





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အုဗာဒဟ်ဗင်န် ဆွာမိသ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ စူရဟ်ဖာသိဟဟ် မဖတ်ရွတ်သူ၏ ဆွလာသ်သည် အထမမြောက်ပေ။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်လင်း မိန့်ကြားတော်မူခဲ့သည်မှာ စူရဟ်ဖာသိဟဟ် မဖတ်ရွတ်ပါက ဆွလာသ်အထမြောက်မည် မဟုတ်ပါ။ သို့ဖြစ်၍ စူရဟ်ဖာသိဟဟ်သည် ဆွလာသ်၏ ရကအသ်တိုင်းတွင်ရှိသော ဖရ်ဿ်ွအချက်များအနက်မှ တစ်ခုဖြစ်သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ “မည်သူမဆို ဂျုမုအဟ်နေ့၌ ကိုယ်မသန့်ဖြစ်သည့်အခါရေချိုးသည့်အတိုင်း ရေချိုးပြီး ဆွလာသ်ဆောက်တည်ရန် ထွက်သွားပါက သူသည် ကုလားအုတ်တစ်ကောင်လှူသည့် အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ ဒုတိယအချိန်၌သွားသောသူသည် နွားတစ်ကောင်လှူသည့် အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ တတိယအချိန်၌သွားသောသူသည် ဦးချိုပါသောသိုးထီးတစ်ကောင် လှူသည့်အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ စတုတ္ထအချိန်၌သွားသောသူသည် ကြက်တစ်ကောင်လှူသည့် အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ ပဉ္စမအချိန်မှသွားသောသူသည် ဥတစ်လုံးလှူသည့်အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ အိမာမ် ခွသ်ဗဟ်ဗဟ်ဟောကြားရန် ထွက်ခွာလာသည့်အခါ ကောင်းကင်တမန်တော်များရောက်လာကြပြီး ခွသ်ဗဟ်ကို နားထောင်ကြပေသည်။”
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဂျုမုအဟ်ဆွလာသ်ဝတ်ပြုရန် စောစောစီးစီးသွားခြင်း၏အကျိုးကုသိုလ်ကို ဤသို့အသိပေးမိန့်ကြားထားသည်။ ဂျုမုအဟ်နေ့ နေထွက်သည့်အချိန်မှစ၍ခွသ်ဗဟ် ပေးမည့်အိမာမ်ရောက်လာသောအချိန်အတောအတွင်း ရောက်လာသူတိုင်းအား စောစီးစွာရောက်သူဟုသတ်မှတ်ထားပြီး ယင်းအချိန်သည် ပျမ်းမျှအားဖြင့် ငါးချိန်ရှိသည်။ ယင်းအချိန်ငါးချိန်ကို နေထွက်သည့်အချိန်မှစ၍အိမာမ်ဗလီထဲဝင်သည်အထိ၊ ထို့နောက်ခွသ်ဗဟ်ပေးရန် မင်န်ဗရ်ပေါ်တက်ခြင်း စသည့်အချိန်များနှင့်အညီ အောက်ပါအတိုင်း အချိန်ငါးချိန်ခွဲပေးထားသည်။ ၁။ မည်သူမဆို ကိုယ်မသန့်ဖြစ်သည့်အခါရေချိုးသည့်အတိုင်း အပြည့်အဝရေချိုးပြီး ဂျုမုအဟ်ဆွလာသ်ဝတ်ပြုသောဗလီသို့ ပထမအချိန်၌ထွက်ခွါသွားပါက သူသည် ကုလားအုတ်တစ်ကောင်လှူသည့် အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ ၂။ ဒုတိယအချိန်၌သွားသောသူသည် နွားတစ်ကောင်လှူသည့် အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ ၃။ တတိယအချိန်၌သွားသောသူသည် သိုးထီးတစ်ကောင် လှူသည့်အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ ၄။ စတုတ္ထအချိန်၌သွားသောသူသည် ကြက်တစ်ကောင်လှူသည့် အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ ၅။ ပဉ္စမအချိန်မှသွားသောသူသည် ဥတစ်လုံးလှူသည့်အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ အိမာမ်သည် သောကြာနေ့ခွသ်ဗဟ်မိန့်ခွန်းဟောကြားရန် ထွက်လာသောအခါ၊ ဗလီဝင်တံခါးများတွင်ထိုင်၍ဗလီသို့ ပထမ၊ ဒုတိယ၊ တတိယ အစဉ်အလိုက် ဝင်လာသူများ၏ကုသိုလ်ကို ရေးမှတ်နေသော မလာအိကဟ် ကောင်းကင်တမန်တော်များသည် ရေးမှတ်ခြင်းကို ရပ်တန့်ကာ အိမာမ်၏ခွသ်ဗဟ် မိန့်ခွန်းဟောကြားနေမှုကို နားထောင်ရန် လာရောက်ကြသည်။
အဗ်ဒုလ္လာဟ်ဗင်န်အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ဤသို့ မိန့်ကြားတော်မူသည်ကို ကျွန်ုပ်ကြားသိခဲ့ရသည်။ သင်တို့အနက်မှ မည်သူမဆို ဂျုမုအဟ် ဆွလာသ်ဝတ်ပြုရန် လာရောက်လျှင် သူသည် ရေချိုးရမည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဂျူမုအဟ်ဆွလာသ်ဝတ်ပြုရန် လာရောက်လိုသူအတွက် ဂျနာဗသ်( ကိုယ်မသန့်ဖြစ်ခြင်း)မှ ရေချိုးသကဲ့သို့ ရေချိုးခြင်းသည် ၎င်းအဖို့ မွတ်စ်သဟဗ်ဖြစ်ကြောင်း အလေးအနက် မိန့်ကြားတော်မူခဲ့သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အကြင်သူသည် ဝုဿူကို ကောင်းမွန်စွာပြုလုပ်၍ဂျုမုအဟ်ဆွလာသ်ဝတ်ပြုရန်လာပြီး ခွသ်ဗဟ်ကိုဂရုစိုက်၍ငြိမ်သက်စွာနားထောင်ပါက သူနှင့် ရှေ့လာမည့်(ဆယ်ရက် ဆိုလိုသည်မှာ ဤဂျုမုအဟ်နှင့် နောက်လာမည့်) ဂျုမုအဟ်အပြင် အပိုသုံးရက်(စုစုပေါင်းဆယ်ရက်)အတွင်းရှိအကုသိုလ်များခွင့်လွှတ်ပေးခြင်းခံရမည်။ အကြင်သူသည် (အလဟဿ )ကျောက်စ ရစ်ခဲများကိုင်ပါက သူသည် မှားယွင်းသည့်ကိစ္စရပ်ကို ကျူးလွန်လိုက်ခြင်းပင်ဖြစ်သည်။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားတော်မူသည်မှာ အကြင်သူသည် ဝုဿူကို ဝုဿူ၏ရုကွန်အချက်များ၊ စွန္နသ်အချက်များ၊ အာဒါဗ်အချက်များကို ကောင်းမွန်ပြည့်စုံအောင်ပြုလုပ်ပြီးနောက် ခွသ်ဗဟ်မိန့်ခွန်းပြောကြားသူ၏မိန့်ခွန်းကို ဂရုစိုက်၍ငြိမ်သက်စွာနားထောင်ကာ အမှားအယွင်းကျူးလွန်ခြင်းလည်းမရှိလျှင် အရှင်မြတ်သည် သူ့အား