





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗ်ဒုလ္လာဟ်ဗင်န်အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့သည့် စစ်ပွဲတစ်ခုတွင် အမျိုးသမီးတစ်ဦး အသတ်ခံရသည်ကို တွေ့ရှိခဲ့ရသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အမျိုးသမီးများနှင့် ကလေးငယ်များအား သတ်ဖြတ်ခြင်းကို ကန့်ကွက်တားမြစ်ခဲ့သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် စစ်ပွဲတစ်ခုတွင် အမျိုးသမီးတစ်ဦး အသတ်ခံရသည်ကို တွေ့ရှိခဲ့ရသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အမျိုးသမီးများနှင့် အရွယ်မရောက်သေးသည့်ကလေးငယ်များအား သတ်ဖြတ်ခြင်းကို ကန့်ကွက်တားမြစ်ခဲ့သည်။
အိဗ်နု အိုမရ် (ရဿွိရလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် နဇရ်( ကိုးခြင်း )မှ တားမြစ်တော်မူခဲ့၏။ ထို့နောက် မိန့်ကြားတော်မူသည် -နဇရ်(ကိုးခြင်း) သည် မည်သည့် ကောင်းခြင်းတစ်စုံတစ်ရာကိုမျှ မယူဆောင်လာနိုင်ပါ။ စင်စစ် ထိုသို့နဇရ်(ကိုးခြင်း) အားဖြင့် စေးနဲတွန့်တိုသူထံမှ (ငွေကြေး ဥစ္စာကို)ထွက်စေခြင်းသာ ဖြစ်သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် နဇရ်ကိုးခြင်းကို တားမြစ်တော်မူခဲ့သည်။ နဇရ်ကိုးခြင်းဆိုသည်မှာ လူတစ်ဦးက သူ့အတွက် ရှရီအသ်တရားတော်က မပြဌာန်းထားသော အရာတစ်ခုခုကို မိမိအပေါ် မဖြစ်မနေ ဆောင်ရွက်ရမည်ဟု တာဝန်သတ်မှတ်ခြင်းဖြစ်သည်။ · တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ဆက်လက်၍ မိန့်ကြားတော်မူသည်မှာ နဇရ်ကိုးခြင်းသည် မည်သည့်အရာကိုမျှ ရှေ့သို့စောစေနိုင်သလို၊ နောက်ကျစေနိုင်ခြင်းလည်းမရှိပါ။ စင်စစ် နဇရ်ကိုးခြင်းအားဖြင့် စေးနဲတွန့်တိုသူထံမှ (ငွေကြေးဥစ္စာကို)ထွက်စေခြင်းသာဖြစ်သည်။ ၎င်းသည် မိမိအပေါ်တွင် မဖြစ်မနေတာဝန်ရှိသည်မှလွဲ၍ (အလှူဒါန) မပြုလုပ်လိုသောသူ ဖြစ်သည်။ နဇရ်ကိုးခြင်းသည် သက္ကဒီရ်တွင်မသတ်မှတ်ထားသော အရာတစ်ခုကို ယူဆောင်ပေးနိုင်ခြင်း မရှိပါ။
အဘူမူစာ အရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် အရှ်အရီမျိုးနွယ်စုမှ လူအချို့နှင့်အတူ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ လာရောက်ခဲ့သည်။ ကျွန်ုပ်သည် ကိုယ်တော့်ထံ စီးနင်းရန် အစီးအနင်းတောင်းခံခဲ့ရာ၊ ကိုယ်တော်က ဤသို့ မိန့်ကြားတော်မူခဲ့သည်- "အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ ငါကိုယ်တော် သင်တို့အား စီးနင်းရန်အစီးအနင်း မပေးနိုင်ပါ။ ငါကိုယ်တော့်ထံတွင် သင်တို့စီးနင်းရန် ပေးစရာ အစီးအနင်းလည်း မရှိပါ။" ထို့နောက် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသမျှ ကာလအထိ ထိုနေရာ၌ နေထိုင်ခဲ့ကြသည်။ ထိုအတောအတွင်း ကိုယ်တော့်ထံသို့ ကုလားအုပ်အချို့ ရောက်ရှိလာခဲ့သည်။ ထိုအခါ တမန်တော်သည် ကျွန်ုပ်တို့အား ကုလားအုပ်သုံးကောင် ပေးရန် အမိန့်ပေးတော်မူခဲ့သည်။ ကျွန်ုပ်တို့ ထွက်ခွာသွားကြသောအခါ၊ ကျွန်ုပ်တို့ထဲမှ အချို့သည် အချင်းချင်း ဤသို့ ပြောဆိုခဲ့ကြသည်- "အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အတွက် ဗရ်ကသ်ကောင်းချီးမင်္ဂလာများ ပေးတော်မမူပါစေနှင့်။ ကျွန်ုပ်တို့သည် အလ္လာဟ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ ရောက်ရှိလာပြီး စီးနင်းအစီးအနင်း တောင်းခံခဲ့ကြသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား စီးနင်းရန်အစီးအနင်း မပေးနိုင်ကြောင်း အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ပေးအပ်ခဲ့သည်။" အဘူမူစာ (ရဿွိယလ္လာဟုအန်ဟု) က ဆက်လက်၍ ဤသို့ ပြောကြားခဲ့သည်- ထို့ကြောင့် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ ပြန်လာခဲ့ပြီး ထိုကိစ္စကို ကိုယ်တော့်အား တင်ပြခဲ့ကြသည်။ ထိုအခါ ကိုယ်တော်မြတ်က ဤသို့ မိန့်ကြားတော်မူခဲ့သည်- "ငါကိုယ်တော်သည် သင်တို့အား စီးနင်းရန်အစီးအနင်း ပေးခဲ့သည်မဟုတ်ပါ။ သင်တို့အား အစီးအနင်းကို အလ္လာဟ်အရှင်မြတ်ကသာ ပေးသနားတော်မူခဲ့ခြင်းဖြစ်သည်။ ငါကိုယ်တော် အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ပြောမည်။ ငါကိုယ်တော်သည်အရာတစ်ခုခုကို ကျိန်ဆိုပြီးနောက် ထိုအရာထက် ပိုမိုကောင်းမွန်သော အရာတစ်ခုကို တွေ့ရှိပါက၊ ငါကိုယ်တော် ကျိန်ဆိုခဲ့သောအရာအတွက် ကဖ်ဖာရဟ်လျော်ကြေးပေးပြီး ပိုမိုကောင်းမွန်သော အရာကို ပြုလုပ်တော်မူမည် ဖြစ်သည်။
متفق عليهအဘူမူစာအရှ်အရီ (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်တင်ပြခဲ့သည်။ သူသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ လာရောက်ခဲ့ပြီး၊ သူနှင့်အတူ သူ၏ မျိုးနွယ်စုမှ လူတစ်စုလည်း အတူပါခဲ့သည်။ သူတို့၏ ရည်ရွယ်ချက်မှာ ဂျိဟာဒ်တွင် ပါဝင်နိုင်ရန်အတွက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံမှ စီးနင်းရန် ကုလားအုပ်အချို့ တောင်းခံရန် ဖြစ်သည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကသူတို့အား စီးနင်းရန်အစီးအနင်း ပေးနိုင်ခြင်းမရှိကြောင်း အလ္လာဟ်အရှင်မြတ်ထံတွင် တိုင်တည်ကျိန်ဆို၍ မိန့်ခဲ့သည်။ ထို့ပြင် ကိုယ်တော့်ထံ ၎င်းတို့အား ပေးနိုင်သည့် စီးနင်းရန်အစီးအနင်းလည်း မရှိကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် သူတို့သည် လှည့်ပြန်သွားခဲ့ကြသည်။ သူတို့သည် ခဏတာ စောင့်ဆိုင်းနေထိုင်ခဲ့ကြသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အတွက် ကုလားအုပ် သုံးကောင် ရောက်ရှိလာခဲ့သည်။ ထိုအခါ တမန်တော်မြတ်က ထိုကုလားအုပ်များကို သူတို့ထံသို့ ပို့ဆောင်ပေးခဲ့သည်။ သူတို့ထဲမှ အချို့သည် အချင်းချင်း ဤသို့ ပြောဆိုခဲ့ကြသည်- အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အတွက် ဤကုလားအုပ်များတွင် ဗရ်ကသ်ကောင်းချီးမင်္ဂလာပေးတော်မမူပါစေနှင့်။ အဘယ့်ကြောင့်ဆိုသော် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အား စီးနင်းရန်အစီးအနင်း မပေးနိုင်ကြောင်း အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆိုခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူတို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ ပြန်လည်ရောက်ရှိလာပြီး မေးမြန်းခဲ့ကြသည်။ ထိုအခါ တမန်တော်မြတ်က ဤသို့ မိန့်ကြားတော်မူခဲ့သည်- အမှန်စင်စစ် သင်တို့အား အစီးအ နင်းကို အလ္လာဟ်အရှင်မြတ်ကသာ ပေးသနားတော်မူခဲ့ခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအရှင်မြတ်သည်ပင် စွမ်းအားပေးတော်မူခဲ့ပြီး၊ ထိုအရှင်မြတ်သည်ပင် ချီးမြှင့်ပေးကမ်းတော်မူခဲ့ခြင်းဖြစ်သည်။ ငါကိုယ်တော်သည် အကြောင်းခံတစ်ခုမျှသာ ဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်သည် ထိုအရာကို ငါကိုယ် တော်၏ လက်ပေါ်တွင်ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်ပါသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဤသို့ဆက်လက်၍ မိန့်ကြားတော်မူခဲ့သည်- ငါကိုယ်တော် အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ပြောမည်။ ငါကိုယ်တော်သည်အရာတစ်ခုခုကို ပြုလုပ်ရန် သို့မဟုတ် မပြုလုပ်ရန်ကျိန်ဆိုပြီးနောက် ထိုအရာထက် ပိုမိုကောင်းမွန်သော အရာတစ်ခုကို တွေ့ရှိပါက၊ ငါကိုယ်တော် ကျိန်ဆိုခဲ့သောအရာကိုစွန့်လွတ်၍ ပိုမိုကောင်းမွန်သော အရာကို ပြုလုပ်တော်မူမည်။ ထို့နောက် ငါကိုယ်တော်၏ ကျိန်ဆိုမှုအတွက် ကဖ်ဖာရဟ်လျော်ကြေးပေးတော်မူမည်ဖြစ်သည်။
အဘူ မူစာ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သူရသတ္တိကိုပြရန်အတွက် စစ်မက်တိုက်ခိုက်သူ၊ လူမျိုးစွဲကြောင့် စစ်မက်တိုက်ခိုက်သူ၊ ပြစားရန်အတွက် စစ်မက်တိုက်ခိုက်သူတို့အနက် မည်သူသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် တိုက်ခိုက်သူ ဖြစ်ပါသနည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ ‘ကလိမဟ်’ စကားတော် မြင့်မားစေရန်အတွက် စစ်မက်တိုက်ခိုက်ခဲ့လျှင် ထိုသူသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် (တိုက်ခိုက်သူ) ဖြစ်သည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သူရသတ္တိကိုပြရန်အတွက် စစ်မက်တိုက်ခိုက်သူ၊ လူမျိုးစွဲကြောင့် စစ်မက်တိုက်ခိုက်သူ၊ လူတို့ထံ၌ မိမိ၏အဆင့်အတန်းကိုပြသရန် သို့မဟုတ် အခြားရည်ရွယ်ချက်တစ်ခုခုအတွက် စစ်မက်တိုက်ခိုက်သူစသည်ဖြင့် တိုက်ခိုက်ရးသမားများ၏ မတူညီသော ရည်ရွယ်ချက်များအကြောင်း လျှောက်ထားမေးမြန်းခြင်းခံရသည်။ ၎င်းတို့အနက် မည်သူသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် တိုက်ခိုက်သူ ဖြစ်ပါသနည်း။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဖြေကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်၏ ‘ကလိမဟ်’ စကားတော် မြင့်မားစေရန်အတွက် စစ်မက်တိုက်ခိုက်သူသာလျှင် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် တိုက်ခိုက်သူဖြစ်သည်။
အဗူစအီးဒ် အလ်ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ သင်တို့သည် မုအဇ္ဇင်န်၏အဇာန်သံကိုကြားသည့်အခါ မုအဇ္ဇင်န်ဆိုသည့်အတိုင်း လိုက်ဆိုကြပါ။
متفق عليهမုအဇ္ဇင်န်၏ အဇာန်ဖိတ်ခေါ်သံကိုကြားသည့်အခါ မုအဇ္ဇင်န်၏ဖိတ်ခေါ်မှုအား အဖြေပေးရန် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က တိုက်တွန်းတော်မူခဲ့သည်။ ထိုကြောင့် ကျွန်တော်တို့သည် မုအဇ္ဇင်န်ဆိုသည့် စာကြောင်းတိုင်းကို လိုက်ဆိုရမည်။ ၎င်းက သက္ကဗီရ်ဆိုသည့်အခါကျွန်တော်တိုသည် သူ့နောက်မှ သက္ကဗီရ်လိုက်ဆိုရမည်။ ၎င်းက ရှဟာဒသ် နှစ်ခုကို ဆိုသည့်အခါ ကျွန်တော်တို့သည် ရှဟာဒသ်နှစ်ခုကို သူ့နောက်မှ လိုက်ဆိုရမည်။ သို့သော် (ဟိုင်းယ္ယအလဆ်ွဆွလာဟ်နှင့် ဟိုင်းယ္ယအလလ်ဖလာဟ်)ကို လိုက်မဆိုရပေ။ ၎င်းက ထိုစာသားနှစ်ပိုဒ်ကို ဆိုပြီးသည့်အခါ “လာဟောင်းလ ဝလာကုဝ်ဝသ အိလ္လာဗိလ္လာဟ်”ကိုသာ ဆိုရမည်။
မုဂီရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ခရီးတစ်ခုတွင်ရှိခဲ့သည်။ (ကိုယ်တော် ဝုဿွူပြုသည့်အခါ) ကျွန်တော်သည် ကိုယ်တော်၏ (သားရေ)ခြေအိတ်နှစ်ဖက်ကို ချွတ်ပေးရန် လက်လှမ်းလိုက်ရာ ကိုယ်တော်က ထို(ခြေအိတ်)နှစ်ခုကို ထားလိုက်ပါ။ ဧကန်အမှန်ပင် ငါကိုယ်တော်သည် ၎င်းခြေအိတ်နှစ်ခုကို (ဝုဿွူပြု၍) သန့်စင်နေသည့် အခြေအနေမျိုးတွင် ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု မိန့်ကြားတော်မူသည်။ ၎င်းနောက် ကိုယ်တော်သည် ထိုခြေအိတ်နှစ်ဖက်ပေါ် မစဟ်ပြု ပွတ်သပ်ခဲ့သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ခရီးစဥ်တစ်ခုတွင်ရှိနေခဲ့သည်။ ကိုယ်တော်သည် ဝုဿွူပြုတော်မူခဲ့ပြီး ခြေထောက်နှစ်ဖက်အား ဆေးကြောရန် ရောက်လာသည့်အခါ မုဂီရဟ်ဗင်န် ရှုအ်ဗဟ် (ရဿွိယလ္လာဟုအန်ဟု)က ကိုယ်တော်၏ ခြေထောက်နှစ်ဖက်ကို ဆေးကြောရန်အတွက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ခြေထောက်နှစ်ဖက်တွင် ဝတ်ဆင်ထားသည့် ခြေအိတ်နှစ်ဖက်ကို ချွတ်ရန် လက်ဆန့်လိုက်ရာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ထို(ခြေအိတ်)နှစ်ခုကို ထားလိုက်ပါ။ မချွတ်လေနှင့်။ ဧကန်အမှန်ပင် ငါကိုယ်တော်သည် (ဝုဿွူပြု၍) သန့်စင်ထားသည့် အခြေအနေမျိုးတွင် ၎င်းခြေအိတ်နှစ်ခုကို ငါကိုယ်တော်၏ ခြေထောက်တွင် ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု မိန့်ကြားတော်မူသည်။ ၎င်းနောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ခြေထောက်နှစ်ဖက်ကို ဆေးကြောမည့်အစား ထိုခြေအိတ်နှစ်ဖက်ပါ်တွင် မစဟ်ပြု ပွတ်သပ်ခဲ့သည်။
မုအ်မင်န်တို့၏မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)ထံမှ ဆင့်ပြန်ချက်လာရှိသည်။ ဖာသွိမဟ် ဗင်န်သိ အဗီဟုဗိုင်းရှ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မေးလျှောက်ခဲ့သည်။ ကျွန်မသည် (ရောဂါကြောင့်) ရာသီသွေး အဆက်မပြတ်ဆင်းနေပြီး သန့်ပြန် သွားသည်ဟူ၍ မရှိခဲ့ပါ။ ကျွန်မသည် (ထိုရက်များအားလုံးတွင်) ဆွလာသ်မဆောက်တည်ဘဲ နေရမည်လား။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည် မှာ မဆောက်တည်ဘဲနေခွင့်မရှိ ဤသည် သွေးကြောမှလာသည့်သွေးသာဖြစ်သည်။ သို့သော် အသင်မ ဓမ္မတာသွေးဆင်းလေ့ရှိသည့် ရက်အ တိုင်းအတာကိုသာ ဆွလာသ်ဆောက်တည်ခြင်းမပြုဘဲ နေရမည်။ ၎င်းနောက် (ထိုရက်များကျော်လွန်သွားပါက) သင်မရေချိုးပြီး ဆွလာသ်ဆောက်တည်ပါ။
متفق عليهဖာသွိမဟ် ဗင်န်သိ အဗီဟုဗိုင်းရှ် (ရဿွိယလ္လာဟုအန်ဟာ)က တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား လျှောက်ထားမေးမြန်းသည်မှာ ကျွန်မသည် သွေးဆင်းခြင်း ရပ်တန့်သွားသည်ဟူ၍ မရှိပါ။ ဓမ္မတာ သွေး ဆင်းသည့် ကာလမဟုတ်သော ရက်များတွင်လည်း အဆက်မပြတ်ဆင်းနေပါသည်။ ထို့ကြောင့် ၎င်း၏အမိန့်သည် ဓမ္မတာသွေးအမိန့်တွင် ပါဝင်ပါသလား။ ကျွန်မ ဆွလာသ်မဆောက်တည်ဘဲ နေရမည်လား။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူမအားမိန့်တော်မူသည်။ အမှန်ပင် ၎င်းသည် သားအိမ်အတွင်း သွေးကြောတစ်ခုမှထွက်လာသော ရောဂါသွေးဖြစ်ပြီး ဓမ္မတာရာသီသွေးမဟုတ်ပါ။ သို့ဖြစ်၍ သင်မ ရောဂါသွေး မဆင်းမီက မိမိအလေ့အထအတိုင်း လစဉ်ဓမ္မတာသွေးဆင်းသည့် အချိန်ကာလရောက်လာပါက ဆွလာသ်နှင့် ဆွိယာမ်ကို စွန့်လွှတ်ပါ။ ထို့ပြင် ဓမ္မတာသွေးဆင်းနေသည့် အမျိုးသမီးအတွက် တားမြစ်ထားသည့်ကိစ္စများကို ရှောင်ကြဥ်ပါ။ ထိုအချိန်ကာလ ကုန်ဆုံးသွားပါက သင်မသည် ဓမ္မတာသွေးမှ သန့်ပြန့်သွားပြီဖြစ်သည်။ သို့ဖြစ်၍ သွေးဆင်းသည့်နေရာအား ဆေးကြောသန့်စင်ပါ။ ထို့နောက် မသန့်ဖြစ်ခြင်း ပပျောက်သွားရန် ခန္ဓာကိုယ်တစ်ခုလုံးအား ရေလောင်းချိုးပါ။ ထို့နောက် ဆွလာသ်ဆောက်တည်ပါ။
