





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
စမုရဟ်ဗင်န်သုဂျုန်ဒုဗ်နှင့်မုဂီရဟ်ဗင်န်ရှုအ်ဗဟ်(ရဿွိယလ္လာဟုအန်ဟုမာ)တိုက ဆင့်ပြန်သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်တော်မူသည် မည်သူမဆို ငါကိုယ်တော်မြတ်ထံမှဟဒီးဆ်တော်တစ်ပုဒ်ကို ဆင့်ပြန်ခဲ့ရာ ယင်းဟဒီးဆ်သည် ငါကိုယ်တော်၏ဟဒီးဆ်မဟုတ်ဟု ထင်ရသော ဟဒီးဆ်ဖြစ်နေပါက ထိုဆင့်ပြန်သူသည် ဟဒီးဆ်ကို တီထွင်ပြောကြားသူ သို့မဟုတ်ဆင့်ပြန်သူစသည့် မုသားပြောသူနှစ်ဦးအနက်မှတစ်ဦးဖြစ်သည်။
رواه مسلم في مقدمتهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ရှင်းလင်းတင်ပြထားသည်မှာ အကြင်သူသည် ကိုယ်တော်မြတ်ထံတော်မှ ဟဒီးဆ်တော်တစ်ပုဒ်ကို ဆင့်ပြန်ရာ၌ ယင်းဟဒီးဆ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်ပတ်သက်၍လိမ်လည်လုပ်ကြံထားသောဟဒီးဆ်ဖြစ်ကြောင်း သိရှိပြီး သိုမဟုတ် ထင်ရပြီး ဆင့်ပြန်ပါက ထိုဆင့်ပြန်သူသည် ဤလိမ်လည်မှုကိုစတင်ဖော်ထုတ်ခဲ့သူနှင့်အတူပါဝင်သူဖြစ်ကြောင်းသတ်မှတ်ရပေမည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်သူသည် ငါကိုယ်တော်နှင့်ပတ်သက်၍ တမင်သိလျက်နှင့် မဟုတ်မမှန် မုသားပြောဆိုခဲ့လျှင် ထိုသူသည်မိမိ၏နေရာဌာနကို ငရဲမီးတွင်ပြုလုပ်ထားပါ။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ မည်သူမဆို စကားဖြစ်စေ၊ လုပ်ရပ်ဖြစ်စေ ငါကိုယ်တော်နှင့်ပတ်သက်၍ သိလျက်နှင့် မဟုတ်မမှန် မုသားပြောဆိုခဲ့လျှင် ထိုသူ့အတွက် နောင်တမလွန် အာခိရသ်တွင် ငရဲမီး၌ နေရာထိုင်ခင်းရှိမည်ဖြစ်သည်။ ဤသည် တမန်တော်မြတ်နှင့် ပတ်သက်၍ မုသားပြောခဲ့ခြင်း၏ ရလဒ်ပင်ဖြစ်သည်။
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော်၏ အွမ္မသ်ထဲ၌ နောက်ပိုင်းတွင် လူတစ်ချို့ပေါ်ပေါက်လာလိမ့်မည်။ ၎င်းတို့သည်အသင်တို့နှင့် အသင်တို့ဘိုးဘွားများပင် မကြားဘူးသောအရာများကို အသင်တို့အားပြောဆိုတင်ပြကြလိမ့်မည်။ သို့ဖြစ်၍ အသင်တို့သည် ၎င်းတို့နှင့်ဝေးဝေးနေကြကုန်။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိအွမ္မသ်၌ နောက်ပိုင်းတွင် မုသားစကားပြောသူများပေါ်ပေါက်လာမည်ဖြစ်ကြောင်းနှင့် ၎င်းတို့သည် မိမိတို့အရင်က မည်သူတစ်ဦးတစ်ယောက်မျှ မပြောဆိုခဲ့သော လုပ်ကြံဖန်တီးထားသည့် ဟဒီးဆ်များကို ဆင့်ပြန်ကြမည်ဖြစ်ကြောင်း အသိပေးမိန့်ကြားတော်မူခဲ့သည်။ သို့ဖြစ်၍ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်တော်တို့အား ၎င်းတို့နှင့်ဝေးစွာရှောင်ကြဉ်ရန် အမိန့်ပေးတော်မူခဲ့သည်။ ထို့အပြင် ထိုသို့ လုပ်ကြံဖန်တီးထားသည့်စကားများသည် စိတ်ထဲ၌စွဲသွားကာ ဖယ်ထုတ်နိုင်စွမ်းမရှိခြင်းမျိုး မဖြစ်စေရန် ၎င်းတို့နှင့် အတူထိုင်ခြင်း၊ ၎င်းတို့၏ စကားများကို နားထောင်ခြင်းမပြုကြရန် အမိန့်ပေးတော်မူခဲ့သည်။
အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ပြောပြခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်မှ ကြားသိခဲ့သည့်အရာတိုင်းကို ကျက်မှတ်လို၍ ရေးသားခဲ့ပါသည်။ ထိုသို့ ရေးသားခြင်းကို ကုရိုင်ရှ်တို့က ကျွန်ုပ်အားတားမြစ်ခဲ့ကြသည်။ ၎င်းတို့ကပြောကြသည်မှာ အသင်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်မှ ကြားသိသမျှကို ရေးမှတ်လေသလော။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူသားတစ်ဦးပင်ဖြစ်ပြီး ဒေါသထွက်သည့်အခါ၌ဖြစ်စေ၊ စိတ်ကျေနပ်သည့်အခါ၌ဖြစ်စေ စကားပြောဆိုတတ်သည်။ ထိုအခါ ကျွန်တော်သည်ရေးမှတ်ခြင်းကို ရပ်ဆိုင်းလိုက်သည်။ကျွန်တော်သည် ထိုအကြောင်းရာကို ကိုယ်တော့်အားတင်ပြခဲ့သည်။ ကိုယ်တော်သည် မိမိနှုတ်တော်အား မိမိ၏လက် ချောင်းဖြင့် ညွှန်ပြ၍ မိန့်ကြားတော်မူသည်မှာ အသင်ရေးသားပါ။ အကြင်အရှင်မြတ်၏ လက်တော်တွင် ငါကိုယ်တော်၏ အသက်ဝိညာဉ်ရှိ၏။ ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ ဤ(နှုတ်လျှာ)မှ မှန်ကန်သည့်စကားသာ ထွက်ပေသည်။
رواه أبو داودအဗ်ဒုလ္လာဟ်ဗင်န်အမ်ရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ပြောပြခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်မှ ကြားသိခဲ့သည့်အရာတိုင်းကို ကျက်မှတ်လို၍ ရေးသားခဲ့သည်။ ထိုသို့ ရေးသားခြင်းကို ကုရိုင်ရှ်တို့က ကျွန်ုပ်အားတားမြစ်ခဲ့ကြသည်။ ၎င်းတို့ကပြောကြသည်မှာ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူသားတစ်ဦးပင်ဖြစ်ပြီး ဒေါသထွက်သည့်အခါ၌ဖြစ်စေ၊ စိတ်ကျေနပ်သည့်အခါ၌ဖြစ်စေ စကားပြောဆိုတတ်သည်ဖြစ်ရာ မှားတတ်သည်။ ထိုအခါ ကျွန်တော်သည်ရေးမှတ်ခြင်းကို ရပ်ဆိုင်းလိုက်သည်။ ကျွန်တော်သည် ၎င်းတို့ပြောကြားသည့်စကားများကို ကိုယ်တော့်အား တင်ပြခဲ့သည့်အခါ ကိုယ်တော်က မိမိနှုတ်တော်အား မိမိ၏လက်ချောင်းဖြင့်ညွှန်ပြ၍ မိန့်ကြားတော်မူသည်မှာ အသင်ရေးသားပါ။ အကြင်အရှင်မြတ်၏ လက်တော်တွင် ငါကိုယ်တော်၏ အသက်ဝိညာဉ်ရှိ၏။ ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ စိတ်ကျေနပ်နေသည့်အခါတွင် ဖြစ်စေ၊ ဒေါသထွက်သည်အခါတွင်ဖြစ်စေ အခြေအနေတိုင်း၌ ဤ(နှုတ်လျှာ)မှ မှန်ကန်သည့်စကားသာ ထွက်ပေသည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏နဗီတမန်တော်နှင့်ပတ်သက်၍ မိန့်ကြားတော်မူသည်မှာ - “ထိုမှတစ်ပါး ထိုအဖော် (တမန်တော်မြတ်မုဟမ္မဒ်)သည် (မိမိ)စိတ်အလိုဆန္ဒအရ စကားပြောဆိုလေ့ရှိသည်လည်း မဟုတ်ပေ။ ယင်းပြောဆိုမှုကား (အလ္လာဟ်အရှင်မြတ် အထံတော်မှ) ထုတ်ပြန်ခြင်း ခံရလေသော ထုတ်ပြန်ချက် သာလျှင်ဖြစ်ပေသည်။ ”ကုရ်အာန် (၅၃:၃၊၄)
