





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗူစအီးဒ် အလ်ခုဿ်ွရီ(ရဿွိယလ္လာဟုအန်ဟု) က ဆင့်ပြန်သည်။ သာဝကကြီးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) နှင့်အတူ ဂဇ်ဝဟ်စစ်ပွဲ ၁၂ပွဲတွင် ပါဝင်ဆင်နွှဲခဲ့သည်။ သာဝကကြီးက အမိန့်ရှိသည်မှာ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ထံတော်ပါးမှ လေးခုသောအရာကို ကြားခဲ့ရပြီး ယင်းအရာများကို ကျွန်တော်နှစ်သက်မိခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်မှာ - "အမျိုးသမီးတစ်ဦးသည် နှစ်ရက်တာကြာမြင့်မည့်ခရီးကို သူမ၏ခင်ပွန်း သို့မဟုတ် မဟ်ရမ်(မိမိနှင့် နိကာဟ် ဟရာမ်ဖြစ်သူတစ်ဦး)အတူ မပါဘဲ ခရီးမထွက်ရ။ အီဒ်ဒုလ်ဖိသ်ရ်နှင့် အီဒုလ်အဿွ်ဟာနေ့တွင် ‘စောင်မ်’ဥပုသ်မစောင့်ရ။ ဖဂ်ျရ်ဆွလာသ်ဝတ်ပြုပြီး နောက် နေထွက်သည်အထိ မည်သည့်ဆွလာသ်မှဝတ်မပြုရ။ အဆွ်ရ်ဆွလာသ်ဝတ်ပြုပြီးနောက် နေဝင်သည်အထိ မည်သည့်ဆွလာသ်မှဝတ်မပြုရ။ ဗလီသုံးလုံးမှအပ အခြားဗလီဝတ်ကျောင်းတော်များဘက်သို့ခရီးမထွက်ရ။ ၎င်းဗလီသုံးလုံးမှာ မတ်စ်ဂျိဒုလ်ဟရာမ်၊ မတ်စ်ဂျိဒုလ်အက္ကဆွာ၊ ငါကိုယ်တော်မြတ်၏ဤဗလီဝတ်ကျောင်းတော် စသည်တို့ဖြစ်သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အောက်ပါ အချက်လေးချက်ကို တားမြစ်တော်မူခဲ့သည်။ ၁။ အမျိုးသမီးများအား သူမ၏ ခင်ပွန်း သို့မဟုတ် မဟ်ရမ် ဆွေမျိုးများအနက်မှ မည်သည့်အခါမျှ နိကာဟ်ထိမ်းမြားပိုင်ခွင့်မရှိသော မဟ်ရမ် ဖြစ်သည့် သား၊ ဖခင်၊ မောင်နှမအရင်း၏သား၊ ဦးလေး၊ ဘကြီး စသည်တို့အနက်တစ်ဦးတစ်ယောက်မပါဘဲ နှစ်ရက်တာကြာမြင့်မည့်ခရီးသွားခြင်းမှ တားမြစ်ထားသည်။ ၂။ အီဒ်ဒုလ်ဖိသ်ရ် နှင့် အီဒ်ဒုလ်အဿွ်ဟာ နေ့များတွင် ဆောင်မ် ဥပုသ်စောင့်ခြင်းကို တားမြစ်ထားသည်။ ဤနေ့ရက်များတွင် နဇ်ရ် ကိုးထားသည့် ဥပုသ်စောင့်ခြင်း၊ နဖ်လ် ဥပုသ်စောင့်ခြင်း၊ ကဖ်ဖာရဟ်အာပတ်ဖြေသောဥပုသ်စောင့်ခြင်း စသည့်ဥပုသ်အားလုံးကိုလည်း တားမြစ်ထားသည်။ ၃။ ဖဂ်ျရ်ဆွလာသ်ဝတ်ပြုပြီးနောက် နေထွက်သည်အထိ အဆွ်ရ်ဆွလာသ်ဝတ်ပြုပြီးနောက် နေဝင်သည်အထိ နဖ်လ်ဆွလာသ်ဝတ်ပြုခြင်းကို တားမြစ်ထားသည်။ ၄။ ဤဗလီဝတ်ကျောင်းတော်သုံးခုမှလွဲ၍ အခြားနေရာတစ်နေရာသို့ ခရီးထွက်ရာတွင် ယင်းနေရာသည် မွန်မြတ်ကြောင်း ယုံကြည်၍လည်းကောင်း၊ ယင်းနေရာတွင် ကောင်းမှုပြုခြင်းဖြင့် ကုသိုလ်ကောင်းမှုများတိုးပွါး၍ရနိုင်သည်ဟု ယုံကြည်၍လည်းကောင်းခရီးထွက်ခြင်းကို