အနတ်စ်ဗင်န်မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့၏ဆွဖ်အတန်းများကို ညီညာစွာ စီတန်းကြကုန်။ ဧကန်အမှန်ပင် ဆွဖ်အတန်း ညီညာစွာစီတန်းခြင်းသည် ဆွလာသ်၏ ပြည့်စုံမှုအနက်မှပင်ဖြစ်သည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ် ဝတ်ပြုသူများအား ဆွဖ်အတန်းများညီညာစွာ စီတန်းကြရန်နှင့် တချို့က အရှေ့သို့ ထွက်နေခြင်း၊ တချို့က အနောက်သို့ ရောက်နေခြင်းမဖြစ်စေရန် အမိန့်ပေးတော်မူခဲ့သည်။ ဧကန်အမှန်ပင် ဆွဖ်အတန်းများ ညီညာစွာစီတန်းခြင်းသည် ဆွလာသ်၏ ပြည့်စုံမှုအနက်မှပင်ဖြစ်ပြီး ဆွဖ်အတန်းများ ကောက်နေခြင်းသည် ဆွလာသ်၌ ချို့ယွင်းချက်နှင့် မပြည့်စုံမှုပင်ဖြစ်သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ဝုဿွူပြုလုပ်သည့်အခါ မိမိနှာခေါင်းထဲသို့ ရေထည့်ပြီး ညှစ်ထုတ်ကာသန့်စင်မှုပြုပါ။ အပေါ့၊ အလေး သွားပြီး ကျောက်ခဲဖြင့် သန့်စင်မှုပြုသည့်အခါ မဂဏန်း အရေအတွက်ကို အသုံးပြုပါ။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် အိပ်ရာမှနိုးလာသည့်အခါ ဝုဿွူရေထဲသို့ လက်နှစ်ဖက်ကို မထည့်မီအလျင် သုံးကြိမ်ဆေး ကြောပါ။ အိပ်နေချိန်၌ မိမိလက်သည် မည်သည့်နေရာတွင် ရှိခဲ့သည်ကို အသင်တို့အနက် မည်သူမျှပင် မသိနိုင်ကြချေ။ မွတ်စ်လင်မ်ကျမ်းလာ စာသားတွင် အသင်တိုအနက်တစ်ဦးတစ်ယောက်သည် အိပ်ရာမှနိုးလာသည့်အခါ မိမိ၏လက်ကို သုံးကြိမ်သုံးခါ မဆေးကြောဘဲ အိုး၊ ခွက်ထဲသို မထည့်ပါနှင့်။ ၎င်းအနေဖြင့် အိပ်နေချိန်၌ မိမိလက်သည် မည်သည့်နေရာတွင် ရှိခဲ့သည်ကို မသိနိုင်သည့်အတွက်ဖြစ်သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သန့်ရှင်းစင်ကြယ်မှုဆိုင်ရာ အမိန့်ပညတ်ချက်အချို့ကို ရှင်းပြတော်မူခဲ့သည်။ ၎င်းတို့မှာ- (၁) မည်သူမဆို ဝုဿွူပြုသည့်အခါ မိမိ၏နှာခေါင်းအတွင်းသို့ ရေရှူသွင်းရမည်။ ၎င်းနောက် အသက်ရှူထုတ်ကာ ပြန်လည်ညှစ်ထုတ်ရမည်။ (၂) မည်သူမဆို အပေါ့၊ အလေး သွားသည့် လမ်းကြောင်းမှ ထွက်လာသည့် အညစ်အကြေးကို ရေမဟုတ်ဘဲ ကျောက်ခဲ သို့မဟုတ် အလားတူအရာဖြင့် ဖယ်ရှားသန့်စင်လိုလျှင် သန့်ရှင်းမှုအတွက် အနိမ့်ဆုံးအသုံးပြုရမည့် အရေအတွက်မှာ ကျောက်ခဲသုံးလုံးဖြစ်ပြီး အများဆုံးအရေအတွက်မှာ အညစ်အကြေး ကုန်စင်ပြီး အညစ်အကြေး ထွက်သည့်နေရာကို သန့်စင်အောင် လုပ်ပေးနိုင်သည့် အရေအတွက်ပင်ဖြစ်သည်။ (၃) ညအိပ်ရာမှ နိုးလာသူသည် ဝုဿွူပြုရန် အိုး၊ ခွက်ထဲသို့ လက်မနှိုက်မီအလျင် မိမိလက်ကို အိုး၊ ခွက်၏ပြင်ပ၌ သုံးကြိမ် ဆေးကြောရမည်။ အဘယ်ကြောင့်ဆိုသော် သူ၏လက်သည် ညတွင်မည်သည့်နေရာတွင် ရှိခဲ့သည်ကို မသိနိုင်သဖြင့် အညစ်အကြေးမှ စိတ်မချရပေ။ တစ်ခါတစ်ရံ ရှိုင်သွာန်မိစ္ဆာသည် ယင်းဖြင့်ကစားတတ်ပြီး လူအား အန္တရာယ်ဖြစ်စေသောအရာ သို့မဟုတ် ရေကိုညစ်ညမ်းစေသောအရာကို သယ်ဆောင်လာတတ်သည်။