





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗူအိုမာမဟ် အေယားစ် ဗင်န် စအ်လဗဟ် အလ်ဟာရိစီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ "မည်သူမဆို မိမိ၏(မုသားလိမ်လည်)ကျိန်ဆိုမှုဖြင့် မွတ်စ်လင်မ်တစ်ဦး၏ အခွင့်အရေးကို ဖြတ်ယူသိမ်းပိုက်လျှင် အလ္လာဟ်အရှင်မြတ်သည် ဂျဟန္နမ်ငရဲမီးကို ထိုသူအတွက် ထိုက်တန်စေတော်မူပြီး၊ ၎င်းအပေါ်၌ ဂျန္နသ်သုခဘုံကို ဟရာမ်အဖြစ်သတ်မှတ်တော်မူမည်။ ထိုအခါ လူတစ်ဦးက ကိုယ်တော့်အား "အိုအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အကယ်၍ ထိုအရာသည် မပြောပလောက်သောအရာဖြစ်လျှင်ပင်လော"ဟု လျှောက်ထားမေးမြန်းရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သွားတိုက်တံပြုလုပ်ရာတွင် အသုံးပြုသော ကိုင်းလေးတစ်ချောင်းမျှသာဖြစ်စေကာမူ ဤပြစ်ဒဏ်ပင် ဖြစ်သည်"ဟု မိန့်ကြားတော်မူခဲ့သည်။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မည်သည့်မွတ်စ်လင်မ်၏အ ခွင့်အရေးကိုမျှ ဖြတ်ယူသိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့် မဟုတ်မမှန် လိမ်လည်ကျိန်ဆိုခြင်းမှ သတိပေးတားမြစ်တော်မူခဲ့သည်။ စင်စစ် ထိုသို့ပြုလုပ်ခြင်းသည် လူသားအား ဂျဟန္နမ်ငရဲနှင့်ထိုက်တန်စေပြီး ဂျန္နတ်သုခဘုံမှ ကင်းဝေးစေပြီး၊ ယင်းသည် ကြီးလေးသောအပြစ်အကုသိုလ်များထဲမှ ဖြစ်ကြောင်း ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ ထိုအခါ လူတစ်ဦးက "အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျိန်ဆိုခဲ့သည့်အရာသည် မပြောပလောက်သည့် အရာဖြစ်ခဲ့လျှင်လည်း ဤပြစ်ဒဏ်ပင်လား"ဟု လျှောက် ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သွားတိုက်တံပြုလုပ်ရာတွင် အသုံးပြုသော ကိုင်းလေးတစ်ချောင်းမျှသာဖြစ်စေကာမူ ဤပြစ်ဒဏ်ပင် ဖြစ်သည်"ဟု မိန့်ကြားတော်မူခဲ့သည်။
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ "အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် နာမကျန်းဖြစ်နေသူထံကြွမြန်းရောက်ရှိသွားသည့်အခါ ၎င်းအတွက် ဤသို့ ဒုအာပြုပေးတော်မူလေ့ရှိသည်- «أَذْهِبِ الْبَاسَ، رَبَّ النَّاسِ، وَاشْفِ أَنْتَ الشَّافِي، لَا شِفَاءَ إِلَّا شِفَاؤُكَ، شِفَاءً لَا يُغَادِرُ سَقَمًا». အို လူသားတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ဘေးဒုက္ခကို ဖယ်ရှားတော်မူပါ။ ပြင်းထန်တယ့် ဝေဒနာကို ကင်းဝေးစေတော်မူပါ။ ရောဂါကို သက်သာပျောက်ကင်းစေတော်မူပါ။ အရှင်မြတ်သာလျှင် သက်သာပျောက်ကင်းမှုကို ပေးနိုင်တော်မူသောအရှင် ဖြစ်တော်မူပါ၏။ အရှင်မြတ်ပေးသနားတော်မူသော ပျောက်ကင်းချမ်းသာမှုမှတစ်ပါး အခြားသော ပျောက်ကင်းချမ်းသာမှု မရှိပါ။ မည်သည့်ရောဂါဝေဒနာမျှ မကျန်ရစ်စေမည့် ပျောက်ကင်းချမ်းသာမှုကို ပေးသနားတော်မူပါ။"