သူဆယ်ရက်အတွင်းကျူးလွန်သည့် အကုသိုလ်အသေးများကို ခွင့်လွှတ်ပေးမည်ဖြစ်သည်။ ယင်းဆယ်ရက်မှာ ဤဂျုမုအဟ်မှ နောက်ဂျုမုအဟ်ထိ ၇ရက်နှင့် အပိုသုံးရက်တို့ဖြစ်သည်။ ကောင်းမှုတစ်ခုသည် ဆယ်ဆတိုးပွါးသွားသည် ဟူသောအချက်ကိုထောက်ရှု၍သူဆယ်ရက်အတွင်းကျူးလွန်မိသော အကုသိုလ်များခွင့်လွှတ်ပေးမည်ဟုဆိုထားခြင်းဖြစ်သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ခွသ်ဗဟ်၌ဟောကြားနေသော တရားတော်များကို အာရုံမစိုက်ဘဲနေခြင်း၊ ကျောက်စရစ်ခဲများဖြင့်ဆော့ကစားခြင်းကဲ့သို့သော ခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့်အလဟဿကိစ္စများကို လုပ်ဆောင်ခြင်း၊ အခြားတစ်စုံတစ်ရာကိုလုပ်ဆောင်နေခြင်း၊ စသည့်အချည်းနှီးကိစ္စများကို ကျူးလွန်ခြင်းမှတားမြစ်ထားသည်။ အကြောင်းမှာ ခွသ်ဗဟ်အချိန်၌အလ ဟဿကိစ္စများကို ပြုလုပ်ခြင်းသည် အမှားကျူးလွန်ခြင်းပင်ဖြစ်သည်။ အမှားအယွင်းတစ်စုံတစ်ရာကို ကျူးလွန်ခြင်းဖြင့် ဂျုမုအဟ်ဆွလာသ်၏ကု သိုလ်ကိုအပြည့်အဝရရှိတော့မည်မဟုတ်ပေ။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။ မည်သူမဆို မနက် (သို့မဟုတ်) ညနေတွင် ( ဆွလာသ်ဝတ်ပြုရန်အတွက် ) ဗလီသို့ သွားရောက်မည်ဆိုလျှင် မနက် (သို့မဟုတ်) ညနေသွားသည့်အခါတိုင်းတွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအတွက် ဂျန္နတ်သုခဘုံ၌ ဧည့်ခံကျွေးမွေးမှုကို အသင့်ပြင်ဆင်ထားတော်မူမည်ဖြစ်သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မည်သည့်အချိန်ဖြစ်စေ (မနက်ခင်း သို့မဟုတ် ညနေခင်း) တွင် ဝတ်ပြုကိုးကွယ်ရန်၊ သာသနာ့ပညာသင်ယူရန် သို့မဟုတ် အခြားသော ကောင်းမြတ်သည့် ရည်ရွယ်ချက်များဖြင့် ဗလီသို့ သွားရောက်သူအား အလ္လာဟ်အရှင်မြတ်က ဂျန္နတ်သုခဘုံ၌ နေရာထိုင်ခင်းနှင့် ဧည့်ခံကျွေးမွေးမှုများကိုအသင့်ပြင်ဆင်ထားတော်မူကြောင်း သတင်းကောင်းပေးတော်မူခဲ့သည်။ ထိုသူသည် မနက်တိုင်း သို့မဟုတ် ညနေတိုင်းတွင် ဗလီသို့ သွားပါက (အကြိမ်တိုင်းအတွက် ဤကြီးကျယ်သော ဆုလာဘ်ကို ရရှိမည်ဖြစ်သည်။)
