





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ " ဗန္ဒဟ်ကျေးကျွန်များသည် မနက်ခင်းအခါရောက် လာတိုင်း ကောင်း ကင်တမန်နှစ်ပါး ဆင်းသက်လာပြီး၊ တစ်ပါးက ပြောဆိုသည်မှာ 'အို-အလ္လာဟ်အရှင်မြတ်၊ (အရှင်မြတ် နှစ်သက်သည့်လမ်းတွင်) သုံးစွဲသူအား ကောင်းမှုများ ချီးမြှင့်ပေးသနားတော်မူပါ'။ နောက်တစ်ပါးက ပြောဆိုသည်မှာ 'အို-အလ္လာဟ်၊ (အရှင်မြတ်နှစ်သက်သည့် လမ်းတွင်) သုံးစွဲခြင်းမပြုဘဲ နေသည့် စေးနည်းတွန့်တိုသူအား ပျက်စီးစေတော်မူပါ။"
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်မှာ - နေထွက်သောနေ့တိုင်း ကောင်းကင် တမန်နှစ်ပါး ဆင်းသက်လာ၍ ကြွေးကြော်ကြသည်။ ၎င်းတို့အနက် တစ်ပါးက ပြောသည်မှာ- အို-အလ္လာဟ်အရှင်မြတ်၊ ကောင်းမှုကုသိုလ်များ၊ မိသားစု၊ ဧည့်သည်များနှင့် အခြားလှူဒါန်းမှုများတွင် သုံးစွဲသူများအား ကောင်းမှုများကို ချီးမြှင့်တော်မူပါ၊ ၎င်း၏ လှူဒါန်းသုံးစွဲမှုတွင် ကောင်းသောအစားကို ချီးမြှင့်ပေးသနားတော်မူပါ။ ၎င်းအဖို့ ဗရ်ကသ်မင်္ဂလာကို ချီးမြှင့်တော်မူပါ။ အခြားတစ်ပါးက ပြောသည်မှာ - အို-အလ္လာဟ်အရှင်မြတ်၊ လှူဒါန်းသုံးစွဲခြင်းမပြုဘဲ စေးနည်းတွန့်တိုသူအား ပျက်စီးစေတော်မူပါ။ ၎င်း၏ ဥစ္စာပစ္စည်းကို ပျက်စီးစေတော်မူပါ။ ထိုသူသည် ထိုဥစ္စာပစ္စည်းကို ရထိုက်သူများအား ပေးကမ်းခြင်းမှ မပေးဘဲနေသောကြောင့်ဖြစ်သည်။
စဟ်လ် ဗင်န် စအ်ဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ခိုင်ဗရ်စစ်ပွဲဖြစ်သည့်နေ့တွင် မိန့်ကြားတော်မူခဲ့သည်။ ဧကန်အမှန်ပင် ငါကိုယ်တော်သည် ဤအလံကို မနက်ဖြန်၌ အကြင်သူအား အပ်နှင်းတော်မူမည်။ ထိုသူ၏ လက်ပေါ်၌ အလ္လာဟ်အရှင်မြတ် အောင်နိုင်မှုကို ချီးမြှင့်တော်မူပေမည်။ ထိုသူသည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏တမန်တော်ကို ချစ်မြတ်နိုးပြီး အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏တမန်တော်ကလည်း သူ့အား ချစ်မြတ်နိုးတော်မူကြ၏" ဟု မိန့်ကြားတော်မူခဲ့သည်။ စဟ်လ် ( ရဿွိယလ္လာဟု အန်ဟုက ) ဆက်လက်ပြောကြားခဲ့သည်မှာ- ထိုအခါ လူတို့သည် ညအချိန်ကို မိမိတို့အနက်မှ မည်သူက အလံတော်ကို ချီးမြှင့်ခံရမည်နည်းဟု ဆွေးနွေးငြင်းခုံကာ ကုန်လွန်စေခဲ့ကြသည်။ နံနက်မိုးသောက်သောအခါ လူတို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ်လ္လမ်)ထံတော်သို့ ရောက်ရှိလာကြပြီး၊ ၎င်းတို့အားလုံးမှာ ကိုယ်စီကိုယ်စီ အလံကို ချီးမြှင့်ခံရမည်ဟု မျှော်လင့်ချက်ထားရှိကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ်လ္လမ်) က "အလီ ဗင်န် အဘီသွာလိဗ် မည်သည့်နေရာတွင်ရှိသနည်း" ဟု မေးမြန်းတော်မူသည်။ လူတို့က "အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ သူသည် မျက်စိနာကျင်နေပါသည်" ဟု လျှောက်ထားကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ်လ္လမ်) က "သူ့ထံ စေလွှတ်ကြလော့ ( လူလွှတ်၍ သူ့ကိုခေါ်ယူလာကြလော့)" ဟု မိန့်ကြားတော်မူသည်။ သို့ဖြစ်၍ သူ့အား ခေါ်ယူလာခဲ့ကြသည်။ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ်လ္လမ်) သည် သူ၏မျက်စိနှစ်ဖက်ပေါ်သို့ တံတွေးဖြင့် လိမ်းကျံပေးတော်မူပြီး သူ့အတွက် ဒုအာပြုပေးတော်မူသည်။ ထိုအခါ သူသည် မျက်စိမနာခဲ့သကဲ့သို့ ပကတိအတိုင်း ပြန်လည်ကောင်းမွန်သွားခဲ့သည်။ ထို့နောက် တမန်တော်မြတ်သည် သူ့အား အလံကို ပေးအပ်တော်မူသည်။ ထိုအခါ အလီ (ရဿွိယလ္လာဟုအန်ဟု) က "အို- အလ္လာဟ်၏ တမန်တော်၊ သူတို့သည် ကျွန်ုပ်တို့ကဲ့သို့ (မွတ်စ်လင်မ်များ) ဖြစ်သွားသည်အထိ ကျွန်ုပ် သူတို့အား တိုက်ခိုက်ရပါမည်လော" ဟု လျှောက်ထားမေးမြန်းသည်။ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ်လ္လမ်)က " အသင် သူတို့၏ နယ်မြေအတွင်းသို့ ဆိုက်ရောက်သည်အထိ ငြိမ်းချမ်းစွာဖြင့်သွားလော့။ ထို့နောက် သူတို့အား အစ္စလာမ့်လမ်းစဉ်သို့ ဖိတ်ခေါ်လော့။ ထိုမှတစ်ဆင့် သူတို့အပေါ်၌ အလ္လာဟ်အရှင်မြတ်၏ တာဝန်ကျေရမည့် အရေးကိစ္စများကို သူတို့အား အသိပေးတင်ပြလော့။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ သင့်အား အကြောင်းခံ၍ လူတစ်ဦးတစ်ယောက်ကို အလ္လာဟ်အရှင်မြတ်က လမ်းမှန်ချီးမြှင့်ခဲ့ခြင်းသည် သင့်အတွက် အနီရောင်ကုလားအုတ်များရသည်ထက်ပင် ပို၍မြင့်မြတ် ကောင်းမွန်လှပေသည်" ဟု မိန့်ကြားတော်မူခဲ့သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ကမွတ်စ်လင်မ်တို့သည် နောက်တစ်နေ့တွင် ခိုင်ဗရ်ရှိ ယဟူဒီများအား အောင်နိုင်မည်ဖြစ်ကြောင်းကို အသိပေးမိန့်ကြားတော်မူခဲ့၏။ ထိုအောင်မြင်မှုသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ် ) အလံတော်ကို လွှဲအပ်မည့် ပုဂ္ဂိုလ်တစ်ဦး၏ လက်ပေါ်တွင် ဖြစ်မည်ဖြစ်၏။ အလံဆိုသည်မှာ တပ်မတော်က သင်္ကေတအဖြစ် အသုံးပြုသော အမှတ်အသားတစ်ခုပင်ဖြစ်၏။ အလံတော်ကို ချီးမြှင့်ခံရမည့်သူ၏ ဂုဏ်အရည်အချင်းများအနက်တစ်ခုမှာ- သူသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်အား ချစ်မြတ်နိုးပြီး အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်ကလည်း သူ့အား ချစ်မြတ်နိုးတော်မူသော ပုဂ္ဂိုလ်ဖြစ်၏။ ထို့ကြောင့် စွဟာဗဟ်များသည် ထိုညတွင် ဤကြီးကျယ်မြင့်မြတ်သောဂုဏ်သိက္ခာကို ရရှိမည့်သူ မည်သူဖြစ်မည်ကို စိတ်ဝင်စားစွာဖြင့် ဆွေးနွေးငြင်းခုံရင်း မိမိတို့၏ညကို ကုန်လွန်စေခဲ့ကြ၏။ နံနက်အချိန်ရောက်သောအခါ ၎င်းတို့အားလုံးသည် ဤဂုဏ်သိက္ခာကို ရရှိရန် မျှော်လင့်ဆန္ဒပြုလျက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံသို့ သွားရောက်ခဲ့ကြ၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အလီ(ရဿွိယလ္လာဟုအန်ဟု)အ ကြောင်းကို မေးမြန်းတော်မူခဲ့၏။ လူတို့က “ ၎င်းသည် မျက်စိနှစ်ဖက်တွင် နာကျင်မှုကို ခံစားနေရပါသည်” ဟု ပြောကြားခဲ့ကြ၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အလီ(ရဿွိယလ္လာဟုအန်ဟု)အား လူလွှတ်၍ ခေါ်ခိုင်းတော်မူခဲ့ရာ သူ့အား ခေါ်ဆောင်လာခဲ့ကြ၏။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် မိမိ၏ မြင့်မြတ်သော(ဗရ်ကသ်မင်္ဂလာဖြင့် ပြည့်စုံသော) တံတွေးဖြင့် အလီ(ရဿွိယလ္လာဟုအန်ဟု)၏ မျက်လုံးနှစ်ဘက်ကို စွတ်ပေးတော်မူပြီး သူ့အတွက် ဒုအာတောင်းပေးတော်မူခဲ့၏။ ထိုအခါ သူသည် ရောဂါပျောက်ကင်းသွားပြီး ယခင်က မည်သည့်နာကျင်မှုမျှ မရှိခဲ့သကဲ့သို့ ဖြစ်သွား၏။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် သူ့အား အလံတော်ကို လွှဲအပ်တော်မူခဲ့၏။ ရန်သူ၏ ခံတပ်အနီးသို့ ချဉ်းကပ်သည်အထိ သိမ်မွေ့စွာ ချီတက်သွားရန် အမိန့်ပေးတော်မူခဲ့၏။ ထို့နောက် ၎င်းတို့အား အစ္စလာမ့်ဘက်သို့ ဝင်ရောက်ရန် ဖိတ်ခေါ်ရမည်ဖြစ်ကြောင်း၊ အကယ်၍ ၎င်းတို့က လက်ခံပါက ၎င်းတို့အပေါ်တွင် မဖြစ်မနေပြုလုပ်ရမည့် တာဝန်ဝတ္တရားများကို အသိပေးတင်ပြရမည်ဖြစ်ကြောင်း