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် နာမကျန်းဖြစ်နေသူတစ်ဦးအား သွားရောက်ကြည့်ရှုသောအခါ ထိုလူနာအတွက် ဤသို့ ဒုအာပြုပေးတော်မူလေ့ရှိသည်- အို- အလ္လာဟ်အရှင်မြတ်၊ ပြင်းထန်သော ရောဂါဝေဒနာကို ဖယ်ရှားပေးတော်မူပါ။ အိုလူသားတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ၎င်းတို့အား ပြုစုပျိုးထောင်တော်မူသောအရှင်၊ ဤရောဂါဝေဒနာကို သက်သာပျောက်ကင်းစေတော်မူပါ။ အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူပါသည်။ အရှင်မြတ်သာလျှင် အမှန်တကယ် သက်သာပျောက်ကင်းစေနိုင်တော်မူသောအရှင်ဖြစ်ပါသည်။ ကျွန်တော်မျိုးသည် အရှင်မြတ်၏ အတ်ရှာဖီ (သက်သာပျောက်ကင်းစေတော်မူသောအရှင်)ဟူသော နာမတော်ဖြင့် အရှင်မြတ်ထံ အကြောင်းခံ၍ တောင်းခံအပ်ပါသည်။ လူနာအတွက် အရှင်မြတ်ပေးသနားတော်မူသော ပျောက်ကင်းချမ်းသာမှုမှတစ်ပါး အခြားသော ပျောက်ကင်းချမ်းသာမှု မရှိပါ။ မည်သည့်ရောဂါဝေဒနာမျှ မကျန်ရစ်စေမည့် ပျောက်ကင်းချမ်းသာမှုကို ပေးသနားတော်မူပါ။"
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ “အလ္လာဟ်အရှင်မြတ်၏ လမ်းတော်(ဂျိဟာဒ်ပြုခြင်း)၌ သင်သုံးစွဲခဲ့သော ဒီနာရ်(ရွှေဒင်္ဂါး)တစ်ပြား၊ ကျွန်တစ်ဦးကို လွတ်မြောက်ရန် သင်သုံးစွဲခဲ့သော ဒီနာရ်တစ်ပြား၊ ဆင်းရဲသားတစ်ဦးအား စွဒ်ကဟ်အလှူဒါနအဖြစ် သင်ပေးခဲ့သော ဒီနာရ်တစ်ပြားနှင့် သင့်မိသားစုအတွက် သင်သုံးစွဲခဲ့သော ဒီနာရ်တစ်ပြားတို့အနက် အကျိုးကုသိုလ်အကြီးမားဆုံးမှာ သင့်မိသားစုအတွက် သင်အသုံးပြုခဲ့သော ဒီနာရ်ပင်ဖြစ်သည်။”
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် လှူဒန်းသုံးစွဲမှု အမျိုးအစားအချို့ကို ဖော်ပြရာတွင် “အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်ပြုခြင်းတွင် သင်အသုံးပြုခဲ့သော ဒီနာရ်တစ်ပြား၊ ကျေးကျွန်တစ်ဦးဦးအား သူကောင်းပြုရာတွင် သင်အသုံးပြုခဲ့သော ဒီနာရ်တစ်ပြား၊ လိုအပ်နေသော ဆင်းရဲသားတစ်ဦးအား စွဒ်ကဟ်အလှူဒါနအဖြစ် သင်ပေးခဲ့သော ဒီနာရ်တစ်ပြားနှင့် သင်၏ဇနီးနှင့် သားသမီးများအတွက် သင်အသုံးပြုခဲ့သော ဒီနာရ်တစ်ပြား” ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။ ထို့နောက် ၎င်းတို့အနက် အလ္လာဟ်အရှင်မြတ်ထံတွင် အကျိုးကုသိုလ်အကြီးမားဆုံးမှာ သင့်အပေါ်တွင် သုံးစွဲရန်တာဝန်ရှိသော သင်၏မိသားစုဝင်များအတွက် သင်အသုံးပြုခဲ့သော ဒီနာရ်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။
