





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗူစအီးဒ် အလ်ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အမှန်တကယ်ပင် ဒွန္နယာ လောကသည် ချိုမြိန်၍ စိမ်းလန်းပေသည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့မည်သို့ ပြုမှုဆောင်ရွက်ကြမည်ကို ကြည့်ရှုရန် သင်တို့အား လောက၌ ‘ခလီဖဟ်’ ကိုယ်စားလှယ်များ အဖြစ်ပြုလုပ်ပေးတော်မူခဲ့သည်။ ထို့ကြောင့် သင်တို့သည် လောကီနှင့်ပတ် သက်၍ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ အမျိုးသမီးများနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ ဧကန်အမှန်ပင် ဗနီအစ္စရာအီးလ်တို့၌ ပထမဦးဆုံး ပေါ်ပေါက်ခဲ့သည့် ‘ဖိသ်နဟ်’ ပြဿနာမှာ အမျိုးသမီးများနှင့် ပတ်သက်၍ဖြစ်သည်။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ ဧကန်အမှန်ပင် လောကသည် ရသအားဖြင့် ချိုမြိန်ပြီး အမြင်အားဖြင့် စိမ်းလမ်းစိုပြေသည်။ ထို့ကြောင့် လူသားသည် ထိုအရာများဖြင့်လှည့်စားခံရပြီး ၎င်း၌နစ်မွန်းကာ လောကအား သူ၏အကြီးမားဆုံးသော စိုးရိမ်ပူပန်မှုအဖြစ် ပြုလုပ်လိုက်သည်။ အလ္လာဟ်အရှင်မြတ်သည် ဤလောကီသက်တမ်း၌ ကျွန်ုပ်တို့ မည်သို့ကျင့်ကြံအားထုတ်သည် အရှင်မြတ်၏ အမိန့်ကို နာခံသလော၊ ဖီဆန်သလောဆိုသည်ကို ကြည့်ရှုရန်အတွက် ကျွန်ုပ်တို့အနက်မှ အချို့ကို အချို့၏ အုပ်ချုပ်သူ ကိုယ်စားလှယ်အဖြစ် ခန့်အပ်တော်မူခဲ့သည်။ ထို့နောက် ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က လောက၏ စည်းစိမ်ချမ်းသာနှင့် အလှအပများက သင်တို့အား လှည့်စားကာ အလ္လာဟ်အရှင်မြတ်က သင်တို့အား အမိန့်ပေးထားသောအရာများကို စွန့်လွှတ်ပြီး၊ အရှင်မြတ် တားမြစ်ထားသောအရာများကို ကျူးလွန်စေခြင်းမျိုး မဖြစ်အောင် သတိထားရှောင်ကြဉ်ရန် မိန့်ကြားတော်မူသည်။ လောက၏ ဖိသ်နဟ် ပြဿနာများအနက်ရှောင်ကြဉ်ရန် အရေးကြီးသည့် အကြီးမားဆုံး ဖိသ်နဟ်မှာ အမျိုးသမီးများ၏ဖိသ်နဟ်ပင် ဖြစ်သည်။ ၎င်းသည် ဗနီအစ္စရာအီးလ်လူမျိုးများ ပထမဦးဆုံးကျရောက်ခဲ့သည့် ဖိသ်နဟ်လည်းဖြစ်ခဲ့သည်။
အိဗ်နုအုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ (၁၀)ရကအသ်ကို ကျက်မှတ်ခဲ့သည်။ "ဇုဟ်ရ် ဆွလာသ်၏အလျင် နှစ်ရကအသ် ဇုဟ်ရ် ဆွလာသ်ပြီး နှစ်ရကအသ်" "မဂ်ရိဗ်ဆွလာသ်ပြီး အိမ်တွင် နှစ်ရကအသ်" "အိရှာဆွလာသ်ပြီး အိမ်တွင်နှစ်ရကအသ်” "ဖဂျရ်ဆွလာသ်အလျင် နှစ်ရကအသ်”တို့ ဖြစ်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ မည်သူတစ်ဦးတစ်ယောက်မျှ မဝင်ရောက်ရသည့် အချိန်တစ်ချိန်ရှိသည်။ ဟဖ်ဆွဟ် (ရဿွိယလ္လာဟုအန်ဟုမာ)က ကျွန်ုပ်ကို ပြောပြခဲ့သည်။ ဧကန်မုချ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုအဇ္ဇင်န် အဇာန်ဆိုပြီး ဖဂျရ် အချိန်ဝင်ရောက်သည့်အခါ ဆွလာသ်နှစ်ရကအသ် ဖတ်လေ့ရှိသည်။ အခြားဆင့်ပြန်ချက်တစ်ရပ်တွင် ဧကန်မုချ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဂျုမုအဟ် ဆွလာသ်ဝတ်ပြုပြီးနောက် ဆွလာသ်နှစ်ရကအသ် ဝတ်ပြုလေ့ရှိတော်မူသည်။
متفق عليه بجميع رواياتهအဗ်ဒုလ္လာဟ်ဗင်န်အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ရှင်းလင်းတင်ပြခဲ့သည်။ သူသည်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ နဖိလ်ဆွလာသ် (၁၀)ရကအသ်ကို ကျက်မှတ်ခဲ့သည်။ ၎င်းဆွလာသ်များကို စုနန်ရဝါသိဗ်ဟု ခေါ်သည်။ ၎င်းတို့မှာ ဇုဟ်ရ် ဆွလာသ်၏အလျင် နှစ်ရကအသ်၊ ဇိုဟ်ရ် ဆွလာသ်ပြီး နှစ်ရကအသ်၊ မဂ်ရိဗ်ဆွလာသ်ပြီးနောက် အိမ်တွင် နှစ်ရကအသ်၊ အိရှာဆွလာသ်ပြီးနောက် အိမ်တွင်နှစ်ရကအသ်၊ ဖဂျရ်ဆွလာသ်အလျင် နှစ်ရကအသ် စုစုပေါင်း (၁၀)ရကအသ်ဖြစ်သည်။ ဂျုမုအဟ် ဆွလာသ်တွင် ကိုယ်တော်သည် ဂျုမုအဟ် ဝတ်ပြုပြီးနောက် ဆွလာသ်နှစ်ရကအသ် ဝတ်ပြုတော်မူသည်။
ဟုဇိုင်ဖဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ညအချိန် (သဟဒ်ဂျုဒ်ဆွလာသ်ဝတ်ပြုရန်အတွက်) နိုးထတော်မူသောအခါတိုင်း တံပူဖြင့် မိမိပါးစပ်(သွား)ကို တိုက်တော်မူလေ့ရှိသည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် တံပူ ( မိစ်ဝါးက်) ဖြင့်သွားတိုက်ခြင်းကို မကြာခဏ ပြုလုပ်တတ်ပြီး ထိုသို့ပြုလုပ်ရန်လည်းအမိန့်ပေးတော်မူသည်။ ထိုအလေ့အထသည် အချို့အချိန်များတွင် အထူးပင် အားပေးထားသည်ကို တွေ့ရသည်။ ယင်းအချိန်များအနက်တစ်ခုမှာ ညအချိန် နိုးထသောအခါ မိစ်ဝါက်တံပူစားခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ထိုအချိန်တွင် မိစ်ဝါးက်တံပူဖြင့် မိမိပါးစပ်ကို ကောင်းစွာ ပွတ်တိုက်၍ သန့်ရှင်းစေတတ်သောကြောင့် ဖြစ်သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မုအ်မင်န် တစ်ဦးသည် (မိမိဇနီးသည်) မုအ်မင်န် အမျိုးသမီးအား မမုန်းတီးရပေ။ အကယ်၍ သူသည် သူမ၏ အကျင့်စရိုက်တစ်ခုကို မကြိုက်ခဲ့လျှင် အခြားတစ်ခုဖြင့် ကျေနပ်လိုက်ရမည်။ သို့မဟုတ် (အခြားတစ်မျိုးဖြင့်)ဟု ကိုယ်တော်က ပြောခဲ့သည်။
