





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် တစ်ဦးတစ်ယောက်အား ကောင်းစေလိုလျှင် ထိုသူ့အား စမ်းသပ်ရန် အလို့ငှာ ဘေးဒုက္ခများ သက်ရောက်စေတော်မူသည်။
رواه البخاريတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ မုအ်မင်န်သက်ဝင်ယုံကြည်သူကျေးကျွန်များအနက်မှ တစ်ဦးဦးအား ကောင်းစေလိုလျှင် ၎င်းတို့၏ အသက်ခန္ဓာများ၊ ဥစ္စာပစ္စည်းများ၊ သားသမီးများနှင့် ပတ်သက်၍ စမ်းသပ်တော်မူသည်။ ထိုသို့စမ်းသပ်ခြင်း၌ မုအ်မင်န်တစ်ဦးအတွက် ဒုအာဆုတောင်းမှုဖြင့် အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံမှုတောင်းခြင်း၊ အပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးခြင်း၊ အဆင့်အတန်းများ မြင့်မားခြင်းတို့ရှိသည်။
အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ) ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိအရှင်မြတ်ထံတော်မှတစ်ဆင့် ဆင့်ပြန်တော်မူခဲ့သည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ကောင်းမှုများနှင့် မကောင်းမှုများကို ရေးမှတ်တော်မူပြီးနောက် ၎င်းတို့အား အသေးစိတ်ရှင်းပြတော်မူခဲ့သည်။ ထို့ကြောင့် မည်သူမဆို ကောင်းမှုတစ်ခုကို ပြုလုပ်ရန်ရည်ရွယ်ပြီး မလုပ်ဖြစ်ခဲ့လျှင် ၎င်းကို အလ္လာဟ်အရှင်မြတ်သည် မိမိထံတော်တွင် ပြည့်စုံသည့် ကောင်းမှုတစ်ခုအဖြစ် ရေးမှတ်တော်မူသည်။ အကယ်၍ ထိုသူသည် ယင်းကောင်းမှုကိုပြုလုပ်ရန် ရည်ရွယ်ပြီးနောက် လက်တွေ့ပြုလုပ်ခဲ့ပါက ၎င်းကို ထိုသူ့အတွက် အလ္လာဟ်အရှင်မြတ်က မိမိထံတော်တွင် ကောင်းမှု(၁၀)ဆမှ အဆ(၇၀၀) အထိ၊ ထိုမှ အဆပေါင်းမြောက်မြားစွာထိ ရေးမှတ်တော်မူမည်ဖြစ်သည်။ ၎င်းအပြင် အကြင်သူသည် မကောင်းမှုတစ်ခုကို ပြုလုပ်ရန် ရည်ရွယ်ပြီး မလုပ်ခဲ့လျှင် ၎င်းကို အလ္လာဟ်အရှင်မြတ်သည် မိမိထံတွင် ပြည့်စုံသည့် ကောင်းမှုတစ်ခုအဖြစ် ရေးမှတ်တော်မူသည်။ အကယ်၍ ထိုသူသည် ၎င်းကိုပြုလုပ်ရန် ရည်ရွယ်ပြီးနောက် လက်တွေ့ပြုလုပ်ခဲ့လျှင် ၎င်းကို သူ့အတွက် အလ္လာဟ်အရှင်မြတ်သည် မကောင်းမှုတစ်ခုအဖြစ်သာ ရေးမှတ်တော်မူမည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြသည်မှာ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် ကောင်းမှု၊ မကောင်းမှုတို့ကို သတ်မှတ်ပြီးနောက် မလာအိကဟ် ကောင်းကင်တမန်နှစ်ပါးအား မည်သို့ရေးမှတ်ရမည်ကို ရှင်းပြတော်မူသည်။ သို့ဖြစ်၍ အကြင်မည်သူမဆို ကောင်းမှုတစ်ခုလုပ်ရန်ရည်ရွယ်ကာ သန္နိဌာန်ချပြီးနောက် ထိုကောင်းမှုကို မလုပ်ဖြစ်ခဲ့လျှင် ၎င်းအတွက် ကောင်းမှုတစ်ခုရေးမှတ်ခြင်းခံရမည်။ အကယ်၍ သူသည် ထိုကောင်းမှုကို ပြုလုပ်ခဲ့ပါက ယင်းကောင်းမှုကို သူ့အတွက် အလ္လာဟ်အရှင်မြတ်က မိမိထံတော်တွင် ကောင်းမှု(၁၀)ဆမှ အဆ(၇၀၀) အထိ၊ ထိုမှ အဆပေါင်းမြောက်မြားစွာထိ ရေးမှတ်တော်မူမည်ဖြစ်သည်။ ကောင်းမှုများ တိုးပွားခြင်းသည် စိတ်နှလုံးတွင်း၌ အိခ်လာဆ်ွရှိခြင်း၊ အကျိုးဖြစ်ထွန်းမှု များပြားခြင်း စသည်တို့အပါ်တွင် မူတည်သည်။ အကြင်မည်သူမဆို မကောင်းမှုတစ်ခုလုပ်ရန် ရည်ရွယ်ကာ သန္နိဌာန်ချပြီးနောက် ထိုမကောင်းမှုကို အလ္လာ့ဟ်အတွက် စွန့်လွှတ်ခဲ့ပါက ၎င်းအတွက် ကောင်းမှုတစ်ခု ရေးမှတ်ခြင်းခံရမည်။ အကယ်၍ မကောင်းမှုပြုလုပ်ရန် အကြောင်းခံများကို ဆောင်ရွက်ခြင်း မရှိသေးဘဲ အခြားဘက်သို့ အာရုံရောက်သွားသဖြင့် ထိုမကောင်းမှုကို စွန့်လွှတ်ခြင်းဖြစ်ပါက မည်သည့်အရာမျှ ရေးမှတ်ခံရမည်မဟုတ်ပေ။ အကယ်၍ မတတ်သာ၍ စွန့်လွှတ်လိုက်ခြင်းဖြစ်ပါက သူ၏ရည်စူးချက်သည် ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။ အကယ်၍ ထိုမကောင်းမှုကို ပြုလုပ်ခဲ့ပါက ၎င်းအတွက် မကောင်းမှုတစ်ခု ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ ခန္ဓာကိုယ်များနှင့် ရုပ်ရည်များကို