





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အွမ်မု အသွိယဟ် ( ရဿွိယလ္လာဟုအန်ဟာ ) ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်မတို့ဟာ ဂျနာဇဟ်နောက်ကနေ လိုက်ပါခြင်းမှ တားမြစ်ခြင်းခံရတယ်။ သို့သော် ကျွန်မတို့အပေါ် အတင်းအကျပ် တားမြစ်ခဲ့တာမျိုးတော့ မဟုတ်ပါ။
متفق عليهအွမ်မုအသွိယဟ် အလ်အန်ဆွာရိယဟ် ( ရဿွိယလ္လာဟု အန်ဟာ )ကတင်ပြခဲ့သည်မှာ- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အမျိုးသမီးများအား ဂျနာဇဟ်နှင့်အတူ လိုက်ပါခြင်းမှ တားမြစ်တော်မူခဲ့သည်။ ထိုသို့တားမြစ်ရခြင်းမှာ အမျိုးသမီးများအတွက်လည်းကောင်း၊ အမျိုးသမီးများကြောင့်လည်းကောင်း ဖြစ်ပေါ်လာနိုင်သော ဖိသ်နဟ်များကို စိုးရိမ်သောကြောင့်ဖြစ်သည်။ ထို့ပြင် သူမတို့၏ သည်းခံနိုင်စွမ်း နည်းပါးခြင်းကြောင့်လည်းဖြစ်သည်။ ထို့နောက် အွမ္မုအသွိယဟ်သခင်မက ဆက်လက်တင်ပြသည်မှာ- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အခြားသော တားမြစ်ချက်များတွင် ပြုလုပ်လေ့ရှိသကဲ့သို့ ဤတားမြစ်ချက်ကို တင်းတင်းကျပ်ကျပ် မပြုလုပ်ခဲ့ ပေ။
တမန်တော်မြတ်( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် )၏ ဇနီးကြင်ယာတော်၊ မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အမျိုးသမီးတစ်ဦးဟာ သူမရဲ့သမီးလေးနှစ် ယောက်နှင့်အတူ ကျွန်မထံ တောင်းရမ်းဖို့ ရောက်ရှိလာတယ်။ ထိုအချိန်၌ ကျွန်မထံမှာ စွန်ပလွံသီးတစ်လုံးမှအပ တခြားဘာမှမရှိပေ။ သို့ရှိရာ ကျွန်မက ထိုစွန်ပလွံသီးတစ်လုံးကိုပဲ သူမကို ပေးလိုက်တယ်။ ထိုအမျိုးသမီးသည် စွန်ပလွံသီးကို သူမ၏သမီးနှစ်ယောက်ကြားတွင် ခွဲဝေပေးခဲ့ပြီး မိမိကိုယ်တိုင် စားသုံးခြင်း မပြုခဲ့ပေ။ ထို့နောက် ထကာ ပြန်လည်ထွက်ခွာသွားခဲ့တယ်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကျွန်မထံ ကြွမြန်းလာတယ့်အခါ ကျွန်မက ဖြစ်စဉ်ကို လျှောက်ထားတင်ပြခဲ့ရာ၊ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဤသို့မိန့်ကြားတော်မူခဲ့တယ်။ မည်သူမဆို ဒီသမီးမိန်းကလေးတွေ ကြောင့် စမ်းသပ်မှု ( ဘေးဒုက္ခ ) တစ်စုံတစ်ရာ ကြုံတွေ့ခဲ့လျှင် ၎င်းအဖို့ ထိုသမီးမိန်းကလေးများသည် ဂျဟန္နမ်ငရဲမီးမှ ( ကာကွယ်ပေးမည့် ) အကာအကွယ်ဖြစ်သွားပေလိမ့်မည်။
