





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
ဂျာဗိရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်၍ အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဂျန္နသ်နှင့် ဂျဟန္နမ်) ဝါဂျိဗ် ထိုက်စေမည့် အချက်နှစ်ချက်မှာ အဘယ်အရာပါနည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဉ်တွဲကိုးကွယ်ခြင်းမပြုပဲ သေဆုံးခဲ့ပါက ဂျန္နသ် သုခဘုံသို့ဝင်ရောက်ရမည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဉ်တွဲကိုးကွယ်၍ သေဆုံးခဲ့ပါက ဂျဟန္နမ်ငရဲဘုံသို့ဝင် ရောက်ရမည်။
رواه مسلمပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ဂျန္နဟ် သုခဘုံကိုရရှိစေမည့်အချက်နှင့် ဂျဟန္နမ်သို့ကျရောက်စေမည့်အချက်တို့ကို မေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ၎င်းအားဖြေကြားခဲ့သည်မှာ ဂျန္နဟ်သုခဘုံကို ရရှိစေမည့်အချက်မှာ လူသားသည်အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာခဝပ်ကိုးကွယ်ပြီး အရှင်မြတ်နှင့်အတူ မည်သည့်တစ်စုံတစ်ရာကိုမျှ ယှဉ်တွဲကိုးကွယ်ခြင်းမပြုဘဲ သေဆုံးကွယ်လွန်သွားခြင်းဖြစ်သည်။ ဂျဟန္နမ်သို့ရောက်စေမည့် အချက်မှာ လူသားသည်အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဉ်တွဲကိုးကွယ်ခြင်းဖြစ်ပြီး ခဝပ်ကိုးကွယ်မှုကိုခံထိုက်ခြင်း၌လည်းကောင်း၊ အလုံးစုံကိုမွေးမြူဖန်ဆင်း ထိန်းသိမ်းစောင့်ရှောက်ခြင်း၌လည်းကောင်း၊ ဂုဏ်တော်၊နာမတော်များပိုင်ဆိုင်ရာတွင်လည်းကောင်း အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာသည်လည်း အတူပါဝင်နေသည်ဟု ယုံကြည်ချက်ထားကာ သေဆုံးကွယ်လွန်သွားခြင်းဖြစ်သည်။
စွဖ်ယာန်ဗင်န် အဗ္ဗဒုလ္လာဟ် အတ်စကဖီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော်က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးသည် ကိုယ်တော့်အပြင် အခြားမည်သူ့ထံမှ မေးမြန်းရန်မလိုအောင် အစ္စလာမ်နှင့်ပတ်သက်သည့် စကားရပ်တစ်ခုကို ကျွန်တော်မျိုးအား မိန့်ကြားတော်မူပါဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ကျွန်တော်မျိုး အလ္လာဟ်အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်ပါသည်ဟု သင်ပြောကြားပါ။ ၎င်းနောက် ကြံ့ခိုင်စွာရပ်တည်ပါ။
