





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ အမွန်မြတ်ဆုံး ဇိက်ရ်တော်မှာ ‘လာအိလာဟ အိလ္လလ္လာဟ်’ ဖြစ်ပြီး အမွန်မြတ်ဆုံး ဒုအာဆုမွန်မှာ ‘အလ်ဟမ်ဒု လိလ္လာဟ်’ ဖြစ်သည်။
رواه الترمذي والنسائي في الكبرى وابن ماجهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစ္စလာမ်)က “အမွန်မြတ်ဆုံး ဇိက်ရ်တော်မှာ ‘လာအိလာဟ အိလ္လလ္လာဟ်’ ဖြစ်သည်”ဟု မိန့်ကြားတော်မူခဲ့သည်။ ထိုကလိမဟ်တော်၏ အဓိပ္ပါယ်မှာ - အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းခံထိုက်သောအရှင်မရှိ ဟူ၍ ဖြစ်သည်။ ထို့အတူ “အမွန်မြတ်ဆုံး ဒုအာဆုမွန်မှာ ‘အလ်ဟမ်ဒု လိလ္လာဟ်’ ဖြစ်သည်”ဟု မိန့်ကြားတော်မူခဲ့သည်။ ဤသည် လှပပြည့်စုံသည့် ဂုဏ်တော်အပါင်းကို ပိုင်ဆိုင်တော်မူသော၊ ချွတ်ယွင်းမှုအပေါင်းမှ ကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်သာလျှင် နိအ်မသ် စည်းစိမ်များကို ချီးမြှင့်တော်မူသောအရှင်ဖြစ်ကြောင်း ဝန်ခံပြောကြားခြင်းဖြစ်သည်။
အိဗ်နုမတ်စ်အူဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ဂျန္နသ်သုခဘုံသည် အသင်တို့အနက် တစ်ဦးတစ်ယောက်၏ ဖိနပ်သဲကြိုးထက်ပင် ၎င်းနှင့် ပို၍နီးကပ်သည်။ ဂျဟန္နမ်ငရဲဘုံသည်လည်း ထိုအတိုင်းပင်ဖြစ်သည်။
رواه البخاريတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ ဧကန်အမှန်ပင် ဂျန္နသ်သုခဘုံနှင့် ဂျဟန္နမ်ငရဲဘုံသည် လူသားနှင့် သူ၏ခြေထောက်ပေါ်တွင်ရှိသော ဖိနပ်သဲကြိုးထက်ပင်ပို၍ နီးကပ်သည်။ အဘယ့်ကြောင့်ဆိုသော် လူသားသည် တစ်ခါတစ်ရံတွင် အလ္လာဟ်အရှင်မြတ်နှစ်သက်သည့်ကောင်းမှုကို ဆောင်ရွက်လိုက်ပြီး ထိုကောင်းမှုကြောင့် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ခွင့်ရသွားသည်။ တစ်ခါတစ်ရံတွင် မကောင်းမှုကို ကျူးလွန်လိုက်ပြီး ထိုမကောင်းမှုသည် ဂျဟန္နမ်ငရဲသို့ ကျရောက်ရန် အကြောင်းခံဖြစ်သွားတတ်သည်။
အဗူစအီးဒ် အလ်ခုဒ်ရီနှင့် အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟုမာ)တို့က ဆင့်ပြန်ပြောကြားခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မွတ်စလင်မ်တစ်ဦးအပေါ်တွင် ကျရောက်လာသည့် ပင်ပန်းမှုဝေဒနာဖြစ်စေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းနာကျင်မှုဖြစ်စေ၊ (ဖြစ်လာမည့် ကိစ္စရပ်ကိုကြိုတွေးပြီး) ပူပန်မှုဖြစ်စေ၊ (ဖြစ်ပြီးသွားသော ကိစ္စရပ်အပေါ်) ပူဆွေးမှုဖြစ်စေ၊ အန္တရာယ်တစ်ခုခုဖြစ်စေ၊ (ဖြစ်နေသည့် ကိစ္စရပ်အပေါ်တွေးပြီး) စိုးရိမ်မှုသောကဖြစ်စေ၊ နောက်ဆုံး အဆူးစူးသည်ပင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်သည် ယင်းအရာများကို အကြောင်းပြု၍ ထိုသူ၏ အပြစ်များကို