





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ဗန္ဒဟ် ကျေးကျွန်တစ်ဦးအား ချစ်ခင်နှစ်သက်တော်မူသော် ကောင်းကင်တမန်ဂျီဗ်ရီလ်ကို ခေါ်၍ "ဧကန်စင်စစ် ငါအရှင်မြတ်သည် မည်သူမည်ဝါအား ချစ်ခင်နှစ်သက်တော်မူသည်၊ သို့ဖြစ်၍ အသင်သည်လည်း သူ့အား ချစ်ခင်နှစ်သက်လော့" ဟု မိန့်ကြားတော်မူ၏။ ထိုအခါ ဂျီဗ်ရီလ်သည်လည်း ထိုသူအား ချစ်ခင်နှစ်သက်လေ၏။ ထို့နောက် ဂျီဗ်ရီလ်သည် မိုးကောင်းကင်တွင် "အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မည်သူမည်ဝါအား ချစ်ခင်နှစ်သက်တော်မူသည်၊ သို့ဖြစ်၍ အသင်တို့သည်လည်း သူ့အား ချစ်ခင်နှစ်သက်ကြလော့" ဟု ကြွေးကြော်လေ၏။ ထိုအခါ ကောင်းကင်တမန်များသည်လည်း ထိုသူအား ချစ်ခင်နှစ်သက်ကြကုန်၏။ ထို့နောက် သူ့အား မြေပထဝီပေါ်တွင် ( လူများ၏ )လက်ခံခြင်း (ချစ်ခြင်း) ခံရသူအဖြစ် ပြုလုပ်တော်မူခြင်း ခံရ၏။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ဗန္ဒဟ် ကျေးကျွန်တစ်ဦးအား မုန်းတီးတော်မူသော် ဂျီဗ်ရီလ်ကိုခေါ်၍ "ဧကန်စင်စစ် ငါအရှင်မြတ်သည် မည်သူမည်ဝါအား မုန်းတီးတော်မူသည်၊ သို့ဖြစ်၍ အသင်သည်လည်း သူ့အား မုန်းတီးလော့" ဟု မိန့်ကြားတော်မူ၏။ ထိုအခါ ဂျီဗ်ရီလ်သည်လည်း ထိုသူအား မုန်းတီးလေ၏။ ထို့နောက် ဂျီဗ်ရီလ်သည် ကောင်းကင်တမန်များအား "အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မည်သူမည်ဝါအား မုန်းတီးတော်မူသည်၊ သို့ဖြစ်၍ အသင်တို့သည်လည်း သူ့အား မုန်းတီးကြလော့" ဟု ကြွေးကြော်လေ၏။ ထိုအခါ ကောင်းကင်တမန်များသည်လည်း ထိုသူအား မုန်းတီးကြကုန်၏။ ထို့နောက် သူ့အား မြေပထဝီပေါ်တွင် မုန်းတီးခြင်း ခံရသူအဖြစ် ပြုလုပ်တော်မူခြင်း ခံရ၏။
صحيح مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူခဲ့သည်မှာ - အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အမိန့်တော်များကို လိုက်နာ၍ တားမြစ်ချက်များမှ ရှောင်ကြဉ်သော မုအ်မင်န်ကျေးကျွန်တစ်ဦးအား ချစ်ခင်နှစ်သက်တော်မူသောအခါ ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)အား ခေါ်၍မိန့်ကြားတော်မူသည်မှာ - ဧကန်စင်စစ် ငါအလ္လာဟ်အရှင်မြတ်သည် မည်သူမည်ဝါအား ချစ်ခင်နှစ်သက်တော်မူ၏။ သို့ဖြစ်၍ အသင်သည်လည်း ထိုသူ့အား ချစ်ခင်နှစ်သက်လော့။ ထိုအခါ ကောင်းကင်တမန်များ၏ ခေါင်းဆောင် ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)သည် ထိုသူအား ချစ်ခင်နှစ်သက်လေ၏။ ထို့နောက် ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)သည် ကောင်းကင်တမန်များတွင် ကြွေးကြော်လိုက်သည်မှာ - ဧကန်အမှန် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မည်သူမည်ဝါအား