





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဘူစအီးဒ်ခုဒ်ရီ ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ “လူတစ်ဦးသည် အခြားလူတစ်ဦး အား ‘ကွလ် ဟုဝလ္လာဟု အဟဒ်’ အား ထပ်ခါထပ်ခါ ရွတ်ဖတ်နေသည်ကို ကြားလေ၏။ နံနက်ရောက်သော် ရစူလ်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ ရောက်လာပြီး ထိုအကြောင်းကို လျှောက်ထားလေ၏။ ထိုလူသည် ယင်းစူရဟ်(၏ အကျိုးကျေးဇူး) ကို အနည်းငယ်မျှသာဟု ထင်မှတ်နေပုံရ၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ‘‘ငါကိုယ်တော်၏ အသက်ကို စိုးပိုင်တော်မူသော အရှင်မြတ်ကို တိုင်တည်ကျိန်ဆို၍ ပြောမည်။ ဧကန်စင်စစ် ဤစူရဟ်သည် ကုရ်အာန်၏ သုံးပုံတစ်ပုံနှင့် ညီမျှသည်’’ ဟု မိန့်ကြားတော်မူခဲ့၏။
رواه البخاريအဘူစအီးဒ်အလ်ခုဒ်ရီ (ရဿိယလ္လာဟုအန်ဟု) က ဆင့်ပြန်တင်ပြခဲ့သည်- လူတစ်ဦးသည် အခြားလူတစ်ဦး အား စူရဟ် ‘ကွလ် ဟုဝလ္လာဟု အဟဒ်’ အား တစ်ညလုံး ထပ်ခါထပ်ခါ ရွတ်ဖတ်နေသည်ကို ကြားလေ၏။ နံနက်ရောက်သော် ရစူလ်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ ရောက်လာပြီး ထိုအကြောင်းကို လျှောက်ထားလေ၏။ လျှောက်ထားမေးမြန်းသူအနေဖြင့် ယင်း (စူရဟ်၏ အကျိုး ကျေးဇူး) ကို အနည်းငယ်မျှသာဟု ထင်မှတ်နေပုံရ၏။ ထိုအခါ တမန်တော်မြတ်က အလေးအနက် ကျိန်ဆိုခြင်းဖြင့် “ငါကိုယ်တော်၏ အသက်ကို စိုးပိုင်တော်မူသော အရှင်မြတ်ကို တိုင်တည်ကျိန်ဆို၍ ပြောမည်။ ဧကန်စင်စစ် ဤစူရဟ်သည် ကုရ်အာန်၏ သုံးပုံတစ်ပုံနှင့် ညီမျှသည်’’ ဟု မိန့်ကြားတော်မူခဲ့၏။
အနတ်စ် ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ "တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဟုဒိုင်ဘီယာမှ ပြန်လည်ကြွမြန်းလာတော်မူသည့်အချိန်၌ စူရဟ်ဖသဟ်၏ ဤအာယသ်တော်များ၊ {إِنَّا فَتَحْنَا لَكَ فَتْحًا مُبِينًا لِيَغْفِرَ لَكَ اللهُ} إِلَى قَوْلِهِ {فَوْزًا عَظِيمًا} [الفتح: ١-٥] (အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်ကို ထင်ရှားသော အောင်မြင်မှုတစ်ခု ချီးမြှင့်တော်မူလိုက်ပြီ ဖြစ်သည်။ (ထိုသို့ အောင်မြင်မှုပေးရခြင်းမှာ) အလ္လာဟ် အရှင်မြတ်သည် အသင်၏ နောက်ဖြစ် လျော့နည်းမှုများနှင့် အသင်၏ ရှေ့ဖြစ်လျော့နည်းမှုများကို ခွင့်လွှတ်တော်မူရန် နှင့်...” မှ “...ထို့ပြင် အသင်တို့အား ကြီးကျယ်ခမ်းနားသော အောင်မြင်မှုကို ပေးအပ်တော်မူရန်အတွက်” (အလ်-ဖသ်ဟ် ၁-၅) ကျရောက်လာခဲ့၏။ ထိုအချိန်၌ စွဟာဗဟ်များမှာ ဝမ်းနည်းကြေကွဲမှုနှင့် စိတ်ဓာတ်ကျဆင်းမှုတို့နှင့် ကြုံတွေ့ခဲ့ရပြီး၊ တမန်တော်မြတ်သည်လည်း ဟုဒိုင်ဘီယာတွင်ပင် ကုရ်ဗာနီသားကောင်ကို ဇဗဟ်ပြုတော်မူခဲ့၏။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ − “ငါကိုယ်တော်အပေါ်၌ ဤကဲ့သို့သော အာယသ်တော်တစ်ခု ချပေးသနားတော်မူခြင်းခံရလေ၏။ ၎င်းအာယသ်တော်သည် ငါကိုယ်တော့်ထံ ဤလောကကြီးတစ်ခုလုံးထက်ပင် ပို၍နှစ်သက်ဖွယ်ကောင်း၏။”
