





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ မျက်မမြင်ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ ရောက်ရှိလာပြီး အို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် အမှန်တကယ်ပင် ကျွန်တော်မျိုးအား ဗလီသို့ခေါ်ဆောင်သွားမည့်သူ တစ်ဦးမျှမရှိပါဟု လျှောက်ထားခဲ့သည်။ ထို့ကြောင့် သူသည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ သူ၏အိမ်၌ပင် ဆွလာသ်ဆောက်တည်ရန် ခွင့်ပြုချက်တောင်းခံခဲ့ရာ ကိုယ်တော်က သူ့အားခွင့်ပြုတော်မူခဲ့သည်။ ထိုသူလှည့်ပြန်နေစဉ် ကိုယ်တော်က သူ့အားခေါ်တော်မူ၍ အသင်ဆွလာသ်အတွက် အဇာန်ဖိတ်ခေါ်သံကို ကြားပါသလားဟု မေးမြန်းတော်မူသည်။ ၎င်းက ဟုတ်ကဲ့ (ကြားပါသည်)ဟု ဖြေကြားခဲ့ရာ ကိုယ်တော်ကသင် အဖြေပေးပါဟု မိန့်ကြားတော်မူသည်။
رواه مسلمမျက်မမြင် ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ ရောက်ရှိလာပြီး အို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ကျွန်တော့်အားကူညီမည့်သူနှင့် ငါးကြိမ်ဆွလာသ်အတွက် ဗလီသို့ လက်တွဲ ခေါ်ဆောင်သွားမည့်သူ မရှိပါဟု လျှောက်ထားခဲ့သည်။ သူသည် ဂျမာအသ်နှင့်တကွ ဆွလာသ်ဆောက်တည်ခြင်းကို စွန့်လွှတ်ခွင့်ပြုရန် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ တောင်းဆိုလိုခြင်းဖြစ်သည်။ ကိုယ်တော်ကလည်း သူ့အားခွင့်ပြုတော်မူလိုက်သည်။ ထိုသူလှည့်ပြန်နေစဉ် ကိုယ်တော်က သူ့အားခေါ်တော်မူ၍ အသင်ဆွလာသ်အတွက် အဇာန်ဖိတ်ခေါ်သံကို ကြားပါသလားဟု မေးမြန်းတော်မူသည်။ ၎င်းက ဟုတ်ကဲ့ (ကြားပါသည်)ဟု ဖြေကြားခဲ့ရာ ကိုယ်တော်က သင်ဆွလာသ်အတွက် အဇာန်ဖိတ်ခေါ်သူအား အဖြေပေးပါ(ဂျမာအသ်ဖြင့် ဆောက်တည်ပါ)ဟု မိန့်ကြားတော်မူသည်။
အလီဗင်န် အဗူသွာလိဗ်နှင့် မုအာဇ်ဗင်န် ဂျဗလ်(ရဿွိယလ္လာဟုအန်ဟုမာ)တို့က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အိမာမ် ရှေ့ဆောင်သည် (ဆွလာသ်၏) အခြေအနေတစ်ခု၌ ရှိနေစဥ် သင်တို့အနက် တစ်ဦးတစ်ယောက်သည် ဆွလာသ်ဆောက်တည်ရန် ရောက်ရှိလာပါက ထိုသူသည် အိမာမ်ပြုလုပ်သည့်အတိုင်းသာ ပြုလုပ်ရမည်။
သိရ်မိဇီကျမ်း။သင်တို့အနက် တစ်ဦးတစ်ယောက်သည် ဆွလာသ်ဆောက်တည်ရန် ရောက်ရှိလာသည့်အခါ အိမာမ်ရှေ့ဆောင်သည် ရပ်လျက် သို့မဟုတ် ဦးညွှတ်လျက် သို့မဟုတ် ဦးချလျက် သို့မဟုတ် ထိုင်လျက် ရှိနေပါက ၎င်းသူသည် အိမာမ်ရှိနေသည့် ကိယာမ် သို့မဟုတ် ရကူအ် သို့မဟုတ် အခြားမည်သည့်အခြေအနေတွင်မဆို အတူပါဝင်လိုက်ရမည်။ အချို့သာမန်လူများ ပြုသကဲ့သို့ အိမာမ် မတ်တပ်ရပ်လာသည်အထိ စောင့်ဆိုင်းနေခြင်းမပြုရပေ။
