





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
လကီးသ်ွ ဗင်န် ဆွဗိရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် ဗနီမွန်သဖိက်အဖွဲ့၏ခေါင်းဆောင်အဖြစ် (သို့မဟုတ် ဗနီမွန်သဖိက်အဖွဲ့ဝင်တစ်ဦးအဖြစ်) တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ လာရောက်ခဲ့သည်။ ၎င်းက ဆက်လက်ပြောပြခဲ့သည်။ ကျွန်ုပ်တို့သည် တမန်တော်မြတ်ထံရောက်သောအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်အား အိမ်၌မတွေ့ရပါ။ ကျွန်ုပ်တို့သည် အွမ္မုလ်မုအ်မီနီးန် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) ကိုသာတွေ့ခဲ့ရသည်။ သခင်မသည် ကျွန်ုပ်တို့အတွက် 'ခဇီးရာ' (ဂျုံနှင့် နို့ဖြင့်ရောချက်ထားသည့်မုန့်တစ်မျိုး) ချက်ခိုင်းခဲ့သည်။ ထို့နောက် ကျွန်ုပ်တို့အတွက်(ယင်းမုန့်နှင့်အတူ) ကိနာအ် ( စွန်ပလွံသီးများထည့်ထားသော ပန်းကန်တစ်ချပ်ကို ) ယူဆောင်လာခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကြွလာခဲ့ပြီး၊ "သင်တို့ တစ်ခုခုစားပြီးကြပြီလား သို့မဟုတ် သင်တို့အတွက် တစ်ခုခုချက်ပြုတ်ခိုင်းခဲ့သလား" ကျွန်တော်တို့က "ဟုတ်ကဲ့၊ (စားခဲ့ပြီးပါပြီ)အိုအလ္လာဟ်ရဲ့ရစူလ်တမန်တော်" ဟု လျှောက်ထားခဲ့ကြသည်။ ထို့နောက် ကျွန်ုပ်တို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)နှင့်အတူထိုင်နေစဉ် ရုတ်တရက်ပင် သိုးထိန်းတစ်ဦးသည် မွေးမြူရေးခြံသို့ သိုးများကို မောင်းနှင်လာခဲ့သည်။ သူနှင့်အတူ သိုးကလေးတစ်ကောင်လည်း မြည်တမ်းလျက် လိုက်ပါလာသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က (သိုးထိန်းကို) မေးတော်မူသည်မှာ - “အို- ပုဂ္ဂိုလ် အသင့်သိုးမသည် (အထီး ၊ အမ) မည်သည့်အရာကို မွေးဖွားခဲ့သနည်း။ ထိုသူက "အမ" ဟု ဖြေဆိုခဲ့သည်။ တမန်တော်မြတ်က "သို့ဆိုလျှင် သူ့အစား ဆိတ်မတစ်ကောင်ကို ကျွန်ုပ်တို့အတွက် ဇဗဟ်လုပ်လိုက်ပါ" ဟု မိန့်တော်မူခဲ့သည်။ ထို့နောက် (လကီးသ်ွထံသို့ လှည့်၍) မိန့်တော်မူခဲ့သည်မှာ - “ ကျွန်ုပ်တို့သည် ထိုဆိတ်မကို သင့်အတွက် သတ်ခဲ့သည်ဟု လုံးဝမထင်လေနှင့်။ အမှန်မှာ ကျွန်ုပ်ထံတွင် သိုးတစ်ရာရှိပြီး ကျွန်ုပ်တို့သည် (ထိုအရေအတွက်ကို) ထပ်တိုးရန် မလိုလားကြပါ။ ထို့ကြောင့် သိုးထိန်း၏ (သိုးမများသည် ) ‘အမ ’မွေးပါက ထိုအစား ဆိတ်မတစ်ကောင်ကို ကျွန်ုပ်တို့ ဇဗဟ်လုပ်လေ့ရှိသည်။" လကီးသ်ွက ပြောပြခဲ့သည်မှာ - ကျွန်ုပ်က "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးတွင် ဇနီးတစ်ဦးရှိပါသည်။ သူမ၏ နှုတ်လျှာတွင် တစ်စုံတစ်ရာ (အပြစ်အနာအဆာ) ရှိပါသည်။ (ဆိုလိုသည်မှာ ဆဲဆိုကြမ်းတမ်းသော စကားများ ပြောတတ်ပါသည်) ဟု လျှောက်ထားခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သို့ဆိုလျှင် သင်သည် သူမအား ကွာရှင်းပစ်လော့" ဟု မိန့်တော်မူခဲ့သည်။ ကျွန်ုပ်က "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးသည် သူမနှင့်အတူ ကာလကြာမြင့်စွာနေထိုင်ခဲ့ပါသည်၊ သူမနှင့်ရရှိထားသည့် ကျွန်တော်မျိုး၏သားသမီးများလည်း ရှိပါသည်" ဟု ပြောခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က " သို့ဆိုလျှင် သင်သည် သူမအား အမိန့်ပေးဆုံးမပါလေ၊ အကယ်၍ သူမတွင် ကောင်းမှုရှိပါက သူမသည် နာခံလိမ့်မည်ဖြစ်သည်။ ထို့ပြင် သင်သည် သင့်ကျွန်မကို ရိုက်နှက်သကဲ့သို့ သင့်ဇနီးကို ရိုက်နှက်ခြင်း မပြုလေနှင့်" ဟု မိန့်တော်မူခဲ့သည်။ ထို့နောက် ကျွန်ုပ်က "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးအား ဝူဿွူပြုလုပ်ခြင်းနှင့်ပတ်သတ်၍ ပြောပြတော်မူပါ"(သင်ကြားပေးတော်မူပါ) ဟု လျှောက်ထားခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "ဝုဿွူကို ကောင်းမွန်ကျနစွာ အပြည့်အဝပြုလုပ်ပါ၊ လက်ချောင်းများကြားကို ရေရောက်အောင် ဆေးကြောပါ၊ အိစ်သင်န်ရှားက် (နှာခေါင်းအတွင်းသို့ ရေထည့်၍ ရှိုက်သွင်းကာပြန်ထုတ်ရာ) ပြုလုပ်ရာတွင် အတိုင်းအထက်အလွန် ကောင်းစွာပြုလုပ်ပါ၊ သို့ရာတွင် အကယ်၍ သင်သည် စောင်မ်ဥပုသ်သီလ စောင့်ထိန်းထားသူဖြစ်ပါက အလွန်အကျွံမပြုလုပ်လေနှင့်။"
رواه أبو داود والترمذي والنسائي وابن ماجهလကီးသ်ွ ဗင်န် ဆွတ်ဗ်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ပြောပြခဲ့သည်မှာ - သူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ မိမိအမျိုးသားများဖြစ်သည့် ဗနီမွန်သဖိက်မှ အခြားသူများနှင့်အတူ ကိုယ်စားလှယ်အဖွဲ့အဖြစ် လာရောက်ခဲ့သည်။ သူက ဆက်လက်ပြောကြားခဲ့သည် - ကျွန်ုပ်တို့သည် ကိုယ်တော်မြတ်အား ၎င်း၏အိမ်၌ မတွေ့ခဲ့ရပါ။ မုအ်မင်န်တို့၏မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) ကိုသာ တွေ့ရှိခဲ့ရသည်။ ထို့နောက် သခင်မက ဂျုံမှုန့်နှင့် အဆီဖြင့်ရော၍ချက်ရသည့် မုန့်တစ်မျိုးကို ချက်ခိုင်းခဲ့ပြီး၊ စွန်ပလွံသီးပါသည့် ပန်းကန်တစ်ချပ်ကို ကျွန်ုပ်တို့အားပေးခဲ့လေသည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကြွလာတော်မူပြီး မိန့်တော်မူသည် - သင့်တို့အတွက် စားစရာ တစ်ခုခု ပေးပြီးပြီလော။ ကျွန်ုပ်တို့က'ဟုတ်ကဲ့' ဟု ဖြေကြားခဲ့သည်။ လကီးသ်ွ (ရဿွိယလ္လာဟု အန်ဟု) က