





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မည်သည့်အပြစ်အကုသိုလ်သည် အကြီးဆုံးဖြစ်ပါသနည်းဟုမေးလျှောက်ခဲ့ရာ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်သည် သင့်အားဖန်ဆင်းတော်မူသည့် အရှင်ဖြစ်ပါလျက် သင်သည် အခြားအရာများကို အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။ ကျွန်တော်က မုချထိုအပြစ်သည် ကြီးမားပါသည်ဟု ပြောခဲ့သည်။ ကျွန်တော်က ထို့နောက် မည်သည့်အပြစ်အကုသိုလ်သည် အကြီးဆုံးဖြစ်ပါနည်းဟု မေးလျှောက်ခဲ့ရာ ကိုယ်တော်က ၎င်းနောက် သင့်သားသမီးက သင်နှင့်အတူခွဲဝေ စားသောက်ကြမည်ကို စိုးရိမ်၍ ၎င်းကို သတ်ဖြတ်ခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။ ကျွန်တော်က ထို့နောက် မည်သည့်အပြစ်အကုသိုလ်သည် အကြီးဆုံးဖြစ်ပါနည်းဟု မေးလျှောက်ခဲ့ရာ ကိုယ်တော်က ၎င်းနောက် သင့်အိမ်နီးချင်း၏ ဇနီးအား (ဇိနာ) တရားမဝင်ကာမမှု ကျူးလွန်ခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အကြီးဆုံးအပြစ်အကုသိုလ်များနှင့် ပတ်သက်၍ လျှောက်ထားမေးမြန်းခြင်းခံရသည့်အခါ ဖြေကြားတော်မူသည်မှာ အပြစ်များအနက် အကြီးဆုံးမှာ (ရှိရ်က် အက္ကဗရ်) ဖြစ်သည်။ ဤသည် အသင့်အနေဖြင့် အရှင်မြတ်၏ ဖန်ဆင်းမှုတွင်လည်းကောင်း၊ ခဝပ်ကိုးကွယ်မှု ခံထိုက်ခြင်းတွင်လည်းကောင်း၊ ဂုဏ်တော် နာမတော်များတွင်လည်းကောင်း အရှင်မြတ်နှင့်အတူ ဂုဏ်ရည်တူ၊ တွဲဖက်၊ ယှဉ်ဖက်ရှိသည်ဟု သတ်မှတ်ခြင်းဖြစ်သည်။ ထိုပြစ်မှုအပေါ် သောဝ်င်ဗဟ် အမှားဝန်ချတောင်းပန်မှုမပြုပါက အလ္လာဟ်အရှင်မြတ်သည် လုံးဝခွင့်လွှတ်တော်မူမည်မဟုတ်ပေ။ ရှိရ်က် အက္ကဗရ် ကျူးလွန်ထားသူသည် ထိုအခြေ အ နေ၌ပင် သေဆုံးသွားပါက ငရဲမီး၌ ထာဝရနေရမည်ဖြစ်သည်။ ဒုတိယအကြီးဆုံး အပြစ်မှာ သားသမီးက မိမိနှင့်အတူခွဲဝေ စားသောက်မည်ကို စိုးရိမ်၍ ၎င်းကို သတ်ဖြတ်ခြင်းဖြစ်သည်။ ဟရာမ် တားမြစ်ထားသော အသက်တစ်ချောင်းကို သတ်ဖြတ်ခြင်းဖြစ်သော်လည်း အသတ်ခံရသူသည် သတ်လိုက်သူ၏ သားချင်းအရင်းအချာဖြစ်သောကြောင့် ၎င်း၏အပြစ်မှာ ပိုကြီးသွားသည်။ ထို့ပြင် သတ်သူ၏ ရည်ရွယ်ချက်မှာလည်း အသတ်ခံရသူသည် အလ္လာဟ်အရှင်မြတ် ချီးမြှင့်ထားသော ရိုဇီရိက္ခာကို မိမိနှင့်အတူ ဝေမျှစားသောက်မည်ကို စိုးရိမ်သည့်အတွက် ဖြစ်သောကြောင့် အပြစ်ပို၍ကြီးသွားသည်။ တတိယအကြီးဆုံး အပြစ်မှာ လူတစ်ဦးအနေဖြင့် မိမိအိမ်နီးချင်း၏ ဇနီးအား (ဇိနာ) ကျူးလွန်ရန်၊ သူမအနေဖြင့် သူ့အားလက်ခံလာစေရန်အတွက် လှည့်ဖျားသိမ်းသွင်းကာ အိမ်နီးချင်း၏ဇနီးနှင့် (ဇိနာ) တရားမဝင်ကာမမှု ကျူးလွန်ခြင်းဖြစ်သည်။ ဇိနာသည် ဟရာမ် ပြစ်မှုဖြစ်သည်။ သို့သော် ဇိနာ ကျူးလွန်ခံရသူမှာသာသနာက ကောင်းကျိုးပြုရန်၊ ကောင်းမွန်စွာ ဆက်ဆံရန် မှာကြားထားသော အိမ်နီးချင်း၏ ဇနီးဖြစ်သည့်အတွက် ၎င်း၏အပြစ်မှာ ပိုကြီးသွားသည်။
အဗူအိုင်ယူဗ် အန်ဆွာရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မွတ်စ်လင်မ်တစ်ဦးသည် မိမိညီနောင်အား သုံးရက်ထက်ပို၍ မခေါ်မပြောဘဲ နေပိုင်ခွင့်မရှိပေ။ ၎င်းတို့နှစ်ဦးဆုံတွေ့သည့်အခါ တစ်ဦးနှင့် တစ်ဦးကျောခိုင်းကြသည်။ ၎င်းတို့နှစ်ဦးအနက် အကောင်းဆုံးသူမှာ စလာမ် စပေးသူပင်ဖြစ်သည်။
متفق عليهမွတ်စ်လင်မ်တစ်ဦးသည် မိမိညီနောင်မွတ်စ်လင်မ်တစ်ဦးအား သုံးရက်ထက်ပို၍ မခေါ်မပြောဘဲနေခြင်းကို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က တားမြစ်တော်မူခဲ့သည်။ ၎င်းတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ဆုံတွေ့သည့်အခါ စလာမ်ပေးခြင်း၊ စကားပြောခြင်းမပြုကြပေ။ ထိုသို့ စကားများထားသူနှစ်ဦးအနက် အကောင်းဆုံးသူမှာ စကားပြန်ပြောရန်ကြိုးစားသူ စလာမ် စပေးသူပင်ဖြစ်သည်။ ဤနေရာတွင် မခေါ်မပြောဘဲနေခြင်းဟူသည် မိမိအကျိုးအတွက်ကြောင့် မခေါ်မပြောဘဲနေခြင်းကို ဆိုလိုသည်။ သို့သော် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်သည့် တာဝန်ဝတ္တရားကြောင့် မခေါ်မပြောဘဲနေခြင်း ဥပမာ - အပြစ်ကျူးလွန်သူ၊ တရားသစ်တီထွင်သူ၊ မကောင်းသည့်အပေါင်းအဖော်များ စသည့်သူများကို အဆက်အသွယ်ဖြတ်ခြင်းမျိုးတွင် အချိန်ကန့်သတ်ချက်မရှိပေ။ ဤသည် ထိုသို့ မခေါ်မပြောဘဲနေရသည့် အကြောင်းအရင်းဖြင့်သာ သက်ဆိုင်ပြီး ထိုအချက် မရှိတော့မှသာ ၎င်း၏အချိန်သည်လည်း ကုန်ဆုံးမည်ဖြစ်သည်။
