





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ "တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) သည် ဇုဟုရ်ဖရဿ်ွမတိုင်မီ (စွန္နသ်)လေးရကအသ်နှင့် ဖဂျရ်ဖရဿ်ွမတိုင်မီ (စွန္နသ်) နှစ်ရကအသ်တို့ကို မည်သည့်အခါမျှ စွန့်လွှတ်ခဲ့ခြင်းမရှိပေ။"
رواه البخاريအာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ) က ဆင့်ပြန်ခဲ့သည်မှာ - တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် (အောက်ပါ) နဖိလ်ဆွလာသ်နှစ်ခုကို အမြဲတစေ မိမိအိမ်တွင် ဝတ်ပြုလေ့ရှိပြီး မည်သည့်အခါမျှ စွန့်လွှတ်ခဲ့ခြင်းမရှိပေ။ ၎င်းတို့မှာ - ဇုဟုရ်ဖရဿ်ွမတိုင်မီ စလာမ်နှစ်ကြိမ်ဖြင့် လေးရကအသ်နှင့် ဖဂျရ်ဖရဿ်ွမတိုင်မီ နှစ်ရကအသ်တို့ ဖြစ်သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ကြင်ရာတော် အွမ္မုဟဗီဗဟ် (ရဿွိယလ္လာဟုအန်ဟာ) မှ ဆင့်ပြန်ခဲ့သည်။ သူမက ပြောသည်မှာ- "ကျွန်မသည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ဤသို့ မိန့်ကြားသည်ကို ကြားခဲ့ရပါသည်- ''မည်သူမဆို ဇုဟုရ်ဆွလာသ်မတိုင်မီ လေးရကအသ်နှင့် ဇုဟုရ်ဆွလာသ်ပြီးနောက် လေးရကအသ်ကို စွဲစွဲမြဲမြဲ ဝတ်ပြုဆောက်တည်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအပေါ် ဂျဟန္နမ်ငရဲမီးအား ဟရာမ်အဖြစ်သတ်မှတ် (တားမြစ်) တော်မူသည်။''
رواه أبو داود والترمذي والنسائي وابن ماجه وأحمدတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဇုဟုရ်ဆွလာသ်မတိုင်မီ လေးရကအသ်နှင့် ဇုဟုရ်ဆွလာသ်ပြီးနောက် လေးရကအသ်ကို စွဲစွဲမြဲမြဲ ဝတ်ပြုဆောက် တည်သူအား အလ္လာဟ်အရှင်မြတ်သည် ထိုသူအပေါ် ဂျဟန္နမ်ငရဲမီးအား ဟရာမ်အဖြစ်သတ်မှတ် (တားမြစ်) တော်မူမည်ဖြစ်ကြောင်း သတင်းကောင်းပေးခဲ့သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် ) သည် ဖဂျရ်စွန္နသ် နှစ်ရကအသ်တွင် ကွလ်ယာအိုင်ယုဟလ် ကာဖီရူးန်နှင့် ကွလ်ဟုဝလ္လာဟု အဟဒ် (စူရဟ် ကာဖီရူးန်နှင့် စူရဟ် အိခ်လားစ်ွ) ကို ဖတ်ရွတ်တော်မူခဲ့သည်။
رواه مسلمတမန်တော်မြတ် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် ) သည် ဖဂျရ်စွန္နသ် နှစ်ရကအသ်တွင် စူရဟ်ဖာသိဟဟ်ဖတ်ပြီးနောက် ပထမရကအသ်တွင် ကွလ်ယာအိုင်ယုဟလ် ကာဖီရူးန်(စူရဟ် ကာဖီရူးန်) နှင့် ဒုတိယရကအသ်တွင် ကွလ်ဟုဝလ္လာဟု အဟဒ် (စူရဟ် အိခ်လားစ်ွ) ရွတ်ဖတ်ခြင်းကို နှစ်သက်တော်မူသည်။
အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ “ဂျမာအသ်ဖြင့် ဆွလာသ်ဝတ်ပြုခြင်းသည် တစ်ဦးတည်းဝတ်ပြုခြင်းထက် အဆပေါင်း နှစ်ဆယ့်ငါးဆ ပိုမိုမြင့်မြတ်သည်။ ထို့ပြင် ညအချိန်၏ ကောင်းကင်တမန်များနှင့် နေ့အချိန်၏ ကောင်းကင်တမန်များသည် ဖဂျရ်ဆွလာသ်အချိန်၌ စုဝေးကြသည်။” ထို့နောက် အဘူဟုရိုင်ရဟ်(ရဿွိယလ္လာဟ်အန်ဟု)က မိန့်ကြားသည်မှာ- အကယ်၍ အသင်တို့ အလိုရှိပါက ဤအာယသ်တော်ကို ရွတ်ဖတ်နိုင်သည်- {အမှန်စင်စစ် မိုးသောက်ချိန် ကုရ်အာန်ကျမ်းတော်မြတ် ဖတ်ရွတ်မှု (ဖဂျရ်ဆွလာသ် ဝတ်ပြုမှု)သည် (ကောင်းကင်တမန်များ) လာရောက်ချိန်ပင် ဖြစ်သည်။} (အလ်-အိစ်ရာအ်၊ ၇၈)
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ- အမျိုးသားတစ်ဦးသည် ဗလီ၌ အိမာမ်နှင့်အတူ ဂျမာအသ်ဖြင့် ဆွလာသ်ဝတ်ပြုခြင်းသည် သူ့အိမ်၌ဖြစ်စေ၊ ဈေး၌ဖြစ်စေ တစ်ဦးတည်း ဝတ်ပြုခြင်းထက် အဆပေါင်း နှစ်ဆယ့်ငါးဆ ပိုမိုမြင့်မြတ်သည်။ ထို့နောက် ညအချိန်၏ ကောင်းကင်တမန်များနှင့် နေ့အချိန်၏ ကောင်းကင်တမန်များသည် ဖဂျရ်ဆွလာသ်အချိန်၌ စုဝေးကြကြောင်း ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ထို့နောက် အဘူဟုရိုင်ရဟ်(ရဿွိယလ္လာဟ်အန်ဟု)က ထို့အတွက် သက်သေကိုးကားတင်ပြသည့်အနေဖြင့် မိန့်ကြားသည်မှာ - အကယ်၍ အသင်တို့အလိုရှိပါက ဤအာယသ်တော်ကို ရွတ်ဖတ်နိုင်သည်- {အမှန်စင်စစ် မိုးသောက်ချိန် ကုရ်အာန် ကျမ်းတော်မြတ် ဖတ်ရွတ်မှု (ဖဂျရ်ဆွလာသ်ဝတ်ပြုမှု)သည် (ကောင်းကင်တမန်များ) လာရောက်ချိန်ပင် ဖြစ်သည်။} (အလ်-အိစ်ရာအ်၊ ၇၈) ဆိုလိုသည်မှာ ဖဂျရ်ဆွလာသ်ဝတ်ပြုမှုကို ညအချိန်၏ ကောင်းကင်တမန်များနှင့် နေ့အချိန်၏ ကောင်းကင်တမန်များသည် လာရောက်စုရုံးပါဝင်ကြသည် ဟူ၍ဖြစ်သည်။
အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အမျိုးသားများအတွက် အကောင်းဆုံး စွတ်ဖ်အတန်းသည် ပထမဆုံးတန်းဖြစ်၍ အဆိုးဆုံးစွတ်ဖ်အတန်းသည် နောက်ဆုံးတန်း ဖြစ်သည်။ အမျိုးသမီးများအတွက် အကောင်းဆုံးစွတ်ဖ်အတန်းသည် နောက်ဆုံးတန်းဖြစ်၍ အဆိုးဆုံးစွတ်ဖ်အတန်းသည် ပထမဆုံးတန်း