





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ လမ်းမှန်တရားဘက်သို့ ဖိတ်ခေါ်သူသည် ထိုလမ်းမှန်တရားကို လိုက်နာကျင့်သုံးသူရရှိသည့် အကျိုးကုသိုလ်အတိုင်း အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်။ ထိုသို့ရရှိခြင်းကြောင်း လိုက်နာကျင့်သုံးသူများ၏ အကျိုးကုသိုလ်တွင် တစ်စုံတစ်ရာ လျော့နည်းသွားမည် မဟုတ်ပေ။ ထို့အတူ လမ်းမှားသို့ ဖိတ်ခေါ်သူသည် ထိုလမ်းမှားကို လိုက်နာကျင့်သုံးသူရရှိသည့် အပြစ်အကုသိုလ်အတိုင်း အပြစ်အကုသိုလ် ရရှိမည်ဖြစ်သည်။ ထိုသို့ရရှိခြင်းကြောင့် လိုက်နာကျင့်သုံးသူများ၏ အပြစ်အကုသိုလ်တွင် တစ်စုံတစ်ရာ လျော့နည်းသွားမည် မဟုတ်ပေ။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ- မှန်ကန်ကောင်းမြတ်သည့်လမ်းစဉ်ကို နှုတ်ဖြင့်လည်းကောင်း၊ လုပ်ရပ်ဖြင့်လည်းကောင်း လူတို့အား လမ်းပြပေးသူ၊ ညွှန်ပြပေးသူ၊ တိုက်တွန်းသူသည် ၎င်းအားနောက်လိုက်သူများရရှိသည့် အကျိုးကုသိုလ်အတိုင်း အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ ထိုသို့ရရှိခြင်းကြောင့် နောက်လိုက်များ၏ အကျိုးကုသိုလ်တွင် တစ်စုံတစ်ရာ လျော့နည်းသွားမည် မဟုတ်ပေ။ ထို့အတူ လမ်းမှားနှင့် မပြုပိုင်သောကိစ္စ သို့မဟုတ် အပြစ်ထိုက်သော မကောင်းမှုကို နှုတ်ဖြင့်လည်းကောင်း၊ လုပ်ရပ်ဖြင့်လည်းကောင်း လူတို့အား လမ်းပြသူ၊ ညွှန်ပြသူသည် ၎င်းအား နောက်လိုက်သူများရရှိသည့်အတိုင်း အပြစ်အကုသိုလ်ဝန်ထုပ်ကို ရရှိမည်ဖြစ်သည်။ ထိုသို့ရရှိခြင်းကြောင့်နောက်လိုက်များ၏ အပြစ်အကုသိုလ်တွင် တစ်စုံတစ်ရာ လျော့နည်းသွားမည် မဟုတ်ပေ။
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ နိမိတ်ကောက်ခြင်းသည် ရှိရ်က်ဖြစ်သည်။ နိမိတ်ကောက်ခြင်းသည် ရှိရ်က်ဖြစ်သည်။ နိမိတ်ကောက်ခြင်းသည် ရှိရ်က်ဖြစ်သည်။ (ကိုယ်တော်သည် ဤသို့ သုံးကြိမ်တိုင်တိုင် မိန့်ကြားတော်မူခဲ့သည်။) ဆင့်ပြန်သူကပြောသည်မှာ ကျွန်ုပ်တို့အနက်မှ လူတိုင်းသည် (နိမိတ်ကောက်ရန် စိတ်ဖြစ်ပေါ်တတ်သည်။) သို့သော် အလ္လာဟ်အရှင်မြတ်သည် သဝက္ကုလ် အရှင်မြတ်အပေါ် ယုံပုံအားကိုးမှုဖြင့် နိမိတ်ကောက်လိုသောစိတ်ကို ဖယ်ရှားပေးတော်မူလိုက်သည်။
رواه أبو داود والترمذي وابن ماجه وأحمدတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ငှက်များ၊ တိရစ္ဆာန်များ၊ ရောဂါသည်များ၊ နံပါတ်များ၊ နေ့ရက်များနှင့် အခြားအရာများကို ကြားခြင်း၊ မြင်ခြင်းဖြင့် နိမိတ်ကောက်ခြင်းကို သတိပေးတားမြစ်တော်မူထားသည်။ ဟဒီးဆ်တော်တွင် သွိယရဟ် (ငှက်ဖြင့်နိမိတ်ကောက်ခြင်း)ကို ဖော်ပြထားသည်။ အဘယ်ကြောင့်ဆိုသော် ထိုလုပ်ရပ်သည် ဂျဟိလိယ္ယဟ် အမိုက်ခေတ်တွင် အလွန်ပင်ကျော်ကြားသည်။ ၎င်း၏ပုံသဏ္ဌာန်မှာ အလုပ်လုပ်ရန် သိုမဟုတ် ခရီးသွားရန် သိုမဟုတ် ကိစ္စတစ်ခုကိုဆောင်ရွက်ရန် ငှက်တစ်ကောင်ကို လွှတ်လိုက်ပြီး အကယ်၍ငှက်သည် လက်ယာဘက်သို ပျံသန်းသွားပါက နိမိတ်ကောင်းကောက်၍ မိမိရည်ရွယ်ထားသည့်ကိစ္စကို ဆောင်ရွက်သည်။ အကယ်၍ငှက်သည် လက်ဝဲဘက်သို ပျံသန်းသွားပါက နိမိတ်ဆိုးကောက်၍ မိမိရည်ရွယ်ထားသည့်ကိစ္စကို ရပ်တန့်လိုက်သည်။ ကိုယ်တော်က ထိုလုပ်ရပ်ကို ရှိရ်က်ဟု မိန့်ကြားထားသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းခြင်းဟူသမျှကို အလ္လာဟ်အရှင်မြတ်ကသာ ချီးမြှင့်တော်မူခြင်းဖြစ်ပြီး မကောင်းခြင်းဟူသမျှကို တစ်ပါးတည်း တည်ရှိတော်မှုသော တုဘက်နှိုင်းယှဉ်ခြင်းကင်းတော်မူသော အလ္လာဟ်အရှင်မြတ်မှအပ မည်သူမျှ မဖယ်ရှားပေးနိုင်သည့်အတွက် ထိုသို့ နိမိတ်ဆိုးကောက်ခြင်းသည် ရှိရ်က်ဖြစ်သည်။ အိဗ်နုမတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က တင်ပြထားသည်မှာ မွတ်စ်လင်မ်တစ်ဦး၏နှလုံးသားတွင် တစ်ခါတစ်ရံ နိမိတ်ဆိုးကောက်ခြင်း ဖြစ်ပေါ်တတ်သည်။ သို့သော် ၎င်းအနေဖြင့် အကြောင်းခံများကို ကိုင်တွယ်ကာ အလ္လာဟ်အရှင်မြတ်ပါ်တွင် သဝက္ကုလ် ယုံပုံအားကိုးသည့်စိတ်ဖြင့် နိမိတ်ဆိုးကောက်ခြင်းကို ဖယ်ရှားပစ်ရန် အရေးကြီးသည်။
အဗ်ဒုလ္လာဟ် ဗင်န် ရှိခ်ခီးရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် ဗနီအာမိရ် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ဆီသို့ သွားရောက်ခဲ့သည်။ ကျွန်တော်တို့က ကိုယ်တော်သည် ကျွန်တော်မျိုးတို့၏ အရှင်သခင်ဖြစ်ပါသည်ဟု ပြောကြားခဲ့သည်။ ထိုအခါ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်သာလျှင် အရှင်သခင်ဖြစ်သည်ဟု မိန့်ကြားတော်မူသည်။ ကျွန်တော်တို့က (ကိုယ်တော်သည်) ကျွန်တော်တို့ထဲတွင် အမွန်မြတ်ဆုံး၊ ပေးကမ်းမှုအရှိဆုံး ဖြစ်တော်မူပါသည်ဟု ပြောကြားခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အသင်တို့ပြောရမည့် စကားကိုသာပြောပါ သို့မဟုတ် အသင်တို့ပြောရမည့် အချို့စကားကိုသာပြောပါ။ (ငါကိုယ်တော်အား ချီမွမ်းရာတွင်) ရှိုင်သွာန်မိစ္ဆာက သင်တို့အား မလှည့်ဖျားပါစေနှင့်။
رواه أبو داود وأحمدလူတစ်စုသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံသို့ လာရောက်ခဲ့ကြသည်။ ၎င်းတို့သည် ကိုယ်တော့်ထံ ရောက်သည့်အခါ ကိုယ်တော် မနှစ်သက်သည့် စကားအချို့အား (ကိုယ်တော်အား ချီမွမ်းသည့်အနေဖြင့်) ပြောဆိုခဲ့ကြသည်။ ၎င်းတို့က ကိုယ်တော်သည် "ကျွန်တော်မျိုးတို့၏ အရှင်သခင်ဖြစ်ပါသည်" ဟု ပြောကြားခဲ့သည်။ ထိုအခါ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ၎င်းတို့အား ပြောကြားတော်မူသည်မှာ "အလ္လာဟ်အရှင်မြတ်သာလျှင် အရှင်သခင်ဖြစ်သည်။" ထိုအရှင်မြတ်သည် မိမိအဖန်ဆင်းခံများအပေါ် ပြီးပြည့်စုံသည့် ဩဇာအာဏာရှိပြီး ၎င်းတို့သည် အရှင်မြတ်၏ ကျွန်များသာဖြစ်ကြသည်။ ၎င်းတို့က ကိုယ်တော်သည် "ကျွန်တော်တို့ထဲတွင် အမွန်မြတ်ဆုံးဖြစ်တော်မူသည်။" အဆင့်အတန်း၊ ဂုဏ်သိက္ခာ၊ ဂုဏ်အရည်အချင်းအားဖြင့် အမြင့်မားဆုံး ဖြစ်တော်မူပါသည်။ "ကိုယ်တော်သည် ပေးကမ်းမှုအရှိဆုံးသူ ဖြစ်တော်မူသည်။" အရက်ရောဆုံး၊ အမြင့်မားဆုံး၊ ဂုဏ်အသရေ အကြီးမြတ်ဆုံး ဖြစ်တော်မူပါသည်ဟု ပြောကြားခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ၎င်းတို့အား ပုံမှန်စကားများကိုသာ ပြောဆိုရန်၊ စကားလုံးများကို ချဲ့ကားခြင်းမပြုရန် ညွှန်ကြားတော်မူသည်။ ထို့ပြင် တားမြစ်ထားသည့် ‘ရှိရ်က်’ဖက်စပ်ယှဉ်တွဲ ကိုးကွယ်မှုနှင့် ၎င်း၏ အကြောင်းခံများဆီသို့ ရောက်ရှိစေသော အစွန်းရောက်ခြင်းနှင့် အလွန်အကျူး ချီမွမ်းခြင်းဆီသို့ ရှိုင်သွာန်မိစ္ဆာက ၎င်းတို့အား လှည့်စားခေါ်ဆောင်သွားခြင်းမျိုး မဖြစ်စေရန် ညွှန်ကြားတော်မူသည်။
အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန် ပြောကြားခဲ့သည်။ အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် (ရှိုင်သွာန် ခဲပေါက်သည့်) အကဗဟ်နေ့ နံနက်တွင် မိမိ၏ ကုလားအုတ်မပေါ်တွင် ရှိနေတော်မူသည်။ ကိုယ်တော်က ငါကိုယ်တော်အတွက် ခဲကောက်ပေးပါဟု မိန့်ကြားသဖြင့် ကျွန်တော်က လက်နှစ်ချောင်းဖြင့်ကိုင်၍ပစ်လို့ရသည့် အရွယ်အစားရှိသော ကျောက်ခဲခုနှစ်လုံးကို ကိုယ်တော့်အတွက် ကောက်ပေးခဲ့သည်။ ကိုယ်တော်သည် ၎င်းတို့ကို မိမိလက်ဖဝါးပေါ်တွင် လှုပ်ခတ်ကြည့်တော်မူပြီး မိန့်တော်မူသည်မှာ ဤအရွယ်များကိုသာ အသင်တို့ပစ်ကြပါ။ ထို့နောက် ဆက်လက် မိန့်ကြားတော်မူသည်မှာ အို လူတို့ အသင်တို့သည် သာသနာရေး၌ အစွန်းရောက်ခြင်းကို ရှောင်ကြဉ်ကြပါ။ ဧကန်အမှန်ပင် အသင်တို့အလျင် ရှိခဲ့ကြသူများသည် သာသနာရေးတွင် အစွန်းရောက်မှုကြောင့် ပျက်စီးခဲ့ကြသည်။
رواه ابن ماجه والنسائي وأحمدအိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ပြောပြခဲ့သည်။ သူသည် ဟဂ်ျသုလ်ဝဒါအ်တွင် ဂျမရသုလ် အကဗဟ်ကို ခဲပေါက်သည့် ကုရ်ဗာနီနေ့ နံနက်ခင်းတွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ရှိနေခဲ့သည်။ ထိုအခါ ကိုယ်တော်က သူ့အား ဂျမရသ်ကို ခဲပေါက်ရန် မိမိအတွက် ကျောက်စရစ်ခဲများကို ကောက်ယူရန် အမိန့်ပေးတော်မူခဲ့သည်။ ထို့ကြောင့် သူသည် ကိုယ်တော့်အတွက် ကျောက်စရစ်ခဲ ခုနှစ်လုံးကို ကောက်ယူခဲ့ပြီး တစ်လုံးစီသည် ကုလားပဲလုံး