رواه مسلمအနတ်စ် ဗင်န် မာလစ်က် ( ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဟုဒိုင်ဘီယာမှ ပြန်လည်ကြွမြန်းလာတော်မူသည့်အချိန်၌ စူရဟ်ဖသဟ်၏ ဤအာယသ်တော်များသည် ကိုယ်တော့်အပေါ်၌ ကျရောက်လာခဲ့၏။ إِنَّا فَتَحْنَا لَكَ فَتْحًا مُبِينًا (١) لِيَغْفِرَ لَكَ اللَّهُ مَا تَقَدَّمَ مِنْ ذَنْبِكَ وَمَا تَأَخَّرَ وَيُتِمَّ نِعْمَتَهُ عَلَيْكَ وَيَهْدِيَكَ صِرَاطًا مُسْتَقِيمًا (٢) وَيَنْصُرَكَ اللَّهُ نَصْرًا عَزِيزًا (٣) هُوَ الَّذِي أَنْزَلَ السَّكِينَةَ فِي قُلُوبِ الْمُؤْمِنِينَ لِيَزْدَادُوا إِيمَانًا مَعَ إِيمَانِهِمْ وَلِلَّهِ جُنُودُ السَّمَاوَاتِ وَالْأَرْضِ وَكَانَ اللَّهُ عَلِيمًا حَكِيمًا (٤) لِيُدْخِلَ الْمُؤْمِنِينَ وَالْمُؤْمِنَاتِ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا وَيُكَفِّرَ عَنْهُمْ سَيِّئَاتِهِمْ وَكَانَ ذَلِكَ عِنْدَ اللَّهِ فَوْزًا عَظِيمًا} [الفتح: ١-٥]، {(၁) အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်ကို ထင်ရှားသော အောင်မြင်မှုတစ်ခု ချီးမြှင့်တော်မူလိုက်ပြီ ဖြစ်သည်။ (၂) (ထိုသို့ အောင်မြင်မှု ပေးရခြင်းမှာ) အလ္လာဟ် အရှင်မြတ်သည် အသင်၏ နောက်ဖြစ် လျော့နည်းမှုများနှင့် အသင်၏ ရှေ့ဖြစ်လျော့နည်းမှုများကို ခွင့်လွှတ်တော်မူရန် အတွက်၊ ထို့ပြင် အရှင်မြတ်၏ ကျေးဇူးတော်ကို အသင်၏ အပေါ်တွင် ပြည့်ဝစေတော်မူရန် အတွက်၊ ထို့ပြင် အသင့်အား ဖြောင့်မတ်သော တရားလမ်းကို ညွှန်ကြားပြသတော်မူရန် အတွက် ဖြစ်သည်။ (၃) ထို့ပြင် အလ္လာဟ် အရှင်မြတ်သည် အသင့်အား အားလုံးအပေါ်တွင် လွှမ်းမိုးသော ကူညီမှုကို ချီးမြှင့်ပေးသနားတော်မူရန် အတွက်လည်း ဖြစ်သည်။ (၄) အရှင်မြတ်သည်ပင် မုအ်မင်န် ယုံကြည်သူများ၏ စိတ်နှလုံးများ ထဲတွင် သူတို့၏ အီမာန်များ နှင့်တကွ အီမာန် ထပ်တိုးစေရန် အတွက် စိတ်တည်ငြိမ်မှုကို ချပေးတော်မူခဲ့သည်။ ထို့ပြင် မိုးကောင်းကင်များနှင့် မြေပထဝီတွင် ရှိသော စစ်တပ် ဟူသမျှသည် အလ္လာဟ် အရှင်မြတ်ပင် စိုးပိုင်တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အကြွင်းမဲ့ သိတော်မူသော အရှင်၊ ပညာဉာဏ် အမြော် အမြင်နှင့် အလွန် ပြည့်စုံတော်မူသော အရှင် ဖြစ်တော်မူသည်။ (၅) (ထိုသို့အောင်မြင်မှု ပေးရခြင်းမှာ) အရှင်မြတ်သည် မုအ်မင်န် ယုံကြည်သူ အမျိုးသားများနှင့် မုအ်မိနဟ် ယုံကြည်သူ အမျိုးသမီးများကို အကြင် ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူရန် အတွက် ဖြစ်သည်။ သူတို့သည် ၎င်း(ဥယျာဉ်များ)တွင် အမြဲ နေကြရမည် ဖြစ်သည်။ ၎င်း(ဥယျာဉ်များ)၏ အောက်မှ စမ်းရေချောင်းများ စီးဆင်းနေမည်။ ထို့ပြင် အရှင်မြတ်သည် သူတို့ထံမှ သူတို့၏ ပြစ်မှုများကို ပပျောက်စေတော်မူရန် အတွက် ဖြစ်သည်။ ထို့ပြင် ၎င်းသည် အလ္လာဟ် အရှင်မြတ် ထံတော်တွင် ကြီးကျယ် သော အောင်မြင်မှုပင် ဖြစ်သည်။} ( စူရဟ်ဖသဟ် - ၁-၅ ) ထိုအချိန်၌ စွဟာဗဟ်များမှာ ဝမ်းနည်းကြေကွဲမှုနှင့် စိတ်ဓာတ်ကျဆင်းမှုတို့နှင့် ကြုံတွေ့ခဲ့ကြရ၏။ အကြောင်းမှာ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့သည့်အချက်ကြောင့်လည်းကောင်း၊ ၎င်းစာချုပ်သည် မွတ်စ်လင်မ်များ၏ အကျိုးစီးပွားအတွက် မဟုတ်ဟု သူတို့ထင်မြင်မိခြင်းကြောင့်ဖြစ်ပြီး၊ ထိုအချက်သည် အွမ်ရာပြုလုပ်ခြင်းနှင့် သူတို့အကြား၌ အတားအဆီးဖြစ်ခဲ့၏။ ၎င်းနောက် သူတို့သည် ဟုဒိုင်ဘီယာတွင်ပင် ဟဒီသားကောင်ကို ဇဗဟ်ပြုခဲ့ကြ၏။ ထိုအခါ တမန်တော်မြတ် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကမိန့်ကြားတော်မူသည်မှာ- ငါကိုယ်တော်အပေါ်၌ ဤကဲ့သို့သော အာယသ်တော်တစ်ခု ချပေးသနားတော်မူခြင်းခံရလေ၏။ ၎င်းအာယသ်တော်သည် ငါကိုယ်တော့်ထံ ဤလောကကြီးတစ်ခုလုံးထက်ပင် ပို၍နှစ်သက်ဖွယ်ကောင်း၏ ဟု မိန့်ကြားတော်မူပြီးနောက် ထိုအာယသ်တော်ကို ရွတ်ဖတ်တော်မူခဲ့၏။
အဗူဒရ်ဒါအ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "မည်သူမဆို စူရဟ်ကဟဖ်၏ ပထမဆယ်အာယတ်ကို ကျက်မှတ်ထားပါက၊ ထိုသူသည် ဒဂျ်ဂျာလ်၏ အန္တရာယ်မှ ကာကွယ်ခြင်းခံရမည်။" အခြားဆင့်ပြန်ချက်တစ်ခုတွင် "စူရဟ်ကဟဖ်၏ နောက်ဆုံးဆယ်အာယတ်" ဟု ဖော်ပြထားသည်။
رواه مسلمနဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားသည်မှာ- မည်သူမဆို စူရဟ်ကဟဖ်၏ ပထမဆယ်အာယတ်ကို ကျက်မှတ်ထားပါက၊ ထိုသူသည် မစီဟ်ဒဂျ်ဂျာလ်၏ ဖိသ်နဟ် (ဖျားယောင်းသွေးဆောင်မှု) မှ ကာကွယ်ခြင်းခံရမည်။ ၎င်းသည် နောက်ဆုံးခောတ်ကာလတွင် ပေါ်ထွက်လာမည်ဖြစ်ပြီး ကိုးကွယ်ရာအရှင်ဖြစ်ကြောင်း ကြွေးကြော်လိမ့်မည်။ ၎င်း၏ ဖိသ်နဟ်သည် လူသားမျိုးနွယ် ဖန်ဆင်းခြင်းခံရသည့်အချိန်မှစ၍ ကိယာမသ်ဖြစ်မည့်အချိန်အထိ ကမ္ဘာပေါ်တွင် ကြုံတွေ့ရမည့် အကြီးမားဆုံးသော ဖိသ်နဟ်စမ်းသပ်မှုဖြစ်ပေမည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား သာမန်လူတို့၏ နားလည်မှုကို ကျော်လွန်သည့် တန်ခိုးများ ပေးသနားတော်မူမည်၊ ထိုတန်ခိုးများဖြင့် သူသည် လူတို့အား လမ်းမှားသို့ ဦးတည်စေမည်။ စူရဟ်ကဟဖ်၏ ပထမဆယ်အာယတ်ကို ကျက်မှတ်ထားခြင်းဖြင့် ဒဂျ်ဂျာလ်၏ ဖျားယောင်းသွေးဆောင်မှုမှ ကာကွယ်မှုရရှိခြင်းမှာ၊ ထိုအာယတ်တော်များတွင် ဒဂျ်ဂျာလ်၏ တန်ခိုးများထက် ပိုမိုကြီးမြတ်သည့် အံ့ဖွယ်ရာများနှင့် သက်သေလက္ခဏာ တော်များ ပါရှိသောကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ မည်သူမဆို ထိုအာယတ်တော်များ၏ အနက်အဓိပ္ပာယ်ကို သေချာစဉ်းစားဆင်ခြင်ပါက၊ သူသည် ဒဂျ်ဂျာလ်၏ ဖျားယောင်းသွေးဆောင်မှုကို လက်ခံလိမ့်မည် မဟုတ်ပေ။ အခြားဆင့်ပြန်ချက်တစ်ခုတွင် "စူရဟ်ကဟဖ်၏ နောက်ဆုံးဆယ်အာယတ်" ဟု ဖော်ပြထားသည်။ ၎င်းမှာ "{أفحسب الذين كفروا أن يتخذوا…} " ဟူသောအာယသ်မှစ၍ စူရဟ်အဆုံးထိဖြစ်သည်။
အုက်ဗဟ် ဗင်န် အာမိရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “ငါကိုယ်တော်မြတ်အပေါ်၌ ဤကဲ့သို့သော အာယတ်တော်များ ချပေးတော်မူခြင်းခံရသည်။ ယင်းတို့၏ ပမာတူကို ယခင်ကမည်သည့်အခါမျှ မတွေ့မြင်ဖူးပေ။ ၎င်းတို့မှာ ‘အလ်-မုအောင်ဝ်ဝိဇ်သိုင်းန်’ (စူရဟ်ဖလက်နှင့် စူရဟ်နားစ်) ဖြစ်သည်။”