ဖြစ်သည်။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဆွလာသ်ဝတ်ပြုရာတွင် အမျိုးသားများအတွက် အကောင်းဆုံး၊ အကျိုးဆုလာဘ် အများဆုံးနှင့် မွန်မြတ်မှုအရှိဆုံး စွတ်ဖ် (ဆွလာသ်ဝတ်ပြုချိန် တန်းစီသည့်လိုင်း) အတန်းသည် ပထမဆုံးစွတ်ဖ်အတန်းဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ပထမဆုံးစွတ်ဖ်အတန်းတွင် ရပ်သူများသည် အိမာမ်နှင့် နီးကပ်ပြီး၊ အိမာမ်၏ ကုရ်အာန်ဖတ်ရွတ်မှုကို ကောင်းစွာကြားနိုင်ခြင်းနှင့် အမျိုးသမီးများနှင့် ဝေးကွာခြင်းတို့ကြောင့် ဖြစ်သည်။ အမျိုးသားများအတွက် အဆိုးဆုံး၊ အကျိုးဆုလာဘ် အနည်းဆုံး၊ မွန်မြတ်မှုအနည်းဆုံး ရှရီအသ်တရားတော်၏ ရည်ရွယ်ချက်များနှင့် အဝေးဆုံး စွတ်ဖတ်အတန်းမှာ နောက်ဆုံးတန်း ဖြစ်သည်။ အမျိုးသမီးများအတွက် အကောင်းဆုံးစွတ်ဖ်အတန်းသည် နောက်ဆုံးတန်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုစွတ်ဖ်အတန်းသည် သူမတို့အတွက် ပို၍ အကာအကွယ်လုံခြုံမှုရရှိပြီး၊ အမျိုးသားများနှင့် ရောနှောခြင်း၊ ၎င်းတို့အား မြင်တွေ့ရခြင်းနှင့် ၎င်းတို့ကိုအကြောင်းခံ၍ ဖြစ်ပေါ်လာမည့် ဖိသ်နဟ်များမှ ပို၍ဝေးကွာသောကြောင့် ဖြစ်သည်။ အမျိုးသမီးများအတွက် အဆိုးဆုံးစွတ်ဖ်အတန်းမှာ ပထမဆုံးတန်း ဖြစ်သည်။ အကြောင်းမှာ ထိုအတန်းသည် အမျိုးသားများနှင့် နီးကပ်ပြီး ဖိသ်နဟ်(စမ်းသပ်မှုပြသနာများ)နှင့် ရင်ဆိုင်ရနိုင်သောကြောင့် ဖြစ်သည်။
ဝါဗိစွဟ် ( ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လူတစ်ဦးကို စွတ်ဖ်အတန်းအနောက်တွင် တစ်ဦးတည်း ဆွလာသ်ဝတ်ပြုနေသည်ကို တွေ့မြင်ခဲ့ရာ ၎င်းအား ထိုဆွလာသ်ကို ပြန်လည်ဝတ်ပြုရန် အမိန့်ပေးတော်မူခဲ့သည်။
رواه أبو داود والترمذي وابن ماجه وأحمدတမန်တော်မြတ် (ဆွလလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် လူတစ်ဦးကို စွတ်ဖ်အတန်း၏ အနောက်တွင် တစ်ဦးတည်း ဝတ်ပြုနေသည်ကို တွေ့မြင်ရသောအခါ ၎င်းအား ထိုဆွလာသ်ကို ပြန်လည်ဝတ်ပြုရန် အမိန့်ပေးတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ဆွလာသ်သည် ထိုသို့သောအခြေအနေတွင် မှန်ကန်မှုမရှိပေ။
အုဗိုင်ယ် ဗင်န် ကအ်ဗ် ( ရဿွိယလ္လာဟု အန်ဟု ) ကဆင့်ပြန်ခဲ့သည်။ တစ်ရက်တွင် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အား ဖဂျွရ်ဆွလာသ်ကို ဦးဆောင်ဝတ်ပြုပေးပြီးနောက် မိန့်ကြားတော်မူသည်- “မည်သူမည်ဝါသည် ဤဆွလာသ်တွင် ပါဝင်ခဲ့သလော။” လူများက “မပါဝင်ပါ” ဟု လျှောက်ထားခဲ့ကြသည်။ ထို့နောက် ကိုယ်တော်မြတ်က “အခြား မည်သူမည်ဝါကော ဤဆွလာသ်တွင် ပါဝင်ခဲ့သလော။” ဟု ထပ်မံမေးတော်မူသည်။ လူများက ထိုနည်းတူစွာ “မပါဝင်ပါ” ဟုလျှောက်ထားခဲ့ကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်-စင်စစ် “ဆွလာသ်များအနက် ဤဆွလာသ်နှစ်ခု (ဖဂျရ်နှင့် အီရှာ) သည် မုနာဖိက်များအပေါ်တွင် အလေးလံဆုံးဖြစ်သည်။ အကယ်၍ သင်တို့သည် ထိုဆွလာသ်နှစ်ခု၏ အကျိုးကျေးဇူးကို သိရှိခဲ့လျှင်၊ သင်တို့သည် တရွတ်တိုက်စွဲလျက်ပင်ဖြစ်စေ ရောက်ရှိလာကြလိမ့်မည်။ ပထမစွတ်ဖ်အတန်းသည် မလာအိကဟ်ကောင်းကင် တမန်များ၏ အတန်းနှင့်တူညီသည်။ အကယ်၍ သင်တို့သည် ယင်း၏အကျိုးကျေးဇူးကို သိရှိခဲ့လျှင်၊ ယင်းအတွက် သင်တို့သည် ပြေးလာကြလိမ့်မည်။ လူတစ်ဦးသည် အခြားတစ်ဦးနှင့် ဂျမာအသ်ဖြင့်စု ပေါင်း၍ ဆွလာသ်ဝတ်ပြုခြင်းသည် တစ်ဦးတည်း ဝတ်ပြုခြင်းထက် ပိုမိုကောင်းမွန်သည်။ လူတစ်ဦးသည် အခြားလူနှစ်ဦးနှင့် ဂျမာအသ်ဖြင့်စုပေါင်း၍ ဆွလာသ်ဝတ်ပြုခြင်းသည် လူတစ်ဦးနှင့် စုပေါင်းဝတ်ပြုခြင်းထက် ပိုမိုကောင်းမွန်သည်။ စုပေါင်းဝတ်ပြုသူ များလေ၊ အလ္လာဟ်အရှင်မြတ်ထံတော်တွင် ယင်းဆွလာသ်သည် ပို၍ နှစ်သက်ဖွယ်ရာ ဖြစ်လေပင် ဖြစ်သည်။
رواه أبو داود والنسائي وأحمدအလ္လာဟ်အရှင်မြတ်၏တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် တစ်ရက်တွင် ဖဂျရ်ဆွလာသ်ကို ဝတ်ပြုခဲ့ပြီးနောက် မေးမြန်းတော်မူခဲ့သည်မှာ- “ကျွန်ုပ်တို့၏ ဤဆွလာသ်တွင် မည်သူမည်ဝါသည် ပါဝင်ခဲ့သလော။” ဆွဟာဗဟ်များက မပါဝင်ကြောင်း ဖြေကြားခဲ့သည်။ ထို့နောက် ကိုယ်တော်မြတ်က မည်သူမည်ဝါကော လာရောက်ပါဝင်ခဲ့သလားအခြားသူတစ်ဦး၏အကြောင်း ထပ်မံမေးမြန်းတော်မူခဲ့သည်။ ဆွဟာဗာများကလည်း မပါဝင်ကြောင်း ဖြေကြားခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်- ဧကန်မုချ ဖဂျရ်နှင့် အီရှာဆွလာသ်သည် မုနာဖိက်များအပေါ်တွင် အခြားဆွလာသ်များထက် ပိုမိုလေးလံသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်နှစ်ခုတွင် ပျင်းရိခြင်းက လွှမ်းမိုးနေတတ်ပြီး