ဆက်လက်ပြောကြားခဲ့သည် - ကျွန်ုပ်တို့သည် တမန်တော်မြတ်နှင့်အတူ ထိုင်နေစဉ် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိ ဝစလ္လမ်) ၏ သိုးထိန်းသည် သိုးများကို ၎င်းတို့၏ ညအိပ်ရာနေရာသို့ မောင်းနှင်လျက် မြည်တွန်နေသည့် ဆိတ်ကလေးတစ်ကောင်ကို သယ်ဆောင်လျက် ရောက်ရှိလာခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ်) က မေးတော်မူသည် - မည်သည့်အရာကို မွေးဖွားခဲ့သနည်း။ သိုးထိန်းက'အမတစ်ကောင် မွေးဖွားခဲ့ပါသည်' ဟု ဖြေကြားခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည် -(ယခုမွေးဖွားလာသည့်) သူ့(သိုးမကလေး)နေရာ၌ အရွယ်ရောက်ပြီးသော ဆိတ်မတစ်ကောင်ကို ကျွန်ုပ်တို့အတွက် ဇဗဟ်ပြုလုပ်လိုက်ပါ။ ထို့နောက်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည် - ကျွန်ုပ်တို့သည် သင်တို့အတွက် တကူးတက ဇဗဟ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု လုံးဝမထင်လေနှင့်။ ကျွန်ုပ်တို့တွင် သိုးပေါင်း တစ်ရာ ရှိပြီး ထို့ထက် တိုးပွားစေလိုခြင်း မရှိပေ။ သို့ဖြစ်ရာ အသစ်မွေးဖွားလာသော သားပေါက်တစ်ကောင်စီအတွက် ၎င်း၏နေရာ၌ (အရှင်ရှိတယ့်သိုးတစ်ကောင်ကို) ဇဗဟ်လုပ်လေ့ရှိသည်။ လကီးသ်ွ(ရဿွိယလ္လာဟုအန်ဟု) က ဆက်လက်ပြောပြခဲ့သည် - ကျွန်ုပ်က အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုး၏ ဇနီးသည် နှုတ်လျှာရှည်သူဖြစ်ပြီး ဆိုးရွားသော စကားများကို ပြောဆိုတတ်ပါသည်။ ကျွန်တော်မျိုးသည် သူမနှင့်မည်သို့ပြုမူသင့်ပါသနည်း လျှောက်ထားခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) က သို့ဆိုလျှင် သင်သူမကို သွလားက်ပေးလိုက်ပါဟု မိန့်တော်မူသည်။ လကီးသ်ွ(ရဿွိယလ္လာဟုအန်ဟု) က ပြောပြခဲ့သည်မှာ - ကျွန်ုပ်က အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးသည် သူမနှင့်အတူ ကာလကြာမြင့်စွာနေထိုင်ခဲ့ပါသည်၊ သူမနှင့်ရရှိထားသည့် ကျွန်တော်မျိုး၏သားသမီးများလည်း ရှိပါသည်" ဟု လျှောက်ထားခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည် - သို့ဖြစ်လျှင် အသင် သူမအား ဆုံးမလော့။ အကယ်၍ သူမ၌ ကောင်းမှုရှိလျှင် သင်၏ ဆုံးမမှုကို လက်ခံလိမ့်မည်။ အကယ်၍ လက်မခံပါက သင်သည် သူမအား ထိခိုက်နာကျင်စေလောက်အောင် မဟုတ်သည့် (သင့်တင့်သော) ရိုက်နှက်မှုကို ပြုလုပ်လော့။ သို့ရာတွင် သင်၏ အစေခံကျေးကျွန်များကို ရိုက်နှက်သကဲ့သို့ သူမအား မရိုက်နှက်လေနှင့်။ ထို့နောက် လကီးသ်ွ (ရဿွိယလ္လာဟုအန်ဟု) က လျှောက်ထားခဲ့သည် - အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ဝူဿွူနှင့်ပတ်သတ်၍ ကျွန်တော်မျိုးအား အသိပေးတင်ပြတော်မူပါ။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည် - ဝူဿွူပြုလုပ်စဉ် ရေကို (ခန္ဓာကိုယ်၌ ရေရောက်ရှိရန်လိုအပ်သည့်) နေရာများသို့ ကောင်းစွာ ရောက်ရှိအောင်လုပ်ပါ၊ (ခန္ဓာကိုယ်၏) အင်္ဂါအစိတ်အပိုင်းတိုင်းအတွက် ၎င်း၏ အခွင့်အရေးကို အပြည့်အဝပေးပါ၊ ( တစ်နည်း အစိတ်အပိုင်းတိုင်းကို ကောင်းမွန်ကျနစွာ ဆေးကြောပါ) ဝူဿွူ၏ ဖရဿ်ွအချက်များနှင့် စွန်နသ်တော်များအနက် တစ်စုံတစ်ရာကိုမျှ မစွန့်လွှတ်ပါနှင့်၊ သင်၏ လက်များနှင့် ခြေများကို ဆေးကြောစဉ် သင်၏ လက်ချောင်းများနှင့် ခြေချောင်းများကြားကို ခြားထားပါ ( ရေရောက်အောင်ပြုလုပ်၍ ပွတ်တိုက်ဆေးကြောပါ) ဝူဿွူပြုလုပ်နေစဉ် သင်၏ နှာခေါင်းအတွင်းသို့ ရေကို ကောင်းစွာဆွဲယူသွင်းပြီး ထုတ်ပစ်ပါ၊ သို့ရာတွင် အကယ်၍ သင်သည် စောင်မ်ဥပုသ်သီလစောင့်ထိန်းထားသူ ဖြစ်ပါက ရေသည် သင်၏ ဝမ်းဗိုက်အတွင်းသို့ မဝင်ရောက်စေရန် (ဤသို့ ပြုလုပ်ရာတွင်) သတိထားပါ။
အိဗ်နုမတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်တို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်)နှင့်အတူ ခရီးတစ်ခုသွားစဉ် တမန်တော်မြတ်သည် သဘာဝလိုအပ်ချက်ကို ဖြေရှင်းရန် ခေတ္တထွက်သွားခဲ့သည်။ ကျွန်ုပ်တို့သည် ငှက်မတစ်ကောင်နှင့် ၎င်း၏သားပေါက်နှစ်ကောင်ကို တွေ့ရှိခဲ့ကြသည်။ ကျွန်ုပ်တို့သည် ငှက်သားပေါက်ကလေးနှစ်ကောင်ကို ယူဆောင်လာခဲ့ကြသည်။ ထိုအခါငှက်မသည် သူ၏အတောင်များကို ဖြန့်ကားလျက် (ဝဲပျံနေခဲ့သည်) လာခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) ပြန်ရောက်လာသောအခါ၊ “မည်သူက ဤငှက်မကို ၎င်း၏သားပေါက်များ(ကို ဖမ်းဆီးခြင်း)ဖြင့်ဝမ်းနည်းကြွေကွဲစေခဲ့သနည်း။ ၎င်း၏သားပေါက်များကို ပြန်ပေးလိုက်ကြလော့” ဟု မိန့်တော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ်သည် ကျွန်ုပ်တို့မီးရှို့ပြီးသော ပုရွက်ဆိတ်အုံတစ်ခုကို တွေမြင်တော်မူသောအခါ “ဤပုရွက်ဆိတ်အုံကို မည်သူမီးရှို့ခဲ့သနည်း” ဟု မေးတော်မူသည်။ ကျွန်ုပ်တို့က“ကျွန်ုပ်တို့ မီးရှို့ခဲ့ပါသည်” ဟု လျှောက်ထားခဲ့ကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) က “မီးဖြင့် ပြစ်ဒဏ်ပေးခြင်းသည် မီးကို ဖန်ဆင်းတော်မူသောအရှင် မြတ်အတွက်သာလျှင် သင့်တော်ပေသည်” ဟု မိန့်ကြားတော်မူခဲ့သည်။
