





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗ်ဒုလ္လာဟ်ဗင်န် မုဂဖ္ဖလ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အဇာန်နှစ်ခုရဲကြားတွင် ဆွလာသ်ရှိသည်။ အဇာန်နှစ်ခုရဲ့ကြားတွင် ဆွလာသ်ရှိသည်"။ ထို့နောက် တတိယအကြိမ်တွင် "ဆွလာသ်ဝတ်ပြုလိုသူတိုင်းအတွက်ဖြစ်သည်"ဟု မိန့်ကြားတော်မူခဲ့သည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်မှာ - အဇာန်နှင့် အိကာမသ်နှစ်ခု၏ ကြားတိုင်းတွင် နဖိလ်ဆွလာသ်ဆောက် တည်နိုင်သည်။ ထိုစကားကို သုံးကြိမ်တိုင်တိုင် မိန့်ကြားခဲ့ပြီး တတိယအကြိမ်တွင် ထိုအရာသည် (အဇာန်နှင့် အိကာမသ်နှစ်ခု၏ ကြားတိုင်းတွင် နဖိလ်ဆွလာသ်ဝတ်ပြုခြင်းသည်) ဆွလာသ်ဆောက်တည်လိုသူတိုင်းအတွက် မွစ်သဟဗ်ဖြစ်သည်ဟု မိန့်ကြားခဲ့သည်။
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "ဟဂ်ျနှင့် အွမ်ရာကြား တစ်ခုနှင့်တစ်ခုမခြားဘဲ တစ်ဆက်တည်းပြုလုပ်ပါ။ အဘယ် ကြောင့်ဆိုသော် ပန်းပဲဖိုသည် သံ၊ ရွှေငွေတို့၏ ချေးညှော်များကို ဖယ်ရှားသကဲ့သို့ ထိုအရာနှစ်ခုသည် ဆင်းရဲခြင်းနှင့် အပြစ်အကုသိုလ်များကို ဖယ်ရှားပေးသည်။ ထို့ပြင် လက်ခံခြင်းခံရသော ဟဂ်ျ၏ အကျိုးကုသိုလ်သည် ဂျန္နသ်သာလျှင်ဖြစ်သည်။
رواه الترمذي والنسائي وأحمد၁။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဟဂ်ျနှင့် အွမ်ရဟ် ပြုလုပ်ခြင်းကို ဆက်တိုက်ပြုလုပ်ရန် တိုက်တွန်းထားပြီး၊ တတ်စွမ်းနိုင်ပါက ၎င်းတို့ကို (တစ်ခုနှင့်တစ်ခုကြား) ပြတ်တောက်စေခြင်းမပြုဘဲ ဆက်တိုက်ပြုလုပ်ရန် သွန်သင်ထား သည်။ အကြောင်းမှာ ယင်းတို့ကို ဆက် တိုက်ပြုလုပ်ခြင်းသည် ဆင်းရဲမွဲတေမှုနှင့် အပြစ်များကို ဖယ်ရှားပေးကာ စိတ်နှလုံးအပေါ် ၎င်းတို့၏ သက်ရောက်မှုကို ပယ်ဖျောက်ပေးသောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် ငရဲမီးသည် သံချေးနှင့် သံတွင်ပါဝင်သော အခြားသတ္တုအညစ်အ ကြေးများကို ဖယ် ရှားပေးသကဲ့သို့ ဖြစ်သည်။
အနတ်စ် ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ “အုက်လ် သို့မဟုတ် အုရိုင်နဟ်မျိုးနွယ်ဝင် လူအချို့သည် (မဒီနဟ်မြို့သို့) ရောက်ရှိလာကြသည်။ ထိုသူတို့သည် မဒီနာမြို့ရာသီဥတုနှင့် အဆင်မပြေသဖြင့် ဖျားနာခဲ့ကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ၎င်းတို့အား နို့ထွက်သည့်ကုလားအုတ်မများရှိရာနေရာသို့ သွားပြီး ၎င်းတို့၏ ကျင်ငယ်များနှင့် နို့များကို(ရော၍) သောက်သုံးရန် အမိန့်ပေးတော်မူ၏။ ထို့ကြောင့် ၎င်းတို့သည် ထိုနေရာသို့ သွားရောက်ခဲ့ကြသည်။ ၎င်းတို့သည် ကျန်းမာလာသောအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ တိရစ္ဆာန်ထိန်းကျောင်းသူကို သတ်ဖြတ်ကာ တိရစ္ဆာန်များကို မောင်းနှင်သွားကြလေသည်။ မနက်ခင်းအစောပိုင်းအချိန်တွင် ထိုသတင်းရောက်ရှိလာသောအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သူတို့နောက်သို့ (ဖမ်းဆီးရန်)လိုက်လံစေတော်မူ၏။ နေ့ခင်းအချိန်ရောက်သော် သူတို့ကို ဖမ်းဆီးခေါ်ဆောင်လာကြသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သူတို့၏ လက်နှင့်ခြေတို့ကို ဖြတ်တောက်ရန် အမိန့်ပေးတော်မူလိုက်သည်။ သူတို့၏မျက်လုံးများသည် သံပူနှင့် ထိုးဖောက်ခြင်းခံရ၏။ သူတို့သည် မည်းနက်သည့် ကျောက်စိုင်မြေ (အလ်ဟရ်ရဟ်)ဆိုသည့် နေရာတွင် ပစ်ထားခြင်းခံရ၏။ သူတို့သည် သောက်ရန် ရေတောင်းခံကြသော်လည်း ရေတိုက်ခြင်းမခံကြရချေ။ အဘူကိလာဗဟ်က ပြောပြခဲ့သည်မှာ- ဤသူတို့သည် ခိုးယူခြင်း၊ သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်ခဲ့ကြပြီး အီမာန်သက်ဝင်ယုံကြည်ပြီးနောက် ပြန်လည်သွေဖည်ငြင်းပယ်ခဲ့ကာ အလ္လာဟ်အရှင်မြတ်နှင့် ၎င်း၏ရစူလ်တမန်တော်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည်။”
متفق عليهအုက်လ်နှင့် အုရိုင်နဟ်မျိုးနွယ်စုနှစ်ခုမှ အမျိုးသားအချို့သည် မွတ်စ်လင်မ်များအဖြစ် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံတော်သို့ ရောက်ရှိလာကြသည်။ ထိုအခါ သူတို့သည် ဖျားနာခြင်း၊ ဝမ်းဗိုက်ဖောရောင်ခြင်းဖြစ်စေသော ရောဂါတစ်မျိုးကို ခံစားကြရပြီး မဒီနာမြို့၏ အစားအစာနှင့် လေ(ရာသီဥတု)သည် သူတို့နှင့် အဆင်မပြေသောကြောင့် မဒီနာ၌ နေထိုင်ခြင်းကို မနှစ်သက်ခဲ့ကြပေ။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သူတို့အား စွဒကဟ်အဖြစ်ရရှိထားသော ကုလားအုတ်များထံ သွားရောက်ကာ ထိုကုလားအုတ်များ၏ ကျင်ငယ်များနှင့် နို့များကို(ရော၍) သောက်သုံးရန် အမိန့်ပေးတော်မူ၏။ ထို့ကြောင့် ၎င်းတို့သည် ထိုနေရာသို့ သွားရောက်ခဲ့ကြသည်။ ၎င်းတို့သည် ကျန်းမာသန်စွမ်းလာပြီး ကိုယ်အလေးချိန်တက်လာကာ အသားအရောင် ပြန်ကောင်းလာသောအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ တိရစ္ဆာန်ထိန်းကျောင်းသူကို သတ်ဖြတ်ကာ ကုလားအုတ်များကို မောင်းနှင်သွားကြလေသည်။ ထိုသတင်းသည် နံနက်အစောပိုင်းတွင် ရောက်ရှိလာသဖြင့် တမန်တော်မြတ်က သူတို့ကို လိုက်လံဖမ်းဆီးစေတော်မူရာ မွန်းတည့်ချိန်တွင် အဖမ်းခံရပြီး တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ အကျဉ်းသားများအဖြစ် ပြန်လည်ရောက်ရှိလာကြသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သူတို့၏ လက်နှင့်ခြေများကို ဖြတ်တောက်ရန်၊ မျက်လုံးများကို ထိုးဖောက်ရန် အမိန့်ပေးတော်မူ၏။ အဘယ် ကြောင့်ဆိုသော် သူတို့သည် တိရစ္ဆာန်ထိန်းကျောင်းသူကို ထိုနည်းအတိုင်း ကျူးလွန်ခဲ့ကြသောကြောင့် ဖြစ်သည်။ ထို့နောက် သူတို့သည် မည်းနက်သည့် ကျောက်စိုင်မြေ (အလ်ဟရ်ရဟ်)ဆိုသည့်နေရာတွင် ပစ်ထားခြင်းခံရ၏။ သူတို့သည် သောက်ရန် ရေတောင်းခံကြသော်လည်း ရေတိုက်ခြင်းမခံကြရသောကြောင့် နောက်ဆုံးတွင် သေဆုံးသွားကြလေသည်။ အဘူကိလာဗဟ်က ပြောပြခဲ့သည်- ဤသူတို့သည် ခိုးယူခြင်း၊ သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်ခဲ့ကြပြီး အီမာန်သက်ဝင်ယုံကြည်ပြီးနောက် ပြန်လည်သွေဖည်ငြင်းပယ်ခဲ့ကာ အလ္လာဟ်အရှင်မြတ်နှင့် ၎င်း၏ရစူလ်တမန်တော်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည်။
အစ်ဗ်နုအဗ္ဗားစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အမွေရထိုက်သူများကို အမွေများပေးကြလော့။ ကျန်တယ့်အရာသည် အနီးစပ်ဆုံး ယောက်ကျားလေး အတွက်ဖြစ်သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အမွေခွဲဝေရေးကို တာဝန်ယူဆောင်ရွက်သူများအား အလ္လာဟ်အရှင်မြတ် ချမှတ်ပညတ်ထားတော်မူသည့်အတိုင်း တရားမျှတစွာ ခွဲဝေပေးရန် မိန့်တော်မူခဲ့သည်။ ထိုသို့ခွဲဝေရာတွင် အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်တွင် သတ်မှတ်ပြဌာန်းထားသော အချိုးကျ အခွင့်အရေးရှိသူများ (အတ်စ်ဟာ ဗွလ်ဖူရူးဒ်)အား ၎င်းတို့၏ အချိုးကျအခွင့်အရေးများကို အရင်ပေးရမည်။ ထိုအချိုးများမှာ သုံးပုံနှစ်ပုံ ၊ သုံးပုံတစ်ပုံ ၊ ခြောက်ပုံတစ်ပုံ၊ တစ်ဝက်၊ လေးပုံတစ်ပုံနှင့် ရှစ်ပုံတစ်ပုံတို့ ဖြစ်ကြသည်။ ထိုသို့ အချိုးကျအခွင့်အရေးရှိသူများအား ၎င်းတို့၏ အချိုးများပေးပြီးနောက် ကျန်ရှိသည့် ပစ္စည်းများကို အဆွဗဟ်ဟုခေါ်သည့် အမျိုးသားများအနက် သေဆုံးသူနှင့် အနီးစပ်ဆုံးသွေးရင်းချာ အမျိုးသားအား ပေးအပ်ရမည်။