သို့မဟုတ် သစ်အယ်သီးအရွယ်အစားခန့်ရှိသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ၎င်းတို့အား မိမိလက်ဖဝါးပေါ်တွင်တင်ကာ လှုပ်ခတ်ကြည့်တော်မူပြီး မိန့်ကြားတော်မူသည်မှာ- ဤအရွယ်အစားများဖြင့်သာ အသင်တို့ ခဲပေါက်ကြပါ။ ၎င်းနောက် ဆက်လက်၍ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သာသနာရေးကိစ္စများတွင် ဘောင်ကျော်ခြင်း၊ အစွန်းရောက်ခြင်းတို့ကို ရှောင်ကြဉ်ကြရန် သတိပေးတော်မူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ရှေးအွမ္မသ်သားတို့သည် သာသနာရးတွင် ဘောင်ကျာ်ခြင်း၊ အစွန်းရောက်ခြင်း တို့ကြောင့် ပျက်စီးခဲ့ကြသည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ရောဂါကူးစက်သည်ဟု (အယူသီးယုံကြည်ခြင်း) မရှိ၊ ငှက်ဖြင့် အတိတ်နမိတ်ဆိုးကောက်ခြင်း မရှိ၊ ဇီးကွက်ဖြင့်အတိတ်နမိတ်ဆိုး ကောက်ခြင်း မရှိ၊ 'စွဖရ်' လသည် ဆိုးကျိုးရှိမည်ဟု ယူဆခြင်း မရှိ။ ထို့ပြင် အနာကြီးရောဂါသည်မှ အသင်သည် ခြင်္သေ့မှ ထွက်ပြေးသကဲ့သို့ ထွက်ပြေးပါ။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဂျာဟိလီယသ်အမှောင်ခေတ်၏ အချို့သော ( အယူသီးမှုများကို ) ၎င်းတို့မှ သတိပေးတားမြစ်ရန်နှင့် အရာခပ်သိမ်း၏ စီမံခန့်ခွဲမှုသည် အလ္လာဟ်အရှင်မြတ်၏ လက်တွင်းသာရှိကြောင်း၊ အရှင်မြတ်၏ အမိန့်တော်နှင့် သတ်မှတ်စီမံချက်မှတစ်ဆင့်သာ ဖြစ်ပေါ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းတို့မှာ- ၁။ ဂျာဟီလီယသ်အမှောင်ခေတ်တွင် လူများကရောဂါသည် ပင်ကိုယ်အားဖြင့် ကူးစက်နိုင်သည်ဟု မှတ်ယူကြသည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ရောဂါသည် လူနာတစ်ဦးမှ အခြားသူထံသို့ သူ့ပင်ကိုယ်အားဖြင့်ကူးစက်သည်ဟူသော အယူအဆကို ယုံကြည်ခြင်းမှ တားမြစ်ခဲ့သည်။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည်သာ စကြဝဠာကို စီမံအုပ်ချုပ်တော်မူသူဖြစ်ပြီး၊ အရှင်မြတ်သည်သာ ရောဂါကို ချပေးတော်ပြီး၊ ထိုအရှင်မြတ်ကသာ ယင်းရောဂါကို ဖယ်ရှားေပးတော်မူသောအရှင်ဖြစ်သည်။ ထို့ပြင် ၎င်းသည် အရှင်မြတ်၏ အလိုတော်နှင့် သတ်မှတ်စီမံမှုမှတစ်ဆင့်သာ ဖြစ်ပေါ် သည်။ ၂။ ဂျာဟီလီယသ်အမှောင်ခေတ်ရှိ လူများသည် ခရီးထွက်ချိန် သို့မဟုတ် ကူးသန်းရောင်းဝယ်ရန် ထွက်ခွာတော့မည်ဆိုလျှင် ငှက်များကို မောင်းထုတ်ကြသည်။ အကယ်၍ ငှက်သည် ညာဘက်သို့ ပျံသန်းသွားပါက နမိတ်ကောင်းအဖြစ် မှတ်ယူကြပြီး၊ ဘယ်ဘက်သို့ ပျံသန်းသွားပါက နမိတ်ဆိုးအဖြစ်မှတ်ယူကာ ( ခရီးဆက်မထွက်တော့ဘဲ ) ပြန်လာလေ့ရှိကြသည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဤသို့သော ငှက်ဖြင့် အတိတ်နမိတ်ဆိုး ကောက်ခြင်းမှ တားမြစ်ခဲ့ပြီး ၎င်းသည် မှားယွင်းသော