





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်၏ အချစ်တော် (တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်အား အချက် သုံးချက်ကို မှာတမ်းတော်မူခဲ့သည်။ ၎င်းတို့မှာ လစဉ် သုံးရက် စွိယာမ်ဥပုသ်စောင့်ထိန်းခြင်း၊ ဆွလာသွသ်ဒုအာ ( ကျားရှ်နမားဇ် ) နှစ်ရကအသ် ဝတ်ပြုခြင်း၊ မအိပ်ခင်အရင် ဝိသ်ရ်ဆွလာသ်ဝတ်ပြုခြင်း တို့ဖြစ်သည်။
متفق عليهအဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ၎င်း၏ အချစ်တော်နှင့် အဆွေခင်ပွန်းဖြစ်သူ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ၎င်းအား အချက်သုံးချက်ကို မှာတမ်းတော်မူခဲ့သည်ဟု အသိပေး တင်ပြခဲ့သည်။ ၎င်းတို့မှာ - ၁။ လစဉ် သုံးရက် စွိယာမ်ဥပုသ်စောင့်ထိန်းရန်။ ၂။ ဆွလာသွဒ်ဒုဟာ ( ကျားရှ်နမားဇ်) နှစ်ရကအသ်ကို နေ့စဉ် ဝတ်ပြုရန်။ ၃။ မအိပ်ခင်အရင် ဝိတ်ရ်ဆွလာသ် ဝတ်ပြုရန်။ ဤသည် ည၏ နောက်ဆုံးအချိန်၌ မနိုးမည်ကို စိုးရိမ်သူအဖို့ဖြစ်သည်။
အိဗ်နုအုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) (ဤသို့) မိန့်ကြားတော်မူသည်ကို ကျွန်ုပ်ကြားသိခဲ့ရသည်။ အသင်တို့ (ရမဿွာန်လရဲ့) ဆန်းဦးစလကို မြင်တွေ့ကြလျှင် စွိယာမ်ဥပုသ်စောင့်ထိန်းကြ လေကုန်။ ( ရှောင်ဝါလ်လရဲ့ ) ဆန်းဦးစလကို မြင်တွေ့ကြလျှင် ဝါလွတ်ကြလေကုန်။ အကယ်၍ အသင်တို့အပေါ်၌ တိမ်ဖုံးကွယ်နေပါက (ဆန်းဦးစလကို မမြင်တွေ့ရလျှင် ) ရမဿွာန်ရဲ့လကို ( ရက်ပေါင်း သုံးဆယ်ပြည့်အောင် ) ရေတွက်ကြလေကုန်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ရမဿွာန်လ စတင်ဝင်ရောက်ခြင်းနှင့် ကုန်ဆုံးခြင်း၏ အမှတ်အသားလက္ခဏာ ကို ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်မှာ- အသင်တို့သည် ရမဿွာန်လရဲ့ ဆန်းဦးစလကို မြင်တွေ့ကြလျှင် စွိယာမ်ဥပုသ်စောင့်ထိန်းကြ လေကုန်။ အကယ်၍ အသင်တို့အပေါ်၌ တိမ်ဖုံးကွယ်နေပါက (ဆန်းဦးစလကို မမြင်တွေ့ရလျှင် ) ရှအ်ဗာန်လကို ရက်ပေါင်း သုံးဆယ် ပြည့်အောင်ရေတွက်ကြလေကုန်။ ထို့နောက် အသင်တို့သည် ရှောင်ဝါလ်လရဲ့ ဆန်းဦးစလကို မြင်တွေ့ကြလျှင် ဝါလွတ်ကြလေကုန်။ အကယ်၍ အသင်တို့အပေါ်၌ တိမ်ဖုံးကွယ်နေပါက (ဆန်းဦးစလကို မမြင်တွေ့ရလျှင် ) ရမဿွာန်လကို ရက်ပေါင်း သုံးဆယ် ပြည့်အောင်ရေတွက်ကြလေကုန်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဂျမာအသ်ဖြင့် စုပေါင်းဆောက်တည်သည့်ဆွလာသ်သည် မိမိအိမ်တွင်လည်းကောင်း၊ ဈေးတွင်လည်းကောင်း (တစ်ကိုယ်တည်း) ဆောက်တည်သည့် ဆွလာသ်ထက် အဆပေါင်း နှစ်ဆယ်ကျော် သာပိုမွန်မြတ်သည်။ အဘယ်ကြောင့်ဆိုသော် အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ဝုဿွူကို ကောင်းမွန်ကျနစွာပြုလုပ်မည်။ ထို့နောက် ဆွလာသ်အတွက်သာ ဗလီဝတ်ကျောင်းတော်သို့ သွားရောက်ပြီး ဆွလာသ်ဆောက်တည်ရန်သာ ရည်ရွယ်ခဲ့မည်ဆိုလျှင် ဗလီဝတ်ကျောင်းတော်သို့ ဝင်ရောက်သည်အထိ ၎င်းသူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် အဆင့်အတန်းတစ်ခု တိုးမြှင့်ပေးခြင်းခံရပြီး ၎င်းထံမှ မကောင်းမှုတစ်ခု ပယ်ဖျက်ပေးခြင်းခံရမည်။ ဗလီဝတ်ကျောင်းတော်သို့ ဝင်ရောက်သည့်အခါ ဆွလာသ်ဆောက်တည်ရန် စောင့်ဆိုင်းနေသမျှ ဆွလာသ်ထဲတွင် ရှိနေ(သည့် အကျိုးကုသိုလ် ရရှိ)မည်။ ထိုသူသည် ဆွလာသ်ဆောက်တည်ခဲ့သည့်နေရာတွင် ရှိနေပြီး (မည်သူ့ကိုမျှ) ဒုက္ခမဖြစ်စေသမျှ၊ ဝုဿွူရှိနေသမျှ မလာအိကဟ် ကောင်းကင်တမန်များက အိုအလ္လာဟ်အရှင်မြတ် ၎င်းအား ကရုဏာထားတော်မူပါ၊ အိုအလ္လာဟ်အရှင်မြတ် ၎င်းအား ခွင့်လွှတ်တော်မူပါ၊ အိုအလ္လာဟ်အရှင်မြတ် ၎င်း၏ သောင်ဝ်ဗဟ် အမှားဝန်ချတောင်းပန်မှုကို လက်ခံတော်မူပါဟု ဆုတောင်းပေးကြမည်ဖြစ်သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မွတ်စ်လင်မ်တစ်ဦးသည် ဂျမာအသ်ဖြင့် ဆွလာသ်ဆောက်တည်ပါက ထိုဆွလာသ်သည် မိမိအိမ်တွင်လည်းကောင်း၊ ဈေးတွင်လည်းကောင်း (တစ်ဦးတည်း) ဆောက်တည်သည့် ဆွလာသ်ထက် အဆပေါင်းနှစ်ဆယ်ကျော် သာပိုမွန်မြတ်သည်။ ၎င်းနောက် ကိုယ်တော်က ထိုသို့မွန်မြတ်ရသည့် အကြောင်းအရင်းကို ရှင်းပြတော်မူသည်မှာ လူတစ်ဦးသည် ကောင်းမွန်ပြည့်စုံစွာ ဝုဿွူပြုလုပ်မည်။ ထို့နောက် ဆွလာသ်ဆောက်တည်ရန်အတွက်သာ ရည်ရွယ်၍ ဗလီဝတ်ကျောင်းတော်သို့ ထွက်လာမည်ဆိုလျှင် ၎င်းသူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် အဆင့်အတန်းတစ်ခု တိုးမြှင့်ပေးခြင်းခံရပြီး ၎င်းထံမှ မကောင်းမှုတစ်ခု ပယ်ဖျက်ပေးခြင်းခံရမည်ဖြစ်သည်။ ဗလီဝတ်ကျောင်းတော်သို့ ဝင်ရောက်ပြီး ဆွလာသ်အတွက် ထိုင်၍ စောင့်ဆိုင်းနေပါက ထိုသို့စောင့်ဆိုင်းနေသမျှ ကာလပတ်လုံး ဆွလာသ်၏ အကျိုးကုသိုလ်ကို ရရှိမည်ဖြစ်သည်။ ထို့နောက် ဆွလာသ်ဆောက်တည်ခဲ့သည့်နေရာ၌ပင် ရှိနေပြီး ဝုဿွူမပျက်သ၍ လူသားနှင့် မလာအိကဟ်များအတွက် ဒုက္ခဖြစ်စေသည့်ကိစ္စကို မလုပ်သ၍ မလာအိကဟ် ကောင်းကင်တမန်များက အိုအလ္လာဟ်အရှင်မြတ် ၎င်းအား ကရုဏာထားတော်မူပါ၊ အိုအလ္လာဟ်အရှင်မြတ် ၎င်းအား ခွင့်လွှတ်တော်မူပါ၊ အိုအလ္လာဟ်အရှင်မြတ် ၎င်း၏သောင်ဝ်ဗဟ် အမှားဝန်ချတောင်းပန်မှုကို လက်ခံတော်မူပါဟု ဆုတောင်းပေးကြမည်ဖြစ်သည်။