အဗ်ဒွလ္လာဟ်ဗင်န်စလာမ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မဒီနဟ်သို့ကြွမြန်းလာတော်မူသောအခါ လူတို့သည် ကိုယ်တော့်ဘက်သို့အလျင်အမြန်ရောက်လာခဲ့ကြသည်။ လူတစ်ချို့က ကိုယ်တော်မြတ်လာပြီ၊ ကိုယ်တော်မြတ်လာပြီ၊ ကိုယ်တော်မြတ်လာပြီဟုပြောကြသည်။ (ဆင့်ပြန်သူကပြောသည်မှာ)ကျွန်တော်လည်းပဲ ကိုယ်တော်မြတ်ကိုကြည့်ရန် လူအုပ်ကြီးထဲသို့လာခဲ့သည်။ ကိုယ်တော်မြတ်အားရှင်းလင်းစွာမြင်တွေ့ရသည့်အခါ ကိုယ်တော်မြတ်၏မျက်နှာသည် လူလိမ်မျက်နှာမဟုတ်ကြောင်း ကျွန်တော်သိခဲ့ရသည်။ ကျွန်တော်ပထမဦးစွာကြားသိခဲ့ရသည့် ကိုယ်တော်မြတ်၏မိန့်ခြွေချက်မှာ အို လူသားအပေါင်းတို့ စလာမ်များများပေးကြပါ။ အစားအသောက်များ ကျွေးမွေးကြပါ။ ဆွေမျိုးအဆက်သွယ်ထားကြပါ။ လူများအိပ်နေစဥ် ည၌ဆွလာသ်ဝတ်ပြုကြပါ။ အသင်တို့သည် ဂျန္နသ်သို့ ငြိမ်းချမ်းစွာဝင်ကြရမည်။
رواه الترمذي وابن ماجه وأحمدတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မဒီနဟ်သို့ကြွမြန်းလာတော်မူသောအခါကိုယ်တော်မြတ်အား လူများမြင်တွေ့ကြသောကြောင့် လူတို့သည် ကိုယ်တော့်ဘက်သို့အလျင်အမြန်သွားခဲ့ကြသည်။ ထိုသို့ကိုယ်တော်မြတ်ဘက်သို့ သွားကြသူများထဲတွင် အဗ်ဒွလ္လာဟ်ဗင်န်စလာမ်လည်းပါရှိသည်။ ထိုအခါက သူသည် ယဟူဒီအဖြစ်ရှိနေခဲ့ပြီး အစ္စလာမ်ကို နောက်မှလက်ခံခဲ့သည်။ သူသည် ကိုယ်တော်မြတ်အား မြင်တွေ့ရသည့်အခါ ကိုယ်တော်မြတ်၏မျက်နှာတော်တွင် လင်းဝင်းမှု၊ လှပမှုနှင့် ရိုသေလးစားဖွယ်ကောင်းသော စစ်မှန်သည့်ဂုဏ်အရှိန်အဝါရှိနေသောကြောင့် ကိုယ်တော်မြတ်၏မျက်နှာသည် လူလိမ်မျက်နှာမဟုတ်ကြောင်းသိခဲ့သည်။ သူသည် ပထမဦးစွာကြားသိခဲ့ရသည့် ကိုယ်တော်မြတ်၏မိန့်ကြားချက်မှာ ကိုယ်တော်မြတ်သည် လူတို့အားဂျန္နသ် သုခဘုံသို့ဝင်ရောက်စေမည့် လုပ်ရပ်များအားလုပ်ဆောင်ကြရန် တိုက်တွန်းခြင်းဖြစ်သည်။ ၎င်းတို့အနက်မှအချို့မှာ - ၁။ အသင်သိသောသူကိုဖြစ်စေ၊ မသိသောသူကိုဖြစ်စေ စလာမ်များများပေးခြင်းဖြင့် စလာမ်ကိုဖြန့်ခြင်း။ ၂။ ဆွဒ်ကဟ်အလှူဒါနဖြင့်ဖြစ်စေ၊ လက်ဆောင်အနေဖြင့်ဖြစ်စေ ဧည့်သည်များအားဖိတ်ကြား၍ဖြစ်စေ အစားအသောက်များ ကျွေးမွေးခြင်း။ ၃။ ဖခင် သို့မဟုတ် မိခင် ဘက်မှဆွေမျိုးတော်ဆက်သူများအား ဆွေမျိုးအဆက်သွယ်ထားခြင်း။ ၄။ လူများအိပ်နေစဥ် ည၌နဖ်လ်ဆွလာသ်ဝတ်ပြုခြင်း။
အဗ်ဒုလ္လာဟ် ဗင်န် အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ သင်တို့အားလုံးသည် အုပ်ထိန်းသူများဖြစ်ကြပြီး၊ မိမိ၏ လက်အောက် ငယ်သားများနှင့် ပတ်သတ်ပြီး မေးမြန်းခြင်းခံကြရမည် ဖြစ်သည်။ လူတို့အား အုပ်ချုပ်သည့် ခေါင်းဆောင်သည် အုပ်ထိန်းသူဖြစ်ပြီး မိမိ၏ လက်အောက်ငယ်သားများနှင့် ပတ်သတ်ပြီး မေးမြန်းခြင်းခံရမည်။ အမျိုးသားသည် မိမိ၏ မိသားစုအပေါ်အုပ်ထိန်းသူဖြစ်ပြီး၊ ၎င်းတို့နှင့်ပတ်သတ်၍ မေးမြန်းခြင်းခံရမည်။ ဇနီးသည် မိမိခင်ပွန်း၏ အိမ်နှင့် သားသမီးများ၏ အုပ်ထိန်းသူဖြစ်ပြီး၊ ၎င်းတို့နှင့် ပတ်သတ်၍ မေးမြန်းခြင်းခံရမည်။ ကျွန်သည် မိမိသခင်၏ ဥစ္စာပစ္စည်းကို အုပ်ထိန်းသူဖြစ်ပြီး၊ ယင်းဥစ္စာပစ္စည်းနှင့် ပတ်သတ်၍ မေးမြန်းခြင်းခံရမည်။ သတိပြုကြလေကုန်၊ သင်တို့အားလုံးသည် အုပ်ထိန်းသူများဖြစ်ကြသည်။ မိမိ၏လက်အောက် ငယ်သားများနှင့် ပတ်သတ်ပြီး မေးမြန်းခြင်းခံကြရမည် ဖြစ်သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က လူ့အဖွဲ့အစည်းတွင် ရှိသော မွတ်စ်လင်မ်တိုင်းတွင် ထမ်းဆောင်ရမည့် တာဝန်များရှိကြောင်း မိန့်ကြားတော်မူခဲ့သည်။ အုပ်ချုပ်သူခေါင်းဆောင်သည် အလ္လာဟ်အရှင်မြတ်က မိမိအား အုပ်ချုပ်ခွင့်ပေးအပ်ထားသော လက်အောက်ခံများ၏ အုပ်ထိန်းသူဖြစ်သည်။ သို့ဖြစ်၍ ၎င်းအပေါ်၌ သူတို့၏ သာသနာရေးကိစ္စများကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ သူတို့အား မတရားလုပ်သူတို့မှ ကာကွယ်ပေးရန်၊ သူတို့၏ ရန်သူများကို တိုက်ခိုက်ရန်နှင့် သူတို့၏အခွင့်အရေးများ ဆုံးရှုံးခြင်းမရှိစေရန် တာဝန်ရှိသည်။ အိမ်ထောင်ဦးစီး အမျိုးသားသည် မိမိအိမ်သူအိမ်သားများအား စားဝတ်နေရေးထောက်ပံ့ရန်၊ ကောင်းမွန်စွာဆက်ဆံရန်၊ ပညာသင်ကြားပေးရန်နှင့် စာရိတ္တပျိုးထောင်ပေးရန် တာဝန်ရှိသူဖြစ်သည်။ ဇနီးသည် မိမိခင်ပွန်း၏ အိမ်ကို ကောင်းမွန်စွာ ထိန်းသိမ်းရန်နှင့် သားသမီးများကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ရန် တာဝန်ရှိသူဖြစ်သည်။ သူမသည် ထိုတာဝန်များနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်း ခံရမည်ဖြစ်သည်။ အစေခံနှင့် အလုပ်သမားသည် မိမိထံတွင်ရှိသော သခင်၏ ဥစ္စာပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် သခင့်အား အမှုတော်ထမ်းရန် တာဝန်ရှိသည်။ ၎င်းသည် ထိုတာဝန်များနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်းကို ခံရမည်ဖြစ်သည်။ သို့ဖြစ်ရာ လူတိုင်းသည်မိမိအား အပ်နှင်းထားသော တာဝန်ဝတ္တရားများအတွက် အုပ်ထိန်းသူဖြစ်ပြီး လူတိုင်းသည် မိမိ၏လက်အောက်ခံများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်းကို ခံရမည်ဖြစ်သည်။