ညွှန်ကြားတော်မူခဲ့၏။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အလီ(ရဿွိယလ္လာဟုအန်ဟု)အား အလ္လာဟ်အရှင်မြတ်၏ လမ်းစဉ်ဘက်သို့ ဖိတ်ခေါ်ခြင်း၏ အကျိုးကျေးဇူးကို ရှင်းလင်းမိန့်ကြားတော်မူခဲ့၏။ ထို့ပြင် ဒါအီဖိတ်ခေါ်သူတစ်ဦးသည် လူတစ်ဦးတစ်ယောက် ဟိဒါယသ် (ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်ကို) ရရှိခဲ့ခြင်း၏ အကြောင်းခံဖြစ်ခဲ့လျှင် ဤသည် ၎င်းအဖို့ အာရပ်လူမျိုးတို့၏ အဖိုးထိုက် တန်ဆုံး ပစ္စည်းဥစ္စာဖြစ်သော အနီရောင်ကုလားအုပ်များကို ပိုင်ဆိုင်ခြင်း သို့မဟုတ် လှူဒါန်းခြင်းထက်ပင် သာလွန်ကောင်းမြတ်သည်ဟု မိန့်ကြားခဲ့သည်။
ဇိုက်ဒ်ဗင်န်ခါလိဒ်(ရဿွိယလ္လာဟုအန်ဟု)ဆင့်ပြန်သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ အကြင်သူသည် ဂျိဟာဒ်အလ္လာဟ်လမ်းတွင် စစ်တိုက်ရန်ထွက်ခွါမည့်စစ်သည်တော်အား လိုအပ်သည့်ပစ္စည်းများစီစဉ်ပေးပါက သူသည် ဂျိဟာဒ်သွားသည့်ကုသိုလ်ရရှိမည်။ အကြင်သူသည် ဂျိဟာဒ်အလ္လာဟ်အရှင်မြတ်လမ်းတော်တွင် စစ်တိုက်ရန်ထွက်ခွါမည့်သူ၏ကျန်ရစ်ခဲ့သောမိသားစုကို ကောင်းမွန်စွာ စောင့်ရှောက်လျှင် သူသည် ဂျိဟာဒ်သွားသည့်ကုသိုလ်ရရှိမည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားထားသည်မှာ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏လမ်းတွင် စစ်မက်ပြိုင်ဆိုင်သူ (ဂါဇီ) တစ်ဦးအား ၎င်း၏ခရီးစဉ်အတွက် လိုအပ်သော လက်နက်၊ အစီးအနင်း၊ အစားအစာ၊ ခရီးစရိတ်စသည့် အခြေခံလိုအပ်ချက်များကို ပြင်ဆင်ပေးပါက၊ ထိုသူသည်လည်း (ဂါဇီ)၏အဆင့်ကိုရရှိကာ၊ (ဂါဇီ)တစ်ဦးရရှိမည့် အကျိုးကုသိုလ်အား ရရှိမည်။ မည်သူမဆို ဂါဇီ (အလ္လာဟ်အရှင်မြတ်၏လမ်းတွင် စစ်မက်ပြိုင်ဆိုင်သူ) တစ်ဦး၏ မိသားစုအား သူမရှိသောကာလတွင် ကောင်းစွာစောင့်ရှောက်ပြီး သူ၏ကိုယ်စားရပ်တည်ပေးပါက ဤသို့စောင့်ရှောက်ပေးသူသည်လည်း ဂါဇီ(အလ္လာဟ်အရှင်မြတ်၏လမ်းတွင် စစ်မက်ပြိုင်ဆိုင်သူ)၏ကုသိုလ်ကို ရရှိပေမည်။
ယဟ်ယာဗင်န် အုမာရဟ် အလ်မာဇိနီးက ဆင့်ပြန်ပြောကြားခဲ့သည်။ အမ်ရ်ဗင်န် အဗူဟစန်က အဗ်ဒုလ္လာဟ်ဗင်န် ဇိုက်ဒ်(ရဿွိယလ္လာဟုအန်ဟု)အား တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဝူဿွူနှင့်ပတ်သက်၍ မေးမြန်းခဲ့သည်ကို ကျွန်ုပ်မြင်တွေ့ခဲ့သည်။ ထိုအခါ ၎င်းက ရေအိုးတစ်လုံးတောင်းယူခဲ့ပြီး ၎င်းတို့အား တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဝူဿွူအတိုင်း ဝူဿွူလုပ်ပြခဲ့သည်။ သူသည် မိမိလက်ပေါ်သို့ အိုးထဲမှ ရေကိုလောင်းချလိုက်ပြီး လက်အား သုံးကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် သူ၏လက်အား အိုးထဲသို့ထည့်၍ ရေယူကာ ပလုတ်ကျင်းပြီး နှာခေါင်းထဲသို့ ရေထည့်ကာ ညှစ်ထုတ်သန့်စင်ခြင်းတို့ကို သုံးကြိမ်ပြုလုပ်ခဲ့သည်။ ထို့နောက် သူ၏လက်အား (အိုးထဲသို့)ထည့်၍ ရေယူကာ မျက်နှာအား သုံးကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် လက်နှစ်ဖက်ကို တံတောင်ဆစ်အထိ နှစ်ကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် သူ၏လက်အား (အိုးထဲသို့)ထည့်ကာ လက်နှစ်ဖက်ဖြင့် သူ၏ဦးခေါင်းအား တစ်ကြိမ်အရှေ့မှ အနောက်သို့ ပွတ်သပ်ခဲ့ပြီး အနောက်မှ အရှေ့သို့ ပြန်၍ပွတ်သပ်ခဲ့သည်။ ၎င်းနောက် သူ၏ခြေထောက်နှစ်ဖက်အား ခြေမျက်စိအထိ ဆေးကြောခဲ့သည်။
