





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည် - လူသားတစ်ဦး ကွယ်လွန်သောအခါ (၃) ခုသောအရာမှလွဲ၍ ၎င်း၏အမလ်ကျင့်ဆောင်မှုသည် ၎င်းထံမှ ရပ်တန့်သွားသည်။ (၁) အကျိုးစဝါးဗ်မပြတ်တမ်းရရှိနေသော အလှူဒါန (၂) လူတို့အကျိုးခံစားရသော ပညာ (၃) မိမိအတွက် ဒုအာပြုပေးသော ကောင်းမွန်သည့် သားသမီး ဖြစ်သည်။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က လူသားသည် ကွယ်လွန်သွားသည့်အခါ ၎င်း၏အမလ်ကျင့်ဆောင်မှုများ ရပ်တန့်သွားကြောင်း မိန့်ကြားတော်မူခဲ့သည်။ ၎င်းသေဆုံးကွယ်လွန်ပြီးနောက် သူ့အဖို့ ကောင်းမှုများသည် အောက်ပါအရာ (၃) ခုမှလွဲ၍ ရပ်တန့်သွားသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအရာများ၏ အကြောင်းခံသည် ၎င်းကိုယ်တိုင်ဖြစ်သောကြောင့်ပင်ဖြစ်သည်။ ထိုအရာ (၃) ခုမှာ အောက်ပါအတိုင်းဖြစ်သည်- ၁။ အကျိုးစဝါးဗ်မပြတ်တမ်းအမြဲတစေရရှိနေမည့်အလှူဒါန - ဥပမာ - ဝကဖ် (မြေ၊ နေရာ၊ ပစ္စည်းစသည်တို့ကို သတ်မှတ်လှူဒါန်းခြင်း) ပြုလုပ်ခြင်း၊ ဗလီဝတ်ကျောင်းတော် တည်ဆောက်ခြင်းနှင့် ရေတွင်းတူးခြင်းစသည်တို့ဖြစ်သည်။ ၂။ လူတို့ အကျိုးခံစားရသော ပညာ - ဥပမာ - ပညာရပ်ဆိုင်ရာ စာအုပ်များ ပြုစုရေးသားခြင်းနှင့် တစ်ဦးတစ်ယောက်ကို ပညာတတ်မြောက်အောင် သင်ကြားပေးခြင်းတို့ဖြစ်ပြီး ထိုသူသည် ၎င်းကွယ်လွန်ပြီးနောက်ပိုင်းတွင်လည်း ထိုပညာဖြန့်ဝေရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လေသည်။ ၃။ကောင်းမွန်သော အီမာန်ရှင်သားသမီးများသည် မိမိတို့၏ မိဘများအတွက် ဒုအာပြုပေးကြသည်။
စအ်ဒ် ဗင်န် အုဗာဒဟ် ( ရဿွိယလ္လာဟုအန်ဟု ) က ဆင့်ပြန်ခဲ့သည်။ "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ (ကျွန်တော်မျိုး၏မိခင်) အွမ်မုစအ်ဒ် ကွယ်လွန်သွားပါပြီ။ မည်သည့် လှူဒါန်းမှုသည် အကောင်းဆုံးဖြစ်ပါသနည်း" ဟု မေးမြန်းရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "ရေ (လှူဒါန်းခြင်း)" ဟု ဖြေကြားတော်မူသည်။ ဟဒီးစ် ဆင့်ပြန်သူရာဝီက ပြောပြခဲ့သည်။ ထို့နောက် သူ(စအ်ဒ်)သည် ရေတွင်းတစ်တွင်းတူး၍ "ဤသည် အွမ်မုစအ်ဒ် အတွက် ဖြစ်သည်" ဟု ပြောခဲ့သည်။
رواه أبو داود والنسائي وابن ماجهစအ်ဒ် ဗင်န် အုဗာဒဟ် (ရဿွိယလ္လာဟုအန်ဟု)၏ မိခင် ကွယ်လွန်သွားသောအခါ ၎င်းသည် မိမိ၏မိခင်အတွက် လှူဒါန်းရန် အကောင်းဆုံး အလှူအမျိုးအစားအကြောင်း တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ မေးမြန်းခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အကောင်းဆုံးအလှူမှာ ရေ ဖြစ်သည်ဟု အသိပေးမိန့်ကြားတော်မူသဖြင့် သူသည် ရေတွင်းတစ်တွင်းတူး၍ မိခင်အတွက် စွဒကဟ်(ဂျာရိယဟ်)အဖြစ် ပြုလုပ်လှူဒါန်းခဲ့သည်။
