





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗူဗုရ်ဒဟ် ဗင်န် အဗူမူဆာ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အဘူမူဆာ (ရဿွိယလ္လာဟုအန်ဟု) သည် အလွန်အမင်း နာမကျန်းဖြစ်ခဲ့ကာ၊ သတိမေ့မြောသွားပြီး သူ၏ခေါင်းသည် မိသားစုဝင် အမျိုးသမီးတစ်ဦး၏ ရင်ခွင်၌ ရှိနေခဲ့သည်။ (ထိုအမျိုးသမီးက အော်ဟစ်ငိုကြွေးလေရာ) အဘူမူဆာ (ရဿွိယလ္လာဟုအန်ဟု) သည် သူမအားမည်သို့မျှ တားမြစ်နိုင်စွမ်းမရှိခဲ့ပေ။ ၎င်းသည် သတိပြန်ရလာသောအခါ ဤသို့ ပြောဆိုခဲ့သည် - "အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိမိနှင့် မသက်ဆိုင်ကြောင်း ထုတ်ဖော်ခဲ့သူနှင့် ကျွန်ုပ်နှင့်လည်း မည်သို့မျှမသက်ဆိုင်ပါ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် (ဒုက္ခနှင့် ကြုံတွေ့ရချိန်)အော်ဟစ်ငိုကြွေးသည့် အမျိုးသမီး၊ ဆံပင် ရိတ်ပစ်သည့် အမျိုးသမီး၊ အဝတ်ကို ဆုတ်ဖြဲပစ်သည့်အမျိုးသမီးတို့နှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း ထုတ်ဖော်တော်မူခဲ့သည်။
متفق عليهအဘူဗူရ်ဒဟ်(ရဿွိယလ္လာဟုအန်ဟု)က ပြောပြသည်မှာ ၎င်း၏ဖခင် အဘူမူဆာ(ရဿွိယလ္လာဟုအန်ဟု) သည် အလွန်အမင်း နာမကျန်းဖြစ်ခဲ့ကာ၊ သတိမေ့မြောသွားပြီး သူ၏ခေါင်းသည် မိသားစုဝင် အမျိုးသမီးတစ်ဦး၏ ရင်ခွင်၌ ရှိနေခဲ့သည်။ ထိုအမျိုးသမီးသည် (သူ့ရောဂါအခြေအနေကို မြင်သောအခါ) အော်ဟစ်ငိုကြွေးကာ ပူဆွေးမြည်တမ်းလေသည်။ သူသည် သတိမေ့နေသောကြောင့် သူမအားမည်သို့မျှ တားမြစ်နိုင်စွမ်းမရှိခဲ့ပေ။ ၎င်းသည် သတိပြန်ရလာသောအခါ ဤသို့ ပြောဆိုခဲ့သည် - "အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိမိနှင့် မသက်ဆိုင်ကြောင်း ထုတ်ဖော်ခဲ့သူနှင့် မိမိနှင့်လည်း မည်သို့မျှမသက်ဆိုင်ပါ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် - ၁။ ဆွာလိကဟ် - ဘေးဒုက္ခကျရောက်ချိန်တွင် အော်ဟစ်ငိုကြွေးတတ်သော အမျိုးသမီး။ ၂။ ဟာလိကဟ် - ဘေးဒုက္ခကျရောက်ချိန်တွင် ဆံပင်ကို ရိတ်ပစ်တတ်သော အမျိုးသမီး။ ၃။ ရှာက္ကာဟ် - ဘေးဒုက္ခကျရောက်ချိန်တွင် အဝတ်ကို ဆုတ်ဖြဲတတ်သော အမျိုးသမီးတို့နှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း ထုတ်ဖော်တော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယင်းအပြုအမူများသည် ဂျာဟိလီယသ်(အမှောင်)ခေတ်၏ ဓလေ့များဖြစ်သောကြောင့် ဖြစ်သည်။ စင်စစ် ဘေးဒုက္ခများ ကျရောက်ချိန်တွင် သည်းခံမျိုသိပ်ပြီး အလ္လာဟ်အရှင်မြတ်ထံတော်၌ အကျိုးခံစားခွင့်ကို မျှော်ကိုးရန် အမိန့်ပေးတော်မူထားသည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "မွတ်စ်လင်မ်တစ်ဦးသည် အခြားမွတ်စ်လင်မ်တစ်ဦးအပေါ်၌ ဝတ္တရားခြောက်ရပ်ရှိသည်။" ထိုအခါ ဆွဟာဗဟ်တို့က လျှောက်ထားမေးမြန်းကြသည်မှာ - "အို - အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ယင်းဝတ္တရားများကား အဘယ်နည်း" တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ- " အသင် သူနှင့်တွေ့ဆုံသောအခါ သူ့အား စလာမ်ဆိုပါ၊ သူသည် အသင့်အား ဖိတ်ကြားသောအခါ ထိုဖိတ်ကြားချက်ကို လက်ခံပါ၊ အသင့်ထံ အကြံဉာဏ်တောင်းခံလျှင် သူ့အား အကြံဉာဏ်ပေးပါ၊ သူ နှာချေပြီး 'အလ်ဟမ်ဒုလိလ္လာဟ်' ဟု ရွတ်ဆိုလျှင် အသင် သူ့အား အဖြေပေးပါ၊ (ဆိုလိုသည်မှာ 'ယရ်ဟမုကလ္လာဟ်' ဟု ဆိုပါ)၊ သူဖျားနာသောအခါ အသင် သူ့အား လူမမာသွားရောက်မေးမြန်းကြည့်ရှုပါ၊ သူကွယ်လွန်သွားသောအခါ သူ၏ဂျနာဇာအား လိုက်ပါပို့ဆောင်ပါ။"
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ မွတ်စ်လင်မ်တစ်ဦးသည် အခြား မိမိညီနောင်မွတ်စ်လင်မ်တစ်ဦးအပေါ်၌ ဝတ္တရား ခြောက်ချက် ရှိသည်။ ၁။ သူနှင့် တွေ့ဆုံသည့်အခါ "အတ်စ်လာမုအလိုင်ကွမ်" ဟု စလာမ်ပြုရမည်။ တစ်ဖက်လူကလည်း "ဝအလိုင်ကုမွတ်စ်လာမ်" ဟု ပြန်လည်ဖြေကြားရမည်။ ၂။ ဝလီမဟ် စသည့်ဖိတ်ကြားချက်များကို လက်ခံခြင်း။ ၃။ သူသည် သင့်ထံမှ အကြံဉာဏ်တောင်းခံလာပါက လိမ်လည်လှည့်ဖျားခြင်းမှ ရှောင်ကြဉ်ကာ စစ်မှန်သော အကြံဉာဏ်ပေးခြင်း။ ၄။ သူနှာချေပြီး 'အလ်ဟမ်ဒုလိလ္လာဟ်' ဟု ရွတ်ဆိုလျှင် အသင် သူ့အား 'ယရ်ဟမုကလ္လာဟ်' ဟု အဖြေပေးပါ၊ သူက "ရဟ်ဒီကုမုလ္လာဟု ဝရွတ်စ်လိဟ် ဘာလကွမ်" ဟု ပြန်အဖြေပေးရမည်။ ၅။ သူဖျားနာသောအခါ သူ့အား လူမမာသွားရောက်မေးမြန်းကြည့်ရှုခြင်း။ ၆။ သူကွယ်လွန်သွားသောအခါ သူ၏ ဂျနာဇာဆွလာသ်ကို ဝတ်ပြုခြင်းနှင့် ဒဖန်မြေမြုပ်ချိန်အထိ ဂျနာဇာအား လိုက်ပါပို့ဆောင်ခြင်း။
မုအ်မင်န်တို့၏မိခင်ကြီး အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ) ကဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိကွယ်လွန်ခါနီး နာမကျန်းဖြစ်စဉ်တွင် (ဤသို့)မိန့်ကြားတော်မူခဲ့သည်- “ယဟူဒီများနှင့် နတ်စ်ွရာနီများအပေါ် အလ္လာဟ်အရှင်မြတ်၏ လအ်နသ်ကျရောက်ပါစေ၊ ၎င်းတို့သည် မိမိတို့၏ နဗီတမန်တော်များ၏ ကဗရ်သင်္ချိုင်းများကို စဂျ်ဒဟ်ဦးချရာနေရာများ အဖြစ် ပြုလုပ်ခဲ့ကြသည်”။ သခင်မက ဆက်လက်မိန့်ကြားခဲ့သည်မှာ - အကယ်၍ ထိုသို့ သတိပေးတားမြစ်ခြင်းသာ မရှိခဲ့လျှင် (လူတို့သည်) တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ကဗရ်ကိုလည်း ပေါ်လွင်ထင်ရှားစွာ ပြုလုပ်ထားကြလိမ့်မည်ဖြစ်သည်။သို့ရာတွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ကဗရ်အား စဂျ်ဒဟ်ဦးချရာနေရာ အဖြစ် ပြုလုပ်ကြမည်ကို စိုးရိမ်ခဲ့သည့်အတွက် (ပေါ်လွင်ထင်ရှားစွာ မပြုလုပ်ခဲ့ခြင်း ဖြစ်သည်။)
