





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
ဇိုက်ဒ်ဗင်န် ခါလစ်ဒ် အလ်ဂျုဟနီး (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဟုဒိုင်ဗီယဟ်တွင် ညဘက်မိုးရွာသွန်းပြီးနောက် ကျွန်တော်တို့အား ဦးဆောင်ကာ ဖဂျရ်ဆွလာသ်ကို ဆောက်တည်ပေးတော်မူသည်။ ကိုယ်တော်သည် ဆွလာသ်ပြီးနောက် လူတို့ဘက်သို့လှည့်တော်မူပြီး အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က မည်သို့အမိန့်ရှိသည်ကို သင်တို့သိကြပါသလားဟု မေးမြန်းတော်မူသည်။ သာဝကကြီးများက အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်သည်သာလျှင် အသိဆုံး ဖြစ်တော်မူပါသည်ဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်ကမိန့်ကြားသည်မှာ- (အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်) ငါအရှင်မြတ်၏ ကျေးကျွန်များအနက်အချို့သည် ငါအရှင်မြတ်အား သက်ဝင်ယုံကြည်သူ ‘မုအ်မင်န်’အဖြစ် နံနက်ချိန်သို့ ဝင်ရောက်ကြပြီး အချို့သည်ငြင်းပယ်သူ ‘ကာဖိရ်’အဖြစ် နံနက်ချိန်သို့ဝင်ရောက်ကြသည်။ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် အရှင်မြတ်၏ ကရုဏာတော်ကြောင့် ကျွန်ုပ်တို့အပေါ် မိုးရွာသွန်းသည်ဟု ပြောဆိုသူသည် ငါအရှင်မြတ်ကို ယုံကြည်သူဖြစ်ပြီး၊ နက္ခတ်တာရာများကို ငြင်းပယ်သူဖြစ်သည်။ ဤနက္ခတ်၊ ထိုနက္ခတ်ကြောင့် (မိုးရွားသွန်းသည်)ဟု ပြောဆိုသူသည်ငါအရှင်မြတ်ကို ငြင်းပယ်သူဖြစ်ပြီး၊ နက္ခတ်တာရာများကို ယုံကြည်သူဖြစ်သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မက္ကဟ်မြို့အနီးနားရှိ ရွာတစ်ရွာဖြစ်သော ဟုဒိုင်ဗီယဟ်တွင်ရှိနေစဉ် ညဘက်မိုးရွာသွန်းပြီးနောက် နံနက်တွင်ဖဂျရ်ဆွလာသ်ကို ဆောက်တည်တော်မူခဲ့သည်။ ကိုယ်တော်သည် စလာမ်လှည့်ကာ ဆွလာသ်ကိုအဆုံးသတ်ပြီးနောက် လူတို့ဘက်သို့လှည့်တော်မူပြီး အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က မည်သို့အမိန့်ရှိသည်ကို သင်တို့သိကြပါသလားဟု မေးမြန်းတော်မူသည်။ သာဝကကြီးများက အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်သည်သာလျှင် အသိဆုံး ဖြစ်တော်မူပါသည်ဟု ဖြေကြားခဲ့ကြသည်။ ထိုအခါ ကိုယ်တော်ကမိန့်ကြားသည်မှာ မိုးရွာသွန်းသည့်အခါ လူတို့တွင် အလ္လာဟ်အရှင်မြတ်ကို သက်ဝင်ယုံကြည်သူ ‘မုအ်မင်န်’နှင့် အလ္လာဟ်အရှင်မြတ်ကိုငြင်းပယ်သူ ‘ကာဖိရ်’ဟူ၍ နှစ်မျိုးကွဲသွားကြောင်းအလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် အရှင်မြတ်၏ ကရုဏာတော်ကြောင့် ကျွန်ုပ်တို့အပေါ် မိုးရွာသွန်းသည်ဟု ပြောဆိုသူ၊ အလ္လာအရှင်မြတ်ကသာ မိုးရွားသွန်းစေသည်ဟု ပြောဆိုသူသည် စကြာဝဠာခပ်သိမ်းကို စီမံအုပ်ချုပ်တော်မူသော ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်သူဖြစ်ပြီး၊ နက္ခတ်တာရာများကို ငြင်းပယ်သူဖြစ်သည်။ ဤနက္ခတ်၊ ထိုနက္ခတ်ကြောင့် ကျွန်ုပ်တို့အပေါ် မိုးရွားသွန်းသည်ဟု ပြောဆိုသူသည်ငါအရှင်မြတ်ကို ငြင်းပယ်သူဖြစ်ပြီး၊ နက္ခတ်တာရာများကို ယုံကြည်သူဖြစ်သည်။ မိုးရွာသွန်းခြင်းအား နက္ခတ်တာရာများနှင့် ပတ်သက်ဆက်နွယ်ပြောဆိုခြင်းသည်‘ကုဖ်ရ် အဆ်ွဂရ်’ဖြစ်ပြီး အစ္စလာမ့်ဘောင်အပြင်သို့ မရောက်စေသော်လည်း ကြီးမားသည့် အပြစ်အကုသိုလ် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ထိုနက္ခတ်တာရာများကို ရှရီအသ် တရားတော်အရဖြစ်စေ၊ သတ်မှတ်ချက်အရဖြစ်စေ အကြောင်းခံအဖြစ် မသတ်မှတ်ထားပါ။ မိုးရွားသွန်းခြင်းအပြင် ကမ္ဘာပေါ်တွင် ဖြစ်ပျက်နေသောအကြောင်းကိစ္စများသည် နက္ခတ်တာရာများပေါ်ထွက်ခြင်း၊ ပျောက်ကွယ်ခြင်းတို့ကြောင့်ဖြစ်ပြီး ၎င်းတို့က ထိုကိစ္စများကို အမှန်တကယ်ဖြစ်ပေါ်စေသည်ဟု ယုံကြည်ချက်ထားသူသည်‘ကုဖ်ရ် အက္ကဗရ်’အစ္စလာမ့်ဘောင်အပြင်သို့ရောက်စေသည့် ကုဖ်ရ် ထိုက်မည်ဖြစ်သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ သာဝကအချို့သည် ရောက်ရှိလာပြီး ကိုယ်တော့်အား ကျွန်တော်တို့အနက် လူတိုင်းသည် ထုတ်ဖော်ပြောဆိုရန်ပင် အလွန်ဝန်လေးမိသည့် (ရှိုင်သွာန်ဘက်မှလာသော မကောင်းသည့်)အတွေးများ ကျွန်တော်တို့၏ စိတ်ထဲ၌ပေါ်ပေါက်နေပါသည်ဟု လျှောက်ထားခဲ့ကြသည်။ ကိုယ်တော်က သင်တို့သည် ထိုကိစ္စမျိုးအမှန်တကယ်ကြုံတွေ့ခဲ့ကြပါသလားဟု မေးမြန်းတော်မူရာ ၎င်းတို့က ဟုတ်ကဲ့ပါဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ဤသည် စစ်မှန်သည့် အီမာန်ယုံကြည်မှုပင်ဖြစ်သည်။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ သာဝကအချို့သည် ရောက်ရှိလာပြီး ၎င်းတို့စိတ်ထဲတွင် ဖြစ်ပေါ်လာသော ပြောပြရန်ပင် ဝန်လေးမိသည်အထိ ၎င်းတို့အဖို့ မနှစ်သက်စရာဖြစ်သော ကြီးကျယ်လှသည့်ကိစ္စရပ်နှင့် ပတ်သက်၍ ကိုယ်တော့်အား လျှောက်ထားမေးမြန်းကြသည်။ ထိုအခါ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အသင်တို့ကြုံတွေ့နေရသည့်အရာသည် စစ်မှန်သည့် အီမာန်ယုံကြည်မှုပင်ဖြစ်သည်။ ထိုအီမာန်ယုံကြည်မှုက စိတ်နှလုံးသားအတွင်းသို့ ရှိုင်သွာန်ဘက်မှ ထည့်သွင်းပေးသည့် ‘ဝတ်စ်ဝစဟ်’ယုံမှားသံသယစိတ်ကို လက်ခံယုံကြည်ခြင်းမှ အသင်တို့အား တားဆီးပေးပြီး အသင်တို့၏စိတ်ထဲတွင် ယင်းအား ကြီးကျယ်သည့် ကိစ္စအဖြစ်မှတ်ယူစေကာ ပြောပြရန်မနှစ်သက်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ဧကန်အမှန်ပင် ရှိုင်သွာန်သည် အသင်တို့၏ စိတ်နှလုံးသားများကို မကောင်းသည့်သံသယအတွေးများပေါ်တွင် ရပ်တည်နေရန် မစွမ်းဆောင်နိုင်တော့ပေ ဤသည် ရှိုင်သွာန်က မကောင်းသည့် သံသယအတွေးများ ထည့်သွင်းပေးကာ ၎င်းတို့ကို တွန်းလှန်နိုင်စွမ်းမရှိသူတို့နှင့် ဆန့်ကျင်ဘက်ပင်ဖြစ်သည်။
အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ လူတစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်၍ အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်တို့အနက်မှ တစ်ဦးတစ်ယောက်သည် သူ၏စိတ်ထဲ၌ အတွေးများဖြစ်ပေါ်နေပြီး ထိုအ တွေးကိုပြောပြရန်ထက် ပြာဖြစ်သွားခြင်းကို ၎င်းအနေဖြင့် ပိုနှစ်သက်ပါသည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူ၏။ ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်တော်မူ၏ အကြင်အရှင်မြတ်သည် ၎င်း(ရှိုင်သွာန်)၏ လှည့်ဖျားမှုကို ဝတ်စ်ဝစဟ် (သံသယအတွေး) အဖြစ်သို့ပြောင်းလဲတော်မူခဲ့သည်။
رواه أبو داود والنسائي في الكبرىပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်လျှောက်ထားခဲ့သည်မှာ အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်တို့အနက်မှ တစ်ဦးတစ်ယောက်သည် ၎င်း၏စိတ်ထဲ၌ အတွေးများဖြစ်ပေါ်နေသည်။သို့သော် ထိုအကြောင်းအား ထုတ်ဖော်ပြောပြခြင်းထက် ၎င်းအနေဖြင့်ပြာဖြစ်သွားခြင်းကို ပို၍နှစ်သက်မိသည်အထိ ပြောဆိုရန်ခက်ခဲကြောင်း လျှောက်ထားခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သက္ကဗီရ် နှစ်ကြိမ်ဆိုတော်မူပြီး ရှိုင်သွာန်၏ လှည့်စားမှုကို ဝတ်စ်ဝစဟ် သံသယအတွေးအဖြစ်သို့သာ ပြောင်းလဲပေးခဲ့သော အလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောမနာပြုတော်မူခဲ့သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်ထံသို့ ရှိုင်သွာန်ကလာရောက်၍ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်း၊ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု မေးမြန်းရင်း နောက်ဆုံး သင်၏အရှင်သခင်ကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု မေးမြန်းလိမ့်မည်။ အကယ်၍ ထိုအဆင့်ထိ ရောက်လာခဲ့လျှင် أَعُوذُ بِاللَّهِ (အလ္လာဟ်အရှင်မြတ်၏ ထံတော်တွင်ခိုလှုံပါ၏ဟု) ရွတ်ဆိုကာ ထိုမကောင်းသည့်အတွေးကို စွန့်လိုက်ပါ။
متفق عليهအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား ရှိုင်သွာန်မိစ္ဆာ ဘက်မှထည့်သွင်းပေးသော မကောင်းသည့် သံသယမေးခွန်းများကို ထိရောက်စွာကုသနိုင်မည့် နည်းလမ်းကို ညွှန်ပြတော်မူခဲ့သည်။ ရှိင်သွာန်မိစ္ဆာက ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်း၊ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်း၊ မိုးကောင်းကင်ကို မည်သူဖန်ဆင်းခဲ့သနည်း၊ မြေပထဝီကို မည်သူဖန်ဆင်းခဲ့သနည်းဟူ၍ မေးမြန်းလိမ့်မည်ဖြစ်သည်။ ထိုအခါ မုအ်မင်န်က ဘာသာတရား၊ ပင်ကိုအသိ၊ အသိဉာဏ်ပညာတို့ဖြင့် အလ္လာဟ်အရှင်မြတ်ပင် ဖြစ်သည်ဟု ဖြေကြားလိမ့်မည်။ သို့သော် ရှိုင်သွာန်မိစ္ဆာသည် မကောင်းသည့် သံသယမေးခွန်းများကို ဤအတိုင်းအတာလောက်ဖြင့် မရပ်တန့်သွားဘဲ နောက်ဆုံး သင်၏အရှင်သခင်ကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု ဆက်လက်မေးမြန်းမည်ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် မုအ်မင်န်တစ်ဦးအနေဖြင့် ဤသို့သော မကောင်းသည့် သံသယမေးခွန်းများကို အချက်(၃) ချက်အားဖြင့် ဖယ်ရှားပစ်ရမည်။ ၎င်းတို့မှာ (၁) အလ္လာဟ်အရှင်မြတ်အပေါ် အီမာန်သက်ဝင်ယုံကြည်ခြင်း၊ (၂) ရှိုင်သွာန်မိစ္ဆာ၏ နှောက်ယှက်မှုမှ ကင်းဝေးရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံမှုရယူခြင်း၊ (၃) ဆက်တိုက်ဖြစ်ပေါ်လာသော မကောင်းသည့် သံသယမေးခွန်းများ ရပ်တန့်ပစ်ခြင်း စသည်တို့ဖြစ်သည်။
အနတ်စ်ဗင်န်မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူ၏ မည်သည့်ကုသိုလ်ကောင်းမှုကိုမျှ မတရားပြုတော်မူမည်မဟုတ်ပေ။ ၎င်းသည် ထိုကောင်းမှုကြောင့် လောက၌ ကောင်းကျိုးချီးမြှင့်ခြင်းခံရပြီး နောင်တမလွန် အာခိရသ်တွင်လည်း အစားပြန်လည်ရရှိမည်ဖြစ်သည်။ ကာဖိရ် သွေဖည်ငြင်းပယ်သူသည် အလ္လာဟ်အရှင်မြတ်အတွက် ၎င်းဆောင်ရွက်ခဲ့သည့် ကောင်းမှုများကြောင့် လောက၌ပင် ကျွေးမွေးခြင်းခံရပြီး နောင်တမလွန် အာခိရသ်သို့ရောက်သည့်အခါ ၎င်းအတွက် အစားပြန်လည်ရရှိမည့် မည်သည့်ကောင်းမှုမျှ ရှိလိမ့်မည်မဟုတ်ပေ။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုအ်မင်များအပေါ် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးပြုမှုနှင့် ကာဖိရ်များအပေါ် အလ္လာဟ်အရှင်မြတ်၏ တရားမျှတမှုတို့ကို ရှင်းပြတော်မူခဲ့သည်။ မုအ်မင်န်တစ်ဦးပြုလုပ်ခဲ့သည့် ကောင်းမှုများ၏ အကျိုးကုသိုလ်သည် ယုတ်လျော့မသွားပေ။ ထို့ပြင် ၎င်း၏နာခံမှုကြောင့် ကောင်းမှုများ၏ အကျိုးကို လောက၌လည်း ချီးမြှင့်ခံရသလို နောင်တမလွန်ဘဝတွင်လည်း သိမ်းဆည်းထားသော အကျိုးကုသိုလ်အဖြစ် ရှိနေမည်ဖြစ်သည်။ နောင်တမလွန်ဘဝတွင် ထိုကောင်းမှုများ၏အစားကို ၎င်းအတွက် ပြည့်ပြည့်ဝဝ ထိန်းသိမ်းထားမည်ဖြစ်သည်။ ကာဖိရ် သွေဖည်ငြင်းပယ်သူနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်သည် ၎င်းဆောင်ရွက်ခဲ့သည့် ကောင်းမှုများ၏အစား လောကီအကျိုးများကို ပေးတော်မူမည်ဖြစ်ပြီး နောင်တမလွန်ဘဝသို့ ရောက်သည့်အခါ ၎င်းအတွက် အစားပြန်လည်ရရှိရန် မည်သည့်ကောင်းမှုမျှ ကျန်ရှိတော့မည်မဟုတ်ပေ။အဘယ့်ကြောင့်ဆိုသော် ကောင်းမှုကုသိုလ်သည် နှစ်ဘ၀စလုံးတွင် အကျိုးပေးရန် ကောင်းမှုပြုလုပ်သူသည် မုအ်မင်န်ဖြစ်ရန်လိုအပ်သည်။
