





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
ရှိုရိုင်ဟ် ဗင်န် ဟာနိအ်က ဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောပြခဲ့သည်မှာ - ကျွန်ုပ်သည် အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)ထံ မေးမြန်းခဲ့သည်။ ကျွန်ုပ်က "အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိမိအိမ်သို့ ဝင်သည့်အခါတိုင်း မည်သည့်အရာကို ပထမဆုံး ပြုလုပ်လေ့ရှိပါသနည်း။"လျှောက်ထားမေးမြန်းရာ သခင်မက " မိစ်ဝါးက်တံပူစားခြင်း ဖြစ်သည်ဟု ဖြေကြားခဲ့သည်။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ အလေ့အထမှာ အိမ်သို့ဝင်ရောက်ပြီးနောက် ပထမဆုံးအဖြစ် မိစ်ဝါးက်တံပူစားခြင်းပင်ဖြစ်သည်။ အချိန်ကာလမရွေး၊ ညဖြစ်စေ၊ နေ့ဖြစ်စေ။
အဗ်ဒုလ္လာဟ် ဗင်န် မတ်စ်အူးဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ၎င်းကပြောပြခဲ့သည်မှာ- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံတွင် တစ်ဦးသောသူ၏ အကြောင်း တင်ပြခဲ့ကြသည်။ သူသည် ညဉ့်အချိန်အိပ်၍ မိုးသောက်သည်အထိ ဆက်အိပ်နေခဲ့သည်။ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ - “ထိုသူသည် ရှိုင်တွာန်က သူ၏ နားနှစ်ဖက်တွင် ဆီးသွားခဲ့သူ ဖြစ်သည်။” (သို့မဟုတ်) “သူ၏ နားအတွင်းသို့ ဆီးသွားခဲ့သူ ဖြစ်သည်” ဟု မိန့်တော်မူခဲ့သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံတွင် တစ်ဦးသောသူ၏အ ကြောင်း တင်ပြခဲ့ကြသည်။ သူသည် မနက်နေထွက်သည်အထိ အိပ်နေခဲ့ပြီး ဖရဿ်ွဆွလာသ်ဝတ်ပြုရန်အတွက် မထခဲ့ချေ။ ထိုအခါ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည် - “ဧကန်မုချ ထိုသူသည် ရှိုင်တွာန်က သူ၏ နားအတွင်းသို့ ဆီးသွားလိုက်သကဲ့သို့ (နက်ရှိုင်းစွာအိပ်ပျော်နေသူ) ဖြစ်သည်။”
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် အိပ်သော်အခါ ရှိုင်သွာန်သည် ၎င်းရဲ့ ဦးခေါင်းနောက်စေ့တွင်အထုံးသုံးထုံး ထုံးလေသည်။ အထုံးတိုင်းတွင် အသင့်အတွက် ညသည် အရှည်ကြီး ကျန်သေးသည်။ ထို့ကြောင့် အသင်ဆက်အိပ်ပါ ဟု မန်းမှုတ်လေသည်။ အကယ်၍ (အိပ်နေ )သူသည် အိပ်ယာမှနိုးထပြီး အလ္လာဟ်အရှင်မြတ်အား သတိရတသခဲ့လျှင် အထုံးတစ်ထုံး ပြေသွားလေသည်။ အကယ်၍ ၎င်းသည် ဝူဿွူပြုလုပ်ခဲ့လျှင် နောက်ထပ်တစ်ထုံးပြေသွားလေသည်။ အကယ်၍ ဆွလာသ် ဝတ်ပြုခဲ့လျှင် (နောက်ဆုံးကျန်နေသည့်)တစ်ထုံးပါ ပြေသွားလေသည်။ ထိုအခါ ၎င်းသည် လန်းဆန်းစွာ၊ စိတ်ချမ်းသာစွာဖြင့် မနက်ခင်းအခါကို ရောက်ရှိလေသည်။ ထိုသို့မဟုတ်ပါက ၎င်းသည် စိတ်ညစ်ငြူးပျင်းရိလျက် မနက်ခင်းအခါကို ရှောက်ရှိရလေသည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် သဟဒ်ဂျုဒ်ဆွလာသ် သို့မဟုတ် ဖဂျရ်ဆွလာသ်ဝတ်ပြုရန် နိုးထလိုသောလူသားနှင့်အတူရှိသည့် ရှိုင်သွာန်၏ အခြေအနေနှင့် တိုက်ခိုက်မှုအကြောင်းကို မိန့်ကြားခဲ့သည်။ မုအ်မင်န် တစ်ဦးသည် အိပ်ရာဝင်သောအခါ ရှိုင်သွာန်သည် သူ၏ ဦးခေါင်းနောက်စေ့တွင် အထုံးသုံးထုံး ထုံးလေသည်။ ထို့နောက် ထိုမုအ်မင်န်သည် အိပ်ယာနိုးထလာသော အခါ အလ္လာဟ်အရှင်မြတ်အား သတိရတသပြီး၊ ရှိုင်သွာန်၏ သွေးဆောင်မှုများကို လိုက်နာခြင်းမပြုပါက အထုံးတစ်ထုံး ပြေလျော့သွားသည်။ ထို့နောက် သူသည် ဝူဿွူအ် ပြုလုပ်ပါက နောက်ထပ်အထုံးတစ်ထုံး ပြေလျော့သွားသည်။ ထို့နောက် သူသည် ထပြီး ဆွလာသ်ဝတ်ပြုပါက တတိယအထုံးလည်း ပြေလျော့သွားကာ၊ ၎င်းသည် လန်းဆန်းစွာ၊ စိတ်ချမ်းသာစွာဖြင့် မနက်ခင်းအခါကို ရောက်ရှိလေသည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်က သူ့အား ပေးသနားတော်မူသော နာခံမှုအတွက် ဝမ်းမြောက်ခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် အရှင်မြတ်ကသူ့အား ကတိပေးထားတော်မူသော ကုသိုလ်အကျိုးနှင့် လွတ်ငြိမ်း ချမ်းသာခွင့်တို့ကြောင့် ဝမ်းသာပျော်ရွှင်နေသည်။ တစ်ဆက်တည်းမှာပင် ရှိုင်သွာန်၏ အချုပ်အနှောင်များနှင့် နှောင့်နှေးအောင်ပြုလုပ်မှုများမှ လွတ်မြောက်သွားသောကြောင့်လည်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက သူသည် ညစ်ညူးသောစိတ်၊ ဝမ်းနည်းသောနှလုံးသားနှင့် ကောင်းမှုကုသိုလ်ပြုရန် ပျင်းရိလျက် မနက်ခင်းအခါကို ရှောက်ရှိရလေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ရှိုင်သွာန်၏ ချည်နှောင်မှုဖြင့် ချည်နှောင်ခြင်းခံရပြီး မဟာကရုဏာတော်ရှင် (အလ္လာဟ်) ၏ နီးကပ်မှုမှ ဝေးကွာသွားသောကြောင့် ဖြစ်သည်။
မအ်ဒါးန် ဗင်န် အဗူသွလ်ဟဟ် ယအ်မရီ က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ သူကောင်းပြုထားသော ကျွန် စောင်ဝ်ဗားန် (ရဿွိယလ္လာဟုအန်ဟု) နှင့် တွေ့ဆုံခဲ့ပြီး ဤသို့ ပြောဆိုလျှောက်ထားခဲ့သည်- အမလ်ကျင့်စဥ်တစ်ခုကို ကျွန်ုပ်အား ပြောပြပါ။ ယင်းအမလ်ကို ကျွန်ုပ်ကျင့်ကြံခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်အား ဂျန္နတ်သုခဘုံသို့ ဝင်ရောက်စံမြန်းစေတော်မူမည်။ သို့မဟုတ် ဆင့်ပြန်သူက ပြောပြသည်။ အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံးသော အမလ်ကျင့်စဥ်ကို ကျွန်ုပ်အားပြောပြပါ။ထိုအခါ ၎င်း (စောင်ဝ်ဗားန် (ရဿွိယလ္လာဟုအန်ဟု)) က ဆိတ်ဆိတ်နေခဲ့သည်။ ကျွန်ုပ်က ထပ်မံမေးမြန်းပြန်သော် ၎င်းသည် ထပ်မံ၍ ဆိတ်ဆိတ်နေခဲ့သည်။ ကျွန်ုပ်သည် တတိယအကြိမ် မေးမြန်းပြန်သော်အခါ ၎င်းက ဤသို့ပြောဆိုသည်။ ကျွန်ုပ်သည် ထိုအကြောင်းအရာနှင့်စပ်လျဉ်း၍ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံလျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဤသို့ မိန့်ကြားတော်မူခဲ့သည်- “အသင်သည် အလ္လာဟ်အရှင်မြတ်အား စဂ်ျဒဟ်ဦးချမှုများစွာပြုလုပ်ပါလေ။အကြောင်းမှာ အသင်သည် အလ္လာဟ်အရှင်မြတ်အား စဂ်ျဒဟ်တစ်ကြိမ်ဦးချလျှင် အလ္လာဟ်အရှင်မြတ်က ထိုစဂ်ျဒဟ်တစ်ကြိမ်ဦးချမှုကြောင့် အသင့်အား အဆင့်အ တန်းတစ်ခု မြှင့်တင်ပေးတော်မူပြီး အသင့်ထံမှ ပြစ်မှုတစ်ခုကို ဖယ်ရှား(ခွင့်လွှတ်) ပေးတော်မူမည် ဖြစ်သောကြောင့်တည်း။” မအ်ဒါးန်က ဆက်လက်ပြောကြားသည်- ထို့နောက် ကျွန်ုပ်သည် အဘူဒဒ်ရ်ဒါအ် (ရဿွိယလ္လာဟုအန်ဟု) နှင့် တွေ့ဆုံခဲ့ပြီး သူ့အား (ထိုနည်းတူ)မေးမြန်းခဲ့ရာ ၎င်းသည်ကျွန်ုပ်အား စောင်ဝ်ဗါးန် (ရဿွိယလ္လာဟုအန်ဟု) ကကျွန်ုပ်အား ပြောခဲ့သည့်အတိုင်းပင် ပြောပြခဲ့သည်။
رواه مسلمအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဂျန္နတ်သုခဘုံသို့ ဝင်ရောက်စေနိုင်သော သို့မဟုတ် အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံးဖြစ်သော အမလ်တစ်ခုအကြောင်း မေးမြန်းခြင်းခံရတော်မူသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က “အသင်သည် ဆွလားသ်ဝတ်ပြုရာတွင် များမြောင်စွာ စဂျ်ဒဟ်ပြုလုပ်ပါလေ။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်အတွက် အသင်ပြုလုပ်ခဲ့သည် စဂ်ျဒဟ်တစ်ကြိမ်တိုင်းအတွက် အလ္လာဟ်အရှင်မြတ်သည် အသင့်အား အဆင့်တစ်ဆင့်မြှင့်တင်ပေးတော်မူမည် ဖြစ်ပြီး အသင့်ထံမှ ပြစ်မှုတစ်ခုကို ခွင့်လွှတ်တော်မူမည် ဖြစ်သောကြောင့်တည်း” ဟု မိန့်ကြားတော်မူခဲ့သည်။
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ "အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် (ရမဿွာန်လ၏) နောက်ဆုံးဆယ်ရက်တွင် (ရမဿွာန်လ၏)အခြားရက်များထက်ပို၍ အထူးအားထုတ် ကြိုးပမ်းတော်မူလေ့ရှိသည်။