متفق عليهမုအ်မင်န်တို့၏မိခင်ကြီး အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ) ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိကွယ်လွန်ခါနီး အပြင်းအထန်နာမကျန်းဖြစ်စဉ်တွင် (ဤသို့)မိန့်ကြားတော်မူခဲ့သည်- ယဟူဒီများနှင့် နတ်စ်ွရာနီများအပေါ် အလ္လာဟ်အရှင်မြတ်၏ လအ်နသ်ကျရောက်တော်မူပါစေ၊ မိမိ၏ ရဟ်မသ်ကရုဏာတော်မှ ၎င်းတို့အား ကင်းဝေးစေတော်မူပါစေ။ အကြောင်းမှာ ၎င်းတို့သည် မိမိတို့၏ နဗီတမန်တော်များ၏ ကဗရ်သင်္ချိုင်းများကို စဂျ်ဒဟ်ဦးချရာနေရာများ အဖြစ် ပြုလုပ်ခဲ့ကြသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ထိုကဗရ်များအပေါ်၌ အဆောက်အဦးများ ဆောက်လုပ်ခြင်း၊ သို့မဟုတ် ၎င်းကဗရ်များအနီးတွင် ဖြစ်စေ၊ သို့မဟုတ် ၎င်းကဗရ်များဘက်သို့ မျက်နှာမူ၍ ဆွလာသ်ဝတ်ပြုခြင်းတို့ ပြုလုပ်ခြင်းအားဖြင့် ကဗရ်သင်္ချိုင်းများကို စဂျ်ဒဟ်ဦးချရာနေရာများအဖြစ် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ထို့နောက် အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ) က ဆက်လက်ပြောကြားခဲ့သည်မှာ- အကယ်၍ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ထိုတားမြစ်ချက်နှင့် သတိပေးချက် မရှိခဲ့လျှင်၊ ထို့ပြင် စွဟာဗဟ်သာဝကများသည် ကိုယ်တော်မြတ်၏ ကဗရ်သင်္ချိုင်းအား ယဟူဒီများနှင့် နတ်စ်ွရာနီများက မိမိတို့၏ တမန်တော်များ၏ ကဗရ်သင်္ချိုင်းများကို ပြုလုပ်ခဲ့သလို ပြုလုပ်ခြင်းခံရမည်ကို စိုးရိမ်ခြင်း မရှိခဲ့လျှင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ကဗရ်ကိုလည်း ပေါ်လွင်ထင်ရှားစွာ ပြုလုပ်ထားကြလိမ့်မည်ဖြစ်သည်။
အဘူစအီးဒ်ခုဒ်ရီ ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ အလီဗင်န်အဘီသွာလစ်ဗ် (ရဿွယလ္လာဟုအန်ဟု) သည် ယီမင်နိုင်ငံမှ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်) ထံသို့ မသန့်စင်ရသေးသော ရွှေတုံးတချို့ကို နယ်ပြီးသားသားရေဖြင့်ပြုလုပ်ထားသော အိတ်တစ်လုံးတွင် ထည့်ပြီး ပို့လိုက်လေသည်။ ဆင့်ပြန်သူ(အဘူစအီးဒ်ခွဒ်ရီ) က ဆက်လက်ပြောပြသည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်)က ထိုရွှေကို လူလေးဦးကြားမှာ ခွဲဝေပေးတော်မူခဲ့သည်။ ၎င်းတို့မှာ ‘အိုယိုင်ယ်နာဗင်န်ဘဒ်ရ်၊ အက်ရအ်ဗင်န်ဟာဘစ်၊ ဇိုင်ဒ်ဗင်န်ခိုယ်လ် နှင့် စတုတ္ထမြောက်သူမှာ ‘အလ်ကမဟ် သို့မဟုတ် ‘အာမိရ်ဗင်န်သုဖိုင်လ် တို့ဖြစ်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်)၏ တပည့်သာဝကများထဲမှ တစ်ဦးက “ဤသူတို့ထက် ကျွန်ုပ်တို့သည် ဤရွှေအား ပိုမိုထိုက်တန်ပါသည်” ဟု ပြောဆိုလေသည်။ ထိုသတင်းသည် တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်) ထံ ရောက်သွားသောအခါ တမန်တော်မြတ်က မိန့်တော်မူသည်- “ငါကိုယ်တော်သည် မိုးကောင်းကင်၌ရှိတော်မူသောအရှင်မြတ်က စိတ်ချတော်မူသည့်သူဖြစ်ပြီး၊မိုးကောင်းကင်မှ သတင်းစ ကား(ဝဟီ) သည် နံနက်နှင့်ညနေ ငါကိုယ်တော်ထံ ဆင်းသက်နေပါလျက်နှင့် သင်တို့သည် ငါကိုယ်တော်အား စိတ်ချယုံကြည်မှု မရှိကြလေသလော။ ဆင့်ပြန်သူက ဆက်လက်ပြောပြသည်။ ထိုအခါ မျက်လုံးနှစ်လုံးစလုံး အတွင်းထဲကိုချိုင့်ဝင်နေသူ၊ ပါးနှစ်ဖက်စလုံး မို့မောက်နေသူ၊ နဖူးလည်းမောက်နေသူ၊ မုတ်ဆိတ်ထူထူနှင့် ဦးခေါင်းလည်းရိတ်ထားသူ၊ ပုဆိုးကို မထားသော အမျိုးသားတစ်ဦးက ထရပ်လျက် “အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အသင် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ပါ” ဟု ပြောဆိုလေသည်။ ထိုအခါ တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်)က “အသင် ပျက်စီးပါစေ၊ ငါကိုယ်တော်သည် ကမ္ဘာသူကမ္ဘာသားများအနက် အလ္လာဟ်အရှင်မြတ်အား အကြောက်ထိုက်ဆုံးသူ မဟုတ်ပါလေသလော” ဟု မိန့်ကြား တော်မူသည်။ ဆင့်ပြန်သူက ဆက်လက်ပြောပြသည်။ ထို့နောက် ထိုသူသည် ကျောခိုင်းထွက်သွားလေသည်။ ခါလစ်ဒ်ဗင်န်ဝလီးဒ် (ရဿွယလ္လာဟုအန်ဟု)က “အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုး ထိုသူ၏လည်ပင်းကို ဖြတ်လိုက်ရမလား” ဟု လျှောက်ထားသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်)က “ထိုသို့မလုပ်လေနှင့်၊ သူသည် ဆွလာသ်ဝတ်ပြုသူ ဖြစ်ကောင်းဖြစ်နိုင်သည်” ဟု မိန့်တော်မူ၏။ ထိုအခါ ခါလစ်ဒ်ဗင်န်ဝလီးဒ် (ရဿွယလ္လာဟုအန်ဟု)က “များစွာသော ဆွလာသ်ဝတ်ပြုတို့သူ မိမိတို့၏ နှလုံးသားထဲ၌မရှိသော စကားကို နှုတ်လျှာဖြင့် ပြောဆိုကြပါသည်” ဟု လျှောက်ထားလေသည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်)က “ငါကိုယ်တော်သည် လူတို့၏ စိတ်နှလုံးသားများကို စူးစမ်းစိစစ်ရန်နှင့် သူတို့၏ ဝမ်းဗိုက်များကိုခွဲကြည့်ရန် အမိန့်ပေးခြင်း မခံထားရပေ” ဟု မိန့်တော်မူသည်။ ထို့နောက် ထိုသူ ကျောခိုင်းသွားနေသည်ကို ကြည့်ရှုလျက် “ဤသူ၏ မျိုးနွယ်မှ အုပ်စုတစ်စု ထွက်ပေါ်လာလိမ့်မည်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်ကို (အမြဲတစေ) ရွတ်ဖတ်ကြ (သောကြောင့် ၎င်းတို့၏နှုတ်လျှာဟာ) စွတ်စိုနေသော်လည်း သူတို့၏ လည်ချောင်းကို မကျော်လွန်နိုင်ပေ။ မြားသည် ပစ်မှတ်ကို ထိုးဖောက်ကျော်လွန်သွားသကဲ့သို့ သူတို့သည် သာသနာတော်မှ ထွက်ခွာသွားကြလိမ့်မည်” ဟု မိန့်တော်မူသည်။ ဆင့်ပြန်သူက ဆက်လက် ပြောပြသည်။ တမန်တော်မြတ်သည် “အကယ်၍ ငါတမန်တော် သူတို့နှင့်ဆုံစည်းခဲ့လျှင် စမူဒ်အမျိုးသားတို့အား သုတ်သင်ခဲ့သည့်အတိုင်း သူတို့ကို သုတ်သင်သတ်ဖြတ်မည်” ဟုလည်း မိန့်တော်မူသည်ဟု ကျွန်တော်ထင်ပါသည်။