متفق عليهမိခင်မွန်ကြီး အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က တင်ပြခဲ့သည်မှာ- အမျိုးသမီးတစ်ဦးသည် သူမ၏ သမီးနှစ်ယောက်နှင့်အတူ အစားအစာတောင်းရန် သူမ၏ထံသို့ ရောက်လာခဲ့သည်။ ထိုအချိန်၌ အာအိရှဟ်သခင်မထံတွင် စွန်ပလွံသီးတစ်လုံးတည်းသာ ရှိခဲ့သည်။ သခင်မသည် ယင်းစွန်ပလွံသီးကို ထိုအမျိုးသမီးအား ပေးခဲ့သည်။ ထိုအမျိုးသမီးသည် စွန်ပလွံသီးကို သူမ၏သမီးနှစ်ယောက်ကြားတွင် ခွဲဝေပေးခဲ့ပြီး မိမိကိုယ်တိုင် စားသုံးခြင်း မပြုခဲ့ပေ။ ထို့နောက် ထကာ ပြန်လည်ထွက်ခွာသွားခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ဝင်ရောက်လာသောအခါ အာအိရှဟ်သခင်မက ဖြစ်စဉ်ကို ပြန်လည်ပြောပြခဲ့ရာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဤသို့မိန့်ကြားတော်မူခဲ့သည်။ မည်သူမဆို ဤသမီးမိန်းကလေးများထံမှ တစ်စုံတစ်ရာ (စောင့်ရှောက်ရန် တာဝန်) ကို ရရှိခဲ့ပါက၊ သူမတို့အား ကောင်းမွန်စွာ ဆက်ဆံခြင်း၊ ကောင်းမွန်စွာပြုစုပျိုးထောင်ခြင်း၊ ကျွေးမွေးခြင်း၊ သောက်သုံးစေခြင်း၊ ဝတ်စားဆင်ယင်ပေးခြင်းနှင့် ထိုကိစ္စရပ်များကို သည်းခံစွာ ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ပါက၊ ထိုသမီးမိန်းကလေးများသည် ၎င်းအတွက် ငရဲမီးမှ ကာကွယ်ပေးသော အကာနှင့် အတားအဆီးဖြစ်ကြပေမည်။
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဖဂျရ်စွန္နသ် နှစ်ရကအသ်ထက်ပို၍ အလေး ထားဂရုစိုက်၊ မပျက်မကွက် အမြဲဆောင်ရွက်ခဲ့သော အခြားနဖိလ်ဆွလာသ်မရှိခဲ့ပါ။"
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဖဂျရ်အရင် စွန္နသ်နှစ်ရကအသ် ထက်ပို၍ အလေးထားဂရုစိုက်၊ မပျက်မကွက် အမြဲအလေးထား ဆောင်ရွက်ခဲ့သည့် နဖိလ်ဆွလာသ်မရှိကြောင်း မိခင်မွန်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) မှ ဆင့်ပြန်တင်ပြခဲ့သည်။
မုအာဇဟ် သခင်မက ဆင့်ပြန်ခဲ့သည်။ ကျွန်မသည် အာအိရှဟ်သခင်မအား ဓမ္မတာလာနေတယ့်အမျိုးသမီးဟာ ( ကိုယ်သန့်သွားတယ့်အခါ ) ဆောင်မ်ဥပုသ်ကို ပြန်လည်ဖြည့်စွက်ရပြီး ဆွလာသ်ကို ပြန်မဖြည့်စွက်ရခြင်းမှာ အဘယ်ကြောင့်နည်းဟု မေးမြန်းလျှောက်ထားခဲ့သည်။ ထိုအခါ အာအိရှဟ်သခင်မက အသင်မ ဟရူရီယဟ်ဂိုဏ်းဝင်လားဟု မေးမြန်းရာ ကျွန်မက မိမိသည် ဟရူရီယဟ်ဂိုဏ်းဝင်မဟုတ်ကြောင်း၊ ဒီတိုင်း (သိချင်ရုံမျှသာ) မေးမြန်းခြင်း ဖြစ်ပါသည်ဟု လျှောက်ထားရာ သခင်မက ကျွန်မတို့လည်း ဓမ္မတာလာခဲ့ကျတယ်။ ကျွန်မတို့ဟာ ဆောင်မ်ဥပုသ်ကို ဖြည့်စွက်ရန် အမိန့်ပေးခံခဲ့ကြရပြီး ဆွလာသ်ကို ပြန်ဖြည့်ရန်အတွက် အမိန့်ပေးမခံခဲ့ရပါ ဟုမိန့်ကြားခဲ့သည်။