رواه مسلمတမန်တော်မြတ် ( ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ခင်ပွန်းသည်အား မိမိ၏ဇနီးသည်အပေါ် မတရားမှု၊ စွန့်ပစ်မှု၊ ကျောခိုင်းမှုသို့ ဦးတည်စေမည့် မုန်းတီးမှုမျိုးကို တားမြစ်တော်မူခဲ့သည်။ မပြည့်စုံမှုသည် လူ့သဘာဝပင်ဖြစ်သည်။ ခင်ပွန်းအနေဖြင့် ဇနီးသည်၏ မကောင်းသည့် အကျင့်စရိုက်တစ်ခုကို မနှစ်သက်လျှင်လည်း သူမ၌ အခြားကောင်းမွန်သည့် အကျင့်စရိုက်တစ်ခုကို တွေ့ရှိမည်ပင်ဖြစ်သည်။ သို့ဖြစ်၍ မိမိနှစ်သက်သည့် ကောင်းမွန်သည့်အချက်ဖြင့် ကျေနပ်လိုက်ရမည်ဖြစ်ပြီး မိမိမနှစ်သက်သည့် မကောင်းသည့်အချက်ပေါ် သည်းခံရမည်ဖြစ်သည်။ ထိုအချက်ကပင် ခင်ပွန်းသည်အား မိမိဇနီးကို ခွဲခွာချင်လောက်အောင် မုန်းတီးမှုမျိုး မဖြစ်စေဘဲ သည်းခံမှုရရှိစေမည်ဖြစ်သည်။
အဗူအိုင်ယူဗ် အန်စွာရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့ အခင်းကြီးသွားသည့်အခါ ကိဗ်လဟ် (ကအ်ဗဟ်ကျောင်းတော်ရှိရာ)ဘက်သို့ မျက်နှာမမူကြနှင့် ကျောလည်းမပေးကြနှင့် သို့သော် အရှေ့အရပ် သို့မဟုတ် အနောက်အရပ်ဘက်သို့သာ လှည့်ကြပါ။ အဗူအိုင်ယူဗ် (ရဿွိယလ္လာဟုအန်ဟု)က ပြောကြားခဲ့သည်။ ကျွန်တော်တို့သည် ရှာမ်သို့ ရောက်ရှိခဲ့ကြရာ အိမ်သာများကို ကအ်ဗဟ်ကျောင်းတော်ရှိရာဘက်သို့လှည့်၍ ဆောက်လုပ်ထားသည်ကို တွေ့ခဲ့ကြသည်။ ထို့ကြောင့် ကျွန်တော်တို့သည် (ကအ်ဗဟ်ရှိရာဘက်မှ) အနည်းငယ် တိမ်းစောင်း၍ အိမ်သာတက်ခဲ့ကြသည်။ ၎င်းနောက် ကျွန်တော်တို့သည် ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခွင့်လွှတ်ချမ်းသာခွင့် တောင်းခဲ့ကြသည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အပေါ့၊ အလေးစွန့်လိုသူအား ကအ်ဗဟ်ကျောင်းတော်ရှိရာ ကိဗ်လာဘက်သို့ မျက်နှာမူခြင်း ကျောခိုင်းခြင်း မပြုရန် တားမြစ်တော်မူခဲ့သည်။ အကယ်၍ အကြင်သူ၏ကိဗ်လာသည် မဒီနာမြို့သားများ၏ ကိဗ်လာနှင့်အတူတူပင်ဖြစ်ပါက အရှေ့အရပ် သို့မဟုတ် အနောက်အရပ်သို့ လှည့်၍စွန့်ရမည်ဖြစ်သည်။ ထို့နောက် အဗူအိုင်ယူဗ် အန်ဆွာရီ(ရဿွိယလ္လာဟုအန်ဟု)က ပြောကြားခဲ့သည်မှာ ၎င်းတို့သည် ရှာမ်ဒေသသို့ ရောက်သည့်အခါ အပေါ့၊အလေးစွန့်ရန်အတွက် အိမ်သာများကို ကအ်ဗဟ်ကျောင်းတော်ဘက်သို့ လှည့်၍ ဆောက်လုပ်ထားသည်ကို တွေ့ခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ခန္ဓာကိုယ်ကို ကိဗ်လာဘက်မှ တိမ်းစာင်းကာ အိမ်သာတက်ခဲ့ကြပြီး ထို့သို့ သွားခဲ့သည့်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံခဲ့ကြသည်။
အဗူကသာဒဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ကျင်ငယ်စွန့်သည့်အခါ မိမိ၏အရှက်အင်္ဂါကို ညာဘက်လက်ဖြင့် ထိကိုင်ခြင်းမပြုနှင့်။ အိမ်သာတက်သည့်အခါ ညာဘက်လက်ဖြင့် ပွတ်တိုက်ဆေးကြောသန့်စင်ခြင်း မပြုနှင့်။ ရေသောက်သည့်အခါ ရေခွက်ထဲသို့ အသက်ရှုထုတ်ခြင်းမပြုနှင့်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အာဒါဗ် စည်းကမ်းအချို့ကို ရှင်းပြတော်မူခဲ့သည်။ ၎င်းတို့မှာ အမျိုးသားများသည် ကျင်ငယ်စွန့်သည့်အခါ မိမိ၏အရှက်အင်္ဂါကို ကိုင်တွယ်ခြင်းမပြုရန်တားမြစ်ထားသည်။ အရှေ့၊အနောက် ဒွါရနှစ်ခုမှ အညစ်အကြေးများကို ညာဘက်လက်ဖြင့် ဆေးကြောသန့်စင်ခြင်း မပြုရန် တားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော ညာဘက်ကို မွန်မြတ်သော ကိစ္စများအတွက် သတ်မှတ်ထားသည့်အတွက်ဖြစ်သည်။ ထိုနည်းတူ လူတစ်ဦးသည် မိမိသောက်နေသော ရေခွက်အတွင်းသို့ အသက်ရှုထုတ်ခြင်းကိုလည်း တားမြစ်ထားသည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အိမာမ်ရှေ့ဆောင်ထက်အလျင် မိမိ၏ဦးခေါင်းကို ပြန်ကြွသူသည် အလ္လာဟ်အရှင်မြတ်က ထိုသူ၏ဦးခေါင်းကို မြည်း၏ဦးခေါင်းကဲ့သို့ သို့မဟုတ် သူ၏ရုပ်ဆင်းသဏ္ဌာန်ကို မြည်း၏ရုပ်ဆင်းသဏ္ဌာန်ကဲ့သို့ ပြုလုပ်လိုက်မည်ကို မကြောက်ရွံ့လေသလော။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ အိမာမ်ရှေ့ဆောင်ထက်အလျင် မိမိဦးခေါင်းကို ပြန်ကြွလိုက်သူအား အလ္လာဟ်အရှင်မြတ်က သူ၏ဦးခေါင်းကို မြည်း၏ဦးခေါင်းကဲ့သို့ သို့မဟုတ် သူ၏ရုပ်ဆင်းသဏ္ဌာန်ကို မြည်း၏ရုပ်ဆင်းသဏ္ဌာန်ကဲ့သို့ ပြုလုပ်လိုက်မည်ဟူသည့် ပြင်းထန်သည့် သတိပေးခြိမ်းခြောက်မှုအား ရှင်းပြတော်မူခဲ့သည်။
အိဗ်နု အိုမရ် (ရဿွိရလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်စတင်သည့်အခါ မိမိလက်နှစ်ဖက်ကို ပုခုံးနှစ်ဖက်နှင့် တစ်ပြေးတည်း မြှောက်တော်မူသည်။ ထိုအတူ ရုကူအ်ဦးညွှတ်ရန် သက္ကဗိရ်ဆိုသည့်အခါနှင့် ဦညွှတ်ရာမှ မိမိဦးခါင်းကိုပြန်ကြွသည့်အခါတွင်လည်း ထိုအတိုင်းပင် လက်နှစ်ကိုမြှောက်တော်မူသည်။ ထို့နောက် “سَمِعَ اللّٰهُ لِمَنْ حَمِدَهُ، رَبَّنَا وَلَكَ الحَمْدُ”(ချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းခြင်းကို အလ္လာဟ်အရှင်မြတ်မှ လက်ခံတော်မူပါ။ အို - ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ချီးမွမ်းထောမနာခြင်းအပေါင်းသည် အသင်အရှင်မြတ်အဖို့သာ ဖြစ်ပါ၏)ကို ရွတ်ဆိုတော်မူသည်။ ကိုယ်တော်သည် စဂ်ျဒဟ်ဦးချသည့်အခါ ထိုသို့လက်နှစ်ဖက်မြှောက်ခြင်းကို