အဗူစိရ်မဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို မွတ်စ်လင်မ်တစ်ဦးအား ထိခိုက်နစ်နာအောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ထိခိုက်နစ်နာစေလိမ့်မည်။ မည်သူမဆို မွတ်စ်လင်မ်တစ်ဦးအား ခက်ခဲဒုက္ခရောက်အောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ခက်ခဲဒုက္ခရောက်စေလိမ့်မည်။
رواه أبو داود والترمذي وابن ماجه وأحمدမွတ်စ်လင်မ်တစ်ဦး၏ အသက်ခန္ဓာ၊ ဥစ္စာပစ္စည်း၊ မိသားစုအား ထိခိုက်နစ်နာစေခြင်း၊ ခက်ခဲဒုက္ခရောက်အောင်ပြုခြင်းကို မည်သည့်နည်းနှင့်မျှ မပြုလုပ်ရန် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သတိပေးတားမြစ်တော်မူခဲ့သည်။ မည်သူမဆို ထိုသို့ပြုလုပ်ပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအား သူ၏လုပ်ရပ်အတိုင်း ပြန်လည်အစားပေးကာ အရေးယူမည်ဖြစ်သည်။
ဂျရီးရ်ဗင်န် အဗ်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်တို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ရှိနေစဉ် ကိုယ်တော်မြတ်က လပြည့်ည၏ လပြည့်ဝန်းကို ကြည့်ရှုပြီး မိန့်ကြားတော်မူသည်မှာ- ဧကန်မုချ အသင်တို့သည် ဤလပြည့်ဝန်းကို တွေ့မြင်ကြရသကဲ့သို့ အသင်တို့၏အရှင်မြတ်အား ဖူးမြင်ကြရမည်ဖြစ်သည်။ ထိုအရှင်မြတ်ကို ဖူးမြင်ရာတွင် အသင်တို့သည် တိုးဝှေ့ကြရမည် မဟုတ်ပေ။ ထို့ကြောင့် အသင်တို့သည် နေမထွက်မီ (ဖဂျ်ရ်) ဆွလာသ် နှင့် နေမဝင်မီ(အဆွ်ရ်) ဆွလာသ်ကို (လက်လွတ်သည်အထိ မည်သည့်အရာ၏) လွှမ်းမိုးမှုမျှမခံရလေအောင် တတ်စွမ်းနိုင်သမျှ ပြုလုပ်ကြပါ။ ထို့နောက် ကိုယ်တော်က ဤအာယသ်တော်ကို ဖတ်ရွတ်တော်မူသည် (ထို့ပြင် အသင်သည် နေမထွက်မီနှင့် နေမဝင်မီ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ချီးမွမ်းခြင်းနှင့်တကွ (အရှင်မြတ်) သန့်ရှင်းစင်ကြယ်တော်မူကြောင်း ရွတ်ဆိုနေပါ။)
متفق عليهတစ်ညတွင် ဆွဟာဗဟ်သာဝကများသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) နှင့်အတူရှိနေစဉ်ကိုယ်တော်သည် ဆယ့်လေးရက်ည လပြည့်ဝန်းကို ကြည့်ရှုတော်မူပြီး မိန့်ကြားသည်မှာ- အမှန်တကယ်ပင် မုအ်မင်န်သက်ဝင်ယုံကြည်သူများသည် မိမိတို့၏အရှင်မြတ်အား မိမိတို့၏မျက်လုံးများဖြင့် သံသယမရှိ မုချဖူးမြင်ကြရမည်ဖြစ်သည်။ ၎င်းတို့သည် ထိုအရှင်မြတ်ကို