





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ် (ရဿွိယလ္လာဟုအန်ဟုမာ)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။ မွတ်စ်လင်မ်ဆိုသည်မှာ အခြားမွတ်စ်လင်မ်များအား မိမိ၏နှုတ်လျှာနှင့် လက်၏အန္တရာယ်မှကင်းစေသူဖြစ်သည်။ မုဟုဂျိရ်ဆိုသည်မှာ အလ္လာဟ်အရှင်မြတ် တားမြစ်ထားသောအရာများကို ရှောင်ကြဉ်သူဖြစ်သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အစ္စလာမ့်တရားတော်ကို ပြည့်ဝစွာလိုက်နာသူ မွတ်စ်လင်မ်ဟူသည် အခြားမွတ်စ်လင်မ်များအား မိမိ၏နှုတ်လျှာနှင့် လက်၏အန္တရာယ်မှကင်းစေပြီးသူတစ်ပါးအား ဆဲရေးတိုင်းထွာခြင်းလည်းမပြု၊ ကျိန်ဆဲခြင်းလည်းမပြု၊ နောက်ကွယ်အတင်းပြောခြင်းလည်းမပြု၊ မိမိနှုတ်လျှာဖြင့် အခြားသူများဒုက္ခရောက်စေမည့် မည်သည့်ကိစ္စရပ်ကိုမဆို ကျူးလွန်ခြင်းလည်းမရှိသောသူဖြစ်သည်။ ထို့ပြင် မိမိ၏လက်ဖြင့်အခြားသူများအား ကျူးလွန် စော်ကားခြင်းလည်းမပြု၊ သူတစ်ပါး၏ ပစ္စည်းဥစ္စာများအား မတရားသိမ်းယူခြင်း စသည့် မကောင်းသော အပြုအမူများကိုလည်း မပြုပေ။ မုဟုဂျိရ်ဆိုသည်မှာ အလ္လာဟ်အရှင်မြတ် တားမြစ်ထားသောအရာများကို ရှောင်ကြဉ်သူဖြစ်သည်။
ဂျာဗိရ်ဗင်န် အဗ်ဒုလ္လာဟ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို အဇာန်သံကိုကြားရသောအခါ ဤဒုအာ (اللَّهُمَّ رَبَّ هَذِهِ الدَّعْوَةِ التَّامَّةِ، وَالصَّلاَةِ القَائِمَةِ، آتِ مُحَمَّدًا الوَسِيلَةَ وَالفَضِيلَةَ، وَابْعَثْهُ مَقَامًا مَحْمُودًا الَّذِي وَعَدْتَهُ) (အိုအလ္လာဟ်အရှင်မြတ်၊ ဤပြည့်စုံသော ဖိတ်ခေါ်မှုနှင့်တည်ဆောက်မည့်ဆွလာသ်၏ အရှင်၊ တမန်တော်မြတ်မိုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ဝစီလဟ်(ဂျန္နသ်ရှိအမြင့်မြတ်ဆုံးနေရာ)နှင့် အဖန်ဆင်းခံအားလုံးတို့ထက် ပို၍မြင့်မြတ်သည့်အဆင့်အတန်းကို ချီးမြှင့်ပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ် ကတိပေးတော်မူခဲ့သည့် မကာမေမဟ်မူဒ် (ကိယာမသ်နေ့တွင် အကြီးမားဆုံး ရှဖာအသ်ကြားဝင်အသနားခံပေးမည့်နေရာ)သို့ ၎င်းအား (တမန်တော်မြတ်အား) ပို့ဆောင်တော်မူပါ) ဟု ရွတ်ဆိုခဲ့လျှင် ၎င်းအဖို့ ကိယာမသ်နေ့တွင် ငါကိုယ်တော်၏ ရှဖာအသ်ကြားဝင်အသနားခံပေးမှုသည် ထိုက်တန်သွားလေသည်။