မုအ်မင်န်တို့၏ မိခင်မွန် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ နဗီတမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်။ "လက်ကို လေးပုံတစ်ပုံဒီနာရ်(ရွှေဒင်္ဂါး)နှင့်အထက် (ခိုးမှု)အ တွက်သာ ဖြတ်တောက်ရမည်။"
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ရွှေဒင်္ဂါးလေးပုံတစ်ပုံနှင့် ၎င်းထက်ပိုသော ပမာဏကို ခိုးယူမိပါက ခိုးသူ၏လက်ကို ဖြတ်တောက်ရမည်ဟု ရှင်းလင်းမိန့်ကြားခဲ့သည်။ ၎င်း(ရွှေ ဒင်္ဂါးလေးပုံတစ်ပုံ) ၏ တန်ဖိုးသည် ရွှေ ၁.၀၆ ဂရမ်နှင့် ညီမျှသော ပမာဏတန်ဖိုးဖြစ်သည်။
အဗူဗုရ်ဒဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ သူသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ "တစ်ဦးတစ်ယောက်ကိုမျှ ကြိမ်ဒဏ်ဆယ်ချက်ထက်ပို၍ မရိုက်ရပါ။ သို့ရာ တွင် အလ္လာဟ်အရှင်မြတ် သတ်မှတ်ပြဌာန်းထားသောပြစ်ဒဏ်များထဲမှပြစ်ဒဏ်တစ်ခုခုအတွက်မူ ရိုက်ခွင့်ရှိသည်။"
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် တစ်ဦးတစ်ယောက်ကိုမျှ ကြိမ်ဒဏ် ဆယ်ချက်ထက်ပိုမို၍ မရိုက်ရန် တားမြစ်တော်မူခဲ့သည်။ သို့ရာတွင် ပြစ်မှုများအတွက်မူ ရိုက်ခွင့်ရှိသည်။ ဆိုလိုသည်မှာ ရှရီအဟ်ဥပဒေတွင် သတ်မှတ်ထားသော ဒဏ်ရိုက်ချက်အရေအတွက်ရှိသည့် ဒဏ်ခတ်မှု၊ ရိုက်နှက်မှု သို့မဟုတ် အပြစ်ဒဏ်မျိုးကို ရည်ညွှန်းခြင်းမဟုတ်ဘဲ စည်းကမ်းဖောက်ဖျက်မှုအတွက်ဆုံးမသည့်အနေဖြင့်ရိုက်ခြင်းတွင် ဆယ်ချက်ထက် မပိုစေရဟု ဆိုလိုခြင်းဖြစ်သည်။ ဥပမာ - ဇနီးသည်ကိုဖြစ်စေ၊ သားသမီးကိုဖြစ်စေ ဆုံးမရာတွင် ရိုက်ခြင်းဖြစ်သည်။
အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "မည်သူမဆို တိရစ္ဆာန်များ(သိုး၊ဆိတ်၊ကုလားအုပ်) ကို စောင့်ရှောက်သည့် ခွေး သို့မဟုတ် အမဲလိုက်ခွေး မှအပ ခွေးကို မွေးမြူမည်ဆိုလျှင် သူ၏ ကောင်းမှုမှနေ့စဉ် ကီရာသွ်နှစ်ခုလျော့နည်းသွားလိမ့်မည်။" စာလင်မ်က ပြောပြသည်- အဘူဟုရိုင်ရဟ်က 'သို့မဟုတ် လယ်ယာစောင့်ခွေး'ဟု ထည့်ပြောလေ့ရှိပြီး အဘူဟိုရိုင်ရဟ်ကိုယ်တိုင် လယ်ယာရှင်တစ်ဦးဖြစ်သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အမဲလိုက်ခြင်း၊ တိရစ္ဆာန်များနှင့် သီးနှံများကို စောင့်ရှောက်ကာကွယ်ရန်မှတစ်ပါး အခြားလိုအပ်ချက်များအတွက် ခွေးမွေးခြင်းကို သတိပေးတားမြစ်ထားသည်။ ထိုသို့လိုအပ်ချက်မရှိဘဲ ခွေးမွေးသူသည် နေ့စဉ် မိမိ၏ ကောင်းမှုအကျိုးမှ ကီရာသွ်နှစ်ခု