





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗူအဗ်ဒွလ္လာဟ် ဂျာဗိရ် ဗင်န် အဗ်ဒွလ္လာဟ် အလ်အန်စွာရီ ( ရဿွိယလ္လာဟု အန်ဟုမာ ) ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မေးမြန်းလျှောက်ထားခဲ့သည်။ ကိုယ်တော် ကျွန်တော့်အားပြောပြပါ။ အကယ်၍ ကျွန်တော်သည် ဖရ်ဿွ်ဆွလာသ်များကို ဆောက်တည်မည်။ ရမဿွာန်လတွင် ဥပုသ်စောင့်ထိန်းမည်။ ဟလာလ်ကို ဟလာလ်ဟုသတ်မှတ်ပြီး ဟရာမ်ကို ဟရာမ်ဟုသတ်မှတ်မည်။ ဤသည်ထက်ပို၍ မည်သည့်တစ်စုံတစ်ရာကိုမျှ မဆောင်ရွက်ခဲ့လျှင် ကျွန်တော်သည် ဂျန္နသ်သို့ဝင်ရောက်ရမည်လော။ တမန်တော်မြတ်က ဟုတ်တယ်(ဝင်ရောက်ရမည်)ဟု ဖြေကြားတော်မူသည်။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်မှာ အကြင်သူသည် မည်သည့် နဖ်လ်ဆွလာသ်ကိုမျှ ဝတ်ပြုခြင်းမရှိဘဲ ဖရ်ဿွ်ဆွလာသ်ငါးကြိမ်ကိုသာ ဆောက်တည်မည်။ မည်သည့် နဖ်လ်ဆွိယာမ်ဥပုသ်ကိုမျှ မစောင့်ထိန်းဘဲ ရမဿွာန်လမြတ်၏ ဆွိယာမ်ဥပုသ်ကိုသာ စောင့်ထိန်းမည်။ ဟလာလ်ဟု သတ်မှတ်ထားသောအရာကို ဟလာလ်ဟုယုံကြည်လက်ခံပြီး လိုက်နာကျင့်သုံးမည်။ ဟရာမ်ဟု သတ်မှတ်ထားသောအရာကို ဟရာမ်ဟု ယုံကြည်လက်ခံပြီး ရှောင်ကြဉ်မည်ဆိုပါက ထိုသူသည် မုချဂျန္နသ်သို့ဝင်ရမည်ဖြစ်သည်။
အိဗ်နေအဗ္ဗားစ် ( ရဿွိယလ္လာဟု အန်ဟု )ထံမှ ဆင့်ပြန်လာရှိသည်မှာ - တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ် ) က မိမိရဲ့အရှင်ရဲ့ မိန့်ကြားချက်ကို ဆင့်ပြန်တင်ပြတော်မူခဲ့သည်မှာ - " ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကောင်းမှုများနဲ့ မကောင်းမှုများကို ရေးမှတ်တော်မူခဲ့တယ်။ ထို့နောက် ယင်းအား အသေးစိတ်ရှင်းပြတော်မူခဲ့သည်။ ထို့ကြောင့် မည်သူမဆို ကောင်းမှုတစ်ခုကို ရည်ရွယ်ပြီး ၎င်းအား မလုပ်ခဲ့လျှင်လည်း အလ္လာဟ်အရှင်မြတ်က ထိုအရာကို မိမိထံ၌ ပြည့်စုံတယ့် ကောင်းမှုတစ်ခု အဖြစ် ရေးမှတ်တော်မူလေသည်။ အကယ်၍ ထိုသူသည် ယင်းကောင်းမှုအား ရည်ရွယ်ပြီးနောက် ပြုလုပ်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ယင်းကောင်းမှုအား ထိုသူအတွက် မိမိထံ၌ ကောင်းမှုဆယ်ခုကနေ အဆ (၇၀၀)ထိ၊ ထိုမှတစ်ဆင့် အစပေါင်းမြောက်များစွာထိ ရေးမှတ်တော်မူသည်။ ထို့ပြင် မည်သူမဆို မကောင်းမှုတစ်ခုကို ရည်ရွယ်ပြီး ယင်းမကောင်းမှုအား မပြုလုပ်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်က မိမိထံ၌ ယင်းမကောင်းမှုအား ( မပြုလုပ်ခဲ့သည့်အတွက် ) ပြည့်စုံတယ့်ကောင်းမှုတစ်ခုအဖြစ် ရေးမှတ်တော်မူသည်။ အကယ်၍ ထိုသူသည် ယင်းမကောင်းမှုအား ရည်ရွယ်ပြီးနောက် ပြုလုပ်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ယင်းမကောင်းမှုအား ထိုသူအဖို့ မကောင်းမှုတစ်ခုအဖြစ်သာ ရေးမှတ်တော်မူလေသည်။"
