





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
ဂျာဗိရ် ဗင်န် အဗ်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟုမာ) ဆင့်ပြန်ခဲ့သည်။ "အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အား ကုရ်အာန်ကျမ်းတော်မြတ်ထဲမှ စူရဟ်များကိုသင်ပေးသကဲ့သို့ ကိစ္စရပ်အားလုံးတွင် အစ်သေခါရဟ် (ကောင်းကျိုးကို ရှာဖွေခြင်း) ကို သင်ပေးတော်မူ၏။ ကိုယ်တော်မြတ်က မိန့်ကြားတော်မူသည်- 'သင်တို့အနက်တစ်ဦးဦးသည် ကိစ္စတစ်စုံတစ်ရာကို ပြုလုပ်ရန် ရည်ရွယ်သောအခါ ဖရဿ်ွမဟုတ်သောဆွလားသ် နှစ်ရကအသ်ကို ဝတ်ပြုပါ။ ထို့နောက် ဤဒုအာကိုရွတ်ဆိုပါ- «اللَّهُمَّ إِنِّي أَسْتَخِيرُكَ بِعِلْمِكَ وَأَسْتَقْدِرُكَ بِقُدْرَتِكَ، وَأَسْأَلُكَ مِنْ فَضْلِكَ الْعَظِيمِ، فَإِنَّكَ تَقْدِرُ وَلَا أَقْدِرُ، وَتَعْلَمُ وَلَا أَعْلَمُ، وَأَنْتَ عَلَّامُ الْغُيُوبِ، اللَّهُمَّ إِنْ كُنْتَ تَعْلَمُ أَنَّ هَذَا الْأَمْرَ خَيْرٌ لِي فِي دِينِي، وَمَعَاشِي، وَعَاقِبَةِ أَمْرِي» أَوْ قَالَ: «عَاجِلِ أَمْرِي وَآجِلِهِ، فَاقْدُرْهُ لِي وَيَسِّرْهُ لِي ثُمَّ بَارِكْ لِي فِيهِ، وَإِنْ كُنْتَ تَعْلَمُ أَنَّ هَذَا الْأَمْرَ شَرٌّ لِي فِي دِينِي وَمَعَاشِي وَعَاقِبَةِ أَمْرِي» أَوْ قَالَ: «فِي عَاجِلِ أَمْرِي وَآجِلِهِ، فَاصْرِفْهُ عَنِّي وَاصْرِفْنِي عَنْهُ، وَاقْدُرْ لِي الْخَيْرَ حَيْثُ كَانَ، ثُمَّ أَرْضِنِي» 'အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် အရှင်မြတ်၏ အသိဉာဏ်တော်ကိုအကြောင်းခံ၍ အရှင်မြတ်ထံကောင်းကျိုးကို တောင်းခံပါ၏။ အရှင်မြတ်၏ တန်ခိုးတော်ဖြင့် စွမ်းဆောင်နိုင်စွမ်းကို အရှင်မြတ်ထံ တောင်းခံပါ၏။ အရှင်မြတ်၏ မဟာကျေးဇူးတော်မှ ပေးသနားတော်မူပါရန် အရှင်မြတ်တောင်းခံပါ၏။ အကြောင်းမူကား အရှင်မြတ်သည် စွမ်းဆောင်နိုင်တော်မူပြီး ကျွန်တော်မျိုးမှာမူ စွမ်း ဆောင်နိုင်စွမ်း မရှိပါ။ အရှင်မြတ်သည် သိတော်မူပြီး ကျွန်တော်မျိုးမှာမူ မသိပါ။ အရှင်မြတ်သည် အကွယ်၌ရှိသောအရာများကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူပါ၏။ အို- အလ္လာဟ်အရှင်မြတ်၊ အကယ်၍ အရှင်မြတ်သည် ဤကိစ္စသည် ကျွန်တော်မျိုး၏ ဒီန်သာသနာ၊ လောကီဘဝရှင်သန်မှုနှင့် အဆုံးရလဒ်တို့အတွက် ကောင်းကျိုးရှိသည် (သို့မဟုတ် လောကီနှင့် နောင်တမလွန်တွင်) ကောင်းကျိုးရှိသည်ဟု သိတော်မူပါက ထိုကိစ္စကို ကျွန်တော်မျိုးအတွက် သတ်မှတ်ပေးတော်မူပါ။ လွယ်ကူစေတော်မူပါ။ ထို့နောက် ၎င်းတွင် ကျွန်တော်မျိုးအတွက် ကောင်းချီးမင်္ဂလာများ ပေးသနားတော်မူပါ။ အကယ်၍ အရှင်မြတ်သည် ဤကိစ္စသည် ကျွန်တော်မျိုး၏ ဒီန်သာသနာ၊ လောကီဘဝရှင်သန်မှု၊ အဆုံးရလဒ်တို့အတွက် ဆိုးကျိုးရှိသည် (သို့မဟုတ် လောကီနှင့် နောင်တမလွန်တွင်) ဆိုးကျိုးရှိသည်ဟု သိတော်မူပါက ထိုကိစ္စကို ကျွန်တော်မျိုးထံမှ ဖယ်ရှားပေးတော်မူပါ။ ကျွန်တော်မျိုးကိုလည်း ၎င်းကိစ္စမှ ဖယ်ရှားပေးတော်မူပါ။ ကောင်းကျိုးသည် မည်သည့်နေရာတွင်ပင်ရှိသည်ဖြစ်စေ ထိုကောင်းကျိုးကို အရှင်မြတ် ကျွန်တော်မျိုးအတွက် သတ်မှတ်ပေးတော်မူပါ။ ထို့နောက် ကျွန်တော်မျိုးအား ထိုကောင်းကျိုးနှင့် ပတ်သတ်ပြီး ကျေနပ်နှစ်သက်သူအဖြစ် ပြုလုပ်ပေးတော်မူပါ။' (أَنَّ هَذَا الْأَمْرَ) ဟူသော နေရာတွင် မိမိလိုအပ်ချက်ကို လျှောက်ထားတင်ပြရမည်။
رواه البخاريမွတ်စ်လင်မ်တစ်ဦးသည် ကောင်းကျိုး၊ ဆိုးကျိုးကို မသိရှိရသည့် အရေးကိစ္စတစ်ခုကို ဆောင်ရွက်လိုလျှင် ၎င်းအဖို့ အစ်သေခါရဟ်ဆွလားသ်ဝတ်ပြုခြင်းမှာ မွတ်စ်သဟဗ် ဖြစ်သည်။ အကြောင်းမှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ တပည့်စွဟာဗဟ်(ရဿွိယလ္လာဟုအန်ဟွမ်)တို့အား ကုရ်အာန်ကျမ်းတော်မှ စူရဟ်များကို သင်ကြားပေးသကဲ့သို့ ဤဆွလားသ်ကိုလည်း သင်ကြားပေးတော်မူသည်။ သို့ဖြစ်ရာ ဖရဿ်ွမဟုတ်သောဆွလားသ် နှစ်ရကအသ်ကို ဝတ်ပြုရမည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်ထံ ဤသို့ဒုအာတောင်းရမည်။ အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် အရှင်မြတ်ထံတွင် ကိစ္စနှစ်ခုအနက် အကောင်းဆုံးသောကိစ္စအတွက် လုပ်ဆောင်နိုင်စွမ်းကို တောင်းခံပါ၏။ အရှင်မြတ်၏ အရာခပ်သိမ်းကို ဝန်းရံသိရှိတော်မူသော အကြွင်းမဲ့သိမြင်ခြင်းကို အကြောင်းခံ၍ တောင်းခံပါ၏။ ကျွန်တော်မျိုးသည် အရှင်မြတ်၏ တန်ခိုးတော်ဖြင့် ကျွန်တော်မျိုးအား စွမ်းဆောင်နိုင်စွမ်း ပေးသနားတော်မူပါရန် တောင်းခံပါ၏။ အကြောင်းမူကား အရှင်မြတ်မှတစ်ပါး ကျွန်တော်မျိုးအတွက် မည်သည့်အင်အားမျှ လည်းမရှိ၊ စွမ်းအားလည်းမရှိပါ။ အရှင်မြတ်၏ လွှမ်းမိုးနိုင်သော တန်ခိုးတော်အားဖြင့် တောင်းခံပါ၏။ အရှင်မြတ်အား မည်သည့်အရာကမျှ မတတ်စွမ်းအောင်ပြုလုပ်နိုင်စွမ်း မရှိပါ။ အရှင်မြတ်၏ မဟာကျေးဇူးတော်နှင့် ကျယ်ပြန့်သော ကရုဏာတော်ကိုလည်း တောင်းခံပါသည်။ အရှင်မြတ်၏ ပေးသနားတော်မူခြင်းသည် ကျေးဇူးတော်သက်သက်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်မျှ အရှင်မြတ်အပေါ်၌ အခွင့်အရေးဟူ မရှိပါ။ ဧကန်စင်စစ် အရှင်မြတ်သည် အရာခပ်သိမ်းကို တတ်စွမ်းနိုင်တော်မူသောအရှင် ဖြစ်ပါသည်။ ကျွန်တော်မျိုးမှာမူ အားနည်းသူ၊ မတတ်စွမ်းနိုင်သူ ဖြစ်ပါသည်။ အရှင်မြတ်၏ အကူအညီမပါဘဲ မည်သည့်အရာကိုမျှ မတတ်စွမ်းနိုင်ပါ။ အရှင်မြတ်သည် အကြွင်းမဲ့သိမြင်တော်မူသောအရှင်ဖြစ်ပြီး ထင်ရှားသောအရာများနှင့် လျှို့ဝှက်သောအရာများ၊ ကောင်းကျိုးနှင့် မကောင်းကျိုးများကိုပါ လွမ်းခြုံသိရှိတော်မူပါသည်။ ကျွန်တော်မျိုးမှာမူ အရှင်မြတ်၏ ဖြည့်ဆည်းကူညီတော်မူခြင်းနှင့် တရားလမ်းညွှန်တော်မူခြင်းမပါဘဲ မည်သည့်အရာကိုမျှ မသိနိုင်ပါ။ အရှင်မြတ်သည် ကွယ်ဝှက်သောအရာအားလုံးကို အကြွင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်ပါသည်။ အရှင်မြတ်တစ်ပါးတည်းသာလျှင် ပကတိအကြွင်းမဲ့သိမြင်တော်မူခြင်းနှင့် လွှမ်းမိုးနိုင်သောတန်ခိုးတော်ကို ပိုင်ဆိုင်တော်မူပြီး အခြားသူတို့မှာ အရှင်မြတ်၏ သတ်မှတ်တော်မူခြင်းနှင့် ခွင့်ပြုတော်မူခြင်းကြောင့်သာလျှင် ရရှိကြပါသည်။ ထို့နောက် မွတ်စ်လင်မ်သည် မိမိ၏အရှင်မြတ်ထံ ဒုအာဆုတောင်းပြီး မိမိလိုအင်ဆန္ဒကို ဖော်ပြကာ ဤသို့ဆိုရမည်- “အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ အရေးကိစ္စအားလုံးကို အရှင်မြတ်ထံ အပ်နှံပါ၏။ အကယ်၍ အရှင်မြတ်၏ အကြွင်းမဲ့သိမြင်တော်မူချက်အရ ဤကိစ္စ (မိမိ၏လိုအပ်ချက်အား ဖော်ပြရမည်- ဥပမာ ဤအိမ်ဝယ်ယူခြင်း၊ ဤကားဝယ်ယူခြင်း၊ ဤအမျိုးသမီးနှင့် ထိမ်းမြားလက်ထပ်ခြင်း) အစရှိသည့်ကိစ္စရပ်များတွင်- အကယ်၍ ဤအရေးကိစ္စသည် ကျွန်တော်မျိုးအတွက် အကာအကွယ်ဖြစ်သည့် ကျွန်တော်မျိုး၏ ဒီန်သာသနာ၊ ကျွန်တော်မျိုး၏ လောကီဘဝရှင်သန်မှုနှင့် ကျွန်တော်မျိုး၏ အဆုံးရလဒ်တို့အတွက် ကောင်းကျိုးရှိသည် (သို့မဟုတ် လောကီနှင့် နောင်တမလွန်တွင်) ကောင်းကျိုးရှိသည်ဟု သိတော်မူပါက ထိုကိစ္စကို ကျွန်တော်မျိုးအတွက် သတ်မှတ်ပေးတော်မူပါ၊ အသင့်ပြင်ဆင်ပေးတော်မူပါ၊ ပြီးမြောက် အောင်မြင်စေတော်မူပါ။ လွယ်ကူစေတော်မူပါ။ ထို့နောက် ၎င်းတွင် ကျွန်တော်မျိုးအတွက် ကောင်းချီးမင်္ဂလာများ ပေးသနားတော်မူပါ။ ကောင်းချီးမင်္ဂလာများကို များပြားစေတော်မူပါ။ အိုအလ္လာဟ်အရှင်မြတ် - အကယ်၍ ကျွန်တော်မျိုး အစ်သေခါရဟ်ပြုလုပ်ခဲ့သော ဤကိစ္စသည် ကျွန်တော်မျိုး၏ ဒီန်သာသနာ၊ လောကီဘဝရှင်သန်မှု၊ အဆုံးရလဒ်တို့အတွက် ဆိုးကျိုးရှိသည် (သို့မဟုတ် လောကီနှင့် နောင်တမလွန်တွင်) ဆိုးကျိုးရှိသည်ဟု အရှင်မြတ် သိတော်မူပါက ထိုကိစ္စကို ကျွန်တော်မျိုးထံမှ ဖယ်ရှားပေးတော်မူပါ။ ကျွန်တော်မျိုးကိုလည်း ၎င်းကိစ္စမှ ဖယ်ရှားပေးတော်မူပါ။ ကောင်းကျိုးသည် မည်သည့်နေရာတွင်ပင်ရှိသည်ဖြစ်စေ ထိုကောင်းကျိုးကို အရှင်မြတ် ကျွန်တော်မျိုးအတွက် သတ်မှတ်ပေးတော်မူပါ။ ထို့နောက် ကျွန်တော်မျိုးနှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ အရှင်မြတ်၏ သတ်မှတ်ပြဌာန်းတော်မူချက်အားလုံးကိုကျေနပ်နှစ်သက်သူအဖြစ် ကျွန်တော်မျိုးအား ပြုလုပ်ပေးတော်မူပါ။