رواه مسلمအွတ်က်ဗဟ် ဗင်န် အာမိရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်မှာ- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် သူ့အား ဤသို့မိန့်ကြားတော်မူခဲ့သည်− “အလ္လာဟ်အရှင်မြတ်သည် ယနေ့ည၌ ငါကိုယ်တော့်ထံ အာယသ်တော်များကို ချပေးတော်မူခဲ့သည်။ ယင်းတို့၏ပမာတူကို ယခင်ကမည်သည့်အခါမျှ မတွေ့မြင်ဖူးပေ။ (ခိုလှုံခွင့်တောင်းခံခြင်းနှင့်ပတ်သတ်၍ ချပေးတော်မူခဲ့သည့် စူရဟ်နှစ်ပုဒ်ကို ဆိုလိုသည် ) ၎င်းတို့မှာ ‘အလ်-မုအောင်ဝ်ဝိဇ်သိုင်းန်’ (စူရဟ်ဖလက်နှင့် စူရဟ်နားစ်) ဖြစ်သည်။
အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)ထံမှဆင့်ပြန်လာရှိသည်။ ၎င်းက ပြောပြခဲ့သည်။ “ကျွန်ုပ်သည် အဘူသွလ်ဟာ၏အိမ်တွင် လူများကိုအရက်တိုက်ကျွေးသူဖြစ်ခဲ့သည်။ ထိုအချိန်က ၎င်းတို့၏ အရက်မှာ ‘ဖဿွီးဟ်’ (စွန်ပလွံသီးဖြင့် ချက်ထားသော အရက်) ဖြစ်သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ကြွေးကြော်သူတစ်ဦးကို ‘သတိပြုကြ၊ အရက်ကို ဟရာမ်တားမြစ်လိုက်ပြီ’ ဖြစ်ကြောင်း ကြွေးကြော်ရန် အမိန့်ပေးတော်မူလေသည်။ ၎င်းက ဆက်လက်ပြောပြသည်မှာ - အဘူသွလ်ဟာက ကျွန်ုပ်အား ‘ထွက်သွားပြီး ယင်းအရက်များကို သွန်ပစ်လော့’ ဟု ပြောဆိုခဲ့၏။ ကျွန်ုပ်သည် ထွက်သွားပြီး ယင်းအရက်များကို သွန်ပစ်လိုက်ရာ၊ မဒီနာမြို့၏လမ်းများတစ်လျှောက် စီးဆင်းသွားသည်။ ထိုအခါ လူအချို့က ‘အရက်သည် သူတို့၏ဝမ်းဗိုက်ထဲတွင်ရှိနေစဉ် လူအချို့သေဆုံးသွားခဲ့ပြီ’ ဟု ပြောကြသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် [အီမာန်ယုံကြည်ပြီး ကောင်းမှုများပြုကျင့်သောသူများအပေါ်၌ (ယခင်က) သုံးဆောင်ခဲ့သည့်အရာများအတွက် အပြစ်မရှိပေ] (အလ်-မာအိဒဟ် ၅း၉၃) ဟူသော အာယတ်တော်ကို ချပေးတော်မူခဲ့၏။”
متفق عليهအနတ်စ် ဗင်န် မာလစ်က်(ရဿွိယလ္လာဟုအန်ဟု)က ဤသို့ ဆင့်ပြန်တင်ပြခဲ့သည်- သူသည် မိမိမိခင်၏ခင်ပွန်းဖြစ်သူ အဘူသွလ်ဟာ(ရဿွိယလ္လာဟုအန်ဟု)၏ အိမ်ရှိလူများကို အရက်တိုက်ကျွေးသည့် တာဝန်ကိုထမ်းဆောင်ခဲ့သည်။ ထိုအချိန်က ၎င်းတို့၏ အရက်မှာ ‘ဖဿွီးဟ်’ (မှည့်သွားသောစွန်ပလွံသီးခြောက်နှင့် မမှည့်သေးသော စွန်ပလွံသီးအစိမ်းကို ရောချက်ထားသောအရက်) ဖြစ်သည်။ ထိုအချိန်တွင် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ကြွေးကြော်သူက ‘သတိပြုကြ၊ အရက်ကို ဟရာမ်တားမြစ်လိုက်ပြီ’ ဖြစ်ကြောင်း ကြွေးကြော်လာသည်။ ၎င်းက ဆက်လက်ပြောပြသည်မှာ - အဘူသွလ်ဟာက ကျွန်ုပ်အား ‘ထွက်သွားပြီး ယင်းအရက်များကို သွန်ပစ်လော့’ ဟု ပြောဆိုခဲ့၏။ ကျွန်ုပ်သည် ထွက်သွားပြီး ယင်းအရက်များကို သွန်ပစ်လိုက်ရာ၊ မဒီနာမြို့၏လမ်းများတစ်လျှောက် စီးဆင်းသွားသည်။ ထိုအခါ လူအချို့က "အရက်ဟရာမ်မဖြစ်မီက သူတို့၏ဝမ်းထဲတွင် အရက်ရှိနေသည့် စွဟာဗဟ်များလည်း သေဆုံးသွားပြီ" ဟု ပြောကြရာ အလ္လာဟ်အရှင်က ဤအာယသ်တော်ကို ချမှတ်တော်မူခဲ့သည်- [အီမာန်ယုံကြည်ပြီး ကောင်းမှုများပြုကျင့်သောသူများအပေါ်၌ (ယခင်က) သုံးဆောင်ခဲ့သည့်အရာများအတွက် အပြစ်မရှိပေ]။ (အလ်-မာအိဒဟ် ၅း၉၃) ဆိုလိုသည်မှာ အရက်ဟရာမ်မဖြစ်မီက သောက်စားခဲ့ကြသော အီမာန်ယုံကြည်သူများအတွက် ထိုအရာတွင် အပြစ်တစ်စုံတစ်ရာ မရှိပေ။