ရိယာပြစားရန် ဖြစ်နိုင်ခြေ နည်းပါးသောကြောင့်ဖြစ်သည်။ အကြောင်းမှာ ထိုအချိန်နှစ်ခုတွင် အမှောင်ထုကြောင့် လူတို့သည် ၎င်းတို့အား မတွေ့မြင်နိုင်သောကြောင့်ဖြစ်သည်။ အို အီမာန်သက်ဝင်ယုံကြည်သူတို့ အကယ်၍ အသင်တို့သည် ဖဂျရ်နှင့်အီရှာဆွလာသ်၏ များပြားလှသော အကျိုးဆုလာဘ်ကို သိရှိခဲ့လျှင်၊( အဘယ်ကြောင့်ဆိုသော် အကျိုးဆုလာဘ်သည် ခက်ခဲမှုပေါ်အခြေခံ၍ ခက်ခဲလေ အကျိုးပိုများလေဖြစ်သည် ) သင်တို့သည် တရွတ်တိုက်စွဲလျက်ပင်ဖြစ်စေ ထိုဆွလာသ်နှစ်ခုကိုဝတ်ပြုရန် ရောက်ရှိလာကြမည်ဖြစ်သည်။ ဧကန်စင်စစ် ပထမစွတ်ဖ်အတန်း၌ တန်းစီသူများသည် အိမာမ်ရှေ့ဆောင်၏ အနီး၌ရှိခြင်းကြောင့် မလာအိကဟ်ကောင်းကင်တမန်များ၏ အလ္လာဟ်အရှင်မြတ်အနီး၌ တန်းစီတည်ရှိခြင်းကဲ့သို့ပင် ဖြစ်၏။ အကယ်၍ အီမာန်ယုံကြည်သူများသည် ပထမစွတ်ဖ်အတန်း၏ အကျိုးကျေးဇူးကို သိရှိခဲ့လျှင်၊ သူတို့သည် ယင်းနေရာအတွက် ဦးစွာလာရောက်ရန် ပြိုင်ဆိုင်ကြမည် ဖြစ်သည်။ လူတစ်ဦးသည် အခြားတစ်ဦးနှင့် ဂျမာအသ်ဖြင့်စု ပေါင်း၍ ဆွလာသ်ဝတ်ပြုခြင်းသည် တစ်ဦးတည်း ဝတ်ပြုခြင်းထက် အကျိုးစဝါးဗ်နှင့် စူးရှမှု ပိုမိုများပြားပြီး၊ လူတစ်ဦးသည် အခြားလူနှစ်ဦးနှင့် ဂျမာအသ်ဖြင့်စုပေါင်း၍ ဆွလာသ်ဝတ်ပြုခြင်းသည် လူတစ်ဦးနှင့် စုပေါင်းဝတ်ပြုခြင်းထက် ပို၍မွန်မြတ်ပါသည်။ ဝတ်ပြုသူများပြားသော ဆွလားသ်သည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ပို၍ နှစ်သက်ဖွယ်ရာဖြစ်၍ အမွန်မြတ်ဆုံးပင် ဖြစ်သည်။
မုအ်မင်န်တို့၏ မိခင်မွန် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်။ မည်သည့်အမျိုးသမီးမဆို မိမိ၏အုပ်ထိန်းသူ၏ ခွင့်ပြုချက်မရှိဘဲ နိကာဟ်ပြုခဲ့လျှင် သူမ၏နိကာဟ်သည် ဘာသွိလ်(တရားမဝင်သော နိကာဟ်သာလျှင်) ဖြစ်သည်။ - ထိုစကားကို သုံးကြိမ်တိုင်တိုင် မိန့်ကြားတော်မူခဲ့သည်- သို့ရာတွင် အကယ်၍ အမျိုးသားသည် ထိုအမျိုးသမီးနှင့် ပေါင်းသင်းဆက်ဆံခဲ့ပါက သူမ၏ (ကိုယ်ခန္ဓာအား)ရရှိခံစားခဲ့သည့်အတွက် မဟရ်သည် သူမအတွက် ဖြစ်သွားပေမည်။ အကယ်၍ အုပ်ထိန်းသူများအချင်းချင်း (အုပ်ထိန်းခွင့်နှင့်ပတ်သက်၍) အငြင်းပွားမှုဖြစ်ပွားပါက အုပ်ချုပ်သူအာဏာပိုင်သည် ဝလီအုပ်ထိန်းသူ မရှိသောအမျိုးသမီး၏ အုပ်ထိန်းသူဖြစ်ပေမည်။