တားမြစ်ထားသည်။ ထို့ကြောင့် ဤဗလီဝတ်ကျောင်းတော်သုံးခုမှအပ အခြားဗလီဝတ်ကျောင်းတော်များဘက်သို့ ဆွလာသ်ဝတ်ပြုရန် ခရီးမထွက်ရ။ မတ်စ်ဂျိဒုလ် ဟရာမ် (မက္ကာမြို့)၊ မတ်စ်ဂျိဒ်နဗဝီ (မဒီနာမြို့) နှင့် မတ်စ်ဂျိဒ်အက္ကဆွာ (ဂျေရုဆလင်မြို့) စသည့် ဗလီးကြီးသုံးခု၌သာ အကျိုးကုသိုလ် ပို၍ပို၍တိုးပြီးရရှိမည်ဖြစ်သည်။
အွတ်က်ဗဟ် ဗင်န် အာမိရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ “အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အား သုံးခုသောအချိန်များ၌ ဆွလာသ်ဝတ်ပြုရန် သော်လည်းကောင်း၊ ကျွန်ုပ်တို့၏ သေဆုံးကွယ်လွန်သူများကို မြှုပ်နှံရန် သော်လည်းကောင်း တားမြစ်တော်မူခဲ့သည်- (၁) နေထွက်စပြုချိန်မှ နေမြင့်တက်လာချိန်အထိ၊ (၂) နေမွန်းတည့်ချိန်မှ အနောက်သို့ စတင်ယိုင်ဆင်းသည်အထိ၊ (၃) နေဝင်စပြုချိန်မှ နေလုံးဝဝင်သွားသည်အထိ ဖြစ်သည်။"
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် နေ့တွင် အောက်ပါအချိန်သုံးခု၌ နဖိလ်ဆွလားသ်ဝတ်ပြုခြင်းနှင့် သေဆုံးကွယ်လွန်သူများကို မြုပ်နှံခြင်းမပြုရန် တားမြစ်တော်မူခဲ့သည်။ ပထမအချိန်- နေထွက်စဉ် ပထမဆုံး အလင်းရောင်စတင်ပေါ်ပြီး နေဟာ လှံတစ်ဖျားစာ (အမြင့်) အထိ မြင့်တက်ချိန်အထိဖြစ်သည်။ ယင်းမှာ ခန့်မှန်းခြေ (၁၅)မိနစ်ခန့် ကြာမြင့်သည်။ ဒုတိယအချိန် – နေသည် ကောင်းကင်အလယ်သို့ ရောက်ရှိချိန်၌(နေမွန်းတည့်ချိန်) ဖြစ်သည်။ ဆိုလိုသည်မှာ အရိပ်သည် အရှေ့ သို့မဟုတ် အနောက်သို့ မညွှတ်ဘဲ အတိအကျ အလယ်၌ရှိသော အချိန်မှ နေစောင်းသွားသည့် အချိန်အထိဖြစ်သည်။ ထို့နောက် အရှေ့ဘက်မှ အရိပ်စတင်ပေါ်လာချိန်သည် နေ့လယ်ဇုဟုရ်ဆွလာသ်အချိန် စတင်ချိန်ဖြစ်သည်။ ထိုအချိန်သည် အလွန်တိုတောင်းပြီး (၁၅)မိနစ်ခန့် ဖြစ်သည်။ တတိယအချိန် – နေဝင်စပြုချိန်မှနေ၍ နေလုံးဝဝင်သွားသည်အထိ ဖြစ်သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “သင်တို့အနက်မှတစ်ဦးဦးသည် မိမိ၏ ပခုံးနှစ်ဖက်ပေါ်၌ (အဝတ်) တစ်စုံတစ်ရာ တင်ထားခြင်းမရှိဘဲ အဝတ်တစ်ထည်တည်းဖြင့် ဆွလာသ်ဝတ်ပြုခြင်း မပြုရ။”
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အဝတ်တစ်ထည်တည်းဖြင့် ဆွလာသ်ဝတ်ပြုသူအား ပခုံးနှစ်ဖက်ပေါ်တွင် တစ်စုံတစ်ရာဖုံးအုပ်ထားခြင်းမရှိဘဲ ဖော်ထားခြင်းမှတားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ပခုံးနှစ်ဖက်သည် ဖုံးအုပ်ထိုက်သော အစိတ်အပိုင်းမဟုတ်သော်လည်း ဆွလာသ်ဝတ်ပြုနေစဉ် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်တွင် ရပ်တည်နေချိန်၌ ယင်းတို့ကို ဖုံးကွယ်ထားခြင်းသည် ပို၍လေး နက်မှု၊ ရိုသေမှုရှိစေပြီး အရှက်ကို သေချာစွာဖုံးကွယ်နိုင်ရန် ပိုမိုအထောက်အကူဖြစ်စေသည်။
အနတ်စ် ဗင်န် မာလစ်က် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော် မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "လူတွေရဲ့အခြေအနေဟာ မည်သို့ဖြစ်သွားကြသနည်း။ သူတို့ဟာ မိမိတို့ရဲ့ဆွလာသ်ဝတ်ပြုမှုအတွင်း မျက်လုံးတွေကို မိုးကောင်းကင်ဘက်သို့ မော့ကြည့်နေကြသည်။" ထိုကိစ္စနှင့် ပတ်သက်၍ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ မိန့်ကြားချက်မှာ အလွန်ပြင်းထန်ခဲ့ပြီး၊ နောက်ဆုံး ကိုယ်တော်သည် (ဤမျှထိပင်ပြင်းထန်စွာ) မိန့်တော်မူသည်။ " ၎င်းတို့သည် ထိုအပြုအမူမှ သေချာပေါက် ရှောင်ကြဉ်ရမည်။ သို့မဟုတ်ပါက သူတို့၏ အမြင်အာရုံများကို သုတ်ယူသွားခြင်း (မျက်စိများကန်းသွားကျလိမ့်မည်) ခံရလိမ့်မည်။"
رواه البخاريတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဆွလာသ်အတွင်း၌ ဒုအာဖတ်နေစဉ်ဖြစ်စေ၊ အခြားအချိန်ဖြစ်စေ မိမိတို့၏မျက်လုံးများကို မိုးကောင်းကင်သို့ မော့ကြည့်သောသူများအား သတိပေးတားမြစ်တော်မူခဲ့သည်။ ထို့နောက် ထိုသို့ပြုလုပ်သူများအား ပြင်းထန်စွာ ပြစ်တင်သတိပေး၍ “သူတို့၏မျက်စိအမြင်များ သိမ်းဆည်းခြင်းခံရမည်ကို ကျွန်ုပ် စိုးရိမ်မိသည်” — ဆိုလိုသည်မှာ ရုတ်တရက် ၎င်းတို့၏ မျက်စိအမြင်များ ပျောက်ကွယ်သွားပြီး ၎င်းတို့ပင် မသိလိုက်ဘဲ မျက်စိအမြင်အာရုံဆိုင်ရာ နိအ်မသ်တော်မှ ကင်းမဲ့သွားကြရလိမ့်မည်ဟု မိန့်ကြားတော်မူခဲ့သည်။
ဗရာအ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "အသင် (ဆွလာတ်ဝတ်ပြုရာ၌) စဂျ်ဒဟ် ဦးချသောအခါ သင်၏လက်ဖဝါးနှစ်ဖက်ကို မြေကြီးပေါ်တွင် ချထားပါ။ သင်၏တံတောင်ဆစ်နှစ်ဖက်ကိုအပေါ်သို့ မြှောက်ထားလော့။"
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဆွလာတ်ဝတ်ပြုရာတွင် စဂျ်ဒဟ်၌ လက်နှစ်ဘက်၏အနေအထားမှာ မည်သို့ရှိရမည်ကို ရှင်းပြတော်မူခဲ့သည်။ လက်ဝါးနှစ်ဖက်ကို မြေကြီးပေါ်တွင် ကောင်းစွာ ချထားရန်၊ လက်ချောင်းများကို စုစည်းကာ ကိဗ်လဟ်ဘက်သို့ ညွှန်ထားရန်၊ တံတောင်ဆစ်နှစ်ဖက်ကို မြေကြီးနှင့်မထိအောင်အပေါ်သို့ မြင့်တင်ထားပြီး နံဘေးနှစ်ဘက်မှ ခွာထားခြင်းဖြစ်သည်။