အစ်ဗ်နုအုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "ဧကန်အမှန်၊ အသင်တို့၏အမည်နာမများအနက် အလ္လာဟ်အရှင်မြတ်ထံတော်၌ အနှစ်သက်ဆုံးအမည်နာမများမှာ အဗ်ဒုလ္လာဟ် (အလ္လာဟ်အရှင်မြတ်၏ကျွန်) နှင့် အဗ်ဒုရ်ရဟ်မာန် (အလွန်သနားကြင်နာတော်မူသောအရှင်၏ ကျွန်) တို့ဖြစ်သည်။"
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အလ္လာဟ်အရှင်မြတ်အထံတော်၌ အနှစ်သက်ဆုံးအမည်များမှာ ယောက်ျားလေးအား အဗ်ဒုလ္လာဟ် (عبد الله) သို့မဟုတ် အဗ်ဒုရ်ရဟ်မာန် (عبد الرحمن) ဟူ၍ အမည်ပေးခြင်းဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။
အနတ်စ် ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ "ကျွန်ုပ်တို့အတွက် နှုတ်ခမ်းမွေးညှပ်ရန်၊ လက်သည်း ခြေသည်းညှပ်ရန်၊ ချိုင်းမွှေးနုတ်ရန်၊ ချက်အောက်မွှေးရိတ်ရန်နှင့် ထိုအရာများအား ရက်ပေါင်း (၄၀) ထက်ကျော်လွန်ပြီး မထားကြရန် အချိန်သတ်မှတ်ပေးခြင်း ခံထားရသည်။"
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အမျိုးသားတစ်ဦးအတွက် နှုတ်ခမ်း မွေးညှပ်ခြင်း၊ လက်သည်းခြေသည်းညှပ်ခြင်း၊ ချိုင်းမွှေးနုတ်ခြင်းနှင့် ချက်အောက်မွှေးရိတ်ခြင်းတို့ကို ရက်(၄၀)ထက် မကျော်လွန်စေရန် အချိန်သတ်မှတ်ပေးတော်မူခဲ့သည်။
အိုမိုင်မဟ် ဗင်န်သေ ရုကိုင်ကဟ် (ရဿွိယလ္လာဟုအန်ဟု) ထံမှ ဆင့်ပြန်လာရှိသည်။ သူမက ပြောပြခဲ့သည်။ “ကျွန်မသည် အန်ဆွာရီစွဟာဗီယဟ်အမျိုးသမီးအချို့နှင့်အတူ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံ ဗိုင်အသ်သစ္စာခံယူရန် လာခဲ့ကြပါသည်။ ထိုအခါ ကျွန်မတို့က လျှောက်ထားခဲ့သည်မှာ- ‘အို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ကျွန်မတို့သည် အလ္လာဟ်အရှင်မြတ်အား မည်သည့်အရာနှင့်မျှ တွဲဖက်မကိုးကွယ်ရန်၊ ခိုးမှုမပြုရန်၊ ဇိနာ (အိမ်ထောင်ရေးဖောက်ပြန်မှု) မပြုရန်၊ မိမိ၏လက်နှင့်ခြေများကြားတွင် (ခင်ပွန်းအပေါ် သားသမီး၏ မျိုးရိုးကိစ္စ၌) မဟုတ်မမှန်စွပ်စွဲမှုမပြုရန်၊ မည်သည့်ကောင်းမှုကိစ္စတွင်မဆို ကိုယ်တော့်ကို အမိန့်ဖီဆန်မှုမပြုရန် စသည့်အချက်များအပေါ် ကျွန်မတို့ ကိုယ်တော်အား