ကြည့်တော်မူမည်မဟုတ်၊ သို့သော် သင်တို့၏ နှလုံးသားများနှင့် လုပ်ရပ်များကိုသာ ကြည့်တော်မူမည်ဖြစ်သည်။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် ကျေးကျွန်များ၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်များကို လှပသလား၊ ရုပ်ဆိုးသလား၊ ကြီးမားသလား၊ သေးငယ်သလား၊ သန်စွမ်းသလား၊ မသန်စွမ်းသလားဟူ၍ ကြည့်တော်မူမည်မဟုတ်ပေ။ ထို့အတူ ၎င်းတို့၏ ဥစ္စပစ္စည်းများကို များသလား၊ နည်းသလားဟူ၍လည်း ကြည့်တော်မူမည် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးကျွန်များအား ထိုကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့၏ကွဲပြားမှုများကို စစ်ဆေးမည်မဟုတ်သလို အပြစ်ပေးမည်လည်းမဟုတ်ပေ။ သို့သော် ၎င်းတို့၏ နှလုံးသားများနှင့် ယင်း၌ရှိသော ‘သက္ကဝါ’ တရား၊ ယုံကြည်မှု၊ ဖြောင့်မတ်မှန်ကန်မှု၊ ‘အိခ်လာဆ်ွ’ စိတ်စေတနာဖြူစင်မှု သို့မဟုတ် ‘ရိယာ’ ပြစားမှု၊ ကျော်ကြားလိုစိတ်ရှိမှု စသည်တို့ကို ကြည့်တော်မူမည်ဖြစ်သည်။ ထို့အတူ ၎င်းတို့၏ လုပ်ရပ်များ ကောင်းမွန်မှု၊ ပျက်စီးမှုတို့ကို ကြည့်တော်မူပြီး ထိုအပေါ် အကျိုးကုသိုလ်နှင့် အစားများပြန်လည်ပေးတော်မူမည်ဖြစ်သည်။
အုမရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တစ်ရက်တွင်ကျွန်တော်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ၌ ထိုင်နေကြစဉ် လွန်စွာဖြူဖွေးသည့်အဝတ်အစားများ ဝတ်ဆင်ထားပြီး အလွန်မည်းနက်သော ဆံပင်ရှိသည့်ပုဂ္ဂိုလ်တစ်ဦး ကျွန်တော်တို့ရှေ့၌ ရုတ်တရက် ရောက်ရှိလာခဲ့သည်။ ထိုသူ၌ ခရီးထွက်လာသည့်လက္ခဏာ မတွေ့ရသလို ကျွန်တော်တို့ထဲတွင် သူ့ကိုသိသူ တစ်ဦးမျှလည်းမရှိပေ။ နောက်ဆုံးတွင် သူသည် တမန်တော်မြတ် ထံလာ၍ သူ၏ဒူးနှစ်ဖက်အား ကိုယ်တော်၏ဒူးနှစ်ဖက်နှင့်ထိကာ ကိုယ်တော်၏ပေါင်နှစ်ဖက်ပေါ်တွင် သူ၏လက်နှစ်ဖက်ကိုတင်၍ ထိုင်လိုက်ပါသည်။ ထို့နောက် သူက အို မုဟမ္မဒ်၊ ကျွန်ုပ်ကို အစ္စလာမ်နှင့်ပတ်သက်၍ ပြောပြပါဟု လျှောက်ထားလိုက်ပါသည်။ ထိုအခါ တမန်တော်မြတ်က အစ္စလာမ်ဟူသည် «အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သည့်အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်ကြောင်း သက်သေခံခြင်း၊ ဆွလာသ်ဆောက်တည်ခြင်း၊ ဇကာသ်ပေးခြင်း၊ ရမဿွာန်လတွင် ဆွိယာမ်ဥပုသ်စောင့်ထိန်းခြင်းနှင့် (မက္ကဟ်မြို့သို့) သွားရောက်နိုင်စွမ်းရှိသူအတွက် ကအ်ဗဟ်ကျောင်းတော်သို့ သွားရောက် ဟဂျ် ပြုခြင်းတို့ဖြစ်သည်ဟု မိန့်ကြားတော်မူသည်။» ထိုအခါ ထိုသူက သင်ပြောတာ မှန်ပါသည်ဟုလျှောက်ထားခဲ့ရာ သူကိုယ်တိုင်က တမန်တော်မြတ်ကို မေးမြန်းလျှောက်ထားခဲ့ပြီးနောက် သူကိုယ်တိုင်ပင် မှန်ကန်ကြောင်းထောက်ခံသဖြင့် သူ့ကို ကျွန်တော်တို့ အံ့ဩခဲ့ကြရပါသည်။ ထို့နောက် ထိုသူက ကျွန်ုပ်ကို အီမာန်နှင့်ပတ်သက်၍ ပြောပြပါဟုလျှောက်ထားရာ တမန်တော်မြတ်က «အီမာန်ဟူသည် သင့်အနေဖြင့် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ကောင်းကင်တမန်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ကျမ်းဂန်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်များကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ သက္ကဒီရ် အရှင်မြတ်၏ အကောင်းအဆိုးသတ်မှတ်ချက်ကိုလည်းကောင်း သက်ဝင်ယုံကြည်ခြင်းဖြစ်သည်ဟု မိန့်တော်မူသည်။» ထိုအခါ ထိုသူက သင်ပြောတာ မှန်ပါသည်ဟုလျှောက်ထားလိုက်ပါသည်။ ထို့နောက် ထိုသူက ကျွန်ုပ်ကို အိဟ်စာန်နှင့်ပတ်သက်၍ ပြောပြတော်မူပါဟုလျှောက်ထားရာ တမန်တော်မြတ်က «အသင်သည် အလ္လာဟ်အရှင်မြတ်ကို မြင်နေရသကဲ့သို့ အရှင်မြတ်ကို ခဝပ်ကိုးကွယ်ပါ။ အကယ်၍ အသင်သည် အလ္လာဟ်အရှင်မြတ်ကို မမြင်မတွေ့နိုင်လျှင်လည်း အရှင်မြတ်က အသင့်ကိုမြင်တော်မူသည်(ဟုမှတ်ယူ၍ ခဝပ်ကိုးကွယ်ပါ)ဟု မိန့်တော်မူသည်။» ထိုသူက