ဟကီးမ်ဗင်န် ဟိဇာမ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးသည် ဂျာဟိလိယဟ် အမိုက်ခေတ်တွင် အိဗာဒသ် ကိုးကွယ်ဆည်းကပ်မှု၏ ရည်ရွယ်ချက်ဖြင့် ဆွဒကဟ်အလှူဒါနပြုခြင်း၊ ကျေးကျွန်ကို သူကောင်းပြုခြင်းနှင့် ဆွေမျိုးဆက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ထိုကိစ္စများအတွက် အကျိုးတစ်စုံတစ်ရာရနိုင်ပါသလားဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဖြေကြားတော်မူသည်မှာ အသင်အလျင်ကပြုခဲ့သည့် ကောင်းမှုများဖြင့် သင်အစ္စလာမ်သာသနာဝင် ဖြစ်လာခြင်းဖြစ်သည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်မှာ ကာဖိရ်တစ်ဦးသည် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ခဲ့ပါက ၎င်းသူအစ္စလာမ်သာသနာကို လက်မခံမီ ဂျာဟိလိယဟ် အမိုက်ခေတ်တွင် ပြုလုပ်ခဲ့သော ဆွဒကဟ်အလှူဒါနပြုခြင်း၊ ကျေးကျွန်ကို သူကောင်းပြုခြင်း၊ ဆွေမျိုးဆက်ခြင်း စသည့်အမလ်ကောင်းမှုများ၏ အကျိုးကုသိုလ်ကို ရရှိမည်ဖြစ်သည်။
အစ်ဗ်နုအုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ‘မုနာဖိက်’ အရေခြုံမွတ်စ်လင်မ်၏ ပမာသည် ဆိတ်အုပ် နှစ်အုပ်ကြားထဲ၌ မည်သည့်ဘက်လိုက်ရမည်ကိုမသိသည့် ဆိတ်မကဲ့သို့ဖြစ်သည်။ ၎င်းသည် တစ်ကြိမ်တွင် ဤအုပ်စုဆီသို့သွားပြီး နောက်တစ်ကြိမ်တွင် နောက်အုပ်စုဆီသို့သွားသည်။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ‘မုနာဖိက်’ အရေခြုံမွတ်စ်လင်မ်အား ဆိတ်နှစ်အုပ်ကြားတွင် မည်သည့်နောက်သို့လိုက်ရမည်ကို မသိဘဲ သို့လောသို့လော ဖြစ်နေသည့် ဆိတ်မဖြင့် ပမာပေးကာ ရှင်းပြတော်မူခဲ့သည်။ ၎င်းသည် ဤအုပ်စုဘက်သို့ တစ်ခေါက်သွားလိုက် ထိုအုပ်စုဘက်သို့ တစ်ခေါက်သွားလိုက် ဖြစ်နေသည်။ မုနာဖိက်တို့သည် အီမာန် သက်ဝင်ယုံကြည်မှုနှင့် ‘ကုဖ်ရ်’ သွေဖည်ငြင်းပယ်မှုကြား၌ ဝေခွဲမရသူများဖြစ်ကြသည်။ ၎င်းတို့သည် မုအ်မင်န်ယုံကြည်သူများနှင့် အတွင်း၊အပြင်နှစ်ခုစလုံးတွင် တူညီမှုမရှိသလို ကာဖိရ်သွေဖည်ငြင်းပယ်သူများနှင့်လည်း အတွင်း၊အပြင် နှစ်ခုစလုံးတွင် တူညီမှုမရှိကြပေ။ သို့သာမက ၎င်းတို့၏ အပေါ်ယံသည် မုအ်မင်န်ယုံကြည်သူများကဲသို့ဖြစ်ပြီး ၎င်းတို့၏အတွင်းစိတ်၌ ဒွိဟသံသယရှိသူများဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် တစ်ခါတစ်ရံ မုအ်မင်န်များဘက်သို့ တိမ်းညွတ်ပြီး တစ်ခါတစ်ရံ ကာဖိရ်များဘက်သို့ တိမ်းညွတ်ကြသည်။
အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ် ဗင်န်အာဆ်ွ (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ဧကန်အမှန်ပင် အဝတ်အထည်သည် ဟောင်းနွမ်းသွားသကဲ့သို့ အသင်တို့အနက်မှ တစ်ဦးတစ်ယောက်၏(နှလုံသား) အတွင်း၌ရှိသော အီမာန်သည်လည်း ဟောင်းနွမ်းသွားသည်။ ထို့ကြောင့် အသင်တို့နှလုံးသားအတွင်း၌ရှိသော အီမာန်အား သစ်လွင်လန်းဆန်းလာစေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဒုအာတောင်းခံကြပါ။