အဗူစအီးဒ် ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “အို- အဘူစအီးဒ်၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်ကို ဖန်ဆင်းအရှင်အဖြစ်၊ အစ္စလာမ်ကို သာသနာတော်အဖြစ်၊ မိုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်)ကို နဗီတမန်တော်အဖြစ် ကျေနပ်နှစ်သက်ခဲ့ပါက ထိုသူအတွက် ဂျန္နသ်သုခဘုံသည် ဝါဂျိဗ်ဖြစ်သွားသည်။” ထိုစကားကြောင့် အဘူစအီးဒ်သည် အံ့ဩသွားသဖြင့် “အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးအား ပြန်လည်မိန့်ကြားတော်မူပါ” ဟု လျှောက်ထားရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်)က ပြန်လည်မိန့်ကြားတော်မူသည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်)က “နောက်ထပ် (ကောင်းမှုတစ်ခု) ရှိသေးသည်။ ၎င်းအားဖြင့် ဗန္ဒဟ်ကျေးကျွန်အား ဂျန္နသ်သုခဘုံ၌ အဆင့်တန်းတစ်ရာကို မြှင့်တင် ပေးတော်မူခြင်းခံရမည် ဖြစ်သည်။ အဆင့်နှစ်ခုကြားတိုင်း၌ မိုးနှင့်မြေကြားကဲ့သို့ (အလွန်ဝေးကွားလှသည်)” ဟု မိန့်တော်မူရာ အဘူစအီးဒ်က “အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ယင်းကောင်းမှုကား အဘယ်နည်း” ဟု လျှောက်ထားလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်)က “အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်ပြုလုပ်ခြင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်ပြုလုပ်ခြင်းပင်” ဖြစ်သည်ဟု မိန့်ကြားတော်မူသည်။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်)သည် အဘူစအီးဒ် (ရဿွိယလ္လာဟုအန်ဟု) အား အလ္လာဟ်အရှင်မြတ်ကို အီမာန်သက်ဝင်ယုံကြည်၍ ဖန်ဆင်းရှင်၊ ကိုးကွယ်ရာအရှင်၊ အရာခပ်သိမ်းကို စိုးပိုင်တော်မူသောအရှင်၊ အရာခပ်သိမ်းကို ဦးဆောင်သူ၊ အမိန့်ပေးစေခိုင်းသူ အရှင်အဖြစ် နှစ်သက်လက်ခံကာ၊ အစ္စလာမ်သာသနာတော်ကို အမိန့်တော်များနှင့် တားမြစ်ချက်များ အားလုံးကို လိုက်နာကျင့်သုံးလျက် နာခံမှု၊ လက်အောက်ခံမှုဖြင့် ဘာသာတရားအဖြစ် လက်ခံ၍၊ မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား အရှင်မြတ် စေလွှတ်တော်မူသမျှနှင့် ပို့ချခဲ့သမျှအရာအားလုံးနှင့်အတူ နဗီတမန်တော်အဖြစ် နှစ်သက်လက်ခံသူသည် ဂျန္နသ်သုခဘုံ သေချာပေါက် ရရှိမည်ဖြစ်သည်။ ထိုစကားကြောင့် အဘူစအီးဒ်သည် အံ့ဩသွားသဖြင့် “အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးအား ပြန်လည်မိန့်ကြားတော်မူပါ” ဟု