အယူအဆဖြစ်ကြောင်း ရှင်းလင်းတင်ပြတော်မူခဲ့သည်။ ၃။ ဂျာဟိလီယသ်အမှောင်ခေတ်ရှိ လူများက ဇီးကွက်သည် အိမ်တစ်အိမ်ပေါ်သို့ ကျရောက်လာပါက ၎င်းအိမ်သူအိ မ်သားများအတွက် ဘေးဒုက္ခတစ်စုံတစ်ရာ ကြုံတွေ့ရမည်ဟု ပြောဆို(ယုံကြည်) ကြသည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ထိုသို့သော အတိတ်နမိတ်ဆိုးကောက်ခြင်းမှ တားမြစ်ခဲ့သည်။ ၄။ ဆွဖရ်လနှင့်ပတ်သတ်၍ ( ထို လသည် မကောင်း သော အ မင်္ဂလာဖြစ်သော လ )ဟု အတိတ်နမိတ်ဆိုး ကောက်ယူခြင်းမှလည်း တားမြစ်ခဲ့သည်။ ယင်းလသည် ဟိဂ်ျရီလများအနက် ဒုတိယမြောက် လ ဖြစ်သည်။ အချို့က "ဆွဖရ်" ဆိုသည်မှာ ဝမ်းဗိုက်တွင် ရှိသော မြွေတစ်မျိုးဖြစ်ပြီး (တကယ့်မြွေအစစ်ကို ဆိုလိုခြင်းမဟုတ်ဘဲ လူနဲ့ ကျွဲနွားတရိစ္ဆာန်များကို ဒုက္ခပေးတတ်သော ရောဂါဆန်းတစ်ခုကို ဆိုလိုခြင်းဖြစ်သည် ) ကျွဲနွားစသည့် တိရစ္ဆာန်များနှင့် လူသားများကို ထိခိုက်စေကာ ၎င်းတို့က ယင်းရောဂါသည် ယားနာထက် ပိုမိုပြင်းထန်စွာ ကူးစက်နိုင်သည်ဟု ယူဆကြသည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဤအယူအဆကို ပယ်ချ တော်မူခဲ့သည်။ ၅။ ခြင်္သေ့မှ ဝေးဝေးရှောင်သကဲ့သို့ အနာကြီးရောဂါ ရှိသူထံမှ ဝေးဝေးရှောင်ရန် အမိန့်ပေးခဲ့ခြင်းမှာ ယင်းသည် မိမိကိုယ်ကို ကာကွယ်ခြင်း၊ ဘေးကင်းလုံခြုံမှုရှာဖွေခြင်းနှင့် အလ္လာဟ်အရှင်မြတ် အမိန့်ပေးထားသော အကြောင်းခံများကို ကိုင်တွယ်လိုက်နာခြင်းဖြစ်သည်။ အနာကြီးရောဂါဆိုသည်မှာ လူ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဆွေးမြေ့စေသော ရောဂါတစ်မျိုး ဖြစ်သည်။
အနတ်စ်ဗက်န်မာလိက်(ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်မှာ - (အစ္စလာမ်သာသနာတွင်)ရောဂါဟူသည် (သူ့အလိုလို)ကူးစက်ခြင်းမရှိ၊ မကောင်းနိမိတ်ကောက်ခြင်းမရှိ၊ ငါကိုယ်တော်မြတ်သည် ‘ဖအ်လ်’ ကိုနှစ်သက်တော်မူသည်။ အချို့က ‘ဖအ်လ်’ ဟူသည် အဘယ်နည်းဟု မေးမြန်းကြရာ ကိုယ်တော်မြတ်က အမိန့်ရှိသည်မှာ ကောင်းသောစကားဆိုခြင်း(ကောင်း သောနိမိတ်ကောက်ခြင်း)ဖြစ်သည်။
متفق عليهဂျာဟိလိယဟ် အစ္စလာမ်သာသနာမပြန့်ပွါးမီအလျင်က ရှိခဲ့ကြသူများ၏ယုံကြည်ချက်ဖြစ်သည့် ရောဂါများသည် အလ္လာဟ်အရှင်မြတ်၏ စီမံခန့်ခွဲမှုမပါဘဲ သူ့အလိုလို ကူးစက်နိုင်သည်ဟူသော အယူအဆသည် မှားယွင်းကြောင်း တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က မိန့်ကြားတော်မူခဲ့သည်။ ထို့ပြင်(သွိယရဟ်)သည် လည်းမှားယွင်းသောအယူအဆဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ သွိယရဟ်ဟူသော မကောင်းနိမိတ်ကောက်ခြင်းဟူသည် ငှက်များ၊ တိရစ္ဆာန်များ၊ ရောဂါသည်များ၊ နံပါတ်များ၊ နေ့ရက်များနှင့် အခြားအရာများကို