





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗူဗက်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကျွန်ုပ်ကြားသိခဲ့သည်။ “မွတ်စ်လင်မ် နှစ်ဦးသည် ဓားကိုယ်စီဖြင့် အချင်းချင်း ရင်ဆိုင်တိုက်ခိုက်ကြသည့်အခါ သတ်သူနှင့် အသတ်ခံရသူ (နှစ်ဦးစလုံး) ငရဲမီးထဲသို့ ကျရောက်မည်ဖြစ်သည်။”ထိုအခါ ကျွန်တော်က အို- အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ သတ်သူ (ငရဲမီးထဲကျခြင်းကို သိပါသည်)။ အသတ်ခံရသူက အဘယ်ကြောင့်ကျရပါသနည်း ဟုလျှောက်ထားရာ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က “အမှန်တကယ်ပင် ထို(အသတ်ခံရ)သူသည်လည်း သူ၏ပြိုင်ဘက်ကို သတ်ရန် ဆန္ဒပြင်းပြခဲ့သူဖြစ်သည်” ဟုမိန့်တော်မူသည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မွတ်စ်လင်မ်နှစ်ဦးသည် တစ်ဦးကိုတစ်ဦး သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ဓားကိုယ်စီဖြင့် ရင်ဆိုင်တိုက်ခိုက်ကြလျှင် သတ်သူသည် မိမိ၏ ပြိုင်ဘက်ကို သတ်လိုက်သည့်အတွက် ငရဲမီးသို့ ကျရောက်မည်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ဆွဟာဗဟ် သာဝကများက အသတ်ခံရသူသည်မည်သည့်အတွက်ကြောင့် ဂျဟန္နမ်ကျရောက်သည်ကို နားမလည်နိုင်ဘဲ ဖြစ်နေခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ ထို(အသတ်ခံရ)သူသည်လည်း သူ၏ပြိုင်ဘက်ကို သတ်ရန်ဆန္ဒရှိခဲ့သည့်အတွက် ဂျဟန္နမ်တွင်ကျရခြင်းဖြစ်သည်။ သတ်လိုက်သူက သူ့ထက် လက်ဦးသွားသည့်အတွက်ကြောင့်သာ မသတ်လိုက်ရခြင်းဖြစ်သည်။
အုမရ် ဗင်န် ခသ်သွားဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူခဲ့သည်။ ဧကန်အမှန်ပင် အမလ်လုပ်ဆောင်ချက်များသည် ရည်စူးချက်အပေါ်တွင် မူတည်သည်။ လူတိုင်းသည် မိမိရည်စူးခဲ့သည့် အရာကိုသာရရှိမည်ဖြစ်သည်။ ထို့ကြောင့် အကြင်သူ၏ ဟိဂျ်ရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်အတွက်ဖြစ်ခဲ့လျှင် ထိုသူ၏ဟိဂျ်ရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်အတွက် ဖြစ်မည်။ ထို့ပြင် အကြင်သူ၏ ဟိဂျ်ရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းသည် လောကီ (အကျိုး)ရရှိရန်အတွက် သို့မဟုတ် အမျိုးသမီးတစ်ဦးအား ထိမ်းမြားရန်အတွက် ဖြစ်ခဲ့မည်ဆိုလျှင် ထိုသူ၏ ဟိဂ်ျရသ် နေရပ် စွန့်ခွာရွှေ့ပြောင်းခြင်းသည် ၎င်းသူစွန့်ခွာရွှေ့ပြောင်းခဲ့သည့် အရာအတွက်ပင် ဖြစ်လိမ့်မည်။ ဗုခါရီ၏ စာသားတွင်« ဧကန်အမှန်ပင် အမလ်လုပ်ဆောင်ချက်များသည် ရည်စူးချက်များအပေါ်တွင် မူတည်သည်။ လူတိုင်းသည် မိမိရည်စူးခဲ့သည့် အရာကိုသာရရှိမည်ဖြစ်သည်။»