ချစ်ခင်နှစ်သက်တော်မူ၏။ သို့ဖြစ်၍ အသင်တို့သည်လည်း ထိုသူအား ချစ်ခင်နှစ်သက်ကြလော့။" ထိုအခါ ကောင်းကင်တမန်များအားလုံးသည် ထိုသူအား ချစ်ခင်နှစ်သက်ကြကုန်၏။ ထို့နောက် မုအ်မင်န်ယုံကြည်သူတို့၏ နှလုံးသားများတွင် ထိုသူအား ချစ်ခင်နှစ်သက်ခြင်း၊ သဘောကျခြင်းနှင့် ကျေနပ်ခြင်းတို့ဖြင့် လက်ခံမှုရရှိစေရန် ပြုလုပ်သတ်မှတ်ပေးတော်မူခြင်း ခံရလေသည်။ အလ္လာဟ်အရှင်မြတ်သည် ကျေးကျွန်တစ်ဦးအား မုန်းတီးတော်မူသောအခါ ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)အား ခေါ်၍မိန့်ကြားတော်မူသည်မှာ - ဧကန်မုချ ငါအရှင်မြတ်သည် မည်သူမည်ဝါအား မုန်းတီးတော်မူ၏။ သို့ဖြစ်၍ အသင်သည်လည်း ထိုသူ့အား မုန်းတီးလော့။" ထိုအခါ ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)သည် ထိုသူအား မုန်းတီးလေသည်။ ထို့နောက် ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)သည် ကောင်းကင်တမန်များတွင် ဟစ်ခေါ်ကြွေးကြော်လိုက်သည်မှာ - ဧကန်အမှန် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မည်သူမည်ဝါအား မုန်းတီးတော်မူ၏။ သို့ဖြစ်၍ အသင်တို့သည် ထိုသူအား မုန်းတီးကြလော့။" ထိုအခါ ကောင်းကင်တမန်များအားလုံးသည် ထိုသူ့အား မုန်းတီးကြကုန်၏။ထို့နောက် မုအ်မင်န်ယုံကြည်သူတို့၏ နှလုံးသားများတွင် ထိုသူအား မုန်းတီးခြင်းနှင့် စက်ဆုပ်ရွံရှာခြင်းတို့ ရရှိစေရန် ပြုလုပ်သတ်မှတ်ပေးတော်မူခြင်း ခံရလေသည်။
အုမရ် ဗင်န် ခသ်သွာဗ် (رضي الله عنه)ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ (ဟဝါဇင်န်မျိုးနွယ်မှ) သုံ့ပန်းအကျဥ်းသားများ ရောက်လာခဲ့ကြသည်။ ထိုသုံ့ပန်းများတွင် အမျိုးသမီးတစ်ဦးသည် သူမရဲ့ရင်သားမှ နို့များယိုစီးကျလျက်ရှိနေလေသည်။ သူမသည် သုံ့ပန်းများအနက်မှ ( မိမိ၏ )ကလေးကို တွေ့ရှိသောအခါ ထိုကလေးကိုယူလိုက်ပြီး သူမ၏ဝမ်းဗိုက်နှင့်ကပ်ထားလျက် နို့တိုက်ကျွေးခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်ုပ်တို့အား မိန့်ကြားတော်မူသည်မှာ- "ဤအမျိုးသမီးသည် မိမိကလေးကို မီးထဲသို့ ပစ်ချမည်ဟု အသင်တို့ထင်မြင်ယူဆကြသလော"။ ကျွန်ုပ်တို့က " ထိုသို့ထင်မြင်ယူဆခြင်းမရှိပါ။ သူမသည် ကလေးငယ်အား သူမတတ်စွမ်းသရွေ့ ပစ်ချမည် မဟုတ်ပါ" ဟု လျှောက်ထားခဲ့ကြသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်များအပေါ် မိမိကလေးအပေါ် ကရုဏာထားသော ဤအမျိုးသမီးထက် ပို၍ သနားကရုဏာ ထားတော်မူသည်" ဟု မိန့်ကြားတော်မူခဲ့သည်။