အဘူ နဂျီဟ် အိရ်ဗာဿ်ွ ဗင်င်န် ဆာရိယဟ်(ရဿွိယလ္လာဟုအန်ဟု) မှဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အား စိတ်နှလုံးများ တုန်လှုပ်စေပြီး မျက်ရည်များ ကျရောက်စေသည့် စိတ်နှလုံးကို နှိုးဆော်သော တရားစကား မိန့်ကြားတော်မူခဲ့သည်။ ထိုအခါ ကျွန်ုပ်တို့က “အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ဤသည် နှုတ်ဆက်ခွဲခွါသူတစ်ဦးက ဆုံးမဩဝါဒတရားဟောကြားနေခြင်းကဲ့သို့ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့အား ညွှန်ကြားဆုံးမ ပေးသနားတော်မူပါ” ဟု လျှောက်ထားခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က “ငါသည် အသင်တို့အား အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေစွာဖြင့် နေထိုင်ကြရန်နှင့်(အုပ်ချုပ်သူများ၏ အမိန့်ကို ) နာခံလိုက်နာကြရန် ဆုံးမညွှန်ကြားပါသည်။ ထိုအုပ်ချုပ်သူသည် ဟဗရှီကျွန်တစ်ဦးဖြစ်စေကာမူ (နာခံလိုက်နာကြလော့)။ ငါကိုယ်တော် ၏နောက်တွင် သင်တို့သည် အလွန်များပြားလှစွာသော ကွဲလွဲမှုဒွိဟများကို တွေ့မြင်ကြရလိမ့်မည်။ သို့ဖြစ်ရာ သင်တို့သည် ငါကိုယ်တော်၏ စွန္နသ်လမ်းစဉ်နှင့် ခုလဖာအိရာရှီဒီးန်(ဖြောင့်မတ်မှန်ကန်သော ခေါင်းဆောင်ခလီဖဟ်ကြီးများ)၏ စွန္နသ် ( စံနမူနာ )လမ်းစဉ်ကို ခိုင်မြဲစွာ ကိုင်စွဲထားကြလော့။ ထိုစွန္နသ် ( စံနမူနာလမ်းစဉ် ) ကို သင်တို့၏အံသွားများဖြင့် ခိုင်မြဲစွာ ကိုက်ထားကြလေကုန်။ သတိပြုကြလေကုန်၊ ဒီန်သာသနာတော်နှင့်စပ်လျဉ်း၍ မိမိတို့စိတ်ကူးထင်မြင်ချက်မှ ပေါ်ပေါက်လာသော အသစ်အဆန်းများ (ဗိဒ်အသ်များ) မှ ရှောင်ရှားကြလေကုန်။ ဧကန်မုချ ဗိဒ်အသ်တိုင်းသည် လမ်းမှားပင်ဖြစ်၏။"
رواه أبو داود والترمذيတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏အဆ်ွဟာဗ်တော်များအား စိတ်နှလုံးများ ကြောက်ရွံ့စေကာ မျက်လုံးများမှမျက်ရည်များ စီးကျစေသည့် ဆုံးမစကားမျိုး မိန့်ကြားတော်မူခဲ့သည်။ တမန်တော်မြတ်၏ ဆုံးမစကားသည် အလွန်ထိရောက်မှုရှိသည်ကို မြင်တွေ့ရသည့်အတွက် ဆွဟာဗဟ်များက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဤဆုံးမစကားသည် ခွဲခွါသွားတော့မည့်သူတစ်ဦး၏ ဆုံးမစကားကဲ့သို့ဖြစ်သည်ဟု လျှောက်ထားခဲ့ကြသည်။ ထို့ကြောင့် ကိုယ်တော်မရှိသည့်အခါ ၎င်းတို့စွဲမြဲစွာလိုက်နာကျင့်သုံးနိုင်ရန်အတွက် မှာတမ်းစကားမိန့်ကြားရန် တောင်းဆိုခဲ့ကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ငါကိုယ်တော်သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်အပေါ် ‘သက္ကဝါ’ တရားထားရှိရန်ဆုံးမတော်မူသည်။ ဤသည် ဖရ်ဿ်ွမလုပ်မနေရတာဝန်များကို လိုက်နာကျင့်သုံးပြီး တားမြစ်ထားသည့်အရာများကို စွန့်လွှတ်ခိုင်းခြင်းဖြစ်သည်။ ထို့နောက် ကိုယ်တော်က ခေါင်းဆောင်၏အမိန့်ကိုနာခံကြရန် မှာတမ်းတော်မူသည်။ အကယ်၍ ကျွန်တစ်ဦးအား သင်တို့အပေါ်၌ ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်လျှင် သို့မဟုတ် ၎င်းက သင်တို့အပေါ် အုပ်ချုပ်လျှင်လည်း အမိန့်ကိုနာခံရမည်ဖြစ်သည်။ ဆိုလိုသည်မှာ အနိမ့်ဆုံးအဆင့်ရှိသည့် ကျွန်တစ်ဦးသည် သင်တို့အပေါ်၌ ခေါင်းဆောင်ဖြစ်ခဲ့လျှင်လည်း ဖိသ်နဟ် ပြသနာများ ပေါ်ပေါက်လာမည်ကို စိုးရိမ်ရသည့်အတွက် သင်တို့မောက်မာ၍ ရှောင်ဖယ်မနေဘဲ ထိုသူ၏အမိန့်ကိုနာခံရမည်ဖြစ်သည်။ ၎င်းနောက် ဆက်လက်မိန့်ကြားတော် မူသည်မှာ ဧကန်အမှန်ပင် အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် (ငါကိုယ်တော် မရှိသည့်နောက်) သက်ရှိထင်ရှားရှိနေမည်ဆိုပါက မြောက်မြားစွာသော ကွဲလွဲမှုများကိုမြင်တွေ့ရမည်ဖြစ်သည်။ သို့ဖြစ်၍ ကိုယ်တော်သည် ဤကွဲလွဲမှုများမှ လွတ်မြောက်နိုင်မည့် ထွက်ပေါက်ကို ရှင်းပြတော်မူခဲ့သည်။ ၎င်းမှာ တမန်တော်မြတ်၏စွန္နသ်လမ်းစဉ်နှင့် တရားလမ်းမှန်ချီးမြှင့်ခြင်းခံရသည့် ဖြောင့်မတ်မှန်ကန်သော ခလီဖဟ်ကိုယ် စားလှယ်များဖြစ်ကြသော အဗူဗက္ကရ် ဆွိဒ်ဒီက်၊ အုမရ် ဗင်န်ခသ်သွာဗ်၊ အွတ်စ်မာန်ဗင်န် အဖ္ဖာန်၊ အလီဗင်န် အဗူသွာလိဗ် (ရဿွိယလ္လာဟုအန်ဟုမ်)တို့၏ စွန္နသ်လမ်းစဉ်ကို ဆုပ်ကိုင်ထားခြင်းဖြစ်သည်။ ၎င်းတို့ကို အံသွားများဖြင့် ကိုက်ခြင်းဟူသည် စွန္နသ်လမ်းစဥ်ကိုဆုပ်ကိုင်ပြီး လိုက်နာကျင့်သုံးရန် ကြိုးစားခြင်းကိုဆိုလိုသည်။ ထို့ပြင် ကိုယ်တော်သည် သာသနာတွင် တရားသစ်တီထွင်ထားသည့်အရာများမှ ရှောင်ကြဉ်ကြရန် တိုက်တွန်းတော်မူသည် အဘယ့်ကြောင့်ဆိုသော် (ဗိဒ်အသ်) တရားသစ်တီထွင်မှုတိုင်းသည် လမ်းမှားပင်ဖြစ်သည်။
အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့သည် အာယသ်တော်တစ်ခုမျှပင်ဖြစ်စေ ငါကိုယ်တော်ထံမှ ကြားသိခဲ့ရသည်တို့ကို ပို့ချကြပါ။ အစ္စရာအီလ်မျိုးနွယ်ထံမှ ကြားသိရသည်တို့ကိုလည်း ဆင့်ပြန်ပြောကြလေကုန် (ထိုသို့ပြောကြားခြင်းသည်) အပြစ်တစ်စုံတစ်ရာမရှိပေ။ ထို့ပြင် အကြင်သူသည် ငါကိုယ်တော့်အပေါ် သိလျက်နှင့်တမင်လိမ်လည်ပြောဆိုခဲ့လျှင် သူသည် မိမိနေထိုင်ရမည့်နေရာအား ငရဲမီးတွင် သတ်မှတ်လိုက်ပါ။
رواه البخاريတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိထံမှသိခဲ့ရသော ကုန်အာန်ကျမ်းမြတ်နှင့် ဟဒီးဆ်တော်များကို ပြန်လည်ပို့ချရန် မိန့်ကြားတော်မူခဲ့သည်။ ထိုသို့ ပြန်လည်ပို့ချမည့်အရာသည် ကုရ်အာန်တစ်အာယသ်မျှလောက် သို့မဟုတ် ဟဒီးဆ်တော် တစ်ပုဒ်မျှလောက် အနည်းငယ်ပင်ဖြစ်စေ ပို့ချသူသည် ၎င်းအား ခိုင်မာတိကျစွာ သိနားလည်ရမည်ဟူသည့် စည်းကမ်းချက်နှင့်အညီ ပို့ချရမည်ဖြစ်သည်။ ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်ုပ်တို့၏ ရှရီအသ်တရားတော်နှင့် မဆန့်ကျင်သည့် ဗနီအစ္စရာအီလ်တို့တွင် ဖြစ်ခဲ့သော မှန်ကန်သည့် ဖြစ်ရပ်များကို တဆင့်ပြန်ပြောကြားခွင့်ရှိကြောင်း ပြောကြားတော်မူခဲ့သည်။ ထို့နောက် ကိုယ်တော်က မိမိနှင့်ပတ်သက်၍ လိမ်လည်ပြောဆိုခြင်းအား သတိပေးတားမြစ်တော်မူခဲ့သည်။ မည်သူမဆို ကိုယ်တော်မြတ်နှင့်ပတ်သက်၍ သိလျက်နှင့် တမင်လိမ်လည်ပြောဆိုခဲ့လျှင် ၎င်းသည် မိမိနေထိုင်ရာနေရာဌာနအား ငရဲမီးတွင် သတ်မှတ်လိုက်ရမည်ဖြစ်သည်။
အလ်မိက္ကဒါမ်ဗင်န် မအ်ဒီကရိဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်သည်။အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကောင်းစွာမှတ်သားကြလေကုန်၊ ငါကိုယ်တော်၏ ဟဒီးဆ်တော်တစ်ပုဒ်သည် လူတစ်ဦးထံသို့ ရောက်ရှိသည့်အခါ ထိုသူသည် မိမိ၏သလွန်ပေါ်တွင် မှီလျက် အသင်တို့နှင့် ကျွန်ုပ်တို့ကြားတွင် အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်မြတ်ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ထိုကျမ်းထဲတွင် ဟလာလ်ဟုတွေ့ရသောအရာကို ဟလာလ်ဟုမှတ်ယူမည်။ ကျွန်ုပ်တို့သည် ထိုကျမ်းထဲတွင် ဟရာမ်ဟုတွေ့ရသောအရာကို ဟရာမ်ဟု မှတ်ယူမည်ဟု ပြောကြားလိမ့်မည်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် တားမြစ်ထားသောအရာသည် အလ္လာဟ်အရှင်မြတ် တားမြစ်ထားသောအရာနှင့် အတူတူပင်ဖြစ်သည်။
رواه أبو داود والترمذي وابن ماجهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ဤသို့သော ထိုင်နေသည့်လူတန်းစားမျိုးရှိသည့်ခေတ်ကာလ မကြာမီ ရောက်ရှိလာမည်။ ၎င်းတို့အနက်မှ တစ်ဦးသည် မိမိ၏သလွန်ပေါ်တွင် မှီလျက်ရှိမည်။ ၎င်းထံသို့ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဟဒီးဆ်တော်တစ်ပုဒ်ရောက်လာသောအခါ ဤသို့ပြောလိမ့်မည်။ ကျမ်းတော်မြတ်ကုရ်အာန်သည်သာလျှင် အသင်တို့နှင့်ကျွန်ုပ်တို့ကြားတွင် အရေးကိစ္စအဝဝကိုဖြေရှင်းပေးမည့် ကျမ်းတော်ဖြစ်သောကြောင့် ယင်းကျမ်းတော်သည်ပင် ကျွန်တော်တို့အဖို့လုံလောက်သည်။ ထိုကျမ်းတော်၌ ဟလာလ်အဖြစ် တွေ့ရသောအရာများကို လိုက်နာကျင့်သုံးပြီး ထိုကျမ်းတော်၌ ဟရာမ်အဖြစ် တွေ့ရသောအရာများကို ရှောင်ကြဉ်ကြမည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ ကိုယ်တော်မြတ်၏ ဟဒီးဆ်တော်တွင် ဟရာမ်အဖြစ် သတ်မှတ်ထားသောအရာ၊ တားမြစ်ထားအရာတိုင်းသည် ကျမ်းတော်မြတ်ကုရ်အာန်တွင် အလ္လာဟ်အရှင်မြတ်တားမြစ်ထားသကဲ့သို့ပင်ဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ်တော်မြတ်သည်မိမိ၏အရှင်သခင်ထံတော်မှ တဆင့် ပြန်လည်ပို့ချသူပင်ဖြစ်သည်။
အလ်အိရ်ဗာဿ်ွ ဗင်န်ဆာရိယဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တစ်နေ့သောအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်တော်တို့ကြားတွင် မတ်တတ်ရပ်တော်မူပြီး စိတ်နှလုံးများကို ကြောက်ရွံ့စေကာ မျက်လုံးများမှ မျက်ရည်များစီးကျစေသည့်ဆုံးမစကားမျိုးကို ကျွန်တော်တို့အား မိန့်ကြားတော်မူခဲ့သည်။ ထိုအခါ အို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ဤဆုံးမစကားသည် ခွဲခွါသွားတော့မည့်သူတစ်ဦး၏ ဆုံးမစကားကဲ့သို့ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့အား မှာတမ်းစကား မိန့်ကြားတော်မူပါဟု လျှောက်ထားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- « ငါကိုယ်တော်သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်အပေါ် ‘သက္ကဝါ’ တရားထားရှိရန်နှင့် (အသင်တို့ အပေါ် ခန့်အပ်ခံရသည့် ခေါင်းဆောင်သည်) ဟဗ်ရှီလူမျိုး ကျွန်တစ်ဦးဖြစ်လျှင်လည်း ၎င်း၏အမိန့်ကိုနာခံကြရန် မှာတမ်းတော်မူသည်။ ဧကန်အမှန်ပင် အသင်တို့သည် ငါကိုယ်တော် မရှိသည့်နောက် မြောက်မြားစွာသော ကွဲလွဲမှုများကို မြင်တွေ့ရလိမ့်မည်။ ထိုအခါ အသင်တို့သည် ငါတမန်တော်၏စွန္နသ်လမ်းစဉ်နှင့် တရားလမ်းမှန်ချီးမြှင့်ခြင်းခံရသည့် ဖြောင့်မတ်မှန်ကန်သော ခလီဖဟ်ကိုယ်စားလှယ်များ၏ စွန္နသ်လမ်းစဉ်ကို အံသွားဖြင့်ကိုက်၍ လိုက်ကြလေကုန်။ ထို့ပြင် အသင်တို့သည် တရားသစ်တီထွင်ထားသည့်အရာများမှ ရှောင်ကြဉ်ကြပါ။ ဧကန်မုချ (ဗိဒ်အသ်) တရားသစ်တီထွင်မှုတိုင်းသည် လမ်းမှားမှုပင်ဖြစ်သည်။