رواه أبو داودအဗ်ဒုလ္လာဟ် ဗင်န် မတ်စ်အူးဒ် ( ရဿွိယလ္လာဟုအန်ဟု) က ဆင့်ပြန်တင်ပြခဲ့သည်မှာ ၎င်းတို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူ ခရီးတစ်ခုတွင် ရှိနေခဲ့ကြစဥ် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် သဘာဝလိုအပ်ချက်ကို ဆောင်ရွက်ရန် ခေတ္တထွက်ခွါသွားခဲ့သည်။ ထိုအခါ ကိုယ်တော်၏ တပည့်သာဝကများက ငှက်မတစ်ကောင်နှင့် သူ၏ငှက်သားပေါက်ကလေးနှစ်ကောင်ကို တွေ့ခဲ့ကြသည်။ ထို့နောက် သူတို့သည် ငှက်သားပေါက်ကလေးငှက်နှစ်ကောင်ကို ယူဆောင်ခဲ့ကြသည်။ ထိုအခါ ထိုငှက်မသည် သူ၏ကလေးများဆုံးရှုံးရသည့်အတွက် ကြောက်ရွံ့ပြီး စိုးရိမ်သောကရောက်ကာ အတောင်များကို ဖြန့်လျက် ပျံဝဲနေခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ပြန်ရောက်ရှိလာသောအခါ မည်သူက ဤငှက်မကို ၎င်း၏ကလေးများကို ယူဆောင်ခဲ့ခြင်းဖြင့် ဝမ်းနည်းသောကရောက်စေပြီး ထိတ်လန့်စေခဲ့သနည်း။”ဟု မိန့်ကြားတော်မူသည်- ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ငှက်ကလေးများကို မိခင်ငှက်မထံ ပြန်ပေးအပ်ရန် အမိန့်ပေးတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မီးရှို့ဖျက်ဆီးခံထားရသော ပုရွက်ဆိတ်အုံတစ်ခုကို မြင်တွေ့ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က “ဤပုရွက်ဆိတ်အုံကို မည်သူ မီးရှို့ခဲ့သနည်း” ဟု မေးမြန်းတော်မူခဲ့သည်။ ဆွဟာဗဟ်အချို့က “ကျွန်တော်မျိုးတို့ပါ” ဟု ဖြေကြားခဲ့ကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ၎င်းတို့အား မိန့်ကြားတော်မူသည်- “အမှန်စင်စစ်၊ သက်ရှိသတ္တဝါကို မီးဖြင့် ပြစ်ဒဏ်ပေးခြင်းသည် ထိုမီးကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သူတစ်ဦးတစ်ယောက်အတွက်မျှ မပိုင်ပေ။
အနတ်စ်ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူ ဗလီဝတ်ကျောင်းတော်တွင် ရှိနေစဉ် ရုတ်တရက် ကျေးတောသားတစ်ဦး ရောက်လာပြီး ဗလီထဲ၌ ကျင်ငယ်စွန့်(ဆီးသွား)ရန်ပြုလေ၏။ ရစူလ်တမန်တော်မြတ်၏ ဆွဟာဗဟ်သာဝကတို့က "ရပ်လိုက်ပါ။ ရပ်လိုက်ပါ" ဟု ပြောဆိုကြ၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "သူ့ကို မတားဆီးကြနှင့်။ လွှတ်ထားလိုက်ပါ" ဟု မိန့်ကြားတော်မူ၏။ ဆွဟာဗဟ်သာဝကများလည်း သူ ကျင်ငယ် စွန့်(ဆီးသွား) ပြီးသည်အထိ လွှတ်ထားလိုက်ကြ၏။ ထို့နောက်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က က ထိုကျေးတောသားအား ခေါ်၍ "ဤဗလီဝတ်ကျောင်းတော်များသည် ဤကဲ့သို့ ကျင်ငယ်စွန့်ရန် သို့မဟုတ် ညစ်ညမ်းမှုများ မပြုလုပ်သင့်သော နေရာများဖြစ်သည်။ စင်စစ် ဗလီဝတ်ကျောင်းတော်များသည် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း၊ ဆွလာသ်ဝတ်ပြုခြင်းနှင့် ကုရ်အာန်ကျမ်းတော်မြတ် ဖတ်ရွတ်ခြင်းတို့အတွက်သာ ဖြစ်၏" ဟု (သို့မဟုတ် အလားတူစွာ) မိန့်တော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဆွဟာဗီတစ်ဦးအား ရေတစ်ပုံး ယူလာခိုင်းပြီး ယင်း (ကျင်ငယ်စွန့်ရာနေရာ) အပေါ်သို့ လောင်းချစေတော်မူခဲ့သည်။