متفق عليهနဗီတမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ ဟဝါဇင်န်မျိုးနွယ်စုမှ ဖမ်းဆီးရမိထားသောသုံ့ပန်းများအား ခေါ်ဆောင်လာခဲ့သည်။ ထိုသူများတွင် မိမိ၏ကလေးငယ်ကို ရှာဖွေနေသော အမျိုးသမီးတစ်ဦးလည်း ပါဝင်ခဲ့သည်။ သူမသည် ကလေးငယ်တစ်ဦးဦးကို တွေ့သည့်အခါတိုင်း သူမ၏ရင်သားတွင် နို့ရည်ပြည့်လျှံနေမှုကြောင့် မသက်မသာဖြစ်ကာ(ရင်သားနာကျင်မှုကို) သက်သာစေရန် ယူပြီး နို့တိုက်ကျွေးခဲ့သည်။ နောက်ဆုံးတွင် သူမသည် ဖမ်းဆီးရမိထားသူများအုပ်စုအတွင်း မိမိ၏ကလေးငယ်ကို တွေ့ရှိခဲ့ပြီး ယူဆောင်ကာ ဝမ်းဗိုက်နှင့်ကပ်ထားလျက် နို့တိုက်ခဲ့သည်။ ထိုအခါ နဗီတမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏စွဟာဗဟ်သာဝကများအား ဤအမျိုးသမီးသည် မိမိကလေးကို မီးထဲသို့ ပစ်ချမည်ဟု အသင်တို့ထင်မြင်ယူဆကြသလော ဟု မေးမြန်းတော်မူခဲ့သည်။ ကျွန်ုပ်တို့က "သူမသည် မိမိ၏ကလေးငယ်ကို တတ်စွမ်းသရွေ့ပစ်ချမည် မဟုတ်ပါ" ဟု ဖြေကြားခဲ့သည်။ ထိုအခါ တမန်တော်မြတ်က "အလ္လာဟ်အရှင်မြတ်သည် မိမိ၏ မုစ်လင်မ်ကျေးကျွန်များအပေါ် မိမိကလေးအပေါ် ကရုဏာထားသော ဤအမျိုးသမီးထက် ပို၍ သနားကရုဏာ ထားတော်မူသည်" ဟု မိန့်ကြားတော်မူခဲ့သည်။
မုအ်မင်န်တို့၏ မိခင်ကြီး အွမ္မုစလမဟ် (ရဿွိယလ္လာဟုအန်ဟာ)ထံမှ ဆင့်ပြန်လာရှိသည်။ သူမက ပြောပြခဲ့သည်။ ကျွန်မသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ “မည်သည့်မွတ်စ်လင်မ်မဆို ဘေးဒုက္ခတစ်စုံတစ်ရာ ကြုံတွေ့သောအခါ အလ္လာဟ်အရှင်မြတ် အမိန့်ပေးတော်မူသည့်အတိုင်း- {إِنَّا لِلهِ وَإِنَّا إِلَيْهِ رَاجِعُونَ} (အကယ်စင်စစ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အတွက်ဖြစ်ကြပြီး ဧကန်အမှန် အရှင်မြတ်ထံသို့ ပြန်လည်ရောက်ရှိကြရမည်ဖြစ်ပါသည်။) (စူရဟ် အလ်ဘကရဟ်၊ ၂:၁၅၆) ဟုရွတ်ဆိုကာ، ‘အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ ဤဘေးဒုက္ခတွင် အကျိုးဆုလာဘ် ပေးသနားတော်မူပါ။ ၎င်းဘေးအစား ကျွန်တော်မျိုးအား ယင်းထက်ကောင်းမြတ်သောအရာကို အစားထိုးပေးသနားတော်မူပါ’”ဟု တောင်းဆုဒုအာပြုလျှင်، ထိုသူအား အလ္လာဟ်အရှင်မြတ်သည် ယင်းထက်ကောင်းမြတ်သောအရာကို အစားထိုးပေးတော်မူသည်။” အွမ္မုစလမဟ်သခင်မက ပြောပြခဲ့သည်။ “အဘူစလမဟ် (သခင်မ၏ ခင်ပွန်းဖြစ်သူ) ကွယ်လွန်သောအခါ ကျွန်မက ‘အဘူစလမဟ်ထက် ကောင်း သော မွတ်စ်လင်မ်တစ်ဦးမျှ မရှိပါ။ သူသည် အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံတော်သို့ ဟိဂျ်ရသ်ရွှေ့ ပြောင်းခဲ့သော ပထမဆုံးအိမ်(မိသားစု)ဖြစ် သည်’ဟု ကျွန်မပြောဆိုခဲ့ပါသည်။ ထို့နောက် ကျွန်မ ထိုဒုအာကိုရွတ်ဖတ်ခဲ့ရာ အလ္လာဟ်အရှင်မြတ်က ကျွန်မအတွက် အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကို အစားထိုးပေးတော်မူလေသည်”။