အဗူအဗ်ဒွရ်ရဟ်မားန် အဗ်ဒွလ္လာဟ် ဗင်န် အုမရ် ဗင်န် ခသ်သွားဗ် ( رضي الله عنه )ကဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ﷺ) မိန့်ကြားတော်မူသည်ကို ကြားခဲ့သည်။ အစ္စလာမ်သာသနာသည် မဏ္ဍိုင်ကြီးငါးခုပေါ်တွင် တည်ဆောက်ထားသည်။ (၁) အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ဗန္ဒဟ်အစေတော်နှင့်ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံခြင်း၊ (၂) ဆွလာသ် ဆောက်တည်ခြင်း၊ (၃) ဇကာသ်ပေးဆောင်ခြင်း၊ (၄) ကအ်ဗဟ်ကျောင်းတော်အား ဟဂ်ျပြုလုပ်ခြင်း၊ (၅) ရမဿွာန်လ၏ ဆွိယာမ်ဥပုသ် စောင့်ထိန်းခြင်းတို့ဖြစ်သည်။
رواه البخاري ومسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အစ္စလာမ်သာသနာကို ပင်မတိုင်ကြီး ငါးခုက ထောက်မကာ ဆောက်တည်ထားသော ခိုင်မာသည့်အဆောက်အအုံဖြင့် ပမာနှိုင်းပြတော်မူသည်။ အစ္စလာမ်၏ ကျန်ဝိသေသလက္ခဏာများသည် ထိုအဆောက်အအုံကို ပြည့်ပြီးစုံစေသော လက္ခဏာများဖြစ်သည်။ ဤမဏ္ဍိုင်ကြီးငါးခုအနက် ပထမဆုံးတစ်ခုမှာ ရှဟာဒသ် သက်သေခံခြင်း နှစ်မျိုးဖြစ်သည့် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံခြင်းဖြစ်သည်။ ထိုသက်သေခံခြင်းနှစ်ခုသည် မဏ္ဍိုင်တစ်ခုသာဖြစ်ပြီး တစ်ခုနှင့်တစ်ခု ခွဲထုတ်၍မရပေ။ ကျေးကျွန်သည် ၎င်းရှဟာဒသ်နှစ်ခုကို မြွက်ဟပြောဆိုရာတွင် အလ္လာဟ်အရှင်မြတ်သည် တစ်ပါးတည်း တည်ရှိတော်မူသောအရှင်ဖြစ်ကြောင်း၊ အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းသာ ခဝပ်ကိုးကွယ်ခြင်း ခံထိုက်တော်မူပြီး အရှင်မြတ်အပြင်မည်သူမျှ ခဝပ်ကိုးကွယ်ခြင်းကို မခံထိုက်ကြောင်းကို ဝန်ခံကာ ရှဟာဒသ်နှစ်ခု၏ တောင်းဆိုမှုအတိုင်း ကျင့်ကြံအားထုတ်ရမည်။ ထို့ပြင် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ရိစာလသ် နောက်ဆုံးရစူလ်တမန်တော်ဖြစ်ခြင်းအား ယုံကြည်လျှက် နောက်လိုက်မှုပြုရမည်။ ဒုတိယတစ်ခုမှာ ဆွလာသ်ဆောက်တည်ခြင်းဖြစ်သည်။ ဤသည် တစ်ရက်တာတွင်ရှိသည့် ဖရ်ဿ်ွဆွလာသ် ငါးကြိမ်ဖြစ်သော ဖဂ်ျရ်ဆွလာသ်၊ ဇုဟုရ်ဆွလာသ်၊ အဆွရ်ဆွလာသ်၊ မဂ်ရိဗ်ဆွလာသ်၊ အိရှာဆွလာသ်စသည်တို့ကို ၎င်းတို့၏စည်ကမ်းချက်များ၊ ဖရ်ဿ်ွတာဝန်များ၊ ဝါဂျိဗ်တာဝန်များနှင့်တကွ ဆောက်တည်ခြင်းဖြစ်သည်။ တတိယတစ်ခုမှာ ဖရ်ဿွ်တာဝန်အဖြစ် သတ်မှတ်ပြဌာန်းထားသော ဇကာသ်ကို ပေးဆောင်ခြင်းဖြစ်သည်။ ဇကာသ်ဟူသည် ရှရိအဟ်တရားတော်က သတ်မှတ်ထားသော ပမာဏသို့ ရောက်ရှိသွားသည့်ဥစ္စာပစ္စည်းတိုင်းအတွက် သတ်မှတ်ထားသော ဖရ်ဿ်ွအိဗာဒသ်တစ်ခုဖြစ်သည်။ ဇကာသ်အား စားထိုက်သူများကို ပေးရသည်။ စတုတ္ထတစ်ခုမှာ ဟဂ်ျပြုလုပ်ခြင်းဖြစ်သည်။ ၎င်းသည် ဟဂ်ျကျင့်စဉ်များကို ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် မက္ကဟ်မြို့သို့ သွားရောက်ကာ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ကို ခဝပ်ကိုးကွယ်ခြင်းဖြစ်သည်။ ပဉ္စမတစ်ခုမှာ ဆွိယာမ်ဥပုသ် စောင့်ထိန်းခြင်းဖြစ်သည်။ ၎င်းသည် အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်သည့် ရည်ရွယ်ချက်ဖြင့် နံနက်မိုးသောက်ချိန်မှစ၍ နေဝင်သည်အထိ စားခြင်း၊ သောက်ခြင်းနှင့် ဆွိယာမ်ဥပုသ်ကို ပျက်စေသော အခြားကိစ္စရပ်များကို ရှောင်ကြဉ်ခြင်းဖြစ်သည်။