رواه أبو داود والترمذي وابن ماجه وأحمدနဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အမျိုးသမီးတစ်ဦးသည် မိမိ၏ အုပ်ထိန်းသူများ ၏ ခွင့်ပြုချက်မရှိဘဲ မိမိကိုယ်ကို နိကာဟ်ပြုလုပ်ခြင်းမှ တားမြစ်သတိပေးတော်မူပြီး၊ သူမ၏နိကာဟ်သည် ဘာသွိလ်(တရားမဝင်သော နိကာဟ်သာလျှင်) ဖြစ်ကြောင်း သတိပေးမိန့်ကြားတော်မူခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဤစကားကို သုံးကြိမ်တိုင်တိုင် ထပ်ကာထပ်ကာ မိန့်ကြားတော်မူခဲ့ပြီး၊ ထိုနိကာဟ်သည် လုံးဝလက်မထပ်ရသေးသကဲ့သို့ပင် ဖြစ်ကြောင်း (သတိပေးမိန့်ကြားတော်မူခဲ့သည်။) အကယ်၍ အုပ်ထိန်းသူဝလီ၏ ခွင့်ပြုချက်မပါသည့် အမျိုးသမီးနှင့် နိကာဟ်ပြုလုပ်ခဲ့သောအမျိုးသားက သူမနှင့် ပေါင်းသင်းဆက်ဆံခဲ့ပါက သူမနှင့် ကာမမှုကို ကျူးလွန်ခဲ့သည့်အတွက် သူမအား မဟရ်အပြည့်အဝ ပေးဆောင်ရမည်။ တစ်ဖန် နိကာဟ်ပြုပေးရန် အုပ်ထိန်းပိုင်ခွင့်နှင့်ပတ်သတ်၍ အုပ်ထိန်းသူများကြား ငြင်းခုံမှုဖြစ်ပွားပါက - ၎င်းတို့၏ အုပ်ထိန်းခွင့်အဆင့်အတန်း တူညီနေပါက - သတို့သမီး၏ ကောင်းကျိုးအတွက်သာ စဉ်းစားလျက် နိကာဟ်ပြုထိမ်းမြားပေးရန် ပထမဆုံး စတင်သူအား နိကာဟ်လုပ်ပေးခွင့် ပေးအပ်ရမည်။ အကယ်၍ အုပ်ထိန်းသူက လက်ထပ်ခွင့်ပေးရန် ငြင်းဆိုပါက သူ့အား သတို့သမီး၏ အုပ်ထိန်းသူအဖြစ် မှတ်ယူခြင်း မရှိတော့ပေ။ ထိုအခါ အစိုးရအာဏာပိုင်သို့မဟုတ် တရားသူကြီးနှင့် အလားတူသူများက သတို့သမီး၏ အုပ်ထိန်းသူအဖြစ် ဆောင်ရွက်ရမည်။ သို့ရာတွင် အုပ်ထိန်းသူရှိပါက အစိုးရအာဏာပိုင်တွင် အုပ်ထိန်းသူဖြစ်ခွင့် လုံးဝမရှိပေ။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "မိမိဇနီးအား အနောက်ဘက်တွင် လိင်ဆက်ဆံသူသည် လအ်နသ်ကျိန်စာသင့်ခံရသူ ဖြစ်သည်။"
رواه أبو داود والنسائي في الكبرى وأحمدတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ခင်ပွန်းသည် မိမိဇနီးမိန်းမ၏ အနောက်ဘက်(စအို) တွင် ကာမဆက်ဆံခြင်းကို သတိပေးတားမြစ်တော်မူသည်။ စင်စစ် ဤသို့ပြုလုပ်သူသည် လအ်နသ်ကျိန်စာသင့်ခံရသူဖြစ်ပြီး အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ နှင်ထုတ်ဖယ်ရှားခံရသူပင်ဖြစ် သည်။ ထိုသို့ပြု လုပ်ခြင်းသည် ကြီးလေးသော အပြစ်တစ်ခု ဖြစ်သည်။