အဗ်ဒုလ္လာဟ် ဗင်န် အမ်ရ် ဗင်န် အာဆ်ွ (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ “အသင်သည် တစ်နှစ်ပတ်လုံး ရိုဇာဥပုသ်စောင့်ပြီး တစ်ညလုံး ဆွလားသ်ဝတ်ပြုလေသလော” ဟု ကိုယ်တော်မြတ်က မေးမြန်းရာ၊ ကျွန်ုပ်က “မှန်ပါသည်” ဟု လျှောက်ထားလေသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က “အသင်သည် ထိုသို့ပြုလုပ်ခဲ့လျှင် မျက်စိများ အားနည်းလာပြီး ခန္ဓာကိုယ်မှာ ပင်ပန်းနွမ်းနယ်လာလိမ့်မည်။ တစ်နှစ်ပတ်လုံး ရိုဇာဥပုသ်စောင့်ထိန်းသူမှာ (စင်စစ်) ရိုဇာဥပုသ်မစောင့်ထိန်းခဲ့ခြင်းသာ ဖြစ်၏။ (တစ်လလျှင်) သုံးရက် ရိုဇာဥပုသ်စောင့်ထိန်းခြင်းသည် တစ်နှစ်ပတ်လုံး ရိုဇာဥပုသ်စောင့်ထိန်းခြင်းနှင့် အတူတူပင် ဖြစ်သည်။” ဟု မိန့်တော်မူသည်။ ထိုအခါ ကျွန်ုပ်က “ကျွန်တော်မျိုးသည် ထို့ထက်ပို၍ တတ်စွမ်းနိုင်ပါသည်” ဟု လျှောက်ထားရာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က “သို့ဆိုလျှင် ဒါဝူဒ်(အလိုင်ဟစ္စလာမ်) ရိုဇာစောင့်ထိန်းသကဲ့သို့ အသင်ရိုဇာစောင့်ထိန်းလော့။ ၎င်းသည် တစ်ရက် ရိုဇာဥပုသ်စောင့်ထိန်းပြီး၊ တစ်ရက် ရိုဇာမထားဘဲနေလေ့ရှိသည်။ ထို့ပြင် ရန်သူနှင့် ရင်ဆိုင်ရချိန်တွင်လည်း ထွက်မပြေးပေ။” ဟု မိန့်တော်မူသည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ အိဗ်နုအမရ်(ရဿွိယလ္လာဟုအန်ဟု)သည် တစ်နှစ်ပတ်လုံး ဝါလွှတ်ခြင်းမရှိဘဲ ရိုဇာဥပုသ်စောင့်ထိန်းပြီး၊ တစ်ညလုံး ဆွလာသ်ဝတ်ပြုနေကြောင်း သတင်းရောက်ရှိလာသောအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအား ထိုသို့ပြုလုပ်ခြင်းမှ တားမြစ်တော်မူကာ “အသင် ရိုဇာဥပုသ်စောင့်ထိန်းပါ၊ ဝါလည်းလွှတ်ပါ၊ ည၌ ဆွလာသ်ဝတ်ပြုပါ၊ အိပ်စက်အနားလည်း ယူပါ” ဟု မိန့်တော်မူခဲ့သည်။ ထို့ပြင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ၎င်းအား တစ်နှစ်ပတ်လုံး ရိုဇာစောင့်ထိန်း ခြင်းနှင့် တစ်ညလုံး (မအိပ်ဘဲ) ဆွလာသ်ဝတ်ပြုခြင်းမှ တားမြစ်တော်မူကာ “အသင်သည် ထိုသို့ပြုလုပ်မည်ဆိုလျှင် သင်၏မျက်စိမှာ အားနည်းလာပြီး ချိုင့်ဝင်သွားလိမ့်မည်။ သင်၏ ခန္ဓာကိုယ်မှာ အားနည်းလာပြီး နုံးချည့်လာလိမ့်မည်။ တစ်နှစ်ပတ်လုံး ရိုဇာဥပုသ်စောင့်ထိန်းခဲ့၏။ (စင်စစ်) သူသည် ရိုဇာဥပုသ်မစောင့်ထိန်းခဲ့ခြင်းသာ ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် တားမြစ်ချက်ကို ဖီဆန်သောကြောင့် ရိုဇာစောင့်ထိန်းခြင်း၏ အကျိုးကို မရရှိသည့်အပြင် (ရိုဇာအမြဲစောင့်ထိန်းခြင်းဖြင့် ခွင့်ပြုထားသည့် နေ့ရက်များတွင်ပါ မစားမသောက်ဘဲ) ဆက်လက်ရှောင်ကြဉ်ခြင်းကြောင့်ပင် ဖြစ်သည်။ ထို့နောက် တမန်တော်မြတ်(တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအား တစ်လလျှင် သုံးရက် ရိုဇာဥပုသ်စောင့်ထိန်းရန် လမ်းညွှန်တော်မူခဲ့ပြီး ယင်းသည် တစ်နှစ်ပတ်လုံး ရိုဇာဥပုသ်စောင့်ထိန်းခြင်းနှင့် တူကြောင်း မိန့်ကြားခဲ့သည်။ အကြောင်းမှာ ကောင်းမှုတစ်ခု၏ အကျိုးခံစားခွင့်သည် ဆယ်ဆအထိ တိုးပွားတတ်သောကြောင့် သုံးရက်သည် ရက်သုံးဆယ်နှင့် ညီမျှသွားသည်။ ဤသို့ဖြင့် လတိုင်း ရိုဇာသုံးရက်စောင့်ထိန်းသူသည် တစ်နှစ်ပတ်လုံး ရိုဇာစောင့်ထိန်းသူနှင့် တူညီသွားသည်။ ၎င်းသည် ကောင်းမှုတိုးပွါးရာတွင် အနိမ့်ဆုံးအဆင့်ဖြစ်သည်။ ထိုအခါ အိဗ်နုအမရ်က “ကျွန်တော်မျိုးသည် ထို့ထက်ပို၍ တတ်နိုင်စွမ်းရှိပါသည်” ဟု လျှောက်ထားခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က “သို့ဖြစ်လျှင် ဒါဝူဒ်(အလိုင်ဟစ္စလာမ်)၏ ရိုဇာဥပုသ်ကို စောင့်ထိန်းလော့။ ယင်းသည် အကောင်းဆုံးသော ရိုဇာဥပုသ်(စောင့်ထိန်းနည်း)ဖြစ်သည်။ ၎င်းသည် တစ်ရက် ရိုဇာဥပုသ်စောင့်ထိန်းပြီး၊ တစ်ရက် ရိုဇာမထားဘဲနေလေ့ရှိသည်။ ထို့ပြင် ရန်သူနှင့် ရင်ဆိုင်ရချိန်တွင်လည်း ဆုတ်ခွာ ထွက်ပြေးခြင်းမရှိခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်း၏ ရိုဇာစောင့်ထိန်းနည်းစနစ်သည် ခန္ဓာကိုယ်ကို အားနည်းစေခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။
နုအ်မားန် ဗင်န် ဗရှီးရ်(ရဿွိယလ္လာဟု အန်ဟုမာ) ထံမှ ဆင့်ပြန်လာရှိသည်။ ၎င်း၏မိခင် ဗင်န်သေရဝါးဟဟ် (ရဝါးဟဟ်၏ သမီးဖြစ်သူ) သည် ၎င်း(နုအ်မားန်)၏ဖခင်အား သူမ၏သားအတွက် မိမိဥစ္စာပစ္စည်းတစ်စိတ်တစ်ဒေသကို လက်ဆောင်ပေးရန် တောင်းဆိုခဲ့သည်။ ထိုအခါ ဖခင်သည် တစ်နှစ်တိုင်တိုင် ဆိုင်းငံ့ထားပြီးနောက် စိတ်ပြောင်းလာသည်။ ထိုအခါ သူမ(နုအ်မားန်၏မိခင်)က ‘အသင် ကျွန်မ၏သားအား လက်ဆောင်အဖြစ်ပေးသော ဥစ္စာပစ္စည်းအပေါ် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား သက်သေမထားသရွေ့ကျွန်မကျေနပ်မည်မဟုတ်’ဟု ပြောဆိုခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်၏ဖခင်သည် ကျွန်ုပ်၏လက်ကိုဆွဲကိုင်၍(ထိုအချိန်က ကျွန်ုပ်သည် ကလေးအရွယ်သာရှိသေးသည်) အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ သွားရောက်ခဲ့သည်။ထို့နောက် ၎င်း(နုအ်မားန်၏ဖခင်)က အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်- ဤကလေး၏မိခင် ဗင်န်သေရဝါးဟဟ်က သူမကလေးအား ကျွန်တော်မျိုး လက်ဆောင်အဖြစ်ပေးအပ်သော အရာအပေါ် ကျွန်တော်မျိုးသည် ကိုယ်တော့်အား သက်သေအဖြစ်ထားစေလိုပါသည်' ဟု