متفق عليهမုအာဇဟ် အလ်အဒ်ဝိယဟ်က မိခင်မွန်ကြီး အာအိရှဟ်သခင်မအား ဤသို့ မေးမြန်းခဲ့သည်- ဓမ္မတာလာနေတယ့်အမျိုးသမီးဟာ ( ကိုယ်သန့်သွားတယ့်အခါ ) ဆောင်မ်ဥပုသ်ကို ပြန်လည်ဖြည့်စွက်ရပြီး ဆွလာသ်ကို ပြန်မဖြည့်စွက်ရခြင်းမှာ အဘယ်ကြောင့်နည်း။ ထိုအခါ မိခင်မွန်ကြီး အာအိရှဟ်သခင်မက သူမအား မေးမြန်းခဲ့သည်မှာ - အသင်မဟာ ဟရူရီယဟ်ခါရီဂျီဂိုဏ်းဝင်များထဲမှလား။ အကြင်ခါရီဂျီဂိုဏ်းဝင်များသည် တင်းကျပ်ခြင်း၊ တင်းမာခြင်းအတွက် မေးခွန်းများကို အလွန်အမင်း မေးမြန်းတတ်ကြ၏။ မုအာဇဟ်က "ကျွန်မသည် ဟရူရီယဟ်ဂိုဏ်းဝင်တစ်ဦးမဟုတ်ပါ။ ဒီတိုင်း (သိချင်ရုံမျှသာ) မေးမြန်းခြင်း ဖြစ်ပါသည်ဟု လျှောက်ထားရာ သခင်မက တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ရဲ့ ခေတ်ကာလတုန်းက ကျွန်မတို့လည်းဓမ္မတာလာခဲ့ကျတယ်။ ကျွန်မတို့ဟာ ဆောင်မ်ဥပုသ်ကို ဖြည့်စွက်ရန် အမိန့်ပေးခံခဲ့ကြရပြီး ဆွလာသ်ကို ပြန်ဖြည့်ရန်အတွက် အမိန့်ပေးမခံခဲ့ရပါ ဟုမိန့်ကြားခဲ့သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ " ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ လာရောက်ပြီး 'အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အကယ်၍ တစ်စုံတစ်ယောက်ဟာ ကျွန်တော်မျိုး၏ ပစ္စည်းကို လုယက်ရန် ကျွန်တော်မျိုးထံ ရောက်လာခဲ့ပါလျှင်(ကျွန်တော်မျိုး မည်သို့ပြုလုပ်ရမည်နည်း)'' ဟု လျှောက်ထားမေးမြန်းခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ''သင်၏ ပစ္စည်းကို သူ့အား မပေးလေနှင့်'' ဟု မိန့်ကြားတော်မူခဲ့သည်။ ထိုသူက ''အကယ်၍ သူသည် ကျွန်တော်မျိုးအား ရန်ပြုတိုက်ခိုက်ခဲ့ပါလျှင်ကော'' ဟု လျှောက်ထားမေးမြန်းရာ၊ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ''ထိုအခါ သင်သည် သူနှင့် တိုက်ခိုက်လေလော့'' ဟု မိန့်ကြားတော်မူခဲ့သည်။ ထိုသူက ''အကယ်၍ သူသည် ကျွန်တော်မျိုးအား သတ်ဖြတ်ခဲ့ပါလျှင်ကော'' ဟု မေးမြန်းခဲ့ရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ''ထိုသို့ဆိုလျှင် သင်သည် ရှဟီးဒ်(အလ္လာဟ်အရှင်မြတ်၏လမ်းတွင် အသက်စွန့်သောသူ)ဖြစ်ပေမည်'' ဟု မိန့်ကြားတော်မူခဲ့သည်။ ထိုသူက ''အကယ်၍ ကျွန်တော်မျိုးသည် သူ့အား သတ်ဖြတ်ခဲ့ပါလျှင် ကော'' ဟု မေးမြန်းခဲ့ရာ၊ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ''ထိုသို့ဆိုလျှင် ထိုသူသည် ဂျဟန္နမ်ငရဲတွင် ရှိပေမည်'' ဟု မိန့်ကြားတော်မူခဲ့သည်။