رواه البخاريတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ရှင်းပြတော်မူသည်မှာ — မုအဇ်ဇင်န်၏ အဇာန်သံကို ကြားရပြီးနောက် ဤဒုအာအား ရွတ်ဆိုသူသည် — (اللَّهُمَّ رَبَّ هَذِهِ الدَّعْوَةِ) -အိုအလ္လာဟ်အရှင်မြတ်၊ ဤဖိတ်ခေါ်မှု၏ အရှင်- ဤသည် အဇာန်စကားလုံးများဖြစ်ပြီး၊ ၎င်းတို့ဖြင့် အလ္လာဟ်အရှင်မြတ်၏ ကိုးကွယ်မှုနှင့် ဆွလာသ်ဆီသို့ ဖိတ်ခေါ်ခြင်းဖြစ်သည်။ (التَّامَّةِ) “ပြည့်စုံသော” ဆိုသည်မှာ တစ်ဆူတည်းသောအရှင်ကိုးကွယ်မှုနှင့် ရစူလ်တမန်တော်များ၏တာဝန်အကြောင်း ဖိတ်ခေါ်ခြင်းဖြစ်သည်။ (وَالصَّلاَةِ القَائِمَةِ) ထို့ပြင် “မကြာမီတည်ဆောက်အပ်သောဆွလာသ်” ဆိုသည်မှာ အမြဲတစေ ဆောက်တည်လျက်ရှိသော ဆွလာသ်ဖြစ်သည်။ (آتِ مُحَمَّدًا الوَسِيلَةَ وَالفَضِيلَةَ) မိုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ဂျန္နသ်ရှိအမြင့်မြတ်ဆုံးနေရာကို ချီးမြှင့်ပေးသနားတော်မူပါ။ ထိုနေရာသည် အရှင်မြတ်၏ တမန်တော်မြတ်မှအပ အခြားမည်သူ့အတွက်မှ သင့်လျော်ခြင်းမရှိပေ။(وَالفَضِيلَةَ) ထို့ပြင် အခြားသော ဖန်ဆင်းခံများထက် သာလွန်သောအဆင့်အတန်းကို ချီးမြှင့်ပေးသနားတော်မူပါ။ ( وَابْعَثْهُ مَقَامًا مَحْمُودًا) ထို့ပြင် ၎င်း(တမန်တော်)အား မကာမေမဟ်မူးဒ်အား ချီးမြှင့်တော်မူပါ။ ၎င်း(မကာမေမဟ်မူးဒ်)သည် ကိယာမသ်နေ့တွင် အကြီးမားဆုံး ရှဖာအသ်ကြားဝင်အသနားခံပေးမည့်နေရာ ဖြစ်သည်။(الَّذِي وَعَدْتَهُ) အရှင်မြတ်က (မကြာမီ အသင့်အား အသင့်အရှင်သည် ချီးကျူးထိုက်သောအဆင့်သို့ ရောက်ရှိစေတော်မူလိမ့်မည်)ဟု မိန့်ကြားခဲ့သည့် ထိုကတိတော်ကို အတည်ပြုပေးသနားတော်မူပါ။ မည်သူမဆို ဤဒုအာအား ရွတ်ဆိုပါက ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်၏ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ရှဖာအသ်(ကြားဝင်အသနားခံပေးမှု)ကို ရထိုက်သူ ဖြစ်လာမည်ဖြစ်ပြီး၊ ထိုသူအတွက် တမန်တော်မြတ်၏ ရှဖာအသ်သည် ဝါဂျိဗ်ဖြစ်သွားလေသည်။
အဗူစအီးဒ်ခုဒ်ရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့ ငါကိုယ်တော်ရဲ့စွဟာဗဟ်သာဝကများအား မကောင်းမပြောကြလေနှင့်။ အသင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် အုဟုဒ်တောင်နှင့်ညီမျှသည့် ရွှေများကို လှူဒါန်းသုံးစွဲရင်တောင် သူတို့ထဲက တစ်ဦးတစ်ယောက် လှူဒါန်းသုံးစွဲသည့် တစ်မွဒ် ( နို့ဆီဗူးနှစ်ဗူးခွဲ) ကို မမီရုံမက ထိုတစ်မွဒ်ရဲ့ တစ်ဝက်ကိုပင် မီမည်မဟုတ်ပေ။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် မိမိ၏စွဟာဗဟ်သာဝကများကို