အဗူအဗ်ဒိရ်ရဟ်မာန် အဗ်ဒုလ္လာဟ်ဗင်န်မတ်စ်အူဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။၎င်းကပြောသည်မှာ ကျွန်တော်တို့အား အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ ထိုတမန်တော်သည် မှန်ကန်သူ၊ မှန်ကန်သည်ဟုထောက်ခံခြင်းခံရသူဖြစ်သည်။ ကိုယ်တော်ကမိန့်ကြားတော်မူသည်။ " ဧကန်အမှန်အသင်တို့အနက် တစ်ဦးတစ်ယောက်သည်မိခင်၏ ဝမ်းဗိုက်ထဲ၌ ပေါင်းစည်းခံရပြီးနောက် စတင်သန္ဓေတည်သည့်အခါတွင်‘နုသ်ဖဟ်’ကာလရည်ကြည်အဖြစ်ရက် ပေါင်း(၄၀)ကြာမြင့်သည်။ထို့နောက်သွေးခဲအဖြစ် အလားတူကာလ(ရက်ပေါင်း လေးဆယ်)ရှိနေသည်။ထို့နောက် အသားတုံးအဖြစ် အလားတူကာလ (ရက်ပေါင်း လေးဆယ်)ရှိနေသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ကောင်းကင်တမန်တစ်ပါးကို စေလွှတ်တော်မူပြီး ထိုကောင်းကင်တမန်သည် ၎င်းထဲသို့ဝိညာဉ်မှုတ်သွင်းလိုက်သည်။ ထို့နောက် ၎င်းသည် ထိုသူ၏ရိက္ခာ၊ ထိုသူ၏သက်တမ်း၊ ထိုသူ၏ကျင့်ဆောင်မှုနှင့် ထိုသူသည်လူဆိုးဖြစ်မည် သို့မဟုတ် လူကောင်းဖြစ်မည် စသည့်အချက်(၄)ချက်ကို (ရေးမှတ်ရန်)အမိန့်ပေးခြင်းခံရသည်။ တစ်ပါးတည်းသော ကိုးကွယ်ခြင်းခံထိုက်တော်မူသောအရှင် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ပြောပါသည်။ ဧကန်အမှန်ပင် အသင်တို့အနက် ပုဂ္ဂိုလ်တစ်ဦးသည် ဂျန္နသ်သုခဘုံသားတို့၏ (ကောင်းမြတ်သည့်) လုပ်ရပ်များကို ဆောင်ရွက်ရင်း ၎င်းနှင့် သုခဘုံ၏အကြား တစ်တောင်မျှသာလိုတော့သည်။ သို့သော် ၎င်းအပေါ်ရေးမှတ်ထားသည့် သက္ကဒီရ် သတ်မှတ်ချက်သည် ရှေ့ကိုရောက်ပြီးဖြစ်သောကြောင့် ၎င်းသည်ငရဲဘုံသားတို့၏ လုပ်ရပ်အား လုပ်ဆောင်လိုက်သည်။ ထို့ကြောင့် ၎င်းသည် ငရဲဘုံသို့ဝင်ရောက်ရသည်။ ထို့အပြင်ပုဂ္ဂိုလ်တစ်ဦးသည် ငရဲဘုံသားတို့၏ (မကောင်းသည့်) လုပ်ရပ်များအား လုပ်ဆောင်ကာ ၎င်းနှင့်ငရဲဘုံကြား၌ တစ်တောင်မျှသာလိုတော့သည်။ ထိုအချိန် သက္ကဒီရ် သတ်မှတ်ချက်သည် ရှေ့ကိုရောက်ပြီးဖြစ်သည့်အတွက် ၎င်းသည်သုခဘုံသားတို့၏ အမလ်ကောင်းမှုကို ဆောင်ရွက်လိုက်ပြီး ဂျန္နသ်သုခဘုံကို ဝင်ရောက်ရသည်"။
رواه البخاري ومسلمအိဗ်နုမတ်စ်အူဒ်(ရဿွိယလ္လာဟုအန်ဟု)ကပြောပြခဲ့သည်မှာ ကျွန်တော်တို့အား အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ ထိုတမန်တော်မြတ်သည် စကားပြောဆိုရာတွင် မှန်ကန်သူဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်က ထောက်ခံထားသဖြင့် ကိုယ်တော်သည် ထောက်ခံခြင်းခံရသူလည်းဖြစ်သည်။ ကိုယ်တော်ကမိန့်ကြားတော်မူသည့် "အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မိခင်၏ဝမ်းဗိုက်ထဲ၌ ပေါင်းစည်းခံရသည်"ဆိုသည်မှာ အမျိုးသားသည်မိမိ၏ ဇနီးနှင့် ပေါင်းသင်းပြီးနောက် သီးခြားရှိနေသော မနီသုက်ရည်သည်ပေါင်းစည်းသွားခြင်းဖြစ်ပြီး ၎င်းသည် အမျိုးသမီးထဲတွင် ရက်(၄၀) ကလလရည်ကြည်အဖြစ် သန္ဓေတည်နေသည်။ ထို့နောက် (အလကဟ်)သွေးခဲဖြစ်သွားသည်။ သွေးခဲသည် ဒုတိယရက်(၄၀)၌ဖြစ်ပေါ်လာသည်။ ၎င်းနောက်(မွဒ်ဂဟ်) ဝါးစားနိုင်လောက်သောအရွယ်အစားရှိသည့် အသားတုံးဖြစ်သွားသည်။ဤသည် တတိယရက်(၄၀)၌ ဖြစ်ပေါ်လာသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ကောင်းကင် တမန်တော်တစ်ပါးကို ၎င်းထံ စေလွှတ်တော်မူခဲ့ပြီး ထိုကောင်းကင်တမန်က တတိယရက်(၄၀)ပြည့်ပြီးနောက် ၎င်းထဲသို့ဝိညာဉ်မှုတ်သွင်းလိုက်သည်။ ထို့နောက် ယင်းကောင်းကင်တမန်သည် အချက်(၄)ချက်ကိုရေးမှတ်ရန် အမိန့်ပေးခြင်းခံရ၏။ ၎င်းတို့မှာ (၁) ထိုသူ၏ရိက္ခာ၊ ဤသည် ၎င်း၏ သက်တမ်းတလျှောက်လုံး၌ ရရှိမည့်စည်းစိမ်အတိုင်းအတာဖြစ်သည်။ (၂) ထိုသူ၏သက်တမ်း၊ ဤသည် ၎င်းသူလောက၌ နေထိုင်ရမည့် အချိန်ကာလဖြစ်သည်။ (၃) ထိုသူ၏ကျင့်ဆောင်မှုမည်သို့ရှိမည်၊ (၄)ထိုသူသည် လူဆိုးဖြစ်မည်လော သို့မဟုတ် လူကောင်းဖြစ်မည်လော စသည်တို့ဖြစ်သည်။ ထို့နောက် ကိုယ်တော်သည် ကျိန်ဆို၍ ပြောကြားတော်မူသည်မှာ ပုဂ္ဂိုလ်တစ်ဦးသည် ဂျန္နသ်သုခဘုံသားတို့၏ လုပ်ရပ်များကို ဆောင်ရွက်သည်။ ၎င်း၏ လုပ်ရပ်များသည် လူတို့၏အမြင်၌ ကောင်းမြတ်သည့် အမလ်ကျင့်ဆောင်မှုများအဖြစ် မြင်တွေ့ရသည်။ ၎င်းသည် ဤအတိုင်းပင်ဆက်လက် ကျင့်ဆောင်နေရာ သူနှင့်သုခဘုံ၏အကြား တစ်တောင်မျှသာလိုတော့သည်။ ဆိုလိုသည်မှာ သူသည်ဂျန္နသ်သို့ရောက်ရှိရန်မည်မျှပင်ကျန်တော့သည်ဆိုလျှင် မြေကွက်တစ်ခုသို့ရောက်ရှိရန် တစ်တောင်ခန့်သာ လိုသောသူနှင့်ပမာတူပေသည်။ ထိုအခါ၎င်းအတွက် ကြိုတင်ရေးမှတ်ထားသည့် သက္ကဒီရ်သတ်မှတ်ချက်က ၎င်းအပေါ်လွှမ်းမိုးသွားပြီး ၎င်းသည်ငရဲဘုံသားတို့၏ လုပ်ရပ်အား လုပ်ဆောင်လိုက်ကာ ထိုအပေါ်၌ပင် ဘဝနိဂုံးချုပ်သွားသဖြင့် ဂျဟန္နမ်သို့ ရောက်ရှိသွားသည်။ အမလ်ကျင့်ဆောင်မှုတစ်ခု လက်ခံခြင်းခံရရန်အတွက် စည်းကမ်းချက် တစ်ခုမှာ ယင်းကျင့်ဆောင်မှုအပေါ်၌ မပြောင်းလဲဘဲ စွဲမြဲစွာရှိနေရမည်ဖြစ်သည်။ အခြားတစ်ဦးသည် ဂျဟန္နမ်ငရဲဘုံသားတို့၏ မကောင်းသော လုပ်ရပ်တို့ကို ပြုမူလုပ်ကိုင်ရင်း ဂျဟန္နမ်သို့ ကျရောက်လုနီးပါးဖြစ်သွားသည်။ ထိုသူနှင့်ဂျဟန္နမ်၏အကြား၌ မြေတစ်တောင်ခန့်သာ လိုတော့သည့်အလား နီးကပ်သွားသည်။ထိုအခါ ၎င်းအတွက် ကြိုတင်ရေးမှတ်ထားသော သက္ကဒီရ်သတ်မှတ်ချက်သည် ၎င်းအပေါ်လွှမ်းမိုးသွားပြီး ၎င်းသည်ဂျန္နသ်သုခဘုံသားတို့၏ လုပ်ရပ်အား လုပ်ဆောင်လိုက်ကာ ဂျန္နသ်သုခဘုံသို့ ရောက်ရှိသွားသည်။
မုအ်မင်န်တို့၏ မိခင်မွန်ကြီး အွမ်မေအဗ်ဒွလ္လာဟ် အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ )က ဆင့်ပြန်ခဲ့ပြောကြားခဲ့သည်။ တမန်တော်မြတ် ( صلي الله عليه وسلم )ကမိန့်ကြားတော်မူခဲ့သည်။ " မည်သူမဆို ကျွန်ုပ်တို့၏ ဤသာသနာတော်၌ မပါရှိသည့်အရာကို တီထွင်ဖန်တီးခဲ့လျှင် ထိုအရာသည် ပယ်ချခြင်းခံရမည်ဖြစ်သည်"။ မွတ်စ်လင်မ်ကျမ်း၏ အခြားဆင့်ပြန်ချက်တစ်ခုတွင် - “မည်သူမဆို ငါကိုယ်တော်မြတ်၏ အမိန့်တော် (သာသနာ) အပေါ် အခြေမခံသော အမှုကိစ္စကို ပြုလုပ်လျှင် ၎င်းသည် ပယ်ချခြင်းခံရမည်” ဟု ဖော်ပြထားသည်။