رواه أبو داود والترمذي وابن ماجه وأحمدတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏အဆ်ွဟာဗ်တော်များအား စိတ်နှလုံးများ ကြောက်ရွံ့စေကာ မျက်လုံးများမှမျက်ရည်များ စီးကျစေသည့် ဆုံးမစကားမျိုး မိန့်ကြားတော်မူခဲ့သည်။ တမန်တော်မြတ်၏ ဆုံးမစကားသည် အလွန်ထိရောက်မှုရှိသည်ကို မြင်တွေ့ရသည့်အတွက် ဆွဟာဗဟ်များက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဤဆုံးမစကားသည် ခွဲခွါသွားတော့မည့်သူတစ်ဦး၏ ဆုံးမစကားကဲ့သို့ဖြစ်သည်ဟု လျှောက်ထားခဲ့ကြသည်။ ထို့ကြောင့် ကိုယ်တော်မရှိသည့်အခါ ၎င်းတို့စွဲမြဲစွာလိုက်နာကျင့်သုံးနိုင်ရန်အတွက် မှာတမ်းစကားမိန့်ကြားရန် တောင်းဆိုခဲ့ကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ငါကိုယ်တော်သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်အပေါ် ‘သက္ကဝါ’ တရားထားရှိရန်ဆုံးမတော်မူသည်။ ဤသည် ဖရ်ဿ်ွမလုပ်မနေရတာဝန်များကို လိုက်နာကျင့်သုံးပြီး တားမြစ်ထားသည့်အရာများကို စွန့်လွှတ်ခိုင်းခြင်းဖြစ်သည်။ ထို့နောက် ကိုယ်တော်က ခေါင်းဆောင်၏အမိန့်ကိုနာခံကြရန် မှာတမ်းတော်မူသည်။ အကယ်၍ ကျွန်တစ်ဦးအား သင်တို့အပေါ်၌ ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်လျှင် သို့မဟုတ် ၎င်းက သင်တို့အပေါ် အုပ်ချုပ်လျှင်လည်း အမိန့်ကိုနာခံရမည်ဖြစ်သည်။ ဆိုလိုသည်မှာ အနိမ့်ဆုံးအဆင့်ရှိသည့် ကျွန်တစ်ဦးသည် သင်တို့အပေါ်၌ ခေါင်းဆောင်ဖြစ်ခဲ့လျှင်လည်း ဖိသ်နဟ် ပြသနာများ ပေါ်ပေါက်လာမည်ကို စိုးရိမ်ရသည့်အတွက် သင်တို့မောက်မာ၍ ရှောင်ဖယ်မနေဘဲ ထိုသူ၏အမိန့်ကိုနာခံရမည်ဖြစ်သည်။ ၎င်းနောက် ဆက်လက်မိန့်ကြားတော် မူသည်မှာ ဧကန်အမှန်ပင် အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် (ငါကိုယ်တော် မရှိသည့်နောက်) သက်ရှိထင်ရှားရှိနေမည်ဆိုပါက မြောက်မြားစွာသော ကွဲလွဲမှုများကိုမြင်တွေ့ရမည်ဖြစ်သည်။ သို့ဖြစ်၍ ကိုယ်တော်သည် ဤကွဲလွဲမှုများမှ လွတ်မြောက်နိုင်မည့် ထွက်ပေါက်ကို ရှင်းပြတော်မူခဲ့သည်။ ၎င်းမှာ တမန်တော်မြတ်၏စွန္နသ်လမ်းစဉ်နှင့် တရားလမ်းမှန်ချီးမြှင့်ခြင်းခံရသည့် ဖြောင့်မတ်မှန်ကန်သော ခလီဖဟ်ကိုယ် စားလှယ်များဖြစ်ကြသော အဗူဗက္ကရ် ဆွိဒ်ဒီက်၊ အုမရ် ဗင်န်ခသ်သွာဗ်၊ အွတ်စ်မာန်ဗင်န် အဖ္ဖာန်၊ အလီဗင်န် အဗူသွာလိဗ် (ရဿွိယလ္လာဟုအန်ဟုမ်)တို့၏ စွန္နသ်လမ်းစဉ်ကို ဆုပ်ကိုင်ထားခြင်းဖြစ်သည်။ ၎င်းတို့ကို အံသွားများဖြင့် ကိုက်ခြင်းဟူသည် စွန္နသ်လမ်းစဥ်ကိုဆုပ်ကိုင်ပြီး လိုက်နာကျင့်သုံးရန် ကြိုးစားခြင်းကိုဆိုလိုသည်။ ထို့ပြင် ကိုယ်တော်သည် သာသနာတွင် တရားသစ်တီထွင်ထားသည့်အရာများမှ ရှောင်ကြဉ်ကြရန် တိုက်တွန်းတော်မူသည် အဘယ့်ကြောင့်ဆိုသော် (ဗိဒ်အသ်) တရားသစ်တီထွင်မှုတိုင်းသည် လမ်းမှားပင်ဖြစ်သည်။