ဗိုင်အသ်ပြုပါမည်။ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်- “အသင်မတို့တတ်နိုင်သမျှနှင့် ခွန်အားရှိသမျှအတိုင်း (ဆောင်ရွက်ကြလော့)။” သူမ(အိုမိုင်မဟ်)ကဆက်လက် ပြောပြသည်။ ကျွန်မတို့က လျှောက်ထားသည်မှာ - “ကျွန်မတို့အား အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်ကသာ ကရုဏာအရှိဆုံး ဖြစ်တော်မူပါသည်။ အို- အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ကျွန်မတို့ ကိုယ်တော့်ထံ ဗိုင်အသ်ပြုပါရစေ။” ထိုအခါ တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်- “ဧကန်စင်စစ် ငါကိုယ်တော်သည် အမျိုးသမီးများနှင့် လက်ဆွဲနှုတ်ဆက်ခြင်း မပြုလုပ်ပါ။ အမျိုးသမီးတစ်ရာအား ငါကိုယ်တော် ၏ မိန့်ကြားချက် သည် အမျိုးသမီး တစ်ဦးအား မိန့်ကြားချက်ကဲ့သို့ပင်ဖြစ်သည်။ (သို့မဟုတ်) အမျိုးသမီးတစ်ဦးအတွက် မိန့်ကြားချက်ကဲ့သို့ပင်ဖြစ်သည်။"
رواه الترمذي والنسائي وابن ماجهအိုမိုင်မဟ် ဗင်န်သေ ရုကိုင်ကဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်တင်ပြခဲ့သည်။ သူမသည် အန်ဆွာရီစွဟာဗီယဟ်အမျိုးသမီးအချို့နှင့်အတူ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံ အလ္လာဟ်အရှင်မြတ်အား မည်သည့်အရာနှင့်မျှ တွဲဖက်မကိုးကွယ်ရန်၊ ခိုးမှုမပြုရန်၊ ဇိနာ (အိမ်ထောင်ရေးဖောက်ပြန်မှု) မပြုရန်၊ မိမိ၏လက်နှင့်ခြေများကြားတွင် (ခင်ပွန်းအပေါ် သားသမီး၏ မျိုးရိုးကိစ္စ၌) မဟုတ်မမှန်စွပ်စွဲမှုမပြုရန်၊ မည်သည့်ကောင်းမှုကိစ္စတွင်မဆို ကိုယ်တော့်ကို အမိန့်ဖီဆန်မှုမပြုရန် စသည့်အချက်များအပေါ် ဗိုင်အသ်သစ္စာခံယူရန် လာခဲ့ကြပါသည်။ ထိုအခါ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်- “အသင်မတို့တတ်နိုင်သမျှနှင့် ခွန်အားရှိသမျှအတိုင်း (ဆောင်ရွက်ကြလော့)။” ကျွန်မတို့က လျှောက်ထားသည်မှာ - “ကျွန်မတို့အား အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်ကသာ ကရုဏာအရှိဆုံး ဖြစ်တော်မူပါသည်။ အို- အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် အမျိုးသားများ လက်ဆွဲနှုတ်ဆက်သလို လက်ဆွဲနှုတ်ဆက်၍ ကျွန်မတို့ ကိုယ်တော့်ထံ ဗိုင်အသ်ပြုပါရစေ။ ထိုအခါ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်- ဧကန်စင်စစ် ငါကိုယ်တော်သည် အမျိုးသမီးများနှင့် လက်ဆွဲနှုတ်ဆက်ခြင်း မပြုလုပ်ပါ။ အမျိုးသမီးတစ်ရာအား ငါကိုယ်တော်။၏ မိန့်ကြားချက် (ဗိုင်အသ်ပြုပေးပုံ)သည် အမျိုး သမီးတစ်ဦးအတွက် မိန့်ကြားချက်ကဲ့သို့ပင်ဖြစ်သည်။