رواه مسلم وأحمدသာဝကာကြီး စွဖ်ယာန်ဗင်န် အဗ္ဗဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား အစ္စလာမ်ဘာသာ၏ အဓိပ္ပါယ်များအားလုံး ခြုံငုံပါဝင်သည့် စကားတစ်ရပ်ကိုသင်ကြားပေးရန် လျှောက်ထားခဲ့သည်။ သူသည် ထိုစကားအား စွဲမြဲစွာ နာယူကျင့်သုံးသွားမည်ဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ အခြားမည်သူကိုမျှ မေးမြန်းတော့မည် မဟုတ်ပါ။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝဆလ္လမ်)က မိန့်ကြားတော်မူသည်မှာ- သင်အနေဖြင့် အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်း တစ်ပါးတည်းသောအရှင်ဖြစ်ကြောင်းနှင့် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်အား ဖန်ဆင်မွေးမြူတော်မူသောအရှင်၊ ကျွန်ုပ်၏ ကိုးကွယ်ရာအရှင်၊ ကျွန်ုပ်အား ဖန်ဆင်းတော်မူသောအရှင်၊ ဖက်စပ်ယှဉ်တွဲသူမရှိဘဲ ခဝပ်ကိုးကွယ်ခြင်းခံထိုက်တော်မူသော ကျွန်ုပ်၏အရှင်ဖြစ်ကြောင်း ကျွန်တော်မျိုး သက်ဝင်ယုံကြည်ပါသည်ဟု ဝန်ခံပြောကြားပါ။ ထို့နောက် အရှင်မြတ်သတ်မှတ်ထားသည့် ဖရ်ဿ်ွ မလုပ်မနေရ တာဝန်များကိုကျေပွန်ပြီး အရှင်မြတ် တားမြစ်ထားသည့်အရာများကို စွန့်လွှတ်ကာ ထိုအပေါ်စွဲမြဲစွာရပ်တည်ပါ။
အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ် ဗင်န်အာဆ်ွ (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မုချဧကန် အလ္လာဟ်ရှင်မြတ်သည် ကိယာမသ်နေ့တွင် ကျွန်ုပ်၏အွမ္မသ်သားများအနက်မှ တစ်ဦးကို လူသားများအားလုံးရှေ့၌ ရွေးချယ်တော်မူပြီး ၎င်းအား အမလ်ဆောင်ရွက်မှုများ ရေးမှတ်ထားသည့် မှတ်တမ်းစာအုပ် ကိုးဆယ့်ကိုးအုပ်ကို ဖွင့်ပြတော်မူမည်။ စာအုပ်တိုင်းသည် မျက်စိတစ်ဆုံးရှိပေမည်။ ထို့နောက် ၎င်းအား ဤမှတ်တမ်းများအနက်မှ တစ်စုံတစ်ရာကို အသင်ငြင်းပယ်လိုသလော။ ငါအရှင်မြတ် တာဝန်ပေးထားသည့် မှတ်တမ်းရေးသားသူ(မလာအိကဟ်)များက အသင့်အား မတရားပြုခဲ့သလောဟု မေးမြန်းတော်မူမည်။ ထိုအခါ ၎င်းက အိုမွေးမြူဖန်ဆင်းတော်မူသောအရှင် မတရားမပြုခဲ့ကြပါဟု ဖြေကြားလိမ့်မည်။ ထိုအခါ အရှင်မြတ်က အသင့်ထံ၌ (ထိုအပြစ်များနှင့် ပတ်သက်၍ အငြင်းဝင်ရန်) အကြောင်းပြချက် ရှိပါသလောဟု မေးမြန်းတော်မူမည်။ ထိုအခါ၎င်းက အိုမွေးမြူဖန်ဆင်းတော်မူသောအရှင် အကြောင်းပြချက် တင်ပြရန်လည်း မရှိပါဟု ဖြေကြားမည်။ ထိုအခါအရှင်မြတ်က ကောင်းပြီ အသင်၏ ကောင်းမှုတစ်ခု ငါအရှင်မြတ်ထံတော်တွင် ရှိနေသည်။ ယနေ့ အသင်မတရားပြုခြင်းခံရမည်မဟုတ်ဟု မိန့်ကြားတော်မူမည်။ ထို့နောက် စက္ကူငယ်လေးတစ်ခုထုတ်ပေးတော်မူပြီး ယင်း၌ (أَشْهَدُ أَنْ لاَ إِلَهَ إِلاَّ اللَّهُ وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ) ‘အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင် မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကို