြစ်ပေရာ ကျွန်ုပ်တို့သည် ယင်းအဓိပ္ပါယ်ပြားသော၊ ဆင်တူယိုးမှားဖြစ်သော အာယတ်တော်များကိုလည်း (ခြွင်းချက်မရှိ လုံးဝ) ယုံကြည်ကြပါသည်ဟုပြောဆိုကြကုန်၏။)ဟူသော အာယာသ်တော်၏ အကျယ်ဖွင့်ဆိုချက်တွင်မှန်ကန်သည့်ဖွင့်ဆိုချက်နှစ်ခုရှိသည်။ ပထမ ဖွင့်ဆိုချက်မှာ- ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် ကုရ်အာန်ကျမ်းမြတ်၏ အချို့သော အဓိပ္ပာယ်ဖွင့်ဆိုခြင်းဆိုင်ရာ အသိပညာကို မိမိအတွက်သာ သီးသန့်ထားရှိတော်မူသည်။ ၎င်း၏အဓိပ္ပါယ်ကို အလ္လာဟ်အရှင်မြတ်မှအပ မည်သူမျှမသိနိုင်ပေ။ ယင်းသည် အကွယ်နှင့်သက်ဆိုင်သည့်အရှိတရားများ ‘ဆွိဖာသ်’ဂုဏ်တော်များ၏ ပုံသဏ္ဍာန်များစသည်တို့ဖြစ်သည်။ ရှရီအသ်၏ပညာကို ပြည့်စုံစွာ နားလည်တတ်ကျွမ်းသည့် ပညာရှင်ပါရဂူများက ၎င်းအဓိပ္ပာယ်တိကျပေါ်လွင်ထင်ရှားခြင်းမရှိသော ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များအား ကျွန်ုပ်တို့ ယုံကြည်ကြပါသည်။ ယင်း၏ အသိပညာကို ၎င်းအားသိနားလည်သူထံသို့လွှဲအပ်ပါသည်။ အဓိပ္ပာယ်တိကျပေါ်လွင်ထင်ရှားခြင်းမရှိသော အာယသ်တော်နှင့် ထင်ရှားပြတ်သားစွာ အဓိပ္ပာယ်ထွက်သောအာယသ်တော်အားလုံးသည် အလ္လာဟ်အရှင်မြတ်ထံတော်မှကျရောက်ခဲ့သည်မှာ စစ်မှန်ကြောင်းယုံကြည်ပါသည်ဟု ပြောဆိုကြသည်။ ဒုတိယဖွင့်ဆိုချက်မှာ- အဓိပ္ပာယ်တိကျပေါ်လွင်ထင်ရှားခြင်းမရှိသော ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များကို အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ် ရွေးချယ်ထားတော်မူသော ပညာရှင်ပါရဂူအချို့သာလျှင်သိရှိတော်မူသည်။ဤနေရာတွင် “သအ်ဝီးလ်”ဟူသည် သဖ်စီးရ် အကျယ်ဖွင့်ဆိုခြင်းကိုဆိုလိုသည်။ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝဆလ္လမ်)က မိန့်တော်မူသည်မှာ-အသင်မအနေဖြင့် ဆင်တူယိုးမှား အာယသ်တော်များနောက်ကို လိုက်နေကြသည့်သူများကို တွေ့ရှိပါက (မှတ်ယူပါ) ထိုသူများကို အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်၌ (စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှုရှိသောသူများ)ဟု အမည်ပေးထားသည်။ ထို့ကြောင့် အို မွတ်စလင်မ်အပေါင်းတို့ အသင်တို့သည် ၎င်းတို့အားရှောင်ကြဉ်ကြပါ ၎င်းတို့နှင့်အတူထိုင်ခြင်း၊ စကားပြောခြင်းမပြုကြလေနှင့် အမှန်စင်စစ် ၎င်းတို့သည် သာသနာရေးတွင် တရားသစ်တီထွင်သူများပင်ဖြစ်ကြသည်။
အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ရှေ့တော်မှောက်တွင်ထိုင်၍ လျှောက်ထားသည်မှာ အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ကျွန်တော်မျိုးတွင် ကျွန်နှစ်ယောက်ရှိပါသည်။ ၎င်းတို့သည် ကျွန်တော့်အား မုသားစကားပြောကြသည်။ ကျွန်တော့်အား သစ္စာဖောက်ကြသည်။ ကျွန်တော့်အမိန့်ကို မနာခံကြပေ။ ကျွန်တော်သည် ၎င်းတို့အား ဆူပူကြိမ်းမောင်းကာ ရိုက်ပါသည်။ သို့ဖြစ်၍ ၎င်းတို့နှင့်ပတ်သက်၍ ကျွန်တော်မျိုး၏အမှုကိစ္စသည် မည်သို့ဖြစ်မည်နည်း။ ကိုယ်တော်ကမိန့်ကြားတော်မူသည်မှာ သင့်အပေါ် ၎င်းတို့၏သစ္စာဖောက်မှု၊ အမိန့်မနာခံမှု၊ လိမ်လည်မှုတို့နှင့် ၎င်းတို့အား သင်ပေးသည့်ပြစ်ဒဏ်တို့ကို နှိုင်းယှဉ်တိုင်းဆမည်ဖြစ်သည်။ အကယ်၍ သင်ပေးသည့်ပြစ်ဒဏ်သည် ၎င်းတို့အပြစ်များ၏ အတိုင်းအတာနှင့်အညီဖြစ်ခဲ့လျှင် (ပြစ်မှု နှင့်ပြစ်ဒဏ်) နှစ်မျိုးစလုံး ညီမျှသွားပြီဖြစ်သဖြင့် သင့်အတွက်မည်သည့် ကောင်းကျိုးမျှမရှိသလို မည်သည့်ပြစ်ဒဏ်မျှလည်းမရှိပေ။ အကယ်၍ ၎င်းတို့အား သင်ပေးသည့်ပြစ်ဒဏ်သည် ၎င်းတို့၏အပြစ်ထက်နည်းပါက သင်အကျိုးကုသိုလ်ရရှိမည်။ အကယ်၍ ၎င်းတို့အားသင်ပေးသည့်ပြစ်ဒဏ်သည် ၎င်းတို့၏အပြစ်ထက်ပိုများပါက ပိုသွားသမျှကို သင်၏အကျိုးကုသိုလ်မှယူပြီး ၎င်းတို့အားပေးမည်ဖြစ်သည်။ ဆင့်ပြန်သူကပြောသည်မှာ ထိုအခါ ၎င်းပုဂ္ဂိုလ်သည် အခြားတနေရာသို့သွားကာ ငိုကြွေးလေတော့သည်။ ထိုအခါ တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အသင်သည် အလ္လာဟ်အရှင်မြတ်၏ကျမ်းမြတ်၌ မဖတ်ခဲ့လေသလော (စင်စစ် ငါအရှင်မြတ်သည် ကိယာမသ်ရှင်ပြန်ထမည့်နေ့တွင် မျှတသောချိန်ခွင်များကို ထားရှိတော်မူသည်။ သို့ဖြစ်ပေရာ မည်သူတစ်ဦးတစ်ယောက်မျှ အနည်းငယ်စိုးစဉ်းမျှပင် မတရားသဖြင့်နှိပ်စက်ခြင်းကို ခံရမည်မဟုတ်ပေ။ စင်စစ်အကယ်၍ (တစ်ဦးတစ်ယောက်၌) မုန်ညင်းစေ့တစ်စေ့မျှ အလေးချိန်ရှိသော(ကောင်းမှုပင်) ရှိသော်ငြားလည်း ငါအရှင်မြတ်သည် ယင်းမုန်ညင်းစေ့တစ်စေ့ကိုလည်း (ရှေ့တော်မှောက်သို့) ယူလာတော်မူမည်သာဖြစ်သည်။) ကုရ်အာန် (၂၁:၄၇) ထိုပုဂ္ဂိုလ်ကပြောသည်မှာ အလ္လာဟ်အရှင်မြတ်ကိုတိုင်တည်ပါသည် အိုအလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ၎င်းတို့နှင့်ခွဲခွါလိုက်ခြင်းထက် ကျွန်တော့်အတွက်ရော သူတို့အတွက်ပါ ပိုကောင်းသည့်အရာကို ကျွန်တော်မတွေ့တော့ပါ။ ကိုယ်တော့်အား သက်သေထားပါသည်။ ဧကန်မုချ ၎င်းတို့အားလုံးသည် ကျွန်အဖြစ်မှလွတ်မြောက်ကာ လွတ်လပ်သူများ ဖြစ်သွားကြပါပြီ။
သိရ်မိဇီကျမ်း။ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်၍ မိမိ၏ကျွန်များ၏ မကောင်းသည့်အကျင့်စရိုက်များနှင့်ပတ်သက်၍ တိုင်တန်းခဲ့သည်။ ၎င်းတို့သည် သူ့အားလိမ်လည်ပြောဆိုကြပြီး အပ်နှံထားသောအရာနှင့်ပတ်သက်၍ သစ္စာမရှိကြပေ။ အပေးအယူကိစ္စများ၌ လိမ်လည်လှည့်ဖြားကြသည်။ သူ၏အမိန့်ကို ဖီဆန်ကြသည်။ထို့ကြောင့် ၎င်းကလည်း ကျွန်များအား ဆုံးမသည့်အနေဖြင့်ဆဲဆိုကြိမ်းမောင်းကာ ရိုက်နှက်သည်။ သို့ဖြစ်၍ ထိုပုဂ္ဂိုလ်သည် ကိုယ်တော့်အား ကိယာမသ်နေ့၌ ၎င်းတို့နှင့်စပ်လျဉ်း၍ မိမိ၏အခြေအနေ မည်သို့ရှိမည်ကို မေးမြန်းခဲ့သည်။ ထိုအခါ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဖြေကြားသည်မှာ သင့်အပေါ် ၎င်းတို့၏ သစ္စာဖောက်မှု၊ အမိန့်မနာခံမှု၊ လိမ်လည်မှုတို့နှင့် ၎င်းတို့အား သင်ပေးသည့်အပြစ်ဒဏ်တို့ကို နှိုင်းယှဉ်တိုင်းတာမည်ဖြစ်သည်။ အကယ်၍ ပြစ်ဒဏ်၏ပမာဏသည် ၎င်းတို့၏အပြစ်များနှင့် ညီမျှပါက သင့်အတွက်မည်သည့်ကောင်းကျိုးမျှမရှိသလို မည်သည့်ပြစ်ဒဏ်မျှလည်းမရှိပေ။ အကယ်၍ သင်ပေးသည့်ပြစ်ဒဏ်၏ ပမာဏသည် ၎င်းတို့၏အပြစ်များထက် နည်းပါက သင်အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ အကယ်၍ သင်ပေးသည့်ပြစ်ဒဏ်သည် ၎င်းတို့၏အပြစ်များထက်များပါက သင်အပြစ်ပေးခြင်းခံရမည်ဖြစ်ပြီး ပိုသမျှအတိုင်းအတာကို သင့်ထံမှယူ၍ ၎င်းတို့အား အစားပြန်ပေးသွားမည်ဖြစ်သည်။ ထိုအခါ ၎င်းပုဂ္ဂိုလ်သည် အခြားတနေရာသို့သွားကာ ငိုကြွေးလေတော့သည်။ ထိုအခါတမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ၎င်းအားမိန့်ကြားတော်မူသည်မှာ အသင်သည်အလ္လာဟ်အရှင်မြတ်၏ကျမ်းမြတ်၌ မဖတ်ခဲ့လေသလော (စင်စစ် ငါအရှင်မြတ်သည် ကိယာမသ်ရှင်ပြန်ထမည့်နေ့တွင် မျှတသောချိန်ခွင်များကို ထားရှိတော်မူသည်။ သို့ဖြစ်ပေရာ မည်သူတစ်ဦးတစ်ယောက်မျှ အနည်းငယ်စိုးစဉ်းမျှပင် မတရားသဖြင့် နှိပ်စက်ခြင်းကို ခံရမည်မဟုတ်ပေ။) ကုရ်အာန် (၂၁:၄၇) ဆိုလိုသည်မှာ ကိယာမသ်နေ့၌ မည်သူမျှ မတရားပြုခြင်းခံရမည်မဟုတ်ပေ။ လူတို့၏ကြား၌ မျှတသောချိန်ခွင်များ ရှိနေမည်ဖြစ်သည်။ ထိုပုဂ္ဂိုလ်ကပြောသည်မှာ အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပါသည် အိုအလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ၎င်းတို့နှင့်ခွဲခွါလိုက်ခြင်း၊ ၎င်းတို့ကို စွန့်လွှတ်လိုက်ခြင်းထက် ကျွန်တော့်အတွက်ရော သူတို့အတွက်ပါ ပိုကောင်းသည့်အရာကို ကျွန်တော်မတွေ့တော့ပါ။ ကိုယ်တော့်အား သက်သေထားပါသည်။ အလ္လာဟ်အရှင်မြတ်ကျေနပ်နှစ်သက်ရန် ၎င်းတို့အား ကျွန်အဖြစ်မှသူကောင်းပြုလိုက်ပါပြီ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ ပြစ်မှု၊ ပြစ်ဒဏ်ကိုချိန်ဆခြင်းနှင့် မျှတစွာတောင်းဆိုခြင်းတို့ကို ဆောင်ရွက်ရန်မှာ အလွန်ပင်ခက်ခဲလှသည်။ ထို့ကြောင့် မတရားမှုကို တုံ့ပြန်ရာ၌ပုံစံအမျိုးမျိုးရှိသည်။ အကယ်၍ မတရားမှု၏ အတိုင်းအတာနှင့်အညီတုံ့ပြန်မည် သို့မဟုတ် ထို့ထက်လျှော့၍တုံ့ပြန်မည်ဆိုပါက ပြုပိုင်ခွင့်ရှိသည်။ မတရားမှုအား အတိုင်းထက်အလွန် လက်တုံ့ပြန်ခြင်းသည် ဟရာမ်ဖြစ်ပြီး အပြစ်ပေးခြင်းခံရမည်ဖြစ်သည်။