ပြုလုပ်လေ့မရှိပါ။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်ဆောက်တည်စဉ် သုံးနေရာ၌ လက်နှစ်ဖက်ကို (ပခုံးနှင့် လက်မောင်းဆုံသည့်) ပခုံးဆစ်နှစ်ဖက်နှင့် တစ်တန်းတည်း သို့မဟုတ် တပြေးတည်း မြှောက်တော်မူခဲ့သည်။ ပထမနေရာမှာ ဆွလာသ်စတင်ရန် ‘သက္ကဗိရ် သဟ်ရီမဟ်’ ဆိုသည့်အချိန်တွင်ဖြစ်သည်။ ဒုတိယနေရာမှာ ရုကူအ်ဦးညွှတ်ရန် သက္ကဗိရ်ဆိုသည့်အခါဖြစ်သည်။ တတိယနေရာမှာ“سَمِعَ اللّٰهُ لِمَنْ حَمِدَهُ، رَبَّنَا وَلَكَ الحَمْدُ” ဆိုပြီး ရုကူအ် ဦးညွှတ်ရာမှ ပြန်ထပြီသည့်အခါတွင်ဖြစ်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စဂ်ျဒဟ် ဦးချသည့်အခါနှင့် ဦးချရာမှ ပြန်ထသည့်အခါတွင် လက်မြှောက်ခြင်းမပြုပါ။
အိဗ်နုမတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောပြခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်ုပ်အား ‘သရှဟ္ဟုဒ်’ကို ကုရ်အာန်ကျမ်းမြတ်၏ စူရဟ်ကို သင်ပေးသည့်အတိုင်း သင်ကြားပေးတော်မူခဲ့သည်။ ထိုအခါ ကျွန်ုပ်၏လက်သည် ကိုယ်တော်၏ လက်နှစ်ဖက်ကြားတွင်ရှိသည်။ “အသ်သဟိယ္ယာသု လိလ္လာဟိ ဝတ်ဆ်ဆွလဝါးသု ဝသ်သွိုင်ယိဘားသု အတ်စ်စလာမုအလိုင်းက အိုက်ယုဟန်နဘိယ္ယု ဝရဟ်မသုလ်လာဟိ ဝဗရကားသုဟူ အတ်စ်စလားမုအလိုင်းနာ ဝအလာ အိဗာဒိလ္လာဟိဆ်ဆွာလိဟီးန် အရှ်ဟဒုအန်လာအိလားဟ အိလ်လလ္လာဟု ဝအရှ်ဟဒုအန်န မုဟမ္မဒန် အဗ်ဒုဟူ ဝရစူလုဟ်” (နှုတ်မှရွတ်ဆိုရသော ချီးမွမ်းခြင်းများသည်လည်းကောင်း၊ ကိုယ်ခန္ဓာဖြင့်ပြုရသော ခဝပ်မှုများသည်လည်းကောင်း၊ သန့်စင်သောစိတ်စေတနာနှင့်ပြုရသော ကောင်းမှုများသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အဖို့သာလျှင်ဖြစ်တော်မူပါ၏။ ငြိမ်းချမ်းသာယာခြင်းအပေါင်းနှင့် အရှင်မြတ်၏ ရဟ်မသ် ကရုဏာတော်အပေါင်းသည် လည်းကောင်း၊ ထိုအရှင်မြတ်၏ ဗရ်ကသ်ချီးမြှင့်ခြင်းများသည်လည်းကောင်း၊ နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် ကျရောက်ပါစေ။ ထိုငြိမ်းချမ်းသာယာခြင်းအပေါင်းသည် ကျွန်တော်မျိုးတို့အပေါ်လည်း သက်ရောက်ပါစေ။ အရှင်မြတ်၏ကျွန်များဖြစ်သော သူတော်စင်သူတော်ကောင်းတို့အပေါ်လည်းသက်ရောက်ပါစေ။ ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းကို သက်သေခံအပ်ပါသည်။ မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အရှင်မြတ်၏အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကိုလည်း ကျွန်တော်မျိုး သက်သေခံအပ်ပါသည်။)