رواه مسلمမိခင်မွန်ကြီး အွမ်မုစလမဟ် (ရဿွိယလ္လာဟုအန်ဟာ ) က ဆင့်ပြန်ပြောကြားခဲ့သည်။ သူမသည် အခါတစ်ပါးတွင် တမန်တော်မြတ် (ဆွလလ္လာဟုအလိုင်ဟိဝစလ္လမ်) ဤသို့ မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ မည်သည့်မွတ်စ်လင်မ်မဆို ဘေးဒုက္ခတစ်စုံတစ်ရာ ကြုံတွေ့သောအခါ အလ္လာဟ်အရှင်မြတ် နှစ်သက်တော်မူသော ဤဒုအာကို ရွတ်ဆိုပါက– {إِنَّا لِلهِ وَإِنَّا إِلَيْهِ رَاجِعُونَ} (အမှန်စင်စစ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်ပြီး အရှင်မြတ်ထံသို့သာ ပြန်လည်ရောက်ကြရမည်)၊ ‘အလ္လာဟုမ္မာအဂျုရ်နီ (အို-အလ္လာဟ်ရှင် ကျွန်တော်မျိုးအား အကျိုးဆုလာဘ်ချီးမြှင့်တော်မူပါ)၊ တစ်နည်း ဤဘေးဒုက္ခတွင် (ကျွန်တော်မျိုး၏ စွဗရ်သည်းခံမှုအတွက် အကျိုးဆုလာဘ်ကို ကျွန်တော်မျိုးအား ပေးသနားတော်မူပါ)၊ ‘ဝအဝ်ဝိဒ်နီ (ကျွန်တော်မျိုးအား အစားထိုးလဲလှယ်ပေးသနားတော်မူပါ)၊ ‘ဝခ်လွဖ် လီ အန်ဟာ ခိုင်ရမ် မင်န်ဟာ’ (ဤစမ်းသပ်မှုအတွက် ကျွန်တော်မျိုးအား ယင်းထက်သာလွန်သောအရာကို ပေးသနားတော်မူပါ)၊ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ယင်းထက်သာလွန်သောအရာကို ချီးမြှင့်တော်မူမည်။ အွမ္မုစလမဟ်သခင်မက ဆက်လက်ပြောပြခဲ့သည်။ “အဘူစလမဟ် (သခင်မ၏ ခင်ပွန်းဖြစ်သူ) ကွယ်လွန်သောအခါ ကျွန်မက ‘အဘူစလမဟ်ထက်ကောင်း သော မွတ်စ်လင်မ် မည်သူရှိနိုင်ပါသနည်း။ ၎င်းသည် တမန်တော်မြတ် (ဆွလလ္လာဟူအလိုင်ဟိဝစလ္လမ်)ထံသို့ ပထမဆုံး ဟိဂျ်ရသ်ပြုခဲ့သော မိသားစုဖြစ်သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်က ကျွန်မအား ဤဒုအာကို ရွတ်ဆိုရန် ကူညီဆောင်မတော်မူခဲ့သဖြင့် ကျွန်မရွတ်ဆိုလိုက်ရာ အရှင်မြတ်သည် အဘူစလမဟ်ထက် သာလွန်သောအရာကို အစားပေးသနားတော်မူခဲ့ပြီး ယင်းမှာ တမန်တော်မြတ် (ဆွလလ္လာဟုအလိုင်ဟိဝစလ္လမ်)ပင် ဖြစ်တော်မူသည်။
အလီ(ရဿွိယလ္လာဟုအန်ဟု) ထံမှဆင့်ပြန်လာရှိသည်။ ၎င်းက “ ကျွန်ုပ် အသင်တို့အား အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံမှ ဟဒီးစ်ဆင့်ပြန်ပြောကြားသည့်အခါ၊ ကျွန်ုပ်သည် ကိုယ်တော့်အပေါ် မဟုတ်မမှန်လိမ်လည်ပြောဆိုမိခြင်းထက် မိုးကောင်းကင်မှ ပြုတ်ကျခြင်းကို ကျွန်ုပ် ပိုမိုနှစ်သက်ပါသည်။ သို့သော်ကျွန်ုပ် အသင်တို့ကို ကျွန်ုပ်နှင့်အသင်တို့ကြား ဖြစ်ခဲ့သည့် ကိစ္စရပ်ကိုပြောကြားရမည်ဆိုလျင်တော့ စင်စစ် စစ်ပွဲသည် လှည့်ဖျားမှု ဖြစ်သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဤသို့ မိန့်ကြားသည်ကို ကြားခဲ့ရသည်- "နောက်ဆုံးခေတ်သမယ၌ အသယ်အရွယ်အားဖြင့်ငယ်ပြီး