





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
မာလိက် ဗင်န် အောင်စ် ဗင်န် ဟဒစားန်က ဆင့်ပြန်ခဲ့သည်။ သူက ပြောပြခဲ့သည်မှာ- ကျွန်ုပ်သည် ( ရွှေဒင်္ဂါးကို ) ငွေဒင်္ဂါးဖြင့် လဲလှယ်ပေးမည့်သူ ရှိပါသလားဟု မေးမြန်းရန် ရောက်ရှိလာခဲ့သည်။ ထိုအခါ သွလ်ဟာ ဗင်န် အုဘိုင်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု) - ထိုအချိန်၌ ၎င်းသည် အုမရ် ဗင်န် ခသ်သွားဗ် (ရဿွိယလ္လာဟုအန်ဟု) ၏ အနားတွင် ရှိနေခဲ့သည်- "သင့်ရွှေကို ကျွန်ုပ်အား ပြပါ၊ ထို့နောက် (နောက်မှ) ကျွန်ုပ်ထံ ပြန်လာပါ။ ကျွန်ုပ်၏ အစေခံ လာသောအခါ ကျွန်ုပ် သင့်အား သင့်ငွေကို ပေးဆောင်ပါမည်" ဟု ပြောခဲ့သည်။ ထိုစကားကို ကြားရသောအခါ အုမရ် ဗင်န် ခသ်သွားဗ် (ရဿွိယလ္လာဟုအန်ဟု) က ပြောဆိုခဲ့သည်မှာ- "အလျှင်းမဖြစ်နိုင်ပါ၊ အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ပြောမည်။ အသင် သူ့အား သူ၏ငွေကို (ယခုချက်ချင်း) ပေးဆောင်ရမည် သို့မဟုတ် သူ၏ရွှေကို ပြန်လည်ပေးအပ်ရမည်" အဘယ့်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူခဲ့သည် - ငွေကို ရွှေဖြင့် လဲလှယ် ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။ဂျုံကို ဂျုံဖြင့် လဲလှယ် ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။ မုယောစပါးကို မုယောစပါးဖြင့် လဲလှယ်ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။ စွန်ပလွံသီးကို စွန်ပလွံသီးဖြင့် လဲလှယ်ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။
متفق عليهသာဗီအီတစ်ဦးဖြစ်သူ မာလိက် ဗင်န် အောင်စ်က ဆင့်ပြန်ပြောပြခဲ့သည်မှာ - ၎င်းထံတွင် ရွှေဒင်္ဂါးများ ရှိပြီး၊ ၎င်းသည် ထိုရွှေဒင်္ဂါးများကို ငွေဒင်္ဂါးများဖြင့် လဲလှယ်လိုသည်။ ထိုအခါ သွလ်ဟာ ဗင်န် အုဘိုင်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု) က ၎င်းအား " သင့် ရွှေဒင်္ဂါးများကို ကျွန်ုပ်အား ပေးပါ၊ ကျွန်ုပ် ကြည့်ရှုလိုပါသည်" ဟု ပြောခဲ့သည်။ ထို့နောက် ဝယ်ယူရန် စိတ်ဆုံးဖြတ်ပြီးသောအခါ "ကျွန်ုပ်၏ အစေခံ လာသောအခါ သင်ပြန်လာပါ၊ ကျွန်ုပ် သင့်အား ငွေဒင်္ဂါးများ ပေးဆောင်ပါမည်" ဟု ပြောခဲ့သည်။ ထိုအချိန်၌ အုမရ် ဗင်န် ခသ်သွားဗ် (ရဿွိယလ္လာဟုအန်ဟု)လည်း ထိုနေရာတွင် ရှိနေခဲ့သည်။ ထိုအခါ ၎င်း(အုမရ် ဗင်န် ခသ်သွားဗ်)က ဤသို့သော ငွေကြေးလဲလှယ်မှုမျိုးကို ငြင်းဆန်ခဲ့ပြီး သွလ်ဟာ (ရဿွိယလ္လာဟုအန်ဟု)အား ယခုချက်ချင်း ငွေကိုပေးရန် သို့မဟုတ် မာလိက် ဗင်န် အောင်စ် ထံမှ ယူထားသော ရွှေကို ပြန်လည်ပေးအပ်ရန် အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ ပြောဆိုခဲ့သည်။ ထိုသို့ပြုရခြင်း၏ အကြောင်းရင်းမှာ အလ္လာဟ်အရှင်မြတ်၏ နဗီတမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "ရွှေကို ငွေဖြင့် သို့မဟုတ် ငွေကို ရွှေဖြင့် လဲလှယ် ရောင်းချလိုပါက၊ အရောင်းဝယ်လုပ်သည့် ပစ္စည်းကို ချက်ချင်းလက်ငင်း ရယူရမည်။ သို့မဟုတ်ပါက ထိုအရောင်းအဝယ်သည် တားမြစ်ထားသောအတိုး ဖြစ်သွားမည်ဖြစ်ပြီး ထိုရောင်းဝယ်မှုသည်လည်း ပျက်ပြားသွားမည်" ဟု မိန့်ကြားခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ရွှေကို ငွေဖြင့် သို့မဟုတ် ငွေကို ရွှေဖြင့် လှဲလယ်ရောင်းချခြင်းသည် ချက်ချင်းလက်ငင်း ရောင်းဝယ်ခြင်းနှင့် နှစ်ဖက်စလုံးမှ (အရောင်းဝယ်လုပ်သည့် ပစ္စည်းကို) လက်ခံရယူခြင်း ရှိမှသာလျှင် မှန်ကန်ပါမည်။ အလားတူပင် ဂျုံနုကို ဂျုံနုဖြင့်၊ ဂျုံကြမ်းကို ဂျုံကြမ်းဖြင့် မုယောစပါးကို မုယောစပါးဖြင့်၊ စွန်ပလွံသီးကို စွန်ပလွံသီးဖြင့် ရောင်းချခြင်းသည် အလေးချိန်၊ ပမာဏ တူညီမှုရှိပြီး နှစ်ဖက်စလုံးမှ ချက်ချင်းလက်ငင်း လက်ခံရယူခြင်း ရှိမှသာလျှင် မှန်ကန်ပါမည်။ ဤပစ္စည်းများတွင် တစ်ဖက်သို့ လက်ငင်းပေးချေခြင်းနှင့် တစ်ဖက်သို့ နောက်ကျပေးချေခြင်း မပိုင်ပေ။ ထို့အပြင် လက်ခံရယူခြင်းမပြုမီ အရောင်းအဝယ်လုပ်သူနှစ်ဦး ခွဲခွာသွားခြင်းလည်း မပိုင်ပေ။
အွတ်စ်မားန် ဗင်န် အဘီလ်အားဆ်ွ အတ်စ်စကဖီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်မှာ - သူသည် အစ္စလာမ်သာသနာကို လက်ခံပြီးကတည်းက မိမိ၏ ခန္ဓာကိုယ်တွင် ခံစားရသောနာကျင်မှုတစ်ခုကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ တိုင်ကြားခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သူ့အား ဤသို့မိန့်ကြားတော်မူခဲ့သည် - သင့် ကိုယ်ခန္ဓာ၏ နာကျင်ကိုက်ခဲနေသော နေရာပေါ်သို့ သင်၏လက်ကို ထားလော့။ ထို့နောက် သုံးကြိမ် 'ဗိစ်မိလ္လာဟ်' ( بِاسْمِ اللهِ )ရွတ်ဆိုပါ။ ထို့နောက် ခုနစ်ကြိမ် (أَعُوذُ بِاللهِ وَقُدْرَتِهِ مِنْ شَرِّ مَا أَجِدُ وَأُحَاذِرُ) 'အအူဇုဘိလ္လာဟိ ဝကုဒ်ရသိဟီ မင်န်ရှရ်ရိ မာအဂျိဒု ဝအုဟာဇိရု' (ကျွန်တော်မျိုးခံစားနေရပြီး စိုးရိမ်ကြောင့်ကြနေသော အရာ၏ ဘေးရန်မှ အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်၏ ဘုန်းတန်ခိုးတော်အားဖြင့် ခိုလှုံပါ၏) ဟု ရွတ်ဆိုပါ ။