လျှောက်တင်လေသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်- 'အို ဘရှီးရ်... ဤကလေးမှအပ သင့်တွင် အခြားသားသမီးများရှိပါသလား' ဟု မေးတော်မူရာ၊ ၎င်းက 'ရှိပါသည်' ဟု ဖြေကြားသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က 'သူတို့အားလုံးကို ဤကလေးအား ပေးသကဲ့သို့ လက်ဆောင်ပေးခဲ့ပါသလား' ဟု မေးတော်မူရာ ၎င်းက 'မပေးခဲ့ပါ' ဟု ဖြေလေသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ''သို့ဆိုလျှင် ငါကိုယ်တော်အား သက်သေအဖြစ်မထားလေနှင့်။ အဘယ်ကြောင့်ဆိုသော် ငါကိုယ်တော်သည် မတရားမှုအပေါ် သက်သေခံခြင်းမပြုပေ။'' ဟု မိန့်ကြားတော်မူ၏။ ဆွဟီးဟ်မွတ်စ်လင်မ်ကျမ်းတွင် လာရှိသည်မှာ ''သို့ဖြစ်၍ ဤအရာအတွက် ငါကိုယ်တော်မှတစ်ပါး အခြားတစ်ဦးဦးကို သက်သေထားလော့'' ဟု (မိန့်တော်မူသည်)''''
متفق عليه، وله ألفاظ عديدةနုအ်မားန် ဗင်န် ဗရှီးရ် (ရဿွိယလ္လာဟု အန်ဟုမာ) က ဆင့်ပြန်ခဲ့သည်မှာ- သူ၏မိခင် အမ်ရဟ် ဗင်န်သေ ရဝါးဟဟ် (ရဿွိယလ္လာဟု အန်ဟာ)သည် မိမိ (နုအ်မားန်)၏ဖခင်ထံမှ သူမ၏သားအတွက် မိမိဥစ္စာပစ္စည်းတစ်စိတ်တစ်ဒေသကို လက်ဆောင်ပေးရန် တောင်းဆိုခဲ့သည်။ ထိုအခါ ဖခင်ဖြစ်သူက ဝန်လေးကာ တစ်နှစ်တိုင်တိုင် ဆိုင်းငံ့ထားခဲ့သည်။ ထို့နောက် သူမ၏ တောင်းဆိုမှုကို လက်ခံပြီး မိမိ၏သားဖြစ်သူ နုအ်မားန်အား လက်ဆောင်အဖြစ် ပေးအပ်ရန် ဆုံးဖြတ်လိုက်လေသည်။ ထိုအခါ သူမ(နုအ်မားန်း၏ မိခင်)က - ‘အသင် ကျွန်မ ၏သားအား လက်ဆောင်အဖြစ်ပေးသော ဥစ္စာ ပစ္စည်းအပေါ် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား သက်သေမထားသရွေ့ကျွန်မကျေနပ်မည်မဟုတ်’ဟု ပြောဆိုခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်၏ဖခင်သည် ကျွန်ုပ်၏လက်ကိုဆွဲကိုင်၍(ထိုအချိန်က ကျွန်ုပ်သည် ကလေးအရွယ်သာရှိသေးသည်) အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ သွားရောက်ခဲ့သည်။ ထို့နောက် ၎င်းက- အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်- ဤကလေး၏မိခင် ဗင်န်သေရဝါးဟဟ်က သူမကလေးအား ကျွန်တော်မျိုး လက်ဆောင်အဖြစ်ပေးအပ်သော အရာအပေါ် ကျွန်တော်မျိုးသည် ကိုယ်တော့်အား သက်သေအဖြစ်ထားစေလိုပါသည်' ဟု လျှောက်တင်လေသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်- အို- ဗရှီးရ်၊ ဤကလေးမှအပ သင့်တွင် အခြားသားသမီးများရှိပါသလား။ ၎င်းက "ရှိပါသည်" ဟု ဖြေကြားခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သူတို့အားလုံးကို ဤကလေးအား ပေးသကဲ့သို့ လက်ဆောင်ပေးခဲ့ပါသလား" ဟု မေးမြန်းတော်မူရာ ၎င်းက "မပေးခဲ့ပါ" ဟု ဖြေကြားခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ''သို့ဆိုလျှင် ငါကိုယ်တော်အား သက်သေအဖြစ်မထားလေနှင့်။ အဘယ်ကြောင့်ဆိုသော် ငါကိုယ်တော်သည် မတရားမှုအပေါ် သက်သေခံခြင်းမပြုပေ။ ဆွဟီးဟ်မွတ်စ်လင်မ်ကျမ်းတွင် လာရှိသည်မှာ- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ၎င်းအား အပြစ်တင်ဟန့်တားသောအနေဖြင့် ''သို့သော် ဤမတရားမှုအတွက် ငါကိုယ်တော်မှတစ်ပါး အခြားတစ်ဦးဦးကို သက်သေထားလော့'' ဟုမိန့်ကြားတော်မူလေသည်။
အစ်ဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "အကြင်သူသည် ကွယ်လွန်သေဆုံးချိန် မဆိုက်ရောက်သေးသော လူနာတစ်ဦးကို ကြည့်ရှု့အားပေးရန် သွားရောက်ပြီး ၎င်း၏အနီးတွင် အောက်ပါဒုအာ - (أَسْأَلُ اللَّهَ الْعَظِيمَ رَبَّ الْعَرْشِ الْعَظِيمِ أَنْ يَشْفِيَكَ) (အလွန်ကြီးမားတော်မူသော အရ်ရှ်ပလ္လင်တော်၏ အရှင်ဖြစ်တော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်၌ အသင့်အား သက်သာပျောက်ကင်းမှု ပေးသနားတော်မူပါရန် ကျွန်ုပ် ဆုတောင်းပတ္တနာပြုပါ၏) ကို ခုနစ်ကြိမ် ရွတ်ဖတ်ပါက အလ္လာဟ်အရှင်မြတ်သည် ၎င်း(လူနာ)အား ထိုရောဂါမှ ကင်းဝေးစေကာ ကျန်းမာခြင်းကို ပေးသနားတော်မူမည်ဖြစ်သည်။"
رواه أبو داود والترمذي وأحمدတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ - မည်သည့် မွတ်စ်လင်မ် တစ်ဦးမဆို အခြားကွယ်လွန်သေဆုံးချိန် မဆိုက်ရောက်သေးသော မွတ်စ်လင်မ်တစ်ဦးထံသို့ ၎င်း၏ နာမကျန်းဖြစ်ချိန်တွင် ကြည့်ရှု့အားပေးရန် သွားရောက်မည်။ ထို့နောက် လူနာအတွက် ဤဒုအာ (أَسْأَلُ اللَّهَ الْعَظِيمَ) "အစ်အလုလ္လာဟလ်အဇွီးမ်" (အနန္တ တန်ခိုးတော်အားဖြင့်၊ ဂုဏ်တော်များအားဖြင့် ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်)၊ ( رَبَّ الْعَرْشِ الْعَظِيمِ أَنْ يَشْفِيَكَ) "ရဗ္ဗလ်အရ်ရှိလ်အဇွီးမ် အိုင်န် ရရှ်ဖိယက္က" (အလွန်ကြီးမားသော အရ်ရှ်ပလ္လင်တော်၏ အရှင်သခင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်၌ အသင့်အား သက်သာပျောက်ကင်းမှု ပေးသနားတော်မူပါရန် ကျွန်ုပ် ဆုတောင်းပတ္တနာပြုပါ၏) ကို ခုနစ်ကြိမ် ထပ်တလဲလဲ ရွတ်ဖတ်ပါက အလ္လာဟ်အရှင်မြတ်သည် ၎င်း(လူနာ)အား ထိုရောဂါမှ ကင်းဝေးစေကာ ကျန်းမာခြင်းကို ပေးသနားတော်မူမည်ဖြစ်သည်။
"နဗီတမန်တော်မြတ်၏ ဇနီးကြင်ယာတော် မုအ်မင်န်တို့၏ မိခင်ကြီး အွမ္မုစလမဟ် (ရဿွိယလ္လာဟုအန်ဟာ)ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "မည်သူမဆို ကုရ်ဗာနီအတွက်ဇဗဟ်ပြုလုပ်ရန် ရည်ရွယ်ထားသော သားကောင်ရှိခဲ့လျှင် ဇိလ်ဟိဂျ်လ ဆန်းသည်နှင့်တစ်ပြိုင်နက် မိမိ၏ ဆံပင်မှလည်းကောင်း၊ မိမိ၏ လက်သည်း ခြေသည်းမှလည်း ကောင်း မည်သည့်အရာကိုမျှ ကုရ်ဗာနီ မပြုလုပ်မီအထိ မဖြတ်တောက်ရ။"
