





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ်ဗင်န်အာဆ်ွ(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ဤသို့မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ သင်တို့သည် မုအဇ္ဇင်န်၏အဇာန်သံကိုကြားသည့်အခါ ၎င်းဆိုသည့်အတိုင်း လိုက်ဆိုကြပါ။ ထို့နောက် ငါကိုယ်တော်အပေါ်သို့ ဆွလာသ်ပို့သကြပါ။ အကြင်မည်သူမဆို ငါကိုယ်တော်အပေါ်သို့ ဆွလာသ်တစ်ကြိမ်ပို့သပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ်၌ ရဟ်မသ် ကရုဏာတော် ဆယ်ကြိမ် ချီးမြှင့်တော်မူမည်ဖြစ်သည်။ ထို့နောက် သင်တို့သည် ငါကိုယ်တော်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ ဝစီလဟ် တောင်ခံပေးကြပါ။ အမှန်တကယ်ပင် ယင်းသည် ဂျန္နသ်သုခဘုံ၏ အဆင့်အတန်းတစ်ခုဖြစ်သည်။ ထိုအဆင့်အတန်းအား အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်တစ်ဦးအား ချီးမြှင့်မည်ဖြစ်၍ ၎င်းအားချီးမြှင့်ခံရသူသည် ငါကိုယ်တော်ပင်ဖြစ်မည်ဟု မျှော်လင့်သည်။ သို့ဖြစ်၍ အကြင်မည်သူမဆို ငါကိုယ်တော်အတွက် ဝစီလဟ် (မကာမုမဟ်မူဒ်) တောင်းခံပေးပါက ထိုသူ့အတွက် ရှဖာအဟ် ကြားဝင်အသနားခံပေးခြင်း ဝါဂျိဗ်ဖြစ်သည်။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ ဆွလာသ်အတွက် မုအဇ္ဇင်န်၏ဖိတ်ခေါ်သံကို ကြားသူသည် (ဟိုင်းယ္ယာအလဆ်ဆွလာဟ်နှင့် ဟိုင်းယ္ယာအလလ် ဖလာဟ်)မှလွဲ၍ ကျန်စာသားများကို မုအဇ္ဇင်န်ဆိုသည့်အတိုင်း လိုက်ဆိုရမည်။ သို့သော် ထိုစာသားနှစ်ပိုဒ်တွင် ‘လာဟောင်းလ ဝလာကုဝ်ဝသ အိလ္လာဗိလ္လာဟ်ဟု’ ဆိုရမည်။ အဇာန်အား အဖြေပေးပြီးနောက် တမန်တော်မြတ်အပေါ်သို့ ဆွလာသ်(ဒရူးဒ်) ပို့သရမည်။ မည်သူမဆို ကိုယ်တော်မြတ်အပေါ်သို့ ဆွလာသ်တစ်ကြိမ်ပို့သပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ်၌ ‘ဆွလာသ်’ကရုဏာတော်ဆယ်ကြိမ် ချီးမြှင့်တော်မူမည်ဖြစ်သည်။ ကျေးကျွန် တစ်ဦးတစ်ယောက်ပေါ်သို့ အလ္လာဟ်အရှင်မြတ်က ‘ဆွလာသ်’ချီးမြှင့်ခြင်းဟူသည် ထိုကျေးကျွန်နှင့်ပတ်သက်၍ ကောင်းကင်တမန်များကြားတွင် ချီးမွမ်းခြင်းဖြစ်သည်။ ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိမိအတွက် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် ဝစီလဟ် တောင်ခံပေးကြရန် မိန့်ကြားတော်မူခဲ့သည်။ ယင်းသည် ဂျန္နသ်သုခဘုံ၌ အမြင့်မားဆုံး