رواه مسلمလူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ လာရောက်၍ ဤသို့ လျှောက်ထားခဲ့၏။ အို- အလ္လာဟ်မြတ်၏ ရစူလ်တမန်တော်၊ အကယ်၍ ကျွန်တော်မျိုး၏ ပစ္စည်းဥစ္စာကို လုယက်ရန် ရည်ရွယ်ချက်ဖြင့် လူတစ်ဦး ကျွန်တော်မျိုးထံသို့ ရောက်လာပါက (ကျွန်တော်မျိုး မည်သို့ပြုလုပ်ရမည်နည်း)။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သင်၏ပစ္စည်းဥစ္စာကို သူအား အညံ့ခံ၍ ပေးအပ်ရန် သင့်အပေါ် တာဝန်မရှိပါ" ဟု မိန့်ကြားတော်မူခဲ့၏။ ထိုသူက ဆက်လက်၍ လျှောက်ထားခဲ့၏။ အကယ်၍ သူကကျွန်တော်မျိုးအား တိုက်ခိုက်လာလျှင်( ကျွန်တော်မျိုး မည်သို့ပြုလုပ်ရမည်နည်း)။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သူ့အား တန်ပြန်တိုက်ခိုက်ခွင့်သည် သင့်အတွက် ခွင့်ပြုထားပါသည်" ဟု မိန့်ကြားတော်မူခဲ့၏။ ထိုသူက ဆက်လက်၍ လျှောက်ထားခဲ့၏။ အကယ်၍ သူက ကျွန်တော်မျိုးအား သတ်ဖြတ်ခဲ့လျှင်(ကျွန်တော်မျိုး၏အခြေ အနေသည် အဘယ်သို့ရှိမည်နည်း)။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သို့ဖြစ်လျှင် သင်သည် ရှဟီးဒ်ဖြစ်ပေလိမ့်မည်" ဟု မိန့်ကြားတော်မူခဲ့၏။ ထိုသူက ဆက်လက်၍ လျှောက်ထားခဲ့၏။ အကယ်၍ ကျွန်တော်မျိုးက သူ့အား သတ်ဖြတ်မိခဲ့လျှင်ကော (သူ၏အခြေအနေသည် အဘယ်သို့ရှိမည်နည်း)။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "ထိုသူသည် ကိယာမတ်တရားစီရင်မည့်နေ့တွင် ငရဲမီး၌ အပြစ်ဒဏ်ပေးခြင်းကို ခံထိုက်သူဖြစ်ပေသည်" ဟု မိန့်ကြားတော်မူခဲ့၏။
အဗ်ဒုလ္လာဟ်ဗင်န်အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ စင်စစ် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် လှူဒါန်းခြင်း၊ တောင်းရမ်းခြင်းမှ ရှောင်ကြဉ်ခြင်းနှင့် တောင်းရမ်းခြင်းနှင့်ပတ်သတ်၍ မင်န်ဗရ်(တရားဟောပလ္လင်)ပေါ်၌ ဤသို့ မိန့်ကြားတော်မူသည်။ “အပေါ်ကလက်သည် အောက်က လက်ထက် သာပို၍ကောင်းသည်။အပေါ်ကလက်ဆိုသည်မှာ ပေးကမ်းလှူဒါန်းသည့် လက်ဖြစ်ပြီး၊ အောက်ကလက်ဆိုသည်မှာ တောင်းရမ်းသည့် လက်ကို ခေါ်ဆိုသည်”။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မင်န်ဗရ်ပေါ်တွင် တရား ဟောတော်မူစဉ်လှူဒါန်းခြင်းနှင့် တောင်းရမ်းခြင်းမှရှောင်ကြဉ်ခြင်း အကြောင်း မိန့်ကြားတော်မူသည်။ ထို့နောက် ဤသို့ ဆက်လက် မိန့်ကြားတော်မူခဲ့သည်- ပေးကမ်းလှူဒါန်းသော အပေါ်လက်သည် တောင်းရမ်းသော အောက်လက်ထက် အလ္လာဟ်အရှင်မြတ်အထံတော်၌ သာပို၍ကောင်းမြတ်ပြီး ပို၍နှစ်သက်တော်မူခြင်းကို ခံရသည်။