မကောင်းပြောခြင်းမှ တားမြစ်ခဲ့သည်။ အထူး သဖြင့် မုဟာဂျိရီန်များနှင့် အန်စွာရ်များထဲမှ (အီမာန် ယူရာတွင်) အားလုံးထက် ရှေ့ဆုံးရောက်သူတို့အား ကဲ့ရဲ့ခြင်းမှ တားမြစ်ခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က လူတို့အနက် တစ်ဦးဦးသည် အုဟုဒ်တောင်ပမာဏ ရွှေများ လှူဒါန်းသုံးစွဲခဲ့ရင်လည်း စွဟာဗဟ်များအနက် တစ်ဦးတစ်ယောက် လှူဒါန်းသုံးစွဲခဲ့ကြသော မုဒ်တစ်ခုစာ (သို့) ၎င်း၏ ထက်ဝက်စာ၏ အကျိုးဆုလာဘ်မျှကိုပင် မရရှိနိုင်ကြောင်း မိန့်ကြားခဲ့သည်။ (မုဒ်ဆိုသည်မှာ သာမန်လူတစ်ဦး၏ လက်နှစ်ဆုပ်ပြည့်သော ပမာဏဖြစ်သည်။) ထိုသို့ဖြစ်ရခြင်းမှာ သူတို့၏ အိခ်လားစ် (အရှင်မြတ်အတွက်သာ သီးသန့်ဖြစ်စေခြင်း)များပြားမှု၊ စင်ကြယ်သော ရည်ရွယ်ချက်များနှင့် မက္ကာမြို့အောင်ပွဲမတိုင်မီ အရေးကြီးအချိန်ကာလ၌ (အရှင်မြတ်၏လမ်းတော်၌) အဦးဆုံးလှူဒါန်းခြင်း၊ စွန့်လွတ်ခြင်းနှင့် ဂျိဟာဒ်ပြုခြင်းတို့ကြောင့် ဖြစ်သည်။
ဂျာဗိရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "ဗဒရ်စစ်ပွဲနှင့် ဟုဒိုင်ဘီယာစစ်ပြေငြိမ်းရေးစာချုပ်တွင် ပါဝင်ခဲ့သော မည်သူမျှ ဂျဟန္နမ်ငရဲသို့ ဝင်ရောက်ရမည် မဟုတ်ပေ။"
رواه أحمد وأصله في صحيح مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဟိဂျ်ရီ (၂ )ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဗဒရ်စစ်ပွဲ၌ တမန်တော်နှင့်အတူ တိုက်ခိုက်ရန် ပါဝင်ခဲ့သူများနှင့် ဟိဂျ်ရီ( ၆ )ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဟုဒိုင်ဘီယာ ငြိမ်းချမ်းရေးစာချုပ်နှင့် ယင်း၌ဖြစ်ပွါးခဲ့သည့် ဗိုင်အသ်ရိဿ်ွဝါးန် (သစ္စာခံခြင်း) တွင် ပါဝင်ခဲ့သူများသည် ဂျဟန္နမ်ငရဲသို့ ဝင်ရောက်ရမည် မဟုတ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။
အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အဗူဘကရ်နှင့် အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ) တို့နှစ်ဦးနှင့် ပတ်သတ်၍ မိန့်ကြားတော်မူသည်မှာ - "နဗီတမန်တော်များနှင့် ရစူလ်တမန်တော်များမှလွဲ၍ ဤသူနှစ်ဦးသည် လွန်လေပြီးသောသူများနှင့် နောင်လာမည့်သူများအနက် လူလတ်ပိုင်းအရွယ် ဂျန္နသ်သုခဘုံသားများ၏ ခေါင်းဆောင်များ ဖြစ်ကြသည်။"