အိဗ်နုမတ်စ်အူဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မုစ်လင်မ်တစ်ဦးအား အချက်သုံးချက်အနက် တစ်ချက်ချ က်မရှိဘဲ သတ်ခွင့်မရှိပေ။ ယင်းအချက်သုံးချက်မှာ - ဇိနာကျူးလွန်သည့် အိမ်ထောင်သည်၊ လူတစ်ဦးကို သတ်တယ့်အစား ပြန်သတ်ခြင်း၊ မိမိ၏ သာသနာကို စွန့်လွှတ်ပြီး မုစ်လင်တို့၏ ဂျမာအသ်အစုအဖွဲ့ကို စွန့်ခွါသူ တို့ဖြစ်သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မုစ်လင်မ်တစ်ဦး၏ သွေး (အသက်အားမတော်မတရား သတ်ဖြတ်ခြင်း ) သည် ဟရာမ် ဖြစ်ကြောင်း ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ သို့ရာတွင် အောက်ပါအမှုသုံးရပ်အနက်မှ တစ်ခုခုကို ကျူးလွန်သူအား သတ်ဖြတ်ခြင်းသည် ခွင့်ပြုထားသည်- ပထမအမှု - တရားဝင်လက်ထပ်ထိမ်းမြားပြီး သူတစ်ဦးသည် ဇိနာအမှုကို ကျူးလွန်ပါက၊ ထိုသူကို (ရဂျမ်) ကျောက်ခဲနှင့်ပစ်၍ သတ်ရမည်။ ဒုတိယအမှု - တရားတော်အရ အပြစ်ကင်းသောသူကို ရည်ရွယ်ချက်ရှိရှိ မတရားသတ်ဖြတ်သူသည် (သေဒဏ်ချမှတ်ခံရရန်သတ်မှတ်ထားသော)စည်းမျဉ်းစည်းကမ်းများနှင့်အညီ အသတ်ခံရမည်ဖြစ်သည်။ (သေဒဏ်ပေးခြင်းခံရမည်။ ) တတိယအမှု - မုစ်လင်မ်တို့၏ဂျမာအသ် ( အစုအဖွဲ့ ) မှ ခွဲထွက်သူဖြစ်သည်။ ယင်းသည်- · အစ္စလာမ်သာသနာကို လုံးဝစွန့်လွှတ်၍ မုရ်သဒ်အဖြစ် ခွဲထွက်သူ (သို့မဟုတ်) မုရ်သဒ်မဖြစ်သော်လည်း အစ္စလာမ်သာသနာ၏ အချို့သောသွန်သင်ချက်များကို ဆန့်ကျင်၍ မုစ်လင်မ်အသိုက်အဝန်းမှ ခွဲထွက်သူ၊ ဥပမာ- ပုန်ကန်ထကြွသူများ၊ လုယက်သူများ၊ မုစ်လင်မ်များနှင့် စစ်မက်ပြုသူ ခါရီဂျီ ( ခွဲထွက်ရေးသမား )များ အပါအဝင်အခြားသော အုပ်စုများမှ ခွဲထွက်သူများ ဖြစ်ကြသည်။
အိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ လူတို့အား ၎င်းတို့တရားစွဲသည့်အတိုင်းပေးကမ်းရမည်ဆိုပါက အချို့သောသူများသည် သူတစ်ပါး၏ ပစ္စည်းဥစ္စာနှင့် အသက်သွေးများကိုပါ ရရှိနိုင်ရန်တရားစွဲလာကြလိမ့်မည်။ သို့သော် တရားစွဲသူသည် ခိုင်လုံသည့် သက်သေအထောက်အထားပြရန်အရေးကြီးသည်။ စွဲချက်ကို ငြင်းပယ်သူသည် ကျိန်၍ငြင်းရမည်။