متفق عليهအလီဗင်န်အဘီသွာလစ်ဗ် (ရဿွယလ္လာဟုအန်ဟု) သည် ယီမင်နိုင်ငံမှ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်) ထံသို့ မသန့်စင်ရသေးသော ရွှေတုံးတချို့ကို နယ်ပြီးသားသားရေဖြင့်ပြုလုပ်ထားသော အိတ်တစ်လုံးတွင် ထည့်ပြီး ပို့လိုက်လေသည်။ ဆင့်ပြန်သူ(အဘူစအီးဒ်ခွဒ်ရီ) က ဆက်လက်ပြောပြသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်)က ထိုရွှေကို လူလေးဦးကြားမှာ ခွဲဝေပေးတော်မူခဲ့သည်။ ၎င်းတို့မှာ ‘အိုယိုင်ယ်နာ ဗင်န် ဘဒ်ရ် အလ်ဖဇာရီ၊ အက်ရအ် ဗင်န် ဟာဘစ် အလ်ဟန်ဇွလီ၊ ဇိုင်ဒ်ဗင်န်ခိုယ်လ် အန်နဗ်ဟာနီ နှင့် အလ်ကမဟ် ဗင်န် အလာစဟ် အလ်အာမိရီတို့ ဖြစ်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်)၏ တပည့်သာဝကများထဲမှ တစ်ဦးက “ဤသူတို့ထက် ကျွန်ုပ်တို့သည် ဤရွှေအား ပိုမိုထိုက်တန်ပါသည်” ဟု ပြောဆိုလေသည်။ ဆင့်ပြန်သူက ပြောပြသည်။ ထိုသတင်းသည် တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်) ထံ ရောက်သွားသောအခါ တမန်တော်မြတ်က မိန့်တော်မူသည်- “ငါကိုယ်တော်သည် မိုးကောင်းကင်၌ရှိတော်မူသောအရှင်မြတ်က စိတ်ချတော်မူသည့်သူဖြစ်ပြီး၊မိုးကောင်းကင်မှ သတင်းစ ကား(ဝဟီ) သည် နံနက်နှင့်ညနေ ငါကိုယ်တော်ထံ ဆင်းသက်နေပါလျက်နှင့် သင်တို့သည် ငါကိုယ်တော်အား စိတ်ချယုံကြည်မှု မရှိကြလေသလော။ ဆင့်ပြန်သူက ဆက်လက်ပြောပြသည်။ ထိုအခါ မျက်လုံးနှစ်လုံးစလုံး အတွင်းထဲကိုချိုင့်ဝင်နေသူ၊ ပါးများမို့မောက်နေပြီး၊ နဖူးလည်းမောက်နေသူ၊ မုတ်ဆိတ်မွေးထူထပ်သော်လည်း ရှည်လျားခြင်းမရှိသူ၊ ဦးခေါင်းလည်းရိတ်ထားသူ၊ ခန္ဓာကိုယ်အောက်ပိုင်းကိုလွမ်းခြုံဖုံးအုပ်ရမည့် ပုဆိုးကို မထားသော အမျိုးသားတစ်ဦးက ထရပ်လျက် “အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အသင် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ပါ” ဟု ပြောဆိုလေသည်။ ထိုအခါ တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်)က “အသင် ပျက်စီးပါစေ၊ ငါကိုယ်တော်သည် ကမ္ဘာသူကမ္ဘာသားများအနက် အလ္လာဟ်အရှင်မြတ်အား အကြောက်ထိုက်ဆုံးသူ မဟုတ်ပါလေသလော” ဟု မိန့်ကြားတော်မူသည်။ ဆင့်ပြန်သူက ဆက်လက်ပြောပြသည်။ ထို့နောက် ထိုသူသည် ကျောခိုင်းထွက်သွားလေသည်။ ခါလစ်ဒ်ဗင်န်ဝလီးဒ် (ရဿွယလ္လာဟုအန်ဟု)က “အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုး ထိုသူ၏လည်ပင်းကို ဖြတ်လိုက်ရမလား” ဟု လျှောက်ထားလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်)က “ထိုသို့မလုပ်လေနှင့်၊ သူသည် ဆွလာသ်ဝတ်ပြုသူ ဖြစ်ကောင်းဖြစ်နိုင်သည်” ဟု မိန့်တော်မူ၏။ ထိုအခါ ခါလစ်ဒ်ဗင်န်ဝလီးဒ် (ရဿွယလ္လာဟုအန်ဟု)ကလျှောက်ထားသည်မှာ- “များစွာသော ဆွလာသ်ဝတ်ပြုတို့သူ မိမိတို့၏ နှလုံးသားထဲ၌မရှိသော စကားကို နှုတ်လျှာဖြင့် ပြောဆိုကြပါသည်”။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်)က မိန့်တော်မူသည်မှာ- “ငါကိုယ်တော်သည် လူတို့၏ စိတ်နှလုံးသားများကို စူးစမ်းစိစစ်ရန်နှင့် သူတို့၏ ဝမ်းဗိုက်များကိုခွဲကြည့်ရန် အမိန့်ပေးခြင်း မခံထားရပေ” စင်စစ် ငါကိုယ်တော်သည် သူတို့၏အပြင်ပန်းကိုသာ လက်ခံရန် အမိန့်ပေးခြင်းခံရသည်။" ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်)က ထိုသူ ကျောခိုင်းသွားနေသည်ကို ကြည့်ရှုလျက် မိန့်တော်မူသည်။ “ဤသူ၏ သားစဉ်မြေးဆက်၊ သို့မဟုတ် သူ၏အပေါင်းအဖော်များ၊ သို့မဟုတ် သူ၏မျိုးနွယ်စုမှ အုပ်စုတစ်စု ထွက်ပေါ်လာလိမ့်မည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်ကို အသံသာယာစွာ ဖတ်ရွတ်ရာတွင် အလွန်ကျွမ်းကျင်ကြလိမ့်မည်။ သူတို့၏နှုတ်လျှာများသည် ထိုကျမ်းတော်ကို များစွာရွတ်ဖတ်ခြင်းကြောင့် စိုစွတ်နေလိမ့်မည်။ သို့သော် ကုရ်အာန်သည် သူတို့၏လည်ချောင်းကို ကျော်လွန်မည် မဟုတ်ပေ။ (စိတ်နှလုံးသားထဲသို့ ရောက်ရှိမည် မဟုတ်ပေ)။ သူတို့၏စိတ်နှလုံးသားများက ၎င်းကို နားလည်သဘောပေါက်၍ ပြုပြင်နိုင်မည်မဟုတ်။ အလ္လာဟ်ရှင်မြတ်ကလည်း သူတို့ကို မြှင့်တင်တော်မူမည်မဟုတ်ပေ။ လက်ခံတော်မူမည်လည်း မဟုတ်ပေ။ သူတို့သည် အစ္စလာမ်သာသနာမှ ထွက်သွားကြလိမ့်မည်။ မြားသည် ပစ်မှတ်မှ လျင်မြန်စွာ ထွက်သွားသကဲ့သို့ လျင်မြန်စွာ၊ ပေါ့ပါးစွာ ထွက်သွားကြလိမ့်မည်။" (ဆင့်ပြန်သူက ဆက်လက် ပြောပြသည်။) ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်)က " အကယ်၍ သူတို့ဟာထွက်လာပြီး မွတ်စ်လင်မ်တွေအပေါ် ဓားစွဲကိုင်၍ တိုက်ခိုက်သည်ကို ငါတမန်တော်တွေ့ရှိခဲ့လျှင် စမူဒ်အမျိုးသားတို့အား သုတ်သင်ခဲ့သည့်အတိုင်း သူတို့ကို ပြင်းထန်စွာသုတ်သင်သတ်ဖြတ်မည်” ဟုလည်း မိန့်တော်မူသည်ဟု ကျွန်တော်ထင်ပါသည်။
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ “ဧကန်စင်စစ် ဂျန္နသ်သုခဘုံတွင် သင်တို့ထဲမှ တစ်ဦးတစ်ယောက်၏ အနိမ့်ဆုံးအဆင့်မှာ (အလ္လာဟ်အရှင်မြတ်က) − အသင်အလိုရှိရာဆန္ဒပြုလော့ဟု ထိုသူအား မိန့်ဆိုတော်မူမည်ဖြစ်သည်။ ထို့နောက် သူသည် အလိုရှိရာကို ဆန္ဒပြုလိမ့်မည်၊ ထို့နောက် ထပ်မံ၍ ဆန္ဒပြုလိမ့်မည်။ ထို့နောက် (အလ္လာဟ်အရှင်မြတ်က) ထိုသူအား သင်အလိုရှိရာကို ဆန္ဒပြုပြီးပြီလောဟု မေးမြန်းတော်မူမည်။ ထိုအခါ သူကဟုတ်ကဲ့ ဆန္ဒပြုပြီးပါပြီဟု ဖြေကြားလိမ့်မည်။ ထိုအခါ အရှင်မြတ်က ၎င်းအား အသင်ဆန္ဒပြုသမျှအရာအားလုံးနှင့် ယင်း၏ဥပမာတူညီသောအရာကို ထပ်ဆောင်းအားဖြင့် သင့်အဖို့ ဖြစ်သည်’ဟု မိန့်တော်မူလိမ့်မည်။”