متفق عليهနဗီတမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဗလီအတွင်း၌ မိမိ၏ တပည့်သာဝကများနှင့်အတူ ရှိနေခဲ့သည်။ ထိုအချိန်တွင် ကျေးတော သားတစ်ဦးသည် တောအရပ်မှ ရောက်လာပြီး ဗလီ၏ ထောင့်တစ်နေရာတွင် ထိုင်ကာ ဆီးသွားခဲ့သည်။ ထိုအခါ ဆွဟာဗဟ်များက သူ့ကို ဆူပူကြိမ်းမောင်းခဲ့ကြပြီး "ရပ်လိုက်၊ ဆီးသွားတာရပ်လိုက်" ဟု ပြောဆိုကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က "သူ့ကို လွှတ်ထားလိုက်ကြ၊ သူ့ဆီးသွားခြင်းကို မရပ်တန့်လိုက်နှင့်" ဟု မိန့်ကြားတော်မူခဲ့သည်။ ထိုအခါ ဆွဟာဗဟ်များက ထိုသူ ဆီးသွားပြီးသည်အထိ သူ့ကို လွှတ်ထားလိုက်ကြရသည်။ ထို့နောက် တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ထိုကျေးတောသားကိုခေါ်၍သူ့အား- ဧကန်စင်စစ် ဤဗလီဝတ်ကျောင်းတော်များသည် ဤကဲ့သို့ ကျင်ငယ်စွန့်ရန် သို့မဟုတ် ညစ်ညမ်းမှုများ မပြုလုပ်သင့်သော နေရာများဖြစ်သည်။ စင်စစ် ဗလီဝတ်ကျောင်းတော်များသည် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း၊ ဆွလာသ်ဝတ်ပြုခြင်းနှင့် ကုရ်အာန်ကျမ်းတော်မြတ် ဖတ်ရွတ်ခြင်း စသည်တို့အတွက်သာ ဖြစ်သည် ဟု မိန့်ကြားတော်မူခဲ့လေသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဆွဟာဗီတစ်ဦးအား အမိန့်ပေးတော်မူခဲ့ရာ ၎င်းသည် ရေပြည့်နေသော ရေပုံးတစ်လုံးကို ယူလာကာ ယင်း ဆီးသွားခဲ့သည့်နေရာကို ဖြည်းညှင်းစွာ ရေလောင်း(ဆေးကြော)ခဲ့လေသည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ နဗီတမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် တိရိစ္ဆာန်၏ မစင်ခြောက် သို့မဟုတ် အရိုးဖြင့် သန့်စင်မှုပြုခြင်းမှ တားမြစ်တော်မူခဲ့ပြီး မိန့်ကြားတော်မူသည်မှာ - "ဧကန်စင်စစ် ထိုနှစ်မျိုး (တိရိစ္ဆာန်၏မစင်ခြောက်နှင့် အရိုး)သည် (အညစ်အကြေးကို) သန့်ရှင်းစင်ကြယ်အောင် မပြုလုပ်နိုင်ပေ။”
رواه الدارقطنيတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အပေါ့၊အလေး စွန့်ပြီးသူအား တိရစ္ဆာန်၏ အရိုး သို့မဟုတ် ၎င်း၏ မစင်ခြောက်များဖြင့် သန့်စင်မှုပြုခြင်းမှ တားမြစ်တော်မူခဲ့ပြီး မိန့်ကြားတော်မူသည်မှာ - အမှန်စင်စစ် ယင်းတို့သည် အညစ်အကြေးကို ဖယ်ရှားခြင်း မရှိသကဲ့သို့၊ ယင်းမှ သန့်ရှင်းစင်ကြယ်အောင်လည်း မပြုလုပ်နိုင်ပါ။