အစ်ဗ်နု အဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အန်ဆွာရီအမျိုးသမီးတစ်ဦးအား မိန့်ကြားတော်မူခဲ့သည်။ အိဗ်နုအဗ္ဗာစ်သည် သူမ၏နာမည်ကို ပြောပြခဲ့သော်လည်း ကျွန်တော် သူမနာမည်ကို မေ့သွားခဲ့သည်။ ကျွန်ုပ်တို့နှင့်အတူ ဟဂ်ျပြုရန် အသင်မကို အဘယ်အရာက တားဆီးခဲ့ပါသနည်း။ သူမကလျှောက်ထားသည်မှာ ကျွန်မတို့တွင် ကုလားအုတ်နှစ်ကောင်သာရှိပါသည်။ သူမသား၏ ဖခင်နှင့် သူမသားသည် ကုလားအုတ်တစ်ကောင်ဖြင့် ဟဂ်ျပြုလုပ်ခဲ့သည်။ ရေသယ်ရန်အတွက် ကုလားအုတ်တစ်ကောင်ကို ကျွန်မတို့အတွက် ချန်ထားခဲ့ပါသည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- ရမဿွာန်လ ရောက်သည့်အခါ သင်မအွမ္မရဟ် ပြုလုပ်ပါ။ ဧကန်အမှန်ပင် ထိုလ၌ အွမ္မရဟ်ပြုလုပ်ခြင်းသည် ဟဂ်ျပြုလုပ်ခြင်းနှင့် ညီမျှသည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဟဂ်ျဂျသုလ်ဝဒအ်မှ ပြန်လာသည့်အခါ ဟဂ်ျမပြုလုပ်ခဲ့သည့် အန်ဆွာရီအမျိုးသမီးတစ်ဦးအား ကျွန်ုပ်တို့နှင့်အတူ ဟဂ်ျပြုရန် အသင်မကို အဘယ်အရာက တားဆီးခဲ့ပါသနည်းဟု မေးမြန်းတော်မူခဲ့သည်။ သူမက အကြောင်းပြချက်တင်ပြသည်မှာ သူမတို့တွင် ကုလားအုတ်နှစ်ကောင်သာရှိသည်။ သူမ၏ခင်ပွန်းနှင့် သားမှာ ကုလားအုတ်တစ်ကောင်ဖြင့် ဟဂ်ျပြုလုပ်ခဲ့ပြီး ကျန်တစ်ကောင်အား ရေတွင်းမှ ရေသယ်ရန်အတွက် ထားခဲ့သည်။ ထို့ကြောင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူမအား ရမဿွာန်လတွင် အွမ္မရဟ် ပြုလုပ်ခြင်း၏ အကျိုးကုသိုလ်သည် ဟဂ်ျပြုလုပ်ခြင်း၏ အကျိုးကုသိုလ်နှင့် ညီမျှကြောင်း မိန့်ကြားတော်မူခဲ့သည်။
မုအ်မင်န်တို့၏မိခင်မွန် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) မှ ဆင့်ပြန်သည်။ သူမကပြောသည်မှာ အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဂျီဟာဒ်သည် အမွန်မြတ်ဆုံး အမလ်ကောင်းမှုဖြစ်သည်ဟု ကျွန်မတို့ သိထားပါသည်။ ထို့ကြောင့် ကျွန်မတို့ ဂျီဟာဒ်မလုပ်ရဘူးလားဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ မလုပ်ရပါ၊ သို့သော် (အသင်မတို့အတွက်) အမွန်မြတ်ဆုံး ဂျိဟာဒ်မှာ အလ္လာဟ်အရှင်မြတ် လက်ခံသဘောတူသည့် ဟဂ်ျပင်ဖြစ်သည်။