رواه البخاري ومسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ မည်သူမဆို သာသနာတော်၌ တရားသစ်တီထွင်မည် သို့မဟုတ် ကုရ်အာန်ကျမ်းမြတ်နှင့် ဟဒီးဆ်တော်တွင် အထောက်အထားမရှိသော ကိစ္စတစ်စုံတစ်ရာကို ပြုလုပ်မည်ဆိုပါက ထိုလုပ်ရပ်သည် ပြုလုပ်သူထံမှ ပယ်ချခြင်းခံရမည်ဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်ထံတော်တွင် လက်ခံသဘောတူခြင်းခံရမည် မဟုတ်ပါ။
အဘူလ်အဗ္ဗားစ် အဗ်ဒုလ္လာဟ် ဗင်န် အဗ္ဗားစ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ တစ်ရက်တွင်ကျွန်ုပ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ နောက်ဘက်မှအစီးအနင်း လိုက်ပါစီးနင်းခဲ့ရာကိုယ်တော်က မိန့်ကြားတော်မူသည်။ " အို - ကလေးငယ် ငါတမန်တော် သင့်အား အချို့သောစကားရပ်များကို သင်ပေးတော်မူမည်။ သင်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အရှင်မြတ်သည် သင့်အားထိန်းသိမ်းစောင့်ရှောက်တော်မူမည်။ ထို့ပြင်အသင်အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အသင် အလ္လာဟ်အရှင်မြတ်ကို အသင့်ရှေ့တွင် တွေ့ရှိရပေမည်။ သင်တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ တောင်းခံပါ။ သင်အကူအညီတောင်းမည်ဆိုပါကလည်း အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ အကူအညီတောင်းခံပါ။ အသင်ကောင်းစွာ မှတ်သားပါ။ အကယ်၍ လူသားထုတစ်ရပ်လုံး သင့်အား တစ်စုံတစ်ရာ အကျိုးပြုရန် စုရုံးခဲ့ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်က သင့်အတွက် သတ်မှတ်ထားသောအရာမှအပ အခြားမည်သည့် အကျိုးကိုမျှ ပြုနိုင်ကြမည်မဟုတ်ပေ။ အကယ်၍ လူသားထုတစ်ရပ်လုံး သင့်အား တစ်စုံတစ်ရာ ဆိုးကျိုးပြုရန် စုရုံးခဲ့ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်က သင့်အတွက် သတ်မှတ်ထားသောအရာမှအပ အခြားမည်သည့်ဆိုးကျိုးကိုမျှ ပေးနိုင်ကြမည်မဟုတ်ပေ။ (သက္ကဒီရ်အား ရေးမှတ်သည့်) ကလောင်တံများလည်း မယူခြင်းခံလိုက်ရပြီး (ရေးမှတ်ထားသည့်) မှတ်တမ်းများလည်း ခြောက်သွေ့သွားပြီ ဖြစ်သည်"။ ထိုနည်းတူ အခြား (သိရ်မီဇီကျမ်းအပြင်) ဆင့်ပြန်ချက်တစ်ခုတွင်- "အသင်သည် အလ္လာဟ်အရှင်မြတ် ( ချမှတ်ထားသည့် စည်းမျဉ်းများကို) စောင့်ထိန်းလိုက်နာပါ။ (ထိုသို့ပြုလျှင်) အသင်သည် အရှင်မြတ်အား မိမိ၏ရှေ့တွင် (ကူညီစောင်မတော်မူသည်ကို) တွေ့ရှိရလိမ့်မည်။ ချောင်လည်သည့်အချိန်တွင် အလ္လာဟ်အရှင်မြတ်အား ( အမိန့်နာခံခြင်းအားဖြင့် )သိရှိနားလည်ပါ။ ( ထိုသို့ပြုလုပ်ပါက အသင် ) အခက်အခဲ ဒုက္ခရောက်သည့်အချိန်တွင် အရှင်မြတ်က အသင့်အား (ကယ်တင်တော်မူမည်) သိရှိတော်မူလိမ့်မည်။ ထို့အပြင် အသင့်အတွက်မဟုတ်ဘဲ လွတ်သွားသောအရာသည် အသင့်အတွက် ရရှိကြုံတွေ့ရမည့်အရာ လုံးဝမဖြစ်နိုင်ကြောင်းကို လည်းကောင်း၊ အသင့်ရရှိမည့်အရာသည်လည်း အသင့်အဖို့ လွတ်သွားရမည့်အရာ လုံးဝမဖြစ်နိုင်ကြောင်းလည်းကောင်း သိရှိပါလေ။ ထို့ပြင် (အရှင်မြတ်၏ ကူညီစောင်မမှု)သည် စွဗရ်သည်းခံခြင်းနှင့်အတူရှိကြောင်း၊ လွတ်မြောက်ခြင်းသည် ဒုက္ခနှင့်အတူရှိကြောင်း၊ ခက်ခဲမှုနှင့်အတူ လွယ်ကူမှု ရှိကြောင်း သိရှိပါလေ။