ဖူးမြင်ရာတွင် တိုးဝှေ့ကြခြင်းလည်းမရှိ၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အခက်အခဲဖြစ်ခြင်းလည်း ရှိကြမည်မဟုတ်ပေ။ ထို့နောက် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဖဂျ်ရ် ဆွလာသ်နှင့် အဆွ်ရ် ဆွလာသ်ကို အနှောက်အယှက်ဖြစ်စေမည့် အကြောင်းအရာမှန်သမျှကို တတ်နိုင်သမျှ ဖြတ်တောက်ပစ်ရန် မိန့်ကြားတော်မူခဲ့သည်။ ထိုဆွလာသ်နှစ်ကြိမ်အား သူ့အချိန်နှင့်သူ ဂျမာအသ်နှင့်တကွ ဆောက်တည်ရန် လာရောက်ရမည်ဖြစ်ပြီး ထိုသို့ဆောက်တည်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ မျက်နှာတော်ကို ဖူးမြင်ရမည့် အကြာင်းခံများတွင်ပါဝင်သည်။ ထို့နောက် ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဤအာယသ်တော်ကို ဖတ်ရွတ်တော်မူခဲ့သည် (ထို့ပြင် အသင်သည် နေမထွက်မီနှင့် နေမဝင်မီ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ချီးမွမ်းခြင်းနှင့်တကွ (အရှင်မြတ်) သန့်ရှင်းစင်ကြယ်တော်မူကြောင်း ရွတ်ဆိုနေပါ။) ကုရ်အာန် (၅၀:၃၉)
အဗူမူစာ အရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် မတရားပြုသူအား အချိန်ဆိုင်းငံ့ခွင့် ပေးထားတော်မူသည်။ အရှင်မြတ်က ၎င်းအား အရေးယူသည့်အခါ လွတ်မြောက်ခွင့် ပေးမည်မဟုတ်ပေ။ ထို့နောက် ကိုယ်တော်သည် ဤအာယသ်တော်အား ဖတ်ရွတ်တော်မူသည်။ (စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မြို့(သူ)(ရွာ)သားတို့အား ၎င်းတို့သည် နှိပ်စက်ကလူပြုလျက်ရှိနေကြစဉ် ဖမ်းဆီးအရေးယူတော်မူသောအခါ ဤနည်းအတိုင်းပင် ဖမ်းဆီးအရေးယူတော်မူလေ့ရှိ၏။ ဧကန်အမှန် ထိုအရှင်မြတ်၏ ဖမ်းဆီးအပြစ်ပေးမှုကား အလွန်ပြင်းပြနာကျင်ဖွယ် ဖြစ်လှပေသည်။ အလွန်ပြင်းထန်လှပေသတည်း။) (ကုရ်အာန် ၁၁း၁၀၂)
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အပြစ်ကျူးလွန်ကာ မတရားမှုပြုသူ၊ ရှိရ်က် ဖက်စပ်ကိုးကွယ်မှုပြုသူ၊ လူတို့၏အခွင့်အရေးများကို မတရားပြုနေသူတို့ကို သတိပေးတားမြစ်တော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် မတရားပြုသူအား အချိန်ဆိုင်းငံ့ထားပြီး သူ၏သက်တမ်း ရှည်လျားအောင်ထားကာ ဥစ္စာပစ္စည်းပေါများစွာ ပေးထားပြီး ချက်ချင်းအရေးမယူဘဲ ထားတော်မူသည်။ ၎င်းအနေဖြင့် နောင်တရကာ သောင်ဗဟ်အမှား