ကျွန်ုပ်ကို ကိယာမတ် ပြန်လည်ရှင်ပြန်ထမည့်နေ့နှင့်ပတ်သက်၍ ပြောပြတော်မူပါဟု လျှောက်ထားရာ တမန်တော်မြတ်က ထိုအကြောင်းအရာနှင့်ပတ်သက်၍ အမေးခံရသူသည် မေးမြန်းသူထက် ပိုမသိနိုင်ပါဟု မိန့်တော်မူသည်။ ထိုသူက သို့ဖြစ်လျှင် ထို(ကိယာမသ်)၏ ရှေ့ပြေးနိမိတ်လက္ခဏာများကို ပြောပြတော်မူပါဟု လျှောက်ထားရာ တမန်တော်မြတ်က ကျွန်မသည် မိမိ၏သခင်မကို မွေဖွားလိမ့်မည်။ ခြေဗလာအဝတ်အစားမဲ့ဆင်းရဲသားဆိတ်ကျောင်းသားတို့သည် မြင့်မားသည့်အဆောက်အဦးများ ဆောက်လုပ်ကြသည်ကို အသင်မြင်တွေ့ရလိမ့်မည်ဟု မိန့်တော်မူသည်။ ထို့နောက် ထိုပုဂ္ဂိုလ်သည် ထွက်ခွာသွားခဲ့ပါသည်။ အချိန်ခဏကြာပြီးနောက် တမန်တော်မြတ်က အို - အုမရ်၊ မေးမြန်းလျှောက်ထားသူကို အသင်သိပါသလားဟု မိန့်တော်မူရာကျွန်တော်က အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည် ဟုလျှောက်ထားလိုက်ပါသည်။ တမန်တော်မြတ်က စင်စစ်၊ ထိုသူသည် ဂျိဗ်ရီးလ် ဖြစ်သည်။ သူသည် အသင်တို့အား အသင်တို့၏သာသနာကိုသင်ကြားပေးရန် အသင်တို့ထံ ရောက်လာခဲ့ခြင်းဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့ပါသည်။
رواه مسلمအုမရ်(ရဿွိယလ္လာဟုအန်ဟု)ကပြောပြသည်မှာ ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)သည် ဆွဟာဗဟ်များထံ လူစိမ်းတစ်ဦးအသွင်ဖြင့် ထွက်ပေါ်လာသည်။ ၎င်း၏သွင်ပြင်မှာ သူ၏အဝတ်အစားများသည် လွန်စွာဖြူဖွေးကာ ဆံပင်သည် အလွန်မည်းနက်လျက်ရှိပြီး သူ့၌ ပင်ပန်းနွမ်းနယ်ခြင်း၊ ဖုန်များပေနေခြင်း၊ ဆံပင်များဖွာနေခြင်း၊ အဝတ်အစားများညစ်ပေနေခြင်းစသည့် ခရီးထွက်လာသည့် လက္ခဏာအရိပ်အယောင်မျှပင် မမြင်တွေ့ရပေ။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံပါးတွင် ထိုင်နေသူများအနက်မည်သူမျှ သူ့ကိုမသိကြပေ။ ထို့နောက် သူသည်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ရှေ့မှောက်တွင် ပညာသင်ယူဆည်းပူးသူကဲ့သို့ထိုင်ကာ တမန်တော်မြတ်အား အစ္စလာမ်နှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။ ကိုယ်တော်က သူ့အား အစ္စလာမ့်မဏ္ဍိုင်ကြီးများဖြစ်သည့် ရှဟာဒသ် သက်သေခံချက်နှစ်ခုအားဝန်ခံခြင်း၊ ဆွလာသ်ငါးကြိမ် စွဲမြဲစွာဆောက်တည်ခြင်း၊ ဇကာသ်ယူထိုက်သူများကို ဇကာသ်ပေးခြင်း၊ ရမဿွာန်လ၏ ဆွိယာမ်ဥပုသ် စောင့်ထိန်းခြင်း၊ တတ်စွမ်းနိုင်သူအပေါ်တွင် ဟဂ်ျ ဖရ်ဿွ်တာဝန်ကို ကျေပွန်ခြင်းစသည်တို့ကို ဖြေကြားတော်မူခဲ့သည်။ ထိုအခါ မေးမြန်းသူက သင်ပြောတာ မှန်ပါသည်ဟုလျှောက်ထားခဲ့သည်။ မေးခွန်းမေးမြန်းခြင်းကို ကြည့်ခြင်းအားဖြင့် သူမသိကြောင်း ပေါ်လွင်နေသည့် အကြောင်းအရာတစ်ခုကို သူကိုယ်တိုင်က မှန်ကန်ကြောင်း ပြန်လည်ထောက်ခံသဖြင့် သာဝကကြီးများက အံ့ဩခဲ့ကြသည်။ ထို့နောက် အီမာန်ယုံကြည်ခြင်းနှင့်ပတ်သက်၍ မေးမြန်းရာ ကိုယ်တော်က သူ့အား အီမာန်ဟူသည် အလ္လာဟ်အရှင်မြတ်တည်ရှိတော်မူခြင်းနှင့် အရှင်မြတ်၏ဂုဏ်တော်များကို လည်းကောင်း၊ အရှင်မြတ်သည် ဖန်ဆင်းခြင်းကဲ့သို့ မိမိ၏ဆောင်ရွက်မှုများတွင် တစ်ပါးတည်းဖြစ်တော်မူကြောင်းနှင့် ကိုးကွယ်ခံထိုက်ခြင်းတို့တွင် တစ်ပါးတည်းဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်က နူရ်ဖြင့်ဖန်ဆင်းထားသည့် ‘မလာအိကဟ်’ ကောင်းကင်တမန်များသည် မြင့်မြတ်သောကျွန်များဖြစ်ကြပြီး၊ အလ္လာဟ်အရှင်မြတ်အား မဖီဆန်ကြဘဲ ထိုအလ္လာဟ်အရှင်မြတ်၏ အမိန့်ကိုလိုက်နာသူများဖြစ်ကြသည်ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ထံတော်ပါးမှ ရစူလ်တမန်တော်များအပေါ် ကျရောက်ခဲ့သော ကျမ်းဂန်များဖြစ်သည့် ကုရ်အာန်ကျမ်းမြတ်၊ သောင်ရာသ်ကျမ်း၊ အင်န်ဂျီလ်ကျမ်းနှင့် အခြားကျမ်းဂန်များကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်ဘက်တော်မှ အရှင်မြတ်၏သာသနာကို ပို့ချခဲ့ကြသည့် ရစူလ်တမန်တော်များဖြစ်သော