رواه البخاري ومسلم في صحيحيهما بهذه الحروفတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြသည်မှာ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် ကောင်းမှု၊ မကောင်းမှုတို့ကို သတ်မှတ်ပြီးနောက် မလာအိကဟ် ကောင်းကင်တမန်နှစ်ပါးအား မည်သို့ရေးမှတ်ရမည်ကို ရှင်းပြတော်မူသည်။ သို့ဖြစ်၍ အကြင်မည်သူမဆို ကောင်းမှုတစ်ခုလုပ်ရန်ရည်ရွယ်ကာ သန္နိဌာန်ချပြီးနောက် ထိုကောင်းမှုကို မလုပ်ဖြစ်ခဲ့လျှင် ၎င်းအတွက် ကောင်းမှုတစ်ခုရေးမှတ်ခြင်းခံရမည်။ အကယ်၍ သူသည် ထိုကောင်းမှုကို ပြုလုပ်ခဲ့ပါက ယင်းကောင်းမှုကို သူ့အတွက် အလ္လာဟ်အရှင်မြတ်က မိမိထံတော်တွင် ကောင်းမှု(၁၀)ဆမှ အဆ(၇၀၀) အထိ၊ ထိုမှ အဆပေါင်းမြောက်မြားစွာထိ ရေးမှတ်တော်မူမည်ဖြစ်သည်။ ကောင်းမှုများ တိုးပွားခြင်းသည် စိတ်နှလုံးတွင်း၌ အိခ်လာဆ်ွရှိခြင်း၊ အကျိုးဖြစ်ထွန်းမှု များပြားခြင်း စသည်တို့အပါ်တွင် မူတည်သည်။ အကြင်မည်သူမဆို မကောင်းမှုတစ်ခုလုပ်ရန် ရည်ရွယ်ကာ သန္နိဌာန်ချပြီးနောက် ထိုမကောင်းမှုကို အလ္လာ့ဟ်အတွက် စွန့်လွှတ်ခဲ့ပါက ၎င်းအတွက် ကောင်းမှုတစ်ခု ရေးမှတ်ခြင်းခံရမည်။ အကယ်၍ မကောင်းမှုပြုလုပ်ရန် အကြောင်းခံများကို ဆောင်ရွက်ခြင်း မရှိသေးဘဲ အခြားဘက်သို့ အာရုံရောက်သွားသဖြင့် ထိုမကောင်းမှုကို စွန့်လွှတ်ခြင်းဖြစ်ပါက မည်သည့်အရာမျှ ရေးမှတ်ခံရမည်မဟုတ်ပေ။ အကယ်၍ မတတ်သာ၍ စွန့်လွှတ်လိုက်ခြင်းဖြစ်ပါက သူ၏ရည်စူးချက်သည် ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။ အကယ်၍ ထိုမကောင်းမှုကို ပြုလုပ်ခဲ့ပါက ၎င်းအတွက် မကောင်းမှုတစ်ခု ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ " အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ- " မည်သူမဆို ငါအရှင်မြတ်ရဲ့ အချစ်တော် ဝလီတစ်ပါးပါးကို ရန်ငြိုးထားမယ်ဆိုရင် ငါအရှင်မြတ် ထိုသူ့အား စစ်ကြေငြာတော်မူမယ်။ ငါအရှင်မြတ်ရဲ့ကျေးကျွန်ဟာ ငါအရှင်မြတ် ၎င်းအပေါ် သတ်မှတ်ပြဌာန်းထားတယ့် ဖရဿ်ွတာဝန်များကို လုပ်ဆောင်တာထက် အခြားပိုနှစ်သက်စရာကောင်းတယ့် အရာနဲ့ ငါအရှင်မြတ်ထံ နီးကပ်မှု ရယူမည်မဟုတ်ပေ။ ငါအရှင်မြတ်ရဲ့ကျေးကျွန်ဟာ ငါအရှင်မြတ် သူ့ကို ချစ်ခင်နှစ်သက်သွားတယ့်အထိ နဖိလ်အိဗာဒသ်များဖြင့် ငါအရှင်မြတ်ထံ နီးကပ်မှုရယူတယ်။ ငါအရှင်မြတ် သူ့ကို