လျှောက်ထားရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်)က ပြန်လည်မိန့်ကြားတော်မူသည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်)က “နောက်ထပ် ကောင်းမှုတစ်ခု ရှိသေးသည်။ ၎င်းအားဖြင့် အလ္လာဟ်အရှင်မြတ်သည် ဗန္ဒဟ်ကျေးကျွန်အား ဂျန္နသ်သုခဘုံ၌ အဆင့်တန်းတစ်ရာကို မြှင့်တင်ပေးတော်မူမည် ဖြစ်သည်။ အဆင့်နှစ်ခုကြားတိုင်း၌ မိုးနှင့်မြေကြားကဲ့သို့ (အလွန်ဝေးကွားလှသည်)” ဟု မိန့်တော်မူရာ အဘူစအီးဒ်က “အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ယင်းကောင်းမှုကား အဘယ်နည်း” ဟု လျှောက်ထားလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်)က “အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်ပြုလုပ်ခြင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်ပြုလုပ်ခြင်းပင်” ဖြစ်သည်ဟု မိန့်ကြားတော်မူသည်။
အဗူစအီးဒ် ခွဒ်ရီး (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်ကို ကြားသိခဲ့ရသည်။ "မည်သူမဆို အလ္လာဟ်အရှင်မြတ်၏လမ်းတော် (ဂျိဟာဒ်ပြုနေစဉ်ကာလအတွင်း) ၌ ရိုဇာတစ်ရက်စောင့်ထိန်းခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ မျက်နှာအား ဂျဟန္နမ်ငရဲမီးမှ နှစ်ပေါင်းခုနစ်ဆယ် ခရီးအတိုင်းအတာမျှ ဝေးကွာစေတော်မူမည် ဖြစ်သည်။"
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်မှာ- မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုနှင့် အကျိုးဆုလာဘ်ကို မျှော်ကိုးလျှက် စိတ်ရင်းစေတနာဖြူစင်စွာဖြင့် ဂျိဟာဒ်ပြုလုပ်နေစဉ်ကာလအတွင်း ( အချို့က ဂျိဟာဒ်ပြုလုပ်နေစဉ်ကာလနှင့် အခြားသောကာလများတွင်ဟူ၍လည်း ဆိုကြသည်) ရိုဇာတစ်ရက်စောင့်ထိန်းခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးဇူးတော်ဖြင့် ထိုသူနှင့် ဂျဟန္နမ်ငရဲမီးအကြား နှစ်ပေါင်းခုနစ်ဆယ် ခရီးအတိုင်းအတာမျှ ဝေးကွာစေတော်မူမည် ဖြစ်သည်။
စဟ်လ် ဗင်န် စအ်ဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။ "လူတို့သည် အိဖ်သာရီဝါဖြေခြင်းကို အစောတလျင်ပြုလုပ်နေသမျှ ကာလပတ်လုံး ကောင်းသောအရာများ၌ ဆက်လက်တည်ရှိနေကြလိမ့်မည်။"
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာအလိုင်ဟိဝစလာမ်) မိန့်ကြားတော်မူခဲ့သည်မှာ လူတို့သည် နေဝင်ပြီဟု သေချာသည်နှင့်တပြိုင်နက် အိဖ်သာရီဝါဖြေခြင်းကို အစောတလျင်ပြုလုပ်နေသမျှ ကာလပတ်လုံး ကောင်းသောအရာများ၌ ဆက်လက်တည်ရှိနေကြလိမ့်မည်။ ဤသည် စွန္နသ်တော်အတိုင်း လိုက်နာကျင့်သုံးခြင်းနှင့် ၎င်း၏သတ်မှတ်ထားသောအကန့်အသတ်များအတွင်း နေထိုင်ခြင်းကြောင့်ဖြစ်သည်။