رواه الحاكم والطبرانيတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန်ကြားတော်မူခဲ့သည်မှာ အဝတ်အစားအသစ်သည် ဝတ်ဆင်မှုကြာရှည်လာသည့်နှင့်အမျှ ဟောင်းနွမ်းသွားသကဲ့သို့ မွတ်စ်လင်မ်တစ်ဦး၏ နှလုံးသားထဲ၌ရှိသော အီမာန်ယုံကြည်မှုသည်လည်း ဟောင်းနွမ်းသွားတတ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ‘အိဗာဒသ်’ခဝပ်ကိုးကွယ်မှု လျော့နည်းလာခြင်း၊ အပြစ်အကုသိုလ်များ ကျူးလွန်ခြင်း၊ စိတ်အလိုရမ္မက်နောက်လိုက်ခြင်းတို့ကြောင့်ဖြစ်သည်။ သို့ဖြစ်၍ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်ုပ်တို့၏ အီမာန်ယုံကြည်မှုအား သစ်လွင်လန်းဆန်းလာစေရန်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဒုအာတောင်းခံခြင်း၊ ဆွလာသ် ဆောက်တည်ခြင်း၊ ‘ဖရ်ဿ်ွ' တာဝန်များကျေပွန်ခြင်း၊‘ဇိက်ရ်’သတိရတသခြင်းနှင့် ‘အိစ်သိဂ်ဖါရ်’လွတ်ငြိမ်းချမ်းသာခွင့်တောင်းခံခြင်းတို့ကို များမြောင်စွာပြုရန် ညွှန်ကြားပြသတော်မူခဲ့သည်။
အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်မှ ကြားသိခဲ့ရသည့် ဟဒီးဆ်တော်တစ်ပုဒ်အား အသင်တို့ကိုပြောပြမည်။ ထိုဟဒီးဆ်တော်အား ကျွန်ုပ်အပြင် မည်သူမျှ အသင်တို့ကိုပြောပြမည် မဟုတ်ပေ။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ ဧကန်အမှန်ပင် ကိယာမသ်၏ နိမိတ်လက္ခဏာများအနက် အချို့မှာ- အသိပညာ ရုပ်သိမ်းခံရခြင်း၊ (သာသနာ့)အသိပညာကင်းမဲ့မှု များပြားလာခြင်း၊ ‘ဇိနာ’တရားမဝင်ကာမအမှု ပေါများလာခြင်း၊ အရက်သေစာသောက်သုံးမှု များပြားလာခြင်း၊ အမျိုးသားဦးရေ နည်းပါးသွားခြင်း အမျိုးသမီး အယောက်(၅၀)အတွက် တာဝန်ယူထိမ်းသိမ်းစောင့်ရှောက်မည့် အမျိုးသားတစ်ဦးသာ ရှိတော့သည်အထိ အမျိုးသမီးဦးရေ များပြားလာခြင်းတို့ဖြစ်သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကိယာမသ် နီးကပ်လာသည့်အခါ ဖြစ်ပေါ်လာမည့် နိမိတ်လက္ခဏာများနှင့် ပတ်သက်၍ ရှင်းပြတော်မူခဲ့သည်။ ထိုနိမိတ်လက္ခဏာများထဲတွင် သာသနာ့အသိပညာ ရုပ်သိမ်းခံရခြင်းပါဝင်သည်။ သာသနာ့ပညာသည် သာသနာ့ပညာရှင်များ ကွယ်လွန်သေဆုံးခြင်းဖြင့် ရုပ်သိမ်းခံရမည်ဖြစ်သည်။ ထိုသို့ ပညာရှင်ကွယ်လွန်သွားကြသည့်အတွက် ပညာမဲ့မှုများ ပေါများ၊ပြန့်နှံ့လာမည်ဖြစ်သည်။ ထို့ပြင် ‘ဇိနာ’တရားမဝင် ကာမအမှု ပေါများလာခြင်း၊ လူတို့အရက်သေစာ သောက်သုံးမှုများပြားလာခြင်း၊ အမျိုးသားဦးရေ နည်းပါးသွားခြင်း၊ အမျိုးသမီးဦးရေ များပြားလာခြင်း နောက်ဆုံးအမျိုးသားတစ်ဦးက အမျိုးသမီး အယောက်(၅၀)၏ အရေးကိစ္စများနှင့်အကျိုးစီးပွားတို့ကို တာဝန်ယူထိမ်းသိမ်းစောင့်ရှောက်ရမည်ဖြစ်သည်။