ချစ်ခင်နှစ်သက်သွားပြီဆိုလျှင် ငါအရှင်မြတ်ဟာ သူနားထောင်တယ့် နားဖြစ်သွားတယ်။ သူကြည့်တယ့် မျက်စိဖြစ်သွားတယ်။ သူကိုင်တယ့် လက်ဖြစ်သွားတယ်။ သူလျှောက်တယ့် ခြေထောက်ဖြစ်သွားတယ်။ အကယ်၍ သူသည် ငါအရှင်မြတ်ထံ တောင်းခံလျှင် ငါအရှင်မြတ် သူ့ကို အမှန်တကယ်ပင် ချီးမြှင့်ပေးကမ်းတော်မူမယ်။ အကယ်၍ သူသည် ငါအရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံလျှင် ငါအရှင်မြတ် သူ့ကို အမှန်တကယ်ပင် ခိုလှုံခွင့်ပေးတော်မူမည်ဖြစ်သည်။"
رواه البخاريဟဒီးစ်ကုဒ်စီတွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ဆင့်ပြန်တင်ပြခဲ့သည်မှာ- "အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်- 'မည်သူမဆို ငါအရှင်မြတ်၏ အချစ်တော်ဝလီများအနက်မှ တစ်ဦးဦးကို နှောင့်ယှက်ခြင်း၊ စိတ်ဆိုးဒေါသဖြစ်စေခြင်း သို့မဟုတ် မုန်းတီးခြင်းပြုလျှင် ငါအရှင်မြတ်သည် ထိုသူအား ရန်သူအဖြစ် ထုတ်ပြန်ကြေညာတော်မူမည်။'" ဝလီဆိုသည်မှာ- အီမာန် သက်ဝင်ယုံကြည်သူ သက္ကဝါတရားထားရှိသူပင်ဖြစ်သည်။ ဗန္ဒဟ်ကျေးကျွန်တွင် အီမာန်ယုံကြည်မှု နှင့် သက္ကဝါတရားမည်မျှရှိသည်ကို အခြေခံ၍ အလ္လာဟ်အရှင်မြတ်၏ ဝိလာယသ် ကို ရရှိမှုအဆင့်လည်း ကွဲပြားသည်။ မွတ်စ်လင်မ်တစ်ဦးသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံ ဖရဿ်ွတာဝန်များကို လိုက်နာခြင်းနှင့် ဟရာမ်တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်းထက် ပိုမို၍နှစ်သက်ဖွယ်ရာ မည်သည့်အရာကိုမျှ ဆောင်ရွက်ခြင်းဖြင့် မချဉ်းကပ်နိုင်ပေ။ ထို့ပြင် မွတ်စ်လင်မ်တစ်ဦးသည် ဖရဿ်ွတာဝန်များနှင့်အတူ နဖိလ်အိဗာဒသ်များကို ဆက်လက်ဆောင်ရွက်ခြင်းဖြင့် အလ္လာဟ်အရှင်မြတ်၏ ချစ်ခင်မှုကို ရရှိသည်အထိ မိမိအရှင်ထံ ချဉ်းကပ်လျက်ရှိပါက အကယ်၍ အလ္လာဟ်အရှင်မြတ်က ၎င်းအား ချစ်ခင်နှစ်သက်တော်မူပါက ထိုအရှင်မြတ်သည် ၎င်း၏ အစိတ်အပိုင်းလေးမျိုး (မျက်စိ၊ နား၊ လက်၊ ခြေ) တွင် ဖြောင့်မတ်အောင်ပြုလုပ်ပေးတော်မူပေမည်။ အရှင်မြတ်သည်သူ၏အကြားအာရုံအား ဖြောင့်မတ်အောင်ပြုပေးလေရာ အရှင်မြတ်နှစ်မြို့သည့်အရာမှအပအခြားအရာများကို နားမထောင်တော့ပေ။ အရှင်မြတ်သည်သူ၏အမြင်အာရုံအား ဖြောင့်မတ်အောင်ပြုပေးလေရာ အရှင်မြတ်နှစ်မြို့သည့်အရာမှအပအခြားအရာများကို မကြည့်ရှုတော့ပေ။ အရှင်မြတ်သည်သူ၏လက်အား ဖြောင့်မတ်အောင်ပြုလုပ်ပေးလေရာ သူသည်မိမိလက်ဖြင့်အရှင်မြတ်နှစ်မြို့သည့်အရာမှအပ အခြားအရာများကို မပြုလုပ်တော့ပေ။ အရှင်မြတ်သည်သူ၏ခြေအား ဖြောင့်မတ်အောင်ပြုလုပ်ပေးလေရာ သူသည်အရှင်မြတ်နှစ်မြို့သည့်နေရာ၊ ကောင်းခြင်းများရှိသည့် နေရာဘက်သို့သာ လျှောက်လှမ်းသွားသည်။ ဤသို့ဖြောင့်မတ်အောင်ပြုလုပ်ပေးခြင်းနှင့်အတူ သူသည် အလ္လာဟ်အရှင်မြတ်ထံတော်ပါး၌တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်သည် သူတောင်းသည့်အရာကို အမှန်တကယ်ပေးတော်မူမည်။ သို့ဖြစ်ရာ ထိုသူသည် ဆုတောင်းပြည့်သူဖြစ်သွားပေသည်။အကယ်၍သူသည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် အကာအကွယ်ပေးရန် တောင်းဆို၍ခိုလှုံမည်၊ ခိုလှုံခွင့်တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်သည် သူ့အား သူကြောက်ရွံ့သည့်အရာမှ ခိုလှုံမှုပေးမည်၊ ကာကွယ်ပေးမည်ဖြစ်သည်။
အဗူမုဟမ္မဒ် အဗ်ဒွလ္လာဟ် ဗင်န် အမ်ရ် ဗင်န် အားစ်ွ(ရဿွိယလ္လာဟုအန်ဟုမာ)ကဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ " သင်တို့အနက်မှ မည်သူတစ်ဦးတစ်ယောက်မျှ ၎င်း၏စိတ်ဆန္ဒသည် ငါကိုယ်တော် ယူဆောင်လာခဲ့သော (ဝဟီ) အမိန့်တော်များ၏ နောက်လိုက်မဖြစ်မချင်း ပြည့်ဝသောမုအ်မင်န်ယုံကြည်သူ ဖြစ်မည်မဟုတ်ပေ။"
رويناه في كتاب الحجة بإسناد صحيحတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ရှင်းလင်းတော်မူသည်မှာ- လူသားသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ယူဆောင်လာခဲ့သော အမိန့်တော်များ၊ တားမြစ်ချက်များ နှင့် အခြားသောအရာများကို ၎င်း၏ စိတ်ဆန္ဒသည် နာခံမှုပြုနိုင်မှသာလျှင် ပြည့်ဝသော မုအ်မင်န်ဖြစ်နိုင်ပေမည်။ထို့ကြောင့် တမန်တော်မြတ် အမိန့်ပေးတော်မူသောအရာကို ချစ်ခင်နှစ်သက်ခြင်းနှင့် တားမြစ်တော်မူသောအရာကို မနှစ်မြို့ခြင်းပြုရမည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ လ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်အရှင်မြတ်၏ လက်တော်တွင် မုဟမ္မဒ်၏ အသက်ဝိညာဥ်ရှိသည်။ ထိုအရှင်မြတ်ကို တိုင်တည်၍ ပြောမည်။ ဤအွမ္မသ်အနက်မှ ဂျူးဖြစ်စေ၊ ခရစ်ယာန်ဖြစ်စေ ငါကိုယ်တော်ကို ကြားသိပြီးနောက် ငါကိုယ်တော်နှင့်အတူ ချပေးခြင်းခံရသောအရာကို မယုံကြည်ဘဲ သေဆုံးခဲ့သော် ထိုသူသည် ငရဲသားများ အနက်မှပင်ဖြစ်သည်။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျိန်ဆို၍ မိန့်ကြားတော်မူသည်မှာ ဤအွမ္မသ်အနက်မှ ဂျူးဖြစ်စေ၊ ခရစ်ယာန်ဖြစ်စေ၊ အခြားမည်သည့်ဘာသာဝင်ဖြစ်စေ ၎င်းထံသို့တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ (ဒအ်ဝဟ်)ဖိတ်ခေါ်မှု ရောက်ရှိပြီးနောက် တမန်တော်မြတ်အား မယုံကြည်ဘဲ သေဆုံးခဲ့သော် ထိုသူသည် ငရဲဘုံတွင် အမြဲနေရမည့် ငရဲသားတို့အနက်မှပင် ဖြစ်လိမ့်မည်။
အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)နှင့် အဗ်ဒုလ္လာဟ်ဗင်န် အဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟု)တို့က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတွင် ဝဖာသ်ကွယ်လွန်ချိန် ကျရောက်လာသည့်အခါ ကိုယ်တော်သည်မိမိ၏ခြုံစောင်ကို မိမိ၏ မျက်နှာတော်ပေါ် စတင်ဖုံးအုပ်တော်မူလေသည်။ ထို့နောက်ကိုယ်တော်မြတ်သည် ၎င်းခြုံစောင်ကြောင့် မွန်းကျပ်လာသည့်အခါ မိမိ၏ မျက်နှာတော်မှ ၎င်းခြုံစောင်ကို ဖယ်ရှားလိုက်၏။ ထိုအခြေနေမျိုး၌ မိန့်ကြားတော်မူသည်။ ယဟူဒီနှင့် နဆွ်ရာနီတို့အပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ (လအ်နသ်)ကရုဏာကင်းဝေးမှု ကျရောက်ပါစေ။ ၎င်းတို့သည် မိမိတို့တမန်တော်များ၏ ကဗရ်သင်္ချိုင်းများကို စဂျ်ဒဟ်ဦးချရာနေရာများအဖြစ် သတ်မှတ်ခဲ့ကြသည်။ ကိုယ်တော်မြတ်သည် မိမိ၏နောက်လိုက်သားတို့အား ၎င်း(ယဟူဒ်၊နဆွာရာ)တို့ လုပ်ကြသကဲ့သို့ မလုပ်ကြစေရန် သတိပေးခြိမ်းခြောက်တော်မူသည်။
متفق عليهအာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)နှင့် အစ်ဗ်နု အဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟု)တို့က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံသို့ သေခြင်းတရား ဆိုက်ရောက်လာသည့်အခါ ကိုယ်တော်သည် ခြုံစောင်ကို မိမိ၏ မျက်နှာတော်ပေါ် စတင်ဖုံးအုပ်တော်မူလေသည်။ ထို့နောက်ကိုယ်တော်မြတ်သည် ကွယ်လွန်ခါနီး ဝေဒနာကြောင့် အသက်ရှုရခက်လာသည့်အခါ မိမိ၏ မျက်နှာတော်မှ ၎င်းခြုံစောင်ကို ဖယ်ရှားလိုက်သည်။ ထိုသို့ ပြင်းထန်သည့်အခြေနေမျိုး၌ မိန့်ကြားတော်မူသည်မှာ ယဟူဒီနှင့် နဆွ်ရာနီတို့အပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ (လအ်နသ်)ကျရောက်ပါစေ။ အရှင်မြတ်၏ ကရုဏာတော်မှကင်းဝေးပါစေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် နဗီတမန်တော်များ၏ ကဗရ်သင်္ချိုင်းများပေါ်တွင် ဗလီဝတ်ကျောင်းတော်များ၊ ဝတ်ပြုကိုးကွယ်ရာ အဆောက်အဦးများ ဆောက်လုပ်ခဲ့ကြသည်။ ဤကိစ္စသည် အလွန်ဆိုးရွားသည့် ကိစ္စမဟုတ်လျှင် ကိုယ်တော်သည် ထိုအခြေအနေမျိုး၌ ဤအကြောင်း ပြောဆိုမည်မဟုတ်ပေ။ သို့ဖြစ်၍ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိမိအွမ္မသ်နောက်လိုက်တို့အား ထိုကဲ့သို့ မပြုလုပ်ကြရန် တားမြစ်တော်မူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဤလုပ်ရပ်သည် ယဟူဒီ၊ နဆ်ွရာနီတို့၏ လုပ်ရပ်ဖြစ်ပြီး ထိုလုပ်ရပ်သည် အလ္လာဟ်အရှင်မြတ်နှင့် ရှိရ်က် ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုသို့ ကျရောက်စေသည့် အကြောင်းခံပင်ဖြစ်သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။ အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ကဗရ်အား ကိုးကွယ်ရာအဖြစ် မပြုလုပ်လိုက်ပါနှင့်။ မိမိတို့နဗီတမန်တော်များ၏ ကဗရ်များကို ဦးချရာနေရာများအဖြစ် သတ်မှတ်ခဲ့ကြသော အမျိုးသားတို့အား အလ္လာဟ်အရှင်မြတ်သည် အလွန်အမျက်ထွက်တော်မူသည်။
رواه أحمدတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏အရှင်မြတ်ထံတော်၌ မိမိ၏ကဗရ်အား လူတို့ကြည်ညို ကိုးကွယ်ကြသည့် ကိုးကွယ်ရာအဖြစ် မပြုလုပ်ရန်နှင့် ကဗရ်ရှေ့တွင် စဂ်ျဒဟ်ဦးချခြင်းတို့ မပြုစေရန် ဒုအာတောင်းတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် နဗီတမန်တော်များ၏ ကဗရ်များကို ဦးချရာနေရာများအဖြစ် သတ်မှတ်ခဲ့ကြသူများကို အလ္လာဟ်အရှင်မြတ်က မိမိ၏ကရုဏာတော်မှ ကင်းဝေးစေမည်ဖြစ်ကြောင်း အသိပေးမိန့်ကြားတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကဗရ်များကို ဦးချရာနေရာများအဖြစ် သတ်မှတ်ခြင်းသည် ၎င်းတို့အား ကိုးကွယ်ယုံကြည်မှုကို ဖြစ်စေသည့် အကြောင်းအရင်းတစ်ခုပင်ဖြစ်သည်။
အနတ်စ်ဗင်န်မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကြီးမားလှသည့် ဒုက္ခစမ်းသပ်မှုနဲ့အတူ ကြီးကျယ်လှသည့် အကျိုးကုသိုလ်လည်း ရှိသည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် လူအုပ်စုတစ်စုအား ချစ်မြတ်နိုးတော်မူလျှင် ၎င်းတို့အား စမ်းသပ်တော်မူသည်။ အကြင်သူသည် ဤစမ်းသပ်မှုအပေါ် ကျေနပ်လျှင် ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကို ရရှိမည်။ အကြင်သူသည် ဤစမ်းသပ်မှုအပေါ် ကျေနပ်မှုမရှိလျှင် ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ အမျက်တော်ကိုသာရရှိမည်။
အိဗ်နုမာဂျဟ်ကျမ်း။ - သိရ်မိဇီကျမ်း။ဤဟဒီးဆ်တော်တွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန် တော်တို့အား အသိပေးမိန့်ကြားထားသည်မှာ မုချဧကန် မုအ်မင်န်သည် တစ်ခါ တစ်ရံတွင် သူ့ ၌ဖြစ်စေ၊ သူ၏ဥစ္စာပစ္စည်း၌ဖြစ်စေ၊ အခြားတစ်စုံတစ်ရာ၌ဖြစ်စေ ဘေးဒုက္ခများ ကျရောက်တတ်သည်။ အကယ်၍ ၎င်းမုအ်မင်န်သည် ယင်းဒုက္ခများပေါ် သည်းခံခဲ့သော် မုချဧကန် အလ္လာဟ်အရှင်မြတ်သည် ၎င်းအားအ ကျိုးကုသိုလ် ချီးမြှင့်မည်ဖြစ်သည်။ ဘေးဒုက္ခနှင့် ၎င်း၏ဆိုးကျိုးသည် ကြီးမားသည်နှင့်အမျှ အလ္လာဟ်အရှင်မြတ် ချီးမြှင့်မည့် အကျိုးကုသိုလ်လည်း