





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အဘူဆူဖ်ယားန်၏ဇနီးဖြစ်သူ ဟင်န်ဒ် ဗင်သု အွသ်ဗသ်သည် တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)ထံသို့ ဝင်ရောက်ခစားကာ လျှောက်ထားခဲ့သည်မှာ – “အို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ အဘူဆူဖ်ယားန်သည် အလွန်စေးနှဲသူ ဖြစ်ပါသည်။ သူသည် ကျွန်မနှင့် ကျွန်မ၏သားသမီးများ အတွက် လုံလောက်သော စရိတ်ကို မပေးပါ။ ကျွန်မက သူမသိဘဲ သူ၏ဥစ္စာမှ ယူသုံးပါက ကျွန်မအပေါ် အပြစ်ရှိပါသလား။” ထိုအခါ တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားသည်– “အသင်မအတွက်ရော အသင်မ သားသမီးများအတွက်ပါ လုံလောက်သော မျှတသောပမာဏကို သူ၏ဥစ္စာမှ ယူလော့။”
متفق عليهဟင်န်ဒ် ဗင်သေ့ အွသ်ဗသ်(ရဿွိယလ္လာဟုအန်ဟာ)သည် မိမိ၏ခင်ပွန်း အဘူဆူဖ်ယားန်နှင့် ပတ်သတ်၍ တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) အား မေးမြန်းလျှောက်ထားခဲ့သည်မှာ- ၎င်းသည် အလွန်စေးနှဲသူ ဖြစ်ပြီး၊ မိမိ၏ဥစ္စာကို အလွန်တပ်မက်သူဖြစ်ကာ သူမနှင့် သူမ၏သားသမီးများအတွက် လုံလောက်သော စရိတ်ကိုမပေးချေ။ သူမအနေဖြင့် သူ့ဥစ္စာထဲက သူမသိဘဲ လျှို့ဝှက်ယူရမှသာ ရနိုင်သည်။ ထိုသို့ပြုရာတွင် သူမအပေါ် အပြစ်ရှိပါသလားဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြား သည်– အသင်မနှင့် အသင်မ၏သား သမီးများအတွက် ထုံးစံအရ လုံ လောက်သည့် ပမာဏကို ယူလော့။ အကယ်၍ သူမသိလျင်လည်း (ယူခွင့်ရှိသည်။)
စဟ်လ် ဗင်န် စအ်ဒ် အတ်စ်စာအိဒီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။ “အလ္လာဟ်အရှင်မြတ်၏လမ်းတော် (ဂျီဟာဒ်) ၌ တစ်ရက်တာ ကင်းစောင့်ခြင်းသည် လောကီနှင့် ၎င်းရှိအရာအားလုံးထက် ပို၍မြတ်၏။ ဂျန္နသ်သုခဘုံ၌ အသင်တို့တစ်ဦးတစ်ယောက်၏ ကြာပွတ်တစ်ချောင်းစာနေရာသည် လောကီနှင့် ၎င်းရှိအရာအားလုံးထက် ပို၍မြတ်၏။ လူတစ်ဦးသည် ညနေခင်း သို့မဟုတ် မနက်ခင်းအချိန်တွင် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ထွက်ခွာသွားခြင်းသည် လောကီနှင့် ၎င်းရှိအရာအားလုံးထက် ပို၍မြတ်၏။"
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အလ္လာဟ်အရှင်မြတ်နှစ်သက်ရန်အတွက် သီးသန့် ရည်စူး၍ မွတ်စ်လင်မ်များနှင့် ကာဖိရ်များကြား နယ်စပ်ဒေသတွင် မွတ်စ်လင်မ်များကို ကာဖိရ်များထံမှ ကာကွယ်ရန်အတွက် တစ်ရက်တာ တပ်စွဲနေထိုင်ခြင်း (ကင်းစောင့်ခြင်း)သည် ဤလောကနှင့် ၎င်းတွင်ရှိသမျှအရာအားလုံးထက် ပို၍ကောင်းကြောင်း၊ အလ္လာဟ်အရှင်၏ လမ်းတော် (ဂျီဟာဒ်)တွင် အသုံးပြုသည့် ကြာပွတ်တစ်ချောင်းစာ နေရာသည် ဂျန္နသ်သုခဘုံတွင် ဤလောကနှင့် ၎င်းတွင်ရှိသမျှအရာအားလုံးထက် ပို၍ကောင်းကြောင်း၊ ထို့ပြင် မနက်ခင်းအစမှ ဇုဟုရ်စတင်ဝင် ရောက်ချိန်အထိ သို့မဟုတ် နေ့လယ်မှ ညအထိ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ တစ်ကြိမ် ခရီးသွားခြင်း၏ အကျိုးနှင့် ကောင်း မှုသည် ဤလောကနှင့် ၎င်းတွင်ရှိသမျှအရာအားလုံးထက် ပို၍ကောင်း၏။
အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အဖြူနှင့် အနက်ရောင်ရောနေသော ဦးချိုရှိသော သိုးထီးနှစ်ကောင်ကို ကုရ်ဗာနီပြုခဲ့သည်။ ထိုသိုးနှစ်ကောင်လုံးကို မိမိ၏လက်တော်ဖြင့် ကိုယ်တိုင် ဇဗဟ်လုပ်ခဲ့ပြီး "ဗိစ်မိလ္လာဟ်၊ အလ္လာဟုအက္ကဘရ်" (အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့်အစပြုပါ၏။ အလ္လာဟ်အရှင်မြတ်သည် အကြီးမြတ်ဆုံးဖြစ်တော်မူ၏) ဟု ရွတ်ဆိုကာ မိမိ၏ခြေတော်ကို သိုးနှစ်ကောင်၏ ညာဘက်လည်ကုတ်ပေါ် တွင် တင်ထားတော်မူခဲ့သည်။
متفق عليهအနတ်စ်(ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ပြောကြားခဲ့သည်မှာ - တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အီဒုလ်အဿ်ွဟာ(ကုရ်ဗာနီ) နေ့တွင် အဖြူနှင့် အနက်ရောင်ရောနေသော ဦးချိုရှိသောသိုးထီးနှစ်ကောင်ကို ကုရ်ဗာနီပြုခဲ့ပြီး "ဗိစ်မိလ္လာဟ်၊ အလ္လာဟုအက္ကဘရ်" (အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့်အစပြုပါ၏။ အလ္လာဟ်အရှင်မြတ်သည် အကြီးမြတ်ဆုံးဖြစ်တော်မူ၏) ဟု ရွတ်ဆိုကာ မိမိ၏ခြေတော်ကို သိုးနှစ်ကောင်၏ ညာဘက်လည်ကုတ်ပေါ်တွင် တင်ထားတော်မူခဲ့သည်။
အဗ်ဒုလ္လာဟ် ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “မည်သူမဆို မသမာသောကျိန်ဆိုချက်ဖြင့် မွတ်စ်လင်မ်တစ်ဦး၏ ဥစ္စာပစ္စည်းကို သိမ်းယူရန် ကျိန်ဆိုပါက၊ ထိုသူသည် အလ္လာဟ်အရှင်မြတ် အမျက်တော်ရှိနေချိန်တွင် အရှင်မြတ်နှင့် ဆုံတွေ့ရမည်ဖြစ်သည်။” ဆင့်ပြန်သူက ပြောပြသည်။ ထိုအခါ အရှ်အတ်စ်က ပြောသည်မှာ- “အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ကျိန်ဆိုပါသည်။ ထိုအကြောင်းအရာသည် ကျွန်ုပ်နှင့်ပတ်သတ်၍ ဖြစ်ခဲ့သော အကြောင်းအရာဖြစ်ပါသည်။ ကျွန်ုပ်နှင့် ယဟူဒီတစ်ဦးကြားတွင် မြေကွက်တစ်ခုနှင့် ပတ်သက်၍ အငြင်းပွားဖြစ်ခဲ့သည်။ သူက ငြင်းဆန်သဖြင့် ကျွန်ုပ်က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ တင်ပြခဲ့သည်။ တမန်တော်မြတ်က ‘သင့်တွင် သက်သေ ရှိသလော’ ဟု မေးတော်မူရာ ကျွန်ုပ်က ‘မရှိပါ’ ဟု လျှောက်ထားခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ယဟူဒီအား ‘သင်ကျိန်ဆိုလော့’ ဟု မိန့်တော်မူသည်။ ကျွန်ုပ်က ‘အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ထိုသို့ဆိုလျှင် သူကျိန်ဆိုပြီး ကျွန်ုပ်၏ ဥစ္စာပစ္စည်းကို ယူသွားပါလိမ့်မည်’ ဟု လျှောက်ထားခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က {အမှန်စင်စစ် အကြင်သူများသည် အလ္လာဟ်အရှင်မြတ်နှင့် ပြုလုပ်ထားသော ကတိကဝတ်နှင့် သူတို့၏ ကျိန်ဆိုချက်များကို အဖိုးအခ အနည်းငယ်ဖြင့် လဲလှယ် ရောင်းချကြသည်။} ဟူသော အာယတ်တော်ကို အဆုံးအထိ ချပေးသနားတော်မူခဲ့သည်။”
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကသိလျက်ဖြင့် အလ္လာဟ်အရှင်မြတ်ကို လိမ်လည်ကျိန်ဆို၍ အခြားသူ၏ဥစ္စာပစ္စည်းကို မတရားသိမ်းယူသော သူအား သတိပေးခဲ့ပြီး၊ ထိုသူသည် အလ္လာအရှင်မြတ် အမျက်ထွက်တော်မူသည့် အခြေအနေဖြင့် အရှင်မြတ်နှင့် တွေ့ဆုံရမည်ဟု မိန့်ကြားတော်မူခဲ့သည်။ ထိုအခါ အရှ်အတ်ဆ် ဗင်န် ကိုင်စ် (ရဿွိယလ္လာဟုအန်ဟု) က တင်ပြခဲ့သည်မှာ- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ထိုအကြောင်းအရာကို မိန့်ကြားခဲ့ခြင်းမှာ မြေတစ်ကွက်၏ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ၎င်းနှင့် ယဟူဒီတစ်ဦးကြား အငြင်းပွားမှုဖြစ်ခဲ့ပြီး ၊ ၎င်းတို့နှစ်ဦးစလုံးမှာ တမန်တော်မြတ်ထံ အဆုံးအ ဖြတ်ခံရန် တင်ပြခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အရှ်အက်ဆ်အား မိန့်ကြားတော်မူသည်- သင်၏အဆိုကို အတည်ပြုနိုင်ရန် သက်သေအ ထောက်အထား အသင့်မှာရှိရမည်။ သို့မဟုတ်ပါက သင်၏ပြိုင်ဘက် (စွပ်စွဲခံရသူ)၏ ကျိန်ဆိုခြင်းကို လက်ခံခြင်းမှတစ်ပါး အသင့်အတွက် အခြားမရှိချေ။ထိုအခါ အရှ်အက်ဆ်က ဤသို့လျှောက်ထားခဲ့သည်။ ‘အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ထိုသို့ဆိုလျှင် ထိုယဟူဒီသည် လိမ်လည်ကျိန်ဆိုပြီး ကျွန်ုပ်၏ ဥစ္စာပစ္စည်းကို ယူသွားပါလိမ့်မည်’ ဟု လျှောက်ထားခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် အရှ်အတ်စ်၏စကားကို ထောက်ခံသည့်အနေဖြင့် ကုရ်အာန်ကျမ်းတော်မြတ်တွင် အောက်ပါအာယသ်တော်ကို ချပေးသနားတော်မူခဲ့သည်။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်နှင့် ပြုခဲ့သောကတိတော် (အရှင်မြတ်သည် မုအ်မင်န်အစ္စလာမ်သာသနာဝင်များထံ အပ်နှင်းတော်မူခဲ့သော အမိန့်တော်) နှင့် (အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့် မဟုတ်မမှန်ကျိန်ဆိုခဲ့သော) မိမိတို့၏ကျိန်ဆိုချက်များကို အနည်းငယ်မျှသော လောကီပစ္စည်းတန်ဖိုးဖြင့် ရောင်းစားသောသူများအတွက် နောင်တမလွန်၌ မည်သည့်အကျိုးမျှ ရှိမည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား (ပျော်ရွှင်မှုနှင့် အကျိုးအမြတ်ဖြစ်စေသော စကားကိုပင်) မိန့်တော်မူမည် မဟုတ်ပေ။ ယင်းအစား အရှင်မြတ်သည် ထိုသူတို့အပေါ် အမျက်တော်ထွက်တော်မူမည်။ ထို့ပြင် ကိယာမသ်နေ့တွင် ၎င်းတို့အား ကရုဏာတော်နှင့် ကောင်းမှုပြုခြင်း၏ အရှုဖြင့် ကြည့်ရှုတော်မူမည် မဟုတ်ပါ။ ထို့ပြင် အရှင်မြတ်သည် ထိုသူတို့အား သန့်ရှင်းစင်ကြယ်စေတော်မူမည် မဟုတ်။ (ဆိုလိုသည်မှာ) လှပသော ချီးမွမ်းမှုဖြင့် စေတော်မူမည် မဟုတ်။ ထို့ပြင် အပြစ်များနှင့် ညစ်နွမ်းမှုများမှ ခွင့်လွှတ်တော်မူ၍ စင်ကြယ်စေတော်မူမည်လည်း မဟုတ်ပေ။ ထိုသူတို့အတွက်၊ သူတို့ကျူးလွန်ခဲ့ကြသော မကောင်းမှုများကြောင့် အလွန်ပြင်းထန်နာကျင်စေသောပြစ်ဒဏ် ရှိပေသည်။
ရာဖိအ် ဗင်န် ခုဒိုင်ဂျ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်တို့သည် တမန်တော်မြတ် (ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူ ဇုဟ်ဟုလိုင်ဖဟ်အရပ်တွင် ရှိနေခဲ့ကြသည်။ ထိုအချိန် လူတို့သည် ဆာလောင်မွတ်သိပ်လာကျလေသည်။ သူတို့သည် ကုလားအုတ်နှင့် သိုး၊ဆိတ်အချို့ကို (သုံ့ပန်းပစ္စည်းများအဖြစ် မုရှ်ရိက်တို့ထံမှ) ရရှိခဲ့ကြသည်။ (ရာဖိအ် က) ဆိုသည်- တမန်တော်မြတ် (ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လူတို့၏နောက်တန်းအုပ်စုထဲတွင် ရှိနေခဲ့၏။ ထိုအခါ (ရှေ့ကလူများက သုံ့ပန်းပစ္စည်းများကို မခွဲဝေခင်အလျင် ထိုသားကောင်များကို) အလျင်စလိုဇဗဟ်ပြုလုပ်သတ်ဖြတ်ခဲ့ကြသည်။ အိုးများကိုလည်း (မီးဖိုပေါ်) တည်ခဲ့ကြသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်)က အိုးများကို မှောက်ပစ်ရန် အမိန့်ပေးတော်မူသဖြင့် မှောက်ပစ်ခဲ့ကြသည်။ ထို့နောက် ကိုယ်တော်သည် (သုံ့ပန်းပစ္စည်းများကို) ခွဲဝေပေးတော်မူပြီး သိုးဆယ်ကောင်ကို ကုလားအုပ်တစ်ကောင်နှင့် ညီမျှသည်ဟု သတ်မှတ်တော်မူသည်။ ထိုကုလားအုတ်များထဲမှ တစ်ကောင်သည် ထွက်ပြေးသွားသဖြင့် လိုက်ရှာကြသော် လည်း ၎င်းတို့သည် ပင်ပန်းမှုသာ အဖတ်တင်ခဲ့ကြပြီး (မဖမ်းမိနိုင်ခဲ့ချေ။) လူတို့၌ မြင်းများမှာလည်း အနည်းငယ်သာရှိ၏။ ထိုအခါ သူတို့ထဲမှ လူတစ်ဦးက ထိုကုလားအုတ်ကို မြားဖြင့် ပစ်လိုက်သော် အလ္လာဟ်အရှင်မြတ်က ထိုကုလားအုတ်ကို ထိန်းချုပ်ပေးတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်)က “ဤခြေလေးချောင်းတိရစ္ဆာန်များတွင် တောရိုင်းတိရစ္ဆာန်များကဲ့သို့ အမူအကျင့်မျိုး ရှိကြ၏။ သို့ဖြစ်၍ ထိုတိရစ္ဆာန်များထဲမှ သင်တို့ကို လွှမ်းမိုးသော(ထိန်းချုပ်မရသော) တိရစ္ဆာန်ကို ဤနည်းအတိုင်း ပြုလုပ်ကြလော့”ဟု မိန့်တော်မူသည်။ ထိုအခါ (ရာဖိအ်) က လျှောက်ထားခဲ့သည်- ကျွန်တော်မျိုးတို့သည် မနက်ဖြန် ရန်သူနှင့် ရင်ဆိုင်ရန် မျှော်လင့်ရပါသည်။ (သို့မဟုတ် စိုးရိမ်နေရပါသည်။) ကျွန်တော်မျိုးတို့တွင် ဓားများလည်းမရှိပါ။ ထို့ကြောင့် ကျွန်တော်မျိုးတို့သည် သားကောင်ကို ဝါးဖြင့် ဇဗဟ်ပြုလုပ်လို့ ရပါမည်လော။ ထိုအခါ တမန်တော်မြတ်က “သွေးကို ယိုစီးစေပြီး အလ္လာဟ်အရှင်၏ နာမတော်ကို ရွတ်ဆိုတသခြင်းခံရလျှင် ထိုသတ္တဝါကို အသင်တို့ စားကြလော့။ သို့သော် သွားနှင့် လက်သည်းခြေသည်းတို့ဖြင့် ဇဗဟ်မပြုလုပ်ရ။ ထိုအကြောင်းနှင့်ပတ်သတ်ပြီး အသင်တို့အား ငါကိုယ်တော်ပြောပြမည်- သွားသည် အရိုးဖြစ်၏။ လက်သည်းများမှာ ဟဗ်ရှီလူမျိုးတို့၏ ဓားများဖြစ်သည်”။
متفق عليهရာဖိအ် ဗင်န် ခုဒိုင်ဂျ် (ရဿွိယလ္လာဟုအန်ဟု)က ပြောပြသည်– သူတို့သည် တမန်တော်မြတ် (ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူ ဇုဟ်ဟုလိုင်ဖဟ်အရပ်တွင် ရှိနေခဲ့ကြသည်။ ထိုအချိန် လူတို့သည် ဆာလောင်မွတ်သိပ်လာကျလေသည်။ သူတို့သည် ကုလားအုတ်နှင့် သိုး၊ဆိတ်အချို့ကို သုံ့ပန်းပစ္စည်းများအဖြစ် မုရှ်ရိက်တို့ထံမှ ရရှိခဲ့ကြသည်။ ထိုအခါ ၎င်းတို့သည် သုံ့ပန်းပစ္စည်းများကို မခွဲဝေခင်အလျင် တမန်တော်မြတ် (ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ခွင့်မတောင်းဘဲ ထိုသားကောင်များကို အလျင်စလိုဇဗဟ်ပြုလုပ်သတ်ဖြတ်ခဲ့ကြသည်။ အိုးများကိုလည်း (မီးဖိုပေါ်) တည်ခဲ့ကြသည်။ ထိုအချိန်၌ တမန်တော်မြတ် (ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လူတို့၏နောက်ဆုံတန်းတွင် (၎င်းတို့နှင့်အတူ) သွားနေ၏။ တမန်တော်မြတ်(ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ထိုကိစ္စကို သိတော်မူသောအခါအိုးများကို မှောက်ပစ်ရန် အမိန့်ပေးတော်မူသဖြင့် အိုးများကို ဟင်းရည်များပါမကျန် သွန်မှောက်ပစ်ခဲ့ကြသည်။ ထို့နောက် ကိုယ်တော်သည် သုံ့ပန်းပစ္စည်းများကို ၎င်းတို့ကြားတွင် ခွဲဝေပေးတော်မူပြီး သိုးဆယ်ကောင်ကို ကုလားအုပ်တစ်ကောင်နှင့် ညီမျှသည်ဟု သတ်မှတ်တော်မူသည်။ ထိုကုလားအုတ်များထဲမှ တစ်ကောင်သည် ထွက်ပြေးသွားသဖြင့် လိုက်ရှာကြသော်လည်း မဖမ်းမိနိုင်ခဲ့ချေ။ မြင်းများမှာလည်း အနည်းငယ်သာရှိ၏။ ထိုအခါ သူတို့ထဲမှ လူတစ်ဦးက ထိုကုလားအုတ်ကို မြားဖြင့် ပစ်လိုက်သော် အလ္လာဟ်အရှင်မြတ်က ထိုကုလားအုတ်ကို ၎င်းတို့အဖို့ ထိန်းချုပ်ပေးတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်- ဤခြေလေးချောင်းတိရစ္ဆာန်များတွင် တောရိုင်းတိရစ္ဆာန်များကဲ့သို့ အမူအကျင့်မျိုး ရှိကြ၏။ သို့ဖြစ်၍ ထိုတိရစ္ဆာန်များထဲမှ သင်တို့ကို လွှမ်းမိုးသော၊ သင်တို့ထိန်းချုပ်မရသော တိရစ္ဆာန်ကို ဤနည်းအတိုင်း ပြုလုပ်ကြလော့။ ထိုအခါ (ရာဖိအ်) က လျှောက်ထားခဲ့သည်- ကျွန်တော်မျိုးတို့သည် မနက်ဖြန် ရန်သူနှင့် ရင်ဆိုင်ရန် မျှော် လင့်ရပါသည်။ ကျွန်တော်မျိုးတို့၏ လက်နက်များကို သားကောင်အား ဇဗဟ်ပြုလုပ်သတ် ဖြတ်ခြင်းဖြင့် ထိခိုက်ပျက်စီးစေမည်ကို စိုးရိမ်ပါသည်။ သို့သော် လည်း ဇဗဟ်ပြုသတ်ဖြတ်ရန်အတွက်(ဓားကို) အလွန်လိုအပ်နေပါသည်။ ကျွန်တော်မျိုးတို့တွင် ဓားမရှိပါ။ ထို့ကြောင့် ကျွန်တော်မျိုးတို့သည် သားကောင်ကို အခေါင်း ပေါက်ပါသောဝါးဖြင့် ဇဗဟ်ပြုလုပ်လို့ ရပါမည်လော။ ထိုအခါ တမန်တော်မြတ်(ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်)က သွေးကို များစွာယိုစီးစေပြီး အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို ရွတ်ဆိုတသ၍ သတ်ခြင်းခံရလျှင် ထိုသတ္တဝါကို အသင်တို့ စားကြလော့။ သို့သော် သွားနှင့် လက်သည်း ခြေသည်းတို့ဖြင့် ဇဗဟ်မပြုလုပ်ရ။ ထိုအကြောင်းနှင့်ပတ်သတ်ပြီး အသင်တို့အား ငါကိုယ်တော်ပြောပြမည်- သွားသည် အရိုးဖြစ်၏။ လက်သည်းခြေသည်းများမှာ ကာဖိရ်ဟဗ်ရှီ(ကပ္ပလီ) လူမျိုးများ အသုံးပြုကြသော ဓားများဖြစ်သည် ဟု မိန့်ကြားတော်မူခဲ့သည်။
အနတ်စ်ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အိမ်သာတက်သည့်အခါတိုင်း ကျွန်တော်နှင့် ကျွန်တော် ၏အရွယ်တူ ကလေးတစ်ဦးသည် ရေအိုးတစ်လုံးနှင့် လှံတိုတစ်ချောင်းကို သယ်ဆောင်လျက် လိုက်ပါကြရသည်။ ထို့နောက် တမန်တော်မြတ်သည် ရေဖြင့် သန့်စင်တော်မူလေသည်။
متفق عليهအနတ်စ် ဗင်န် မာလိက် ( ရဿွိယလ္လာဟုအန်ဟု ) တင်ပြသည်မှာ - တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏သဘာဝလိုအပ်ချက်ကိစ္စဆောင်ရွက်ရန် ထွက်တော်မူသည့်အခါတိုင်း (အိမ်သာတက်သည့်အခါတိုင်း ) သူကော၊ သူနှင့်အရွယ်တူ အခြားလက်အောက်ငယ်သားကလေးငယ်တစ်ဦးတို့သည် ကိုယ်တော်၏နောက်သို့ လိုက်သွားလေ့ရှိပြီး ၊ ကိုယ်တော့်အတွက် ၎င်းတို့နှစ်ဦးသည် လှံတံဖျားကဲ့သို့ ချွန်ထက်သော ချွန်းပါရှိသည့် တုတ်တစ်ချောင်း၊ ဤတုတ်ကို မြေတွင်စိုက်၍ ၎င်းပေါ်တွင် အဖုံးအကာ တစ်ခုခုကို ချိတ်ဆွဲရန်အတွက်လည်းကောင်း သို့မဟုတ် တမန်တော်မြတ် ဝတ်ပြုရန်အတွက် ရှေ့မှ အကာအရံအဖြစ်( စွသ်ရဟ်) ပြုလုပ်ပေးရန် ဖြစ်ပါသည်။ ထို့ပြင် သားရေဖြင့်ပြုလုပ်ထားပြီး ရေအပြည့်ဖြည့်ထားသော ရေအိုးကလေးတစ်လုံးကို ယူဆောင်သွားပါသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏သဘာဝလိုအပ်ချက်ကိစ္စမှ ပြီးဆုံးသွားသောအခါ ၎င်းတို့နှစ်ဦးအနက် တစ်ဦးဦးက ထိုရေအိုးငယ်ကို ကိုယ်တော့်အားပေးပြီး ကိုယ်တော်မြတ်သည် ယင်းရေဖြင့် သန့်စင်တော်မူလေသည်။