ကျွန်တော်မျိုး သက်သေခံပါသည်။’ဟူ၍ ပါရှိသည်။ ထို့နောက်အရှင်မြတ်က ဤစက္ကူစကို သွားရောက်ချိန်စက်လော့ဟု မိန့်ကြားတော်မည်။ ထိုအခါ ၎င်းက အိုမွေးမြူဖန်ဆင်းတော်မူသောအရှင် ဤမှတ်တမ်းစာအုပ်ကြီးများနှင့် ဤစက္ကူငယ်မှာ မည်သို့ယှဥ်နိုင်ပါမည်နည်းဟု လျှောက်ထားမည်။ ထိုအခါအရှင်မြတ်က အသင့်အဖို့ မတရားမှုဟူ၍ မရှိစေရဟု မိန့်ကြားတော်မူပြီး ချိန်ခွင်ခွက်တစ်ခုတွင် မှတ်တမ်းစာအုပ်ကြီးများထည့်၍ အခြားတစ်ဖက်တွင် ကလိမဟ်တော်ရေးသားထားသည့် စက္ကူငယ်ကိုထည့်လိုက်ရာ မှတ်တမ်းစာအုပ်ကြီးများသည် အလေးချိန်ပေါ့သွားပြီး စက္ကူငယ်သည် အလေးချိန်စီးသွားမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ နာမတော်ထက်ပို၍ မည်သည့်အရာကမျှ အလေးချိန်စီးနိုင်မည် မဟုတ်ပေ။
رواه الترمذي وابن ماجهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ အလ္လာဟ်ရှင်မြတ်သည် ကိယာမသ်နေ့၌ ကိုယ်တော်၏အွမ္မသ်သားများအနက်မှ တစ်ဦးအား လူသားများအားလုံးရှေ့၌ စာရင်းစစ်ဆေးရန်အတွက် ခေါ်ယူတော်မူပြီး ၎င်းအား လောက၌ ပြုလုပ်ခဲ့သည့် အပြစ်အကုသိုလ်များ ရေးမှတ်ထားသည့် မှတ်တမ်းစာအုပ် ကိုးဆယ့်ကိုးအုပ်ကို ဖွင့်ပြတော်မူမည်ဖြစ်သည်။ စာအုပ်တိုင်းသည် မျက်စိတစ်ဆုံးရှိလိမ့်မည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်က ၎င်းအား ဤမှတ်တမ်းများတွင် ရေးမှတ်ထားသည့် အရာများအနက်မှ တစ်စုံတစ်ရာကို အသင်ငြင်းပယ်လိုပါသလော။ ငါအရှင်မြတ် တာဝန်ပေးထားသည့် မှတ်တမ်းရေးသားသူ မလာအိကဟ်များက သင်အားမတရားပြုခဲ့သလောဟု မေးမြန်းတော်မူမည်။ ထိုအခါ ၎င်းက အိုမွေးမြူဖန်ဆင်းတော်မူသောအရှင် မတရားမပြုခဲ့ကြပါဟု ဖြေကြားလိမ့်မည်။ ထိုအခါ အရှင်မြတ်က ၎င်းအား သင်လောက၌ ပြုလုပ်ခဲ့သည့်အပြစ်များအတွက် သင့်ထံ၌ အကြောင်းပြချက် ရှိပါသလော။ မေ့မှား၍ဖြစ်စေ၊ မေ့လျော့၍ဖြစ်စေ၊ မသိနားမလည်၍ဖြစ်စေ လုပ်ခဲ့မိပါသည်ဟူ၍ အကြောင်းပြချက်ပေးလိုပါသလောဟု မေးမြန်းတော်မူမည်။ ၎င်းက အိုမွေးမြူဖန်ဆင်းတော်မူသောအရှင် ကျွန်တော်မျိုးအကြောင်းပြချက် တင်ပြရန်လည်း မရှိပါဟု ဖြေကြားမည်။ ထိုအခါ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က ကောင်းပြီ အသင်၏ ကောင်းမှုတစ်ခု ငါအရှင်မြတ်ထံတော်တွင် ရှိနေသည်။ ယနေ့ အသင်မတရားပြုခြင်းခံရမည်မဟုတ်ဟု မိန့်ကြားတော်မူမည်။ ထို့နောက် စက္ကူငယ်လေးတစ်ခုထုတ်ပေးတော်မူပြီး ယင်း၌ (أَشْهَدُ أَنْ لاَ إِلَهَ إِلاَّ اللَّهُ وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ) ‘အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင် မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကို ကျွန်တော်မျိုး သက်သေခံပါသည်။’ဟူ၍ ပါရှိသည်။ ၎င်းနောက် အလ္လာဟ်အရှင်မြတ်က ထိုသူအား ဤစက္ကူငယ်ကို သွားရောက်ချိန်စက်လော့ဟု မိန့်ကြားတော်မည်။ ထိုအခါ၎င်းက အံ့သြကြီးစွာဖြင့် အိုမွေးမြူဖန်ဆင်းတော်မူသောအရှင် ဤမှတ်တမ်းစာအုပ်ကြီးများနှင့် ဤစက္ကူငယ်မှာ မည်သို့ယှဥ်နိုင်ပါမည်နည်းဟု လျှောက်ထားခဲ့သည်။ ထိုအခါအရှင်မြတ်က အသင့်အဖို့ မတရားမှုဟူ၍ မရှိစေရဟု မိန့်ကြားတော်မူပြီး ချိန်ခွင်ခွက်တစ်ခုတွင် မှတ်တမ်းစာအုပ်ကြီးများထည့်၍ အခြားတစ်ဖက်တွင် ကလိမဟ်တော်ရေးသားထားသည့် စက္ကူငယ်ကိုထည့်လိုက်ရာ မှတ်တမ်းစာအုပ်ကြီးများသည် အလေးချိန်ပေါ့သွားပြီး စက္ကူငယ်သည် အလေးချိန်စီးသွားမည်ဖြစ်သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ခွင့်လွှတ်ချမ်းသာပေးတော်မူခဲ့သည်။
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်နှင့်ဂျဟန္နမ်ကို ဖန်ဆင်းတော်မူပြီးနောက် ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)အား ဂျန္နသ်သို့စေလွှတ်တော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်က မိန့်တော်မူသည်မှာ အသင်သည် ဂျန္နသ်သုခဘုံနှင့် ၎င်းထဲ၌ သုခဘုံသားတို့အတွက် ပြင်ဆင်ထားသောအရာများကို ကြည့်ရှုလော့။ သို့ဖြစ်၍ ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)သည် ၎င်းတို့အားကြည့်ရှုပြီး ပြန်လာခဲ့သည်။ ထို့နောက် ၎င်းက လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ မည်သူမဆို ထိုဂျန္နသ်သုခဘုံအကြောင်း ကြားသိခဲ့ပါက မုချဝင်ရောက်မည်ပင်ဖြစ်သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ၎င်းဂျန္နသ်အား မနှစ်မြို့ဖွယ်ရာများနှင့် ဝန်းရံထားရန် အမိန့်ပေးတော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်က အသင်ဂျန္နသ်သို့သွားရောက်၍ ဂျန္နသ်သုခဘုံနှင့် ၎င်းထဲ၌ သုခဘုံသားတို့အတွက် ပြင်ဆင်ထားသောအရာများကို ကြည့်ရှုလော့ဟု မိန့်ကြားတော်မူသည်။ ထိုအခါဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)က ဂျန္နသ်သုခဘုံကို ကြည့်ရှုရာ မနှစ်မြို့ဖွယ်ရာများဖြင့် ဝန်းရံခြင်းခံထားရသည်ကို မြင်တွေ့ခဲ့သည်။ ထိုအခါ ၎င်းက လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ ထိုဂျန္နသ်အားမည်သူမျှပင် မဝင်ရောက်နိုင်တော့မည်ကို ကျွန်တော်မျိုး စိုးရိမ်မိပါသည်။ ထို့နောက် အရှင်မြတ်ကမိန့်တော်မူသည်မှာ အသင်သည် ဂျဟန္နမ် ငရဲဘုံနှင့် ၎င်းထဲ၌ ငရဲသားတို့အဖို့ ပြင်ဆင်ထားသောအရာများကို သွားရောက်ကြည့်ရှုလော့။ ထိုအခါ ဂျိဗ်ရီလ် (عَلَيْهِ السَّلَامُ)သည် ဂျဟန္နမ်ငရဲဘုံကို ကြည့်ရှု့ခဲ့ရာ ၎င်းမှမီးတောက်မီးလျှံများ လွင့်ဖြာထွက်နေသည်ကို မြင်တွေ့ခဲ့သည်။ ထို့နောက်ဂျိဗ်ရီလ်(عَلَيْهِ السَّلَامُ)ကပြန်လာ၍ လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ပြောဆိုပါသည်။ ထိုဂျဟန္နမ်ငရဲဘုံအား မည်သူမျှ ဝင်ရောက်လိမ့်မည်မဟုတ်ပါ။ ထိုအခါအလ္လာဟ်အရှင်မြတ်က ၎င်းဂျဟန္နမ်အား စိတ်အလိုရမ္မက်များဖြင့် ဝန်းရံထားရန်အမိန့်ပေးတော်မူခဲ့သည်။ ထို့နောက်အလ္လာဟ်အရှင်မြတ်က အသင်ဂျဟန္နမ်အား ပြန်သွားကြည့်လော့ဟုမိန့်တော်မူသည်။ထိုအခါ ဂျိဗ်ရီလ်(عَلَيْهِ السَّلَامُ)က ဂျဟန္နမ်ကိုကြည့်ရှုခဲ့ရာ ၎င်းသည် စိတ်အလိုရမ္မက်များဖြင့် ဝန်းရံခြင်းခံထားရသည်ကို တွေ့ရှိခဲ့သည်။ ထို့နောက်ပြန်လာ၍ လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ ဂျဟန္နမ်မှ မည်သူမျှ မလွတ်မြောက်နိုင်ဘဲ ဝင်ရောက်ကြမည်ကို ကျွန်တော်မျိုးစိုးရိမ်မိပါသည်။
رواه أبو داود والترمذي والنسائيတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်နှင့် ဂျဟန္နမ်ကို ဖန်ဆင်းတော်မူပြီးနောက် ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)အား သင်သည် ဂျန္နသ်သို့သွားရောက် ကြည့်ရှုလော့ဟု မိန့်ကြားတော်မူခဲ့သည်။ သို့ဖြစ်၍ ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)သည် ဂျန္နသ်အားသွားရောက်ကြည့်ရှုကာ ပြန်လာခဲ့သည်။ ၎င်းနောက် အရှင်မြတ်အား လျှောက်ထားသည်မှာ အရှင်မြတ်၏ ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ တစ်စုံတစ်ယောက်သည် ဂျန္နသ်၌ရှိသော စည်းစိမ်များ၊ မွန်မြတ်မှုများနှင့် ကောင်းခြင်းများကို ကြားသိခဲ့ပါက မုချဝင်ရောက်လိုမည်ဖြစ်ပြီး ဂျန္နသ်ရရှိရန် ကျင့်ကြံအားထုတ်မည်ဖြစ်သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ၎င်းဂျန္နသ်အား စိတ်မနှစ်မြို့ဖွယ်ရာများ၊ အမိန့်နာခံခြင်းနှင့် တားမြစ်ချက်များမှ ရှောင်ကြဉ်ခြင်းကဲ့သို့ ခက်ခဲသည့် ကျင့်ဆောင်မှုများဖြင့် ဝန်းရံတော်မူခဲ့သည်။ သို့ဖြစ်၍ ဂျန္နသ်သို့ ဝင်ရောက်လိုသူတိုင်းသည် ထိုစိတ်မနှစ်မြို့ဖွယ်ရာများကို ဖြတ်ကျော်ရမည်သာဖြစ်သည်။ အရှင်မြတ်က