رواه مسلمအွတ်စ်မားန် ဗင်န် အဘီလ်အားစ်ွ (ရဿွိယလ္လာဟုအန်ဟု) သည် သူ့အား ဖျက်စီးလုနီးနီး ဖြစ်စေသော (အလွန်ပြင်းထန်သော)ရောဂါဝေဒနာကို ခံစားခဲ့ရသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ်လ္လမ်) သည် ၎င်းထံ လူမမာမေးမြန်းကြည့်ရှုရန် ကြွမြန်းလာတော်မူပြီး၊ ဒုအာတစ်ပုဒ်ကို သင်ပေးတော်မူခဲ့သည်။ ထိုဒုအာဖြင့် အလ္လာဟ်အရှင်မြတ်သည် သူခံစားနေရသော ရောဂါဝေဒနာကို ပျောက်ကင်းစေတော်မူနိုင်သည်။ ထိုဒုအာမှာ- နာကျင်သော နေရာပေါ်တွင် မိမိ၏လက်ကိုတင်ကာ "ဗိစ်မိလ္လာဟ်" (အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့်) ဟု သုံးကြိမ် ရွတ်ဆိုရမည်။ ထို့နောက် ခုနစ်ကြိမ် ဤသို့ဒုအာရွတ်ဆိုရမည် ။ "အအူဇု ဗိလ္လာဟိ ဝကုဒ်ရသိဟီ မင်န်ရှရ်ရိ မာအဂျိဒု ဝအုဟာဇိရု" ဆိုလိုသည်မှာ - "ကျွန်တော်မျိုး လက်ရှိခံစားနေရသော နာကျင်မှု ဝေဒနာမှ အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ဘုန်းတန်ခိုးတော်အားဖြင့် ခိုလှုံပါ၏။ ထို့ပြင် အနာဂတ်တွင် ဖြစ်လာမည့် ပူပန်သောကနှင့် ကြောက်ရွံ့စိုးရိမ်ရသော အရာမှလည်းကောင်း သို့မဟုတ် ဤရောဂါသည် နာတာရှည်ဖြစ်လာပြီး ၎င်း၏ဝေဒနာသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခြင်းမှ လည်းကောင်း အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံပါ၏" ဟူ၍ဖြစ်သည်။
အိဗ်နုအဗ္ဗားစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်သည်မှာ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူတို့တွင် အရက်ရောဆုံးသူဖြစ်သည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏အရက်ရောဆုံးအခြေအနေမှာ ရမဿွာန်လ၌ကိုယ်တော့်ထံသို့ ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)လာတွေ့သောအချိန်ဖြစ်သည်။ ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)သည် ကိုယ်တော်မြတ်ကို ရမဿွာန်လ၏ညတိုင်းလာတွေ့ပြီး ကိုယ်တော်မြတ်နှင့်အပြန်အလှန်ကျမ်းမြတ်ကုရ်အာန်ဖတ်ပြလေ့ရှိသည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကောင်းမှုနှင့်ပတ်သက်၍(အဖန်ဆင်းခံအားလုံးအား အကျိုးပြုရာတွင်)စေလွှတ်ခြင်းခံရသော လေထက်ပင်ပို၍ရက်ရောတော်မူပေသည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူတို့တွင် အရက်ရောဆုံးသူဖြစ်သည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ရမဿွာန်လမြတ်တွင် ပို၍ရက်ရောတော်မူလေရာ ပေးသင့်သောသူကို ပေးသင့်သည့်အရာကို ပေးလေသည်။ ရက်ရောရသည့်အကြောင်းတရားမှာ ကိစ္စရပ်နှစ်ခုကြောင့်ဖြစ်သည်။ ၎င်းတို့မှာ ၁။ ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)နှင့်တွေ့ဆုံရခြင်း။ ၂။ အပြန်အလှန်ကျမ်းမြတ်ကုရ်အာန်ကို အလွတ်ဖတ်ခြင်း။ ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)သည် ကိုယ်တော်မြတ်နှင့် ကျမ်းမြတ်ကုရ်အာန်မှ ကျရောက်ခဲ့သမျှကို အပြန်အလှန်ဖတ်ပြလေ့ရှိသည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလွန်ပင်ရက်ရောသူ၊ အလွန်ပင်ကောင်းမှုပြုသောသူဖြစ်ပြီး အလ္လာဟ်အရှင်မြတ်သည် မိုးရွာသွန်းခြင်းနှင့် ဂရုဏာတော်များချပေးတော်မူရန်စေလွှတ်လိုက်သော လေကောင်းလေသန့်က လျင်မြန်စွာ အဖန်ဆင်းခံအပေါင်းအား အကျိုးပြုသည်ထက်ပို၍တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အဖန်ဆင်းခံအပေါင်းအား ပို၍လျင်မြန်စွာအကျိုးပြုသောသူလည်း ဖြစ်ပေသည်။
အဗူဇုဟိုင်းရ် အုမာရဟ် ဗင်န် ရုအိုင်ဘဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို နေမထွက်မီ ဆွလာသ်နှင့် နေမဝင်မီ ဆွလာသ်ကို ဝတ်ပြုပါက ထိုသူသည် ငရဲမီးထဲသို့ လုံးဝဝင်ရမည် မဟုတ်ပါ။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဖဂျရ်နှင့် အစွရ်ဆွလာသ်နှစ်ခုကို ပုံမှန်မပြတ် ဝတ်ပြုသူသည် ငရဲမီးထဲသို့ လုံးဝဝင်ရမည် မဟုတ်ဟု မိန့်ကြားတော်မူခဲ့သည်။ ထိုဆွလာသ်နှစ်ခုကို အထူးဖော်ပြရခြင်းအကြောင်းမှာ ၎င်းတို့သည် (စောင့်ထိန်းရန်) အလေးလံ(အခက်ခဲ)ဆုံး ဆွလာသ်များဖြစ်သော ကြောင့်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဖဂျရ်ဆွလာသ်၏အချိန်သည် အိပ်ပျော်နေချိန်၊ အိပ်ခြင်း၏ ချိုမြိန်နေချိန်တွင်ဖြစ်ပြီး အစွရ်ဆွလာသ်၏အချိန်သည် နေ့ဖက်အလုပ်ကိစ္စများ၊ ကုန်သွယ်ရေးလုပ်ငန်းများနှင့် အလုပ်ရှုပ်နေချိန်တွင် ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဤအခက်ခဲဒုက္ခများရှိပါလျက် ထိုဆွလာသ်နှစ်ခုကို စောင့်ထိန်းဝတ်ပြုနိုင်သူသည် အခြားဆွလာသ်များကိုလည်း စောင့်ထိန်းဝတ်ပြုနိုင်မည်ဖြစ်သည်။
အွတ်စ်မားန် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ "မည်သည့် မွတ်စ်လင်မ်မဆို ၎င်းထံ ဖရ်ဿွ် ဆွလာသ်ဝတ်ပြုချိန် ကျရောက်လာသည့်အခါ ၎င်းအနေဖြင့် ထိုဆွလာသ်အတွက် ဝူဿွူရေသန့်စင်ခြင်း၊ (ဆွလာသ်အတွင်း) ခူရှူအ် ကျိုးနွံခြင်းနှင့် ရူကူအ် ဦးညွှတ်ခြင်းတို့ကို ကောင်းမွန် ကျနစွာပြုလုပ်မည်ဆိုလျှင် အပြစ်အကုသိုလ်ကြီးများကို မကျူးလွန်သရွေ့ ထိုဆွလာသ်သည် ယင်းမတိုင်မီက ပြုလုပ်ခဲ့သော အပြစ်များကို ပလပ်စေမည့် ကဖ္ဖာရဟ်ပင်ဖြစ်သည်။ ထို့ပြင် ယင်းအကျိုးကျေးဇူးသည် အမြဲပင်ဖြစ်၏။"
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းလင်း မိန့်ကြားတော်မူခဲ့သည်မှာ- မည်သည့် မွတ်စ်လင်မ်မဆို ဖရ်ဿ်ွဆွလာသ်အချိန် ကျရောက်လာသည့်အခါ ဝူဿွူကို ကောင်းမွန်ပြည့်စုံစွာ ပြုလုပ်ပြီးနောက်၊ ကျိုးနွံနှိမ့်ချမှုအပြည့်ဖြင့် ဆွလာသ်ဝတ်ပြုမည်။ သူ၏စိတ်နှလုံးနှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများအားလုံးကို အလ္လာဟ်အရှင်မြတ်၏ဘက်သို့ အာရုံပြုထားပြီး