





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အုမရ်ဗင်န်ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ နဆ်ွရာနီတို့သည် မရ်ယမ်၏ သားတော်(တမန်တော်အီစာ) (အလိုင်းဟိစ္စလာမ်)အား အတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ကြသကဲ့သို့ အသင်တို့သည် ငါကိုယ်တော်အား အတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ခြင်းမပြုကြနှင့်။ ငါကိုယ်တော်သည် အရှင်မြတ်၏ကျေးကျွန်သာဖြစ်သည်။ ထို့ကြောင့်ငါကိုယ်တော်အား အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်သည်ဟူ၍သာ သင်တို့ပြောကြလေကုန်။
رواه البخاريတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိနှင့် ပတ်သက်၍ နဆ်ွရာနီ (ခရစ်ယာန်)တို့က မရ်ယမ်၏သားတော် (အီစာ) (အလိုင်းဟိစ္စလာမ်)အား ပြုခဲ့ကြသည့်အတိုင်း ရှရီအဟ်တရားတော်၏ ဘောင်ကိုကျော်ကာ အတိုင်းထက်အလွန်ချီးမွမ်းခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်များ၊ အရှင်မြတ်နှင့်သာ သက်ဆိုင်သည့် လုပ်ဆောင်ချက်များဖြင့် ဂုဏ်ပေးခြင်း၊ အကွယ်ကိုသိသည်ဟု ယုံကြည်ခြင်း၊ အလ္လာဟ်အရှင်မြတ်နှင့်အတူ ယှဉ်တွဲ၍ ဒုအာဆုတောင်းခြင်းများ မပြုလုပ်ကြရန် တားမြစ်တော်မူခဲ့သည်။ ထို့နောက် ကိုယ်တော်က မိမိသည် အလ္လာဟ်အရှင်မြတ်၏ကျွန်များအနက်မှ ကျွန်တစ်ဦးဖြစ်ကြောင်း ရှင်းပြတော်မူပြီး ကျွန်တော်တို့အနေဖြင့် ကိုယ်တော့်အား အလ္လာဟ်အရှင်မြတ်၏ကျွန်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်ဟူ၍သာ ပြောဆိုကြရန် အမိန်ပေးတော်မူခဲ့သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည် အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကိယာမသ် တရားစီရင်မည့်နေ့၌ ကိုယ်တော်၏ ရှဖာအသ် ကြားဝင်အသနားခံပေးမှုဖြင့် နဖူးစာအကောင်းဆုံးဖြစ်မည့်သူမှာ မည်သူပါနည်း ဟုမေးလျှောက်ခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လာမ်)က မိန့်ကြားတော်မူသည်။ အိုအဗူဟုရိုင်ရဟ် ဟဒီးဆ်နှင့် ပတ်သက်လျှင် သင်၏စိတ်ပြင်းပြမှုကို ငါကိုယ်တော်မြင်တွေ့ရသည့်အတွက် ဤကဲ့သို့ဟဒီးဆ်မျိုးကို သင့်အလျင် ငါကိုယ်တော်အား မည်သူမျှ မေးမြန်းလိမ့်မည် မဟုတ်ဟု ထင်ထားသည်။ ကိယာမသ် တရားစီရင်မည့်နေ့၌ ငါကိုယ်တော်၏ ရှဖာအသ် ကြားဝင်အသနားခံပေးမှုဖြင့် နဖူးစာအကောင်းဆုံးဖြစ်မည့်သူမှာ မိမိနှလုံးသားတွင်း၌ အရှင်မြတ်အတွက်သာရည်စူး၍ (လာအိလာဟအိလ္လလ္လာဟ်)ကို ရွတ်ဆိုခဲ့သူဖြစ်သည်။