ဝါအိလ် ဗင်န် ဟုဂျုရ် ( ရဿွိယလ္လာဟုအန်ဟု )ထံမှ ဆင့်ပြန်လာရှိသည်။ ၎င်းက ပြောပြခဲ့သည်မှာ - ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)နှင့်အတူ ဆွလာတ်ဝတ်ပြုခဲ့ပါသည်။ ကိုယ် တော်သည် မိမိညာဘက်သို့ "السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ " (သင်တို့အပေါ် အလ္လာဟ်အရှင်မြတ်၏ ငြိမ်းချမ်းမှု၊ ကရုဏာတော်နှင့် ကောင်းချီးမင်္ဂလာတို့ ကျရောက်ပါစေ) ဟုပြောကာ ဘယ်ဘက်သို့ " السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ " (သင်တို့အပေါ် အလ္လာဟ်အရှင်မြတ်၏ ငြိမ်းချမ်းမှုနှင့် ကရုဏာတော် ကျရောက်ပါစေ) ဟုပြောကာ စလာမ်ပြုလေ့ရှိသည်။
رواه أبو داودတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဆွလာသ်မှ ထွက်ခါနီးတွင် ညာဘက်နှင့် ဘယ်ဘက်သို့ စလာမ်ပြုလေ့ရှိသည်။ စလာမ်ပြုလုပ်ပုံမှာ ပထမဦးစွာ မျက်နှာကို ညာဘက်သို့လှည့်လျက် " السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ " ဟု ဆိုခြင်း၊ ထို့နောက် မျက်နာကိုဘယ်ဘက်သို့လှည့်လျက် " السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ " ဟု ဆိုခြင်းဖြစ်သည်။
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “မည်သူမဆို ဖရဿ်ွဆွလာသ်တိုင်း၏နောက်တွင် 'စွဗ်ဟာနလ္လာဟ်' (၃၃)ကြိမ်၊ 'အလ်ဟမ်ဒုလိလ္လာဟ်' (၃၃)ကြိမ်၊ 'အလ္လာဟုအက်ဗရ်' (၃၃)ကြိမ် ရွတ်ဆိုပါက၊ ၎င်းသည် (၉၉)ကြိမ်ဖြစ်ပြီး၊ တစ်ရာပြည့်အောင် لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ 'လာ အိလာဟ အိလလ္လလ္လာဟု ဝဟ်ဒဟူ လာ ရှရီက လဟူ၊ လဟုလ် မုလ်ကု ဝလဟုလ် ဟမ္ဒု၊ ဝဟုဝ အလာ ကုလ်လိ ရှိုင်အင်န် ကဒီရ်' ဟု ရွတ်ဆိုပါက ၎င်း၏အပြစ်များသည် ပင်လယ်ရေမြုပ်ကဲ့သို့ များပြားလင့်ကစား ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သည်။"
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မည်သူမဆို ဖရဿ်ဆွလာသ်ဝတ်ပြုပြီးနောက်တွင် ( အောက်ပါအတိုင်း ဇိကိရ်များကို ) ရွတ်ဖတ်မည် - “စွဗ်ဟာနလ္လာဟ်" (၃၃)ကြိမ် - ဤသည် အလ္လာဟ်အရှင်မြတ်အား ချို့ယွင်းချက်အပေါင်းမှ စင်ကြယ်ကြောင်း ဖော်ညွှန်းခြင်းဖြစ်သည်။ “ အလ်ဟမ်ဒုလိလ္လာဟ်" (၃၃)ကြိမ် - ဤသည် အလ္လာဟ်အရှင်မြတ်အား ချစ်ခင်နှစ်သက်မှု၊ ဂုဏ်ပေးလေးစားမှုနှင့်အတူ ပြီးပြည့်စုံသော ဂုဏ်တော်များဖြင့် ချီးမွမ်းဂုဏ်တင်ခြင်းဖြစ်သည်။ “ အလ္လာဟုအက်ဗရ်" (၃၃)ကြိမ် - ဤသည်မှာ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းထက် အကြီးမြတ်ဆုံးဖြစ်ကြောင်း (ဝန်ခံခြင်းဖြစ်သည်။) ထို့နောက် အကြိမ်တစ်ရာပြည့်အောင် "لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ " ဟု ရွတ်ဆိုခြင်းဖြစ်သည်။ ၎င်း၏ အဓိပ္ပာယ်မှာ - အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းမှလွဲ၍ မှန်ကန်သည့် ခဝပ်ကိုးကွယ်ခြင်းကိုခံထိုက်သော အရှင်ဟူ၍မရှိချေ။ ထိုအရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ရာဟူ၍ အလျင်းမရှိ။ ပြီးပြည့်စုံသော စိုးမိုးမှုအာဏာကို ပိုင်ဆိုင်တော်မူသောအရှင်၊ ချစ်ခင်နှစ်သက်မှု၊ ဂုဏ်ပေးလေးစားမှုနှင့်အတူ ချီးမွမ်းခြင်းအားလုံးကို ခံထိုက်တော်မူသောအရှင်၊ အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်တော်မူဖြစ်သည်။ မည်သူမဆို ဤဇိက်ရ်ကို ရွတ်ဖတ်ပါက ၎င်း၏အပြစ်များသည် ပင်လယ်ပြင်၌ လှိုင်းတံပိုးတို့၏ပုတ်ခတ်မှုကြောင့် ပေါ်ပေါက်လာသော ရေမြုပ်များကဲ့သို့ များပြားလင့်ကစား ပယ်ဖျက်ခြင်းခံရပြီး၊ ခွင့်လွှတ်ချမ်းသာပေးခြင်းခံရမည်ဖြစ်သည်။
အဗူအုမာမဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မည်သူမဆို ဖရဿ်ွဆွလာသ်တိုင်းရဲ့နောက်တွင် အာယသုလ်ကုရ်စီ ဖတ်မည်ဆိုလျှင် သေခြင်းတရားမှအပ အခြားဘယ်အရာမျှ ၎င်းအား ဂျန္နသ်သို့ ဝင်ရောက်ခြင်းမှ မဟန့်တားနိုင်ပေ။
رواه النسائي في الكبرىတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ- မည်သူမဆို ဖရဿ်ွဆွလာသ်တိုင်းရဲ့နောက်တွင် အာယသုလ်ကုရ်စီ ဖတ်မည်ဆိုလျှင် သေခြင်းတရားမှအပ အခြားဘယ်အရာမျှ ၎င်းအား ဂျန္နသ်သို့ ဝင်ရောက်ခြင်းမှ မဟန့်တားနိုင်ပေ။ ထိုအာယသ်တော်သည် စူရဟ်ဘကရဟ်တွင် ပါရှိသည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်။ (اَللَّهُ لَا إِلَهَ إِلَّا هُوَ الْحَيُّ الْقَيُّومُ لَا تَأْخُذُهُ سِنَةٌ وَّلَا نَوْمٌ لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ مَنْ ذَا الَّذِي يَشْفَعُ عِنْدَهُ إِلَّا بِإِذْنِهِ يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ وَلَا يُحِيْطُوْنَ بِشَيْءٍ مِّنْ عِلْمِهِ إِلَّا بِمَا شَاءَ وَسِعَ كُرْسِيُّهُ السَّمَاوَاتِ وَالْأَرْضَ وَلَا يَئُوْدُهُ حِفْظُهُمَا وَهُوَ الْعَلِيُّ الْعَظِيمُ) အလ္လာဟ်အရှင်မြတ်သည် (သာလျှင် ခဝပ် ကိုးကွယ်ရာအရှင် ဖြစ်တော်မူ၏)။ ထိုအရှင်မြတ်မှတစ်ပါး ကိုးကွယ်ခြင်း ခံထိုက်သူဟူ၍ အလျင်းမရှိပြီ။ (ထိုအရှင်မြတ်သည်) အမြဲရှင်နေတော်မူသောအရှင်၊ (မိမိကိုယ်တော်တိုင် ထာဝရတည် နေတော်မူ၍ သတ္တဝါအပေါင်းတို့ကိုလည်း) ထိန်းသိမ်း စောင့်ရှောက်တော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်အား ငိုက်မျဉ်းခြင်းသည်လည်းကောင်း ၊ အိပ်စက်ခြင်းသည်လည်းကောင်း မဖိစီးနိုင်ပေ။ ထိုအရှင်မြတ်သည်သာလျှင် အာကာသ ကောင်းကင်များနှင့် မြေ၌ရှိရှိသမျှသော (သက်ရှိသက်မဲ့) အရာ ဝတ္ထုဟူသမျှတို့ကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်၏ အထံတော်၌ ထိုအရှင်မြတ်၏ ခွင့်ပြုချက်မရှိဘဲ သူတစ်ပါးအတွက် အသနားခံ တောင်းပန်ပေးနိုင်သူကား အဘယ်သူနည်း။ ထိုအရှင်မြတ်သည် ထိုသူတို့၏ ရှေ့နောက် အဖြစ်အပျက် အကြောင်းကိစ္စ အလုံးစုံတို့ကို အကြွင်းမဲ့ သိရှိတော်မူလေသည်။ သို့ရာတွင် ယင်းသူတို့သည် ထိုအရှင်မြတ် သိရှိတော်မူသော အကြောင်းကိစ္စ အဖြစ်အပျက်တို့အနက်မှ ထိုအရှင်မြတ်အလိုရှိတော်မူသော အကြောင်းကိစ္စမှအပ တစ်စုံတစ်ရာကိုမျှဝန်းခြုံ၍ မသိနိုင်ကြပေ။ ထိုအရှင်မြတ်၏ ဉာဏ်တော်သည် အာကာသ ကောင်းကင်များနှင့်တကွ ကမ္ဘာမြေပြင်တခွင်လုံးကို ဝန်းခြုံလျက်ရှိချေ၏။ သို့ရာတွင် ယင်းမိုးကောင်းကင်နှင့်တကွ ကမ္ဘာမြေပြင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ထိုအရှင်မြတ်အား ပင်ပန်းနွမ်းရိစေသည် မဟုတ်ပေ။ စင်စစ်ထိုအရှင်မြတ်သည် (မကြံစည်နိုင်အောင်) မြင့်မြတ်တော်မူသောအရှင်၊ ကြီးကဲထွတ်မြတ်တော်မူသော အရှင်တည်း။ (စူရဟ် ဗကရဟ်၊ အာယသ် : ၂၅၅ )
အဗူစအီးဒ်ခုဒ်ရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အကယ်၍ သင်တို့အနက်မှ တစ်ဦးဦးသည် မိမိ၏ဆွလာသ်ဝတ်ပြုမှုတွင် သံသယဖြစ်ပြီး ရကအသ် မည်မျှ ဝတ်ပြုခဲ့သလည်း ( ၃ )ရကအာသ်လော၊ ( ၄ ) ရကအသ်လော ဆိုသည်ကို မသေမချာဖြစ်နေလျှင်၊ ထိုသူသည် ထိုသံသယကို စွန့်ပယ်ပြီး သေချာသော ရကအသ်အရေအတွက်ကို အခြေခံကာ (ဆက်လက်ဝတ်ပြုရမည်)။ ထို့နောက် စလာမ်မလှည့်မီအရင် စဂ်ျဒဟ် နှစ်ကြိမ် ပြုလုပ်ရမည်။ အကယ်၍ သူသည် ( ၅ ) ရကအသ် ဝတ်ပြုခဲ့ပါက ဤစဂ်ျဒဟ်နှစ်ကြိမ်သည် သူ၏ဆွလာသ်ကို စုံကိန်း (၆ ရကအသ်) ဖြစ်စေမည်။ အကယ်၍ သူသည် ( ၄ ) ရကအသ် အပြည့်ဝတ်ပြုခဲ့ပါက ဤ စဂ်ျဒဟ် နှစ်ကြိမ်သည် ရှိုင်တွာန်အတွက် နှိမ့်ကျသေးသိမ်မှု၊ အရှက်တကွဲအကျိုးနည်းမှု၏ အကြောင်းခံ ဖြစ်စေမည်။