နူးဟ်(အလိုင်းဟိစ္စလာမ်)၊ အိဗ်ရာဟီးမ်(အလိုင်းဟိစ္စလာမ်) မူဆာ(အလိုင်းဟိစ္စလာမ်)၊ အီဆာ(အလိုင်းဟိစ္စလာမ်)၊ နောက်ဆုံးနဗီတမန်တော် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့် အခြားသောနဗီရစူလ်များကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း ယင်း၌သေပြီးနောက် ကဗရ်၌ ကြုံတွေ့ရမည့်အရာများ၊ ‘ဗရ်ဇခ်’ ကြားစခန်း၏သက်တမ်းတို့ ပါဝင်သည်။ လူသားသည် သေဆုံးပြီးနောက် ပြန်လည်ရှင်ပြန်ထရပြီး စာရင်းအင်း စစ်ဆေးခြင်းခံရမည်ဖြစ်ပြီး ၎င်း၏ပြန်လှည့်ရာနေရာသည် ဂျန္နသ် သို့မဟုတ် ဂျဟန္နမ်ဖြစ်သည်ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကိုမိမိ‘အိလ်မ်’အသိပညာဖြင့် ကြိုတင်သိရှိတော်မူပြီး ထိုသို့သိရှိသည့်အတိုင်း မိမိ ‘ဟိက်မသ်’ အမြော်အမြင်ဖြင့် သတ်မှတ်ဆုံးဖြတ်ကာ ရေးဆွဲမှတ်တမ်းတင်တော်မူခဲ့သည်။ ၎င်းနောက် ထိုအရာများကို ဖြစ်ပေါ်လာစေရန် အလိုတူခဲ့သည်။ ထိုသတ်မှတ်ချက်များသည် အရှင်မြတ် သတ်မှတ်ထားသည့်အတိုင်း အရှင်မြတ်ဖန်ဆင်းလိုက်သည့်အတိုင်း ဖြစ်ပေါ်လာကြောင်းကို အီမာန်သက်ဝင်ယုံကြည်ခြင်းတို့ဖြစ်သည်။ ထို့နောက် ၎င်းက အိဟ်စာန် နှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။ ကိုယ်တော်က အိဟ်စာန်ဟူသည် အလ္လာဟ်အရှင်မြတ်အား မြင်နေသကဲ့သို့မှတ်ယူကာ ခဝပ်ကိုးကွယ်ခြင်းဖြစ်သည်။ အကယ်၍ ထိုသူသည် ဤအဆင့်အတန်းထိမရောက်နိုင်လျှင် အလ္လာဟ်အရှင်မြတ်က မိမိအားမြင်နေသည်ဟုမှတ်ယူကာ ခဝပ်ကိုးကွယ်မှုပြုရမည်။ ပထမအဆင့်သည် ‘မုရှာဟဒဟ်’အဆင့်ဖြစ်ပြီး အမြင့်ဆုံးဖြစ်သည်။ ဒုတိယအဆင့်သည် ‘မုရာကဗဟ်’ဖြစ်သည်။ ထို့နောက် ၎င်းက ‘ကိယာမသ်’ ကမ္ဘာပျက်မည့်နေ့နှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ‘ကိယာမသ်’နေ့နှင့် သက်ဆိုင်သည့် အသိပညာအား အလ္လာဟ်အရှင်မြတ်သည် မိမိ၏အသိပညာ၌သာ ထားရှိတော်မူပြီး မည်သည့် အဖန်ဆင်းခံမျှ မသိရှိကြောင်းနှင့် မေးမြန်းသူလည်း မသိသလို အမေးခံရသူလည်း မသိကြောင်း ရှင်းပြတော်မူသည်။ ထိုနောက် ၎င်းက ကိယာမသ်၏ နိမိတ်လက္ခဏာများနှင့်ပတ်သက်ပြီးမေးမြန်းခဲ့သည်။ ထိုအခါ ကိုယ်တော်က ထိုနိမိတ်လက္ခဏာများအနက် ကျွန်မများနှင့် သူမတို့၏ သားသမီးများ များပြားလာခြင်း သို့မဟုတ် သားသမီးများက မိခင်များ၏အမိန့်ကို ဖီဆန်လာကြပြီး ၎င်းတို့အား ကျွန်များကဲ့သို့ ဆက်ဆံလာကြခြင်း၊ နောက်ဆုံးခေတ်သမယ၌ ဆိတ်ကျောင်းသားများနှင့် ဆင်းရဲသားများသည် လောကီ၏ချမ်းသာကြွယ်ဝမှုကို ရရှိလာကြပြီး အဆောက်အဦးများအား လှပတင့်တယ်အောင်ပြုလုပ်ကာ ယင်းအဆောက်အဦးများ၏ ခိုင်မာထည်ဝါမှုအပေါ် အချင်းချင်း ဂုဏ်တုဂုဏ်ပြိုင်ပြုလာကြမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြတော်မူသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မေးခွန်းမေးသူသည် ဂျိဗ်ရီးလ် (အလိုင်းဟိစ္စလာမ်) ဖြစ်ပြီး ဖြောင့်မတ်မှန်ကန်သည့် သာသနာတော်အား ဆွဟာဗဟ်များကို သင်ကြားပေးရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။
အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို ကျွန်ုပ်တို့၏ ဤသာသနာတော်၌ မပါရှိသည့်အရာကို တီထွင်ဖန်တီးခဲ့လျှင် ထိုအရာသည် ပယ်ချခြင်းခံရမည်ဖြစ်သည်။ (ဗုခါရီကျမ်း၊ မွတ်စ်လင်မ်ကျမ်း) မွတ်စ်လင်မ်ကျမ်း၏ ဆင့်ပြန်ချက်တွင် လာရှိသည်မှာ- အကြင်သူသည် မည်သည့်အမလ်ကောင်းမှုကိုမဆို ပြုလုပ်ရာ၌ ငါတမန်တော်၏ အမိန့်မပါရှိခဲ့လျှင် ထိုအရာသည် ပယ်ဖျက်ခြင်းခံရမည်ဖြစ်သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ မည်သူမဆို သာသနာတော်၌ တရားသစ်တီထွင်မည် သို့မဟုတ် ကုရ်အာန်ကျမ်းမြတ်နှင့် ဟဒီးဆ်တော်တွင် အထောက်အထားမရှိသော ကိစ္စတစ်စုံတစ်ရာကို ပြုလုပ်မည်ဆိုပါက ထိုလုပ်ရပ်သည် ပြုလုပ်သူထံမှ ပယ်ချခြင်းခံရမည်ဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်ထံတော်တွင် လက်ခံသဘောတူခြင်းခံရမည် မဟုတ်ပါ။
အဗူဇရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်ထံတော်မှတစ်ဆင့် ဆင့်ပြန်ပြောကြားခဲ့သည်။ အရှင်မြတ်က မိန့်ကြားတော်မူသည် « အို - ငါအရှင်၏ကျွန်အပေါင်းတို့ ငါအရှင်မြတ်သည် မတရားမှုကို မိမိအပေါ်တွင် ဟရာမ် အဖြစ်သတ်မှတ်ထားတော်မူသည်။ ထို့အတူ အသင်တို့ ကြား၌လည်း ၎င်းအား ဟရာမ်အဖြစ် သတ်မှတ်တော်မူလိုက်သည်။ သို့ရှိရာ အသင်တို့အချင်းချင်း မတရားမှုမပြုကြလေနှင့်။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ ငါအရှင်မြတ်လမ်းမှန်တရားချီးမြှင့်သူမှအပ အသင်တို့အားလုံးသည် လမ်းမှားနေကြသူများဖြစ်ကြသည်။ သို့ရှိရာ အသင်တို့သည် ငါအရှင့်ထံတော်ပါးတွင် လမ်းမှန်တရားကို တောင်းခံကြလေကုန်၊ ငါအရှင်မြတ်သည် အသင်တို့အား လမ်းမှန်တရား ချီးမြှင့်တော်မူမည်။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ ငါအရှင်မြတ် ကျွေးမွေးသူမှလွဲ၍ အသင်တို့အားလုံးသည် ငတ်မွတ်နေသူများပင်ဖြစ်သည်။ သို့ရှိရာ အသင်တို့သည် ငါအရှင့်ထံတော်ပါးတွင် စားနပ်ရိက္ခာ တောင်းခံကြလေကုန်။ ငါအရှင်မြတ်သည် အသင်တို့အား စားနပ်ရိက္ခာ ချီးမြှင့်တော်မူမည်။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ ငါအရှင်မြတ်ဝတ်ဆင်ပေးသူမှအပ အသင်တို့အားလုံးသည် အဝတ်အစား ကင်းမဲ့သူများပင်ဖြစ်ကြသည်။ သို့ရှိရာ အသင်တို့သည် ငါအရှင့်ထံတော်ပါးတွင် အဝတ်အစားဆင်မြန်းပေးရန် တောင်းခံကြလေကုန်။ ငါအရှင်မြတ်သည် အသင်တို့အား အဝတ်အစား ဆင်မြန်းပေးတော်မူမည်။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ ဧကန်အမှန်ပင် အသင်တို့သည် နေ့နှင့်ညတွင် အပြစ်အကုသိုလ်များ ကျူးလွန်နေကြသည်။ ငါအရှင်မြတ်သည် အပြစ်အကုသိုလ်အားလုံးကို ခွင့်လွှတ်ချမ်းသာ ပေးတော်မူသည်။ သို့ရှိရာ အသင်တို့သည် ငါအရှင့်ထံ ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံကြလေကုန် ငါအရှင်မြတ်သည် အသင်တို့အား ခွင့်လွှတ်ချမ်းသာခွင့် ပေးသနားတော်မူမည်။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ အသင်တို့သည် ငါအရှင်မြတ်အား မည်သည့်အခါတွင်မျှ ဆိုးကျိုးပေးနိုင်ကြမည်မဟုတ်၊ ငါအရှင်မြတ်အား မည်သည့်အခါတွင်မျှကောင်းကျိုးလည်းပြုနိုင်မည် မဟုတ်ပေ။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ အသင်တို့အနက်မှ ပထမဦးဆုံးလူသား၊ နောက်ဆုံးလူသား၊ လူသားအားလုံးနှင့်ဂျင်န် အားလုံးတို့သည် သင်တို့အနက်မှ အမိန့်နာခံမှုအရှိဆုံး သူတစ်ဦး၏ နှလုံးသားကဲ့သို့ ဖြစ်သွားကြလျှင်လည်း ဤသည် ငါအရှင်မြတ်၏ စိုးပိုင်မှုအာဏာတွင် တစ်စုံတစ်ရာမျှ တိုးလာမည်မဟုတ်ပေ။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ အသင်တို့အနက်မှ ပထမဦးဆုံးလူသား၊ နောက်ဆုံးလူသား၊ လူသားအားလုံးနှင့်ဂျင်န် အားလုံးတို့သည် သင်တို့အနက်မှ အမိန့်အဖီဆန်ဆုံး သူတစ်ဦး၏ နှလုံးသားကဲ့သို့ ဖြစ်သွားကြလျှင်လည်း ဤသည် ငါအရှင်မြတ်၏ စိုးပိုင်မှု အာဏာတွင်တစ်စုံတစ်ရာမျှ လျော့နည်းသွားမည်မဟုတ်ပေ။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ အသင်တို့အနက်မှ ပထမဦးဆုံးလူသား၊ နောက်ဆုံးလူသား၊ လူသားအားလုံးနှင့်ဂျင်န် အားလုံးတို့သည် ကွင်းပြင်ကြီးတစ်ခု၌ ရပ်၍ ငါအရှင်မြတ်ထံမှ (မိမိတို့၏ လိုအပ်ချက်များကို) တောင်းခံကြပြီး ငါအရှင်မြတ်သည် တစ်ဦးချင်းစီ၏ တောင်းခံမှုကို ချီးမြှင့်ခဲ့လျှင်လည်း ပင်လယ်ထဲသို့ အပ်တစ်ချောင်းကို နှစ်မြုပ်လိုက်၍ ပြန်ထုတ်သည့်အခါ လျော့နည်းခြင်း မရှိသကဲ့သို့ပင် ငါအရှင့်ထံတော်မှ တစ်စုံတစ်ရာမျှ လျော့နည်းသွားမည်မဟုတ်ပေ။ အို - ငါအရှင်၏ကျွန်အပေါင်းတို့ ဧကန်အမှန်ပင်ဤသည် အသင်တို့၏ လုပ်ရပ်များပင်ဖြစ်ပြီး ငါအရှင်မြတ်သည် ထိုလုပ်ရပ်များကို အသင်တို့အတွက် မှတ်တမ်းတင် ထားတော်မူသည်။ ၎င်းနောက်(ကိယာမသ်နေ့၌) ထိုလုပ်ရပ်များကို အသင်တို့အား အပြည့်အဝ ပြန်လည်အစားပေးမည်ဖြစ်သည်။ မည်သူမဆို ကောင်းမြတ်သည့်အစားကို ရရှိခဲ့လျှင် ထိုသူသည် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောမနာပြု(ကျေးဇူးတင်)ပါလေ။ မည်သူမဆို (ကောင်းမြတ်သည့်အစား မဟုတ်ဘဲ) အခြားအရာကိုရရှိခဲ့လျှင် ထိုသူသည် မိမိကိုယ်မိမိသာ အပြစ်တင်ပါလေ။»