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟု အလိုင်းဟိဝစလ္လမ်)သည် ကျွန်တော်တို့အား ခွသ်ဗသွလ်ဟာဂျဟ် (တစ်စုံတစ်ရာ ပြောကြားရန် လိုအပ်သည့်အခါ ဟောကြားရသည့် ခွသ်ဗဟ်)ကို သင်ကြားပေးခဲ့သည်။ ၎င်းမှာ - ဧကန်အမှန်ချီးမွမ်းထောမနာပြုခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ် အဖို့သာဖြစ်သည်။ ကျွန်တော်မျိုးတို့သည် အရှင်မြတ်ထံတော်မှ အကူအညီတောင်းခံပါသည်။ အရှင်မြတ်ထံတော်တွင် ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံပါသည်။ ကျွန်တော်မျိုးတို့သည် မိမိတို့၏ မကောင်းမှုများမှ အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံပါသည်။ အလ္လာဟ်အရှင်မြတ်က လမ်းမှန်တရားချီးမြှင့်လိုက်သူအား လမ်းမှားအောင် လုပ်နိုင်မည့်သူဟူ၍ မရှိပါ။ အရှင်မြတ်က လမ်းမှားစေသူကိုလည်း လမ်းမှန်တရား ချီးမြှင့်ပေးနိုင်သူဟူ၍လည်း မရှိပါ။ အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိကြောင်းကို ကျွန်တော်မျိုးသက်သေခံအပ်ပါသည်။ထို့ပြင် မုဟမ္မဒ်သည် ထိုအရှင်မြတ်၏ အစေတော်နှင့် ရစူလ်စေတမန်တော် ဖြစ်တော်မူကြောင်းကိုလည်း ကျွန်တော်မျိုး သက်သေခံအပ်ပါသည်။ (အို- မနုဿလူသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ကြောက်ရွံ့ (ရိုသေ) ကြကုန်လော့။ ထိုအရှင်မြတ်သည် အသင်တို့အား အသက်တစ်ချောင်းတည်းမှ ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် ထိုအသက်တစ်ချောင်းတည်းမှပင် ၎င်း၏ကြင်ရာကြင်ဖက်ကိုလည်း ဖန်ဆင်းတော်မူခဲ့လေ၏။ ၎င်းနောက် ထို(လူသား) နှစ်ဦးတို့မှ များပြားလှစွာသော ယောက်ျား၊ မိန်းမတို့ကို ပြန့်ပွားစေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် အကြင်အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြကုန်လော့။ အသင်တို့သည် ထိုအရှင်မြတ်အားအကြောင်းပြု၍ မိမိတို့အချင်းချင်း (မိမိတို့၏အခွင့်အရေးများကို) တောင်းဆိုကြကုန်၏။ ၎င်းပြင် အသင်တို့သည် ဆွေမျိုးညာတကာ (တို့၏ အခွင့်အရေးများကို ဆုံးရှုံးနစ်နာစေခြင်း) မှလည်း ကြဉ်ရှောင်ကြကုန်လော့။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်ဝယ် ဧကန်စင်စစ် ကြီးကြပ်၊ ထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။) ကုရ်အာန် (၄:၁) (အို-(မုအ်မင်န်) ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ ရိုသေအပ်သည့်အတိုင်း ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် မွတ်စ်လင်မ်များအဖြစ်မှတပါး အခြားအဖြစ်နှင့် မသေဆုံးကြကုန်လင့်။) ကုရ်အာန် (၃:၁၀၂) (အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် တည်ကြည် ဖြောင့်မတ်သောစကားကို ပြောဆိုကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ပြုမူကျင့်ဆောင်ချက်များကို ပြုပြင်၍ ပေးသနားတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ပြစ်မှုဒုစရိုက်များကို ခွင့်လွှတ်တော်မူပေမည်။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင် မြတ်၏အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏အမိန့်တော်ကိုလည်းကောင်း၊ လိုက်နာပါမူ မလွဲဧကန် ထိုသူသည် ကြီးကျယ်စွာအောင်မြင်ပြီး ဖြစ်မည်တကား။) ကုရ်အာန် (၃၃:၇၀၊၇၁)
رواه أبو داود والترمذي والنسائي وابن ماجه وأحمدအစ်ဗ်နုမတ်စ်အူးဒ်(ရဿွိယလ္လာဟုအန်ဟု)က ပြောပြခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ၎င်းတို့အား ခွသ်ဗဟ် တရားဟောကြားမှု စတင်ရာတွင်လည်းကောင်း၊ နိကာဟ် ခွသ်ဗဟ်၊ ဂျုမုအဟ် ခွသ်ဗဟ်နှင့် အခြားခွသ်ဗဟ်များကဲ့သို့ တစ်စုံတစ်ရာပြောကြားရန် လိုအပ်သည့်အခါတွင် စတင်ပြောကြားရသော ‘ခွသ်ဗသွလ်ဟာဂျဟ်’ ကို သင်ကြားပေးတော်မူသည်။ ထိုခွသ်ဗဟ်တွင် အလ္လာဟ်အရှင်မြတ်သည် အလုံးစုံသော ချီးမွမ်းထောမနာပြုခြင်းအပေါင်းကို ခံထိုက်တော်မူသော အရှင်ဖြစ်ကြောင်းရှင်းပြခြင်း၊ တုဖက်နှိုင်းယှဉ်ခြင်း ကင်းတော်မူသော တစ်ပါးတည်း ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ အကူအညီတောင်းခံခြင်း၊ အပြစ်အကုသိုလ်များကို ဖုံးကွယ်ပေးကာ ခွင့်လွှတ်ချမ်းသာမှုပေးရန် တောင်းခံခြင်း၊ မကောင်းမှုတိုင်းမှလည်းကောင်း၊ မိမိတို့ကိုယ်တိုင်နှင့် အခြားသူများ၏ မကောင်းမှုများမှ လည်းကောင်း ကင်းဝေးရန် အရှင်မြတ်ထံတော်တွင် ခိုလှုံမှုရယူခြင်း စသည်ဖြင့် ကြီးကျယ်လှသောအဓိပ္ပာယ်များ ပါဝင်ပေသည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဧကန်မုချ ဟိဒါယသ် လမ်းမှန်တရားသည် အလ္လာဟ်အရှင်မြတ်၏ လက်ဝယ်၌သာရှိသည့်အတွက် အလ္လာဟ်အရှင်မြတ်က လမ်းမှန်တရားချီးမြှင့်လိုက်သူအား လမ်းမှားအောင် လုပ်နိုင်မည့်သူ ဟူ၍မရှိကြောင်းနှင့် အရှင်မြတ်က လမ်းမှားစေသူကိုလည်း လမ်းမှန်တရား ချီးမြှင့်ပေးနိုင်သူမရှိကြောင်း မိန့်ကြားသည်။ ၎င်းနောက် ဆက်လက်၍ သောင်ဟီးဒ်တရားတော်အား သက်သေခံခြင်းဖြစ်သည့် အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိကြောင်းနှင့် ရိစာလသ်ကို သက်သေခံခြင်းဖြစ်သည့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်စေတမန်တော်ဖြစ်ကြောင်းကို တင်ပြခဲ့သည်။ ထို့နောက် ဤခွသ်ဗဟ်ကို အာယသ်တော်သုံးပါးနှင့် အဆုံးသတ်ထားသည်။ ယင်းအာယသ်တော်များတွင် ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်သက်ရန်အတွက် အရှင်မြတ်၏အမိန့်တော်များကိုနာခံပြီး တားမြစ်ချက်များကို ရှောင်ကြဥ်ကာ သက္ကဝါတရား ထားရှိရန်ပါရှိသည်။ ဤအမိန့်အတိုင်း လိုက်နာဆောင်ရွက်သူသည် ပြောဆိုမှု၊ လုပ်ဆောင်မှုများတွင် မှန်ကန်ကောင်းမွန်လာခြင်း၊ မကောင်းမှုများ ပလပ်ခံရခြင်း၊ အပြစ်အကုသိုလ်များ ခွင့်လွှတ်ခံရခြင်း၊ လောကတွင် ကောင်းမွန်သော သက်တမ်းမျိုးကိုရရှိပြီး ကိယာမဟ်နေ့၌ ဂျန္နသ် သုခဘုံရရှိကာ အောင်မြင်မှုဆွတ်ခူးနိုင်းခြင်း စသည့် အကျိုးများကို ရရှိမည်ဖြစ်သည်။
အဗူမူဆာ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အုပ်ထိန်းသူမပါဘဲ နိကာဟ်ထိမ်းမြားမှု အထမြောက်မည်မဟုတ်ပေ။
رواه أبو داود والترمذي وابن ماجه وأحمدတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်လင်းမိန့်ကြားတော်မူသည်မှာ နိကာဟ်ထိမ်းမြားမှုအား တာဝန်ယူဆောင်ရွက်မည့် ‘ဝလီ’အုပ်ထိန်းသူမပါဘဲ အမျိုးသမီးတစ်ဦး၏ နိကာဟ်ထိမ်းမြားမှုသည်အထမြောက်မည်မဟုတ်ပါ။
အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို ‘မုအာဟဒ်’ကတိစာချုပ် ချုပ်ဆိုထားသော ဘာသာခြားတစ်ဦးအား သတ်ဖြတ်ခဲ့သော် ထိုသူသည်ဂျန္နသ်၏ ရနံ့ကိုပင်ရရှိမည်မဟုတ်ပေ။ မုချဧကန် ၎င်း၏ရနံ့သည် နှစ်ပေါင်းလေးဆယ် ခရီးနှင်ရသည့် အကွာအဝေးမှပင် ရရှိနေမည်ဖြစ်သည်။
رواه البخاريတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ‘မုအာဟဒ်’ (လုံခြုံမှုပေးရေး ကတိကဝတ်ဖြင့် မွတ်စ်လင်မ်နိုင်ငံသို့ ဝင်ရောက်လာသူ ဘာသာ ခြား)အား သတ်ဖြတ်သူနှင့် ပတ်သက်၍ ပြင်းထန်သည့် သတိပေးခြိမ်း ခြောက်မှု ရှိကြောင်းကို ရှင်းပြတော်မူခဲ့သည်။ ထိုသူသည်ဂျန္နသ်၏ ရနံ့ကိုပင်ရရှိမည်မဟုတ်ပေ။ ဧကန်အမှန်ပင် ဂျန္နသ်၏ရနံ့သည် နှစ်ပေါင်းလေးဆယ် ခရီးနှင်ရသည့် အကွာအဝေးမှပင် ရရှိနေမည်ဖြစ်သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အမိန့်ဆုံးဖြတ်ချက်များအတွက် တံစိုးလက်ဆောင်ပေးသူနှင့် တံစိုးလက် ဆောင်ယူသူအား အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ‘လအ်နသ်’အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှကင်းဝေးစေရန် မကောင်းဆုတောင်းတော်မူခဲ့သည်။