رواه الترمذي وغيرهအိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟု)က ပြောပြသည်။ သူသည် ငယ်ရွယ်စဥ်အခါက တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ အစီးအနင်းတစ်ခုပေါ်တွင် လိုက်ပါစီးနင်းခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ငါကိုယ်တော်သည် သင့်အား အချို့သောအရေးကိစ္စများ၊ အကြောင်းအရာများကို သင်ကြားပေးမည်။ ၎င်းတို့ကို အကြောင်း ပြု၍ အလ္လာဟ်အရှင်မြတ်က သင့်ကိုအကျိုး ဖြစ်ထွန်းစေလိမ့်မည်။ သင်သည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကိုလိုက်နာပြီး တားမြစ်ချက်များကိုရှောင်ကြဉ်ကာ ထိန်းသိမ်းပါ။ သို့မှသာ အလ္လာဟ်အရှင်မြတ်က သင့်အား အမိန့်နာခံမှုနှင့် အရှင်မြတ်နှင့်နီးကပ်စေသော ကောင်းမှုများ၌ရှိနေကြောင်း တွေ့ရှိရပြီး အမိန့်မနာခံမှုနှင့် ပြစ်မှုဒုစရိုက်များတွင် မတွေ့ရှိရမည်ဖြစ်သည်။ သင်ထိုသို့ပြုလုပ်ပါက အလ္လာဟ်အရှင်မြတ်က သင့်အား ဤလောကနှင့် နောင်တမလွန်ဘဝ၏ အန္တရာယ်များမှ ထိန်းသိမ်းစောင့်ရှောက်ပေးပြီး သင်သွားလေရာ၌ သင့်၏အရေးကိစ္စများကို ကူညီစောင့်ရှောက်တော်မူမည် ဖြစ်သည်။ အသင် တစ်စုံ တစ်ရာကို တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ တောင်းခံပါ။ အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကသာ တောင်းခံသူများ၏ တောင်းဆုကို ဖြည့်ဆည်းပေးတော်မူသော အရှင်ဖြစ်သည်။ သင်အကူအညီတောင်းမည် ဆိုပါကလည်း အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ အကူအညီတောင်းခံပါ။ အကယ်၍ ကမ္ဘာပေါ်ရှိ လူသားထုတစ်ရပ်လုံးက သင့်အား တစ်စုံတစ်ရာ အကျိုးပြုရန် စုရုံးခဲ့ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်က သင့်အတွက် သတ်မှတ်ထားသောအရာမှအပ အခြားမည်သည့် အကျိုးကိုမျှ ပြုနိုင်မည် မဟုတ်ကြောင်းနှင့် လူသားထုတစ်ရပ်လုံးက သင့်အား တစ်စုံတစ်ရာ ဆိုးကျိုးပြုရန် စုရုံးခဲ့ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်က သင့်အတွက် သတ်မှတ်ထားသောအရာမှအပ အခြားမည်သည့်ဆိုးကျိုးကိုမျှပေးနိုင်မည် မဟုတ်ကြောင်း သင့်၌ခိုင်မာသည့် ယုံကြည်ချက်ရှိရမည်။ ဤအရေးကိစ္စအားလုံးကို အလ္လာဟ်အရှင်မြတ်က မိမိ၏အသိပညာ၊ အမြော်အမြင်နှင့်အညီ သက္ကဒီရ်ရေးစွဲသတ်မှတ်ထားပြီးဖြစ်သည်။ အရှင်မြတ် ရေးသားထား မှတ်တမ်းတင်ထားသောအရာများကို မည်သည့်အရာကမျှ ပြုပြင်ပြောင်းလွဲစေနိုင်မည်မဟုတ်ပေ။ စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာခြင်းနှင့် တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်းဖြင့် အရှင်မြတ်အား စောင့်ထိန်းပါက၊ အလ္လာဟ်အရှင်မြတ်သည် ထိုဗန္ဒဟ် ကျေးကျွန်၏ ရှေ့မှောက်တွင် ရှိတော်မူပြီး သူ၏အခြေအနေကို အကြွင်းမဲ့သိရှိတော်မူကာ ၎င်းအား ကူညီအားပေးတော်မူမည်ဖြစ်သည်။ လူသားသည် ချောင်လည်သည့်အချိန်တွင် အလ္လာဟ်အရှင်မြတ်၏ အမိန့်ကိုနာခံပါက၊ ၎င်းအား အရှင်မြတ်သည် ခက်ခဲဒုက္ခရောက်သည့်အချိန်တွင် လွတ်မြောက်ရာလမ်းနှင့် ဖြေရှင်းနည်းကို ပြုလုပ်ပေးတော်မူမည်ဖြစ်သည်။ သို့ရှိရာ ဗန္ဒဟ်ကျေးကျွန်တိုင်းသည် အလ္လာဟ်အရှင်မြတ် စီမံတော်မူထားသော ကောင်းကျိုး၊ ဆိုးကျိုးအားလုံးကို ကျေနပ်လက်ခံသင့်သည်။ ခက်ခဲမှုဒုက္ခများနှင့် ကြုံတွေ့ရသည့်အခါ ဗန္ဒဟ်ကျေးကျွန်သည် စွဗရ်သည်းခံမှုတရားကို စွဲကိုင်ထားရမည်။ အကြောင်းမှာ သည်းခံမှုသည် လွတ်မြောက်ခြင်း၏ သော့ချက်ဖြစ်သည်။ ဧကန်စင်စစ် ဒုက္ခပြင်းထန်လာသည့်အခါ အလ္လာဟ်အရှင်မြတ်ထံမှ လွတ်မြောက်ခြင်းသည် ရောက်ရှိလာမည်ဖြစ်ပြီး၊ ခက်ခဲမှုဖြစ်ပေါ်လာပါက အလ္လာဟ်အရှင်မြတ်သည် ယင်း၏နောက်တွင် လွယ်ကူမှုကို ဖြစ်ပေါ်စေတော်မူမည်ဖြစ်သည်။
အဘူ အမ်ရ် ( အချို့က အဘူ အမ်ရဟ် ဟုလည်း ဆိုကြသည် ) စွဖ်ယားန် ဗင်န် အဗ်ဒုလ္လာဟ် ( ရဿွိယလ္လာဟုအန်ဟု ) ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော်က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးသည် ကိုယ်တော့်အပြင် အခြားမည်သူ့ထံမှ မေးမြန်းရန်မလိုအောင် အစ္စလာမ်နှင့်ပတ်သက်သည့် စကားရပ်တစ်ခုကို ကျွန်တော်မျိုးအား မိန့်ကြားတော်မူပါဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ကျွန်တော်မျိုး အလ္လာဟ်အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်ပါသည်ဟု သင်ပြောကြားပါ။ ၎င်းနောက် ကြံ့ခိုင်စွာရပ်တည်ပါ။
رواه مسلمသာဝကာကြီး စွဖ်ယာန်ဗင်န် အဗ္ဗဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား အစ္စလာမ်ဘာသာ၏ အဓိပ္ပါယ်များအားလုံး ခြုံငုံပါဝင်သည့် စကားတစ်ရပ်ကိုသင်ကြားပေးရန် လျှောက်ထားခဲ့သည်။ သူသည် ထိုစကားအား စွဲမြဲစွာ နာယူကျင့်သုံးသွားမည်ဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ အခြားမည်သူကိုမျှ မေးမြန်းတော့မည် မဟုတ်ပါ။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝဆလ္လမ်)က မိန့်ကြားတော်မူသည်မှာ- သင်အနေဖြင့် အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်း တစ်ပါးတည်းသောအရှင်ဖြစ်ကြောင်းနှင့် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်အား ဖန်ဆင်မွေးမြူတော်မူသောအရှင်၊ ကျွန်ုပ်၏ ကိုးကွယ်ရာအရှင်၊ ကျွန်ုပ်အား ဖန်ဆင်းတော်မူသောအရှင်၊ ဖက်စပ်ယှဉ်တွဲသူမရှိဘဲ ခဝပ်ကိုးကွယ်ခြင်းခံထိုက်တော်မူသော ကျွန်ုပ်၏အရှင်ဖြစ်ကြောင်း ကျွန်တော်မျိုး သက်ဝင်ယုံကြည်ပါသည်ဟု ဝန်ခံပြောကြားပါ။ ထို့နောက် အရှင်မြတ်သတ်မှတ်ထားသည့် ဖရ်ဿ်ွ မလုပ်မနေရ တာဝန်များကိုကျေပွန်ပြီး အရှင်မြတ် တားမြစ်ထားသည့်အရာများကို စွန့်လွှတ်ကာ ထိုအပေါ်စွဲမြဲစွာရပ်တည်ပါ။