متفق عليهအဗ်ဒုလ္လာဟ်ဗင်န် ဇိုက်ဒ်(ရဿွိယလ္လာဟုအန်ဟု)သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဝူဿွူပြုလုပ်ပုံကို လက်တွေ့ပြသခဲ့သည်။ သူသည် ရေအိုးအသေးတစ်လုံးကို တောင်းခဲ့ပြီး ပထမဦးဆုံး မိမိ၏လက်နှစ်ဖက်ကို ဆေးကြောခြင်းဖြင့် စတင်ခဲ့သည်။ ထို့ကြောင့် ရေအိုးကိုစောင်းကာ မိမိလက်နှစ်ဖက်ပေါ်သို့ ရေလောင်းချပြီး ရေအိုးအပြင်ဘက်၌ လက်နှစ်ဖက်ကို သုံးကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် မိမိလက်ကို ရေအိုးထဲသို့ ထည့်ကာ သုံးကြိမ်ရေယူသည်။ တစ်ကြိမ်စီတိုင်းတွင် ရေယူပြီးနောက် ပလုတ်ကျင်းခြင်း နှာခေါင်းထဲသို့ ရေထည့်ကာ ညှစ်ထုတ်သန့်စင်ခြင်း တို့ကိုပြုလုပ်ခဲ့သည်။ ထို့နောက် အိုးထဲမှ ရေယူကာ မျက်နှာအား သုံးကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် အိုးထဲမှ ရေယူကာ မိမိလက်နှစ်ဖက်ကို တံတောင်ဆစ်အထိ နှစ်ကြိမ်စီ ဆေးကြောခဲ့သည်။ ထို့နောက် မိမိ၏လက်နှစ်ဖက်အား အိုးထဲသို့ ထည့်ပြီး လက်နှစ်ဖက်ဖြင့် သူ၏ဦးခေါင်းအား တစ်ကြိမ် မစဟ်ပြု ပွတ်သပ်ခဲ့သည်။ မစဟ်ပြုရာတွင် ဦးခေါင်းအရှ့ဘက်မှ စတင်ကာ အနောက်ဘက် လည်ဂုတ်အစပ်နားအထိ ပွတ်သပ်ပြီး ထိုမှတဖန် ဦးခေါင်းအရှ့ဘက် မစဟ်စတင်ပြုလုပ်ရာသို့ ပြန်လည် ပွတ်သပ်ခဲ့သည်။ ၎င်းနောက် မိမိ၏ခြေထောက်နှစ်ဖက်အား ခြေမျက်စိအပါအဝင် ဆေးကြောခဲ့သည်။
အမ္မာရ်ဗင်န် ယာစိရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်တော့်အား ကိစ္စတစ်ခုအတွက် စေလွှတ်ခဲ့သည်။ ကျွန်တော်သည် ရေချိုးရန် တာဝန်ထိုက်ခဲ့ပြီး ရေကိုလည်း မရရှိခဲ့ပါ။ ထို့ကြောင့် ကျွန်တော်သည် တိရစ္ဆာန်များ လူးလှိမ့်သကဲ့သို့ မြေပြင်ပေါ်တွင် လူးလှိမ့်ခဲ့ပါသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံသို့ ပြန်လည်ရောက်ရှိလာသည့်အခါ ကိုယ်တော်အား ထိုအကြောင်းကို တင်ပြခဲ့သည်။ ကိုယ်တော်က သင့်လက်နှစ်ဖက်ဖြင့် ဤမျှလောက်ပြုလုပ်လိုက်လျှင် သင့်အတွက်လုံလောက်သည်ဟု မိန့်ကြားတော်မူပြီး မိမိလက်နှစ်ဖက်ကို မြေပေါ်တွင် တစ်ချက်ပုတ်လိုက်သည်။ ထို့နောက် လက်ဝဲလက်အား လက်ယာဘက်ဖြင့် ပွတ်သပ်တော်မူပြီး မိမိလက်ဖမိုးနှစ်ဖက်နှင့် မျက်နှာကို မစဟ်ပြု ပွတ်သပ်တော်မူခဲ့သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အမ္မာရ်ဗင်န် ယာစိရ် (ရဿွိယလ္လာဟုအန်ဟု)အား ကိစ္စအချို့အတွက် ခရီးတစ်ခုကို စေလွှတ်ခဲ့သည်။ သူသည် သံဝါသမှုကြောင့် သို့မဟုတ် ရာဂစိတ်ကြောင့် မနီထွက်သဖြင့် ဂျာနာဗသ် ရေချိုးရန် တာဝန်ထိုက်ခဲ့သည်။ ဂျနာဗသ်အတွက် ရေချိုးရန်လည်း ရေမရရှိခဲ့ပါ။ သူသည် ဂျနာဗသ်အတွက် သယမ္မုမ် လုပ်ရမည့် အမိန့်ကိုလည်း မသိခဲ့ပါ။ သယမ္မုမ်၏ အမိန့်ကိုဟဒတ်ဆ် အဆ်ွဂရ် (ဝူဿွူပျက်သည့် မသန့်ဖြစ်ခြင်း)အတွက်သာ ပြုလုပ်ရသည်ဟု သိထားသည်။ ထို့ကြောင့် သူသည် အိဂ်ျသိဟာဒ် ပြုလုပ်ခဲ့သည်။ ဟဒတ်ဆ် အဆ်ွဂရ် ဖြစ်သည့်ခါ ဝူဿွူပြုသည့် အစိတ်အပိုင်းအချို့ကို မြေပြင်ပေါ်မှသဲဖြင့် ပွတ်သပ်ရသကဲ့သို့ ဂျနာဗသ်ကြောင့် သယမ္မုမ်ပြုလုပ်ရာတွင်လည်း (ရေဖြင့် နှိုင်းယှဉ်ချိန်ထိုးကာ) ခန္ဓာကိုယ်တစ်ခုလုံးကို မြေကြီးဖြင့် မဖြစ်မနေ ပွတ်သပ်ရမည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် ခန္ဓာကိုယ်တစ်ခုလုံးကို မြေပေါ်တွင် လူးလှိမ့်ခဲ့ပြီးနောက် ဆွလာသ်ဝတ်ပြုခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံသို့ ပြန်လည်ရောက်ရှိလာသည့်အခါ မိမိမှားသလား၊ မှန်သလားဆိုသည်ကို သိနိုင်ရန်အတွက် ကိုယ်တော်အား ထိုအကြောင်းကို တင်ပြခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူ့အား အပေါ့သွားခြင်းကဲ့သို့ ဟဒတ်ဆ် အဆ်ွဂရ် ဖြစ်ခြင်းနှင့် ဂျနာဗသ်ကဲ့သို ဟဒတ်ဆ် အက္ကဗရ် ဖြစ်ခြင်း နှစ်ခုစလုံးအတွက် သယမ္မုမ် ပြုလုပ်ရမည့် နည်းလမ်းကို ရှင်းပြတော်မူခဲ့သည်။ ထိုနည်းလမ်းးမှာ လက်နှစ်ဖက်ကို မြေပေါ်တွင် တစ်ချက်ပုတ်ပြီးနောက် လက်ဝဲလက်အား လက်ယာဘက်ဖြင့် ပွတ်သပ်ကာ မိမိလက်ဖမိုးနှစ်ဖက်နှင့် မျက်နှာကို မစဟ်ပြု ပွတ်သပ်ခြင်းဖြစ်သည်။