رواه الترمذي وأحمدတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လာဘ်ပေးသူ၊ လာဘ်ယူသူတို့အား အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ ကင်းဝေးစေရန် ဆုတောင်းတော်မူခဲ့သည်။ ထိုလုပ်ရပ်များတွင် တရားသူကြီးများအား ၎င်းတို့တာဝန်ယူထားသည့် စီရင်ဆုံးဖြတ်မှုများတွင် ဘက်လိုက်ရန်အတွက် ပေးသောအရာများလည်းပါဝင်သည်။ လာဘ်ပေးသူသည် လာဘ်ထိုးခြင်းဖြင့် မိမိလိုချင်သည့်အရာကို မတရားသဖြင့် ရယူခြင်းဖြစ်သည်။
အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ပြောပြခဲ့သည်။ ကျွန်ုပ်တို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူ မက္ကာမြို့မှ မဒီနာမြို့သို့ ပြန်လာခဲ့ကြသည်။ ခရီးလမ်းတွင် ရေရှိသည့် နေရာတစ်ခုသို့ ရောက်ရှိခဲ့ကြရာ အချို့လူများသည် အဆွရ်အချိန်၌ (ဝတ်ပြုရန်)အလျင်အမြန်ပြုလုပ်ခဲ့ကြသည်။ သို့ဖြစ်ရာ ၎င်းတို့သည် အလျင်စလို ဝူဿွူပြုလုပ်ခဲ့ကြသည်။ ကျွန်ုပ်တို့ ရောက်ရှိချိန်တွင် ၎င်းတို့၏ ခြေဖနောင့်များသည် ခြောက်သွေ့နေသည်ကို တွေ့ရသည်။ ရေသည် ၎င်းတို့၏ ဖနောင့်များကို မထိခဲ့ပေ။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်- " ( ရေမစိုသည့်) ခြေဖနောင့်များ အတွက် ငရဲမီး၏ပြစ်ဒဏ်ရှိမည်။ သင်တို့သည် ဝူဿွူကို ကောင်းစွာ ပြုလုပ်ကြလော့။"
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မက္ကာမြို့မှ မဒီနာမြို့သို့ ခရီးထွက်တော်မူခဲ့သည်။ ကိုယ်တော်နှင့်အတူ ဆွဟာဗဟ်များလည်း လိုက်ပါခဲ့ကြသည်။ ခရီးလမ်းတွင် ရေကိုတွေ့ ရှိခဲ့ကြရာ အချို့ဆွဟာဗဟ်များသည် အဆွရ်ဆွလာသ်ဝတ်ပြုရန်အတွင် အလျင်စလို ဝူဿွူပြုလုပ်ခဲ့ကြရာ ၎င်းတို့၏ ခြေဖနောင့်များသည် ရေလုံးဝမထိဘဲ ခြောက်သွေ့နေသည်ကို တွေ့မြင်ခဲ့ရသည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်- ဝူဿွူပြုလုပ်သည့်အခါ ခြေဖနောင့်များကို ဆေးကြောရာတွင် လျော့တိလျော့ရဲပြုလုပ်သူများအတွက် ဂျဟန္နမ်ငရဲမီး၌ ပြစ်ဒဏ်နှင့် ပျက်စီးခြင်း ရှိသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ၎င်းတို့အား ဝူဿွူကို အပြည့်အစုံပြုလုပ်ရန် ညွှန်ကြားတော်မူခဲ့သည်။