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်- ဂျန္နသ်သို့ ဝင်ရောက်ရသူများတွင် အဆင့်အတန်း အနိမ့်ဆုံးသော သူအား ‘သင်အလိုရှိသည်ကို ဆန္ဒပြုလော့’ဟု မိန့်ဆိုလိမ့်မည်။ ထို့နောက် သူသည် အလိုရှိရာကို ဆန္ဒပြုလိမ့်မည်။ ထပ်ခါထပ်ခါ ဆန္ဒပြုလိမ့်မည်။ နောက်ဆုံး၌ သူဖော်ပြခြင်းမပြုရသေးသော ဆန္ဒတစ်စုံတစ်ရာ ကျန်ရှိတော့မည် မဟုတ်ပေ။ ထို့နောက် (အလ္လာဟ်အရှင်မြတ်က) ထိုသူအား သင်အလိုရှိရာကို ဆန္ဒပြုပြီးပြီလောဟု မေးမြန်းတော်မူမည်။ ထိုအခါ သူကဟုတ်ကဲ့ ဆန္ဒပြုပြီးပါပြီဟု ဖြေကြားလိမ့်မည်။ ထိုအခါ အရှင်မြတ်က အသင်ဆန္ဒပြုသမျှအရာအားလုံးနှင့် ယင်း၏ဥပမာတူညီသောအရာကို ထပ်ဆောင်းအားဖြင့် သင့်အဖို့ ဖြစ်သည်’ဟု မိန့်တော်မူလိမ့်မည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။ တစ်ရက်တွင် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူ ဒအ်ဝသ် (ဖိတ်ခေါ်ကျွေးမွေးမှု) တစ်ခုတွင် ပါဝင်ခဲ့ကြသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံ ကိုယ်တော်ကြိုက်နှစ်သက် တော်မူသည့် (ဆိတ်၏) လက်ဖျံသားကို ဆက်သခဲ့ကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ထိုအသားကို တစ်ကိုက်ကိုက်၍ မိန့်ကြားတော်မူသည် - “ကိယာမတ်နေ့တွင် ကျွန်ုပ်သည် လူသားအားလုံး၏ ခေါင်းဆောင်ဖြစ်မည်။ မည်သည့် အရာမှ ဖြစ်သည်ကို သင်တို့ သိကြပါသလား။ အလ္လာဟ်အရှင်မြတ်သည် ကိယာမတ်နေ့၌ ရှေးလွန်လေပြီးသူများနှင့် နောင်လာမည့် လူသားအားလုံးကို ပြန့်ပြူးသော ကွင်းပြင်ကြီးတစ်ခုတွင် စုရုံးစေတော်မူမည်။ မျက်စိသည် သူတို့အားလုံးကို မြင်နိုင်မည်။ ဟစ်ခေါ်သူတိုင်းသည် သူတို့အားလုံးအား မိမိ၏အသံကို ကြားစေနိုင်မည်။ နေသည် လူတို့နှင့် အလွန်နီးကပ်လာမည်။ လူတို့သည် မိမိတို့ သည်းခံနိုင်စွမ်းထက် ကျော်လွန်သော ပြင်းထန်သည့် ဝေဒနာနှင့် ပူပန်သောကကို ခံစားရကြမည်။ လူတို့သည် တစ်ဦးကိုတစ်ဦး ပြောဆိုကြမည် - ‘အသင်တို့ ကြုံနေရသည့် ဘေးဒုက္ခကို အသင်တို့ မမြင်ကြလေသလော။ သင်တို့သည် အလ္လာဟ်အရှင်မြတ်ထံတွင် အသင်တို့အတွက် ရှဖာအသ်(ကြားဝင်အသနားခံပေး) မည့်သူကို မရှာကြဘူးလော။ ထို့နောက် လူတို့သည် အချင်းချင်း ပြောဆိုကြမည် - ‘အသင်တို့၏ ဖခင်မှာအာဒမ် (အလိုင်ဟစ္စလာမ်) ဖြစ်သည်။ ထို့အခါ လူတို့သည် အာဒမ် (အလိုင်ဟစ္စလာမ်) ထံသို့ ရောက်လာကြမည်။ သူတို့က အာဒမ် (အလိုင်ဟစ္စလာမ်) အား လျှောက်ထားကြမည် - ‘အို အာဒမ်၊ အသင်သည် လူသားအားလုံး၏ ဖခင်ဖြစ်ပါသည်။ အလ္လာဟ်အရှင်မြတ်သည် အသင့်အား မိမိ၏လက်တော်ဖြင့် ဖန်ဆင်းတော်မူခဲ့သည်။ သင့်အတွင်း၌ မိမိ ထံမှဝိညာဉ်တော်ကို မှုတ်သွင်းခဲ့သည်။ မလာအိကဟ်ကောင်းကင်တမန်များအား အသင့်ကို စဂျ်ဒဟ်ဦးချရန် အမိန့်ပေးတော်မူခဲ့သောကြောင့် ၎င်းတို့သည် အသင့်အား စဂျ်ဒဟ်ဦးချခဲ့ကြသည်။ အသင့်အားဂျန္နသ်သုခဘုံတွင် နေထိုင်စေခဲ့သည်။ အသင်၏အရှင် သခင်ထံ ကျွန်ုပ်တို့အတွက် ရှဖာအသ်ကြားဝင်အသနားခံပေးခြင်း မပြုဘူးလော။ အသင်သည် ကျွန်ုပ်တို့၏ ဤအခြေအနေကို မမြင်ဘူးလော။ ကျွန်ုပ်တို့အပေါ် ကျရောက်လာသော ဤဘေးဒုက္ခကို မမြင်ဘူးလော။ ထိုအခါ အာဒမ် (အလိုင်ဟစ္စလာမ်) က သူတို့အား ပြန်ပြောမည် - ‘ယနေ့တွင် ကျွန်ုပ်၏အရှင်သည် ယခင်က မဖြစ်ခဲ့ဘူးသော၊ နောင်တွင်လည်း ဖြစ်မလာတော့မည် အမျက်တော်ရှနေပါသည်။ ထို့အပြင် အရှင်မြတ်သည် ကျွန်ုပ်အား (အထူး) သစ်ပင်တစ်ပင် (မှ ဝေးစွာ နေရန်) တားမြစ်တော်မူခဲ့သော်လည်း ကျွန်ုပ်သည် အမိန့်ဖီဆန်ခဲ့မိပါသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ သင်တို့သည် အခြားသူတစ်ဦးထံသို့ သွားကြလော့။ နူဟ် ထံသို့ သွားကြလော့။’ ထို့နောက် လူတို့သည် နူဟ် (အလိုင်ဟစ္စလာမ်) ထံသို့ ရောက်လာကြမည်။ သူတို့က နူဟ် (အလိုင်ဟစ္စလာမ်) အား လျှောက်ထားကြမည် - ‘အို - နူဟ် ၊ အသင်သည် ကမ္ဘာမြေသို့ စေလွှတ်ခံရသော ပထမဆုံး ရစူလ်တမန်တော်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အသင့်အား အလွန်ကျေးဇူးသိတတ်သော ကျေးကျွန်အဖြစ် အမည်ပေး တော်မူခဲ့သည်။ အသင်သည် ကျွန်ုပ်တို့၏ ဤအခြေအနေကို မမြင်ဘူးလော။ အသင်သည် ကျွန်ုပ်တို့အပေါ် ကျရောက်လာသော ဤဘေးဒုက္ခကို မမြင်ဘူးလော။ အသင်၏အရှင်သခင်ထံ ကျွန်ုပ်တို့အတွက် ရှဖာအသ်ကြားဝင်အသနားခံပေးခြင်း မပြုဘူးလော။ ထိုအခါ နူဟ် (အလိုင်ဟစ္စလာမ်) က သူတို့အား ပြန်ပြောမည် - ‘ယနေ့တွင် ကျွန်ုပ်၏အရှင်သည် ယခင်က မဖြစ်ခဲ့ဘူးသော၊ နောင်တွင်လည်း ဖြစ်မလာတော့မည် အမျက်တော်ရှနေပါသည်။ ဧကန်စင်စစ် ကျွန်ုပ်အတွက် (အထူး) တောင်းဆုတစ်ခုပြုခွင့် ရှိခဲ့သည်။ ထိုတောင်းဆုကို ကျွန်ုပ်က မိမိအမျိုးသားတို့အပေါ် ပျက်စီးစေရန် သဘောဖြင့် တောင်းခဲ့မိသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ သင်တို့သည် အခြားသူတစ်ဦးထံသို့ သွားကြလော့။ အသင်တို့သည် အီဗ်ရာဟီမ်ထံသို့ သွားကြလော့။’ ထို့နောက် လူတို့သည် အီဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်) ထံသို့ ရောက်လာကြမည်။ သူတို့က အီဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်) အား လျှောက်ထားကြမည် - ‘အသင်သည် အလ္လာဟ်အရှင်မြတ်၏ နဗီတမန်တော်ဖြစ်ပြီး ကမ္ဘာမြေပေါ်ရှိ လူတို့အနက် အရှင်မြတ်၏ ခလီလ် (မိတ်ဆွေ)လည်း ဖြစ်ပါသည်။ အသင်၏အရှင်သခင်ထံ ကျွန်ုပ်တို့အတွက် ရှဖာအသ်ကြားဝင်အသနားခံပေးခြင်း မပြုဘူးလော။ အသင်သည် ကျွန်ုပ်တို့၏ ဤအခြေအနေကို မမြင်ဘူးလော။ အီဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်) က သူတို့အား ပြောမည် - ‘ယနေ့တွင် ကျွန်ုပ်၏ အရှင်သည် ယခင်က မဖြစ်ခဲ့ဘူးသော၊ နောင်တွင်လည်း ဖြစ်မလာတော့မည် အမျက်တော်ရှနေပါသည်။ စင်စစ် ကျွန်ုပ်သည် မုသားသုံးကြိမ် ပြောခဲ့မိသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ သင်တို့သည် အခြားသူတစ်ဦးထံသို့ သွားကြလော့။ မူဆာထံသို့ သွားကြလော့။ ထို့နောက် လူတို့သည် မူဆာ (အလိုင်ဟစ္စလာမ်) ထံသို့ ရောက်လာကြမည်။ သူတို့က မူဆာ (အလိုင်ဟစ္စလာမ်) အား လျှောက်ထားကြမည် - ‘အို-မူဆာ အသင်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်တစ်ပါးဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ဗျာဒိတ်တော်များနှင့် မိမိနှင့်တိုက်ရိုက်စကားပြောခွင့်ဖြင့် အသင့်အား လူသားများအားလုံးထက် သာပိုမြင့်မြတ်စေတော်မူခဲ့သည်။ အသင်၏အရှင်သခင်ထံ ကျွန်ုပ်တို့အတွက် ရှဖာအသ်ကြားဝင်အသနားခံပေးခြင်း မပြုဘူးလော။ အသင်သည် ကျွန်ုပ်တို့၏ ဤအခြေအနေကို မမြင်ဘူးလော။ မူဆာ (အလိုင်ဟစ္စလာမ်) က သူတို့အား ပြောမည် - ‘ယနေ့တွင် ကျွန်ုပ်၏အရှင်သည် ယခင်က မဖြစ်ခဲ့ဘူးသော၊ နောင်တွင်လည်း ဖြစ်မလာတော့မည် အမျက်တော်ရှနေပါသည်။ စင်စစ် ကျွန်ုပ်သည် အသက်တစ်ခုကို သတ်ခဲ့မိသည်။ ယင်းအားသတ်ရန်အတွက် ကျွန်ုပ်အမိန့်ပေးတော်မူခြင်း မခံခဲ့ရပေ။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ သင်တို့သည် အခြားသူတစ်ဦးထံသို့ သွားကြလော့။ အသင်တို့ အီစာထံသို့ သွားကြလော့။ ထို့နောက် လူတို့သည် အီစာ (အလိုင်ဟစ္စလာမ်) ထံသို့ ရောက်လာကြမည်။ သူတို့က အီစာ (အလိုင်ဟစ္စလာမ်) အား လျှောက်ထားကြမည် ၊ ‘အို - အီစာ၊ အသင်သည် အလ္လာဟ် အရှင်မြတ်၏ ရစူလ်တမန်တော်နှင့် အရှင်မြတ်၏ (တတ်စွမ်းနိုင်မှုကို ထင်ပေါ်စေသော) နှုတ်ကပတ်တော်ပင် ဖြစ်သည်။ အရှင်မြတ်သည် ထိုနှုတ်ကပတ်တော်ကို မရ်ယမ်ထဲသို့ ထည့်ပေးတော်မူခဲ့သည်။ ၎င်းပြင် (ထိုနှုတ်ကပတ်တော်သည်) အရှင်မြတ်ထံမှ (ချီးမြှင့်တော်မူသော) ဝိညာဉ်တော်လည်း ဖြစ်ပါသည်။ ထို့ပြင် အသင်သည် ပုခက်အတွင်း၌လည်း လူတို့အား စကားပြောခဲ့ပါသည်။ အသင်၏အရှင်သခင်ထံ ကျွန်ုပ်တို့အတွက် ရှဖာအသ်ကြားဝင်အသနားခံပေးခြင်း မပြုဘူးလော။ အသင်သည် ကျွန်ုပ်တို့၏ ဤအခြေအနေကို မမြင်ဘူးလော။ အီစာ (အလိုင်ဟစ္စလာမ်) က သူတို့အား ပြောမည် - ‘ယနေ့တွင် ကျွန်ုပ်၏အရှင်သည် ယခင်က မဖြစ်ခဲ့ဘူးသော၊ နောင်တွင်လည်း ဖြစ်မလာတော့မည် အမျက်တော်ရှနေပါသည်။ အီစာ (အလိုင်ဟစ္စလာမ်) သည် မိမိ၏ မည်သည့်အပြစ်ကိုမျှ ဖော်ပြခြင်းမပြုခဲ့ဘဲ (ဤသို့သာ ပြောမည်) ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ ကျွန်ုပ်သည် မိမိကိုယ်နှင့်ပတ်သတ်၍သာ သောကဖြစ်နေရသည်။ သင်တို့သည် အခြားသူတစ်ဦးထံသို့ သွားကြလော့။ အသင်တို့အားလုံး မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ သွားကြလော့။ ဆင့်ပြန်ချက်တစ်ခုတွင်လာရှိသည်မှာ သူတို့သည် ငါကိုယ်တော့်ထံရောက်လာပြီး ပြောကြမည် - ‘အို -မုဟမ္မဒ်၊ အသင်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ပြီး နောက်ဆုံးနဗီတမန်တော်လည်းဖြစ်ပါသည်။ အလ္လာဟ်အရှင်မြတ်သည် အသင်၏ ယခင်က အပြစ်အားလုံးနှင့် နောင်ဖြစ်လာမည့် အပြစ်အားလုံးကို ခွင့်လွှတ်တော်မူပြီးဖြစ်ပါသည်။ အသင်၏အရှင်သခင်ထံ ကျွန်ုပ်တို့အတွက် ရှဖာအသ်ကြားဝင်အသနားခံပေးခြင်း မပြုဘူးလော။ အသင်သည် ကျွန်ုပ်တို့၏ ဤအခြေအနေကို မမြင်ဘူးလော။ ထိုအခါ ငါကိုယ်တော်သည် ထွက်ခွာ၍ အရ်ရှ်ပလ္လင်တော် အောက်သို့လာပြီး ငါကိုယ်တော်၏ အရှင်အား စဂျ်ဒဟ်ဦးချမည်ဖြစ်သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ငါကိုယ်တော့်အလျင် မည်သူ့ကိုမျှ ဖွင့်ပေးတော်မမူခဲ့သော အရှင့်အား ချီးမွမ်း ထောမနာပြုခြင်း၊ ကောင်းမွန်သော ချီးကျူးခြင်းများ (၏ တံခါးများ) ကို ဖွင့်လှစ်ပေးတော်မူမည်။ ထို့နောက် အရှင်မြတ်က မိန့်ကြားတော်မူမည် - ‘အိုမုဟမ္မဒ်၊ သင်၏ဦးခေါင်းကို မော့လော့။ လိုရာဆုကို တောင်းလော့၊ အသင် ချီးမြှင့်ပေးသနားတော်မူခြင်းခံရမည်။ ရှဖာအသ်ကြားဝင်အသနားခံပေးလော့၊ အသင်၏ ရှဖာအသ်ကြားဝင်အသနားခံမှုသည် လက်ခံခြင်းခံရတော်မူမည်။ ထိုအခါ ငါကိုယ်တော်သည် ဦးခေါင်းကို မော့၍ လျှောက်ထားမည် - ‘အိုကျွန်တော်မျိုးအား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၏အွမ္မသ်သားများအား သနားတော်မူပါ။ အိုကျွန်တော်မျိုးအား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၏အွမ္မသ်သားများအား သနားတော်မူပါ။ အိုကျွန်တော်မျိုးအား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၏အွမ္မသ်သားများအား သနားတော်မူပါ။ ထိုအခါ မိန့်ကြားခြင်းခံရမည် - ‘အိုမုဟမ္မဒ်၊ သင်၏အွမ္မသ်သားများအနက် စာရင်းစစ်ဆေးခြင်း မခံရမည့်သူများကို ဂျန္နတ်သုခဘုံ၏ ညာဘက်တံခါးမှ ဝင်ရောက်စေလော့။ ထိုသူတို့သည် ဂျန္နတ်သုခဘုံ၏ အခြားတံခါးများမှလည်း (ဝင်ရောက်ခွင့်ရှိသော) လူများနှင့် အတူရှိကြမည်။’ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည် - မုဟမ္မဒ်၏ အသက်ဝိညာဥ်ကို စိုးပိုင်တော်မူသော အရှင်၏ကစမ်၊ ဂျန္နတ်သုခဘုံ၏ တံခါးပေါက်နှစ်ခုကြား အကွာအဝေးသည် မက္ကာမြို့နှင့် ဟင်မ်ယရ်မြို့ (သို့မဟုတ်) မက္ကာမြို့နှင့် ဗဆွရာမြို့ကြား အကွာအဝေးနှင့် တူညီလိမ့်မည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ တပည့်သာဝကများနှင့်အတူ ဒအ်ဝသ် (ဖိတ်ခေါ်ကျွေးမွေးမှု) တစ်ခုတွင် ပါဝင်ခဲ့စဉ်၊ ကိုယ်တော့်ထံ ကိုယ်တော်အကြိုက်နှစ်သက်ဆုံး အသားဖြစ်သည့် ဆိတ်၏လက်ဖျံသားကို