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အိမ်သာမှထွက်လာသောအခါတိုင်း«غُفراك» "ဂွဖ်ရာနက"ဟု ရွတ်ဆိုတော်မူလေ့ရှိသည်။
رواه أبو داود والترمذي وابن ماجه وأحمدတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အိမ်သာမှထွက်လာသောအခါတိုင်း : "غُفرانَك" (အို-အလ္လာဟ် အရှင်မြတ်၊ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ခွင့်လွှတ်ချမ်းသာပေးမှုကို တောင်းခံပါ၏)ဟု ရွတ်ဆိုတော်မူလေ့ရှိသည်။
စလ်မားန် ( ရဿွိယလ္လာဟာအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ မုရှ်ရိက်တို့က ကျွန်ုပ်တို့အား (ပြက်ရယ်ပြုသည့်အနေဖြင့်) ပြောဆိုခဲ့ကြသည်။ ကျွန်ုပ်သည်( မုရှ်ရိက်တစ်ဦးက) အသင်တို့၏မိတ်ဆွေ(တမန်တော်မြတ်)အား အသင်တို့ကို (ကိစ္စရပ်တိုင်းကို) သင်ကြားပေးကာ နောက်ဆုံး အပေါ့အလေးစွန့်သည့် ကိစ္စအထိ သင်ကြားပေးသည်ကို တွေ့မြင်ရသည်။ ထိုအခါ စလ်မာန်ဖာရစီ (ရဿွိယလ္လာဟုအန်ဟု) က ဟုတ်ပါသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်ုပ်တို့ထဲမှ တစ်ဦးတစ်ယောက်သည် သူ၏ညာဘက်လက်ဖြင့် သန့်စင်မှုပြုလုပ်ခြင်း၊ ( အပေါ့၊အလေးစွန့်ရာတွင် ) ကိဗ်လဟ်ဘက်သို့ မျက်နာမူခြင်း၊ တိရိစ္ဆာန်၏မစင်ခြောက်နှင့် အရိုးတို့ဖြင့် သန့်စင်မှုပြုလုပ်ခြင်းတို့မှ ကျွန်ုပ်တို့အား တားမြစ်တော်မူခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည် - အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ကျောက်ခဲသုံးခဲထက်နည်း၍ သန့်စင်မှုမပြုလုပ်ကြလေနှင့်။
رواه مسلمစလ်မာန်ဖာရစီ (ရဿွိယလ္လာဟုအန်ဟု) က ပြောသည်မှာ- မုရှ်ရိက်တို့က ကျွန်ုပ်တို့အား ပြက်ရယ်ပြု၍ ပြောဆိုခဲ့ကြသည်။ သင်တို့၏နဗီတမန်တော်သည် သင်တို့အား အရာရာတိုင်းကို သင်ပေးသည်၊ သင်တို့ အပေါ့၊အလေးစွန့်ရာတွင် မည်သို့ပြုလုပ်ရမည်ကိုပင် သင်ကြားပေးသည်။ စလ်မာန်ဖာရစီ (ရဿွိယလ္လာဟုအန်ဟု)က ပြန်လည် ဖြေကြားခဲ့သည်မှာ-ဟုတ်ပါသည်။ တမန်တော်မြတ်သည် ကျွန်ုပ်တို့အား အပေါ့၊အလေးစွန့်ခြင်း၏ စည်းကမ်းများကို သင်ပေးခဲ့သည်။ ထိုသင်ကြားချက်များထဲမှ တစ်ခုမှာ- ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အား အပေါ့၊အလေးစွန့်ပြီးနောက် ညာလက်ဖြင့် သန့်စင်မှုမပြုလုပ်ရန် တားမြစ်ခဲ့သည်။ ဤသည် ညာလက်ကို အညစ်အကျေးမှ ကာကွယ်ရန်နှင့်၊ ညာလက်ကို ဂုဏ် ပေးသည့်အနေဖြင့် ဖြစ်သည်။ ထို့ပြင် အပေါ့၊အလေးစွန့်သည့်အခါ ကအ်ဗဟ်ကျောင်းတော်ဘက်သို့ မျက်နှာမမူရန် တားမြစ်ခဲ့သည်။ ထို့အတူ ကျွဲ၊ နွား စသည့်တိရစ္ဆာန်များ၏ မစင်ခြောက်များ သို့မဟုတ် ၎င်းတို့၏ အရိုးများဖြင့် သန့်စင်မှု မပြုလုပ်စေရန် တားမြစ်ခဲ့ပြီး၊ သန့်စင်မှုပြုလုပ်ရာတွင် ကျောက်ခဲသုံးခဲထက် နည်းသောအရေအတွက်ဖြင့် မတင်းတိမ်ရန် တားမြစ်တော်မူခဲ့သည်။