ဝန်ချတောင်းပန်မှုမပြုပါက ဖမ်းဆီးအရေးယူတော်မူမည်ဖြစ်ပြီး သူ၏များပြားလှသည့် မတရားမှုများကြောင့် လွတ်မြောက်ခွင့် ပေးမည်မဟုတ်ပေ။ ထို့နောက် ကိုယ်တော်သည် ဤအာယသ်တော်အား ဖတ်ရွတ်တော်မူသည်။ (စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မြို့(သူ)(ရွာ)သားတို့အား ၎င်းတို့သည် နှိပ်စက်ကလူပြုလျက်ရှိနေကြစဉ် ဖမ်းဆီးအရေးယူတော်မူသောအခါ ဤနည်းအတိုင်းပင် ဖမ်းဆီးအရေးယူတော်မူလေ့ရှိ၏။ ဧကန်အမှန် ထိုအရှင်မြတ်၏ ဖမ်းဆီးအပြစ်ပေးမှုကား အလွန်ပြင်းပြနာကျင်ဖွယ် ဖြစ်လှပေသည်။ အလွန်ပြင်းထန်လှပေသတည်း။) (ကုရ်အာန် ၁၁း၁၀၂)
အဗူဟိုင်ယာဂျ် အလ်အစဒီက ဆင့်ပြန်ခဲ့သည်။ ကျွန်တော့်အား အလီ ဗင်န် အဗီသွာလိဗ် (ရဿွိယလ္လာဟုအန်ဟု)က ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်ုပ်အား စေလွှတ်ခဲ့သည့်အတိုင်း ကျွန်ုပ်လည်း သင့်အားမစေလွှတ်ရဘူးလား။ ၎င်းမှာ မည်သည့်ရုပ်ပုံကိုမျှ မချန်ထားဘဲ ဖျက်ဆီးပစ်ရန်နှင့် မြင့်နေသည့် ကဗရ်သင်္ချိုင်းတိုင်းအား (မြေပြင်နှင့်) တပြေးတည်းဖြစ်အောင် ပြုလုပ်ရန်ဖြစ်သည်။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏သာဝကများကို မည်သည့် ‘သင်မ်စာလ်’ သက်ရှိရုပ်တု၊ သက်မဲ့ရုပ်တုကိုမျှ မချန်ထားပဲ ဖယ်ရှားပစ်ရန် ၊ မြင့်နေသည့် ကဗရ်သင်္ချိုင်းတိုင်းအား မြေပြင်နှင့် တပြေးတည်းဖြစ်အောင် ပြုလုပ်ရန်၊ ကဗရ်ပေါ်တွင်ရှိသော အဆောက်အအုံကို ဖြိုချပစ်ရန်၊ သို့မဟုတ် ကဗရ်၏အမြင့်ကို မြေပေါ်တွင် အလွန်မမြင့်မားစေပဲ တစ်ထွာခန့်သာထားရှိရန်အတွက် စေလွှတ်တော်မူခဲ့သည်။
အင်မရာန် ဗင်န် ဟုဆွိုင်န် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အတိတ်နိမိတ်ဆိုးကောက်သူ၊ အတိတ်နိမိတ်ဆိုးကောက်ပေးသူ၊ ဗေဒင်လက္ခဏာကြည့်သူ၊ ဗေဒင်လက္ခဏာကြည့်ပေးသူ၊ ဂျာဒူပယောဂပြုသူ၊ ဂျာဒူပယောဂပြုပေးသူ၊ အထုံးအဖွဲများ ထုံးဖွဲ့ပေးသူတို့သည် ငါကိုယ်တော်၏ နောက်လိုက်သားတို့အနက်မှ မဟုတ်ပေ။ အကွယ်ရှိအကြောင်းအရာများကို ဟောကြားသူထံသွား၍ ၎င်း၏ ဟောကြားချက်ကို ထောက်ခံခဲ့လျှင် ထိုသူသည် တမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် ချပေးခဲ့သည့်အရာ (ကုရ်အာန်ကျမ်းမြတ်)ကို ငြင်းပယ်လိုက်ခြင်းပင်ဖြစ်သည်။