رواه الترمذيတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အဗူဘကရ်နှင့် အုမရ် (ရဿွိယလ္လာဟုအန်ဟုမှာ) တို့နှစ်ဦးသည် နဗီတမန်တော်များပြီးနောက် အမြတ်ဆုံးသောလူသားများဖြစ်ပြီး နဗီတမန်တော်များနှင့် ရစူလ်တမန်တော်များပြီးနောက် ဂျန္နသ်သို့ ဝင်ရောက်ရမည့်သူများအနက် အကောင်းဆုံးလူသားများ ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။
အဗူစအီးဒ်ခုဒ်ရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ "ဟစန်နှင့် ဟုစိုင်န်တို့သည် ဂျန္နတ်ရှိ လူငယ်များ၏ ခေါင်းဆောင်နှစ်ဦးဖြစ်ကြသည်။"
رواه الترمذي وأحمدတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားခဲ့သည်မှာ မိမိ၏မြေးတော်နှစ်ပါး၊ အလီ ဗင်န် အဘူသွာလိဗ်နှင့် ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏သမီးတော် ဖာသွိမဟ်တို့၏သားတော်နှစ်ပါးဖြစ်သည့် ဟစန်နှင့် ဟုစိုင်န် (ရဿွိယလ္လာဟုအန်ဟွမ်) တို့သည် မြင့်မြတ်မှုအားဖြင့် လူငယ်ဘဝ၌ ကွယ်လွန်ပြီး ဂျန္နတ်သို့ ဝင်ရောက်ကြမည့် လူငယ်အားလုံး၏ခေါင်းဆောင်များ သို့မဟုတ် နဗီတမန်တော်များနှင့် ခုလဖာအေရာရှီဒီးန် (တရားလမ်းမှန်ကို လိုက်နာသော ခလီဖဟ်ခေါင်းဆောင်ကြီးများ) မှလွဲ၍ ဂျန္နသ်သုခံဘုံသားများအနက် လူငယ်များ၏ ခေါင်းဆောင်များဖြစ်ကြောင်း မိန့်ကြားခဲ့သည်။
အဗ်ဒုလ္လာဟ် ဗင်န် အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "ဧကန်စင်စစ် သင်တို့အနက်တစ်ဦးဦး ကွယ်လွန်သေဆုံးသည့်အခါ ထိုသူသည် နံနက်ခင်းနှင့် ညနေခင်းအချိန်တိုင်း၌ မိမိ၏နေရာကို ပြသခြင်းခံရ၏။ (ထိုသူသည်) ဂျန္နသ်သုခဘုံသားများထဲမှ ဖြစ်ခဲ့လျှင် ဂျန္နသ်သုခဘုံသားများထဲမှ နေရာကိုလည်းကောင်း၊ ဂျဟန္နမ်ငရဲသားများထဲမှ ဖြစ်ခဲ့လျှင် ဂျဟန္နမ်ငရဲသားများထဲမှ နေရာကိုလည်းကောင်း (ပြသခြင်းခံရ၏)။ ထို့နောက် 'ဤသည် အသင့်အား အလ္လာဟ်အရှင်မြတ် ပြန်လည်ရှင်ပြန်ထမြောက်စေတော်မူမည့် ကိယာမသ်နေ့တိုင်အောင် သင်၏နေရာဖြစ်သည်' ဟု ပြောဆိုခြင်းခံရမည်။"
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်- အကယ်၍ ဗန္ဒဟ်ကျေးကျွန်တစ်ဦးသည် ကွယ်လွန်သေဆုံးသွားပါက ထိုသူအား နံနက်နှင့်ညနေတိုင်း သူ၏ (ဂျန္နသ် သို့မဟုတ် ဂျဟန္နမ်ငရဲ) ၌ သီးသန့် ဧည့်ခံခြင်းခံရမည့်နေရာကို ပြသခြင်းခံရသည်။ အကယ်၍ ထိုသူသည် ဂျန္နသ်သုခဘုံသားများထဲမှဖြစ်လျှင် ဂျန္နသ်သုခဘုံရှိ သူ၏နေရာ၊ ငရဲသားများထဲမှဖြစ်လျှင် ငရဲရှိ သူ၏နေရာတို့ကို ပြသခြင်းခံရပြီး ဤသို့ ပြောဆိုခြင်းခံရမည်။ ဤသည်ကား ကိယာမသ်ရှင်ပြန်ထမြောက်ရာနေ့တွင် သင်ပြန်လည်ရှင်ပြထရမည့် သင်၏နေရာဖြစ်သည်။ ထိုနေ့တွင် မုအ်မင်န်သက်ဝင်ယုံကည်သူအား ချမ်းသာသုခပေးခြင်းနှင့် ကာဖိရ်အား ပြစ်ဒဏ်ပေးခြင်းတို့ ရှိမည်ဖြစ်သည်။