رواه البخاريတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။လူတို့အနက် ကိယာမသ် တရားစီရင်မည့်နေ့တွင် ကိုယ်တော်၏ ရှဖာအသ် ကြားဝင်အသနားခံပေးမှုဖြင့် နဖူးစာအကောင်းဆုံးဖြစ်မည့်သူမှာ ရှိရ်က် ဖက်စပ်ယှဥ်တွဲကိုးကွယ်မှု၊ ရိယာအ် ပြစားမှုတို့မှကင်းစင်ကာ မိမိနှလုံးသားတွင်းမှ အရှင်မြတ်အတွက်သာရည်စူး၍ (လာအိလာဟအိလ္လလ္လာဟ်) အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းခံထိုက်သောအရှင်မရှိဟူ၍ ရွတ်ဆိုခဲ့သူဖြစ်သည်။
အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ်ဗင်န်အာဆ်ွ (ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။ အကြင်သူသည် (အတိတ်နိမိတ်ဆိုးကောက်၍) ထိုနိမိတ်ဆိုးကောက်ခြင်းက သူရည်ရွယ်ထားသည့်ကိစ္စကို ရပ်ဆိုင်းစေခဲ့လျှင် ထိုသူသည် ရှိရ်က်အမှုကို ကျူးလွန်ခြင်းဖြစ်သည်။ သာဝကြီးများက ထိုပြစ်မှုအတွက် အပြစ်ပြေပျောက်စေမည့်အရာ (ကဖ္ဖာရဟ်) မှာအဘယ်အရာပါနည်း ဟု မေးလျှောက်ခဲ့ကြရာ ကိုယ်တော်က အောက်ပါအတိုင်း တောင်းဆုပြုရန် မိန့်ကြားတော်မူသည်။ ( အို အလ္လာဟ်အရှင်မြတ် အရှင်မြတ်ထံရှိသည့် ကောင်းချီးမင်္ဂလာမှအပ အခြားကောင်းချီးမင်္ဂလာဟူ၍မရှိ၊ အရှင်မြတ်သတ်မှတ်ထားသည့် ပြစ်ဒဏ်၏ မကောင်းမှုမှအပ အခြားနိမိတ်ဆိုးဟူ၍မရှိ၊ အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိ။)
အိမာမ် အဟ်မဒ် ဆင့်ပြန်ခဲ့သည်။ဤဟဒီးဆ်တော်တွင် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်တော်တို့အား အသိပေးမိန့်ကြားထားသည်မှာ နိမိတ်ဆိုးကောက်ခြင်းသည် လူတစ်ဦးအား သူရည်ရွယ်ထားသည့် အတိုင်းဆက်လက်လုပ်ဆောင်ခြင်းမှ အတားဆီးဖြစ်ခဲ့လျှင် ထိုသူသည် ရှိရ်က် ဖက်စပ်ကိုးကွယ်မှု အမျိုးအစားတစ်ခုကို ကျူးလွန်လိုက်ခြင်းဖြစ်သည်။ ဆွဟာဗဟ်ကြီးများက ကိုယ်တော့်အား ထိုကြီးပြစ်မှုကြီးအား ပြေပျောက်စေမည့်အရာ (ကဖ္ဖာရဟ်)နှင့်ပတ်သက်၍ မေးလျှောက်ခဲ့ကြရာ ကိုယ်တော်က ၎င်းတို့အား ဟဒီးဆ်တော်တွင်ဖော်ပြထားသည့် မွန်မြတ်လှသော စာသာများပါရှိသည့် ဒုအာတောင်းဆုတော်ကို ညွှန်ကြားပြသခဲ့သည်။ ထိုတောင်းဆုတော်တွင် အရေးကိစ္စဟူသမျှကို အလ္လာဟ်အရှင်မြတ်ထံသို့သာ လွှဲအပ်ပြီး အရှင်မြတ်မှအပ မည်သူ့တွင်မျှ စွမ်းအားမရှိကြောင်းပါဝင်သည်။
အုဗာဒဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်သူသည် တစ်ပါးတည်းဖြစ်တော်မူသော၊ ဖက်စပ်ယှဉ်တွဲခြင်းကင်းတော်မူသော အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခံထိုက်သောအရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်နှင့် ရစူလ်တမန်တော်ဖြစ်တော်မူကြောင်း၊ အီစာ (အလိုင်းဟိစ္စလာမ်)သည် အလ္လာဟ်အရှင်မြတ်၏ကျွန်နှင့် ရစူလ်တမန်တော်ဖြစ်တော်မူပြီး မရ်ယမ်သခင်မထဲသို့ထည့်သွင်းပေးခဲ့သည့် အလ္လာဟ်အရှင်မြတ်၏ (ကလိမဟ်) မုက္ခပါဌ်တော်နှင့် အရှင်မြတ်ထံတော်မှ(ဖန်ဆင်းခဲ့သည့်)ဝိညာဉ်တော်ဖြစ်ကြောင်း၊ ဂျန္နသ်သုခဘုံသည် အမှန်ဖြစ်ကြောင်း၊ ဂျဟန္နမ်ငရဲဘုံသည် အမှန်ဖြစ်ကြောင်း သက်သေခံခဲ့လျှင် ၎င်း၏အမလ်ကျင့်ဆောင်မှုသည် မည်သို့ပင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်သည် သူ့အား ဂျန္နသ်သုခဘုံသို့ ဝင်ရောက်စေတော်မူမည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ အကြင်သူသည် သောင်ဝ်ဟီးဒ်၏ ကလိမဟ်တော်အား အဓိပ္ပါယ်သိနားလည်ကာ ရွတ်ဆိုပြီး ကလိမဟ်တော်၏ တောင်းဆိုချက်များအတိုင်း လိုက်နာကျင့်သုံးမည်။ မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်၏ ကျေးကျွန်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံမည်။ အီစာ (အလိုင်းဟိစ္စလာမ်)သည် အလ္လာဟ်အရှင်မြတ်၏ ကျေးကျွန်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်က ဖြစ်စေဟူသောအမိန့်ဖြင့် ဖန်ဆင်းခဲ့သည့်အတွက် ဖြစ်ပေါ်လာကြောင်းကိုလည်းကောင်း၊ အီစာ (အလိုင်းဟိစ္စလာမ်)သည် အလ္လာဟ်အရှင်မြတ်ဖန်ဆင်းထားသည့် ရူးဟ် ဝိညာဉ်များအနက်မှာ ဝိညာဉ်တော်ဖြစ်ကြောင်းကိုလည်းကောင်း ဝန်ခံထွက်ဆိုမည်။ ထို့ပြင် အီစာ (အလိုင်းဟိစ္စလာမ်)၏ မိခင်သည် ယဟူဒီများ စွပ်စွဲသည့်ကိစ္စမှ ကင်းရှင်းကြောင်းကို လက်ခံယုံကြည်မည်။ ဂျန္နသ်သုခဘုံသည် အမှန်ဖြစ်ကြောင်း၊ ဂျဟန္နမ်ငရဲဘုံသည် အမှန်ဖြစ်ကြောင်းကို သက်ဝင်ယုံကြည်မည်။ ထို့အတူ ၎င်းတို့၏ တည်ရှိမှုနှင့် ၎င်းတို့သည် အရှင်မြတ်၏ နိအ်မသ်စည်းစိမ်နှင့် အရှင်မြတ်၏ အပြစ်ဒဏ်ဖြစ်ကြောင်းကို ယုံကြည်မည်။ ၎င်းနောက် ထိုယုံကြည်ချက်အပေါ်၌ပင် ကွယ်လွန်သေဆုံးခဲ့ပါက ၎င်းသူ၏အမလ်ကျင့်ဆောင်မှုသည် နည်းပါးပြီး အပြစ်အကုသိုလ်များရှိလျှင်လည်း ၎င်းသူပြန်လှည့်ရမည့် နေရာဌာနမှာ ဂျန္နသ်သုခဘုံပင်ဖြစ်သည်။
ဂျာဗိရ်ဗင်န်အဗ်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်တစ်စုံတစ်ရာကို ရှိရ်က် ယှဉ်တွဲကိုးကွယ်မှုမပြုဘဲ အလ္လာဟ်အရှင်မြတ်နှင့်တွေ့ဆုံခဲ့လျှင် ဂျန္နသ်သုခဘုံသို့ဝင်ရောက်ရမည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ရှိရ်က် ယှဉ်တွဲကိုးကွယ်မှုပြု၍ အရှင်မြတ်နှင့်တွေ့ဆုံခဲ့လျှင် ဂျဟန္နမ်ငရဲဘုံသို့ ဝင်ရောက်ရမည်။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်တစ်စုံတစ်ရာကို ရှိရ်က် ယှဉ်တွဲကိုးကွယ်ခြင်းမပြုဘဲ သေဆုံးခဲ့ပါက အကယ်၍ ထိုသူသည် သူ၏အချို့သော အပြစ်အကုသိုလ်ကြောင့် ပြစ်ဒဏ်ပေးခြင်းခံရလျှင်လည်း သူပြန်လှည့်ရမည့် နေရာဌာနမှာ ဂျန္နသ်သုခဘုံပင်ဖြစ်မည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်တစ်စုံတစ်ရာကို ရှိရ်က် ယှဉ်တွဲကိုးကွယ်ပြီး (မွရှ်ရိက်)အဖြစ်နှင့် သေဆုံးခဲ့ပါက ထိုသူသည် ဂျဟန္နမ်ငရဲ၌အမြဲနေရမည်ဖြစ်သည်။