ကြားခြင်း၊ မြင်ခြင်းဖြင့် နိမိတ်ကောက်ခြင်းဖြစ်သည်။ ဟဒီးဆ်တော်တွင် သွိယရဟ် ပျံသန်းခြင်းဖြင့်နိမိတ်ကောက်ခြင်းဟူသော စကားလုံးပါရှိရခြင်းမှာ ယင်းစကားလုံးသည် တမန်တော်မြတ်မဖွားမီဂျဟိလိယ္ယဟ်ခေတ်တွင် ကျော်ကြားလှသော စကားလုံးဖြစ်သည်။ မူလတွင် ယင်းစကားလုံးကို အလုပ်တစ်ခု သို့မဟုတ် ခရီးတစ်ခု သို့မဟုတ် အခြားအရာကို အစပြုရန်ငှက်လွှတ်ကြပြီး အကယ်၍ငှက်သည် လက်ယာဘက်သို့ပျံသန်းသွားပါက အကောင်းနိမိတ်ကောက်ပြီး အစပြုကြသည်။ အကယ်၍ငှက်သည် လက်ဝဲဘက်သို့ ပျံသန်းသွားပါက မကောင်းနိမိတ်ကောက်၍ မိမိအစပြုလိုသည့်ကိစ္စကို ရပ်စဲလိုက်ပေသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ကောင်းသောနိမိတ်ကောက်ခြင်းကို နှစ်သက်တော်မူကြောင်းမိန့်ကြားထားသည်။ ကောင်းသောနိမိတ်ကောက်ခြင်းဟူသည် လူသားသည် မိမိကြားလိုက်သည့် ကောင်းမွန်သောစကားရပ် ဖြင့် ပျော်ရွှင်မှုကို ခံစားရပြီး ယင်းစကားရပ်သည် အရှင်မြတ်အား အကောင်းမြင်စိတ်ရရှိလာအောင်ပြုလုပ်ပေးသည်။
ဗရာအ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အန်ဆွာရီတို့နှင့် ပတ်သက်၍ မိန့်ကြားတော်မူသည်မှာ မုအ်မင်န် သက်ဝင်ယုံကြည်သူသာလျှင် အန်ဆွာရီတို့ကို ချစ်ခင်သည်။ မုနာဖိက် အရေခြုံမွတ်စ်လင်မ်သာလျှင် ၎င်းတို့ကို မုန်းတီးသည်။ အန်ဆွာရီတို့ကို ချစ်ခင်သူအား အလ္လာဟ်အရှင်မြတ်က ချစ်ခင်တော်မူမည်ဖြစ်ပြီး ၎င်းတို့အား မုန်းတီးသူကို အလ္လာဟ်အရှင်မြတ်က မုန်းတီးတော်မူမည်ဖြစ်သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မဒီနဟ်မြို့သား အန်ဆွာရ်များကို ချစ်ခင်ခြင်းသည် အီမာန်ပြည့်ဝမှု၏ လက္ခဏာပင်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။ ဤသည် ၎င်းတို့အနေဖြင့် အစ္စလာမ် သာသနာနှင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ကို ကူညီရာတွင် ရှေ့တန်းမှ ပါဝင်ခဲ့ခြင်း၊ မွတ်စ်လင်မ်များ ခိုလှုံနေထိုင်နိုင်ရန် ကြိုးစားအားထုတ်ခြင်း၊ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် မိမိတို့၏ အသက်နှင့် ဥစ္စာပစ္စည်းများကို သုံးစွဲလှူဒါန်းခြင်းတို့ကြောင့်ဖြစ်သည်။ ထို့အတူ ၎င်းတို့အား မုန်းတီးခြင်းသည် နိဖာက် အယောင်ဆာင်မှု၏ လက္ခဏာပင်ဖြစ်သည်။ ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အန်ဆွာရီတို့အား ချစ်ခင်သူကို အလ္လာဟ်အရှင်မြတ်က ချစ်ခင်တော်မူမည်ဖြစ်ပြီး ၎င်းတို့အား မုန်းတီးသူကို အလ္လာဟ်အရှင်မြတ်က မုန်းတီးတော်မူမည်ဖြစ်ကြောင်း ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။
အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အမှန်တရားနှင့်နီးစပ်အောင် ကြိုးစားဆောင်ရွက်ကြလော့။ မှန်ကန်သောလမ်းစဥ်ကို လိုက်နာကျင့်သုံးကြလော့။ ထို့ပြင် သင်တို့သိကြလော့။ သင်တို့အနက် တစ်ဦးတစ်ယောက်မျှ မိမိ၏အမလ်ကျင့်ဆောင်မှုကြောင့် လွှတ်မြောက်နိုင်မည်မဟုတ်ပေ။ ထိုအခါဆွဟာဗဟ်သာဝကများက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကိုယ်တော်လည်း ပါဝင်ပါသလောဟု လျှောက်ထားမေးမြန်းကြသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဖြေကြားတော်မူသည်။ ငါကိုယ်တော်လည်း လွှတ်မြောက်နိုင်မဟုတ်ပါ၊ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကရုဏာတော်နှင့် ကျေးဇူးတော်ဖြင့် ငါကိုယ် တော့်အား လွှမ်းခြုံပေးတော်မူမည်ဖြစ်သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဆွဟာဗဟ်များအား အမလ်ကျင့်ဆောင်ရန်၊ အလွန်အကျွံပြုလုပ်ခြင်းနှင့် လျှော့နည်းပျက်ကွက် ခြင်းတို့မှရှောင်ကျဉ်ကာ တတ်နိုင်သမျှ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေကြရန် တိုက်တွန်းနှိုးဆော်တော်မူခဲ့သည်။ ထို့ပြင် မိမိတို့၏ အမလ်ကျင့်ဆောင်များ၏ ရည်ရွယ်ချက်မှာ အမှန်တရားကို ရှာဖွေရန်၊ အလ္လာဟ်အရှင်မြတ်အတွက် စိတ်ရင်းစေတနာသန့်စင်စွာဖြင့်လည်း ကောင်း၊ တမန်တော်မြတ်၏ စွန္နသ်လမ်းစဉ်အတိုင်း လိုက်နာခြင်းဖြင့်လည်းကောင်း လုပ်ရပ်များကို ဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်တော်မူခဲ့သည်။ သို့မှသာလျှင် ၎င်းတို့၏ အမလ်ကျင့်ဆောင်မှုများသည် လက်ခံတော်မူခြင်းခံရမည်ဖြစ်ပြီး၊ အရှင်မြတ်၏ ရဟ်မသ်ကရုဏာတော် ချပေးခြင်းခံရရန် အတွက် အကြောင်းခံ ဖြစ်မည်ဖြစ်သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က သင်တို့အနက်မှ မည်သူတစ်ဦးတစ်ယောက်၏ အမလ်ကျင့်ဆောင်မှုတစ်ခုတည်းသည် ၎င်းအား လုံးဝလွှတ်မြောက်စေနိုင်မည် မဟုတ်ကြောင်းနှင့် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော် မဖြစ်မနေပါရှိမှသာလျှင် လွှတ်မြောက်နိုင်မည် ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ထိုအခါ ဆွဟာဗဟ်များက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ (၎င်းတွင်) ကိုယ်တော်လည်း ပါဝင်ပါသလော။ ကိုယ်တော်၏ များပြားလှသော အမလ်ကျင့်ဆောင်မှုများသည်လည်း ကိုယ်တော့်အား မလွှတ်မြောက်စေနိုင်ဘူးလားဟုလျှောက်ထားမေးမြန်းကြသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဖြေကြားတော်မူသည်။ ငါကိုယ်တော်လည်း လွှတ်မြောက်နိုင်မဟုတ်ပါ၊ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကရုဏာတော်၏ကျေးဇူးတော်ဖြင့် ငါကိုယ်တော့်အား လွှမ်းခြုံပေးတော်မူမည်ဖြစ်သည်။