စဟ်လ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ "ဧကန်စင်စစ် ဂျန္နသ်သုခဘုံ၌ “ရိုင်ယ်ယားန်” ဟု ခေါ်သော တံခါးတစ်ခုရှိ၏။ ကိယာမသ်နေ့၌ ထိုတံခါးမှတစ်ဆင့် စွိယာမ်ဥပုသ်စောင့်ထိန်းခဲ့ကြသူများသည် ဝင်ရောက်ကြလိမ့်မည်။ ထိုသူများမှတစ်ပါး အခြားမည်သူမျှ ထိုတံခါးမှ ဝင်ခွင့်ရမည်မဟုတ်ပေ။ (ထိုနေ့တွင်) “ စွိယာမ်ဥပုသ်စောင့်ထိန်းခဲ့ကြသူတို့ အဘယ်မှာနည်း” ဟု မေးမြန်းခံရလိမ့်မည်။ ထိုအခါ သူတို့သည် ထရပ်ကြလိမ့်မည်။ သူတို့မှတစ်ပါး အခြားမည်သူမျှ ထိုတံခါးမှ ဝင်ခွင့်ရမည်မဟုတ်ပေ။ ထို့နောက် သူတို့ဝင်ရောက်ပြီးသောအခါ ထိုတံခါးကို ပိတ်လိုက်မည်။ သို့ဖြစ်၍ အခြားမည်သူမျှ ထိုတံခါးမှ မဝင်ရောက်ရတော့ပေ။"
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်- ဂျန္နသ်သုခဘုံ၏ တံခါးများထဲတွင် ‘ရိုင်ယ်ယားန်’ ဟုခေါ်သော တံခါးတစ်ပေါက်ရှိသည်။ ကိယာမသ်နေ့၌ ထိုတံခါးမှတစ်ဆင့် စွိယာမ်ဥပုသ်စောင့်ထိန်းခဲ့ကြသူများသည် ဝင်ရောက်ကြလိမ့်မည်။ ထိုသူများမှတစ်ပါး အခြားမည်သူမျှ ထိုတံခါးမှ ဝင်ခွင့်ရမည်မဟုတ်ပေ။ (ထိုနေ့တွင်) “ စွိယာမ်ဥပုသ်စောင့်ထိန်းခဲ့ကြသူတို့ အဘယ်မှာနည်း” ဟု မေးမြန်းခံရလိမ့်မည်။ ထိုအခါ သူတို့သည် ထရပ်ကြပြီး ဝင်ရောက်ကြလိမ့်မည်။ သူတို့မှတစ်ပါး အခြားမည်သူမျှ ထိုတံခါးမှ ဝင်ရောက်ခွင့်မရပေ။ ထိုသူတို့အနက်မှ နောက်ဆုံးလူ ဝင်ရောက်သွားသည်နှင့် ထိုတံခါးကို ပိတ်လိုက်မည်ဖြစ်ရာ ထိုနောက်ပိုင်း မည်သူမျှ ထိုတံခါးမှ ဝင်ရောက်ခွင့် ရတော့မည်မဟုတ်ပေ။
ဇုဗိုင်ရ် ဗင်န် အောဝ်ဝါးမ် (ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်မှာ - အသင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် မိမိ၏ကြိုးကိုယူ၍ ( ထင်းခွေပြီး ) ထင်းစည်းကို ကျောကုန်းပေါ်ထမ်းကာ လိုက်လံရောင်းချပြီး၊ ယင်းအားဖြင့် သူ၏သိက္ခာကို အလ္လာဟ်အရှင်မြတ်က ထိန်းသိမ်း ပေးလိုက်ခြင်းသည် ၎င်းအဖို့ လူတို့ထံမှ တောင်းရမ်းခြင်းထက် သာပို၍ ကောင်းသည်။ (အကြောင်းမှာ) လူတို့သည် ၎င်းအား ပေးခြင်ပေးနိုင်ပြီး၊ မပေးဘဲလည်း နေနိုင်သောကြောင့်ဖြစ်သည်။