ဆက်သခဲ့ကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ထိုအသားကို မိမိသွားများ၏ အဖျားဖြင့်တစ်ကိုက်ကိုက်၍ စွဟာဗဟ်များအား မိန့်ကြားတော်မူသည်။ ကိယာမတ်နေ့၌ ငါကိုယ်တော်သည် လူသားအားလုံး၏ ခေါင်းဆောင်ဖြစ်မည်။ ဤသည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကို ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ဤသို့ မိန့်ကြားတော်မူသည်မှာ - "အဘယ်ကြောင့်ဖြစ်သည်ကို သင်တို့ သိကြပါသလား။ ကိယာမတ်နေ့တွင် လူသားအားလုံးအား ကျယ်ပြန့်ညီညာသည့် မြေပြင်တစ်ခုပေါ်တွင် စုရုံးစေမည်။ ဟစ်ခေါ်သူတိုင်းသည် သူတို့အားလုံးအား မိမိ၏အသံကို ကြားစေနိုင်မည်။ ကြည့်ရှုသူများက ဝန်းရံကြည့်ရှုနေကြမည်။ ၎င်းတို့အပေါ် မည်သည့်အရာမျှ ဖုံးကွယ်နေမည်မဟုတ်ပေ။ မြေပြန့်ဖြစ်သောကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ ကြည့်ရှု နေသူများမှ ကွယ်ဝှက်နိုင်မည်မဟုတ်၊ ၎င်းတို့အား မျက်စိဖြင့် ထိုးထွင်း မြင်နိုင်မည်။ ဆိုလိုသည်မှာ လူသားတစ်ဦးစကားပြောလျှင် နောက်ဆုံးလူအထိ ကြားရမည်၊ မျက်စိဖြင့် မြင်နိုင်မည်။ နေသည် ဖန်ဆင်းခံများအနီးသို့ တစ်မိုင်ခန့်အကွာအဝေးအထိ နီးကပ်လာမည်။ လူသားတို့သည် မိမိတို့ သည်းခံနိုင်စွမ်းထက် ကျော်လွန်သော ပြင်းထန်သည့် ဝေဒနာနှင့် ပူပန်သောကကို ခံစားရကြမည်။ ထို့ကြောင့် ၎င်းတို့သည် (အလ္လာဟ်အရှင်မြတ်ထံ) ရှဖာအသ်ကြားဝင်အသနားခံပေးမှုဖြင့် လွှတ်မြောက်မှုရရန် တောင်းခံလာကြမည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်ယုံကြည်သူများအား လူသားအားလုံး၏ဖခင် အာဒမ်(အလိုင်ဟိစ္စလာမ်)ထံသို့ သွားရန် အသိပေးတော်မူမည်။ ထို့ကြောင့် ၎င်းတို့သည် အာဒမ်(အလိုင်ဟိစ္စလာမ်)ထံသို့ လာရောက်၍ ၎င်း၏ ထူးကဲမြင့်မြတ်မှုများကို ပြောဆိုတင်ပြကြမည်။ ဤသို့ပြုလုပ်ခြင်းမှာ ၎င်းသည် မိမိတို့အတွက် အလ္လာဟ်အရှင်မြတ်ထံ ရှဖာအသ်ကြားဝင်အသနားခံပေးရန်အတွက် ဖြစ်သည်။ ၎င်းတို့က ဤသို့ပြောကြမည်- ‘အို အာဒမ်၊ အသင်သည် လူသားအားလုံး၏ ဖခင်ဖြစ်ပါသည်။ အလ္လာဟ်အရှင်မြတ်သည် အသင့်အား မိမိ၏လက်တော်ဖြင့် ဖန်ဆင်းတော်မူခဲ့သည်။ မိမိ၏ မလာအိကဟ်ကောင်းကင်တမန်များအား အသင့်ကို စဂျ်ဒဟ်ဦးချစေခဲ့သည်။ အရာအားလုံး၏အမည်များကို သင်ပို့ချပေးခဲ့ကာ၊ သင့်အထဲ၌ မိမိထံမှဝိညာဉ်တော်ကို မှုတ်သွင်းခဲ့သည်။ ထိုအခါ အာဒမ်(အလိုင်ဟိစ္စလာမ်)က ဤသို့အကြောင်းပြချက်ပေး၍ ပြောဆိုရှင်းပြမည်- ယနေ့တွင် ကျွန်ုပ်၏အရှင်သည် ယခင်က မဖြစ်ခဲ့ဘူးသော၊ နောင်တွင်လည်း ဖြစ်မလာတော့မည် အမျက်တော်ရှနေပါသည်။ ထို့နောက် ၎င်းသည် မိမိ၏အပြစ်ကို ဖော်ပြမည်။ ၎င်းမှာ အလ္လာဟ်အရှင်မြတ်က သစ်ပင်တစ်ပင်(၏ အသီးကို) မစားရန် ၎င်းအား တားမြစ်ခဲ့သော်လည်း စားခဲ့မိခြင်းပင်ဖြစ်သည်။ ထို့နောက် အာဒမ်(အလိုင်ဟိစ္စလာမ်)က ဤသို့ပြောမည်- ကျွန်ုပ်၏ နဖ်စ်သည် (မိမိကိုယ်ကို) သာလျှင် ရှဖာအသ်ကြားဝင်အသနားခံ ပေးထိုက်ပါသည်။ အသင်တို့သည် အခြားသူတစ်ဦးထံသို့ သွားကြလော့။ အသင်တို့ (တမန်တော်) နူဟ် ထံသို့ သွားကြပါ။ ထိုအခါ ၎င်းတို့သည် နူဟ်(အလိုင်ဟိစ္စလာမ်)ထံသို့ ရောက်လာကြမည်။ သူတို့က နူဟ် (အလိုင်ဟစ္စလာမ်) အား လျှောက်ထားကြမည် - ‘အို - နူဟ် ၊ အသင်သည် ကမ္ဘာမြေသို့ စေလွှတ်ခံရသော ပထမဆုံး ရစူလ်တမန်တော်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အသင့်အား အလွန်ကျေးဇူးသိတတ်သော ကျေးကျွန် အဖြစ်အမည်ပေး တော်မူခဲ့သည်။ (သို့ဖြစ်၍ ကျွန်ုပ်တို့အတွက် အရှင်မြတ်ထံ ကြားဝင်အသနားခံပေးပါဟု ပြောကြမည်။) သို့ရာတွင် နူဟ်(အလိုင်ဟိစ္စလာမ်)က ဤသို့အကြောင်းပြချက်ပေးမည်- ယနေ့တွင် ကျွန်ုပ်၏အရှင်သည် ယခင်က မဖြစ်ခဲ့ဘူးသော၊ နောင်တွင်လည်း ဖြစ်မလာတော့မည် အမျက်တော်ရှနေပါသည်။ ဧကန်စင်စစ် ၎င်းအတွက် (အထူး) တောင်းဆုတစ်ခုပြုခွင့် ရှိခဲ့သည်။ ထိုတောင်းဆုကို ၎င်းက မိမိအမျိုးသားတို့အပေါ် ပျက်စီးစေရန် သဘောဖြင့် တောင်းခဲ့မိသည်။ ထို့နောက် နူဟ်(အလိုင်ဟိစ္စလာမ်)က ဤသို့ပြောမည်- ကျွန်ုပ်၏ နဖ်စ်သည် (မိမိကိုယ်ကို) သာလျှင် ရှဖာအသ်ကြားဝင်အသနားခံ ပေးထိုက်ပါသည်။ အသင်တို့သည် အခြားသူတစ်ဦးထံသို့ သွားကြလော့။ အသင်တို့ (တမန်တော်) အစ်ဗ်ရာဟီမ် ထံသို့ သွားကြပါ။ ထို့နောက် ၎င်းတို့သည် အစ်ဗ်ရာဟီမ်(အလိုင်ဟိစ္စလာမ်)ထံသို့ ရောက်လာကြမည်။ သူတို့က အီဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်) အား လျှောက်ထားကြမည် - ‘အသင်သည် ကမ္ဘာမြေပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ ခလီလ် (မိတ်ဆွေ) ဖြစ်ပါသည်။ အသင်၏အရှင်သခင်ထံ ကျွန်ုပ်တို့အတွက် ရှဖာအသ်ကြားဝင်အသနားခံပေးပါ။ အသင်သည် ကျွန်ုပ်တို့၏ ဤအခြေအနေကို မမြင်ဘူးလော။ အီဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်) က သူတို့အား ပြောမည် - ‘ယနေ့တွင် ကျွန်ုပ်၏ အရှင်သည် ယခင်က မဖြစ်ခဲ့ဘူးသော၊ နောင်တွင်လည်း ဖြစ်မလာတော့မည် အမျက်တော်ရှနေပါသည်။ စင်စစ် ကျွန်ုပ်သည် မုသားသုံးကြိမ် ပြောခဲ့မိသည်။ ယင်းတို့မှာ- ၁။ "ကျွန်ုပ် နေမကောင်းပါ" ဟု ပြောဆိုခဲ့ခြင်း။ ၂။ "ဤအရာကို ၎င်းတို့အနက် အကြီးဆုံးသူပင် ပြုလုပ်ခဲ့သည်" ဟု ပြောခဲ့ခြင်း။ ၃။ "မိမိ၏ဇနီး ဆာရဟ်ကို "သူ့အား ကျွန်ုပ်သည် သင်၏ မောင်ဖြစ်ကြောင်း ပြောလော့၊ ဤသို့ဆိုလျှင် သူ၏ ဒဏ်မှ လွတ်မည်" ဟု ညွှန်ကြားခဲ့ခြင်း တို့ဖြစ်သည်။ အမှန်စင်စစ် ဤစကားသုံးခွန်းသည် ဥပစာစကား (သွယ်ဝိုက်ပြောဆိုခြင်း)သက်သက်သာ ဖြစ်သော်လည်း ၎င်း၏ပုံသဏ္ဍာန်သည် မုသား၏ ပုံသဏ္ဍာန်ဖြစ်နေသောကြောင့် အစ်ဗ်ရာဟီမ်(အလိုင်ဟိစ္စလာမ်)သည် ထိုကိစ္စနှင့်ပတ်သက်၍ မိမိကိုယ်ကို ကြားဝင်အသနားခံပေးရန် မထိုက်တန်ဟု ယုံကြည်ကာ ကြောက်ရွံ့တုန်လှုပ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်အား အသိဆုံး၊ အရှင်မြတ်နှင့်အနီးကပ်ဆုံးဖြစ်သူသည် အရှင်မြတ်၏ အကြောက်တရားအရှိဆုံးသူလည်းဖြစ်သည်။ ထို့နောက် အစ်ဗ်ရာဟီမ်(အလိုင်ဟိစ္စလာမ်)က ဤသို့ပြောမည်- ကျွန်ုပ်၏ နဖ်စ်သည် (မိမိကိုယ်ကို) သာလျှင် ရှဖာအသ်ကြားဝင်အသနားခံ ပေးထိုက်ပါသည်။ အသင်တို့သည် အခြားသူတစ်ဦးထံသို့ သွားကြလော့။ အသင်တို့ (တမန်တော်) မူဆာ ထံသို့ သွားကြလော့။ ထို့နောက် ၎င်းတို့သည် မူဆာ (အလိုင်ဟစ္စလာမ်) ထံသို့ ရောက်လာကြမည်။ သူတို့က မူဆာ (အလိုင်ဟစ္စလာမ်) အား လျှောက်ထားကြမည် - ‘အို-မူဆာ အသင်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်တစ်ပါးဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ဗျာဒိတ်တော်များနှင့် မိမိနှင့်တိုက်ရိုက်စကားပြောခွင့်ဖြင့် အသင့်အား လူသားများအားလုံးထက် သာပိုမြင့်မြတ်စေတော်မူခဲ့သည်။ အသင်၏အရှင်သခင်ထံ ကျွန်ုပ်တို့အတွက် ရှဖာအသ်ကြားဝင်အသနားခံပေးပါလေ။ အသင်သည် ကျွန်ုပ်တို့၏ ဤအခြေအနေကို မမြင်ဘူးလော။ မူဆာ (အလိုင်ဟစ္စလာမ်) က သူတို့အား ပြောမည် - ‘ယနေ့တွင် ကျွန်ုပ်၏အရှင်သည် ယခင်က မဖြစ်ခဲ့ဘူးသော၊ နောင်တွင်လည်း ဖြစ်မလာတော့မည် အမျက်တော်ရှနေပါသည်။ စင်စစ် ကျွန်ုပ်သည် အသက်တစ်ခုကို သတ်ခဲ့မိသည်။ ယင်းအားသတ်ရန်အတွက် ကျွန်ုပ်အမိန့်ပေးတော်မူခြင်း မခံခဲ့ရပေ။ ထို့နောက် မူဆာ(အလိုင်ဟိစ္စလာမ်)က ဤသို့ပြောမည်- ကျွန်ုပ်၏ နဖ်စ်သည် (မိမိကိုယ်ကို) သာလျှင် ရှဖာအသ်ကြားဝင်အသနားခံ ပေးထိုက်ပါသည်။ သင်တို့သည် အခြားသူတစ်ဦးထံသို့ သွားကြလော့။ အသင်တို့ (တမန်တော်)အီစာထံသို့ သွားကြလော့။ ထို့နောက် ၎င်းတို့သည် အီစာ (အလိုင်ဟစ္စလာမ်) ထံသို့ ရောက်လာကြမည်။ သူတို့က အီစာ (အလိုင်ဟစ္စလာမ်) အား လျှောက်ထားကြမည် ၊ ‘အို - အီစာ၊ အသင်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်နှင့် အရှင်မြတ်၏ (တတ်စွမ်းနိုင်မှုကို ထင်ပေါ်စေသော) နှုတ်ကပတ်တော်ပင် ဖြစ်သည်။ အရှင်မြတ်သည် ထိုနှုတ်ကပတ်တော်ကို မရ်ယမ်ထဲသို့ ထည့်ပေးတော်မူခဲ့သည်။ ၎င်းပြင် (ထိုနှုတ်ကပတ်တော်သည်) အရှင်မြတ်ထံမှ (ချီးမြှင့်တော်မူသော) ဝိညာဉ်တော်လည်း ဖြစ်ပါသည်။ ထို့ပြင် အသင်သည် ကလေးဘဝကပင် ပုခက်အတွင်း၌ လူတို့အား စကားပြောခဲ့ပါသည်။ အသင်၏အရှင်သခင်ထံ ကျွန်ုပ်တို့အတွက် ရှဖာအသ်ကြားဝင်အသနားခံပေးပါလေ။ အသင်သည် ကျွန်ုပ်တို့၏ ဤအခြေအနေကို မမြင်ဘူးလော။ အီစာ (အလိုင်ဟစ္စလာမ်) က သူတို့အား ပြောမည် - ‘ယနေ့တွင် ကျွန်ုပ်၏အရှင်သည် ယခင်က မဖြစ်ခဲ့ဘူးသော၊ နောင်တွင်လည်း ဖြစ်မလာတော့မည် အမျက်တော်ရှနေပါသည်။ အီစာ (အလိုင်ဟစ္စလာမ်) သည် မိမိ၏ မည်သည့်အပြစ်ကိုမျှ ဖော်ပြခြင်းမပြုခဲ့ဘဲ (ဤသို့သာ ပြောမည်) ကျွန်ုပ်၏ နဖ်စ်သည် (မိမိကိုယ်ကို) သာလျှင် ရှဖာအသ်ကြားဝင်အသနားခံ ပေးထိုက်ပါသည်။ အသင်တို့သည် အ ခြားသူတစ်ဦးထံသို့ သွားကြလော့။ အသင်တို့အား လုံး မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံ သို့ သွားကြလော့။ ထို့နောက် ၎င်းတို့သည် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလမ်) ထံသို့ ရောက်လာကြပြီး ဤသို့လျှောက်ထားကြမည်။‘အို -မုဟမ္မဒ်၊ အသင်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ပြီး နောက်ဆုံးနဗီတမန်တော်လည်းဖြစ်ပါသည်။ အလ္လာဟ်အရှင်မြတ်သည် အသင်၏ ယခင်က အပြစ်အားလုံးနှင့် နောင်ဖြစ်လာမည့် အပြစ်အားလုံးကို ခွင့်လွှတ်တော်မူပြီးဖြစ်ပါသည်။ အသင်၏အရှင်သခင်ထံ ကျွန်ုပ်တို့အတွက် ရှဖာအသ်ကြားဝင်အသနားခံပေးပါလေ။ အသင်သည် ကျွန်ုပ်တို့၏ ဤအခြေအနေကို တွေ့မြင်ခြင်းမရှိပါလေသလော။ ထိုအခါ ငါကိုယ်တော်သည် ထွက်ခွာ၍ အရ်ရှ်ပလ္လင်တော် အောက်သို့လာပြီး ငါကိုယ်တော်၏ အရှင်အား စဂျ်ဒဟ်ဦးချမည်ဖြစ်သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ငါကိုယ်တော့်အလျင် မည်သူ့ကိုမျှ ဖွင့်ပေးတော်မမူခဲ့သော အရှင့်အား ချီးမွမ်း ထောမနာပြုခြင်း၊ ကောင်းမွန်သော ချီးကျူးခြင်းများ (၏ တံခါးများ) ကို ဖွင့်လှစ်ပေးတော်မူမည်။ ထို့နောက် အရှင်မြတ်က မိန့်ကြားတော်မူမည် - ‘အိုမုဟမ္မဒ်၊ သင်၏ဦးခေါင်းကို မော့လော့။ လိုရာဆုကို တောင်းလော့၊ အသင် ချီးမြှင့်ပေးသနားတော်မူခြင်းခံရမည်။ ရှဖာအသ်ကြားဝင်အသနားခံပေးလော့၊ အသင်၏ ရှဖာအသ်ကြားဝင်အသနားခံမှုသည် လက်ခံခြင်းခံရတော်မူမည်။ ထိုအခါ ငါကိုယ်တော်သည် ဦးခေါင်းကို မော့၍ လျှောက်ထားမည် - ‘အိုကျွန်တော်မျိုးအား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၏အွမ္မသ်သားများအား သနားတော်မူပါ။ အိုကျွန်တော်မျိုးအား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၏အွမ္မသ်သားများအား သနားတော်မူပါ။ အိုကျွန်တော်မျိုးအား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၏အွမ္မသ်သားများအား သနားတော်မူပါ။ သို့ဖြစ်၍ ကိုယ်တော်၏ ရှဖာအသ်ကြားဝင်အသနားခံပေးမှုမှာ လက်ခံခြင်းခံရပေမည်။ ထို့နောက် ကိုယ်တော့်အား မိန့်ကြားမည်မှာ - ‘အိုမုဟမ္မဒ်၊ သင်၏အွမ္မသ်သားများအနက် စာရင်းစစ်ဆေးခြင်း မခံရမည့်သူများကို ဂျန္နတ်သုခဘုံ၏ ညာဘက်တံခါးမှ ဝင်ရောက်စေလော့။ ထိုသူတို့သည် ဂျန္နတ်သုခဘုံ၏ အခြားတံခါးများမှလည်း (ဝင်ရောက်ခွင့်ရှိသော) လူများနှင့် အတူရှိကြမည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည် - မုဟမ္မဒ်၏ အသက်ဝိညာဥ်ကို စိုးပိုင်တော်မူသော အရှင်၏ကစမ်၊ ဂျန္နတ်သုခဘုံ၏ တံခါးပေါက်နှစ်ခုကြား အကွာအဝေးသည် မက္ကာမြို့နှင့် ယီမင်နိုင်ငံရှိ စွန်အာအ််မြို့ (သို့မဟုတ်) မက္ကဟ်နှင့် ရှာမ်ဒေသရှိ ဗုစ်ရာမြို့ (ဟူရန်ဒေသရှိ မြို့တစ်မြို့)ကြား အကွာအဝေးနှင့် တူညီလိမ့်မည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်( ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အမျိုးသမီးနှင့်တူအောင်ဝတ်ဆင်သောအမျိုးသားနှင့် အမျိုးသားနှင့်တူအောင် ဝတ်ဆင်သောအမျိုးသမီးအား အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှကင်းဝေးပါစေဟု လအ်နသ်ပို့ခဲ့သည်။