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ ဧကန်အမှန် လုပ်ဆောင်ချက်အားလုံးသည် ရည်စူးချက်အပေါ်တွင် အခြေခံသည်။ ဤအမိန့်သည် ခဝပ်ကိုးကွယ်မှု၌ဖြစ်စေနှင့် အရောင်းအ၀ယ်၌ဖြစ်စေအားလုံးနှင့် သက်ဆိုင်သည့် ယေဘုယျအမိန့်ဖြစ်သည်။ သို့ဖြစ်၍ မိမိ၏အမလ်ကျင့်ဆောင်မှုဖြင့် လောကီအကျိုးကို မျှော်လင့်သူသည် ထိုအကျိုးကိုသာ ရရှိမည်ဖြစ်ပြီး ကုသိုလ်အကျိုးရရှိမည်မဟုတ်ပါ။ မိမိ၏အမလ်ကျင့်ဆောင်မှုဖြင့် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှုရရန် ရည်ရွယ်သူသည် စားခြင်း၊ သောက်ခြင်းကဲ့သို့ သာမာန်ကိစ္စမျိုးပင်ဖြစ်စေ မိမိ၏အမလ်ကျင့်ဆောင်မှုအတွက် အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ ထိုနှစ်ချက်သည် အပေါ်ယံအားဖြင့် တူညီနေသော်လည်း အမလ်ကျင့်ဆောင်မှုများတွင် ရည်စူးချက်၏ အကျိုးသက်ရောက်မှုကို ရှင်းပြရန် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ပမာပေးတော်မူခဲ့သည်။ ကိုယ်တော်က ရှင်းပြတော်မူသည်မှာ အကြင်သူသည် မိမိ၏ ဟိဂ်ျရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းအား အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်သက်ရန်အတွက် ရည်စူးခဲ့လျှင် သူ၏ဟိဂ်ျရသ်သည် တရားတော်နှင့်ကိုက်ညီကာ လက်ခံသဘောတူခြင်းခံရသည့်ဟိဂျရသ်ဖြစ်ပြီး သူ၏ရည်စူးချက် မှန်ကန်မှုကြောင့် အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ အကြင်သူသည် မိမိ၏ ဟိဂ်ျရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းအား ဥစ္စာပစ္စည်း၊ ဂုဏ်သိက္ခာ၊ အရောင်းအ၀ယ်၊ အမျိုးသမီးစသည့် လောကီအကျိုးစီးပွားအတွက် ရည်စူးခဲ့လျှင် သူ၏ဟိဂ်ျရသ်မှ သူရည်စူးလိုက်သည့် အကျိုးကိုသာ ရရှိမည်ဖြစ်ပြီး နောင်တမလွန်ဘဝတွင် မည်သည့်အကျိုးကုသိုလ်ကိုမျှ ဝေစုအဖြစ်ရရှိလိမ့်မည် မဟုတ်ပါ။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးက တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ကျွန်တော်မျိုးအား ဆုံးမတော်မူပါဟု လျှောက်ထားခဲ့သည်။ ကိုယ်တော်က « အသင်ဒေါသမထားနှင့်ဟု» မိန့်တော်မူသည်။ ထိုပုဂ္ဂိုလ်က အကြိမ်ကြိမ်လျှောက်ထားခဲ့ရာ ကိုယ်တော်က (အကြိမ်တိုင်းတွင်) «အသင်ဒေါသမထားနှင့်ဟု» မိန့်တော်မူခဲ့သည်။
رواه البخاريဆွဟာဗဟ်(ရဿွိယလ္လာဟုအန်ဟု)တစ်ဦးက တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား မိမိအား အကျိုးဖြစ်စေမည့်အရာကို ညွှန်ကြားပြသပေးရန်တောင်းဆိုခဲ့သည်။ ကိုယ်တော်က သူ့အား ဒေါသမထားရန် မိန့်ကြားတော်မူခဲ့သည်။ ဆိုလိုသည်မှာ ဒေါသဖြစ်စေသော အကြောင်းတရားများကို ရှောင်ကြဉ်ရန်၊ ဒေါသဖြစ်လျှင်လည်း မိမိကိုယ် မိမိထိန်းချုပ်ရန်နှင့် ဒေါသအလျှောက် သတ်ခြင်း၊ ရိုက်ပုတ်ခြင်း၊ ဆဲဆိုခြင်း စသည်တို့ကို မကျူးလွန်ရန်ဖြစ်သည်။ ထိုသူက ဆုံးမစကားပြောကြားရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ရာ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က “အသင်ဒေါသမထားနှင့်“ ဟူသည့် စကားအပြင် မည်သည့်စကားမျှ ထပ်မပြောခဲ့ပေ။