رواه البيهقيတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ရှင်းလင်းစွာမိန့်ကြားတော်မူသည်မှာ မည်သူ့ကိုမဆို သက်သေအထောက်အထားမရှိဘဲ တရားစွဲသည့်အတိုင်းပေးကမ်းရမည်ဆိုပါက အချို့သောသူများသည် သူတစ်ပါး၏ ပစ္စည်းဥစ္စာနှင့် အသက်သွေးများကိုပါ ရရှိနိုင်ရန်တရားစွဲလာကြလိမ့်မည်။ သို့သော် တရားလိုသည် မိမိတင်လိုက်သည့်စွဲချက်အားခိုင်လုံသည့် သက်သေအထောက်အထားပြရန်အရေးကြီးသည်။ အကယ်၍တရားလိုသည် အထောက်အထားမပြနိုင်ပါက စွပ်စွဲခံရသူအား စွပ်စွဲချက်နှင့်စပ်လျဉ်း၍မေးမြန်းရမည်။ ထိုသို့မေးမြန်းသောအခါ စွပ်စွဲခံရသူက ငြင်းပယ်လျှင်စွပ်စွဲခံရသူသည် ကျိန်ဆိုပြီးနောက် ပြစ်မှုမှလွတ်မြောက်မည်ဖြစ်သည်။
ဂျာဗိရ်ဗင်န် အဗ်ဒုလ္လာဟ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို ကြက်သွန်ဖြူ သို့မဟုတ် ကြက်သွန်နီ စားထားပါက ငါကိုယ်တော်တို့နှင့် သီးခြားခွဲ၍နေလော့။ (သို့မဟုတ် ဤသို့ မိန့်ဆိုခဲ့သည်။) ငါကိုယ်တော်တို့ရဲ့ဗလီနှင့် သီးခြားခွဲ၍နေလော့။ မိမိရဲ့ အိမ်၌ပင် ထိုင်နေလော့။ တစ်ခါသော် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည်ဟင်းသီးဟင်းရွက်များ ( ချက်ပြုတ်ထား )သည့် ဟင်းအိုးတစ်အိုးကို ဆက်သခြင်းခံရသည်။ ကိုယ်တော်သည် ဟင်းအိုးအတွင်းမှ အနံ့တစ်ခုကို ရ သောကြောင့် မေးမြန်းတော်မူလေသည်။ (လူတို့က) ကိုယ်တော့်အား ထိုဟင်းအိုးတွင် ပါဝင်သည့် ဟင်းသီးဟင်းရွက်များကို အသိပေးတင်ပြသည့်အခါတွင် ကိုယ်တော်သည် မိမိနှင့်အတူရှိသော တပည့် ဆွဟာဗီတစ်ဦးဘက်သို့ အသင်တို့ ဒီဟင်းအိုးကို တိုးကပ်ပေးလိုက်ကြလော့ ဟု မိန့်တော်မူ လေသည်။ ထိုဆွဟာဗီသည် ယင်းဟင်းအား စားရန် မနှစ်သက်သည်ကို ကိုယ်တော်က မြင်တွေ့သောအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က “အသင် စားလော့။ (ငါကိုယ်တော်မြတ်အနေဖြင့် စားသုံးခြင်းမှ ရှောင်ကြဉ်ရခြင်းမှာ) ငါကိုယ်တော်မြတ်သည် အသင် အနီးကပ်စကားပြောဆိုဆက်ဆံခြင်းမပြုရသည့် ကောင်းကင်တမန်(ဂျိဗ်ရီလ် အလိုင်ဟိစ္စလာမ်) နှင့် စကားပြောဆိုရသောကြောင့် ဖြစ်သည်။” မွတ်စ်လင်မ်ကျမ်း၌ ဂျာဗိရ် ဗင်န် အဗ်ဒုလ္လာဟ် ထံမှဆင့်ပြန်လာရှိသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို ဤဟင်းသီး ဟင်းရွက်ဖြစ်သော ကြက်သွန် ဖြူကို