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ရှင်းပြတော်မူသည်မှာ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် မတရားမှုကို မိမိအပေါ်တွင် ဟရာမ်အဖြစ် သတ်မှတ်တော်မူပြီး မိမိ၏ အဖန်ဆင်းခံများကြားတွင်လည်း မတရားမှုကို ဟရာမ်အဖြစ် သတ်မှတ်တော်မူခဲ့သည်။ထို့ကြောင့် တစ်ဦးကို တစ်ဦး မတရားလုပ်ခွင့်မရှိပေ။ ဧကန်အမှန်ပင် အဖန်ဆင်းခံများတွင် အလ္လာဟ်အရှင်မြတ် လမ်းမှန်တရားချီးမြှင့်သူ၊ လမ်းမှန်တရားပေါ်တွင် လျှောက်လှမ်းနိုင်စွမ်း ပေးသနားထားသူမှလွဲ၍ ကျန်အားလုံးသည် လမ်းမှန်တရားမှ လမ်းလွဲနေသူများပင်ဖြစ်ကြသည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်ထံတွင် လမ်းမှန်တရားကို တောင်းခံပါက အရှင်မြတ်သည် ၎င်းအား လိုက်နာနိုင်စွမ်း ချီးမြှင့်တော်မူပြီး လမ်းမှန်တရားပြသတော်မူမည်။ ဧကန်အမှန်ပင် အဖန်ဆင်းခံတို့သည် ၎င်းတို့၏ လိုအပ်ချက်အားလုံးအတွက် အလ္လာဟ်အရှင်မြတ်ကို လိုအပ်ကြသူများဖြစ်သည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် တောင်းခံပါက အရှင်မြတ်သည် ၎င်း၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးတော်မူပြီး ၎င်းအဖို့ လုံလောက်တော်မူမည်ဖြစ်သည်။ လူသားတို့သည် နေ့နှင့်ညတွင် အပြစ်များ ကျူးလွန်လျက်ရှိကြသည်။ ကျေးကျွန်တို့က ခွင့်လွှတ်ချမ်းသာမှု တောင်းခံသည့်အခါ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏အပြစ်များကို ဖုံးကွယ်ပေးပြီး၊ အရေးမယူဘဲ ခွင့်လွှတ်တော်မူလိုက်သည်။ လူသားတို့သည် အလ္လာဟ်အရှင်မြတ်အားတစ်စုံတစ်ရာ ထိခိုက်နစ်နာစေရန် သို့မဟုတ် တစ်စုံတစ်ရာ အကျိုးပြုရန် တတ်စွမ်းနိုင်သူများမဟုတ်ကြပေ။ အကယ်၍ ၎င်းတို့သည် အမိန့်နာခံမှုအရှိဆုံးသူတစ်ဦး၏ နှလုံးသားကဲ့သို့ ဖြစ်သွားကြလျှင်လည်း ၎င်းတို့၏ အမိန့်နာခံမှု၊ အပြစ်ရှောင်ကြဥ်မှုသည် အလ္လာဟ်အရှင်မြတ်၏ စိုးပိုင်မှုအာဏာကို တစ်စုံတစ်ရာတိုးလာစေမည် မဟုတ်သလို ၎င်းတို့သည် အမိန့်အဖီဆန်ဆုံး သူတစ်ဦး၏ နှလုံးသားကဲ့သို့ ဖြစ်သွားကြလျှင်လည်း ၎င်းတို့၏ အမိန့်ဖီဆန်မှုသည် အလ္လာဟ်အရှင်မြတ်၏ စိုးပိုင်မှု အာဏာကို တစ်စုံတစ်ရာ လျော့နည်းစေမည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အားအင်ချည့်နဲ့သူများဖြစ်ကြပြီး အခြေအနေတိုင်း၊ အချိန်အခါတိုင်း၊ နေရာတိုင်းတွင် အလ္လာဟ်အရှင်မြတ်ကို လိုအပ်ကြသူများပင် ဖြစ်ကြသည်။ အလ္လာဟ်အရှင်မြတ်သည် လိုလားတောင်းတမှုအလုံးစုံမှ ကင်းစင်တော်မူသောအရှင်ဖြစ်သည်။ အကယ်၍ လူသားများ၊ ဂျင်န်သတ္တဝါများ၊ လွန်လေပြီးသူများနှင့် နောင်လာမည့်သူများအားလုံး တစ်နေရာတည်းတွင်ရပ်၍ အလ္လာဟ်အရှင်မြတ်ထံ တစ်ပြိုင်နက်တည်း တောင်းခံကြပြီး အရှင်မြတ်သည် တစ်ဦးစီ၏တောင်းခံမှုအား ချီးမြှင့်လိုက်လျှင်လည်း ပင်လယ်ထဲသို့ အပ်တစ်ချောင်းကို နှစ်မြုပ်၍ ပြန်ထုတ်လိုက်သည့်အခါ ပင်လယ်ရေသည် မလျော့နည်းသကဲ့သို့ ထိုသို့ ပေးကမ်းချီးမြှင့်ခြင်းကြောင့် အလ္လာဟ်အရှင်မြတ်ထံတော်မှ တစ်စုံတစ်ရာမျှပင် လျော့နည်းသွားမည် မဟုတ်ပေ။ ဤသည် ချို့တဲ့မှုအပေါင်းမှ ကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်၏ ပြီးပြည့်စုံသည့် ကြွယ်ဝမှုပင်ဖြစ်သည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်များ၏ ဆောင်ရွက်ချက်များ၊ အကျိုးအပြစ်များအားလုံးကို