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အကြောင်းအရာတစ်ခုကို မိန့်ကြားတော်မူခဲ့သည်။ ကျွန်ုပ်က အခြားအကြောင်းအရာတစ်ခုကို ထပ်လောင်းပြောပြခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာကို ဟစ်ခေါ်ဆုတောင်း၍ သေဆုံးခဲ့လျှင် ထိုသူသည် ဂျဟန္နမ်ငရဲသို့ ဝင်ရောက်ရမည်။ ကျွန်ုပ်ပြောခဲ့သည် အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာကို ဟစ်ခေါ်ဆုတောင်းခြင်းမပြုဘဲ သေဆုံးခဲ့လျှင် ထိုသူသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်အတွက် သီးသန့်ဖြစ်သည့်အရာကို အခြားသူအတွက် သုံးစွဲမည်။ ဥပမာ- အလ္လာဟ်အရှင်မြတ်အပြင် အခြားတစ်ဦးတစ်ယောက်ထံ ဒုအာဆုတောင်းမည်။ အရှင်မြတ်အပြင် အခြားတစ်ဦးတစ်ယောက်ထံ၌ ဒုက္ခများမှ ကယ်တင်ရန် အကူအညီတောင်းမည်။ ၎င်းနောက် ထိုအခြေအနေပေါ်၌ပင် သေဆုံးသွားပါက ထိုသူသည် ဂျဟန္နမ်ငရဲဘုံသားများအနက်မှပင်ဖြစ်သည်။ ထို့နောက် အစ်ဗ်နု မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ထပ်လောင်း ပြောကြားသည်မှာ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဉ်တွဲကိုးကွယ်ခြင်းမပြုဘဲ သေဆုံးခဲ့ပါက ၎င်း၏ပြန်လှည့်ရာ နေရာဌာနမှာ ဂျန္နသ်သုခဘုံပင် ဖြစ်သည်။
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အစွန်းရောက်သူများ ပျက်စီးပါစေဟု သုံးကြိမ်တိုင်တိုင် မိန့်တော်မူခဲ့သည်။
رواه مسلمအသိပညာနှင့် လမ်းမှန်တရားပေါ်တွင်မရှိဘဲ အစွန်းရောက်သူများသည် ၎င်းတို့၏ စကားများ၊ လုပ်ရပ်များ၊ လောကီရေး၊ သာသနာရေးကိစ္စတို့တွင်ပျက်ဆီးဆုံးရှုံးမည်ဖြစ်ကြောင်းနှင့် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ယူဆောင်လာသော ရှရီအဟ်တရားတော်၏ ကန့်သတ်ချက်များကို ချိုးဖေါက်သူများသည်လည်း ပျက်ဆီးဆုံးရှုံးမည်ဖြစ်ကြောင်းကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားတော်မူခဲ့သည်။
အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ကုရ်အာန်ကျမ်းလာ အာယတ်တော်ဖြစ်သော (၎င်းပြင် ထို ကျွန်တော်မျိုး၏ အမျိုးသားတို့သည် (လက်အောက်ငယ်သားလူ့ဗာလတို့အား ဤသို့) ပြောဆိုခဲ့ကြပါသည်။ (အချင်းတို့၊) အသင်တို့သည် မိမိတို့၏ ကိုးကွယ်ရာများကို စွန့်ပယ်၍ အလျှင်း မထားကြကုန်လင့်။၎င်းပြင် အသင်တို့သည် “ဝဒ္ဒ်”ဆင်းတုကိုလည်း အလျှင်း မစွန့်ပယ်ကြကုန်လင့်၊ “ဆုဝါအ်”ဆင်းတုကိုလည်း စွန့်ပယ်ခြင်းမပြုကြကုန်လင့်၊ထိုမှတစ်ပါး“ယဂူဆ်”ဆင်းတုကိုလည်းကောင်း၊“ယအူက်”ဆင်းတုကိုလည်းကောင်း၊ “နတ်စ်ရ်”ဆင်းတုကိုလည်းကောင်း၊ စွန့်ပယ်ခြင်းကိုမပြုကြကုန်လင့်။) (ကုရ်အာန် ၇၁း၂၃) ဟူသောအာယတ်နှင့်ပတ်သက်၍ မိန့်ကြားသည်မှာ ဤသည် တမန်တော်နူးဟ် (အလိုင်ဟိစ္စလာမ်) ခေတ်၌ရှိသော