စားထားပါက - တစ်ခါတွင် ဤသို့ မိန့်ကြားတော်မူသည်။ “မည်သူမဆို ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်တို့ကို စားထားပါက ငါကိုယ်တော်တို့၏ ဗလီအနားသို့ပင် မလာလေနှင့်။ အဘယ်ကြောင့်ဆိုသော် မကောင်းသောအနံ့အသက်များကြောင့် လူတို့ စိတ်အနှောင့်အယှက် ဖြစ်သလို ကောင်းကင်တမန်များသည်လည်း အလားတူ စိတ်အနှောင့်အယှက်ဖြစ်လေသည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကြက်သွန်နီ သို့မဟုတ် ကြက်သွန်ဖြူစားထားသူအား ဗလီကျောင်းတော်သို့ လာရောက်ခြင်းမှ တားမြစ်ထားတော်မူသည်။ ထိုသို့တားမြစ်ရခြင်း၏ အကြောင်းရင်းမှာ ထိုအရာနှစ်မျိုး၏ မကောင်းသောအနံ့သည် ဗလီကျောင်းတော်သို့ ဂျမာအသ်ဖြင့်ဆွလာသ်ဝတ်ပြုရန် ရောက်ရှိလာကြသော အခြားညီနောင်များအား အနှောင့်အယှက် မဖြစ်စေရန် အတွက်ဖြစ်သည်။ ဤတားမြစ်ချက်သည် အမှန်စင်စစ် ဗလီသို့လာရောက်ခြင်းအား မနှစ်မြို့ဖွယ် တားမြစ်ချက်သာဖြစ်ပြီး ထိုအရာများကို စားသုံးခြင်းအား တားမြစ်ထားခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာနှစ်မျိုးကို စားသုံးခြင်းသည် ခွင့်ပြုထားသော (ဟလာလ်) အရာများဖြစ်သောကြောင့်တည်း။ တစ်ခါသော် အလ္လာဟ်အရှင်မြတ်၏ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ ဟင်းသီး ဟင်းရွက်များပါဝင်သည့် ဟင်းအိုးတစ်အိုးကို ယူဆောင်လာခဲ့ကြသည်။ သို့ရာတွင် တမန်တော်မြတ်သည် ယင်းဟင်းအိုးအတွင်းမှ အနံ့တစ်ခုကို ရှုရှိုက်မိပြီး ယင်းတွင် မည်သည့်အရာများပါဝင်သည်ကို မေးမြန်းသိရှိရသည့်အခါ၊ မိမိကိုယ်တိုင် စားသုံးရန်မှ ရှောင်ကြဉ်တော်မူကာ မိမိ၏ တပည့်ဆွဟာဗီတစ်ဦး ထံသို့ ပေးအပ်တော်မူသည်။ ထို ဆွဟာဗီကလည်း တမန်တော်မြတ်၏ လမ်းစဥ်ကို လိုက်နာလျက် ယင်းဟင်းကို စားရန် မနှစ်သက်ကြောင်း ပြောဆိုသောအခါ၊ တမန်တော်မြတ်သည် မြင်တော်မူ၍ ဤသို့မိန့်ကြားတော်မူသည်- " အသင် စားလော့။ (ငါကိုယ်တော်မြတ်အနေဖြင့် စားသုံးခြင်းမှ ရှောင်ကြဉ်ရခြင်းမှာ) ငါကိုယ်တော်မြတ်သည် ဝဟီအမိန့်တော်ယူဆောင်လာသော ကောင်းကင်တမန်များနှင့် စကားပြောဆိုရသောကြောင့် ဖြစ်သည်။" တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မကောင်း သော အနံ့အသက်များကြောင့် လူတို့ စိတ်အနှောင့် အယှက် ဖြစ်သလို ကောင်းကင်တမန်များသည်လည်း အလားတူ စိတ်အနှောင့်အယှက်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ သူသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ အကယ်၍ အသင်တို့အနက်တစ်ဦးတစ်ယောက်၏ တံခါးဝတွင် မြစ်တစ်ခုရှိပြီး ၎င်းသည် ထိုမြစ်ထဲ၌ နေ့စဉ်ငါးကြိမ် ရေဆင်းချိုးပါက သင်တို့မည်သို့ ထင်မြင်ပါသနည်း။ ထိုရေချိုးခြင်းက ၎င်းထံတွင် အညစ်အကြေး တစ်စုံတစ်ရာကျန်ရှိစေမည်လော။ သာဝကကြီးများက ၎င်း၌ အညစ်အကြေး တစ်စုံတစ်ရာကျန်ရှိစေလိမ့်မည် မဟုတ်ပါဟု ဖြေကြားခဲ့ကြသည်။ ထိုအခါ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ဆွလာသ်ငါးကြိမ်သည်လည်း ထိုပမာပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ကို အကြောင်းခံ၍ အပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးတော်မူသည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က နေ့နှင့်ညတွင် ဆောက်တည်သော ဆွလာသ်ငါးကြိမ်သည် သေးငယ်သောအပြစ်အကုသိုလ်များ၊ မကောင်းမှုများကို ပယ်ဖျက်ခြင်းကို လူတစ်ဦး၏ တံခါးဝတွင် မြစ်တစ်ခုရှိပြီး ထိုမြစ်ထဲ၌ နေ့စဉ် ငါးကြိမ် ရေချိုးသည့်အခါ ၎င်း၏ ခန္ဓာကိုယ်တွင် အညစ်အကြေးတစ်စုံတစ်ရာ မကျန်ရှိတော့သည့် ပမာဖြင့် ခိုင်းနှိုင်းပြတော်မူခဲ့သည်။
အမရ်ဗင်န် ရှိုအိုက်ဗ်က သူ၏ဖခင်မှတစ်ဆင့် သူ၏ဖခင်က သူ၏အဖိုးထံမှတစ်ဆင့် ဆင့်ပြန်ပြောကြားခဲ့သည်။ အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့၏သားသမီးများ အသက်ခုနှစ်နှစ်အရွယ် ရောက်သောအခါ ၎င်းတို့အား ဆွလာသ်ဆောက်တည်ရန် အမိန့်ပေးကြပါ။ ၎င်းတို့ အသက်ဆယ်နှစ်ရောက်သောအခါ (ဆွလာသ်ဝတ်မပြုလျှင်) ရိုက်ကြပါ။ ၎င်းတို့ကြား၌ အိပ်ရာများ ခွဲလိုက်ကြပါ။
رواه أبو داودတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန်ကြားတော်မူသည်မှာ ဧကန်အမှန်ပင် ဖခင်သည် သားသမီးများ အသက်ခုနှစ်နှစ် အရွယ်သို့ ရောက်သည့်အခါ ၎င်းတို့အား ဆွလာသ်ဆောက်တည်ရန် အမိန့်ပေးရမည်ဖြစ်ပြီး ဆွလာသ်ဆောက်တည်ရန် လိုအပ်သည့် အရာများအားသင်ကြားပေးရမည်။ ၎င်းတို့ အသက်ဆယ်နှစ်အရွယ်သို့ ရောက်လာသောအခါ အမိန့်ပေးရုံ သက်သက်မဟုတ်ဘဲ ဆွလာသ်ကိုပေါ့ဆပါက ရိုက်၍ဆုံးမရမည်ဖြစ်သည်။ ထို့ပြင် ၎င်းတို့ကြားတွင် အိပ်ရာများခွဲသိပ်ရမည်ဖြစ်သည်။