အုမရ်ဗင်န်ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ သူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို အားကိုးထိုက်သည့်အတိုင်း ယုံပုံအားကိုးမည်ဆိုလျှင် နံနက်ခင်းတွင် ဝမ်းဗိုက် ဟောင်းလောင်းဖြင့် ထွက်သွားကြပြီး ညနေတွင် ဝမ်းဗိုက်ပြည့်လျက် ပြန်လာကြသည့် ငှက်များကို အလ္လာဟ်အရှင်မြတ်က ရိုဇီရိက္ခာချီးမြှင့်သကဲ့သို့ သင်တို့အား ရိုဇီရိက္ခာချီးမြှင့်တော်မူမည်ဖြစ်သည်။
رواه الترمذي وابن ماجه وأحمدတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်ုပ်တို့အား လောကီရေးနှင့် သာသနာရေးကိစ္စများ၌ အကျိုးရှိသောအရာများကို ရယူခြင်းနှင့် ဆိုးကျိုးဖြစ်စေသောအရာများကို ဖယ်ရှားခြင်းတို့တွင် အလ္လာဟ်အရှင်မြတ်အပေါ် အားကိုးအားထားပြုရန် တိုက်တွန်းထားသည်။ အဘယ်ကြောင့်ဆိုသော် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသော အရှင်မြတ်မှအပ အခြားမည်သူမျှ ပေးကမ်းချီးမြှင့်ခြင်း၊ တားဆီးပိတ်ပင်ခြင်း၊ ဆိုးကျိုးဖြစ်စေခြင်း၊ ကောင်းကျိုးပေးခြင်းတို့ကို မပြုလုပ်နိုင်ပေ။ ထို့ပြင် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ် မှန်ကန်စွာယုံကြည်အားကိုး၍ အကျိုးရှိသော အရာများကို ဆောင်ကြဥ်းပေးကာ ဆိုးကျိုးဖြစ်စေသော အရာများကို ဖယ်ရှားပေးမည့် အကြောင်းခံများကိုပြုလုပ်ရန်လည်း တိုက်တွန်းထားသည်။ ကျွန်ုပ်တို့သည် ထိုအတိုင်းလိုက်နာဆောင်ရွက်နေသရွေ့ နံနက်ခင်းတွင် ဆာလောင်လျက် ထွက်သွားကြကာ ညနေတွင် ဝမ်းဗိုက်အပြည့်ဖြင့် ပြန်လာကြသော ငှက်များကို အလ္လာဟ်အရှင်မြတ်က ရိုဇီရိက္ခာ ချီးမြှင့်သကဲ့သို့ ကျွန်ုပ်တို့ကိုလည်း ရိုဇီရိက္ခာချီးမြှင့်တော်မူမည်ဖြစ်သည်။ ငှက်တို့၏လုပ်ရပ်သည် အကြောင်းခံကိုစွန့်လွှတ်ခြင်း၊ ပျင်းရိခြင်းမရှိဘဲ ရိုဇီရိက္ခာကိုကျိုးစားရှာဖွေသည့် အကြောင်းခံတစ်ခုပင်ဖြစ်သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော၊ ကြီးကျယ်မြင့်မြတ်တော်မူသော မိမိ၏အရှင်မြတ်ထံတော်မှတစ်ဆင့် ဆင့်ပြန်ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ « ကျွန်တစ်ဦးသည် အပြစ်အကုသိုလ်တစ်ခုကို ကျူးလွန်ခဲ့ပြီးနောက် ၎င်းက အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်ကို ခွင့်လွှတ်တော်မူပါဟု တောင်းခံခဲ့သည်။ ထိုအခါ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်က မိန့်ကြားတော်မူသည်မှာ ငါအရှင်မြတ်၏ကျွန်သည် အပြစ်ကျူးလွန်ခဲ့ပြီးနောက် ၎င်းထံတွင် အပြစ်အကုသိုလ်တို့ကို ခွင့်လွှတ်တော်မူသောအရှင်၊ ပြစ်မှုတို့ကို အရေးယူတော်မူသောအရှင် ရှိကြောင်းသိရှိခဲ့သည်။ ၎င်းနောက် ထိုသူသည် အပြစ်ကို ပြန်လည်ကျူးလွန်ခဲ့သည်။ ထို့နောက် ၎င်းက အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်ကို ခွင့်လွှတ်တော်မူပါဟု