အုမရ် ဗင်န် ခသ်သွားဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် မုအဇ္ဇင်န်က "အလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်"ဆိုသည့်အခါ အလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်ဟုဆိုမည်။ တဖန် "အရှ်ဟဒု အလ္လာအိလာဟ အိလ္လလ္လာဟ်"ဆိုသည့်အခါ အရှ်ဟဒု အလ္လာအိလာဟ အိလ္လလ္လာဟ်ဟုဆိုမည်။ တဖန် "အရှ်ဟဒု အန္န မုဟမ္မဒရ် ရစူလွလ္လာဟ်" ဆိုသည့်အခါ အရှ်ဟဒု အန္န မုဟမ္မဒရ် ရစူလွလ္လာဟ်ဟုဆိုမည်။ တဖန် "ဟိုင်းယ္ယာအလဆ်ဆွလာဟ်"ဆိုသည့်အခါ လာဟောင်းလ ဝလာကုဝ်ဝသ အိလ္လာဗိလ္လာဟ်ဟုဆိုမည်။ တဖန် "ဟိုင်းယ္ယာအလလ် ဖလာဟ်"ဆိုသည့်အခါ လာဟောင်းလ ဝလာကုဝ်ဝသ အိလ္လာဗိလ္လာဟ်ဟုဆိုမည်။ တဖန် "အလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်" ဆိုသည့်အခါအလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်ဟုဆိုမည်။ တဖန် "လာအိလာဟ အိလ္လလ္လာဟ်" ဆိုသည့်အခါ မိမိ၏ နှလုံးသားအတွင်းမှ လာအိလာဟ အိလ္လလ္လာဟ်ဟုဆိုမည်ဆိုလျှင် ဂျန္နသ်သုခဘုံသို့ကို ဝင်ရောက်ရမည်ဖြစ်သည်။
رواه مسلمအဇာန်ပေးခြင်းသည် ဆွလာသ်အချိန်ဝင်ရောက်ပြီဖြစ်ကြောင်း လူတို့အား အသိပေးခြင်းဖြစ်သည်။ အဇာန်စကားလုံးများသည် အီမာန်ယုံကြည်မှုကို ဖော်ပြသည့် စကားလုံးများဖြင့် ဖွဲ့စည်းထားသည်။ ဤဟဒီးဆ်တော်တွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အဇာန်အသံကြားရသောအခါ လုပ်ဆောင်ရမည့်ကိစ္စကို ရှင်းပြထားတော်မူထားသည်။ ၎င်းမှာ အဇာန်အသံကြားသူသည် မုအဇ္ဇင်န် ရွတ်ဆိုသည့်အတိုင်း ရွတ်ဆိုခြင်းဖြစ်သည်။ အကယ်၍ မုအဇ္ဇင်န်က ‘အလ္လာဟ်ဟုအက်ဗရ်’ဟုရွတ်ဆိုသောအခါ အဇာန်အသံကြားသူက ‘အလ္လာဟ်ဟုအက်ဗရ်’ဟု ရွတ်ဆိုရမည်ဖြစ်သည်။ အခြားအဇာန်၏စာပိုဒ်တိုင်းကိုလည်း ထိုနည်းအတိုင်းပင် အဖြေပေးရမည်။ သို့သော် မုအဇ္ဇင်န်က ‘ဟိုင်းယ္ယာအလဆ်ဆွလာဟ်’နှင့် ‘ဟိုင်းယ္ယာအလလ် ဖလာဟ်’ ကို ရွတ်ဆိုသောအခါ ကြားသူက ’လာဟောင်းလ ဝလာကုဝ်ဝသ အိလ္လာဗိလ္လာဟ်ဟု’ ဆိုရမည်ဖြစ်သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ အကြင်သူသည် စိတ်နှလုံးသားတွင်းမှ အိခ်လာဆ်ွနှင့်တကွ မုအဇ္ဇင်န်ဆိုသည့်အတိုင်း အတူလိုက်မည်ဆိုပါက ဂျန္နသ် သုခဘုံသို့ဝင်ရောက်ရမည်ဖြစ်သည်။ အဇာန်စာသားများ၏ အဓိပ္ပာယ်များ။ ‘အလ္လာဟုအက်ဗရ်'၏ ဆိုလိုရင်းမှာ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အရာရာတိုင်းထက် အကြီးကျယ်ဆုံး၊ အမြင့်မြတ်ဆုံး ဖြစ်တော်မူသည်။ ‘အရှ်ဟဒု အလ္လာအိလာဟ အိလ္လလ္လာဟ်’၏ ဆိုလိုရင်းမှာ အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင်မရှိကြောင်းကို သက်သေခံခြင်းဖြစ်သည်။ ‘အရှ်ဟဒု အန္န မုဟမ္မဒရ် ရစူလွလ္လာဟ်’၏ ဆိုလိုရင်းမှာ မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ် စေလွှတ်တော်မူသည့် ရစူလ်တမန်တော်ဖြစ်ပြီး ယင်းတမန်တော်၏အမိန့်ကို နာခံရန်အရေးကြီးကြောင်းကို ကျွန်တော်မျိုး နှုတ်လျှာဖြင့်လည်းကောင်း စိတ်နှလုံးသားဖြင့်လည်းကောင်း ဝန်ခံထွက်ဆိုပါသည်။ ‘ဟိုင်းယ္ယာအလဆ်ဆွလာဟ်’၏ဆိုလိုရင်းမှာ ဆွလာသ်ဝတ်ပြရန်လာကြကုန်ဟူ၍ ဖြစ်သည်။ ကြားသူက ဆိုသော ‘လာဟောင်းလ ဝလာကုဝ်ဝသ အိလ္လာဗိလ္လာဟ်’၏ ဆိုလိုရင်းမှာ အမိန့်နာခံမှုကို အတားအဆီးဖြစ်စေသောအရာများမှ ကင်းဝေးရန်၊ ကောင်းမှုကို ပြုလုပ်နိုင်ရန်နှင့် တစ်စုံတစ်ရာကို ဆောင်ရွက်နိုင်ရန်စွမ်းအားသည် အလ္လာဟ်အရှင်မြတ်ချီးမြှင့်မှသာ ရရှိမည်ဖြစ်သည်။ ‘ဟိုင်းယ္ယာအလလ် ဖလာဟ်’ ၏ဆိုလိုရင်းမှာ အောင်မြင်မှု၏အကြောင်းခံဘက်သို့ လာကြကုန်ဟူ၍ ဖြစ်သည်။ အောင်မြင်မှုဟူသည် ဂျဟန္နမ်မှ လွတ်မြောက်ပြီး ဂျန္နသ်ကို ရရှိခြင်းဖြစ်သည်။
အနတ်စ် ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်သူသည် ဆွလာသ်ဆောက်တည်ရန် မေ့လျော့သွားပါက ၎င်းအားသတိရသည့်အခါ ပြန်လည်ဆောက်တည်လိုက်ပါ။ ထိုသို့ဆောက်တည်ခြင်းမှလွဲ၍ အပြစ်ကိုချေဖျက်ပေးမည့် အခြားအရာဟူ၍မရှိပေ။ (ထို့ပြင် အသင်သည် ငါအရှင်မြတ်အား သတိရခြင်းငှာ ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ပါလေ။) ကုရ်အာန် (၂၀:၁၄)
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ အကြင်သူသည် မည်သည့်ဖရ်ဿ်ွဆွလာသ်ကိုမဆို ဝတ်ပြုရန် မေ့လျော့သွားပြီး အချိန်ကုန်သွားပါက ထိုသူသည် သတိရလျှင်ရခြင်း ထိုဆွလာသ်အား ကဿွာ ဆောက်တည်လိုက်ရမည်။ မွတ်စ်လင်မ်တစ်ဦးအဖို့ သတိရသည့်အခါ ဆွလာသ်ကိုဝတ်ပြုလိုက်ခြင်းမှလွဲ၍ ဆွလာသ်အား စွန့်လွှတ်ခဲ့သည့်အကုသိုလ်ကို ပယ်ဖျက်ပေးမည့်အရာ၊ ဖုံးကွယ်ပေးမည့်အရာဟူ၍ မရှိပါ။ ကုရ်အာန်ကျမ်းမြတ်၌ အလ္လာဟ်အရှင်မြတ်မိန့်တော်မူထားသည်မှာ - (ထို့ပြင် အသင်သည် ငါအရှင်မြတ်အား သတိရခြင်းငှာ ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ပါလေ။) ကုရ်အာန် (၂၀:၁၄) ဆိုလိုသည်မှာ ဝတ်ပြုရန်မေ့သွားသော ဆွလာသ်ကို အသင်သတိရသည့်အခါ ဝတ်ပြုပါလေ။