သမီးမ် အဒ်ဒါရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ ဤအရေးကိစ္စ (အစ္စလာမ်သာသနာ) သည် ညနှင့်နေ့ ရောက်ရှိသော နေရာတိုင်း( တစ်ကမ္ဘာလုံး )သို့ မုချဧကန် ရောက်ရှိသွားလိမ့်မည်။ ရွံ့စေးဖြင့်ပြုလုပ်ထားသော အိမ်ဖြစ်စေ၊ သိုးမွေးဖြင့်ပြုလုပ်ထားသော အိမ်ဖြစ်စေ( တစ်နည်း မြို့တွင် နေသူဖြစ်စေ၊ တောရွာတွင် နေသူဖြစ်စေ) အလ္လာဟ်အရှင်မြတ်သည် ဤအစ္စလာမ်သာသနာကို မသွတ်သွင်းဘဲ မည်သည့်အိမ်တစ်အိမ်ကိုမျှ ချန်ထားတော်မူမည်မဟုတ်ပေ။ (ထိုအိမ်ရှင်များသည်) ဂုဏ်သိက္ခာရှိစွာဖြင့် (အစ္စလာမ်သာသနာကို) လက်ခံသည်ဖြစ်စေ၊ ငြင်းပယ်ပြီး သေးသိမ်မှုကို လက်ခံကြသည်ဖြစ်စေ ( ၎င်းတို့လက်ခံသည့် အတိုင်းသာ ဖြစ်ပေမည်)။ ထိုဂုဏ်သိက္ခာအား အလ္လာဟ်အရှင်မြတ်သည် အစ္စလာမ်သာသနာကို အကြောင်းခံ၍ ချီးမြှင့်တော်မူမည်ဖြစ်ပြီး၊ သေးသိမ်မှုအား အလ္လာဟ်အရှင်မြတ်သည် ကုဖုရ်ငြင်းပယ်မှုကို အကြောင်းခံ၍ သူတို့အား ရင်ဆိုင်စေတော်မူမည်ဖြစ်သည်။ ထို့နောက် သမီးမ် အဒ်ဒါရီ(ရဿွိယလ္လာဟုအန်ဟု)က “ကျွန်ုပ်၏မိသားစုထဲ၌ပင် ဤအချက်ကို ကိုယ်တွေ့မြင်ခဲ့ရပါသည်။ ၎င်းတို့ထဲမှ အစ္စလာမ်သာသနာကို လက်ခံခဲ့ကျသူများသည် ကောင်းခြင်း၊ ဂုဏ်သိက္ခာနှင့် ဂုဏ်အသရေတို့ကို ရရှိခဲ့ကြသည်။ သို့ရာတွင် ကာဖိရ်အဖြစ် ဆက်လက်ရှိနေခဲ့ကျသူများမှာမူ သေးသိမ်နိမ့်ကျခြင်း၊ ဂုဏ်သိက္ခာမဲ့ခြင်းနှင့် ဂျိဇ်ယဟ် ( အခွန် ) ပေးဆောင်ရမှုကို ရင်ဆိုင်ခံစားခဲ့ကြရသည်” ဟု ပြောဆိုခဲ့သည်။
رواه أحمدအလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဤအစ္စလာမ်သာသနာသည် ကမ္ဘာမြေ၏ နေရာအသီးသီးသို့ ပြန့်နှံ့သွားမည်ဖြစ်ကြောင်း ကြိုတင်မိန့်ကြားတော်မူခဲ့သည်။ ညနှင့်နေ့ ရောက်ရှိရာ မည်သည့်နေရာဒေသမဆို ဤသာသနာရောက်ရှိသွားမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် မြို့ပြရှိ(လူများ၏) အိမ်များ သို့မဟုတ် ကျေးလက်တောတောင်ရှိ( လူများ၏)အိမ်များကိုပင် ဤဒီန်(အစ္စလာမ်သာသနာ) ကို မသွတ်သွင်းဘဲ မည်သည့်အိမ်တစ်အိမ်ကိုမျှ ချန်ထားတော်မူမည်မဟုတ်ပေ။ သို့ဖြစ်ရာ မည်သူမဆို ဤသာသနာကို လက်ခံယုံကြည်ပါက အစ္စလာမ်သာသနာ၏ ဘုန်းတန်ခိုးကြောင့် ဂုဏ်သိက္ခာရှိသူ ဖြစ်မည်ဖြစ်ပြီး၊ မည်သူမဆို ထိုသာသနာအား ငြင်းပယ်ပါက ဂုဏ်သိက္ခာမဲ့ကာ သေးသိမ်သူအဖြစ် နှိမ့်ချခြင်းကို ခံရသူဖြစ်ပေမည်။ ထို့နောက် သမီးမ်အဒ်ဒါရီ (ရဿွိယလ္လာဟုအန်ဟု) က တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားခဲ့သည်မှာ အမှန်ပင်ဖြစ်ကြောင်းကို မိမိ၏ မိသားစုဝင်များထဲ၌ပင် ကိုယ်တွေ့မြင်တွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့ထဲမှ အစ္စလာမ်သာသနာကို လက်ခံခဲ့ကျသူများသည် ကောင်းခြင်း၊ ဂုဏ်သိက္ခာနှင့် ဂုဏ်အသရေတို့ကို ရရှိခဲ့ကြသည်။ သို့ရာတွင် ကုဖုရ်ငြင်းပယ်ခဲ့ကျသူများမှာမူ သေးသိမ်နိမ့်ကျခြင်း၊ ဂုဏ်သိက္ခာမဲ့ခြင်းအပြင်၊ မွတ်စ်လင်မ်များအား အခွန်ကြေးဆောင်ရခြင်းတို့ကို ခံစားခဲ့ကြရသည်။
အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) ဆင့်ပြန်ထားသော ဟဒီးဆ်တော်တွင်လာရှိထားသည်။ သူမကပြောပြသည်မှာ- ကျွန်မက အိုအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် အစ်ဗ်နု ဂျုဒ်အာန်သည် (ဂျာဟိလိယသ်) အမိုက်ခေတ်တွင် ဆွေမျိုးသားချင်း အဆက်အထားသူ၊ ဆင်းရဲသားများကို ကျွေးမွေးသူတစ်ဦးဖြစ်ခဲ့သည်။ သို့ဖြစ်၍ ထိုလုပ်ရပ်တို့က သူ့အား အကျိုးပေးနိုင်မည်လားဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က ဖြေကြားတော်မူသည်မှာ- သူ့အား အကျိုးမပေးနိုင်ပေ။ ၎င်းသည် တစ်ခါမျှပင် အို-ဖန်ဆင်းမွေးမြူတော်မူသောအရှင် ကိယာမသ်နေ့၌ ကျွန်တော်မျိုး၏ အပြစ်များကို ခွင့်လွှတ်တော်မူပါဟူ၍ ပြောဆိုခဲ့ခြင်းမရှိပေ။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အစ္စလာမ်မတိုင်မီက ကုရိုင်ရှ်ခေါင်းဆောင်များအနက်မှ တစ်ဦးဖြစ်သူ အဗ်ဒုလ္လာဟ်ဗင်န် ဂျုဒ်အာန် ဆောင်ရွက်ခဲ့သည့် အစ္စလာမ်သာသနာက တိုက်တွန်းထားသော ကောင်းမှုများဖြစ်သည့် ဆွေမျိုးသားချင်း အဆက်ထားခြင်း၊ ဆွေမျိုးများကို ကောင်းမွန်စွာ ဆက်ဆံခြင်း၊ ဆင်းရဲသားများကို ကျွေးမွေးခြင်းစသည်တို့အပြင် အခြားကောင်းမှုများသည် နောင်တမလွန်အာခိရသ်တွင် ၎င်းအား အကျိုးမပေးနိုင်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ထိုသို့ အကျိုးမပေးရခြင်းမှာ ၎င်းသည် အလ္လာဟ်အရှင်မြတ်ကို ကုဖ်ရ် သွေဖည်ငြင်းပယ်ခဲ့ပြီး တစ်ရက်တလေမျှပင် အို-ဖန်ဆင်းမွေးမြူတော်မူသောအရှင် ကိယာမသ်နေ့၌ ကျွန်တော်မျိုး၏ အပြစ်များကို ခွင့်လွှတ်တော်မူပါဟူ၍ ပြောဆိုခဲ့ခြင်းမရှိသည့်အတွက်ဖြစ်သည်။