အဗ်ဒုရ်ရဟ်မာန်ဗင်န် အဗီလိုင်လာက ဆင့်ပြန်ပြောကြားခဲ့သည်။ ကအ်ဗ်ဗင်န် အုဂ်ျရဟ်သည် ကျွန်တော့်အားတွေ့ဆုံခဲ့ပြီး ကျွန်ုပ်သည် သင့်အားလက်ဆောင်တစ်ခုပေးရမလား ဟုပြောကြားခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်ုပ်တို့ထံ ကြွမြန်းလာတော်မူသည်။ ကျွန်တော်တို့က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးတို့သည် ကိုယ်တော့်အား မည်သို့စလာမ်ပေးရမည်ကို သိရှိကြပါသည်။ ကိုယ်တော့်အပေါ် မည်သို့ဆွလာသ်ပို့သရပါမည်နည်း။ဟု လျှောက်ထားခဲ့ကြသည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ သင်တို့ ဤသို့ရွတ်ဆိုကြပါ။ اَللّٰهُمَّ صَلِّ عَلَىٰ مُحَمَّدٍ وَعَلَىٰ آلِ مُحَمَّدٍ، كَمَا صَلَّيْتَ عَلىٰ آلِ إِبْرَاهِيمَ، إِنَّكَ حَمِيدٌ مَجِيدٌ. اَللّٰهُمَّ بَارِكْ عَلىٰ مُحَمَّدٍ وَعَلىٰ آلِ مُحَمَّدٍ، كَمَا بَارَكْتَ عَلىٰ آلِ إِبْرَاهِيمَ، إِنَّكَ حَمِيدٌ مَجِيدٌ “အလ္လာဟုမ္မဆွလ္လိ အလာမုဟမ္မဒ် ဝအလာ အားလိမုဟမ္မဒ် ကမာ ဆွလ္လိုင်းသ အလာအားလိ အိဗ်ရာဟီးမ အင်န်နက ဟမီးဒုမ်မဂျီးဒ်၊ အလ္လာဟုမ္မဗာရိက် အလာမုဟမ္မဒ် ဝအလာ အားလိမုဟမ္မဒ် ကမာ ဗာရက်သ အလာ အားလိ အိဗ်ရာဟီးမ အင်န်နက ဟမီးဒုမ်မဂျီးဒ်” အဓိပ္ပါယ် - (အို အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် အီဗရာဟီမ်၏ သား၊ မြေး၊ နောက်လိုက်များအပေါ်သို့ ရဟ်မသ်ဂရုဏာတော်အပေါင်း ခညောင်းစေတော်မူတော်မူသကဲ့သို့ မုဟမ္မဒ်နှင့် မုဟမ္မဒ်၏သားမြေး၊ နောက်လိုက်များအပေါ်သို့ ရဟ်မသ်ကရုဏာတော်အပေါင်း ခညောင်းစေတော်မူပါ။ ဧကန်စင်စစ် အသင်အရှင်မြတ်သည် ချီးမွမ်းထောမနာခြင်းအပေါင်းကို ခံထိုက်တော်မူသောအရှင်၊ ခပ်သိမ်းကုန်သော ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။ အို အလ္လာဟ်အရှင်မြတ်၊ အသင်အရှင်မြတ်သည် အီဗရာဟီမ်၏ သား၊ မြေးများ၊ နောက်လိုက်များ အပေါ်သို့ ဗရ်ကသ် ကောင်းချီးမင်္ဂလာအပေါင်း ခညောင်းစေတော်မူခဲ့သလို မုဟမ္မဒ်နှင့် မုဟမ္မဒ်၏သားမြေးများ၊ နောက်လိုက်များအပေါ်သို့ ဗရ်ကသ်ကောင်းချီးမင်္ဂလာအပေါင်း ခညောင်းစေတော်မူပါ။ ဧကန်စင်စစ် အသင်အရှင်မြတ်သည် ချီးမွမ်းထောမနာခြင်းအပေါင်းကို ခံထိုက်တော်မူသောအရှင်၊ ခပ်သိမ်းကုန်သော ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပါ၏။)