အနတ်စ်ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ဖဂျရ်အဇာန်၌ မုအဇ်ဇင်န်က“ حَيَّ عَلَى الْفَلَاحِ ” (ဟိုင်ယ်ယ အလလ်ဖလာဟ်)ဟု ဆိုပြီးသောအခါ الصَّلَاةُ” خَيْرٌ مِنَ النَّوْمِ” (အတ်ဆွလာသု ခိုင်ရွန်မီနန်နောင်မ်) (ဆွလာသ်သည် အိပ်ခြင်းထက် သာလွန်ကောင်းမြတ်သည်) ဟု ဆိုခြင်းသည် စွန္နသ်တော်ထဲမှ ဖြစ်သည်။
رواه ابن خزيمة والدارقطني والبيهقيအနတ်စ် ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်မှာ နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် သီးသန့် ဖဂျရ်အဇာန်၌ မုအဇ်ဇင်န်သည်“ حَيَّ عَلَى الْفَلَاحِ ” (ဟိုင်ယ်ယ အလလ်ဖလာဟ်)ဟု ဆိုပြီးသောအခါ الصَّلَاةُ” خَيْرٌ مِنَ النَّوْمِ” (အတ်ဆွလာသု ခိုင်ရွန်မီနန်နောင်မ်) (ဆွလာသ်သည် အိပ်ခြင်းထက် သာလွန်ကောင်းမြတ်သည်) ဟု ဆိုခြင်းသည် မိမိ၏စွန္နသ်တော်ထဲမှ ဖြစ်ကြောင်း အတည်ပြုထောက် ခံခဲ့သည်။
အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)ဆင့်ပြန်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ- လူတို့သည် ဗလီများ(ဆောက်လုပ်ခြင်း)နှင့်ပတ်သက်၍ အချင်းချင်းတစ်ဦးနှင့်တစ်ဦး အပြိုင်အ ဆိုင် ဂုဏ်ယူဝင့်ကြွားမှုမပြုသမျှ ကာလပတ်လုံး ကိယာမသ် ဆိုက်ရောက်လာမည်မဟုတ်ပေ။
رواه أبو داود والنسائي وابن ماجهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ကိယာမသ်နေ့နှင့် ဒွန်ယာလောကကုန်ဆုံးချိန် နီးကပ်လာသည့် လက္ခဏာများအနက်တစ်ခုမှာ- လူတို့သည် ၎င်းတို့၏ ဗလီများကို အလှဆင်ခြင်း (သို့မဟုတ်) အလ္လာဟ်အရှင်မြတ်ကိုသာ သတိရတသ ရန်အတွက် တည်ဆောက်ထားသော ဗလီများအတွင်း လောကီကိစ္စရပ်များဖြင့် အချင်းချင်းဝင့်ကြွားဂုဏ်ယူကြမည်ဟု မိန့်ကြားတော်မူခဲ့သည်။
အိဗ်နု အဗ္ဗားစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ချွန်ထက်သည့်သွားရှိသော သားရဲတရိစ္ဆာန်များ အားလုံးကိုလည်းကောင်း၊ ခြေသည်းချွန်ရှိသော ငှက်များ အားလုံးကိုလည်းကောင်း (စားသုံးခြင်း) မှ ပိတ်ပင်တားမြစ်တော်မူခဲ့သည်။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ချွန်ထက် သည့်သွားဖြင့် သားကောင်ဖမ်းဆီးတတ်သော သားရဲတိရစ္ဆာန်များ အားလုံးနှင့် ခြေသည်းချွန်ဖြင့် ကိုက်ဖြတ် ဖမ်းဆီးတတ်သော ငှက်များ အားလုံးကို စားသုံးခြင်းမှ တားမြစ်တော်မူခဲ့သည်။