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော်၏ အလျင်ရှိခဲ့ကြသော အွမ္မသ်များထဲတွင် အလ္လာဟ်အရှင်မြတ်စေလွှတ်ခဲ့သည့် တမန်တော်တိုင်းအတွက် သူ၏ အွမ္မသ်များအနက်မှ သူ့အား ကူညီသူများနှင့် နောက်လိုက်တပည့်သားချင်းများရှိခဲ့ကြသည်။ ၎င်းတို့သည် ထိုတမန်တော်၏ စွန္နသ်လမ်းစဉ်ကို လိုက်နာကြ၍၊ ထိုတမန်တော်၏ အမိန့်အတိုင်း နာခံကျင့်သုံးကြသည်။ ထို့နောက်တဖန် ထိုသူတို့၏နောက်တွင် ( ဤသို့သောသူများ )ပေါ်ပေါက်လာကြမည်။ ၎င်းတို့သည် မိမိတို့မပြုလုပ်ကြသည့်အရာများကို ပြောဆိုကြပြီး၊ မိမိတို့အား အမိန့်ပေးစေခိုင်းထားခြင်းမရှိသောအရာများကို ပြုလုပ်ကြ၏။ သို့ဖြစ်ရာ မည်သူမဆို ၎င်းတို့အား မိမိ၏လက်ဖြင့် တိုက်ခိုက်လျှင် ထိုသူသည် မုအ်မင်န်ယုံကြည်သူဖြစ်သည်။ မည်သူမဆို ၎င်းတို့အား မိမိ၏နှုတ်လျှာဖြင့် (စကားဖြင့်) တိုက်ခိုက်လျှင် ထိုသူသည် မုအ်မင်န်ယုံကြည်သူဖြစ်သည်။ မည်သူမဆို ၎င်းတို့အား စိတ်နှလုံးသားဖြင့် (မကောင်းမှုဟု မှတ်ယူပြီး) တိုက်ခိုက်လျှင် ထိုသူသည် မုအ်မင်န်ယုံကြည်သူဖြစ်သည်။ ထို ( စိတ်နှလုံးသားဖြင့် မကောင်းမှုဟု မှတ်ယူခြင်း၏ နောက်တွင်မူ ) မုန့်ညှင်းစေ့ခန့်မျှပင် အီမာန်ရှိတော့မည် မဟုတ်ပေ။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ- မိမိမတိုင်မီရှိခဲ့သော လူမျိုးစုများထံ စေလွှတ်တော်မူခြင်းခံခဲ့ရသော နဗီတမန်တော်တိုင်းအတွက် သူ၏အွမ္မသ်သားများထဲမှ ရွေးချယ်ခြင်းခံရသူများ၊ အကူအညီပေးသူများ၊ကြိုးပမ်းအားထုတ်သူများ၊ စိတ်စေတနာဖြူစင်သူများ ရှိခဲ့ကြ၏။ ထိုသူတို့သည် ထိုနဗီတမန်တော်၏ နောက်ပိုင်း ခိလာဖသ်( အုပ်ချုပ်မှု )ရာထူးအတွက် သင့်တော်သူများဖြစ်ကြကာ ထိုနဗီတမန် တော်၏ စွန္နသ်လမ်းစဉ်ကို လိုက်နာကြ၍၊ ထိုတမန်တော်၏ အမိန့်အတိုင်း နာခံကျင့်သုံးကြသည်။ထို့နောက် ထိုသူမွန်သူမြတ် ရှေ့ဆောင်ကောင်းများ၏နောက်တွင်နောက်တွင် ( ဤသို့သောသူများ )ပေါ်ပေါက်လာကြမည်။ ၎င်းတို့တွင် မည်သည့်ကောင်းခြင်းမျှ မရှိချေ။ ၎င်းတို့သည် မိမိတို့မပြုလုပ်ကြသည့်အရာများကို ပြောဆိုကြပြီး၊ မိမိတို့အား အမိန့်ပေးစေခိုင်းထားခြင်းမရှိသောအရာများကို ပြုလုပ်ကြ၏။ သို့ဖြစ်ရာ မည်သူမဆို ၎င်းတို့အား မိမိ၏လက်ဖြင့် တိုက်ခိုက်လျှင် ထိုသူသည် မုအ်မင်န်ယုံကြည်သူဖြစ်သည်။ မည်သူမဆို ၎င်းတို့အား မိမိ၏နှုတ်လျှာဖြင့် (စကားဖြင့်) တိုက်ခိုက်လျှင် ထိုသူသည် မုအ်မင်န်ယုံကြည်သူဖြစ်သည်။ မည်သူမဆို ၎င်းတို့အား စိတ်နှလုံးသားဖြင့် (မကောင်းမှုဟု မှတ်ယူပြီး) တိုက်ခိုက်လျှင် ထိုသူသည် မုအ်မင်န်ယုံကြည်သူဖြစ်သည်။ ထို ( စိတ်နှလုံးသားဖြင့် မကောင်းမှုဟု မှတ်ယူခြင်း၏ နောက်တွင်မူ ) မုန့်ညှင်းစေ့ခန့်မျှပင် အီမာန်ရှိတော့မည် မဟုတ်ပေ။