သူ၏စိတ်နှလုံးထဲတွင် အလ္လာဟ်အရှင်မြတ်၏ ကြီးကျယ်မြင့်မြတ်မှုကို စွဲမြဲစွာ ထားရှိကာ ရူကူအ်၊ စဂျ်ဒဟ်စသည့် ဆွလာသ်၏ကဏ္ဍများကို ပြည့်ပြည့်ဝဝ ဆောင်ရွက်မည်ဆိုလျှင် ယင်းဆွလာသ်သည် ယခင်က ကျူးလွန်မိခဲ့သော သေးငယ်သည့်အပြစ်များကို ပလပ်စေမည့် အရာဖြစ်လာမည်။ ဤသည် ကြီးလေးသောအပြစ်များကို မကျူးလွန်သ၍ ဖြစ်သည်။ ဤအကျိုးကျေးဇူးသည် အချိန်ကာလတိုင်း၌ တည်ရှိပြီးနှင့် ဆွလာသ်တိုင်းအတွက် ဖြစ်သည်။
ကအ်ဗင်န် အုဂ်ျရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဤသည် ဖရ်ဿ်ွဆွလာသ်တိုင်း၏နောက်တွင်ရွတ်ဖတ်ရသော ဇိက်ရ်တော်များဖြစ်ပြီး ယင်းဇိက်ရ်တော်များအား ဖရ်ဿ်ွဆွလာသ်တိုင်း၏နောက်တွင် ရွတ်ဖတ်သူသည် ဆုံးရှုံးမည်မဟုတ်။ ယင်းဇိက်ရ်တော်မှာ စွဗ်ဟာနလ္လာဟ် ၃၃ကြိမ်၊ အလ်ဟမ်ဒုလိလ္လာဟ် ၃၃ကြိမ်၊ အလ္လာဟ်အက္ကဗရ် ၃၄ကြိမ်တို့ဖြစ်သည်။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ဇိက်ရ်အချို့နှင့်စပ်လျဉ်း၍ အသိပေးမိန့်ကြားထားသည်မှာ ယင်းဇိက်ရ်များအား ရွတ်ဖတ်သူသည် ဆုံးရှုံးမှုလည်းမရှိ၊ ဝမ်းနည်းမှုနည်းမရှိသည့်အပြင် ဤဇိက်ရ်တော်များအတွက် ကုသိုလ်လည်း ရရှိမည်ဖြစ်သည်။ ယင်းဇိကရ်တော်များအား ဖရ်ဿ်ွဆွလာသ်၏နောက် တွင် တစ်ခုပြီးတစ်ခု ရွတ်ဆိုရပေသည်။ ဇိက်ရ်တော်မှာ - စွဗ်ဟာနလ္လာဟ် ၃၃ကြိမ်။ အလိုသဘော - အလ္လာဟ်အရှင်မြတ်သည် ချွတ်ယွင်းမှုအပေါင်းမှ ကင်းရှင်းတော်မူသည်။ အလ်ဟမ်ဒုလိလ္လာဟ် ၃၃ကြိမ်။ အလိုသဘော - အလ္လာဟ်အရှင်မြတ်သည် အလွန်ပြည့်ဝသော အရှင်ဖြစ်ကြောင်းကို ချစ်မြတ်နိုး၍အလေးအမြတ်ထားကာ ပြောဆိုခြင်း။ အလ္လာဟ်အက္ကဗရ် ၃၄ကြိမ်။ အလိုသဘော - အလ္လာဟ်အရှင်မြတ်သည် အရာရာတိုင်းထက် အလွန်ပင်ကြီးမားတော်မူသောအရှင်၊ ဂုဏ်သိက္ခာအရှိဆုံးသော အရှင်ဖြစ်တော်မူပေသည်။
စအ်ဒ်ဗင်န်အဗီဝက္ကာစ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်သူသည် မုအဇ္ဇင်န် အဇာန်ပေးသောသူ၏အဇာန်အသံကို ကြားသောအခါ أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ، رَضِيتُ بِاللهِ رَبًّا وَبِمُحَمَّدٍ رَسُولًا، وَبِالْإِسْلَامِ دِينًا ကို ရွတ်ဆိုခဲ့ပါက အလ္လာဟ်ရှင်မြတ်သည် သူ၏အကုသိုလ်များကို ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူမည်ဖြစ်သည်။ ဒုအာ၏အဓိပ္ပာယ်မှာ - တစ်ပါးတည်းဖြစ်တော်မူသော၊ ဖက်စပ်ယှဉ်တွဲခြင်းကင်းသော အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခံထိုက်တော်မူသောအရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်နှင့်ရစူလ်တမန်တော်ဖြစ်တော်မူကြောင်းကို ကျွန်တော်မျိုးသက်သေခံအပ်ပါသည်။ ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်အား မွေးမြူဖန်ဆင်း မွေးမြူတော်မူသောအရှင်အဖြစ်၊ တမန်တော်မုဟမ္မဒ်ကို ရစူလ်တမန်တော်အဖြစ်၊ အစ္စလာမ်သာသနာ တော်ကို ဘာသာတရားအဖြစ် ကျွန်တော်မျိုးကျေနပ်နှစ်သက်လက်ခံပါ၏။