ပြေပျောက်စေတော်မူသည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ရှင်းလင်းမိန့်ကြားတော်မူသည်မှာ မွတ်စ်လင်မ်တစ်ဦး ခံစားရသည့် ရောဂါဝေဒနာများ၊ စိုးရိမ်ပူပန်မှုများ၊ သောကများ၊ ဘေးဥပဒ်များ၊ ဒုက္ခများ၊ အခက်အခဲများ၊ ကြောက်ရွံ့မှု၊ ငတ်မွတ်မှု စသည်တို့အပြင် နောက်ဆုံး အဆူးစူး၍ ခံစားရသည့်နာကျင်မှုပင်ဖြစ်စေ ၎င်း၏အပြစ်များကို ပြေပျောက်စေပြီး၊ အကုသိုလ်များကို ပယ်ဖျက်ပေးမည်ဖြစ်သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဂျဟန္နမ်ငရဲအား စိတ်အလိုရမ္မက်များဖြင့် ဖုံးအုပ်ထားပြီး ဂျန္နသ်သုခဘုံအား မနှစ်မြို့ဖွယ်ရာများဖြင့် ဖုံးအုပ်ထားသည်။
رواه البخاريတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်။ ဧကန်အမှန်ပင် ဂျဟန္နမ်ငရဲအား စိတ်အလိုရမ္မက်များဖြစ်သည့် ဟရာမ်တားမြစ်ချက်များကိုကျူးလွန်ခြင်း၊ ဖရ်ဿ်ွတာဝန်များကို ပေါ့လျော့ခြင်းစသည့်အရာများဖြင့် ဝန်းရံထားသည်။ ထို့ကြောင့် မည်သူမဆို စိတ်အလိုရမ္မက်နောက်သို့ လိုက်ပါက ဂျဟန္နမ်ငရဲသို့ ကျရောက်မည်ဖြစ်သည်။ ထို့အတူ ဂျန္နသ်သုခဘုံအား စိတ်မနှစ်မြို့ဖွယ်ရာများဖြစ်သည့် သာသနာ့အမိန့်များအပေါ် စွဲစွဲမြဲမြဲလိုက်နာကျင့်သုံးခြင်း၊ ဟရာမ် တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်း ၎င်းတို့အပေါ်သည်းခံခြင်း စသည့်အရာများဖြင့် ဝန်းရံထားသည်။ ထို့ကြောင့် လူတစ်ဦးသည် ထိုအချက်များအပေါ် မိမိ၏စိတ်ကို ဂျိဟာဒ်ပြုပါက ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်ဖြစ်သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ မွတ်စ်လင်မ်တစ်ဦးသည် အခြားမွတ်စ်လင်မ် တစ်ဦးအပေါ်တွင် ဝတ္တရားငါးခုရှိသည်။ ၎င်းတို့မှာ(၁) စလာမ်၏အဖြေပေးခြင်း (၂) လူမမာ သတင်းမေးခြင်း (၃) ဂျနာဇဟ်လိုက်ပါ ပို့ဆောင်ခြင်း (၄) ဖိတ်ခေါ်ကျွေးမွေးမှုကို လက်ခံခြင်း (၅) နှာချေသူကို ဆုတောင်းပေးခြင်းတို့ဖြစ်သည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မွတ်စ်လင်ညီနောင် အချင်းချင်း တစ်ဦးအပေါ်တစ်ဦးထားရှိရမည့် အချို့သောဝတ္တရားများကို ရှင်းပြတော်မူခဲ့သည်။ ၎င်းတို့အနက် ပထမဝတ္တရားမှာ မိမိအားစလာမ်ပေးသူကို စလာမ်၏ အဖြေပေးခြင်းဖြစ်သည်။ ဒုတိယဝတ္တရားမှာ လူမမာကို သွားရောက်တွေ့ဆုံကာ သတင်းမေးခြင်းဖြစ်သည်။ တတိယဝတ္တရားမှာ ဂျနာဇဟ်အား ၎င်း၏အိမ်မှ ဂျနာဇဟ်ဆွလာသ် ဝတ်ပြုရာသို့လည်းကောင်း၊ ကဗရ်သင်္ချိုင်းသို့လည်းကောင်း မြှုပ်နှံပြီးသည်အထိ လိုက်ပါပို့ဆောင်ခြင်းဖြစ်သည်။ စတုတ္ထဝတ္တရားမှာ ဝလီမဟ် မင်္ဂလာဧည့်ခံပွဲသို့ဖြစ်စေ၊ အခြားကျွေးမွေးပွဲများသို့ဖြစ်စေ ဖိတ်ကြားသည့်အခါ လက်ခံခြင်းဖြစ်သည်။ ပဉ္စမဝတ္တရားမှာ နှာချေသူကို ဆုတောင်းပေးခြင်းဖြစ်သည်။ ဤသည် နှာချေသူက “အလ်ဟမ်ဒုလိလ္လာဟ်" (ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ် အဖို့သာဖြစ်သည်)ဟု ဆိုသည့်အခါ ကြားသူက “ယရ်ဟမုကလ္လာဟ်” (အသင့်ကို အလ္လာဟ်အရှင်မြတ် ကရုဏာ သက်တော်မူပါစေ)ဟု ပြန်လည်ဖြေကြားခြင်းဖြစ်သည်။ ထို့နောက် နှာချေသူက “ယဟ်ဒီကုမွလ္လာဟု ဝယွတ်စ်လိဟ် ဗားလကွမ်” (အသင်တို့ကို အလ္လာဟ်အရှင်မြတ် လမ်းမှန်ပြပေးတော်မူပါစေ၊ အသင်တို့၏ အရေးကိစ္စကို ကောင်းမွန်အောင် ပြုလုပ်ပေးတော်မူပါစေ) ဟုဆိုရမည်။
ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ရောင်းသည့်အခါ၊ ဝယ်သည့်အခါနှင့် မိမိ၏ ရပိုင်ခွင့်ကို တောင်းဆိုသည့်အခါ သက်ညှာထောက်ထားသူကို အလ္လာဟ်အရှင်မြတ် ကရုဏာသက်တော်မူပါစေ။
رواه البخاريရောင်းချရာတွင် ဝယ်သူအပေါ် ပစ္စည်းဈေးနှုန်း အခက်မတွေ့စေဘဲ သက်ညှာသူ၊ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားဖြင့် ဆက်ဆံသူ၊ ဝယ်ယူရာတွင်လည်း မတရားရယူခြင်း၊ ပစ္စည်းကို မရမကဈေးဆစ်ခြင်းတို့မပြုဘဲ ညှာတာထောက်ထားသူ၊ ဆင်းရဲသားများ၊ မပြည့်စုံသူများထံမှ မိမိအကြွေးကို တောင်းသည့်အခါ အတင်းဓမ္မရယူခြင်းမပြုဘဲ ညှာတာထောက်ထားသူ၊ အခက်အခဲရှိနေသူများကို စောင့်ဆိုင်းပေးသူတို့အား အလ္လာဟ်အရှင်မြတ်က ကရုဏာထားတော်မူရန် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဒုအာပြုတော်မူခဲ့သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ပုဂ္ဂိုလ်တစ်ဦးသည် လူတို့အား အကြွေးပေးလေ့ရှိသည်။ ၎င်းက မိမိ၏ အခိုင်းအစေအား သင်သည် ကျပ်တည်းသူဆီသို့ အကြွေးသွားတောင်းလျှင် စောင့်ဆိုင်းပေးပြီး နူးညံ့စွာဆက်ဆံပါ။ အလ္လာဟ်အရှင်မြတ်ကလည်း ကျွန်ုပ်တို့ကို ခွင့်လွှတ်ရန် မျှော်လင့်ရသည်ဟု အမြဲပြောလေ့ရှိသည်။ သို့ဖြစ်၍ ထိုသူသည် (ကွယ်လွန်ပြီးနောက်) အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံခဲ့ရာ အရှင်မြတ်က သူ့အား ခွင့်လွှတ်တော်မူခဲ့သည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူတို့အား ငွေကြေးချေးငှားသူ၊ အကြွေးဖြင့် ရောင်းချသူ ပုဂ္ဂိုလ်တစ်ဦးအကြောင်းကို မိန့်ကြားတော်မူခဲ့သည်။ ထိုသူသည် လူတို့ထံမှ အကြွေးလိုက်ကောက်သည့် မိမိ၏ အခိုင်းအစေအား သင်သည် မတတ်နိုင်သဖြင့် အကြွေးပြန်မဆပ်နိုင်သူထံ ရောက်သည့်အခါ နူးညံ့စွာဆက်ဆံပါ။ သူ့ထံမှ အတင်းအကျပ်တောင်းဆိုခြင်းမပြုဘဲ နောက်ဆိုင်းပေးလိုက်ပါ သို့မဟုတ် အနည်းငယ်လျော့၍ရလျှင်လည်း သူ့တွင်ရှိသလောက်ကိုသာလက်ခံလိုက်ပါဟု အမြဲပြောလေ့ရှိသည်။ ထိုသူသည် အလ္လာဟ်အရှင်မြတ်က မိမိအားခွင့်လွှတ်ချမ်းသာပေးလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် ဤသို့ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ ၎င်းသူ ကွယ်လွန်ပြီးနောက် အလ္လာဟ်အရှင်မြတ်သည် သူ၏အပြစ်အကုသိုလ်များကို ခွင့်လွှတ်တော်မူခဲ့သည်။
အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။ အကြင်သူသည် သာသနာ့ပညာရှာဖွေဆည်းပူးရန် ထွက်ခွါခဲ့လျှင် ပြန်မရောက်မခြင်း ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ ရှိနေသူဖြစ်သည်။
သိရ်မိဇီကျမ်း။ဟဒီးဆ်သြဝါဒတော်၏အဓိပ္ပါယ်မှာ- အကြင်သူသည် သာသနာ့ပညာရှာဖွေရန်အတွက် မိမိနေအိမ် သို့မဟုတ် မိမိမြို့ရွာမှ ထွက်ခွာခဲ့လျှင် ထိုသူသည် မိမိ၏မိသားစုထံ ပြန်မလာမချင်း အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်လုပ်ရန် ထွက်ခွာသွားသူနှင့် ပညတ်သဘောချင်း အတူတူဖြစ်သည်။အဘယ်ကြောင့်ဆိုသော် သာသနာ့ပညာရှာဖွေသူသည် သာသနာတော်ကို ရှင်သန်စေခြင်း၊ ရှိုင်တွာန်မိစ္ဆာအား သေးသိမ်နိမ့်ကျစေခြင်း၊ စိတ်ပင်ပမ်းခြင်းတို့တွင် ဂျိဟာဒ်လုပ်သူကဲ့သို့ပင်ဖြစ်သည်။
အဗူဇရ်ဂျွန်ဒွဗ် ဗင်န် ဂျုနာဒဟ်နှင့် အဗူအဗ်ဒွရ်ရဟ်မားန် မုအားဇ် ဗင်န် ဂျဗလ် ( ရဿွိယလ္လာဟု အန်ဟုမာ )က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) မိနိ့ကြားတော်မူခဲ့သည်။ အသင် မည်သည့်အရပ်ဒေသ၌ ရှိသည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်အား ကြောက်ပါ။ မကောင်းမှုကျူးလွန်မိပါက တစ်ဆက်တည်း (ထိုအပြစ်ကို)ပယ်ဖျက်ပေးမည့် ကောင်းမှုကုသိုလ်ကို ပြုလုပ်ပါ။ လူတို့အား ကောင်းမွန်သောကိုယ်ကျင့်တရားဖြင့် ပြုမူဆက်ဆံပါ။
رواه الترمذيဤဟဒီးဆ်တော်တွင်တမန်တော်မြတ် (ဆွ) က အချက်သုံးချက် ညွှန်ကြားထားတော်မူသည်- ပထမအချက်- အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေခြင်း(သက္ကဝါ)ဖြစ်သည်။ သက္ကဝါဆိုသည်မှာ ဝါဂျိဗ်တာဝန်များကို ပြည့်စုံစွာဆောင်ရွက်ခြင်းနှင့် ဟရာမ်တားမြစ်ချက်များကို စွန့်လွှတ်ရှောင်ကြဉ်ခြင်းဖြင့် နေရာဒေသအသီးသီး၊ အချိန်အခါအမျိုးမျိုး၊ အခြေအနေအရပ်ရပ်တို့တွင် လျှို့ဝှက်ချိန် ထင်ရှားချိန်၊ ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာချိန်၊ ဘေး ဒုက္ခရောက်ချိန်နှင့် အခြားအခြေအနေအားလုံးတွင် (အရှင်မြတ်အား ကြောက်ရွံ့ရမည်)။ ဒုတိယအချက်- အကယ်၍ မကောင်းမှုတစ်စုံတရာ ကျူးလွန်မိပါက ထိုမကောင်းမှုပြီးနောက် ကောင်းမှုတစ်ခုခု ပြုလုပ်ရမည်။ ဥပမာ - ဆွလာသ်ဝတ်ပြုခြင်း၊ စွဒကဟ်ပေးခြင်း၊ ကောင်းမှုပြုခြင်း၊ ဆွေမျိုးသားချင်းများနှင့် ကောင်းမွန်စွာဆက်ဆံခြင်းနှင့် သောင်ဗဟ်အမှားဝန်ခံခြင်း စသည်တို့ဖြစ်သည်။ ဤကောင်းမှုများသည် မကောင်းမှုများကို ပယ်ဖျက်နိုင်သည်။ တတိယအချက်- လူသားအားလုံးနှင့် ကောင်းမွန်သောကိုယ်ကျင့်တရားများဖြင့် ပြုမူဆက်ဆံကြရမည်။ ဥပမာ - ပြုံးရွှင်စွာတွေ့ဆုံခြင်း၊ နူးညံ့သိမ်မွေ့စွာ ပြောဆိုဆက်ဆံခြင်း၊ ကျေးဇူးပြုခြင်းနှင့် ဒုက္ခမပေးခြင်း စသည်တို့ဖြစ်သည်။