အဘူစအီဒ်ခုဒ်ရီ ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်တို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကျွန်ုပ်တို့နှင့်အတူရှိစဉ်အခါက ဇကားသုလ်ဖိသွိရ် (ဖိသ်ရဟ်) ကို ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ အားလုံးဘက်မှ အစားအစာတစ်စွာအ် သို့မဟုတ် နို့ခဲတစ်စွာအ် သို့မဟုတ် မုယောစပါးတစ်စွာအ် သို့မဟုတ် စွန်ပလွံသီးတစ်စွာအ် သို့မဟုတ် စပျစ်ခြောက်တစ်စွာအ်ကို ပေးလေ့ရှိကြသည်။ ထိုအတိုင်းပင် ကျွန်ုပ်တို့သည် အမြဲတမ်းပေးခဲ့ကြသည်။ နောက်ဆုံး ကျွန်ုပ်တို့ထံ မုအာဝိယဟ် ဗင်န် အဘူစွဖ်ယားန်သည် ဟဂ်ျ သို့မဟုတ် အွမ်ရဟ် ပြုလုပ်ရန် ရောက်လာခဲ့သောအခါ သူသည် မင်န်ဘရ်ပေါ်မှ လူထုအား မိန့်ခွန်းပြောကြားခဲ့ရာ ၎င်းမိန့်ခွန်း၌ လူထုအား သူပြောခဲ့သည်မှာ- "ဧကန်မုချ ကျွန်ုပ်သည် ရှာမ်ဒေသမှ ဂျုံနှစ်မွဒ်သည် စွန်ပလွံသီးတစ်စွာအ်နှင့် တန်ဖိုးညီမျှသည်ဟု ယူဆပါသည်" ဟူ၍ဖြစ်သည်။ ထိုအခါ လူတို့သည် သူ၏ဤစကားကို လက်ခံလိုက်နာခဲ့ကြသည်။ အဘူစအီးဒ် (ရဿွိယလ္လာဟုအန်ဟု) က - "ကျွန်ုပ်ကတော့ ဇကားသုလ်ဖိသွိရ်ကို ကျွန်ုပ်အသက်ရှင်နေသမျှကာလပတ်လုံး ပေးလေ့ပေးထရှိသည့်အတိုင်းပင် ပေးသွားမည်ဖြစ်သည်" ဟု ပြောခဲ့လေသည်။
متفق عليهမွတ်စ်လင်မ်တို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ခေတ်ကာလနှင့် ခုလဖာအေရာရှီဒီးန် (ခလီဖဟ်ကြီးလေးပါး) တို့၏ ခေတ်ကာလများတွင် ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ အားလုံးအတွက် အစားအစာ တစ်စွာအ် ပမာဏဖြင့် ဇကာသုလ်ဖိသိရ် (ဖိသ်ရဟ်) ထုတ်လေ့ရှိခဲ့ကြသည်။ ထိုစဉ်က ၎င်းတို့၏ အစားအစာများမှာ မုယောစပါး၊ စပျစ်သီးခြောက် (ဇဗီးဗ်)၊ နို့ခဲ နှင့် စွန်ပလွံသီးတို့ ဖြစ်ကြသည်။ တစ်စွာအ်၏ ပမာဏမှာ လေးမွဒ် ရှိပြီး၊ တစ်မွဒ်၏ ပမာဏမှာ သာမန်လူတစ်ဦး၏ လက်ဖဝါးနှစ်ဖက်စာခန့် ရှိသည်။ မုအာဝိယဟ် (ရဿွိယလ္လာဟုအန်ဟု) ခလီဖဟ်ဖြစ်ပြီး မဒီနဟ်သို့ရောက်လာချိန်၌ ရှာမ်ဒေသထွက် ဂျုံများ ပေါများလာသောအခါ သူသည် မိန့်ခွန်းပြောကြားခဲ့ပြီး - "ဧကန်အမှန် ကျွန်ုပ်သည် ရှာမ်ဒေသမှ ဂျုံနှစ်မွဒ် (စွာအ်တစ်ဝက်) သည် စွန်ပလွံသီးတစ်စွာအ်နှင့် တန်ဖိုးညီမျှသည်ဟု ယူဆပါသည်" ဟု မိန့်ကြားခဲ့သည်။ ထို့နောက် လူများသည် သူ၏ဤစကားကို လက်ခံလိုက်နာခဲ့ကြသည်။ အဘူစအီးဒ်အလ်ခွဒ်ရီ (ရဿွိယလ္လာဟုအန်ဟု) က "ကျွန်ုပ်ကတော့ ဖိသ်ရဟ်အား ကျွန်ုပ်အသက်ရှင်နေသမျှကာလပတ်လုံး တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ခေတ်ကာလတွင် ထုတ်ခဲ့သည့်အတိုင်းပင် ထုတ်မည်ဖြစ်သည်" ဟု ဆိုခဲ့လေသည်။