رواه مسلمနဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လမြတ်ရမဿွန်၏ နောက်ဆုံးဆယ်ရက် ရောက်လာသောအခါ (ရမဿွာန်လ၏)အခြားရက်များထက်ပို၍ အထူးအားထုတ် ကြိုးပမ်းတော်မူလေ့ရှိပြီး အိဗာဒသ်ခဝပ်ကိုးကွယ်မှုများ၊ နာခံမှုများကို အားသွန်ခွန်စိုက်ပြုလုပ်ကာ ကောင်းမှုအမျိုးမျိုး၊ ရက်ရောစွာပေးကမ်းမှုများနှင့် အိဗာဒသ်ခဝပ်ကိုးကွယ်မှုအမျိုးအမျိုးကို အထူးတလည် မြှင့်တင်ပြုလုပ်လေ့ရှိသည်။ ဤသို့ပြုလုပ်ခြင်းမှာ ထိုညများ၏ ကြီးကျယ်မြင့်မြတ်မှုများနှင့် အကျိုးကျေးဇူးတော်များကြောင့် ဖြစ်ပြီး 'လိုင်လသုလ်ကဒရ်' (ကဒရ်ည)ကို ရှာဖွေရန် အတွက် ဖြစ်သည်။
အဗူအဘတ်စ် အဗ်ဒုရ်ရဟ်မားန် ဗင်န် ဟျဗ်ရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ဗန္ဒဟ်ကျေးကျွန်တစ်ဦး၏ ခြေနှစ်ဖက်သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် ဖုန်ပေကျံခဲ့လျှင် ဂျဟန္နမ်ငရဲမီးသည် ၎င်းအား ထိတွေ့နိုင်မည် မဟုတ် တော့ချေ။"
رواه البخاريတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က သတင်း ကောင်းပေးအပ်တော်မူခဲ့သည်မှာ - အကြင်သူ၏ ခြေနှစ်ဖက်သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်ပြုလုပ်ရင်း ဖုန်များ ပေကျံခဲ့လျှင် ဂျဟန္နမ်ငရဲမီးသည် ထိုသူအား ထိတွေ့နိုင်မည် မဟုတ်တော့ချေ။
အဗူကသာဒဟ် (ရဿွိယလ္လာဟုအန်ဟု)မှ ဆင့်ပြန်လာရှိသည်မှာ သူသည် သူ့ထံမှ ချေးငှားထားသူကို ရှာဖွေနေခဲ့သည်။ ထိုသူသည် ပုန်းအောင်းနေခဲ့၏။ ထို့နောက် ထိုသူ့အား တွေ့ရှိခဲ့ပြီး ထိုသူက "ကျွန်ုပ် ခက်ခဲကြပ်တည်းနေပါသည်" ဟု ပြောဆိုခဲ့သည်။ ထိုအခါ အဗူကသာဒဟ် (ရဿွိယလ္လာဟုအန်ဟု)က "အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ ပြောပါဟု ပြောဆိုခဲ့သည်။ ထိုသူက "အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ ပြောပါသည်။ ထိုအခါ အဗူကသာဒဟ်က ပြောခဲ့သည်မှာ - "ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ဤသို့ မိန့်ကြားသည်ကို ကြားခဲ့ရပါသည်- ''မည်သူမဆို အလ္လာဟ်အရှင်မြတ်သည် ကိယာမတ်နေ့တွင် ဒုက္ခအခက်အခဲများမှ သူ့အား ကယ်တင်ပေးစေလိုလျှင်၊ ခက်ခဲကြပ်တည်းသူအား သက်သာချောင်လည်ခွင့်ပေးပါ သို့မဟုတ် သူ၏အကြွေးကို (တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံးကို) ပယ်ဖျက်ပေးလိုက်ပါ။''