ဉာဏ်ရည်နိမ့်ပါးသူများ ပေါ်ထွက်လာလိမ့်မည်။ သူတို့သည် အကောင်းဆုံးစကား(ကုရ်အာန်)ဖြင့် ပြောဆိုကြလိမ့်မည်။ သို့သော် ပစ်မှတ်ကိုဖောက်ထွက်သွားသည့် မြားတံကဲ့သို့ သူတို့သည် အစ္စလာမ်မှထွက်ခွာသွားကြလိမ့်မည်။ သူတို့၏ အီမာန်ယုံကြည်ခြင်းသည် လည်ချောင်းများ ကိုကျော်လွန်မည် မဟုတ်ပေ။ (နှလုံးသားထဲထိ အီမာန်ရောက်ရှိမည် မဟုတ်ပေ။) ထို့ကြောင့် သင်တို့သည် သူတို့ကို မည်သည့်နေရာ၌ပင် တွေ့သည်ဖြစ်စေ သတ်ပစ်ကြလော့။ အဘယ်ကြောင့်ဆိုသော် သူတို့ကို သတ်ခြင်းသည် သတ်သူအတွက် ကိယာမသ်နေ့၌ အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်။”
متفق عليهအမီရုလ်မုအ်မိနီးန် အလီ ဗင်န် အဘီသွာလစ်ဗ် (ရဿွိယလ္လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်− “သင်တို့သည် ကျွန်ုပ်အား တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံမှ ဟဒီးသ်တစ်ခုခုကို ပြောကြားနေသည်ကို ကြားရသောအခါ (သိမှတ်ထားကြလော့။) ကျွန်ုပ်သည် မည်သည့်အရာကိုမျှ သွယ်ဝိုက်ပြောဆိုခြင်း၊ အရိပ်အမြွက်ဖြင့်ပြောဆိုခြင်း၊ ဖုံးကွယ်၍ပြောဆိုခြင်းမပြုဘဲ အတိအလင်းရှင်းလင်းစွာ ပြောဆိုပါသည်။ ကျွန်ုပ်အတွက် မိုးကောင်းကင်မှ ပြုတ်ကျခြင်းသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အပေါ် မဟုတ်မမှန်လိမ်ညာ၍ ဟဒီးစ်ဆင့်ပြန် ခြင်းထက် များစွာပို၍ လွယ်ကူပြီး ပေါ့ပါးပါသည်။ သို့ရာတွင် ကျွန်ုပ်နှင့်လူတို့ကြား ဖြစ်ခဲ့သည့်ကိစ္စရပ်ကို ပြောကြားရမည်ဆိုလျင်တော့ (ကျွန်ုပ်သည် လူများကြားတွင် မိမိကိုယ်ကို ကာကွယ်ရန် ပြောဆိုရသည့် အခြေအနေ၌ (စစ်ပွဲတွင်း၌) ဆိုလျှင်မူ) စင်စစ် စစ်ပွဲသည် လှည့်စားမှုပရိယယ်သာလျှင် ဖြစ်၏။ သို့ဖြစ်၍ ကျွန်ုပ်သည် သွယ်ဝိုက်ပြောဆိုခြင်း၊ အရိပ်အမြွက်ဖြင့်ပြောဆိုခြင်း၊ ဖုံးကွယ်၍ပြောဆိုခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ ထို့ပြင် ကျွန်ုပ်သည် တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ဤသို့ မိန့်ကြား သည်ကို ကြားခဲ့ရပါသည်− ‘ နောက်ဆုံးခေတ်သမယ၌ အသယ်အရွယ်အားဖြင့်ငယ်ပြီး ဉာဏ်ရည်နိမ့်ပါးသူများ ပေါ်ထွက်လာလိမ့်မည်။ သူတို့သည် ကုရ်အာန်ဖြင့်(အထောက်အထားပေးကာ) ပြောဆိုကြပြီး ကုရ်အာန်ကို အလွန်အမင်း ရွတ်ဖတ်ကြလိမ့်မည်။ သို့သော် သူတို့သည် ပစ်မှတ်ကိုဖောက်ထွက်သွားသည့် မြားတံကဲ့သို့ အစ္စလာမ်မှထွက်ခွာသွားကြမည်ဖြစ်ပြီး၊ ယင်း၏ နယ်နိမိတ်များ(တားမြစ်ချက်များ)ကို ကျူးလွန်ကြလိမ့်မည်။ သူတို့၏ အီမာန်ယုံကြည်ခြင်းသည် လည်ချောင်းများ ကိုကျော်လွန်မည် မဟုတ်ပေ။ (နှလုံးသားထဲထိ အီမာန်ရောက်ရှိမည် မဟုတ်ပေ။) ထို့ကြောင့် သင်တို့သည် သူတို့ကို မည်သည့်နေရာ၌ပင် တွေ့သည်ဖြစ်စေ သတ်ပစ်ကြလော့။ အဘယ်ကြောင့်ဆိုသော် သူတို့ကို သတ်ခြင်းသည် သတ်သူအတွက် ကိယာမသ်နေ့၌ အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်။
အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် သုံးမျိုးသောအရာကို နှစ်သက်တော်မူပြီး၊ သုံးမျိုးသောအရာကို နှစ်သက်တော်မမူပေ။ အရှင်မြတ် အသင်တို့အတွက် နှစ်သက်တော်မူသော အရာများမှာ- အရှင်မြတ်ကို သင်တို့ခဝပ်ကိုးကွယ်ရန်နှင့် အရှင်မြတ်နှင့် မည်သည့်အရာကိုမျှ တွဲဖက်၍မကိုးကွယ်ကြရန်၊ အရှင်မြတ်၏ကြိုးကို အားလုံးတစုတစည်းတည်း ခိုင်မြဲစွာဆုပ်ကိုင်ထားကြရန်နှင့် ကွဲပြားခြင်းသို့ မရောက်ကြရန်တို့ဖြစ်သည်။ အသင်တို့အတွက် အရှင်မြတ် မနှစ်သက်သောအရာများမှာ- အချည်းနှီးစကားများပြောဆိုခြင်း၊ မေးခွန်းများအလွန်အကျွံ မေးမြန်းခြင်း၊ စည်းစိမ်ဥစ္စာကို ဖြုန်းတီးဖျက်ဆီးခြင်းတို့ ဖြစ်သည်။"
رواه مسلمတမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)က အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်များထံမှ အရည်အချင်းလက္ခဏာသုံးရပ်ကို နှစ်သက်တော်မူပြီး၊ အရည်အချင်းလက္ခဏာသုံးရပ်ကို မနှစ်မြို့တော်မူကြောင်း မိန့်ကြားတော်မူခဲ့သည်။ ၎င်းတို့ထံမှ အရှင်မြတ် နှစ်သက်တော်မူသော အရည်အချင်းလက္ခဏာသုံးရပ်မှာ - အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ခြင်း၊ အရှင်မြတ်နှင့် မည်သည့်အရာကိုမျှ တွဲဖက်၍မကိုးကွယ်ခြင်း၊ အရှင်မြတ်၏ ကတိတော်၊ ကုရ်အာန်ကျမ်းတော်မြတ်နှင့် တမန်တော်မြတ်၏ စွန္နသ်တော်တို့ကို အားလုံးတစုတစည်းတည်း ခိုင်မြဲစွာဆုပ်ကိုင်ထားကြရန်နှင့် မွတ်စ်လင်မ်တို့၏ အ သင်းအဖွဲ့အုပ်စု မှ ကွဲပြားမသွားခြင်းတို့ ဖြစ်သည်။ ၎င်းတို့အတွက် အရှင်မြတ် မနှစ်မြို့တော်မူသော အရာများမှာ - အချည်းအနှီး၊ အကျိုးမရှိသော စကားပြောဆိုခြင်း၊ မိမိနှင့်မဆိုင်သော အရာများကို ဝင်ရောက်ပြောဆိုခြင်း၊ မဖြစ်သေးသော အရာများကို မေးမြန်းခြင်း၊ သို့မဟုတ် လူတို့၏ဥစ္စာပစ္စည်းများနှင့် ၎င်းတို့လက်ဝယ်ရှိအရာများကို လိုအပ်ချက်မရှိဘဲ မေးမြန်းခြင်း၊ ဥစ္စာပစ္စည်းကို ဖြုန်းတီးဖျက်ဆီးခြင်းတို့ ဖျက်ဆီးခြင်း၊ ရှရီအသ်တရားတော်အရ ခွင့်မပြုသောနေရာများတွင် သုံးစွဲခြင်း၊ ပျက်စီးဆုံးရှုံးမှုသို့ ရောက်ရှိစေခြင်းတို့ ဖြစ်သည်။
အဘူမူစာအရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကျွန်ုပ်တို့နှင့်ဆန့်ကျင်ရန် လက်နက်ကိုင်ဆောင်သောသူသည် ကျွန်ုပ်တို့အနက်မှ မဟုတ်ပေ။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မွတ်စလင်တို့အား ခြိမ်းခြောက်ရန် သို့မဟုတ် လုယက်ရန်အတွက် လက်နက်ကိုင်ဆောင်ခြင်းကို တားမြစ်တော်မူခဲ့သည်။ ထိုသို့ မတရားမှုကိုကျူးလွန်သူသည် ကဗီရဟ် ကြီးလေးသောအပြစ်အကုသိုလ်ကို ကျူးလွန်ခြင်းဖြစ်ပြီး ပြင်းထန်သည့် သတိပေးခြိမ်းခြောက်မှုသို့ ကျရောက်သွားမည်ဖြစ်သည်။
အုမရ် (ရဿွိယလ္လာဟု အန်ဟု) ထံမှ ဆင့်ပြန်လာရှိသည်။ ”သူသည် ဟဂျ်ရေအတ်စ်ဝဒ်ရှိရာသို့ရောက်ရှိလာပြီး ၎င်းအား နမ်းရှုပ်ခဲ့သည်။ ထို့နောက် (ဤသို့) ပြောကြားခဲ့သည်- "စင်စစ် သင်သည် ကျောက်တုံးတစ်တုံးမျှသာဖြစ်ပြီး ကောင်း ကျိုးလည်းမပြုနိုင်၊ ဆိုးကျိုးလည်းမပေးနိုင်ကြောင်း ကျွန်ုပ်သိ၏။ အကယ်၍ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က သင့်အား နမ်းသည်ကို မမြင်ခဲ့ပါက သင့်အား ကျွန်ုပ် နမ်းမည်မဟုတ်ပါ။"
متفق عليهအမီရုလ်မိုအ်မီနီးန် အုမရ် ဗင်န် ခသ်သွာဗ်(ရဿွိယလ္လာဟုအန်ဟု) သည် ကအ်ဗဟ်ကျောင်းတော်၏ ထောင့်တွင်ရှိသော ဟဂျ်ရေအတ်စ်ဝဒ်ရှိရာသို့ရောက်ရှိလာပြီး ၎င်းအား နမ်းရှုပ်ခဲ့သည်။ ထို့နောက် (ဤသို့) ပြောကြားခဲ့သည်- "စင်စစ် သင်သည် ကျောက်တုံးတစ်တုံးမျှသာဖြစ်ပြီး ကောင်းကျိုးလည်းမပြုနိုင်၊ ဆိုးကျိုးလည်းမပေးနိုင်ကြောင်း ကျွန်ုပ်သိ၏။ အကယ်၍ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က သင့်အား နမ်းသည်ကို မမြင်ခဲ့ပါက သင့်အား ကျွန်ုပ် နမ်းမည်မဟုတ်ပါ။"
အဗူစအီးဒ် ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “သေသူ(၏အ လောင်း)သည် ထမ်းစင်ပေါ်ထားခြင်းခံရပြီး ယင်းအား အမျိုးသားတို့က မိမိတို့၏ပခုံးများပေါ်တွင် ထမ်း၍ သယ်ဆောင်သွားကြသောအခါ၊ ထိုသေသူသည် သူတော်ကောင်းဖြစ်လျှင် ‘ကျွန်ုပ်ကို ရှေ့သို့ အမြန်ပို့ဆောင်ကြပါ’ ဟု ပြောဆို၏။ အကယ်၍ သူတော်ကောင်းမဟုတ်လျှင် ‘အိုး၊ ပျက်စီးရလေခြင်း။ ဤသူတို့သည် မိမိကို မည်သို့သောနေရာသို့ ခေါ်ဆောင်သွားကြသနည်း’ဟု ပြောဆို၏။ လူသားမှအပ အရာခပ်သိမ်းတို့သည် ထိုအသံကို ကြားရ၏။ အကယ်၍ လူသားသည် ထိုအသံကို ကြားခဲ့လျှင် သတိလစ်မေ့မြောသွားလိမ့်မည်။”
رواه البخاريတမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ- သေသူ(၏ အလောင်း)သည် ထမ်းစင်ပေါ်ထားခြင်းခံရပြီး ယင်းအား အမျိုးသားတို့က မိမိတို့၏ပခုံးများပေါ်တွင် ထမ်း၍ သယ်ဆောင်သွားကြသောအခါ၊ ထိုသေသူသည် သူတော်ကောင်းဖြစ်လျှင် မိမိ၏ရှေ့တွင်ရှိသော နိအ်မသ်စည်းစိမ်သုခကို မြင်တွေ့ရသောကြောင့် ‘ကျွန်ုပ်အား ရှေ့သို့ အမြန်ပို့ဆောင်ကြပါ’ ဟု ပြောဆို၏။ အကယ်၍ သူတော်ကောင်းမဟုတ်လျှင် မိမိ၏ ရှေ့တွင်ရှိသော အဇားဗ်ပြစ်ဒဏ်ကို မြင်တွေ့ရသောကြောင့် ‘အိုး၊ ပျက်စီးရလေခြင်း။ ဤသူတို့သည် မိမိကို မည်သို့သောနေရာသို့ ခေါ်ဆောင်သွားကြသနည်း’ဟု ကြောက်မက်ဖွယ်အသံဖြင့် အော်ဟစ်လိမ့်မည်။ လူသားမှအပ အရာခပ်သိမ်းတို့သည် ထိုအသံကို ကြားရ၏။ အကယ်၍ လူသားတို့သည် ထိုအသံကို ကြားခဲ့လျှင် သတိလစ်မေ့မြောသွားလိမ့်မည်။