ကြီးမားမည်ဖြစ်သည်။ ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ရှင်းပြခဲ့သည်မှာ ဘေးဒုက္ခများသည် မုအ်မင်န်အား အလ္လာဟ်အရှင်မြတ် နှစ်သက်တော်မူသည့် လက္ခဏာများအနက်မှဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ စီရင် ဆုံးဖြတ်မှုနှင့် (သက္ကဒီရ်) သတ်မှတ်ချက်သည် မုချဖြစ်ပေါ်လာမည်ဖြစ်သည်။ အကြင်သူသည် ၎င်းအပေါ်သည်းခံကာ ကျေနပ်ခဲ့လျှင် အမှန်တကယ်ပင် အလ္လာဟ်အရှင်မြတ်သည် ထိုအပေါ်မိမိ၏ကျေနပ်နှစ်သက်မှုကို ချီးမြှင့်တော်မူမည်ဖြစ်သည်။ဤသည်ပင် အကျိူးကုသိုလ်အဖြစ် လုံလောက်ပေသည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ စီရင်ဆုံးဖြတ်မှုနှင့် (သက္ကဒီရ်)သတ်မှတ်ချက်ကို သဘောတူနှစ်မြို့ခြင်းမရှိလျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား နှစ်မြို့တော်မူမည်မဟုတ်ပေ။ ဤသည်ပင် ပြစ်ဒဏ်အဖြစ် လုံလောက်ပေသည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ကြီးကျယ် မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်။ ငါအရှင်မြတ်သည် ဖက်စပ်ကိုးကွယ်သူတို့၏ ဖက်စပ်ကိုးကွယ်ခြင်းမှ ကင်းရှင်းတော်မူသည်။ အကြင်သူသည် အမလ်ကောင်းမှုပြုလုပ်ရာတွင် ငါအရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာကို ဖက်စပ်ကိုးကွယ်ခဲ့လျှင် ငါအရှင်မြတ်သည် ထိုသူနှင့် သူ၏ဖက်စပ်ကိုးကွယ်မှုကိုပါ စွန့်ပစ်တော်မူသည်။
رواه مسلمကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ မိန့်ကြားချက်ကို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် ဖက်စပ်ကိုးကွယ်သူတို့၏ ဖက်စပ်ကိုးကွယ်ခြင်းမှ ကင်းရှင်းတော်မူသည်။ အရှင်မြတ်သည် အရာခပ်သိမ်းအလုံးစုံမှ လိုလားတောင့်တမှု ကင်းတော်မူသောအရှင်ဖြစ်သည်။ လူတစ်ဦးသည် အမလ်ကောင်းမှုတစ်ခုကို ဆောင်ရွက်ရာ၌ အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာကိုပါ ယှဉ်တွဲကိုးကွယ်ခဲ့လျှင် အရှင်မြတ်သည် ထိုသူကို စွန့်ပစ်တော်မူပြီး သူပြုလုပ်သည့် ကောင်းမှုကို လက်ခံတော်မူမည် မဟုတ်ပေ။ ထိုကောင်းမှုကို ၎င်းသူထံသို့သာ စွန့်ပစ်တော်မူမည်။ ထို့ကြောင့် အမလ်ကောင်းမှုများကို အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းအတွက်သာ သီးသန့်ပြုလုပ်ရန် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ချွတ်ယွင်းမှုအပေါင်းမှ သန့်ရှင်းစင်ကြယ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် မိမိအတွက် သီးသန့်ရည်ရွယ်၍ပြုလုပ်သည့် အမလ်ကောင်းမှုကိုသာ လက်ခံတော်မူသည်။