رواه مسلمအလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဆွလာသ်ဝတ်ပြုသူတစ်ဦးသည် မိမိဆွလာသ်တွင် မည်မျှဝတ်ပြုပြီးဖြစ်သည်ကို သံသယဖြစ်မိပြီး ( ၃ ) ရကအသ် ဝတ်ပြုခဲ့ခြင်းလား၊ သို့မဟုတ် ( ၄ ) ရကအသ် ဝတ်ပြုခဲ့ခြင်းလားဟု မသေချာမရေရာဖြစ်နေပါက သံသယဖြစ်ဖွယ် အပိုအရေအတွက်ကို စွန့်ပယ်ရမည်ဖြစ်ပြီး ထိုအပိုအရေအတွက်ကို မယူရန် ရှင်းလင်းစွာ မိန့်ကြားသွန်သင်တော်မူခဲ့သည်။ သို့ဖြစ်ရာ ( ၃ ) ရကအသ်မှာ သေချာသောအရေအတွက်ဖြစ်သည်။ ထို့ကြောင့် သူသည် စတုတ္ထမြောက်ရကအသ်ကို ဆက်လက်ဝတ်ပြုပြီး စလာမ်မလှည့်မီအရင် စဂ်ျဒဟ်စဟ်ဝ် နှစ်ကြိမ်ပြုလုပ်ရမည်။ အကယ်၍ သူသည် အမှန်တကယ်အားဖြင့် ( ၄ ) ရကအသ် ဝတ်ပြုပြီးဖြစ်ခဲ့ပါက၊ နောက်ထပ်ဝတ်ပြုလိုက်သော ၁ ရကအသ်ကြောင့် စုစုပေါင်း ( ၅ ) ရကအသ်ဖြစ်သွားပြီး စဂ်ျဒဟ်စဟူနှစ်ကြိမ်သည် အပိုဝတ်ပြုမိသော ( ၁ ) ရကအသ်အတွက် အစားထိုးဖြည့်ဆည်းပေးသဖြင့် ရကအသ်အရေအတွက်မှာ မကိန်း (၅) မဟုတ်ဘဲ စုံကိန်း (၆) ဖြစ်သွားမည်။ သို့သော် အကယ်၍ သူသည် အပိုထပ်မံဝတ်ပြုလိုက်သော တစ်ရကအသ်ဖြင့် စုစုပေါင်း လေးရကအသ် ဝတ်ပြုပြီးဖြစ်ပါက၊ သူ့အပေါ်တွင် တာဝန်ရှိသော ဆွလာသ်ကို အပို၊အလိုမရှိဘဲ၊ လိုအပ်သော ရကအသ်အရေအတွက်အတိုင်း ဝတ်ပြုလိုက်ခြင်းဖြစ်သည်။ ထိုအခြေအနေတွင် စဂ်ျဒဟ်စဟ်ဝ် နှစ်ကြိမ်သည် ရှိုင်တွာန်အား နှိမ့်ကျသေးသိမ်စေခြင်း၊ ၎င်းအား နှိမ်နင်းခြင်းနှင့် ၎င်း၏ရည်ရွယ်ချက်မှ ဝေးကွာစေခြင်းတို့ကို ဖြစ်စေသည်။ အဘယ့်ကြောင့်ဆိုသော် ရှိုင်တွာန်သည် ဆွလာသ်ဝတ်ပြုသူ၏ ဆွလာသ်ကို ရှုပ်ထွေးသွားစေရန်ပြုလုပ်ခဲ့ပြီး၊ ဖျက်ဆီးရန် ကြိုးစားခဲ့သော်လည်း၊ အာဒမ်၏သား ( လူသား ) ၏ ဆွလာသ်ဝတ်ပြုမှုသည် ပြီးပြည့်စုံခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် စဂ်ျဒဟ်ဦးချခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို နာခံကျင့်သုံးခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။ ယင်းစဂ်ျဒဟ်ဦးချခြင်းကိုပင် အစ်ဗ်လီစ် ရှိုင်တွာန်မိစ္ဆာကောင်သည် ( ငြင်းပယ်ပြီး ) အလ္လာဟ်အရှင်မြတ်အား အမိန့်ဖီဆန်ခဲ့ခြင်းဖြစ်သည်။ အိဗ်လီစ်သည် ၎င်းအား အလ္လာဟ်အရှင်မြတ်က အာဒမ်( အလိုင်ဟိစ္စလာမ်)ကို စဂ်ျဒဟ်ဦးချရန် အမိန့်ပေးစေခိုင်းခဲ့စဉ်အခါက အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို မနာခံခဲ့ပေ။