မစ်က်ဒါးဒ် ဗင်န် အတ်စ်ဝဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ “ကိယာမသ်နေ့တွင် နေကို ဖန်ဆင်းခံတို့နှင့် နီးကပ်စေတော်မူမည်။ နောက်ဆုံး နေနှင့်သူတို့ကြားသည် တစ်မိုင်အကွာအဝေးမျှသာ ဖြစ်လိမ့်မည်။” စူလိုင်မ် ဗင်န် အာမိရ်က အလ္လာဟ်အရှင်မြတ်၏ ကစမ် ‘မိုင်’ဟူသော စကားဖြင့် အဘယ်ကို ဆိုလိုသည်ကို ကျွန်ုပ် မသိပါ။ မြေကြီး၏အကွာအဝေးကို ဆိုလိုသလော၊ သို့တည်း မဟုတ် မျက်စိ၌ ကာဂျယ်ဆိုးသော “အမှုန့်တံ” ကို ဆိုလိုသလောဆိုသည်ကို ကျွန်ုပ်မသိပါဟု ပြောဆိုခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က “လူသားတို့သည် မိမိတို့၏ လုပ်ရပ်များအလျောက် ချွေးများ၌ နှစ်နေကြလိမ့်မည်။ အချို့မှာ မိမိ၏ခြေမျက်စိအထိ၊ အချို့မှာ ဒူးဆစ်အထိ၊ အချို့မှာခါးအထိ ချွေးများ၌ နှစ်နေကြလိမ့်မည်။ အချို့မှာမူ ချွေးများက ၎င်းအား ဇက်ကြိုးကဲ့သို့ ဖုံးလွှမ်းသွားလိမ့်မည်။” ရာဝီဆင့်ပြန်သူက ပြောပြသည်– အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိလက်တော်ဖြင့် မိမိပါးစပ်တော်ဘက်သို့ ညွှန်ပြတော်မူခဲ့သည်။
رواه مسلمတမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) က ကိယာမသ်နေ့တွင် နေကို ဖန်ဆင်းခံတို့နှင့် နီးကပ်စေတော်မူမည်ဖြစ်ပြီး၊ နောက်ဆုံး သူတို့၏ ဦးခေါင်းများနှင့် တစ်မိုင်ခန့်သာ ကွာဝေးတော့မည်ဟု မိန့်ကြားတော်မူခဲ့သည်။ သာဗီအီပညာရှင်ကြီး စူလိုင်မ် ဗင်န် အာမိရ်က ပြောပြခဲ့သည်- အလ္လာဟ်အရှင်မြတ်၏ ကစမ် ‘မိုင်’ဟူသော စကားဖြင့် အဘယ်ကို ဆိုလိုသည်ကို ကျွန်ုပ် မသိပါ။ မြေကြီး၏အကွာအဝေးကို ဆိုလိုသလော၊ သို့တည်းမဟုတ် မျက်စိ၌ ကာဂျယ်ဆိုးသော “အမှုန့်တံ” ကို ဆိုလိုသလောဆိုသည်ကို ကျွန်ုပ်မသိပါ ဟု ပြောဆိုခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က “လူသားတို့သည် မိမိတို့၏ လုပ်ရပ်များအလျောက် ချွေးများ၌ နှစ်နေကြလိမ့်မည်။ အချို့မှာ မိမိ၏ခြေမျက်စိအထိ၊ အချို့မှာ ဒူးဆစ်အထိ၊ အချို့မှာ ခါးနှင့် ခါးပတ်ကြိုး ချွေးများ၌ နှစ်နေကြလိမ့်မည်။ အချို့အတွက်မူ ချွေးများသည် ၎င်းတို့၏ပါးစပ်အထိပင် ရောက်ရှိလာပြီး စကားပြောခြင်းကို တားဆီးလိမ့်မည်။ ရာဝီဆင့်ပြန်သူက ပြောပြသည်– အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိလက်တော်ဖြင့် မိမိပါးစပ်တော်ဘက်သို့ ညွှန်ပြတော်မူခဲ့သည်။