رواه البخاريဆွဟာဗဟ် (ရဿွိယလ္လာဟုအန်ဟုမ်)တို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ ဂျိဟာဒ်ပြုခြင်း၊ ရန်သူများနှင့် တိုက်ခိုက်ခြင်းကို အမွန်မြတ်ဆုံး အမလ်ကောင်းမှုဖြစ်သည်ဟု သိထားကြသည်။ သို့ဖြစ်၍ အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား အမျိုးသမီးများ ဂျီဟာဒ်ပြုသင့်ပါသလားဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူမတို့ဆောင်ရွက်နိုင်သည့် အကောင်းဆုံးဂျိဟာဒ်မှာ ပြစားခြင်းနှင့် အပြစ်အကုသိုလ်ကင်းကာ ကုရ်အာန်ကျမ်းမြတ်နှင့် စွန္နသ်တော်နှင့် ကိုက်ညီသည့် အလ္လာဟ်အရှင်မြတ် လက်ခံသဘောတူသည့် ဟဂ်ျပင်ဖြစ်သည်ဟု ညွှန်ကြားပြသတော်မူခဲ့သည်။
အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “အလ္လာဟ်အရှင်မြတ်သည် ရှေးဦးလူသားများနှင့်နောက်ဆုံးလူသားများအားလုံးကို ကိယာမသ်နေ့တွင် စုရုံးတော်မူသောအခါ၊ သစ္စာဖောက်သူတိုင်းအတွက် အလံတစ်ခုကို စိုက်ထူထားခြင်းခံရမည်။ ထို့နောက် ‘ဤသည် မည်သူမည်ဝါ၏သား မည်သူမည်ဝါ၏ သစ္စာဖောက်မှုဖြစ်သည်’ဟု ကြွေးကြော်ခြင်းခံရမည်။”
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ- အလ္လာဟ်အရှင်မြတ် သည် ရှေးဦးလူသားများနှင့်နောက်ဆုံးလူသားများအားလုံးကို စစ်ဆေးမေး မြန်းရန်အတွက် ကိယာမသ်နေ့တွင် စုရုံးတော်မူသည့်အခါ၊ အလ္လာဟ်အရှင်မြတ်နှင့်ဖြစ်စေ၊ လူသားများနှင့်ဖြစ်စေ ကတိပြုထားသော ပဋိညာဉ်ကို သစ္စာမစောင့်သော (သစ္စာ ဖောက်)သူတိုင်းအတွက် ထိုသူ၏သစ္စာဖောက်မှုကို အရှက်ရစေရန် အမှတ်အသားတစ်ခုကို စိုက်ထူတော်မူမည်။ ထိုနေ့တွင် ၎င်းသည် ဤသို့ ကြွေးကြော်ခြင်းခံရမည်- ဤသည် မည်သူမည်ဝါ၏သား မည်သူမည်ဝါ၏ သစ္စာဖောက်မှုဖြစ်သည်။ (ဤသို့ပြုလုပ်ရခြင်းမှာ) ဟရှရ်ကွင်းပြင်၌ စုရုံးနေသောလူသားများထံတွင် ထိုသူ၏ ဆိုးညစ်သောလုပ်ရပ်ကို ထင်ရှားစေရန် အတွက်ဖြစ်သည်။
ဗရာအ် ဗင်န် အာဇစ်ဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ "တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အား အရာခုနစ်ခုကို (လုပ်ဆောင်ရန်) အမိန့်ပေးတော်မူခဲ့ပြီး အရာခုနစ်ခုမှ (ရှောင်ကြဉ်ရန်) တားမြစ်တော်မူခဲ့သည်။ ကျွန်ုပ်တို့အား အမိန့်ပေးတော်မူခဲ့သည် အရာများမှာ- (၁) လူမမာ သွားရောက်မေးမြန်းကြည့်ရှုခြင်း၊ ဂျနာဇဟ်လိုက်ပါပို့ဆောင်ခြင်း၊ နှာချေသူအား “ယရ်ဟမုကလ္လာဟ်”ဟု အဖြေပေးခြင်း၊ ကျိန်ဆိုမှုကို ဖြည့်ဆည်းပေးခြင်း၊ သို့မဟုတ် ကျိန်ဆိုသူအား ဖြည့်ဆည့်ပေးခြင်း၊ မတရားညှဉ်းဆဲခံရသူအား ကူညီခြင်း၊ ဖိတ်ခေါ်သူ၏ (ဖိတ်ခေါ်ကျွေးမွေးမှုကို) လက်ခံခြင်းနှင့် စလာမ်ကို ဖြန့်ချီခြင်းတို့ဖြစ်သည်။ ကျွန်ုပ်တို့အား တားမြစ်တော်မူခဲ့သည်အရာများမှာ- ရွှေလက်စွပ်ဝတ်ဆင်ခြင်း၊ ငွေထည်အိုးခွက်များဖြင့် သောက်သုံးခြင်း၊ မိယာစိရ် (ပိုးထည်နှင့် ပြုလုပ်ထားသောအခင်းအမျိုးအစား)၊ ကတ်စ်စီ (ချည်နှင့်ပိုး ရောယှက်ထည်ဖြင့် ပြုလုပ်ထားသည့် အဝတ်အထည်)၊ ဟရီရ် (ပိုးထည်)၊ အိစ်တဗ်ရက် (ပိုးထည်အထူ) နှင့် ဒီဘာ့ဂျ် (ပါးလွှာသောပိုးထည်) တို့ကို ဝတ်ဆင်ခြင်းတို့ဖြစ်သည်။"