မှတ်တမ်းတင် ထိန်းသိမ်းထားတော်မူသည်။ ၎င်းနောက် ကိယာမသ်နေ့တွင် ထိုဆောင်ရွက်ချက်များအပေါ် အစားပြန်လည် ချီးမြှင့်မည်ဖြစ်သည်။ အကြင်သူသည် မိမိဆောင်ရွက်ချက်အပေါ် ကောင်းမြတ်သည့် အစားပြန်လည်ရရှိပါက အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို နာခံခွင့်ရသည့်အပေါ် အရှင်မြတ်အား ချီးမွမ်းထောမနာပြုရမည်ဖြစ်သည်။ အကြင်သူသည် မိမိဆောင်ရွက်ချက်အပေါ် ကောင်းမြတ်သည့် အစားမဟုတ်ဘဲ အခြားတစ်စုံတစ်ရာရရှိခဲ့လျှင် မကောင်းမှုကို အလွန်အမိန့်ပေးတိုက်တွန်းပြီး၊ ဆုံးရှုံးမှုသို့ ခေါ်ဆောင်ခဲ့သော မိမိ၏စိတ်နှလုံးသားကိုသာ အပြစ်တင်ရမည် ဖြစ်သည်။
အိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တစ်နေ့ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ နောက်တွင် လိုက်ပါစီးနင်းခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ « အို - ကောင်လေး ငါကိုယ်တော် သင့်အား အချို့သောစကားရပ်များကို သင်ကြားပေးတော်မူမည်။ သင်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အရှင်မြတ်သည် သင့်အား ထိန်းသိမ်းစောင့်ရှောက်တော်မူမည်။ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အလ္လာဟ်အရှင်မြတ်သည် သင့်အရှေ့မှ ကူညီတော်မူလိမ့်မည်။ သင်တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ တောင်းခံပါ။ သင်အကူအညီတောင်းမည် ဆိုပါကလည်း အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ အကူအညီတောင်းခံပါ။ အသင်ကောင်းစွာ မှတ်သားပါလေ။ အကယ်၍ လူသားထုတစ်ရပ်လုံးက သင့်အား တစ်စုံတစ်ရာ အကျိုးပြုရန် စုရုံးခဲ့ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်က သင့်အတွက် သတ်မှတ်ထားသောအရာမှအပ အခြားမည်သည့်အကျိုးကိုမျှ ပြုနိုင်ကြမည် မဟုတ်ပေ။ အကယ်၍ လူသားထုတစ်ရပ်လုံး သင့်အား တစ်စုံတစ်ရာ ဆိုးကျိုးပြုရန် စုရုံးခဲ့ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်က သင့်အတွက် သတ်မှတ်ထားသောအရာမှအပ အခြားမည်သည့်ဆိုးကျိုးကိုမျှ ပေးနိုင်ကြမည် မဟုတ်ပေ။ (သက္ကဒီရ်အား ရေးမှတ်သည့်) ကလောင်တံများလည်း မယူခြင်းခံလိုက်ရပြီး (ရေးမှတ်ထားသည့်) မှတ်တမ်းများလည်း ခြောက်သွေ့သွားပြီဖြစ်သည်။
رواه الترمذيအိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟု)က ပြောပြသည်။ သူသည် ငယ်ရွယ်စဥ်အခါက တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ အစီးအနင်းတစ်ခုပေါ်တွင် လိုက်ပါစီးနင်းခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ငါကိုယ်တော်သည် သင့်အား အချို့သောအရေးကိစ္စများ၊ အကြောင်းအရာများကို သင်ကြားပေးမည်။ ၎င်းတို့ကို အကြောင်းပြု၍ အလ္လာဟ်အရှင်မြတ်က သင့်ကိုအကျိုးဖြစ်ထွန်းစေလိမ့်မည်။ သင်သည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကိုလိုက်နာပြီး တားမြစ်ချက်များကိုရှောင်ကြဉ်ကာ ထိန်းသိမ်းပါ။ သို့မှသာ အလ္လာဟ်အရှင်မြတ်က သင့်အား အမိန့်နာခံမှုနှင့် အရှင်မြတ်နှင့်နီးကပ်စေသော ကောင်းမှုများ၌ရှိနေကြောင်း တွေ့ရှိရပြီး အမိန့်မနာခံမှုနှင့် ပြစ်မှုဒုစရိုက်များတွင် မတွေ့ရှိရမည်ဖြစ်သည်။ သင်ထိုသို့ပြုလုပ်ပါက အလ္လာဟ်အရှင်မြတ်က သင့်အား ဤလောကနှင့် နောင်တမလွန်ဘဝ၏ အန္တရာယ်များမှ ထိန်းသိမ်းစောင့်ရှောက်ပေးပြီး သင်သွားလေရာ၌ သင့်၏အရေးကိစ္စများကို ကူညီစောင့်ရှောက်တော်မူမည် ဖြစ်သည်။ သင်တစ်စုံတစ်ရာတောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ တောင်းခံပါ။ အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကသာ တောင်းခံသူများ၏ တောင်းဆုကို ဖြည့်ဆည်းပေးတော်မူသော အရှင်ဖြစ်သည်။ သင်အကူအညီတောင်းမည် ဆိုပါကလည်း အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ အကူအညီတောင်းခံပါ။ အကယ်၍ ကမ္ဘာပေါ်ရှိ လူသားထုတစ်ရပ်လုံးက သင့်အား တစ်စုံတစ်ရာ အကျိုးပြုရန် စုရုံးခဲ့ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်က သင့်အတွက် သတ်မှတ်ထားသောအရာမှအပ အခြားမည်သည့် အကျိုးကိုမျှ ပြုနိုင်မည် မဟုတ်ကြောင်းနှင့် လူသားထုတစ်ရပ်လုံးက သင့်အား တစ်စုံတစ်ရာ ဆိုးကျိုးပြုရန် စုရုံးခဲ့ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်က သင့်အတွက် သတ်မှတ်ထားသောအရာမှအပ အခြားမည်သည့်ဆိုးကျိုးကိုမျှပေးနိုင်မည် မဟုတ်ကြောင်း သင့်၌ခိုင်မာသည့် ယုံကြည်ချက်ရှိရမည်။ ဤအရေးကိစ္စအားလုံးကို အလ္လာဟ်အရှင်မြတ်က မိမိ၏အသိပညာ၊ အမြော်အမြင်နှင့်အညီ သက္ကဒီရ်ရေးစွဲသတ်မှတ်ထားပြီးဖြစ်သည်။ အရှင်မြတ် ရေးသားထား မှတ်တမ်းတင်ထားသောအရာများမှာ ပြောင်းလဲသွားမည်မဟုတ်ပေ။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ငြင်းပယ်သူမှလွဲ၍ ငါကိုယ်တော် ၏ အွမ္မသ်သားအားလုံးသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ကြရမည်။ ထိုအခါ သာဝကကြီးများက အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ငြင်းပယ်သူသည် မည်သူဖြစ်ပါသနည်းဟု လျှောက်ထားမေးမြန်းကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ မည်သူမဆို ငါကိုယ်တော့်အမိန့်ကိုနာခံလျှင် ထိုသူသည် ဂျန္နသ်ကိုဝင်ရမည်ဖြစ်ပြီး မည်သူမဆိုငါကိုယ်တော်၏ အမိန့်ကိုမနာခံလျှင် ထိုသူသည်ငြင်းပယ်သူဖြစ်သည်။
رواه البخاريတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ငြင်းပယ်သူမှလွဲ၍ ကိုယ်တော်၏ အွမ္မသ်သားအားလုံး ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ကြရမည်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ထိုအခါ ဆွဟာဗဟ်(ရဿွိယလ်လာဟုအန်ဟုမ်)တို့က အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ငြင်းပယ်သူသည် မည်သူဖြစ်ပါသနည်းဟု လျှောက်ထားမေးမြန်းကြသည်။ ကိုယ်တော်က မည်သူမဆို ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အမိန့်ကိုနာခံကာ နောက်လိုက်မှုပြုလျှင် ထိုသူသည် ဂျန္နသ်ကိုဝင်ရမည်ဖြစ်ပြီး မည်သူမဆို အမိန့်ဖီဆန်ကာ ရှရီအဟ်တရားတော်ကို လိုက်နာခြင်းမရှိလျှင် ထိုသူသည် သူ၏မကောင်းသော(အအ်မာလ်)လုပ်ဆောင်မှုများကြောင့် ဂျန္နသ်သို့ဝင်ရောက်ခွင့်ရမည်မဟုတ်ဟု ဖြေကြားတော်မူခဲ့သည်။
အစ်ဗ်နုအုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်သူသည် လူအုပ်စုတစ်စုဖြင့် တူဆင်အောင်ပြုလုပ်ခဲ့လျှင် ၎င်းသည် ထိုအုပ်စုအနက်မှပင်ဖြစ်သည်။
رواه أبو داود وأحمدတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မည်သူမဆို ကာဖိရ်များ၊ အပြစ်ကျူးလွန်သူများနှင့်ဖြစ်စေ၊ သူမွန်သူမြတ်များနှင့်ဖြစ်စေ တူဆင်အောင်ပြုလုပ်ပါက ၎င်းသည် ထိုသူတို့အနက်မှပင်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။ ဤသည် ၎င်းတို့နှင့်သာ သီးသန့်သက်ဆိုင်သည့် ယုံကြည်ချက်များ၊ ခဝပ်ကိုးကွယ်မှုများ၊ ဓလေ့ထုံးတမ်းများကိုအတုခိုး ဆောင်ရွက်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အပြင်ပန်း၌ ၎င်းတို့အားအတုခိုးခြင်းသည် အတွင်းပိုင်းဆိုင်ရာ၌ ၎င်းတို့အား အတုခိုးခြင်းဆီသို့ ဦးတည်စေသည်။ အုပ်စုတစ်စုအား အတုခိုးခြင်းသည် နှစ်သက်သဘောကျခြင်းကြောင့်သာ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ထိုအချက်ကပင် ၎င်းတို့အား ချစ်ခင်ခြင်း၊ ဂုဏ်ပေးခြင်းနှင့် ၎င်းတို့အပေါ် အားထားခြင်းဆီသို့ ရောက်ရှိစေသည်မှာ သံသယဖြစ်ရန်ပင် မလိုပေ။ တစ်ခါတစ်ရံတွင် ဤအချက်သည် လူတစ်ယောက်အား ၎င်းအတုခိုးလိုက်သူများ၏ စိတ်နှလုံးသားဆိုင်ရာ ယုံကြည်ချက်များ၊ ခဝပ်ကိုးကွယ်မှုများကိုပါ အတုခိုးခြင်းဆီသို့ တွန်းပို့ပေးသည်။ ( အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံပါ၏။)