ဂျန္နသ်အား မနှစ်မြို့ဖွယ်ရာများဖြင့် ဝန်းရံတော်မူပြီးနောက် အို- ဂျစ်ဗ်ရီလ် အသင်ဂျန္နသ်သို့သွားရောက် ကြည့်ရှုလော့ဟု မိန့်ကြားတော်မူသည်။ ထိုအခါ ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)သည် ဂျန္နသ်အားသွားရောက်ကြည့်ရှုကာ ပြန်လာခဲ့သည် ၎င်းနောက် အရှင်မြတ်အား လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ ဂျန္နသ်သွားမည့် လမ်းတွင်ရှိသော ခက်ခဲပင်ပန်းမှုများကြောင့် ဂျန္နသ်အားမည်သူမျှပင် မဝင်ရောက်နိုင်တော့မည်ကို ကျွန်တော်မျိုး စိုးရိမ်မိပါသည်။ ၎င်းနောက် အရှင်မြတ်သည် ဂျဟန္နမ်ကို ဖန်ဆင်းတော်မူပြီးနောက် အို- ဂျစ်ဗ်ရီလ် သင်သည် ဂျဟန္နမ်သို့သွားရောက် ကြည့်ရှုလော့ဟု မိန့်ကြားတော်မူခဲ့သည်။ သို့ဖြစ်၍ ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)သည် ဂျဟန္နမ်အား သွားရောက်ကြည့်ရှုကာ ပြန်လာခဲ့သည်။ ၎င်းနောက် အရှင်မြတ်အား လျှောက်ထားသည်မှာ အရှင်မြတ်၏ ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ တစ်စုံတစ်ယောက်သည် ဂျဟန္နမ်ငရဲဘုံ၌ရှိသော အဇာဗ်ပြစ်ဒဏ်များ၊ ဆင်းရဲဒုက္ခများကို ကြားသိခဲ့ပါက လုံးဝဝင်ရောက်လိုမည် မဟုတ်ဘဲ ဂျဟန္နမ်သို့ ကျရောက်စေမည့် အကြောင်းခံများနှင့် ဝေးဝေးနေမည်ပင်ဖြစ်သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် စိတ်အလိုရမ္မက်များ၊ အရသာခံစားမှုများကို ဂျဟန္နမ်သို့ရောက်ရှိမည့် လမ်းအဖြစ် ပြုလုပ်ရန် အမိန့်ပေးတော်မူခဲ့သည်။ ထို့နောက် အို- ဂျစ်ဗ်ရီလ် အသင်ဂျဟန္နမ်သို့သွားရောက် ကြည့်ရှုလော့ဟု မိန့်ကြားတော်မူသည်။ ထိုအခါ ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)သည် ဂျဟန္နမ်အား သွားရောက်ကြည့်ရှုကာ ပြန်လာခဲ့သည်။ ၎င်းနောက် အရှင်မြတ်အား လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ ဂျဟန္နမ်၏ ပတ်လည်တွင်ရှိသော စိတ်အလိုရမ္မက်များ၊ အရသာခံစားမှုများကြောင့် ဂျဟန္နမ်မှ မည်သူမျှ မလွတ်မြောက်မည်ကို ကျွန်တော်မျိုးစိုးရိမ်မိပါသည်။
အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ် ဗင်န်အာဆ်ွ (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီအား မဖန်ဆင်းမီအလျင်နှစ်ပေါင်းငါးသောင်းကပင် အဖန်ဆင်းခံများ၏သက္ကဒီရ်သတ်မှတ်ချက်များကို ရေးဆွဲတော်မူခဲ့သည်။ ကိုယ်တော်က မိန့်တော်မူသည်မှာ- အရှင်မြတ်၏(အရ်ရှ်)ပလ္လင်တော်သည် ရေပေါ်၌ရှိတော်မူ၏။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ အလ္လာဟ်အရှင်မြတ်သည် အဖန်ဆင်းခံများ၏ ရှင်ခြင်း၊သေခြင်း၊ စားနပ်ရိက္ခာအပြင် ၎င်းတို့နှင့်သက်ဆိုင်သည့် အရေးကိစ္စအဝဝကို မိုးကောင်းကင်များနှင့် မြေပထဝီအား မဖန်ဆင်းမီ နှစ်ပေါင်းငါးသောင်းအလျင်ကပင် ‘လောင်ဟိမဟ်ဖူဇ်’ သင်ပုန်းပေါ်တွင် အသေးစိတ် သတ်မှတ်ရေးဆွဲတော်မူခဲ့သည်။ ထိုသတ်မှတ်ရေးဆွဲထားသည့်ကိစ္စများသည် အလ္လာဟ်အရှင်မြတ်၏ အလိုတော်နှင့်အညီ ဖြစ်ပေါ်လာမည်ဖြစ်သည်။ ဖြစ်ပေါ်လာသည့် ကိစ္စတိုင်းသည် အလ္လာဟ်အရှင်မြတ်၏သတ်မှတ်ဆုံးဖြတ်ချက်အရသာ ဖြစ်ပေါ်ရခြင်းဖြစ်သည်။ လူသားထံ ဆိုက်ရောက်ရန် သတ်မှတ်ထားသောအရာသည် ၎င်းထံမှ လွဲဖယ်သွားမည်မဟုတ်သလို ၎င်းထံမဆိုက်ရောက်ရန် သတ်မှတ်ထားသောအရာသည်လည်း မှားယွင်း၍ ဆိုက်ရောက်လာမည်မဟုတ်ပေ။
ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ ဧကန်မုချ လူတစ်ဦးနှင့် ရှိရ်က်၊ကုဖ်ရ်၏ အကြား၌ ဆွလာသ်စွန့်လွှတ်ခြင်းသာ ခြားနားသည်။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဖရ်ဿ်ွဆွလာသ် စွန့်လွှတ်ခြင်းကို တားမြစ်တော်မူခဲ့သည်။ ၎င်းနောက် လူတစ်ဦးနှင့် ရှိရ်က်၊ကုဖ်ရ်တို့၏အကြား၌ ဆွလာသ်စွန့်လွှတ်ခြင်းသာ ခြားထားကြောင်း အသိပေးမိန့်ကြားတော်မူခဲ့သည်။ ဆွလာသ်သည် အစ္စလာမ့်မဏ္ဍိုင်များအနက် ဒုတိယမဏ္ဍိုင်ဖြစ်သည်။ အစ္စလာမ်သာသနာ၌ ဆွလာသ်၏ အဆင့်အတန်းသည် အလွန်ပင်ကြီးကျယ်လှသည်။ အကြင်သူသည် ဆွလာသ်၏တာဝန်ကို ငြင်းဆန်၍ ဆွလာသ်ဝတ်ပြုမှုကို စွန့်လွှတ်ပါက သာသနာပညာ့ရှင်များအားလုံး တညီတညွတ်တည်း ဆုံးဖြတ်ချက်အရ ထိုသူသည် ကာဖိရ်ပင်ဖြစ်သည်။ ထို့အတူ အကြင်သူသည် ပျင်းရိပေါ့ဆကာ ဆွလာသ်ကို လုံးဝစွန့်လွှတ်ထားပါက ထိုသူသည်လည်း ကာဖိရ်ပင်ဖြစ်သည်။ ဆွဟာဗဟ်အားလုံး၏ ရပ်တည်ချက်သည် ဤအတိုင်းပင်ဖြစ်ကြောင်း ဆင့်ပြန်ချက်လာရှိထားသည်။ အကယ်၍ အကြင်သူသည် ဆွလာသ်ကို တစ်ခါတစ်ရံ စွန့်လွှတ်ပြီး တစ်ခါတစ်ရံ ဝတ်ပြုပါက ထိုသူသည် ဤပြင်းထံသည့် ခြိမ်းခြောက်မှုနှင့် သတိပေးခြင်းခံထားရသည်။
ဗုရိုင်းဒဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဧကန်အမှန်ပင် ကျွန်ုပ်တို့(မွတ်စ်လင်မ်များ)နှင့် ၎င်း(မွတ်စ်လင်မ်မဟုတ်သူ)တို့ကြား၌ရှိသည့် ပဋိညာဉ်သည် ဆွလာသ်ပင်ဖြစ်သည်။ သို့ဖြစ်၍ အကြင်သူသည် ဆွလာသ်ဆောက်တည်ခြင်းကို စွန့်လွှတ်ပါက ထိုသူသည်အမှန်ပင် ကာဖိရ်ဖြစ်သွားမည်။