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ်)မွတ်စ်လင်မ်များအား အရာခုနစ်ခုကို (လုပ်ဆောင်ရန်) ညွှန်ကြားတော်မူခဲ့ပြီး၊ အရာခုနှစ်ခုမှ တားမြစ်တော်မူခဲ့သည်။ ၎င်းတို့အား ညွှန်ကြားတော်မူခဲ့သော အရာများမှာ— ၁။ လူမမာ သွားရောက်ကြည့်ရှုခြင်း။ ၂။ ဂျနာဇဟ် လိုက်ပါပို့ဆောင်ခြင်း၊ ဂျနာဇဟ် ဆွလာသ်ဝတ်ပြုခြင်းနှင့် မြေမြုပ်ဒဖန်လုပ်ခြင်းတွင် ပါဝင်ဆောင်ရွက်ခြင်းနှင့် ၎င်းအတွက် ဒုအာဆုတောင်းပေးခြင်း။ ၃။ နှာချေသူက "အလ်ဟမ်ဒုလိလ္လာဟ်" ဆိုသည့်အခါ ၎င်းအား "ယရ်ဟမုကလ္လာဟ်" (အလ္လာဟ်သည် သင့်အား သနားတော်မူပါစေ) ဟု ဒုအာဆုတောင်းပေးခြင်း။ ၄။ ကျိန်ဆိုသူအား ဖြည့်ဆည်းပေးခြင်းနှင့် သူ၏ကျိန်ဆိုချက်ကို ထောက်ခံခြင်း။ ဆိုလိုသည်မှာ တစ်စုံတစ်ဦးက အရာတစ်ခုအတွက် ကျိန်ဆိုပါက၊ ထိုကျိန်ဆိုချက် အောင်မြင်အောင်ဖြည့်ဆည်းပေးရန် သင်တတ်စွမ်းနိုင်ပါက ထိုသို့ပြုလုပ်ပေးရန် ဖြစ်သည်။ သို့မှသာ သူ့အား ကျိန်ဆိုခြင်းကြောင့် အပြစ်ဖြေရန် (ကတ်ဖ်ဖာရာ) မလိုအပ်အောင် ကူညီခြင်းဖြစ်သည်။ ၅။ မတရားညှဉ်းဆဲခံရသူကို ၎င်းဘက်မှ ရပ်တည်ခြင်းနှင့် တတ်နိုင်သမျှ မတရားညှဉ်းဆဲသူ၏ ညှဉ်းပန်းနှိပ်စက်မှုကို တွန်းလှန်ပေးခြင်းဖြင့် ၎င်းအား ကူညီခြင်း၊ ၆။ မင်္ဂလာပွဲ သို့မဟုတ် အကီကဟ် စသည့် ဝလီမာဧည့်ခံကျွေးမွေးရန် ဖိတ်ကြားသူ၏ ဖိတ်ကြားချက်ကို လက်ခံခြင်း။ ၇။ စလာမ်ပေးခြင်းကို ဖြန့်ဝေခြင်းနှင့် စလာမ်ကို အဖြေပြန်ပေးခြင်း။ ၎င်းတို့အား တားမြစ်တော်မူခဲ့သော အရာများမှာ- ၁။ ရွှေလက်စွပ်များ ဝတ်ဆင်ခြင်းနှင့် ၎င်းဖြင့် တန်ဆာဆင်ခြင်း။ ၂။ ငွေထည်အိုးခွက်များဖြင့် သောက်ခြင်း။ ၃။ မယာစိရ်ခေါ် မြင်းကုန်းနှီးနှင့် ကုလားအုတ်ကုန်းနှီးပေါ်တွင် ခင်းထားသော ပိုးထည်ဖျာများပေါ်တွင် ထိုင်ခြင်း။ ၄။ ကတ်စ်စီ ဟုခေါ်သော ချည်နှင့်ပိုး ရောယှက်ထည်ဖြင့် ပြုလုပ်ထားသည့် အဝတ်အထည်ကို ဝတ်ဆင်ခြင်း။ ၅။ ပိုးထည်ကို ဝတ်ဆင်ခြင်း။ ၆။ အိစ်တဘ်ရက်ခေါ် ကြမ်းသောပိုးထည်ကို ဝတ်ဆင်ခြင်း။ ၇။ ဒီဘာ့ဂျ်ခေါ် အကောင်းဆုံးနှင့် အဖိုးအတန်ဆုံး ပိုးထည်အမျိုးအစားကို ဝတ်ဆင်ခြင်း။