ဇိုက်ဒ် ဗင်န် စာဗိသ် (ရဿွိယလ္လာဟုအန်ဟု) မှ ဆင့်ပြန်လာရှိသည်။ ၎င်းက ပြောပြသည် "ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူ ဆဲဟ်ရီစားခဲ့ကြသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် (ဖဂျရ်) ဆွလာသ်ဝတ်ပြုရန်အတွက် မတ်တတ်ရပ်တော်မူခဲ့သည်။ ကျွန်ုပ်က (အနတ်စ် (ရဿွိယလ္လာဟုအန်ဟု) က ဇိုက်ဒ် ဗင်န် စာဗိသ် (ရဿွိယလ္လာဟုအန်ဟု) အား "အဇာန်နှင့် ဆဲဟ်ရီကြားတွင် အချိန်မည်မျှကြာမြင့်ခဲ့သနည်း" ဟု မေးမြန်းခဲ့ရာ၊ ၎င်းက "အာယသ်တော် (၅၀) ခန့် ဖတ်ရွတ်နိုင်သည့်အချိန် အတိုင်းအ တာခန့် ကြာမြင့်သည်" ဟု ဖြေကြားခဲ့သည်။
متفق عليهအချို့သောဆွဟာဗဟ်တို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)နှင့်အတူ ဆဲဟ်ရီစားခဲ့ကြသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဖဂျရ်ဆွလာသ်ဝတ်ပြုရန်အတွက် မတ်တတ်ရပ်တော်မူခဲ့သည်။ အနတ်စ်(ရဿွိယလ္လာဟုအန်ဟု) သည် ဇိုက်ဒ် ဗင်န်စာဗိသ် (ရဿွိယလ္လာဟုအန်ဟု) အား "အဇာန်နှင့် ဆဲဟ်ရီစားပြီးချိန် ကြားတွင် အချိန်မည်မျှကြာမြင့်ခဲ့သနည်း" ဟု မေးမြန်းခဲ့သည်။ ဇိုက်ဒ် ဗင်န် စာဗိသ် (ရဿွိယလ္လာဟုအန်ဟု) က "အာယသ်တော် (၅၀) ခန့် ဖတ်ရွတ်နိုင်သည့်အချိန် အတိုင်း အတာခန့် ကြာမြင့်သည်" ဟု ဖြေကြားခဲ့သည်။ ထိုအာယသ်တော်များမှာ အလယ်အလတ်ရှိပြီး၊ ရှည်လွန်းခြင်း၊ တိုလွန်းခြင်းမရှိသလို၊ ဖတ်ရွတ်သည့်ပုံစံမှာ မြန်လွန်ခြင်း၊ နှေးလွန်းခြင်းမရှိဘဲ ( ပုံမှန်အတိုင်းဖတ်ရွတ်သည့်ပုံစံ ခန့်မျှကြာချိန်) ဟု ဖြေကြားခဲ့သည်။
တမန်တော်မြတ် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် )၏ ဇနီးကြင်ယာတော်၊ မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်က ၎င်းအား အသက်နုတ်သိမ်းတော်မူတယ့်အထိ ရမဿွာန်လ၏ နောက်ဆုံး (၁၀) ရက်၌ အိအ်သိကာဖ်ထိုင်တော်မူလေ့ရှိခဲ့သည်။ ကိုယ်တော်ကွယ်လွန်ပြီးနောက်တွင်လည်း ကိုယ်တော် ၏ ဇနီးကြင်ယာတော်များက အိအ်သိကာဖ်ထိုင်ခဲ့ကြသည်။
متفق عليهမိခင်မွန်ကြီးအာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)ကဆင့်ပြန်ခဲ့သည်။ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကဒရ်ညကို ရှာဖွေရန် ရည်ရွယ်ချက်ဖြင့် ရမဿွာန်လ၏ နောက်ဆုံး (၁၀) ရက်၌ အိအ်သိကာဖ်ထိုင်တော်မူလေ့ရှိခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် ကိုယ်တော့်အား အသက်နုတ်သိမ်းတော်မူတယ့်အထိ ထိုအတိုင်း အမြဲတစေကျင့်သုံးတော်မူခဲ့သည်။ ကိုယ်တော်ကွယ်လွန်ပြီးနောက်တွင် ကိုယ်တော်၏ ဇနီးကြင်ယာတော်များ (ရဿွိယလ္လာဟုအန်ဟွန်းန)သည်လည်း အိအ်သိကာဖ်ထိုင်ခဲ့ကြသည်။