သူတော်စင်ကြီးများ၏အမည်များ ဖြစ်ကြသည်။ ၎င်းတို့သေဆုံးကွယ်လွန်သွားကြသောအခါ ရှိုင်သွာန်က ထိုသူတော်စင်ကြီးများ၏ မျိုးနွယ်များဆီသို့ ရောက်လာပြီး အသင်တို့သည် ၎င်းတို့ ထိုင်ခဲ့ကြသော နေရာများ၌ ရုပ်တုဆင်းတုများ ထုလုပ်ပြီး ထိုရုပ်တုများအား ၎င်းတို့၏ အမည်ဖြင့် အမည်ပေးကြလော့ဟု ပြောကြားရာ ၎င်းတို့ကလည်း ဤနည်းအတိုင်းပင် ပြုလုပ်ခဲ့ကြသည်။ ထိုအချိန်ထိ ၎င်းရုပ်တုများသည် ကိုးကွယ်ခြင်းမခံရသေးပေ။ တစ်ဖန် ယင်းသူတို့ သေဆုံးကွယ်လွန်သွားကြပြီး စစ်မှန်သည့် သာသနာ့ပညာလည်း မေ့ပျောက်သွားသောအခါ (နောင်လာနောက်သားတို့ခေတ်တွင်) ထိုရုပ်တုများသည် ကိုးကွယ်ခြင်းခံရလေသည်။
ဗုခါရီကျမ်း။အိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဤအာယတ်တော်နှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်မှာ အလ္လာဟ်အရှင်မြတ် ဖော်ပြထားသော ထိုကိုးကွယ်ရာများသည် (နူးဟ် (အလိုင်ဟိစ္စလာမ်)က မိမိ၏ အွမ္မသ်နောက်လိုက်သားများအား ထိုရုပ်တုများကို အလ္လာဟ်အရှင်မြတ်နှင့် ဖက်စပ်ကိုးကွယ်ခြင်းမှ တားမြစ်ပြီးနောက်တွင်လည်း ယင်းနောက်လိုက်သားများသည် ထိုရုပ်တုများကို စဥ်ဆက်မပျက် ကိုးကွယ်ကြရန် အချင်းချင်း မှာကြားကြသည်။) အမှန်တကယ်တွင် ၎င်းတို့အနက်မှ သူတော်စင်များ၏ အမည်နာမများသာ ဖြစ်ကြသည်။ ၎င်းတို့သည် ရှိုင်သွာန်၏လှည့်စားမှုကြောင့် ထိုသူတော်စင်များအား အကြည်ညို လွန်ကဲ၍ ၎င်းတို့၏ ပုံစံဖြင့် ရုပ်ပုံများပြုလုပ်လာကြသည်။ ဤရုပ်ပုံများသည် အလ္လာဟ်အရှင်မြတ်မှအပ ကိုးကွယ်ခြင်းခံရသော ရုပ်တုများအဆင့်သို့ ရောက်ရှိသွားသည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အကြင်သူသည် အကြွေးဆပ်ရန် ခက်ခဲနေသူအား နောက်ဆိုင်းပေးထားမည် သို့မဟုတ် ကြွေးမြီတစ်စုံတစ်ရာကို လျှော့ပေးလိုက်မည်ဆိုလျှင် ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား မိမိပလ္လင်တော်၏ အရိပ်အောက်၌ အရိပ်ပေးတော်မူမည်။ ထိုနေ့တွင် ၎င်း၏အရိပ်မှလွဲ၍ အခြားမည်သည့် အရိပ်အာဝါသမျှ ရှိမည်မဟုတ်ပေ။
رواه الترمذي وأحمدတမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ မည်သူမဆို အကြွေးတင်နေသူအား နောက်ဆိုင်းပေးမည် သို့မဟုတ် ကြွေးမြီတစ်စုံတစ်ရာကို လျှော့ပေးမည်ဆိုပါက ထိုသူ့အားဆုလာဘ်အနေဖြင့် ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်က ၎င်းအား မိမိပလ္လင်တော်၏အောက်၌ အရိပ်ပေးတော်မူမည်။ ထိုနေ့၌ နေမင်းသည် ကျေးကျွန်များ၏ဦးခေါင်းများနှင့် နီးကပ်စွာရှိနေပြီး ၎င်းတို့အပေါ်အပူရှိန် အလွန်ပြင်းထန်မည်ဖြစ်သည်။ ထိုနေ့တွင် အလ္လာဟ်အရှင်မြတ် အရိပ်ပေးတော်မူသောသူမှအပ မည်သူမျှ မည်သည့်အရိပ်ကိုမျှ ရရှိမည်မဟုတ်ပေ။