رواه النسائي في الكبرى وابن ماجه بمعناه وأحمدတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အမျိုးသမီးများနှင့် သီးသန့်သက်ဆိုင်သော ၀တ်စားဆင်ယင်မှုများ ဥပမာ - ဟန်ပန်၊ အရောင်၊ ပုံစံ၊ ၀တ်စားဆင်ယင်မှုနည်းလမ်း၊ အလှဆင်မှုတို့ကို လိုက်လံတုပဝတ်ဆင်သည့် အမျိုးသားတိုင်း၊ သို့မဟုတ် အမျိုးသားများနှင့် သီးသန့်သက်ဆိုင်သော ၀တ်စားဆင်ယင်မှုကို လိုက်လံတုပဝတ်ဆင်သည့် အမျိုးသမီးတိုင်း အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်ကရုဏာတော်မှ နှင်ထုတ်ခံရစေရန်နှင့် ဝေးကွာစေရန်အတွက် ဒုအာပြုတော်မူခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းသည် ကြီးလေး သောအပြစ်အကုသိုလ်များအနက် တစ်ခုဖြစ်သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ “ဧကန်အမှန်၊ ဂျန္နသ်ကို ပထမဦးဆုံးဝင်ရောက်မည့် အုပ်စု၏ ပုံပန်းသဏ္ဌာန်သည် လပြည့်ည၏ လမင်းသဖွယ်ကဲ့သို့ ဝင်းပနေလိမ့်မည်။ ထို့နောက် သူတို့နောက်မှလိုက်ဝင်ရောက်ရမည့်သူများသည် ကောင်းကင်ယံရှိ အတောက်ပဆုံးကြယ်ကဲ့သို့ ဖြစ်ကြလိမ့်မည်။ ထိုသူများသည် ကျင်ငယ်စွန့်ခြင်း၊ ကျင်ကြီးစွန့်ခြင်း၊ တံတွေးထွေးခြင်း၊ နှာညစ်ခြင်း တစ်စုံတစ်ရာ ပြုလုပ်ကြရမည် မဟုတ်ပေ။ သူတို့၏ ခေါင်းဖြီးသည့် ဘီးများသည် ရွှေဖြင့် ပြုလုပ်ထား သောဘီးများ ဖြစ်မည်။ သူတို့၏ ချွေးများသည် ကတိုးနံ့ကဲ့သို့ သင်းပျံ့နေပေမည်။ သူတို့၏ နံ့သာထွန်းခွက်များမှာ သစ်မွှေးပင်အသားနှင့် ပြုလုပ်ထား သော ခွက်များဖြစ်လိမ့်မည်။ သူတို့၏ ဇနီးများမှာ ဟူရ်အီးန်(အလွန်ဖြူချောပြီး မျက်ဝန်းကျယ်သော မိန်းမပျိုများ) ဖြစ်ကြလိမ့်မည်။ ထို့ပြင် ၎င်းတို့အားလုံးသည် လူတစ်ဦးတည်း၏ပုံပန်းသဏ္ဌာန်မျိုး ဖြစ်ကြလိမ့်မည်။ (ဆိုလိုသည်မှာ) သူတို့၏ဖခင် အာဒမ် ‘အလိုင်ဟိစ္စလာမ်’ ၏ ပုံသဏ္ဌာန်အတိုင်းဖြစ်ကြပြီး ၎င်း၏အရပ်မှာ (မြေကြီးမှ) ကောင်းကင်အထိ အတောင်ခြောက်ဆယ် မြင့်လိမ့်မည်။”
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - မုအ်မင်န်များအနက် ဂျန္နသ်ကို ပထမဦးဆုံးဝင်ရောက်မည့်အုပ်စု၏ မျက်နာများသည် လပြည့်ည၏ လမင်းသဖွယ်ကဲ့သို့ ဝင်းပနေလိမ့်မည်။ ထို့နောက် သူတို့နောက်မှလိုက်ဝင်ရောက်ရမည့်သူများသည် ကောင်းကင်ယံရှိ အတောက်ပဆုံးကြယ်တာယာကဲ့သို့ ဖြစ်ကြလိမ့်မည်။ ၎င်းတို့အတွက် ပြီးပြည့်စုံသော ဂုဏ်အရည်အချင်းများရှိသည်။ အကြောင်းမူ ၎င်းတို့သည် ကျင်ငယ်စွန့်ခြင်း၊ ကျင်ကြီးစွန့်ခြင်း၊ တံတွေးထွေးခြင်း၊ နှာညစ်ခြင်း တစ်စုံတစ်ရာ ပြုလုပ်ကြရမည် မဟုတ်ပေ။ သူတို့၏ခေါင်းဖြီးသည့် ဘီးများသည် ရွှေဖြင့်ပြုလုပ်ထားသောဘီးများ ဖြစ်မည်။ သူတို့၏ ချွေးများသည် ကတိုးနံ့ကဲ့သို့ သင်းပျံ့နေပေမည်။ သူတို့၏ နံ့သာထွန်းခွက်များမှ အမွှေးအကြိုင်ဆုံးနှင့် အလတ်ဆတ်ဆုံးသော နံ့သာရနံ့တို့ ထွက်လျက်ရှိနေမည်။ သူတို့၏ ဇနီးများမှာ ဟူရ်အီးန်(အလွန်ဖြူချောပြီး မျက်ဝန်းကျယ်သော မိန်းမပျိုများ) ဖြစ်ကြလိမ့်မည်။ ထို့ပြင် ၎င်းတို့အားလုံးသည် လူတစ်ဦးတည်း၏ပုံပန်းသဏ္ဌာန်မျိုး ဖြစ်ကြလိမ့်မည်။ (ဆိုလိုသည်မှာ) သူတို့၏ဖခင် အာဒမ် ‘အလိုင်ဟိစ္စလာမ်’ ၏ ပုံစံ၊ အရပ်၊ အဆင်းသဏ္ဍာန်အတိုင်း ဖြစ်ကြမည်။ ၎င်း၏အရပ်မှာ (မြေကြီးမှ) ကောင်းကင်အထိ အတောင်ခြောက်ဆယ် မြင့်လိမ့်မည်။
အုဗာဒဟ် ဗင်န် ဆွာမိသ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "ဧကန်စင်စစ်၊ ဂျန္နသ်သုခဘုံ၌ အဆင့်ပေါင်း တစ်ရာရှိ၏။ အဆင့်တစ်ခုနှင့်တစ်ခုကြားသည် မိုးနှင့်မြေကြားအကွာအဝေးကဲ့သို့ ဖြစ်၏။ ဖိရ်ဒေါင်စ်သည် ၎င်းတို့အနက်မှ အမြင့်ဆုံးအဆင့်ဖြစ်၏။ ထိုအဆင့်မှပင် ဂျန္နသ်သုခဘုံ၏ စမ်းချောင်းလေးခုမှာစီးဆင်းသည်။ ၎င်း(ဖိရ်ဒေါင်စ်)၏အပေါ်တွင် အရ်ရှ်ပလ္လင်တော်တည်ရှိသည်။ ထို့ကြောင့် သင်တို့သည် အလ္လာဟ်အရှင်မြတ်ထံတောင်းခံသောအခါ ဖိရ်ဒေါင်စ်ကို တောင်းခံကြလော့။"
رواه الترمذيတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် နောင်တမလွန်ဘဝ၏ဂျန္နသ်သုခဘုံတွင် အဆင့်ပေါင်း တစ်ရာရှိကြောင်း၊ အဆင့်တစ်ခုနှင့်တစ်ခုကြား အကွာအဝေးသည် မိုးနှင့်မြေကြား အကွာအဝေးကဲ့သို့ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ထိုဂျန္နသ်သုခဘုံ(၏အဆင့်)အားလုံးတို့တွင် အမြင့်ဆုံးအဆင့်မှာ ဂျန္နသ်သုလ် "ဖိရ်ဒေါင်စ်" ဖြစ်သည်။ ထိုအဆင့်မှပင် ဂျန္နသ်သုခဘုံ၏စမ်း ချောင်းလေးခုမှာစီးဆင်းသည်။ ၎င်း(ဖိရ်ဒေါင်စ်)၏အပေါ်တွင် အရ်ရှ်ပလ္လင်တော် တည်ရှိသည်။ ထို့ကြောင့် သင်တို့သည် အလ္လာဟ်အရှင်မြတ်ထံတောင်းခံသောအခါ ဖိရ်ဒေါင်စ်ကို တောင်းခံကြလော့။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အခြားသော ဂျန္နသ်သုခဘုံ(၏အဆင့်)အားလုံး၏ အထက် တွင် ရှိသောကြောင့်ဖြစ်သည်။