ဂျရီးရ်ဗင်န် အဗ်ဒုလ္လာဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်တော်မူကြောင်းကို သက်သေခံမည်၊ ဆွလာသ် ဆောက်တည်မည်၊ ဇကာသ်ပေးမည်၊ အမိန့်နာခံမည်၊ မွတ်စ်လင်တိုင်းအပေါ် (အကောင်းလိုလားစိတ်ဖြင့်) ဆုံးမစကားပြောကြားပါမည်ဟူ၍ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်တွင် ဗိုင်အသ် ကတိသစ္စာပြုခဲ့သည်။
متفق عليهဆွဟာဗဟ်တစ်ပါးဖြစ်သူ ဂျရီးရ်ဗင်န် အဗ်ဒုလ္လာဟ်(ရဿွိယလ္လာဟုအန်ဟု)က ပြောပြခဲ့သည်။ သူသည် သောင်ဝ်ဟီးဒ်တရားနှင့် ပတ်သက်၍ လည်းကောင်း၊ နေ့နှင့်ညတွင် ဖရ်ဿ်ွ ဆွလာသ်ငါးကြိမ်အား ဆွလာသ်၏ အပြင်ပိုင်းဆိုင်ရာ ဖရ်ဿ်ွများ၊ အတွင်းပိုင်းဆိုင်ရာ ဖရ်ဿ်ွများ၊ ဝါဂျိဗ်များ၊ စွန္နသ်များနှင့်တကွ ဆောက်တည်မည်ဟူ၍လည်းကောင်း၊ ဖရ်ဿ်ွတာဝန်ဖြစ်သည့် ဇကာသ်ကို ပေးဆောင်မည်ဟူ၍လည်းကောင်း၊ ဇကာသ်သည် ဥစ္စာပစ္စည်းနှင့် သက်ဆိုင်သည့် ဖရ်ဿ်ွအိဗာဒသ်ဖြစ်ပြီး ချမ်းသာကြွယ်ဝသူများထံမှ ဇကာသ်ကိုယူကာ ဆင်းရဲသားများနှင့် အခြားစားထိုက်သူများကို ပေးရသည်။ ထို့ပြင် အုပ်ချုပ်သူ အာဏာပိုင်များ၏ အမိန့်ကို နာခံမည်ဟူ၍လည်းကောင်း၊ မွတ်စ်လင်မ်တိုင်းအတွက် ကောင်းကျိုးလိုလားသည့်စိတ်ဖြင့် ဆုံးမစကားပြောကြားမည် ၎င်းတို့အတွက် ကောင်းကျိုးများ ဆောင်ကြဉ်းပေးပြီး နှုတ်ဖြင့်ဖြစ်စေ လုပ်ရပ်ဖြင့်ဖြစ်စေ မကောင်းမှုများမှ ကာကွယ်ပေးမည်ဟုလည်ကောင်း တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်တွင် ဗိုင်အသ် ကတိသစ္စာပြုခဲ့သည်။
မုအားဇ် ဗင်န် ဂျဗလ် ( ရဿွိယလ္လာဟု အန်ဟု ) ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ၎င်း၏လက်ကို ကိုင်၍ မိန့်ကြားခဲ့သည်မှာ - "အလ္လာဟ်အရှင်မြတ်ရဲ့ ကစမ်၊ ဧကန်အမှန် ငါကိုယ်တော်သည် အသင့်အား ချစ်မြတ်နိုးပါသည်။ အို-မုအာဇ် ငါကိုယ်တော် အသင့်အား အကြံပေးတိုက်တွန်းပါသည်။ ‘ အသင် မည်သည့်ဆွလာသ်ဝတ်ပြုပြီးနောက်တွင်မဆို 'အိုအလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်အား သတိရတသခြင်း၊ အရှင်မြတ်အား ကျေးဇူးတင်ခြင်း၊ ကောင်းမွန်စွာ အိဗာဒသ် ခဝပ်ကိုးကွယ်ခြင်းတို့ကို ပြုလုပ်နိုင်ရန် ကျွန်တော်မျိုးအား ကူညီတော်မူပါ’ ဟူသော ဒုအာအား ရွတ်ဆိုခြင်းကို မစွန့်လွှတ်ပါနှင့်။
رواه أبو داود والنسائي وأحمدတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မုအာဇ် (ရဿွိယလ္လာဟုအန်ဟု) ၏လက်ကို ကိုင်ကာ သူ့အား "အလ္လာဟ်အရှင်မြတ်ရဲ့ ကစမ်၊ ဧကန်အမှန် ငါကိုယ်တော်သည် အသင့်အား ချစ်မြတ်နိုးပါသည်" ဟု မိန့်ကြားတော်မူခဲ့သည်။ ထို့နောက် "အို-မုအာဇ်၊ ငါကိုယ်တော် အသင့်အား တိုက်တွန်းလိုသည်မှာ- အသင် မည်သည့် ဆွလာသ်ကိုမဆို ဝတ်ပြုပြီးနောက်တွင် အောက်ပါဒုအာ ရွတ်ဆိုခြင်းကို မစွန့်လွှတ်လေနှင့်။ (اللهم أَعِنّي على ذكرك) 'အလ္လာဟုမ္မ အအင်နီ အလာ ဇိက်ရိက' အို- အလ္လာဟ်အရှင်မြတ်၊ အမိန့်နာခံမှုနှင့်နီးကပ်စေသော အပြောအဆိုနှင့် လုပ်ရပ်တိုင်းတွင် အရှင်မြတ်အား