အဆင့်အတန်းဖြစ်သည်။ ထိုအဆင့်အတန်းကို အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်များအနက် ကျေးကျွန်တစ်ဦးကသာ ရရှိမည်ဖြစ်၍ ကိုယ်တော်က ထိုအဆင့်အတန်းကို ရရှိမည့်သူမှာ မိမိပင်ဖြစ်မည်ဟု မျှော်လင့်ထားသည်။ ဤသည် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိမိကိုယ်မိမိ နှိမ့်ချ၍မိန့်ကြားခဲ့ခြင်းသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုမြင့်မားသည့်အဆင့်အတန်းသည် လူတစ်ဦးအတွက်သာဖြစ်မည်ဆိုလျှင် ထိုသူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သာ ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အဖန်ဆင်းခံများအနက် အမွန်မြတ်ဆုံးဖြစ်တော်မူသည်။ ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိမိအား ဝစီလဟ်ရရန် ဆုတောင်းပေးသူသည် မိမိ၏ရှဖာအဟ်ကြားဝင်အသနားခံပေးမှုကို ရရှိမည်ဖြစ်ကြောင်း ရှင်းပြတော်မူခဲ့သည်။
အွတ်စ်မာန်ဗင်န် အဗီလ်အာဆ်ွ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်၍ အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ဧကန်အမှန်ပင် ရှိုင်သွာန်သည် ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏ ဆွလာသ်ကြားတွင် အတားအဆီးပြုခဲ့ပြီး ကျွန်တော်မျိုး၏ ကိရာအသ် ရွတ်ဖတ်မှုကို ရောထွေးစေခဲ့သည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ဤသည် ခင်န်ဇဗ်ဟုခေါ်သည့် ရှိုင်သွာန်ပင်ဖြစ်သည်။ အသင်သည် ထိုကဲ့သို့ခံစားရပါက ၎င်းရန်မှကင်းဝေးစေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံမှုရယူပါ။ သင်၏ဘယ်ဘက်သို့ တံတွေး သုံးကြိမ်ထွေးလိုက်ပါ။ ၎င်းကဆက်လက်ပြောပြသည်မှာ ကျွန်တော်သည် ထိုအတိုင်းပြုလုပ်ခဲ့ရာ အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ကျွန်တော့်ထံမှ ဖယ်ရှားပေးခဲ့သည်။
رواه مسلمအွတ်စ်မာန်ဗင်န် အဗီလ်အာဆ်ွ(ရဿွိယလ္လာဟုအန်ဟု)သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံလာရောက်၍ အို - အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဧကန်အမှန်ပင် ရှိုင်သွာန်သည် ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏ ဆွလာသ်ကြားတွင် အတားအဆီးပြုခဲ့ပါသည်။ ကျွန်တော်မျိုးအား ဆွလာသ်၌ ရိုသေကျိုးနွံစွာ ဆောက်တည်ခြင်းကို အတားအဆီးပြုခဲ့သည်။ ကျွန်တော်မျိုး၏ ကိရာအသ် ရွတ်ဖတ်မှုကို ရောထွေးစေပြီး ဒွိဟဖြစ်စေခဲ့ပါသည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ဤသည် ခင်န်ဇဗ်ဟုခေါ်သည့် ရှိုင်သွာန်ပင်ဖြစ်သည်။ အသင်သည် ထိုကဲ့သို့ခံစားရပါက ၎င်း၏ရန်မှကင်းဝေးစေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံမှုရယူပါ။(‘အအူးဇုဗိလ္လာဟိ မင်န် ခင်န်ဇဗ်’ ဖတ်ပါ။) သင်၏ဘယ်ဘက်သို့ တံတွေးအနည်းငယ် သုံးကြိမ်ထွေးလိုက်ပါ။ အွတ်စ်မာန်က ပြောပြသည်မှာ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အမိန့်ပေးသည့်အတိုင်း ပြုလုပ်ခဲ့ရာ အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ကျွန်တော့်ထံမှ ဖယ်ရှားပေးခဲ့သည်။
အဗ္ဗားစ် ဗင်န် အဗ်ဒုလ်မုသ်သွလိဗ် ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ ၎င်းသည် တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ် ) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ် ) မိန့်ကြားတော်မူသည်- အလ္လာဟ်အရှင်မြတ်ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အဖြစ် လည်းကောင်း၊ အစ္စလာမ်ကို သာသနာအဖြစ် လည်းကောင်း၊မုဟမ္မဒ်ကို ရစူလ် စေတမန်အဖြစ် လည်းကောင်း ကျေနပ်နှစ်သက်သူသည် အီမာန်ယုံကြည်ခြင်း၏ အရသာကို မြည်းစမ်းရမည်ဖြစ်သည်။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - မိမိ၏ အီမာန်ယုံကြည်မှုတွင် အစစ်အမှန်ယုံကြည်သူ၊ မိမိ၏စိတ်နှလုံးသည် ထိုအီမာန် ယုံကြည်မှုနှင့်ပင် နှစ်သိမ့် ကျေနပ်နေသူသည် အောက်ပါအချက်သုံးချက်ကို ကျေနပ်လက်ခံပါက သူ၏စိတ်နှလုံးထဲတွင် စိတ်ရှင်းလင်းကျယ်ပြန့်ခြင်း၊ ပျော်ရွှင်ခြင်း၊ ချိုမြိန်ခြင်းနှင့် အလ္လာဟ်အရှင်မြတ်နှင့် နီးစပ်ရသည့် အရသာကို ခံစားရလိမ့်မည်။ ၎င်းတို့မှာ- ပထမအချက် - အလ္လာဟ်အရှင်မြတ်အား မိမိ၏ အရှင်သခင်အဖြစ် ကျေနပ်နှစ်သက်လက်ခံခြင်း။ ဆိုလိုသည်မှာ- အရှင်မြတ်၏ ဖန်ဆင်းရှင်အရှင်သခင် အဖြစ်နှင့်ဆိုင်သော ဆန္ဒအရ ချမှတ်ပေးအပ်သည့် ရိက္ခာ၊ အခြေအနေအရပ်ရပ်တို့နှင့်ပတ်သတ်၍ ၎င်း၏ စိတ်နှလုံးသားသည် ကျေနပ် လက်ခံခြင်း၊ ဤကိစ္စနှင့်စပ်လျဉ်း၍ စိတ်နှလုံးသားထဲတွင် မကျေနပ်မှု သို့မဟုတ် ကန့်ကွက်စရာ တစ်စုံတစ်ရာမျှမရှိခြင်းနှင့် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားအရာကို အရှင်သခင်အဖြစ် ပြုလုပ်ရန် ရှာဖွေခဲ့ခြင်းမရှိခြင်းတို့ ဖြစ်သည်။ ဒုတိယအချက် - အစ္စလာမ်ကို သာသနာအဖြစ် ကျေနပ်နှစ်သက်လက်ခံခြင်း။ ဆိုလိုသည်မှာ- အစ္စလာမ်သာသနာတွင် ရှိသည့် ပညတ်ချက်များနှင့် တာဝန်ဝတ္တရားများနှင့်ပတ်သတ်၍ သူ၏စိတ်နှလုံးသားသည် ဝမ်းမြောက်ဝမ်းသာစွာ လက်ခံကျင့်သုံးခြင်းနှင့် အစ္စလာမ်မှအပ အခြားလမ်းစဉ်ကို ရှာဖွေခြင်း မပြုခြင်းတို့ ဖြစ်သည်။ တတိယအချက် - တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အား အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်အဖြစ် ကျေနပ်နှစ်သက်လက်ခံခြင်း။ ဆိုလိုသည်မှာ- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ယူဆောင်လာသမျှအားလုံးကို သံသယ သို့မဟုတ် ဇဝေဇဝါမဖြစ်ဘဲ သူ၏စိတ်နှလုံးသားသည် ကျေနပ်ဝမ်းမြောက်စွာ လက်ခံသည်။ ထို့ပြင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ လမ်းညွှန်မှုနှင့် ကိုက်ညီသည်နည်းလမ်းမှလွဲ၍ အခြားသောနည်းလမ်းကို လိုက်နာကျင့်သုံးခြင်း မရှိပေ။
အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ) က ဆင့်ပြန်ခဲ့သည်။ ၎င်းက( မိမိရဲ့တပည့် ) အသွာအ် ဗင်န် အဗီရဘာဟ်ကို ကျွန်ုပ် အသင့်အား ဂျန္နသီများအနက်မှ အမျိုးသမီးတစ်ဦးကို မပြရဘူးလားဟု မေးရာ၊ ၎င်း(အသွာအ် ဗင်န် အဗီရဘာဟ်)က အဘယ် ကြောင့်မပြရမည်နည်း၊ ပြပါဟု ဖြေကြားခဲ့၏။ ထိုအခါ ၎င်း(အိဗ်နေ အဗ္ဗားစ်) က ပြောကြားသည်မှာ- ဒီအသားမည်းတယ့် အမျိုးသမီးက တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )ထံသို့ လာရောက်ပြီး ဤသို့ လျှောက်ထားတယ်။ ကျွန်မဟာ တက်( ဝက်ရူးပြန် )တယ့် ရောဂါကြောင့် လဲကျသွားရင် ကျွန်မရဲ့ (အရှက်အင်္ဂါအစိတ်အပိုင်းများ) ပေါ်သွားပါတယ်။ ထို့ကြောင့် ကိုယ်တော့်အနေနဲ့ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာ ကျွန်မအတွက် ( ထိုရောဂါမှ ပျောက်ကင်းစေဖို့ ) ဒုအာပြလုပ်ပေးတော်မူပါ။တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )က မိန့်တော်မူသည်မှာ - အကယ်၍ အသင်မ ( ဤရောဂါခံစားရမှုအပေါ်မှာ ) သည်းခံဖို့ ဆန္ဒရှိတယ်ဆိုရင် အသင်မအဖို့ ( အာခိရသ်မှာ )ဂျန္နသ် ရရှိမှာဖြစ်တယ်။ အကယ်၍ အသင်မ ဆန္ဒရှိတယ်ဆိုရင် ငါကိုယ်တော် အသင်မအတွက် အလ္လာဟ်အရှင်မြတ်ထံ တော်ပါးမှာ ( အရှင်မြတ်က အသင်မရဲ့ရောဂါကို ) ပျောက်ကင်းမှုပေးဖို့ ဒုအာပြုပေးတော်မူမယ်။ထိုအခါ သူမက ကျွန်မသည်းခံပါမယ်။ ဒါပေမယ့် ( ထိုရောဂါခံစားရတယ့်အခါမှာ ) ကျွန်မရဲ့ (အရှက်အင်္ဂါအစိတ်အပိုင်းများ) ပေါ်သွားပါတယ်။ ကျွန်မရဲ့ (အရှက်အင်္ဂါအစိတ်အပိုင်းများကိုသာ) မပေါ်အောင် ကိုယ်တော် အလ္လာဟ်အရှင်မြတ်ထံ ဒုအာပြုပေးတော်မူပါဟု လျှောက်ထားရာ၊ တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )က သူမအတွက် ဒုအာပြုပေးတော်မူခဲ့တယ်။
متفق عليهအိဗ်နု အဗ္ဗားစ်သခင်က ( မိမိရဲ့တပည့် ) အသွာအ် ဗင်န် အဗီရဘာဟ်ကို ကျွန်ုပ် အသင့်အား ဂျန္နသီများအနက်မှ အမျိုးသမီးတစ်ဦးကို မပြရဘူးလားဟု မေးရာ၊ အသွာအ် ဗင်န် အဗီရဘာဟ်က အဘယ် ကြောင့်မပြရမည်နည်း၊ ပြပါဟု ဖြေကြားခဲ့၏။ ထိုအခါ ၎င်း(အိဗ်နေ အဗ္ဗားစ်) က ပြောကြားသည်မှာ- ဒီအသားမည်းတယ့် အမျိုးသမီးက တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )ထံသို့ လာရောက်ပြီး ဤသို့ လျှောက်ထားတယ်။ ကျွန်မမှာ တက်( ဝက်ရူးပြန် )တယ့် ရောဂါရှိတယ်။ ထိုရောဂါခံစားရသည့်အခါ ( လဲကျသွားသည့်အတွက် )ကျွန်မရဲ့ခန္ဓာကိုယ်မှ (အရှက်အင်္ဂါအစိတ်အပိုင်းအချို့) မှာ ပေါ်သွားပါတယ်။ ထိုသို့ဖြစ်ချိန်၌ ကျွန်မတွင် အသိတရားရှိမနေပါ။ ထို့ကြောင့် ကိုယ်တော့်အနေနဲ့ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာ ကျွန်မအတွက် ( ထိုရောဂါမှ ပျောက်ကင်းစေဖို့ ) ဒုအာပြလုပ်ပေးတော်မူပါ။ တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )က မိန့်တော်မူသည်မှာ - အကယ်၍ အသင်မ ( ဤရောဂါခံစားရမှုအပေါ်မှာ ) သည်းခံဖို့ ဆန္ဒရှိတယ်ဆိုရင် အသင်မအဖို့ ( အာခိရသ်မှာ )ဂျန္နသ် ရရှိမှာဖြစ်တယ်။ အကယ်၍ အသင်မ ဆန္ဒရှိတယ်ဆိုရင် ငါကိုယ်တော် အသင်မအတွက် အလ္လာဟ်အရှင်မြတ်ထံ တော်ပါးမှာ ( အရှင်မြတ်က အသင်မရဲ့ရောဂါကို ) ပျောက်ကင်းမှုပေးဖို့ ဒုအာပြုပေးတော်မူမယ်။ သူမက ကျွန်မသည်းခံပ့မယ်ဟု လျှောက်ထားခဲ့၏။ သူမက ဒါဆို ကျွန်မသည်းခံပ့မယ်ဟု လျှောက်ထားခဲ့၏။ ထို့နောက်သူမက ( ထိုရောဂါခံစားရတယ့်အခါမှာ ) ကျွန်မရဲ့ (အရှက်အင်္ဂါအစိတ်အပိုင်းများ) မပေါ်အောင် ကိုယ်တော် အလ္လာဟ်အရှင်မြတ်ထံ ဒုအာပြုပေးတော်မူပါဟု လျှောက်ထားရာ၊ တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )က သူမအတွက် ဒုအာပြုပေးတော်မူခဲ့တယ်။