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အိဗ်နုမတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)အား ဆွလာသ်အတွင်းရွတ်ဖတ်ရသည့် သရှဟ္ဟုဒ်ကိုသင်ကြားပေးတော်မူခဲ့သည်။ ကိုယ်တော်သည် အိဗ်နုမတ်စ်အူးဒ်အား မိမိဘက်သို့ အာရုံစိုက်စေရန်အတွက် သူ၏လက်ကို မိမိလက်နှစ်ဖက်ကြားတွင် ထားတော်မူခဲ့သည်။ ကိုယ်တော်သည် ကျမ်းတော်မြတ်ကုရ်အာန်၏ စူရဟ်ကို သင်ကြားပေးသည့်အတိုင်း သရှဟ္ဟုဒ်ကို သင်ကြားပေးတော်မူခဲ့သည်။ ဤသည် သရှဟ္ဟုဒ်၏ စာပိုဒ်များနှင့် အဓိပ္ပာယ်များကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မည်မျှအလေးထားကြောင်း ညွှန်ပြနေခြင်းဖြစ်သည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- “အသ်သဟိယ္ယာသုလိလ္လာဟိ” ကြီးကြယ်မြင့်မြတ်မှုကိုညွှန်ပြသည့် စကားတိုင်း၊ လုပ်ရပ်တိုင်းသည် ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်တော်မူသည်။ “ ဝတ်ဆ်ဆွလဝါးသု” သိရှိပြီးဖြစ်သော ဖရ်ဿ်ွ ဆွလာသ်နှင့် နဖ်လ် ဆွလာသ် အားလုံးသည် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်တော်မူသည်။ “ဝသ်သွိုင်ယိဘားသု” ပြည့်စုံမှုကို ညွှန်ပြသည့် စကားများ၊ လုပ်ရပ်များ၊ ကောင်းမွန်သည့် အရည် အသွေးများအားလုံးသည် ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်တော်မူသည်။ “အတ်စ်စလာမုအလိုင်းက အိုက်ယုဟန်နဘိယ္ယု ဝရဟ်မသုလ်လာဟိ ဝဗရကားသုဟူ” ဤသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အားဘေးဒုက္ခနှင့်အန္တရာယ်အပေါင်းမှ ကင်းဝေးပြီး ကောင်းမှုများ၊ ငြိမ်းချမ်းသာယာမှုများ ကျရောက်စရန် ဆုတောင်းမေတ္တာပို့ခြင်းဖြစ်သည်။ “အတ်စ်စလားမုအလိုင်းနာ ဝအလာ အိဗာဒိလ္လာဟိဆ်ဆွာလိဟီးန်” ဤသည် ဆွလာသ်ဆောက်တည်သူများ၊ မိုးကောင်းကင်နှင့် မြေပထဝီရှိသူတော်ကောင်း ကျေးကျွန်တိုင်းအပေါ် ငြိမ်းချမ်းသာယာမှုကျရောက်စေရန် ဆုတောင်း မေတ္တာပို့ခြင်းဖြစ်သည်။ “အရှ်ဟဒုအန်လာအိလားဟ အိလ်လလ္လာဟု” အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းခံထိုက်တော်မူသောအရှင်မရှိကြောင်းကို ကျွန်တော်မျိုး ခိုင်မာစွာ သက်သေခံအပ်ပါသည်။ “ဝအရှ်ဟဒုအန်န မုဟမ္မဒန် အဗ်ဒုဟူ ဝရစူလုဟ်” တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်၏ ဗန္ဓာအစေတော်နှင့် နောက်ဆုံးရစူလ်တမန်တော်ဖြစ်ကြောင်းကျွန်တော်မျိုးသက်သေခံအပ်ပါသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ် ဆောက်တည်သူအား မိမိကြိုက်နှစ်သက်ရာ ဆုမွန်ဒုအာကို တောင်းဆိုရန် တိုက်တွန်းတော်မူခဲ့သည်။