သတိရတသခြင်း၊ (وشُكْرِك) ဝ ရွှတ်က်ရိက၊ နိအ်မသ်ကျေးဇူးတော်များရရှိခြင်းနှင့် ဘေးအန္တရာယ်များကင်းရှင်းခြင်းအတွက် အရှင်မြတ်အား ကျေးဇူးတင်ခြင်းနှင့် (وحُسْن عبادتك) ‘ ဝ ဟုဆ်နိ အိဗာဒသိက' အိဗာဒသ်ခဝပ်ကိုးကွယ်မှုကို အလ္လာဟ်အရှင်မြတ်အတွက် သီးသန့်ဖြစ်စေခြင်းနှင့် တမန်တော်မြတ်၏လမ်းစဉ်အတိုင်း အကောင်းဆုံးသော နည်းလမ်းဖြင့် အရှင်မြတ်အား အိဗာဒသ်ခဝပ်ကိုးကွယ်ခြင်း၊ တို့တွင် ကျွန်တော်မျိုးအား ကူညီစောင်မတော်မူပါ။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည် - လူသားတို့၏ အမလ်လုပ်ဆောင်ချက်အားလုံးသည် သူတို့အတွက်ဖြစ်၏။ သို့ရာတွင် စွိယာမ်ဥပုသ်စောင့်ထိန်းခြင်းမှာမူ ငါအရှင်မြတ်အတွက်သာလျှင်ဖြစ်၍ ငါအရှင်မြတ်ကိုယ်တော်တိုင် ၎င်း၏ အကျိုးဆုလာဘ်ကို ချီးမြှင့်ပေးသနားတော်မူမည်။ စွိယာမ်ဥပုသ် စောင့်ထိန်းခြင်းသည် (ဂျဟန္နမ်ငရဲမှ ကာကွယ်ပေး သော ) ဒိုင်းတစ်ခုပမာဖြစ်၏။ သို့ဖြစ်၍ သင်တို့အနက်တစ်ဦးတစ်ယောက်သည် စွိယာမ်ဥပုသ်စောင့်ထိန်းသည့်နေ့တွင် စက်ဆုပ်ဖွယ်ရာ စကားကိုလည်းကောင်း၊ အချေအတင်ငြင်းခုံခြင်း၊ အော်ဟစ်ဆူပူခြင်းကိုလည်းကောင်း မပြုလုပ်ကြရပေ။အကယ်၍ တစ်ဦးတစ်ယောက်က သူ့အား ဆဲဆိုမ ကောင်းပြောခြင်း (သို့မဟုတ်) သူ့အား လာရောက်တိုက်ခိုက်ခြင်းပြုလုပ်ခဲ့လျှင် ၎င်းသည် (ထိုသူအား) ကျွန်ုပ် စွိယာမ်ဥပုသ် စောင့်ထိန်းထားသူဖြစ်သည်ဟု ပြောဆိုရမည်။ အကြင်အရှင်မြတ်၏ ကစမ်၊ ထိုအရှင်၏ လက်တော်ဝယ် မုဟမ္မဒ်၏ အသက်ဇီဝိန် ရှိသည်။ စွိယာမ်ဥပုသ်စောင့်ထိန်းသူ၏ ပါးစပ်(မှထွက်သော)အနံ့သည် အလ္လာဟ်အရှင်မြတ်အထံတော်၌ ကတိုးနံ့ထက် ပို၍မွှေးကြိုင်လှပေသည်။ စွိယာမ်ဥပုသ်စောင့်ထိန်းသူအတွက် ဝမ်းမြောက်ပျော်ရွှင်ဖွယ် အခိုက်အတန့်နှစ်ခုရှိ၏။ ထိုနှစ်ခုတွင် သူသည် ဝမ်းမြောက်ပျော်ရွှင်လေသည်။ တစ်ခုမှာ ဝါဖြေသည့်အချိန် ဝမ်းမြောက်ပျော်ရွှင်၍၊ အခြားတစ်ခုမှာ သူ့အားဖန်ဆင်းတော်မူသော အရှင်မြတ်အား တွေ့ဆုံသည့်အချိန် သူ၏ စွိယာမ်ဥပုသ်စောင့်ထိန်းသည့် အကျိုးကုသိုလ်ကို ရရှိသည့်အခါ ဝမ်းမြောက်ပျော်ရွှင်လေသည်။
متفق عليهတမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - အလ္လာဟ်အရှင်မြတ်သည် ဟဒီးစ်ကုဒ်စီ၌ ဤသို့ မိန့်ကြားတော်မူသည်။ လူသားတို့၏ အမလ်လုပ်ဆောင် ချက်အားလုံးသည် ကောင်းမှုတစ်ခုကို အကျိုးစဝါးဗ် ဆယ်ဆမှ အဆပေါင်းခုနှစ်ရာအထိ တိုး၍ ချီးမြှင့်ခြင်းခံရသည်။ သို့ရာတွင် စွိယာမ်ဥပုသ်စောင့်ထိန်းခြင်းမှာမူ (ဤသို့မဟုတ်)။ ၎င်းသည် ငါအရှင်မြတ်အတွက်သာလျှင်ဖြစ်သည်။ အကြောင်းမှာ စွိယာမ်ဥပုသ်စောင့်ထိန်းခြင်း၌ ရိယာပြစားမှု မရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ငါအရှင်မြတ်ကိုယ်တော်တိုင် ၎င်း၏ အကျိုးဆုလာဘ်ကို ချီးမြှင့်ပေးသနားတော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည်သာလျှင် ထိုစွိယာမ်ဥပုသ်စောင့်ထိန်းခြင်း၏ အကျိုးစဝါးဗ်နှင့် ကောင်းမှုများ မည်မျှတိုးပွားမည်ကို အတိအကျ သိရှိတော်မူသောအရှင်ဖြစ်တော်မူသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဆက်လက်မိန့်ကြားတော်မူသည်မှာ -စွိယာမ်ဥပုသ် စောင့်ထိန်းခြင်းသည် (ဂျဟန္နမ်ငရဲမှ ကာကွယ်ပေးသော)ဒိုင်းတစ်ခုပမာဖြစ်၏။ဆိုလိုသည်မှာ -စွိယာမ်ဥပုသ် စောင့်ထိန်းခြင်းသည် ဂျဟန္နမ်ငရဲမှ လွှဲဖယ်စေသော၊ အကာအကွယ်ပေးသော၊ ခိုင်ခံ့သော ခံတပ်တစ်ခုဖြစ်၏။ အဘယ်ကြောင့်ဆိုသော် စွိယာမ်ဥပုသ် စောင့်ထိန်းခြင်းသည် တပ်မက်မှုများအားလည်းကောင်း၊ ပြစ်မှုဒုစရိုက်များထဲသို့ ကျရောက်ခြင်းမှလည်းကောင်း တားဆီးထိန်းချုပ်ပေးခြင်း ကြောင့်ဖြစ်၏။ ထို့ပြင် ဂျဟန္နမ်ငရဲမီးသည် တပ်မက်မှုများဖြင့် ဝန်းရံလျက်ရှိ၏။ သင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် စွိယာမ်ဥပုသ် စောင့်ထိန်းသည့်နေ့တွင် စက်ဆုပ်ဖွယ်ရာ စကားကိုပြောဆိုခြင်း မပြုလုပ်ရ။ ဆိုလိုသည်မှာ ဇနီးသည်နှင့် ပေါင်းသင်းဆက်ဆံခြင်းနှင့် ၎င်း၏နိဒါန်းဆိုင်ရာ( ရာဂစိတ်ကို နိုးဆွသည့် )မည်သည့်စကားကိုမျှ မပြောဆိုရန်နှင့် မည်သည့်မကောင်းသော စကားကိုမျှ လုံးဝမပြောဆိုရန် ဖြစ်၏။ အချေအတင်ငြင်းခုံခြင်း၊ အော်ဟစ်ဆူပူခြင်းတို့ကိုလည်း မပြုလုပ်ရ။ ဆိုလိုသည်မှာ အချင်းချင်း ငြင်းခုံရန်ဖြစ်ခြင်း၊ အော်ဟစ်ဆူပူခြင်းတို့ မပြုရန် ဖြစ်၏။ အကယ်၍ တစ်ဦးတစ်ယောက်က သူ့အား လမြတ်ရမဿွန်၌ ဆဲဆိုမကောင်းပြောခြင်း (သို့မဟုတ်) သူ့အား လာရောက်တိုက်ခိုက်ခြင်းပြုလုပ်ခဲ့လျှင် ၎င်းသည် (ထိုသူအား) ကျွန်ုပ် စွိယာမ်ဥပုသ် စောင့်ထိန်းထားသူဖြစ်သည်ဟု ပြောဆိုရမည်။ ဤသို့ပြောဆိုခြင်းဖြင့် ထိုသူသည် (စွိယာမ်ဥပုသ် စောင့်ထိန်းထားသူအား ဆဲဆိုမကောင်းပြောခြင်းနှင့် ရန်ပြုတိုက်ခိုက်ခြင်းတို့မှ) ရပ်စဲနိုင်ပေမည်။ အကယ်၍ ထိုသူသည် ဤသို့ ဆက်လက်ပြုလုပ်နေပြီး ခုခံကာကွယ်တိုက်ခိုက်ခြင်းမှအပ အခြားနည်းလမ်းမရှိလျှင် အတတ်နိုင်ဆုံး အလျှော့ပေါ့ဆုံး နည်းလမ်းဖြင့် ခုခံကာကွယ်ရမည်။ ဥပမာအားဖြင့် ရန်သူကို တွန်းလှန်ခြင်းကဲ့သို့သော နည်းလမ်းမျိုးဖြင့် ဖြစ်၏။ ထို့နောက်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ အသက်ဇီဝိန်ကို စိုးပိုင် တော်မူသော အရှင်မြတ်ကို တိုင်တည်၍ မိန့်ကြားတော်မူခဲ့၏။ စွိယာမ်ဥပုသ်စောင့်ထိန်းသူ၏ စွိယာမ်ဥပုသ်စောင့်ထိန်းမှုကြောင့် ပြောင်းလဲသွားသော ခံတွင်းနံ့သည် ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်ထံတော်၌ ( လောကီ၌ ) သင်တို့ထံတွင်ရှိသော ကတိုးနံ့ထပ် ပို၍မွှေးကြိုင်လှပြီး၊ သောကြာနေ့များနှင့် ဇိကိရ်၏ထိုင်ဝိုင်းများတွင် (သုံးစွဲရန်) ညွှန်ကြားထားသော မွတ်စ်သဟဗ်အဆင့်ရှိသည့် အမွှေးအကြိုင်ထက်ပင် အကျိုးစဝါးဗ်ပို၍များ သည်။ စွိယာမ်ဥပုသ်စောင့်ထိန်းသူအတွက် ဝမ်းမြောက်ပျော်ရွှင်ဖွယ် အခိုက်အတန့်နှစ်ခုရှိ၏။ထိုနှစ်ခုတွင် သူသည် ဝမ်းမြောက်ပျော်ရွှင်လေသည်။ တစ်ခုမှာ ဝါဖြေသည့်အချိန်တွင် အစာရေစာ စားသောက်ခွင့် ပြုလိုက်သောကြောင့် မိမိ၏ဆာ လောင်မွတ်သိပ်မှုနှင့် ရေငတ်ခြင်း ပျောက်ကင်းသွားသောကြောင့် ရရှိသော ပျော်ရွှင်မှုဖြစ်ပြီး၊ အခြားတစ်ခုမှာ မိမိ၏စွိယာမ်ဥပုသ်ကို ပြီးပြည့်စုံစွာ ဆောက်တည်နိုင်ခြင်း၊ ( စွိယာမ်ရဲ့)အိဗာဒသ် ပြီးဆုံးခြင်း၊ မိမိ၏အရှင်က လျှော့ပေါ့ပေးမှုနှင့် နောင်တွင်ဆောက်တည်ရမည့် စွိယာမ်ဥပုသ်အတွက် ကူညီထောက်ပံ့မှုကို ရရှိသောကြောင့် ကြုံရသော ပျော်ရွှင်မှုဖြစ်၏။ သူ့အားဖန်ဆင်းတော်မူသော အရှင်မြတ်အား တွေ့ဆုံသည့်အချိန် သူ၏ စွိယာမ်ဥပုသ်စောင့်ထိန်းသည့် အကျိုးကုသိုလ်ကို ရရှိသည့်အခါ ဝမ်းမြောက်ပျော်ရွှင်လေသည်။ ) ဆိုလိုသည်မှာအရှင်မြတ်ပေးသနားတော်မူမည့် စွိယာမ်ဥပုသ်၏ အကျိုးဆုလာဘ်ကြောင့် ပျော်ရွှင်လိမ့်မည်။
အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) ဆင့်ပြန်ထားသော ဟဒီးဆ်တော်တွင်လာရှိထားသည်။ သူမကပြောပြသည်မှာ- တစ်ညတွင် ကျွန်မသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား အိပ်ရာပေါ်၌ မတွေ့ရသဖြင့် ရှာဖွေခဲ့ရာ ကျွန်မ၏လက်သည် ကိုယ်တော်မြတ်၏ ခြေဖဝါးနှစ်ဖက်ကို ထိတွေ့မိခဲ့ပြီး၊ ကိုယ်တော်သည် ဗလီဝတ်ကျောင်းတော်အတွင်း (စဂျ်ဒဟ်အနေအထားဖြင့်) ရှိနေပြီး၊ ကိုယ်တော်၏ ခြေနှစ်ဖက်မှာ ထောင်လျက်ရှိနေခဲ့သည်။ ကိုယ်တော်သည် ဤသို့ ဒုအာပြုလျက်ရှိနေသည်ကို တွေ့ရ၏- "အိုအလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ကျေနပ်နှစ်မြို့မှုဖြင့် အရှင်မြတ်၏ အမျက်ဒေါသမှ ခိုလှုံခွင့်တောင်းခံပါ၏။ အရှင်မြတ်၏ ခွင့်လွှတ်ခြင်းဖြင့် အရှင်မြတ်၏ ပြစ်ဒဏ်မှ ခိုလှုံခွင့်တောင်းခံပါ၏။ အရှင်မြတ်ထံ အရှင်မြတ်(၏ ပြင်းထန်မှု)မှ ခိုလှုံခွင့်တောင်းခံပါ၏။ (အိုအလ္လာဟ်အရှင်) ကျွန်တော်မျိုးသည် အရှင်မြတ်အား အရှင်မြတ်ကိုယ်တော်တိုင် မိမိကိုယ်ကို ချီးမွမ်းထားသကဲ့သို့ဂုဏ်တင်ပြီးမြောက်အောင် ချီးမွမ်းနိုင်စွမ်းမရှိပါ။"
رواه مسلمအာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ) ပြောပြသည်မှာ- ကျွန်မသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ဘေးတွင် အိပ်ပျော်နေခဲ့သည်။ ညအချိန်၌ ကိုယ်တော့်အား မတွေ့ရသဖြင့် ရှာဖွေခဲ့ရာ ကျွန်မသည် လက်ဖြင့် အခန်းအတွင်း (တမန်တော်မြတ် ဆွလာသ်ဝတ်ပြုလေ့ရှိသော) နေရာကို စမ်းခဲ့ရာ ကိုယ်တော်သည် စဂ်ျဒဟ်ဦးချနေသည့်အနေအထားတွင် ရှိနေပြီး ကိုယ်တော်၏ခြေနှစ်ဖက်မှာ ထောင်လျက်ရှိနေသည်ကို တွေ့ခဲ့ရသည်။ ထိုအချိန်၌ ကိုယ်တော်သည် (ဤသို့) ဒုအာဆုတောင်းလျက်ရှိနေသည်- " "(အိုအလ္လာဟ်အရှင်မြတ်) ကျွန် တော်မျိုးသည် အရှင်မြတ်၏ ကျေနပ်နှစ်မြို့မှုကို အားကိုးလျက် အရှင်မြတ်၏ အမျက်ဒေါသမှ (ကျွန် တော်မျိုးအပေါ်၌သော်လည်းကောင်း၊ ကျွန်တော်မျိုး၏အွမ္မသ်နောက်လိုက်သားများအပေါ် ၌ လည်းကောင်း သက်ရောက်ခြင်းမှ) ခိုလှုံခွင့်တောင်းခံပါ၏။ ၎င်းပြင် ကျွန်တော်မျိုးသည် အရှင်မြတ်၏ (များပြားလှသော) ခွင့်လွှတ်ခြင်းကို အားကိုးလျက် အရှင်မြတ်၏ ပြစ်ဒဏ်မှ ခိုလှုံခွင့်တောင်းခံပါ၏။ ၎င်းပြင် ကျွန်တော်မျိုးသည် အရှင်မြတ်ထံ အရှင်မြတ်မှပင် ခိုလှုံခွင့်တောင်းခံပါ၏။" တစ်နည်း - အရှင်မြတ်၏ သနားကြင်နာမှုနှင့် ကရုဏာတော်ဆိုင်ရာ အရည်အသွေးများဖြင့် အရှင်မြတ်၏ အပြစ်ဒဏ်ပေးမှုဆိုင်ရာ အရည်အသွေးများမှ ခိုလှုံခွင့်တောင်းခံပါ၏။ အဘယ်ကြောင့်ဆိုသော် အရှင်မြတ်မှလွဲ၍ အရှင်မြတ် (၏အပြစ်ဒဏ်) မှ ကာကွယ်စောင့်ရှောက်နိုင်သူ မည်သူမျှမရှိသောကြောင့်ဖြစ်၏။ ထို့ပြင် အရှင်မြတ်ထံ ပြန်လှည့်ခြင်းမှအပ အရှင်မြတ်ထံမှ လွတ်မြောက်ရာ သို့မဟုတ် ခိုလှုံရာဟူ၍ မည်သည့်နေရာမျှမရှိပေ။ ကျွန်တော်မျိုးသည် အရှင်မြတ်အား ချီးမွမ်းခြင်းကို မည်သို့မျှ အပြည့်အဝ မတတ်စွမ်းနိုင်ပါ။" (ဆိုလိုသည်မှာ-) ကျွန်တော်မျိုး ကြိုးစားအားထုတ်စေကာမူ ကျွန်တော်မျိုး၏ အားအင်ချိနဲ့မှုကြောင့် အရှင်မြတ်၏ ကျေးဇူးတော်နှင့် ကောင်းမှုတော်များကို အရှင်မြတ်နှင့်ထိုက်တန်သည့်အတိုင်း မည်သို့မျှ အပြည့်အဝ ရေတွက်နိုင်ခြင်းမရှိပါ။ "(အိုအလ္လာဟ်အရှင်) အရှင်မြတ်သည် အရှင်မြတ်ကိုယ်တိုင် မိမိကိုယ်ကို ချီးမွမ်းထားတော်မူသည့်အတိုင်း ဖြစ်တော်မူ၏။" (ဆိုလိုသည်မှာ-) အရှင်မြတ်သည် အရှင်မြတ်၏အရည်အသွေးနှင့်ထိုက်တန်စွာ မိမိကိုယ်ကို ချီးမွမ်းတော်မူခဲ့၏။ သို့ဖြစ်ရာ အရှင်မြတ်နှင့်ထိုက်တန်သည့်အတိုင်း မည်သူတစ်ဦးတစ်ယောက်ကမျှ ချီးမွမ်းနိုင်မည် မဟုတ်ပေ။