အွမ်မုဒရ်ဒါအ်နှင့် အဘူဒရ်ဒါအ် ( ရဿွိယလ္လာဟုအန်ဟုမာ ) တို့က ဆင့်ပြန်ခဲ့သည်။ ရစူလုလ္လာဟ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူခဲ့သည်မှာ- မွတ်စ်လင်မ်တစ်ဦးသည် မိမိ၏ညီနောင် မွတ်စ်လင်မ် အတွက် မျက်ကွယ်မှပြုလုပ်ပေးသော ဒိုအာသည် (အလ္လာဟ်အရှင်မြတ်ထံတော်၌) လက်ခံခြင်းခံရသည်။ ထိုသူ၏ ခေါင်းပေါ်တွင် တာဝန်ပေးအပ်ခြင်းခံထားရသော မလာအိကဟ်တစ်ပါး ရှိနေသည်။ ထိုသူသည် မိမိညီနောင်အတွက် ကောင်းသည့် ဒိုအာပြုလုပ်သည့်အခါတိုင်း ထိုတာဝန်ပေးအပ်ခြင်းခံထားရသော မလာအိကဟ်က "အာမီးန်" ဟုပြောဆိုပြီး ‘သင့်အတွက်လည်း အလားတူပင် ဖြစ်ပါစေ’ ဟု ဒုအာပြုပေးလေသည်။”
رواه مسلمတမန်တော်မြတ် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြား တော်မူခဲ့သည်မှာ - မွတ်စ်လင်မ်တစ်ဦးသည် အခြားမွတ်စ်လင်မ် ညီနောင်တစ်ဦးအတွက် ထိုသူ၏ မျက်ကွယ်၌ ပြုလုပ် ပေးသော ဒိုအာသည် အလ္လာဟ်အရှင်မြတ်ထံတော်၌ လက်ခံတော်မူခြင်းခံရသည်။ အဘယ် ကြောင့်ဆိုသော် ၎င်းသည် အိခ်လားစ်အားဖြင့်အလွန်ပြည့်စုံသောကြောင့်ဖြစ်သည်။ ထို့ပြင် ဒုအာပြုလုပ်ပေးသူ၏ ခေါင်းပေါ်တွင် တာဝန်ပေးအပ်ထားသော မလာအိကဟ်တစ်ပါး ရှိနေပြီး၊ ၎င်းသည် မိမိ၏ညီနောင်အတွက် ကောင်းသည့် ဒိုအာပြုလုပ်သည့်အခါတိုင်း ထိုမလာအိကဟ်က “အာမီးန်” ဟု ပြောဆိုကာ “သင့်အတွက်လည်း အသင်တောင်းခဲ့သလို အလားတူပင် ဖြစ်ပါစေ” ဟု ဒုအာပြုပေးလေသည်။
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်ထံ အနှစ်သက်ဆုံးနေရာမှာ ဗလီများဖြစ်၍ အလ္လာဟ်အရှင်မြတ်ထံ အမုန်းဆုံးနေရာမှာ ဈေးများဖြစ်သည်။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ - အလ္လာဟ်အရှင်မြတ်ထံ အနှစ်သက်ဆုံးနေရာမှာ ဗလီများဖြစ်သည်။ အကြောင်းမှာ ဗလီများသည် ကောင်းမှုကုသိုလ်ပြုရာနေရာ၊ သက္ကဝါတရားပေါ် အခြေခံတည် ဆောက်ထားသောဌာနဖြစ်သောကြောင့်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ထံ အမုန်းဆုံးနေရာမှာ ဈေးများဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဈေးများသည် လိမ်လည်လှည့်ဖြားမှု၊ အတိုးစားသုံးမှု၊ မုသားကျိန်ဆိုမှု၊ ကတိဖျက်မှုနှင့် အလ္လာဟ်အရှင်မြတ်အား သတိရတသမှုမှ ဝေးကွာမှုစသည့်အရာများ ပေါများရာနေရာဖြစ်သောကြောင့်ဖြစ်သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို ၎င်း၌ မိမိ၏ညီနောင်အား သူ၏သိက္ခာကိုဖြစ်စေ သို့မဟုတ် အခြားတစ်ခုခုကိုဖြစ်စေ မတရားပြုလုပ်ထားသည်ရှိသော် ရွှေဒင်္ဂါးနှင့် ငွေဒင်္ဂါးနှစ်ခုစလုံး အသုံးမဝင်မည့်နေ့ကို မရောက်ခင်အလျင် ယနေ့ပင် ထိုမတရားမှုကို ခွင့်လွှတ်ဖို့ရာအတွက် တောင်းပန်လော့။ (ထိုသို့မတောင်းပန်ခဲ့ပါက) အကယ်၍ ၎င်း၌ ကောင်းမြတ်သောအမလ်များ ရှိခဲ့လျင် ၎င်းမတရားလုပ်ခဲ့သည့် အတိုင်းအတာနှင့်အညီ ထိုကောင်းမှုထဲမှ နှုတ်ယူခြင်းခံရပေမည်။ အကယ်၍ ၎င်း၌ ကောင်းမှုများမရှိလျင် သူ့ရဲ့မတရားပြုလုပ်ခြင်းကိုခံရသူ၏ မကောင်းမှုများကို ယူပြီး သူ့အပေါ်၌ ထမ်းရွက်စေခြင်းခံမည်ဖြစ်သည်။
رواه البخاريနဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏မွတ်စ်လင်မ်ညီနောင်တစ်ဦးအား ဂုဏ်သိက္ခာ၊ ဥစ္စာပစ္စည်း သို့မဟုတ် အသက်အား မတရားကျူးလွန်ခဲ့သူတိုင်းအား ကိယာမသ်နေ့မဆိုက်ရောက်မှီအလျင် ဤဒွန်ယာလောက၌ ရှိနေသေးခိုက် ထိုချိုးဖောက်ခံရသူထံ ခွင့်လွှတ်ခြင်းကိုတောင်းခံရန် အမိန့်ပေးတော်မူခဲ့သည်။ အကြောင်းမှာ ကိယာမသ်နေ့တွင် မိမိကိုယ်ကို ရွေးယူရန်အတွက်ရွှေဒင်္ဂါးဖြင့်ဖြစ်စေ၊ ငွေဒင်္ဂါးဖြင့်ဖြစ်စေ မတရားပြုခံရသူအား လျော်ကြေးပေးခြင်းဖြင့် အကျိုးဖြစ်ထွန်းနိုင်မည်မဟုတ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုနေ့တွင် ကောင်းမှုကုသိုလ်နှင့် မကောင်းမှုအကုသိုလ်များ၏ အစားပေးမှုသာ ရှိမည်ဖြစ်သောကြောင့်တည်း။ မတရားပြုလုပ်ခံရသူသည် ကျူးလွန်သူ၏ ကောင်းမှုကုသိုလ်များထဲမှ မိမိအပေါ် ကျူးလွန်ခဲ့သော အတိုင်းအတာနှင့်အညီ ရယူမည်ဖြစ်သည်။ အကယ်၍ မတရားကျူးလွန်ခဲ့သူ၌ ကောင်းမှုကုသိုလ်များမရှိလျင် မတရားကျူးလွန်ခံရသူ၏ မကောင်းမှုများကို ကျူးလွန်ခဲ့သည့် မတရားမှု၏အတိုင်းအတာနှင့်အညီ မတရားကျူးလွန်ခဲ့သူအပေါ် တင်ပေးခြင်းခံရမည်ဖြစ်သည်။
မုအ်မင်န်တို့၏ မိခင်မွန် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ကျွန်မသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ လူတို့သည် ကိယာမသ်နေ့တွင် ခြေဗလာ၊ အဝတ်ဗလာ၊ ခသ်နဟ်မလုပ်ကြရသေးသူများအဖြစ်နဲ့ စုရုံးစေခြင်းခံရမည်။ ကျွန်မ(အာအိရှဟ်သခင်မ)က "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အမျိုးသမီးများနှင့် အမျိုးသားများသည် တစ်ဦး(အရှက်) ကိုတစ်ဦး ကြည့်မြင်ကြရမည်လား" ဟုလျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "အို- အာအိရှဟ်၊ (ကိယာမသ်နေ့၏)အခြေအနေမှာ လူတို့သည် တစ်ဦး(အရှက်)ကိုတစ်ဦး ကြည့်မြင်ခြင်းထက်ပို၍ ပြင်းထန်ပေသည်" ဟု မိန့်ကြားတော်မူခဲ့သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကိယာမသ်နေ့တွင် ဖြစ်ပေါ်မည့် အချို့အခြေအနေများကို ဖော်ပြခဲ့ပြီး၊ လူသားအားလုံးသည် သူတို့၏ကဗရ်သချိုင်းများမှ ရှင်ပြန်ထ မြောက်စေခြင်းခံရပြီးနောက် ဟိစားဗ် (ပြုလုပ်ခဲ့သည့်လုပ်ရပ်များအတွက် စာရင်းရှင်းရန်) အတွက် စုရုံးကြရမည်ဖြစ်ကာ၊ သူတို့၏အခြေအနေမှာ ဖိနပ်မပါဘဲ ခြေဗလာဖြင့်၊ အဝတ်အထည် သို့မဟုတ် အကာအရံမပါဘဲ ကိုယ်ဗလာဖြင့်၊ ၎င်းတို့၏ မိခင်များက ၎င်းတို့အား မွေးဖွားခဲ့သောနေ့ကအတိုင်းပင် ခသ်နဟ်မလုပ်ကြရသေးသူများအဖြစ်နဲ့ ရှိကြမည်ဖြစ်သည်။ မိခင်မွန်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) က ဤအကြောင်းကိုကြားသိရသောအခါ အံ့အားသင့်စွာဖြင့် လျှောက်ထားမေးမြန်းခဲ့သည်- အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အမျိုးသမီးနှင့် အမျိုးသားအားလုံးသည် အားလုံး တစ်ဦး(အရှက်)ကိုတစ်ဦး ကြည့်မြင်ကြရမည်လား။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သခင်မအား ရှင်းပြတော်မူခဲ့သည်မှာ- သေပြီးနောက် ရှင်ပြန်ထမြောက်ခြင်းနှင့် ကိယာမသ်တရားစီရင်မည့်နေ့၏ အခြေအနေများသည် အလွန်ကြောက်မက်ဖွယ်ရာဖြစ်ပြီး၊ လူတို့၏ အာရုံစူးစိုက်မှုနှင့် မျက်စိများကို အရှက်အင်္ဂါများဘက်သို့ ကြည့်ရှုခြင်းမှ လွဲဖယ်စေလိမ့်မည်ဖြစ်သည်။
အိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ﷺ) သည် အလ်အရှဂျ် အဗ်ဒွလ်ကိုင်စ် (ရဿွိယလ္လာဟု အန်ဟု) အား မိန့်တော်မူသည်မှာ (အို အရှဂ်ျ ) "ဧကန်အမှန် သင့်၌ အလ္လာဟ်အရှင်မြတ် နှစ်သက်တော်မူသော ဂုဏ်အရည်အချင်း နှစ်ခုရှိ၏။ သည်းခံခြင်း (ဒေါသကို ထိန်းချုပ်ခြင်း) နှင့် တည်ငြိမ်သိမ်မွေ့ခြင်း (အလျင်စလို မလုပ်ခြင်း) တို့ဖြစ်သည်။"
رواه مسلمနဗီတမန်တော်မြတ် (ﷺ) သည် အဗ်ဒွလ်ကိုင်စ်မျိုးနွယ်မှ ၎င်းတို့၏ ခေါင်းဆောင်ဖြစ်သူ အလ်အရှဂျ် မွန်ဇိရ် ဗင် အာအိဇ် (ရဿွိယလ္လာဟု အန်ဟု) အား မိန့်ကြားတော်မူခဲ့သည်။ ဧကန်အမှန် သင့်၌ အလ္လာဟ်အရှင်မြတ် နှစ်သက်တော်မူသော ဂုဏ်အရည်အချင်း နှစ်ခုရှိ၏။ ၎င်းတို့မှာ ပညာဉာဏ်ဖြင့် ဆင်ခြင်ခြင်း (ဒေါသကို ထိန်းချုပ်ခြင်း) နှင့် တည်ငြိမ် သိမ်မွေ့ပြီး အလျင်စလို မလုပ်ခြင်း တို့ပင်တည်း။