رواه مسلمအဗူကသာဒဟ် အလ်အန်ဆွာရီ (ရဿွိယလ္လာဟုအန်ဟု) သည် သူ့ထံမှ ချေးငှားထားပြီး ပုန်းအောင်းနေသူတစ်ဦးကို ရှာဖွေနေခဲ့သည်။ နောက်ဆုံးတွင် သူ့ကို တွေ့ခဲ့သည်။ ချေးငှားသူက "ကျွန်ုပ် ခက်ခဲကြပ်တည်းနေပြီး သင့်အကြွေးကို ပြန်ဆပ်ရန်အတွက် ဘာမှမရှိပါ" ဟု ပြောဆိုခဲ့သည်။ ထိုအခါ အဗူကသာဒဟ် (ရဿွိယလ္လာဟုအန်ဟု) က ၎င်းအား မိမိထံ မည်သည့်ငွေကြေးဥစ္စာ တစ်စုံတစ်ရာမျှ မရှိကြောင်း အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ ပြောခိုင်းခဲ့သည်။ ထိုသူက အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ သူအမှန်ပြောနေကြောင်း ဖြေကြားခဲ့သည်။ ထိုအခါ အဗူကသာဒဟ် (ရဿွိယလ္လာဟုအန်ဟု) က ပြောခဲ့သည်မှာ - ကျွန်ုပ်သည် နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ဤသို့ မိန့်ကြားသည်ကို ကြားခဲ့ရသည်- ''မည်သူမဆို အလ္လာဟ်အရှင်မြတ်သည် ကိယာမတ်နေ့၏ စိုးရိမ်ပူပန်မှုများ၊ ခက်ခဲပြင်းထန်မှုများနှင့် ကြောက်မက်ဖွယ်ရာများမှ သူ့အား ကယ်တင်ပေးစေလိုလျှင်၊ ခက်ခဲကြပ်တည်းနေသူအား အကြွေးကို နောက်ဆိုင်းပေးခြင်း သို့မဟုတ် အကြွေးအချို့ သို့မဟုတ် အားလုံးကို လျှော်ပစ်ခြင်းအားဖြင့် ၎င်းအား သက်သာချောင် လည်ခွင့် ပေးပါ။"
အဗူမူစာ အရှ်အရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်မည်သူမဆို အေးမြသော ဆွလာသ်နှစ်ကြိမ် ( ဖဂျရ်နှင့်အစွရ်)ကို ဝတ်ပြုပါက ဂျန္နသ်သို့ ဝင်ရောက်ရမည်ဖြစ်သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဆွလာသုလ်ဘရ်ဒိုင်းန်ဟု ခေါ်သည့် ဖဂျ်ရ်နှင့် အစွရ်ဆွလာသ်ကို အထူးအလေးထားရန် တိုက်တွန်းနှိုးဆော်ထားပြီး၊ ထိုဆွလာသ်နှစ်ခုကို ၎င်းတို့၏ အချိန်တွင်၊ ဂျမာသ်နှင့်အတူ ဝတ်ပြုသူအား ဂျန္နသ်သုခဘုံ၏ ဝမ်းမြောက်ဖွယ်သတင်းကို ပေးအပ်ခဲ့သည်။
အာအိရှာဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မွေးဖွားခြင်းကြောင့် ဟရာမ်ဖြစ်စေတယ့် တော်စပ်မှုများသည် နို့စို့ခြင်းကြောင့်လည်း ဟရာမ်ဖြစ် စေသည်။
متفق عليهတမန်တော်မြတ် ﷺ က ဤဟဒီးစ်တော်တွင် မိခင်ဘက်မှတော်စပ်သည့်ဦးလေး၊ ဖခင်ဘက်မှတော်စပ်သည့် ဦးလေး သို့မဟုတ် ညီအစ်ကိုမောင်နှမတို့နှင့် သွေးသားတော်စပ်မှုကြောင့်( နိကဟ်ပြုခြင်း ) ဟရာမ်ဖြစ်သလို၊ နို့စို့ခြင်းကြောင့် ( တော်စပ်သည့် နို့စို့ဘက် ညီအစ်ကိုမောင်နှမများနှင့်လည်း နိကဟ်ပြုခြင်း ) ဟရာမ်ဖြစ်ကြောင်း ရှင်းလင်းတင်ပြတော်မူခဲ့သည်။ ထို့ပြင် နို့စို့ခြင်းသည် မွေးဖွားခြင်းကဲ့သို့ပင် အခြားသောအမိန့်ပညတ်ချက်များကိုလည်း ခွင့်ပြုထားသည်။