အဗ်ဒွလ္လာဟ်ဗင်န်မတ်စ်အူဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်သည်။ ကျွန်တော်တို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူရှိနေစဉ် ကိုယ်တော်ကမိန့်တော်မူသည်မှာ မည်သူမဆိုလက်ထပ်နိုင်စွမ်းရှိပါက လက်ထပ်ထိမ်းမြားလိုက်ပါ။ အဘယ်ကြောင့်ဆိုသော နိကာဟ် ထိမ်းမြားခြင်းသည် မျက်လွှာကို (ဟရာမ်တားမြစ်ထားသည့်အရာများမှ) အလွန်ပင်ထိန်းသိန်း ပေးသည်။ အရှက်အင်္ဂါကို (မကောင်းမှုမှ) အလွန်ပင်ထိန်းသိမ်းပေးသည်။ လက်ထပ်နိုင်စွမ်းမရှိသူသည် ဆောင်မ် ဥပုသ်စောင့်ပါ။ အဘယ့်ကြောင့်ဆိုသော် ဆောင်မ် ဥပုသ်စောင့်ခြင်းသည် ရာဂစိတ်ထကြွမှုကိုလျော့ကျစေသည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က လက်ထပ်နိုင်စွမ်းရှိသောသူ၊ ထိမ်းမြားရန်လိုအပ်သော ကုန်ကျစရိတ်ကို တက်စွမ်းနိုင်သူကိုလက်ထပ်ရန်တိုက်တွန်းခဲ့သည်။ ဤသည် မိမိ၏အရှူကို ဟရာမ်တားမြစ်ထားသောအရာမှ အလွန်ပင်ထိန်းသိန်းပေးသည့်အပြင် မိမိ၏အရှက်အင်္ဂါကိုလည်း အလွန်ပင်ကာကွယ်ပေးပြီး စက်ဆုပ်ရွံရှာဖွယ်ရာများ၌ကျရောက်ခြင်းမှအလွန်ပင်တားမြစ်ပေးသည်။ ပေါင်းသင်းဆက်ဆံရန်တတ်စွမ်းနိုင်သော်လည်း နိကာဟ်ထိမ်းမြားရန်အတွက် ကုန်ကျစရိတ်မတတ်စွမ်းနိုင်သူသည် ဆောင်မ်ဥပုသ်ဆောင့်ရမည်။ အဘယ့်ကြောင့်ဆိုသော် ဆောင်မ်ဥပုသ်ဆောင့်ခြင်းသည် ရာဂစိတ်နှင့်သုက်ရည်၏ဆိုးကျိုးမှပြတ်တောက်စေသည်။
အုက်ဗဟ် ဗင်န် အာမိရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့ သူစိမ်းအမျိုးသမီးများထံ ဝင်ထွက်သွားလာခြင်းကို ရှောင်ကြဉ်ကြလော့။ ထိုအခါ အန်စွာရီ စွဟာဗီတစ်ပါးက လျှောက်ထားမေးမြန်းသည်မှာ - အို အလ္လာဟ်အရှင်မြတ်ရဲ့ရစူလ်၊ ခင်ပွန်းရဲ့သားချင်း (ညီ၊ အစ်ကို) များနှင့်ပတ်သတ်၍ ကိုယ်တော် မည်သို့ မိန့်ကြားတော်မူပါမည်နည်း။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကမိန့်တော်မူသည်။ ခင်ပွန်းရဲ့သားချင်းများဟာ သေခြင်းတရား ပင်ဖြစ်သည်။ (တစ်နည်း သေတာထက်ပင် ပိုအန္တရာယ်ကြီးသည်ကို ဆိုလိုခြင်းဖြစ်သည်။)
متفق عليهအလ္လာဟ်အရှင်မြတ်၏ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် သူစိမ်းအမျိုးသမီးများနှင့် ရောနှောခြင်းမှ သတိပေးတားမြစ်ခဲ့သည်။ ကိုယ်တော်က မိန့်ကြားတော်မူခဲ့သည်- "သင်တို့သည် ကိုယ်တိုင် သူစိမ်းအမျိုးသမီးများထံ ဝင်ထွက်သွားလာခြင်းမှ ရှောင်ကြဉ်လော့။ ထိုနည်းတူ သူစိမ်းအမျိုးများသည်လည်း သင်တို့ထံ ဝင်ထွက်သွားလာခြင်းမှ ရှောင်ကြဉ်ခိုင်းလော့"။ ထိုအခါ အန်စွာရီ စွဟာဗီတစ်ပါးက လျှောက်ထားမေးမြန်းသည်မှာ - အို အလ္လာဟ်အရှင်မြတ်ရဲ့ရစူလ်၊ ခင်ပွန်း၏ ဆွေမျိုးသားချင်းများ (ဥပမာ- ခင်ပွန်း၏ညီ၊ အစ်ကို၊ တူ၊ ဦးလေး၊ ဝမ်းကွဲညီအစ်ကိုများ)စသည့် ထိုအမျိုးသမီး အိမ်ထောင်မပြုရသေးပါက လက်ထပ်ခွင့်ရှိသည့် သားချင်းများနှင့် ပတ်သတ်၍ ကိုယ်တော် မည်သို့ မိန့်ကြားတော်မူပါမည်နည်း။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ်လ္လမ်) က မိန့်ကြားတော်မူသည်မှာ - "သင်တို့သည် သေဘေးမှ သတိထားဆင်ခြင်ကြသကဲ့သို့ ထိုအရာ (အမျိုးသမီးများထံ ဝင်ထွက်သွားလာခြင်း) မှလည်း အလားတူ သတိထားဆင်ခြင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ခင်ပွန်း၏ ဆွေမျိုးများနှင့် အကွယ်၌ နှစ်ကိုတည်း ရှိနေခြင်းသည် သာသနာတွင် ပြသနာများနှင့် ပျက်စီးခြင်းဘက်သို့ ရောက်ရှိစေသောကြောင့်တည်း။ ခင်ပွန်း၏ဖခင်နှင့် သားများကို ချန်လှပ်ထားပြီး ခင်ပွန်း၏ အခြားဆွေမျိုးများနှင့် အကွယ်၌ နှစ်ကိုတည်းရှိခြင်းကို တားမြစ်ခြင်းမှာ သူစိမ်းများနှင့် အကွယ်၌ နှစ်ကိုတည်းရှိခြင်းကို တားမြစ်ခြင်းထက် ပို၍ပင် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် အခြားသူများထက် ထိုသူများနှင့် အကွယ်၌ နှစ်ကိုတည်းရှိရန် အခွင့်အလမ်းများလည်း ပိုများပြီး မကောင်းမှုနှင့် ပြသနာဖြစ်နိုင်ခြေလည်း ပိုများသောကြောင့်ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ထိုသူများသည် အမျိုးသမီးထံ အလွယ်တကူ ချဉ်းကပ်နိုင်ပြီး အမျိုးသမီးနှင့် အကွယ်၌ နှစ်ကိုတည်းရှိရန်အခွင့်အရေးရရှိခြင်းသည်လည်း သာမန်ကိစ္စတစ်ခုအဖြစ် ရှိနေသောကြောင့်ဖြစ်ကာ၊ ထိုသို့ဖြစ်ခြင်းအား ကန့်ကွက်ရန် အခွင့်အရေးလည်း နည်းပါးနေသောကြောင့်ဖြစ်သည်။ အမျိုးသမီးအနေဖြင့် ခင်ပွန်း၏ နီးစပ်သော ဆွေမျိုးများမှ လုံးဝကွဲကွာ၍ သီးသန့်နေထိုင်ရန်မှာ လက်တွေ့အားဖြင့် မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။ ဤကိစ္စတွင် ယေဘုယျအားဖြင့် ပေါ့လျော့မှုများလည်း ရှိတတ်သည်။ ထို့ကြောင့် အမျိုးသားတစ်ဦးသည် မကြာခဏဆိုသလိုပင် မိမိအကို၏ ဇနီးနှင့် အကွယ်၌ နှစ်ကိုတည်းရှိခြင်းမျိုး ဖြစ်တတ်သည်။ သို့ဖြစ်ရာ ၎င်းကိစ္စရပ်သည် ယုတ်ညံ့မှုနှင့် ဆိုးကျိုးတွင် သေခြင်းတရားနှင့် တူညီသည်။ ဤသို့မဟုတ်ဘဲ သူစိမ်းအမျိုးသားတစ်ဦးနှင့်ဆိုလျှင် ထိုအဖြစ်အပျက်မှ သတိထားဆင်ခြင်နိုင်မည် ဖြစ်သည်။