တောင်းခံခဲ့သည်။ ထိုအခါ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်က မိန့်ကြားတော်မူသည်မှာ ငါအရှင်မြတ်၏ကျွန်သည် အပြစ်ကျူးလွန်ခဲ့ပြီးနောက် ၎င်းထံတွင် အပြစ်အကုသိုလ်တို့ကို ခွင့်လွှတ်တော်မူသောအရှင်၊ ပြစ်မှုတို့ကို အရေးယူတော်မူသောအရှင် ရှိကြောင်းသိရှိခဲ့သည်။ ၎င်းနောက် ထိုသူသည် အပြစ်ကို ပြန်လည်ကျူးလွန်ခဲ့သည်။ ထို့နောက် ၎င်းက အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်ကို ခွင့်လွှတ်တော်မူပါဟု တောင်းခံခဲ့သည်။ ထိုအခါ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်က မိန့်ကြားတော်မူသည်မှာ ငါအရှင်မြတ်၏ကျွန်သည် အပြစ်ကျူးလွန်ခဲ့ပြီးနောက် ၎င်းထံတွင် အပြစ်အကုသိုလ်တို့ကို ခွင့်လွှတ်တော်မူသောအရှင်၊ ပြစ်မှုတို့ကို အရေးယူတော်မူသောအရှင် ရှိကြောင်းသိရှိခဲ့သည်။ ငါအရှင်မြတ်သည် ငါ၏ကျွန်ကို ခွင့်လွှတ်တော်မူလိုက်ပြီဖြစ်၏။ ထို့ကြောင့် သင်သည် မိမိအလိုရှိရာကို လုပ်နိုင်ပြီဖြစ်သည်။»
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏အရှင်မြတ် ထံတော်မှတစ်ဆင့် ဆင့်ပြန်ပြောကြားသည်။ ကျေးကျွန်တစ်ဦးသည် အပြစ်အကုသိုလ်ကျူးလွန်ပြီးနောက် အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်ကို ခွင့်လွှတ်တော်မူပါဟု တောင်းခံခဲ့သည်။ ထိုအခါ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်။ ငါအရှင်မြတ်၏ကျွန်သည် အပြစ်အကုသိုလ်ကိုကျူးလွန်ခဲ့သည်။ ထို့နောက် သူ့တွင် အပြစ်တို့ကို ခွင့်လွှတ်တော်မူသောအရှင်၊ ဖုံးကွယ်ပေးတော်မူသောအရှင်၊ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင် သို့မဟုတ် အရေးယူနိုင်တော်မူသောအရှင် ရှိကြောင်းကို သိခဲ့သည်။ ငါအရှင်မြတ်သည် သူ့ကို ခွင့်လွှတ်တော်မူလိုက်ပြီဖြစ်၏။ ၎င်းနောက် ထိုသူသည် အပြစ်ကို ပြန်လည်ကျူးလွန်ခဲ့သည်။ ထို့နောက် ၎င်းက အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်ကို ခွင့်လွှတ်တော်မူပါဟု တောင်းခံခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်။ ငါအရှင်မြတ်၏ကျွန်သည် အပြစ်အကုသိုလ်ကိုကျူးလွန်ခဲ့သည်။ ထို့နောက် သူ့တွင် အပြစ်တို့ကို ခွင့်လွှတ်တော်မူသောအရှင်၊ ဖုံးကွယ်ပေးတော်မူသောအရှင်၊ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင် သို့မဟုတ် အရေးယူနိုင်တော်မူသောအရှင် ရှိကြောင်းကို သိခဲ့သည်။ ငါအရှင်မြတ်သည် ငါ၏ကျွန်အား ခွင့်လွှတ်တော်မူလိုက်ပြီဖြစ်သည်။ ၎င်းနောက် ထိုသူသည် အပြစ်ကို ပြန်လည်ကျူးလွန်ခဲ့သည်။ ထို့နောက် ၎င်းက အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်ကို ခွင့်လွှတ်တော်မူပါဟု တောင်းခံခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်။ ငါအရှင်မြတ်၏ကျွန်သည် အပြစ်အကုသိုလ်ကိုကျူးလွန်ခဲ့သည်။ ထို့နောက် သူ့တွင် အပြစ်တို့ကို