رواه الترمذي والنسائي وابن ماجه وأحمدတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ ဧကန်မုချ အစ္စလာမ်ဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင် မဟုတ်သူများ၊ မုနာဖိက် အရေခြုံများကြားတွင်ရှိသည့် အကာအကွယ်ပေးခြင်း၊ ကတိသစ္စာတရားနှင့် သက်ဆိုင်သည့် ပဋိညာဉ်သည် ဆွလာသ်ပင်ဖြစ်သည်။ အကြင်သူသည် ဆွလာသ်ဆောက်တည်ခြင်းကို စွန့်လွှတ်ပါက မုချထိုသူသည် ကာဖိရ်ဖြစ်သွားမည်ဖြစ်သည်။
အုမရ်ဗင်န် ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဧကန်မုချ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မိမိတို့၏ ဘိုးဘွားများနှင့်ကျိန်ဆိုခြင်းမပြုရန် တားမြစ်ထားသည်။ အုမရ်(ရဿွိယလ္လာဟုအန်ဟု)က ပြောကြားသည်မှာ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ပါ၏။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ထိုသို့ကျိန်ဆိုခြင်းအား တားမြစ်လိုက်သည်ကို ကျွန်ုပ်ကြားလိုက်သည့်အချိန်မှစ၍ သိလျက်နှင့်ဖြစ်စေ၊ အခြားသူ၏ ကျိန်ဆိုမှုကို တစ်ဆင့်တင်ပြသည့် အနေဖြင့်ဖြစ်စေ၊ ကျွန်ုပ်သည် ဘိုးဘွားများနှင့်ကျိန်ဆိုခြင်း မပြုတော့ပါ။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ဧကန်မုချ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မိမိ၏ဘိုးဘွားများနှင့်ကျိန်ဆိုခြင်းမပြုရန် တားမြစ်တော်မူထားသည်။ ထို့ကြောင့် မည်သူမဆို ကျိန်ဆိုလိုလျှင် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍သာ ကျိန်ဆိုရမည်ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်မှအပ အခြားအရာဖြင့် ကျိန်ဆိုခြင်းမပြုရပါ။ ထို့နောက် အုမရ်ဗင်န် ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု)က ပြောပြသည်မှာ သူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ထိုသို့ကျိန်ဆိုခြင်းကိုတားမြစ်လိုက်ကြောင်း ကြားသိသည့်အချိန်မှစ၍ မိမိကိုယ်တိုင် ကျိန်ဆိုခြင်းမရှိသလို အခြားသူက အလ္လာဟ်အရှင်မြတ်မှအပ အခြားအရာဖြင့် ကျိန်ဆိုထားသည်ကို တစ်ဆင့် ပြန်လည်ပြောပြခြင်းလည်း မပြုတော့ပေ။
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကိယာမသ်နေ့၌ လူသားတို့ကြားတွင် ပထမဦးဆုံး တရားစီရင်ဆုံးဖြစ်မည့်ကိစ္စမှာ လူသတ်မှုဖြစ်သည်။
متفق عليهကိယာမသ် ရှင်ပြန်ထမည့်နေ့၌ လူအချို့က အချို့အား မတရားကျူးလွန်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ပထမဦးဆုံး တရားစီရင်မည့်ကိစ္စရပ်မှာ လူသတ်မှု၊ ဒဏ်ရာအနာတရဖြစ်စေမှုကဲ့သို့ သွေးထွက်သံယိုကိစ္စရပ်များဖြစ်သည်ဟု တမန်တော်မြတ်ကြီး (ဆွလ္လလ္လာဟုအလိုင်းဟိဝဆလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။