رواه البخاريတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က လူတစ်ဦးသည် မည်သည့်အလုပ်မျိုးကိုမဆို လုပ်ကိုင်ရန်၊ ဥပမာ—သူသည် ကြိုးတစ်ချောင်းကိုယူ၍ ထင်းများကို စုစည်းကာ မိမိ၏ကျောပေါ်၌ ထမ်းပြီး လိုက်လံရောင်းချကာ (ရလာသည့် ငွေကြေးဖြင့် ) စားသောက်ခြင်း၊ သို့မဟုတ် ဆင်းရဲသားများကို လှူဒါန်းခြင်း၊ ၎င်းအားဖြင့် လူတို့ထံမှ လုံးဝလွတ်ကင်းစွာ ရပ်တည်နိုင်ခြင်းနှင့် လူတို့ထံ တောင်းရမ်းမှုကြောင့် အရှက်သိက္ခာကျရခြင်းအကျိုးမှ ကာကွယ်ခြင်းသည် လူတို့ထံ တောင်းရမ်းရသည်ထက် သာလွန်မြင့်မြတ်သည်ဟု ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ (အကြောင်းမှာ) လူတို့သည် ၎င်းအား ပေးခြင်ပေးနိုင်ပြီး၊ မပေးဘဲလည်း နေနိုင်သောကြောင့်ဖြစ်သည်။ ထို့ပြင် လူတို့ထံ တောင်းရမ်းခြင်းသည် သိက္ခာမဲ့စေပြီး၊ မုအ်မင်န် (သက်ဝင်ယုံကြည်သူ) သည် ဂုဏ်သိက္ခာရှိသူဖြစ်ပြီး သိက္ခာမဲ့သူ မဟုတ်ပေ။
အနတ်စ်ဗင်န်မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ သင်သည် မတရားပြုသည့်ညီနောင် သို့မဟုတ် မတရားပြုခံရသည့်ညီနောင်ကို ကူညီပါ။ ထိုအခါ ပုဂ္ဂိုလ်တစ်ဦးက အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် မတရားပြုခံရသည့်ညီနောင်ကို ကျွန်တော်ကူညီပါမည်။ မတရားပြုသည့်ညီနောင်ကို ကျွန်တော်မည်သို့ကူညီရမည်နည်း။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ၎င်းအားမတရားမှုမှ တားဆီးပါ။ ဤသည်ပင် ၎င်းအားကူညီခြင်းဖြစ်သည်။
رواه البخاريတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မွတ်စ်လင်မ်တစ်ဦးအား မိမိ၏အခြားမွတ်စ်လင်မ်ညီနောင်ကို မတရားသူဖြစ်စေ၊ မတရားခံရသူဖြစ်စေ ကူညီရန် အမိန့်ပေးတော်မူခဲ့သည်။ ထိုအခါ အမျိုးသားတစ်ဦးက- အို- အလ္လာဟ်၏ ရစူလ်တမန်တော်၊ သူသည် မတရားခံရသူဖြစ်ပါက သူ့ထံမှမတရားမှုကို ကာကွယ်ဖယ်ရှားဖြင့် ကူညီရမည်ကို (နားလည်ပါသည်။) သို့သော် သူသည် မတရားသူ ဖြစ်နေပါက ကျွန်တော်မျိုးသူ့အား မည်သို့ကူညီရမည်နည်း" ဟု လျှောက်ထားမေးမြန်းခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အဖြေပေးတော်မူခဲ့သည်မှာ- "သင်သည် သူ့အား တားမြစ်ခြင်း၊ သူ၏လက်နှစ်ဖက်ကို ချုပ်ကိုင်ခြင်း၊ သူ့အား ထိန်းသိမ်းခြင်းနှင့် မတရားမှုကို ကျူးလွန်ခြင်းမှ သူ့အားတားဆီးခြင်းတို့ဖြင့် ကူညီရမည်။ ဤသို့ပြုလုပ်ခြင်းသည် သူ့အား ရှိုင်တွာန်နှင့် မကောင်းမှုသို့ တွန်းအားပေးသော သူ၏ကိုယ်တွင်းစိတ်ဆန္ဒ (နဖ်စ်)အပေါ် အောင်နိုင်စေခြင်းပင် ဖြစ်၏။