ခွင့်လွှတ်တော်မူသောအရှင်၊ ဖုံးကွယ်ပေးတော်မူသောအရှင်၊ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင် သို့မဟုတ် အရေးယူနိုင်တော်မူသောအရှင် ရှိကြောင်းကို သိခဲ့သည်။ ငါအရှင်မြတ်သည် ငါ၏ကျွန်အား ခွင့်လွှတ်တော်မူလိုက်ပြီဖြစ်သည်။ သို့ဖြစ်၍ ၎င်းသည်အပြစ်အကုသိုလ် ကျူးလွန်ပြီး ယင်းအပြစ်ကို စွန့်လွှတ်ကာ နောင်တရ၍ ထိုအပြစ်ကို ထပ်မလုပ်ရန် ဆုံးဖြတ်ချက်ချနေသမျှ မိမိအလိုရှိရာကို လုပ်နိုင်ပြီဖြစ်သည်။ သို့သော် အကုသိုလ်ပြုချင်သည့်စိတ်က သူ့အားလွှမ်းမိုးသွားပြီး နောက်တစ်ကြိမ် အပြစ်ကျူးလွန်လိုက်သည်။ သူသည် ဤအတိုင်း အပြစ်ကျူးလွန်ပြီးနောက် ဝန်ချတောင်းပန်နေသ၍ ငါအရှင်မြတ်သည် သူ့အားခွင့်လွှတ်တော်မူမည်ဖြစ်သည်။ ဧကန်အမှန်ပင် သောင်ဝ်ဗဟ်အမှားဝန်ချတောင်းပန်မှုသည် ၎င်းမတိုင်ခင်က ကျူးလွန်ခဲ့သည့် အပြစ်အကုသိုလ်တို့အား ပယ်ဖျက်ပေးသည်။
အဗ်ဒုလ္လာဟ် ဗင်န် အမ်ရ် (ရဿွိယလ္လာဟုအန်ဟုမာ)ကဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဧကန်မုချ တရားမျှတသူများသည် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် ကြီးကျယ် မြင့်မြတ်တော်မူသော မဟာကရုဏာတော်ရှင်၏ လက်ယာဘက်တွင် နူရ်အလင်းရောင်နှင့်အတိပြီးသော ပလ္လင်များထက်ဝယ်ရှိကြလိမ့်မည်။အလ္လာဟ်အရှင်မြတ်၏ လက်တော်နှစ်ဘက်သည် လက်ယာပင်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အမိန့်ဆုံးဖြတ်ချက်၌လည်းကောင်း၊ မိမိတို့၏ မိသားစုများတွင်လည်းကောင်း၊ မိမိတို့ တာဝန်ယူရသည့် ကိစ္စတို့၌လည်းကောင်း တရားမျှတမှုရှိကြသည်။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မိမိတို့၏ လက်အောက်ခံများ၊ အုပ်ချုပ်ခံများ၊ မိသားစုဝင်များကြားတွင် မှန်ကန်၊မျှတစွာ အုပ်ချုပ်သူများသည် ကိယာမသ်နေ့၌ ဂုဏ်ပြုချီးမြှောက်ခြင်းခံရပြီး နူးရ်အလင်းရောင်ဖြင့် ဖန်ဆင်းထားသည့် အဆင့်အတန်းမြင့်မားလှသောပလ္လင်များပေါ်တွင် ထိုင်လျက်ရှိနေကြလိမ့်မည်။ ထိုပလ္လင်များသည် မြင့်မြတ်တော်မူသော မဟာကရုဏာတော်ရှင်၏ လက်ယာဘက်တွင်ရှိမည်ဖြစ်သည်။ ချို့တဲ့မှုအပေါင်းမှ ကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်၏ လက်တော်နှစ်ဘက်သည် လက်ယာပင်ဖြစ်သည်။
ဂျရီးရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ နူးညံ့သိမ်မွေ့မှုမရှိသူသည် ကောင်းခြင်းဟူသ၍တို့မှလက်မဲ့ဖြစ်သွားပေသည်။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အသိပေးမိန့်ကြားထားသည်မှာ နူးညံ့သိမ်မွေ့မှုမရှိ သောသူသည် လောကီ၊ လောကုတ္တရာနှစ်ဌာန၌ဖြစ်စေ၊ မိမိ၏အရေးကိစ္စ၌ဖြစ်စေ၊ အခြားသူများနှင့်ဆက်ဆံသည့်အခါ၌ဖြစ်စေ ကောင်းခြင်းများမရရှိနိုင်သောကြောင့် ကောင်းခြင်းဟူသမျှမှ လက်မဲ့ဖြစ်သွားပေသည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ အတင်းပြောခြင်းသည် အဘယ်အရာကို ခေါ်ဆိုကြောင်း အသင်တို့သိကြပါသလော။ သာဝကကြီးများက အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည်ဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အသင့်ညီနောင်နှင့်ပတ်သက်၍ ၎င်းမနှစ်မြို့သောအရာကို ပြောဆိုခြင်းပင်ဖြစ်သည်။အကယ်၍ ကျွန်တော်ပြောလိုက်သည့်အရာသည် ကျွန်တော့်ညီနောင်၌ အမှန်တကယ်ရှိနေပါက မည်သို့ပါနည်းဟု ကိုယ်တော့်အား မေးမြန်းသည့်အခါ ကိုယ်တော်က အကယ်၍ သင်ပြောလိုက်သည့်အရာသည် ၎င်းထံတွင် အမှန်တကယ်ရှိမှသာ သင်အတင်းပြောဆိုခြင်းဖြစ်ပြီး အမှန်တကယ်မရှိပါက သင်သည် သူ့အား စွပ်စွဲလိုက်ခြင်းပင်ဖြစ်သည်။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဟရာမ် တားမြစ်ထားသော အတင်းပြောခြင်း၏ အဓိပ္ပါယ်ကို ရှင်းပြတော်မူခဲ့သည်။ အတင်းပြောခြင်းဟူသည် အကွယ်တွင်ရှိသော မွတ်စ်လင်မ်နှင့် ပတ်သက်၍ ၎င်းမနှစ်မြို့သည့်အရာကို ပြောဆိုခြင်းဖြစ်ပြီး ထိုအကြောင်းအရာသည် ၎င်း၏ရုပ်ဆင်းသဏ္ဍာန်နှင့်သက်ဆိုင်သည်ဖြစ်စေ သို့မဟုတ် ကိုယ်ကျင့်တရားနှင့် သက်ဆိုင်သည်ဖြစ်စေ အတူတူပင်ဖြစ်သည်။ ဥပမာ - မျက်စိတစ်ဖက်ကန်းသူ၊ လှည့်စားသူ၊ လိမ်လည်သူ စသည်ဖြင့် မကောင်းသည့် အချင်းလက္ခဏာများဖြင့် ခေါ်ဆိုခြင်းဖြစ်ပြီး ထိုအကျင့်စရိုက်များသည် သူ့ထံတွင်အမှန်တကယ်ရှိနေပါက အတင်းဖြစ်သည်။ အကယ်၍ ထိုအကျင့်စရိုက်များသည် သူ့၌အမှန်တကယ်မရှိပါက အတင်း ပြောခြင်းထက်ပို၍အပြစ်ကြီးပြီး စွပ်စွဲရာရောက်မည်။ ဤသည် လူတစ်ဦးတွင်မရှိသည့်အရာကို စွပ်စွဲပြောဆိုလိုက်ခြင်းဖြစ်သည်။
ခေါင်လဟ် အလ်အန်စွာရီယဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်ကို ကျွန်မကြားသိခဲ့သည်။ လူတစ်ချို့သည် အလ္လာဟ်အရှင်မြတ်၏ပစ္စည်းများကို မမှန်မကန် သုံးစွဲကြသည်။ ထို့ကြောင့် ၎င်းတို့အတွက် ကိယာမသ်နေ့တွင် ငရဲမီးရှိသည်။
رواه البخاريတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မွတ်စ်လင်မ်တို့၏ ဥစ္စာပစ္စည်းများကို မမှန်ကန်သောနည်းဖြင့် သုံးစွဲကြသူများ၊ ဥစ္စာပစ္စည်းများကို မတရားသဖြင့် ရယူကြသူများနှင့် စပ်လျဉ်း၍ အသိပေးမိန့်ကြားခဲ့သည်။ ၎င်း၏ဆိုလိုရင်း၌ ဥစ္စာပစ္စည်းကို မတရားသဖြင့် စုဆောင်းရှာဖွေခြင်း၊ မသုံးစွဲသင့်သည့်နေရာများတွင် သုံးစွဲခြင်းစသည်တို့အားလုံးပါဝင်သည်။ ထိုလုပ်ရပ်ထဲ၌ ဘမဲ့ကလေးများ၏ ပစ္စည်းဥစ္စာများကို စားသုံးခြင်း၊ ဝက်ဖ် လှူဒါန်းထားသောဥစ္စာပစ္စည်းအား မစားထိုက်ဘဲစားသုံးခြင်း၊ ယုံကြည်စွာအပ်နှံထားသော ပစ္စည်းများကို ပေးရန်ငြင်းဆိုခြင်း၊ အများပိုင်ပစ္စည်းများကို မယူထိုက်ဘဲရယူခြင်း စသည်တို့အားလုံးပါဝင်သည်။ သို့ဖြစ်၍ ကိယာမသ်နေ့တွင် ထိုသို့ပြုကြသူတို့၏အစားသည် ဂျဟန္နမ်ငရဲမီးပင်ဖြစ်ကြောင်း တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားထားသည်။