လျော့နည်းသွားသည်။ ကီရာသွ်၏ တိတိကျကျပမာဏကို အလ္လာဟ်အရှင်မြတ်သာ လျှင် သိရှိတော်မူသည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည် “အလ္လာဟ်အရှင်မြတ်ရဲ့ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဗလီဝတ်ကျောင်းတော်သို့ ဝင်ရောက်တော်မူခဲ့၏။ ထို့နောက်တွင် လူတစ်ဦးသည် (ဗလီထဲ)ဝင်ရောက်လာပြီး ဆွလာသ်ဝတ်ပြုကာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား စလာမ်ပေးလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က စလာမ်ပြန်လည်အဖြေပေးတော်မူပြီးနောက် “သင်သည် ပြန်သွားပြီး ဆွလာသ်ဝတ်ပြုပါ။ အဘယ်ကြောင့်ဆိုသော် အသင်သည် ဆွလာသ် ဝတ်ပြုခဲ့သည်မဟုတ်။” ဟု မိန့်တော်မူ၏။ထိုသူသည် ပြန်သွား၍ အရင်ဆွလာသ်ဝတ်ပြုခဲ့သကဲ့သို့ပင် ဆွလာသ်ဝတ်ပြုပြီး ပြန်လာကာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား စလာမ်ပေးလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က “သင်သည် ပြန်သွားပြီး ဆွလာသ်ပြန်ဝတ်ပြုပါ။ အဘယ်ကြောင့်ဆိုသော် အသင်သည် ဆွလာသ် ဝတ်ပြုခဲ့သည်မဟုတ်။” ဟု မိန့်တော်မူ၏။ထိုသူသည် ပြန်သွား၍ အရင် ဆွလာသ်ဝတ်ပြုခဲ့သကဲ့သို့ပင် ဆွလာသ်ဝတ်ပြုပြီး ပြန်လာကာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား စလာမ်ပေးလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က “သင်သည် ပြန်သွားပြီး ဆွလာသ်ပြန်ဝတ်ပြုပါ။ အဘယ်ကြောင့်ဆိုသော် အသင်သည် ဆွလာသ် ဝတ်ပြုခဲ့သည်မဟုတ်။” ဟု မိန့်တော်မူ၏။ (ထိုသို့ ဆွလာသ်ပြန်ဝတ်ပြုခိုင်းသည်မှာ) သုံးကြိမ်တိုင်တိုင် ဖြစ်ခဲ့၏။ ထိုအခါ ထိုသူက “ ကိုယ်တော့်အား အမှန်တရားဖြင့် စေလွှတ်တော်မူသော အရှင်မြတ်အား ကျွန်တော်မျိုး တိုင်တည်ကျိန်ဆိုပါ၏။ ကျွန်တော်မျိုး ဤသည်ထက်ပို၍ကောင်းအောင် မဝတ်ပြုတတ်ပါ။ ထို့ကြောင့် ကျွန်တော်မျိုးအား သင်ပြပေးတော်မူပါ။” ဟု လျှောက်ထား၏။ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က “အသင် ဆွလာသ်ဝတ်ပြုရန် ရပ်သောအခါ သက္ကဗီရ်(အလ္လာဟုအက်ဗရ်) ဆိုပါ။ ထို့နောက် ကုရ်အာန်ကျမ်းတော်မြတ်မှ သင့်အတွက် လွယ်ကူတာကို ရွတ်ဖတ်ပါ။ ထို့နောက် အေးဆေးတည်ငြိမ်ကာ နေသားကျသွားသည်အထိ ရူကူအ်ဦးညွှတ်ပါ။ ထို့နောက် ရုကူအ်မှပြန်ထ၍ တည့်တည့်မတ်မတ်နေသားကျသွားသည်အထိ ရပ်လိုက်ပါ။ ထို့နောက် အေးဆေးတည်ငြိမ်ကာ နေသားကျသွားသည်အထိ စဂ်ျဒဟ်ဦးချပါ။ ထို့နောက် စဂ်ျဒဟ်မှထကာ အေးဆေးတည်ငြိမ်ကာ နေသားကျသွားသည်အထိ ထိုင်ပါ။ သင်၏ ဆွလာသ် အားလုံးတွင် ဤသို့ ပြုလုပ်ပါ။” ဟု မိန့်ကြားတော်မူခဲ့သည်။”
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဗလီဝတ်ကျောင်းတော်သို့ ဝင်ရောက်တော်မူခဲ့၏။ ထို့နောက် တမန်တော်မြတ်၏နောက်တွင် လူတစ်ဦးသည် ဗလီတော်သို့ ဝင်ရောက်လာ၍ အလျင်အမြန် ဆွလာသ်နှစ်ရကအသ်ဝတ်ပြုခဲ့သည်။ သူသည် မိမိ၏ ကိယာမ်ရပ်ခြင်း၊ ရူကူအ်ဦးညွှတ်ခြင်းနှင့် စဂျ်ဒဟ်ဦးချခြင်းတို့တွင် အေအေးဆေးဆေးတည်တည်ငြိမ်ငြိမ် နေသားသည်အထိ မပြုလုပ်ခဲ့ပေ။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် သူ၏ဝတ်ပြုခြင်းကို စောင့်ကြည့်နေတော်မူခဲ့၏။ ထို့နောက် ထိုသူသည် ဗလီ၏ထောင့်တစ်နေရာတွင် ထိုင်နေတော်မူသော တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံသို့ သွားရောက်ပြီး စလာမ်ပေးလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအား စလာမ်ပြန်လည်အဖြေပေးတော်မူပြီးနောက် မိန့်ကြားတော်မူသည်မှာ- “သင်သည် ပြန်သွားပါ။ အသင်၏ ဆွလာသ်ကိုပြန်လည်ဝတ်ပြုပါ။ အဘယ်ကြောင့်ဆိုသော် အသင်သည် ဆွလာသ် ဝတ်ပြုခဲ့သည်မဟုတ်ပါ။” ထိုလူသည် ပြန်သွားပြီး ယခင်အတိုင်းပင် အလျင်အမြန် ဆွလာသ်ဝတ်ပြုပြန်သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံသို့ ပြန်လာ၍ စလာမ်ပေးလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအား မိန့်ကြားတော်မူသည်မှာ- “သင်သည် ပြန်သွားပါ။ အသင်၏ ဆွလာသ်ကိုပြန်လည်ဝတ်ပြုပါ။ အဘယ်ကြောင့်ဆိုသော် အသင်သည် ဆွလာသ် ဝတ်ပြုခဲ့သည်မဟုတ်ပါ။” ဤသို့ သုံးကြိမ်တိုင်တိုင် ဖြစ်ခဲ့သည်။ ထိုအခါ ထိုလူက “ ကိုယ်တော့်အား အမှန်တရားဖြင့် စေလွှတ်တော်မူသော အရှင်မြတ်အား ကျွန်တော်မျိုး တိုင်တည်ကျိန်ဆိုပါ၏။ ကျွန်တော်မျိုး ဤသည်ထက်ပို၍ကောင်းအောင် မဝတ်ပြုတတ်ပါ။ ထို့ကြောင့် ကျွန်တော်မျိုးအား သင်ပြပေးတော်မူပါ။” ဟု လျှောက် ထား၏။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ၎င်းအား မိန့်ကြားတော်မူသည်မှာ- “အသင် ဆွလာသ်ဝတ်ပြုရန် ရပ်သောအခါ သက်ဗီရ်သဟ်ရီမဟ် (အလ္လာဟုအက်ဗရ်) ရွတ်ဆိုပါ။ ထို့နောက် ဆူရဟ်ဖာသိဟဟ်နှင့် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသော မည်သည့်ဆူရဟ်ကိုမဆို ရွတ်ဆိုပါ။ ထို့နောက် အေးဆေးတည်ငြိမ်ကာ နေသားကျသွားသည်အထိ ရူကူအ်ဦးညွှတ်ပါ။ (ထိုသို့ဦးညွှတ်ရာတွင်) သင်၏ လက်ဖဝါးနှစ်ဖက်ကို ဒူးနှစ်ဖက်ပေါ်တွင် တင်ထားပြီး သင်၏ကျောကို တစ်ဖြောင့်တည်းထားကာ ရူကူအ်ကို အေးဆေးတည်ငြိမ်စွာ လုပ်ပါ။ ထို့နောက် ရုကူအ်မှ ပြန်ထပါ။ (ထိုသို့ပြန်ထရာတွင်) သင်၏ ကျောကိုဖြောင့်တန်းစေပြီး အရိုးအဆစ်များ နေရာကျသွားသည်အထိ တည့်မှတ်စွာ ရပ်ပါ။ ထို့နောက် အေးဆေးတည်ငြိမ်ကာ နေသားကျသွားသည်အထိ စဂ်ျဒဟ်ဦးချပါ။ ဆိုလိုသည်မှာ နဖူး၊ နှာခေါင်း၊ လက်နှစ်ဖက်၊ ဒူးနှစ်ဖက်နှင့် ခြေချောင်းထိပ်များကို မြေကြီးပေါ် စွဲမြဲစွာ တင်ထားပါ။ ထို့နောက် စဂ်ျဒဟ်မှပြန်ထကာ စဂျ်ဒဟ်နှစ်ခုကြား တွင် အေးဆေးတည်ငြိမ်ကာ နေသားကျသွားသည်အထိ ထိုင်ပါ။ ထို့နောက် အသင့်ရဲ့ဆွလာသ်၏ ရကအသ်တိုင်းတွင် ဤသို့ ပြုလုပ်ပါ။”
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မွတ်စ်လင်မ် (သို့မဟုတ်) မုအ်မင်န် ကျေးကျွန်တစ်ဦးသည် ဝုဿွူပြုသည့်အခါ ၎င်း၏မျက်နှာကိုဆေးကြောလိုက်ပါက သူ၏မျက်လုံးနှင့်ကြည့်၍ ကျူးလွန်ခဲ့သည့် အပြစ်တိုင်းသည် ရေနှင့်အတူ (သို့မဟုတ်) နောက်ဆုံးရေစက်နှင့်အတူ မျက်နှာမှကျဆင်းသွားမည်။ ၎င်းသည်မိမိလက်နှစ်ဖက်ကို ဆေးကြောသည့်အခါ လက်ဖြင့်ကျူးလွန်ခဲ့သည့် အပြစ်တိုင်းသည် ရေနှင့်အတူ (သို့မဟုတ်) နောက်ဆုံးရေစက်နှင့်အတူ လက်မှကျဆင်းသွားမည်။ ၎င်းသည်မိမိခြေနှစ်ဖက်ကို ဆေးကြောသည့်အခါ ခြေဖြင့်လျှောက်လှမ်း၍ ကျူးလွန်ခဲ့သည့် အပြစ်တိုင်းသည် ရေနှင့်အတူ (သို့မဟုတ်) နောက်ဆုံးရေစက်နှင့်အတူ ခြေထောက်မှကျဆင်းသွားမည်။ နောက်ဆုံး အပြစ်များမှကင်းစင်၍ ထွက်လာမည်ဖြစ်သည်။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ရှင်းလင်းမိန့်ကြားတော်မူသည်မှာ- မွတ်စ်လင်မ် သို့မဟုတ် မုအ်မင်န်သည် ဝုဇူပြုသောအခါ မိမိမျက်နှာကို ဆေးကြောရာ၌ မျက်စိဖြင့်ကြည့်မိသော အသေးစားအပြစ်များအားလုံးသည် ရေနှင့်အတူ သို့မဟုတ် နောက်ဆုံးရေစက်နှင့်အတူ မျက်နှာမှထွက်သွား၏။ ထို့နောက် မိမိလက်နှစ်ဖက်ကို ဆေးကြောသောအခါ လက်နှစ်ဖက်ဖြင့် ကျူးလွန်ခဲ့သော အသေးစားအပြစ်များအားလုံးသည် ရေနှင့်အတူ သို့မဟုတ် နောက်ဆုံးရေစက်နှင့်အတူ လက်မှထွက်သွား၏။ ထို့နောက် မိမိခြေနှစ်ဖက်ကို ဆေးကြောသောအခါ ခြေနှစ်ဖက်ဖြင့် လျှောက်လှမ်းခဲ့သော အသေးစားအပြစ်များအားလုံးသည် ရေနှင့်အတူ သို့မဟုတ် နောက်ဆုံးရေစက်နှင့်အတူ ခြေမှထွက်သွား၏။ သို့ဖြင့် ဝုဇူပြီးဆုံးချိန်တွင် အပြစ်ငယ်များမှ စင်ကြယ်သွားလေသည်။