အနတ်စ် ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော် မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့ ဆဲဟ်ရီ (ဝါထမင်း) စားသုံးကြလော့။ အဘယ်ကြောင့်ဆိုသော် ဆဲဟ်ရီစားခြင်း၌ ဗရ်ကသ်မင်္ဂလာရှိသည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဆဲဟ်ရီစားသုံးရန် တိုက်တွန်းတော်မူခဲ့သည်။ ဆဟူးရ် ဆိုသည်မှာ ဆောင်မ်ဥပုသ်စောင့်ထိန်းရန်အတွက် ပြင်ဆင်သည့်အနေဖြင့် ည၏ နောက်ဆုံးအချိန်၌ စားသောက်ခြင်းကို ခေါ်ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ဆဲဟ်ရီစားသုံးခြင်း၌ များပြားလှစွာသောကောင်းကျိုးများ၊ ည၏ နောက်ဆုံးအချိန်တွင် ဝတ်ပြုဆုတောင်းရန် နိုးထရခြင်း၊ ဆောင်မ်ဥပုသ်စောင့်ထိန်းရန် အင်အားရရှိခြင်း၊ ဆောင်မ်ဥပုသ်စောင့်ထိန်းခြင်းကို လန်းဆန်းတက်ကြွစွာဆောင်ရွက်နိုင်ခြင်းနှင့် ဆောင်မ်ဥပုသ်၏ ခက်ခဲမှုကို လျှော့ချပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ပါဝင်သောကြောင့် ဖြစ်သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "အသင်တို့ လမြတ်ရမဿွာန်မတိုင်မီ တစ်ရက် သို့မဟုတ် နှစ်ရက်ကြိုတင်၍ ရိုဇာဥပုသ်စောင့်ထိန်းခြင်းမပြုကြနှင့်။ သို့ရာတွင် တစ်ဦးတစ်ယောက်သည် (အစကတည်းက) ရိုဇာဥပုသ်စောင့်ထိန်းနေကျဖြစ်ပါက ထိုသူသည် (ထိုနေ့တွင်လည်း) ရိုဇာဥပုသ် စောင့်ထိန်းပါလေ။"
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်)က လူတစ်ဦးသည် သတိထားဆင်ခြင်သည့်အနေဖြင့် လမြတ်ရမဿွာန်မတိုင်မီ တစ်ရက် သို့မဟုတ် နှစ်ရက်ကြိုတင်၍ ရိုဇာဥပုသ်စောင့်ထိန်းခြင်းအား တားမြစ်တော်မူခဲ့သည်။ ဤသို့တားမြစ်ရခြင်း၏ အကြောင်းရင်းမှာ လမြတ်ရမဿွာန်၏ ရိုဇာဥပုသ်စောင့်ထိန်းခြင်းသည် ဆန်းဦးစလကို မြင်ခြင်းအပေါ်၌သာ မူတည်ပြီး မလိုအပ်ဘဲ အတင်းအကြပ် ပြုလုပ်ရန် မလိုအပ်သောကြောင့် ဖြစ်သည်။ သို့ရာတွင် တစ်ဦးတစ်ယောက်သည် နဂိုကတည်းက ရိုဇာဥပုသ်စောင့်ထိန်းခြင်းကို ပုံမှန်ပြုလုပ်နေကျဖြစ်ပါက ဥပမာ- တစ်ရက်ခြားရိုဇာထားခြင်း သို့မဟုတ် တနင်္လာနေ့ သို့မဟုတ် ကြာသပတေးနေ့များတွင် ရိုဇာစောင့်ထိန်းနေကျဖြစ်ပြီး၊ ထိုပုံမှန် ရိုဇာစောင့်ထိန်းနေကျနေ့သည် လမြတ်ရမဿွာန်မတိုင်မီ တစ်ရက် သို့မဟုတ် နှစ်ရက်အလိုနှင့် ကြုံကြိုက်သွားပါက ထိုသူသည် ထိုနေ့တွင် ရိုဇာစောင့်ထိန်းနိုင်သည်။ အကြောင်းမှာ ယင်းသည် လမြတ်ရမဿွာန်ကို ကြိုဆိုခြင်းသဘော မဟုတ်သောကြောင့်ဖြစ်သည်။ ထို့အတူ ဝါဂျစ်ဗ်ရိုဇာများဖြစ်သည့် ကဿွာရိုဇာ (လစ်ဟင်းခဲ့သော ရိုဇာများကို ဖြည့်စွက်ခြင်း) နှင့် နဇ်ရ်ကိုးထားသည့် ရိုဇာများကိုလည်း လမြတ်ရမဿွာန်မတိုင်မီ တစ်ရက် သို့မဟုတ် နှစ်ရက်အလိုတွင် စောင့်ထိန်းနိုင်သည်။