متفق عليهဆွဟာဗဟ် သာဝကကြီးများသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ကိုယ်တော့်အပေါ် ဆွလာသ် (ဒရူးဒ်)မည်သို့ပို့သရမည်နည်းဟု မေးမြန်းခဲ့ကြသည်။ ၎င်းတို့သည် အသ်သဟိယားသ် (သရှဟ်ဟုဒ်) အတွင်း၌ ရွတ်ဖတ်ရသည့် "...اَلسَّلَامُ عَلَيْكَ أَيُّهَا النَّبِيُّ وَرَحْمَةُ اللَٰهِ وَبَرَكَاتُهُ "ဟူသော တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အပေါ် စလာမ်မေတ္တာ ပို့သနည်းကို သိရှိပြီးနောက်မှ ထိုသို့ မေးမြန်းခဲ့ခြင်းဖြစ်သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ၎င်းတို့အား မိမိအပေါ် ဆွလာသ်(ဒရူးဒ်) ပို့သရမည့် နည်းလမ်းနှင့် ယင်း၏ဆိုလိုရင်းအဓိပ္ပာယ်ကို ရှင်းလင်း မိန့်ကြားတော်မူခဲ့သည်။ ထိုနည်းလမ်းမှာ - " اَللّٰهُمَّ صَلِّ عَلىٰ مُحَمَّدٍ وَّعَلىٰ آلِ مُحَمَّدٍ " ဆိုလိုသည်မှာ- အို အလ္လာဟ်အရှင်မြတ် အထက်ကောင်းကင်ရှိ အပါးတော်မြဲ ကောင်းကင်တမန်များထံတွင် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) နှင့်မုဟမ္မဒ်၏ ဆွေမျိုးသားချင်းများအနက် အီမာန်သက်ဝင်ယုံကြည်သူများနှင့် မုဟမ္မဒ်၏ သာသနာ့နောက်လိုက်တို့အား ချီးမွမ်းတော်မူပါ။ " كَمَا صَلَّيْتَ عَلىٰ آلِ إِبْرَاهِيمَ " ဆိုလိုသည်မှာ- အရှင်မြတ်သည် အိဗ်ရာဟီမ်(အလိုင်းဟိစ္စလာမ်)၏ အိမ်တော်သားများဖြစ်သည့် တမန်တော် အိဗ်ရာဟီးမ်၊ တမန်တော် အစ္စမာအီလ်၊ တမန်တော် အိစ်ဟာက်နှင့် ၎င်းတို့၏ သား၊မြေးများ၊ ၎င်းတို့၏ နောက်လိုက် မုအ်မင်န်များအပါ် ကျေးဇူးတော်များ ချီးမြှင့်တော်မူခဲ့သည့်အတိုင်း မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အပေါ်သို့လည်း ကျေးဇူးတော်များ ချီးမြှင့်တော်မူပါ။ “ إِنَّكَ حَمِيدٌ مَجِيدٌ ” ဆိုလိုသည်မှာ- အရှင်မြတ်သည် အရှင်မြတ်၏ဇာတိတော်၊ ဂုဏ်တော်အပေါင်းနှင့် လုပ်ဆောင်မှုများတွင် ချီးမွမ်းထောမနာခြင်းအပေါင်းကို ခံထိုက်တော်မူသောအရှင်၊ အရှင်မြတ်၏ကြီးကျယ်မှု၊ စိုးမိုးအုပ်ချုပ်မှု၊ ပေးကမ်းချီးမြှင့်မှုတို့တွင် ပြီးပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။ “ اَللّٰهُمَّ بَارِكْ عَلىٰ مُحَمَّدٍ وَعَلىٰ آلِ مُحَمَّدٍ كَمَا بَارَكْتَ عَلىٰ آلِ إِبْرَاهِيمَ " ဆိုလိုသည်မှာ- အို အလ္လာဟ်အရှင်မြတ် တမန်တော် မုဟမ္မဒ်အား ကောင်းချီးမင်္ဂလာ ချီးမြှင့်တော်မူပါ။ ဂုဏ်သိက္ခာကို ချီးမြှင့်ပေးသနားတော်မူပါ။ ထိုဂုဏ်သိက္ခာကို ကြီးကျယ်စေတော်မူပါ၊ တိုးပွား၍ ခိုင်မြဲစေတော်မူပါ။