رواه مسلمတမန်တော်မြတ်က အသိပေးမိန့်ကြားခဲ့သည်မှာအကြင်သူသည် မုအဇ္ဇင်န် အဇာန်ပေးသောသူ၏အဇာန်အသံကို ကြားသောအခါ ဤသို့ ရွတ်ဆိုခဲ့ပါက أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، ဆိုလိုသည်မှာ ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခံထိုက်တော်မူသောအရှင်မရှိကြောင်း ကျွန်တော်မျိုးဝန်ခံကတိပြုပါသည်။ ဆိုလိုသည်မှာ မုဟမ္မဒ်သည် ခဝပ်ကိုးကွယ်ခြင်းမခံရ သော အလ္လာဟ်အရှင်မြတ်၏ ကျွန်ဖြစ်ပြီး မုဟမ္မဒ်သည် မုသားမဟုတ်သော စစ်မှန်သည့်ရစူလ်တမန်တော်ဖြစ်တော်မူကြောင်းကို ကျွန်တော်မျိုးဝန်ခံကတိပြုပါသည်။ رَضِيتُ بِاللهِ رَبًّا ဆိုလိုသည်မှာ - အလ္လာဟ်အရှင်မြတ်အား မွေးမြူဖန်ဆင်း မွေးမြူတော်မူသောအရှင်အဖြစ်၊ ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်မူသောအရှင်အဖြစ်၊ အရှင်မြတ်၏ဂုဏ်တော်နာမတော်များကို အလွန်ပင်ပြည့်စုံလှသည့် ဂုဏ်တော်နာမတော်များအဖြစ်၊ وَبِمُحَمَّدٍ رَسُولًا တမန်တော်မုဟမ္မဒ်အား အရှင်မြတ်၏ရစူလ်တမန်တော်အဖြစ်၊ وَبِالْإِسْلَامِ အစ္စလာမ်နှင့် အစ္စလာမ်သာသနာတော်၌အမိန့်ပေးထားသောအရာများနှင့် တားမြစ်ထားသောအရာများအစရှိသည့် အစ္စလာမ့်၏အမိန့်ပညတ်ချက်များအားလုံးကို အမိန့်နာခံရသော ယုံကြည်ရသော ဘာသာတရားအဖြစ် ကျွန်တော်မျိုးကျေနပ်နှစ်သက်လက်ခံပါ၏။ ဤတောင်းဆုတော်ကို ရွတ်ဆိုသူ၏အကုသိုလ်အသေးများ ခွင့်လွှတ်ပေးခြင်းခံရပေမည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ လူတစ်ဦးသည် အလ္လာဟ်အရှင်မြတ်၏တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ဤသို့လျှောက်ထားမေးမြန်းခဲ့သည်- "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်တို့သည် ပင်လယ်ခရီးထွက်ကြပြီး အနည်းငယ်မျှသော ရေကိုသာ ကျွန်တော်တို့နှင့်အတူ ယူဆောင်သွားကြပါသည်။ အကယ်၍ ကျွန်တော်တို့သည် ထိုရေဖြင့် ဝူဿွူပြုလုပ်လိုက်ပါက ရေငတ်ခြင်းကို ခံစားရမည်။ သို့ဖြစ်ရာ ပင်လယ်ရေဖြင့် ဝူဿွူ ပြုလုပ်ခွင့်ရှိပါသလော။ ထိုအခါတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ပင်လယ်ရေသည် သန့်ရှင်းစင်ကြယ်စေသော (ဝူဿွူ၊ ဂုစုလ်ပြုလုပ်ရန် အသုံးချနိုင်သော) ရေဖြစ်၏။ ထို့ပြင် ၎င်း၏ အသေကောင်သည်လည်း ဟလာလ်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။
رواه أبو داود والترمذي والنسائي وابن ماجه وأحمدလူတစ်ဦးသည် အလ္လာဟ်အရှင်မြတ်၏တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အားဤသို့ လျှောက်ထားမေးမြန်းခဲ့သည် - ကျွန်တော်တို့သည် ပင်လယ်ထဲတွင် ငါးဖမ်းခြင်း သို့မဟုတ် ကုန်သွယ်ခြင်းစသည့် ကိစ္စရပ်များအတွက် သင်္ဘောများစီးနင်း( ၍ခရီးထွက် ) ကြပါသည်။ ကျွန်တော်တို့နှင့်အတူ သောက်သုံးရန် သင့်တော်သော ရေအနည်းငယ်ကို ယူဆောင်သွားကြပြီး၊ အကယ်၍ ထိုသောက်သုံးရေကို ဝူဿွူလုပ်ခြင်းနှင့် ဂုစ်လ်(ရေချိုးခြင်း)တို့အတွက် သုံးစွဲလိုက်ပါက ကုန်ခန်းသွားမည်ဖြစ်ပြီး၊ ကျွန်တော်မျိုးတို့အတွက် သောက်သုံးရန် ရေရှိတော့မည် မဟုတ်ပါ။ သို့ဖြစ်ပါ၍ ကျွန်တော်မျိုးတို့အဖို့ ပင်လယ်ရေဖြင့် ဝူဿွူပြုလုပ်ခွင့် ရှိပါသလား။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ပင်လယ်ရေနှင့်ပတ်သက်၍ ဤသို့ မိန့်ကြားတော်မူခဲ့သည်- ပင်လယ်ရေသည် ကိုယ်တိုင် သန့်ရှင်းပြီး၊ အခြားအရာများကိုလည်း သန့်ရှင်းစင်ကြယ်စေနိုင်သည်။ ထိုရေဖြင့် ဝူဿွူလုပ်ခြင်းနှင့် ဂုစ်လ် ရေချိုးခြင်း ပိုင်သည်။ ထို့အပြင် ပင်လယ်မှထွက်သော ငါးစသည်တို့ကို စားသုံးခြင်းသည်လည်း ဟလာလ်ခွင့်ပြုထားသည်။ ထိုငါးများသည် ဖမ်းယူခြင်းကြောင့် မဟုတ်ဘဲ ပင်လယ်မျက်နှာပြင်ပေါ်တွင် သေလျှက်ပက်လက်မျောနေသည်ကို တွေ့ရှိရသည့်တိုင် ၎င်းကိုစားသုံးခြင်းသည် ဟလာလ်ပင်ဖြစ်သည်။
အဗ်ဒုလ္လာဟ် ဗင်န် အုမရ် ( ရဿွိယဘယလ္လာဟု အန်ဟုမာ ) ကဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား တိရစ္ဆာန်များနှင့် သားရဲတိရစ္ဆာန်များ သောက်သုံးရန် လာရောက်လေ့ရှိသော ရေနှင့်ပတ်သတ်၍ လျှောက်ထားမေးမြန်းခဲ့ရာ၊ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဤသို့ မိန့်ကြားတော်မူသည်- “အကယ်၍ ရေသည် 'ကုလ်လသိုင်းန်' (ခွက်ကြီးနှစ်လုံး) ပမာဏရှိပါက ထိုရေသည် မစင်ကြယ်မှု(အညစ်အကြေး)ကို သယ်ဆောင်လာသည်ဟု မယူဆရ။” ( တစ်နည်း ညစ်ညမ်းသည်ဟု မယူဆရပေ။ )
رواه أبو داود والترمذي والنسائي وابن ماجه وأحمدတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား တိရစ္ဆာန်များနှင့် သားရဲတိရစ္ဆာန်များ လာရောက်သောက်သုံးလေ့ရှိသော ရေ၏ သန့်ရှင်းစင်ကြယ်မှုနှင့် ပတ်သတ်၍ မည်သို့ အမိန့်ရှိသည်ကိုလျှောက်ထားမေးမြန်းရာ၊ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ- အကယ်၍ ရေပမာဏသည် 'ကုလ်လသိုင်းန်' (ခွက်ကြီးနှစ်လုံး) စာ၊ (ခန့်မှန်းခြေအားဖြင့် ) လီတာ ၂၁၀ ခန့်ရှိပါက၊ ထိုရေသည် ပမာဏများပြားသော ရေဖြစ်သဖြင့် အညစ်အကြေး တစ်စုံတစ်ရာကြောင့် ၎င်း၏ သွင်ပြင် လက္ခဏာသုံးရပ် (အရောင်၊ အရသာ နှင့် အနံ့) တွင် တစ်ခုခု ပြောင်းလဲမှုမရှိသမျှ ကာလပတ်လုံး မသန့်မဖြစ်ပေ။