رواه البزارတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏အွမ္မသ်သားတို့အနက်မှ အချို့လုပ်ရပ်များကို ပြုလုပ်သူတို့အား ငါကိုယ်တော်၏ နောက်လိုက်သားတို့အနက်မှ မဟုတ်” ဟူသော စကားဖြင့် သတိပေး ခြိမ်းခြောက်ထားသည်။ ၎င်းတို့မှာ (၁) အတိတ်နိမိတ်ဆိုးကောက်သူ၊ အတိတ်နိမိတ်ဆိုးကောက်ပေးသူ ဖြစ်သည်။ ယင်း၏ ပုံသဏ္ဍာန်မှာ ခရီးထွက်ရန်၊ အရောင်းအဝယ်ရေးပြုရန်နှင့် အခြားကိစ္စများကို ဆောင်ရွက်ရန်အတွက် လုပ်ငန်းမစတင်မီ ငှက်ကိုလွှတ်လိုက်သည်။ အကယ်၍ ငှက်က ညာဘက်သို့ ပျံသွားပါက နိမိတ်ကောင်းသည်ဟု ယူဆကာ မိမိဆောင်ရွက်မည့် ကိစ္စကို ဆက်လက်လုပ်ဆောင်သည်။ အကယ်၍ ငှက်က ဘယ်ဘက်သို့ ပျံသွားပါက နိမိတ်ဆိုးသည်ဟု ယူဆကာ မိမိဆောင်ရွက်မည့်ကိစ္စကို မလုပ်ဘဲ နေလိုက်သည်။ ဤကဲ့သို့လုပ်ရပ်မျိုးအား မိမိကိုယ်တိုင် လုပ်သည်ဖြစ်စေ၊ အခြားသူအား လုပ်ခိုင်းသည်ဖြစ်စေ မပိုင်ပေ။ ဤသို့မပိုင်သည့် လုပ်ရပ်ထဲ၌ တစ်စုံတစ်ရာကို ကြားခြင်း၊ မြင်ခြင်း၊ ငှက်များ၊ တိရစ္ဆာန်များ၊ ရောဂါသည်များ၊ ကိန်းဂဏန်းများ၊ နေ့ရက်များ စသည်တို့အပြင် အခြားအရာများဖြင့် နိမိတ်ဆိုးကောက်ခြင်းလည်း ပါဝင်သည်။ (၂) ဗေဒင်လက္ခဏာကြည့်သူ၊ ဗေဒင်လက္ခဏာကြည့်ပေးသူဖြစ်သည်။ အကြင်သူသည် ကြယ်တာရာမျာနှင့် အခြားအရာများကို အသုံးချ၍ အကွယ်ကို သိကြောင်းကြွေးကြော်သည် သို့မဟုတ် ဗေဒင်ဆရာနှင့် ၎င်းတို့ကဲ့သို့ အကွယ်ကိုသိကြောင်း ကြွေးကြော် သူများထံသွားကာ ၎င်းတို့ဟောကြားသည့် အကွယ်အကြောင်းအရာများကို ထောက်ခံလျှင် ထိုသူသည် တမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် ချပေးသည့်အရာ (ကုရ်အာန်ကျမ်းမြတ်)ကို ငြင်းပယ်လိုက်ခြင်းပင်ဖြစ်သည်။ (၃) ဂျာဒူပယောဂပြုသူ၊ ဂျာဒူပယောဂပြုပေးသူ ဖြစ်သည်။ ၎င်းသည် တစ်ဦးတစ်ယောက်အား အကျိုးဖြစ်စေရန် သို့မဟုတ် ထိခိုက်နစ်နာစေရန်အတွက် ကိုယ်တိုင် ဂျာဒူပယောဂပြုသည် သို့မဟုတ် အခြားသူအား မိမိကိုယ်စား ဂျာဒူပယောဂပြုခိုင်းသည် သို့မဟုတ် ကြိုးဖြင့် အထုံးအဖွဲ့များ ထုံးဖွဲ့ကာ ၎င်းတို့အပေါ် ဟရာမ်တားမြစ်ထားသော သအ်ဝီဇာသ်(ခိုလုံမှုရယူသည့်ဂါထာ)များ ဖတ်ရွတ်ကာ မန်းမှုတ်၍ ဂျာဒူပြုသည်။ သို့ဖြစ်၍ ၎င်းတို့အားလုံးသည် ကိုယ်တော်မြတ်၏ နောက်လိုက်သားတို့အနက်မှ မဟုတ်ပေ။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကြင်ရာတော်အချို့က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို အကွယ်ရှိအကြောင်းအရာများကို ဟောကြားသူထံသွား၍ တစ်စုံတစ်ရာ မေးမြန်းပါက ရက်ပေါင်း လေးဆယ်တိုင် ထိုသူ၏ ဆွလာသ် လက်ခံခြင်းခံရမည် မဟုတ်ပေ။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အရ်ရာဖ်ဟုခေါ်သည့် အကွယ်ရှိအကြောင်းအရာများကို ဟောကြားသူထံ သွားရောက်ခြင်းကို တားမြစ်တော်မူခဲ့သည်။ အရ်ရာဖ်ဟူသည့် စကားလုံးတွင် အကွယ်ဆိုင်ရာအသိပညာအတွက် ကြိုတင်ခန့်မှန်းချက် နိမိတ်လက္ခာများကို အသုံးပြုကာ ဟောကြားသည့် အကြားအမြင်ဆရာ၊ ဗေဒင်လက္ခဏာဆရာ၊ နက္ခတ်ဗေဒဆရာ၊ သဲပေါ်တွင် အရုပ်ရေးခြစ်ဟောသည့်ဆရာများ အားလုံးပါဝင်သည်။ ၎င်းတို့အား အကွယ်ဆိုင်ရာ ကိစ္စတစ်စုံတစ်ရာကို မေးမြန်းရုံဖြင့် အလ္လာဟ်အရှင်မြတ်သည် မေးမြန်းသူအား ၎င်းသူရက်ပေါင်းလေးဆယ် ဝတ်ပြုခဲ့သောဆွလာသ်၏ အကျိုးကုသိုလ်မှ လက်မဲ့ဖြစ်စေတော်မူမည်ဖြစ်သည်။ ဤသည် သူကျူးလွန်ခဲ့သည့် ကြီးလေးသော အပြစ်အကုသိုလ်အတွက် ပြစ်ဒဏ်ပင်ဖြစ်သည်။
အစ်ဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို နက္ခတ်တာရာ ဂြိုလ်စီး၊ ဂြိုလ်နင်း ပညာရပ်များအနက် ကဏ္ဍတစ်ခုအား သင်ယူဆည်းပူးခဲ့ပါက အမှန်တကယ်ပင် ၎င်းသည် ဂျာဒူပယောဂ၏ ကဏ္ဍတစ်ခုကို သင်ယူခဲ့ခြင်းပင်ဖြစ်သည်။ (သင်ယူမှု)များလာသည်နှင့်အမျှ (ဂျာဒူပယောဂအတတ်လည်း) များလာမည်ဖြစ်သည်။
رواه أبو داود وابن ماجه وأحمدဟဒီးဆ်တော်၌ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ အကြင်သူသည် နက္ခတ်ဗေဒ ဂြိုလ်စီး၊ ဂြိုလ်နင်း ပညာရပ်ကို သင်ယူဆည်းပူးခဲ့ပြီး မည်သူသည် သေဆုံးမည်၊ မည်သူသည် အသက်ရှင်မည်၊ မည်သူသည် နာမကျန်းဖြစ်မည် စသည်ဖြင့် မြေပထဝီ၌ ဖြစ်ပေါ်လာမည့် ကိစ္စရပ်များကို ကြယ်တာရာများနှင့် ဂြိုလ်များ၏ လှုပ်ရှားသွားလာခြင်း၊ ဝင်ခြင်း၊ ထွက်ခြင်းတို့ဖြင့် ကောက်ချက်ချခြင်းသည် ဂျာဒူပယောဂပညာ၏ ပညာရပ်အချို့ကို သင်ယူလိုက်ခြင်းပင်ဖြစ်သည်။ လူသားတွင် ထိုပညာရပ်တိုးလာသည့်နှင့်အမျှ ဂျာဒူပယောဂအတတ်လည်း တိုးလာမည်ဖြစ်သည်။