ဟုဇိုင်ဖဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ရှိနေခဲ့ပြီး ကိုယ်တော်သည် မျိုးနွယ်စုတစ်ခု၏ အမှိုက်စွန့်ပစ်သည့်နေရာသို့ ရောက်လာခဲ့သည်။ ကိုယ်တော်သည် ရပ်လျက်အပေါ့သွားတော်မူသည်။ ကျွန်တော်သည် ကိုယ်တော်နှင့် ခပ်လှမ်းလှမ်းတွင် နေခဲ့ရာ ကိုယ်တော်က အနားလာပါဟု မိန့်ကြားတော်မူသည်။ ထို့ကြောင့် ကျွန်တော်သည် အနားသို့တိုးသွားပြီး ကိုယ်တော်၏ အနောက်တွင် ရပ်နေခဲ့သည်။ ထို့နောက် ကိုယ်တော်သည် ဝုဿွူပြုတော်မူပြီး မိမိ၏ခြေအိတ်နှစ်ဖက်ပေါ်တွင် မစဟ်ပြုတော်မူသည်။
متفق عليهဟုဇိုင်ဖဟ်ဗင်န် ယမာန်(ရဿွိယလ္လာဟုအန်ဟုမာ)က ပြောပြသည်မှာ သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ရှိနေခဲ့ပြီး ကိုယ်တော်သည် အပေါ့သွားချင်လာသည့်အခါ မျိုးနွယ်စုတစ်ခု၏ အမှိုက်စွန့်ပစ်သည့်နေရာသို့ သွားခဲ့သည်။ ထိုနေရာသည် အမှိုက်များနှင့် အိမ်များမှ လှည်းကျင်းထားသည့် သဲများ စွန့်ပစ်ထားသည့် နေရာဖြစ်သည်။ ကိုယ်တော်သည် ထိုင်၍သာ အပေါ့သွားလေ့ရှိသော်လည်း (ထိုနေရာတွင်) ရပ်လျက်အပေါ့သွားတော်မူသည်။ ဟုဇိုင်ဖဟ်သည် ကိုယ်တာ်နှင့် ခပ်လှမ်းလှမ်းသို့ ထွက်သွားခဲ့သည်။ ထိုအခါ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူ့အား အနားသို့လာရန် မိန့်ကြားသောကြောင့် ဟုဇိုင်ဖဟ်သည် အနားသို့တိုးသွားပြီး ထိုအခြေနေမျိုးတွင် ကိုယ်တော့်အား အခြားသူများမမြင်နိုင်အောင် ကိုယ်တော်၏ အနောက်ဖက် ခြေထောက်နားတွင် ရပ်နေခဲ့သည်။ ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဝုဿွူပြုတော်မူပြီး ခြေနှစ်ဖက်ကို ဆေးကြောရမည့်အချိန်တွင် ကိုယ်တော်သည် ခွဖ်ဖိုင်းန် (သားရေအပါး သို့မဟုတ် အလားတူအရာဖြင့် ပြုလုပ်ထားပြီး ခြေမျက်စိနှစ်ဖက်ကိုပါ ဖုံးအုပ်ပေးသော ခြေထောက်တွင်ဝတ်ဆင်သည့် ခြေအိတ်) နှစ်ဖက်အား မချွတ်ဘဲ ထိုပေါ်တွင် မစဟ်ပြုတော်မူသည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ၎င်းအား မဒီနာမြို့၏ လမ်းတစ်ခုတွင် တွေ့ဆုံခဲ့သည်။ ထိုအချိန်၌ ၎င်းသည်ရေချိုးရန် တာဝန်ထိုက်နေသည့်အခြေအနေ)တွင်ရှိနေသောကြောင့် တိတ်တဆိတ်ရှောင်ဖယ်ကာ ရေသွားချိုးခဲ့လေသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ၎င်းအား ရှာဖွေမေးမြန်းခဲ့၏။ ၎င်းပြန်ရောက်လာသောအခါ၊ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "အို-အဘူဟူရိုင်ရဟ်၊ သင်ဘယ်မှာရှိနေခဲ့သလဲ" ဟု မေးမြန်းတော်မူခဲ့ရာ ၎င်းက "အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကိုယ်တော်နှင့် ကျွန်တော်မျိုးတွေ့ဆုံချိန်၌ ကျွန်တော်မျိုးသည် ကိုယ်မသန့်ဖြစ်နေခဲ့ပါသည်။ ထို့ကြောင့် ရေမချိုးမှီ ကိုယ်တော့်ထံပါး၌ ထိုင်ရန် မနှစ်မြို့ပါဟု လျှောက်ထားခဲ့၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က စွဗ်ဟာနလ္လာဟ် (အလ္လာဟ်အရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူ၏) မုအ်မင်န်ယုံကြည်သူသည် မသန့်မဖြစ်ပါဟု မိန့်ကြားတော်မူခဲ့၏။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မဒီနာမြို့၏ လမ်းတစ်ခုတွင် အဘူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု) နှင့် တွေ့ဆုံခဲ့သည်။ ထိုအချိန်တွင် အဘူဟူရိုင်ရဟ်သည် ဂျနာဗသ် (ရေချိုးရန် တာဝန်ထိုက်သောအခြေအနေ)တွင် ရှိနေခဲ့သည်။ ၎င်းသည် မိမိကိုယ်မိမိ မသန့်မရှင်းဖြစ်နေ သည်ဟု ယူဆကာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ဂုဏ်ပေးလေးစားမှုကြောင့်၊ ထိုအခြေအနေတွင် သူ့အနေဖြင့် တမန်တော်မြတ်နှင့် အတူထိုင်ကာ စကားပြောရန် မသင့်လျော်ဟု ထင်မြင်ယူဆခဲ့ပြီး၊ သူသည် တိတ်တဆိတ် ထွက်ခွာသွားပြီး ရေသွားချိုးခဲ့သည်။ ၎င်းပြန်ရောက်လာသောအခါ၊ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က သူဘယ်သွားခဲ့ကြောင်း မေးမြန်းတော်မူခဲ့သည်။ ထိုအခါ ၎င်းက မိမိ၏ခြေအနေကို ရှင်းပြခဲ့ပြီး၊ ဂျနာဗသ်ကြောင့် မသန့်မရှင်းဖြစ်နေသည်ဟု ထင်မြင်ယူဆကာ တမန်တော်မြတ်နှင့် အတူထိုင်ရန် မနှစ်သက်ကြောင်း ပြောကြားခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အံ့အားသင့်တော်မူပြီး ၎င်းအား ( ဤသို့ ) မိန့်ကြားတော်မူခဲ့သည် - မုအ်မင်န်ယုံကြည်သူသည် သန့်ရှင်းစင်ကြယ်သူဖြစ်ပြီး မည်သည့်အခြေအနေတွင်မဆို မသန့်မဖြစ်ပါ။ သက်ရှိထင်ရှားရှိစဉ်ဖြစ်စေ၊ သေဆုံးကွယ်လွန်ပြီးဖြစ်စေ (သူ၏ခန္ဓာကိုယ်သည် သန့်ရှင်းစင်ကြယ်သည်)။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “အသင်တို့ကို ဂျနာဇဟ်ကို အလျင်စလိုယူဆောင်သွားကြလော့။ အကယ်၍ သေသူသည် သူတော်ကောင်းဖြစ်လျှင် ယင်းသည် သင်တို့ရှေ့သို့ ပို့ဆောင်လိုက်သော ကောင်းကျိုးဖြစ်၏။ အကယ်၍ သေသူသည် သူတော်ကောင်းမဟုတ်ခဲ့လျှင် အသင်တို့သည် အသင်တို့၏ပခုံးများပေါ်မှ မကောင်းမှုကို ချလိုက်ခြင်းပင် ဖြစ်၏။”
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဂျနာဇဟ်အား ပြင်ဆင်ခြင်း၊ ဂျနာဇဟ်ဆွလားသ်ဖတ်ခြင်းနှင့် ဒဖန်မြှုပ်နှံခြင်းတို့ကို မြန်မြန်ဆန်ဆန်ပြုလုပ်ရန် အမိန့်ပေးတော်မူခဲ့သည်။ အကယ်၍ သေသူသည် သူတော် ကောင်းဖြစ်လျှင် ယင်းသည် ကောင်း ကျိုးဖြစ်သည့် ကဗရ်၏နိအ်မသ်စည်း စိမ်ဘက်သို့ သင်တို့ ပို့ဆောင်လိုက်ခြင်း ဖြစ်၏။ အကယ်၍ သေသူသည် သူတော်ကောင်းမဟုတ်ခဲ့လျှင် အသင်တို့သည် အသင်တို့၏ပခုံးများပေါ်မှ မကောင်းမှုကို ချလိုက်ခြင်းပင် ဖြစ်၏။