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကုရ်ဗာနီပြုလုပ်ရန် ရည်ရွယ်ထားသူအား ဇိလ်ဟဂျ်လဆန်းပြီးချိန်မှစ၍ ကုရ်ဗာနီမပြုလုပ်မီအထိ မိမိ၏ဆံပင်၊ ခေါင်းမွေး၊ ချိုင်းမွေး၊ နှုတ်ခမ်းမွေး စသည်နှင့် လက်သည်းခြေသည်းတို့ကို မညှပ်ရန် အမိန့်ပေးတော်မူခဲ့သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “လမြတ်ရမဿွာန် ရောက်ရှိလာသောအခါ ဂျန္နသ်သုခဘုံ၏ တံခါးများမှာ ဖွင့်ပေးခြင်းခံရပြီး၊ ဂျဟန္နမ်ငရဲ၏ တံခါးများမှာမူ ပိတ်ခြင်းခံရ၏။ ထို့ပြင် ရှိုင်သွာန်မိစ္ဆာများမှာ ချုပ်နှောင်ခြင်းခံရလေသည်။”
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လမြတ်ရမဿွာန် ဝင်ရောက်လာသောအခါ အချက်သုံးချက် ဖြစ်ပေါ် သည်ဟု မိန့်ကြားတော်မူခဲ့သည်။ ပထမအချက် – ဂျန္နသ်သုခဘုံ၏ ဖွင့်လှစ်ခြင်းခံရ၍ ယင်းတို့အနက် မည်သည့်တံခါးမှ ပိတ်မထားခြင်း ဖြစ်သည်။ ဒုတိယအချက် – ဂျဟန္နမ်ငရဲ၏တံခါးများ ပိတ်ခြင်းခံရ၍ ယင်းတို့အနက် မည်သည့်တံခါးမှ ဖွင့်မထားခြင်း ဖြစ်သည်။ တတိယအချက် – ရှိုင်သွာန်မိစ္ဆာကောင်များနှင့် ပုန်ကန်တတ်သော ဂျင်န်ဆိုးများမှာ သံကြိုးများဖြင့် ချုပ်နှောင်ထားခြင်းခံရ၍ ထိုကာလအတွင်း ၎င်းတို့သည် ရမဿွာန်လမှအပ အခြားအချိန်များတွင် ပြုလုပ်ခဲ့ကြသည့် အရာများကို မပြုလုပ်နိုင်ကြတော့ပေ။ (တစ်နည်း အခြားလများကဲ့သို့ ၎င်းတို့ လွှမ်းမိုးနိုင်မှု မရှိကြချေ။) ထိုအရာအားလုံးသည် ဤလ၏ ဂုဏ်မြင့်မြတ်မှုကို ဖော်ညွှန်းရန်နှင့် ကောင်းမှုပြုကျင့် ဆောင်ရွက်သူများအား ဆွလာသ်၊ ဆွဒကဟ်အလှူဒါန၊ ဇိကိရ် (အလ္လာဟ်အရှင်အား သတိရတသခြင်း)၊ ကုရ်အာန် ရွတ်ဖတ်ခြင်းနှင့် အခြားသောကောင်းမှုများကို များပြားစွာ ပြုလုပ်ရန်နှင့် အပြစ်များမှ ရှောင်ကြဉ်ရန် အားပေးတိုက်တွန်းထားခြင်း ဖြစ်သည်။
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "အကယ်၍ လူတို့သည် အဇာန်ပေးခြင်းနှင့် ပထမဆုံးစွတ်ဖ်တန်း၌ ရရှိသော အကျိုးကျေးဇူးများကို သိရှိမည်ဆိုလျှင်၊ ထို့နောက် ထိုအကျိုးကျေးဇူးများရရှိရန် မဲနှိုက်ဆုံးဖြတ်ခြင်းမှအပ အခြားနည်းလမ်း မတွေ့ရှိကြရင်၊ မဲနှိုက်၍ဆုံးဖြတ်ကြပေမည်။ အကယ်၍ ထိုသူတို့သည် ဆွလာသ်ဝတ်ပြုရန်အတွက် ဗလီသို့စောစီးစွာသွားခြင်း၌ ရှိသော အကျိုးကျေးဇူးကို သိရှိမည်ဆိုလျှင်၊ ထိုသို့ပြုလုပ်ရန် အပြိုင်အဆိုင် ပြုကြပေမည်။ အကယ်၍ ၎င်းတို့သည် အိရှာဆွလာသ်နှင့် ဖဂျရ်ဆွလာသ်၌ ရရှိသောအကျိုးကျေးဇူးကို သိရှိမည်ဆိုလျှင်၊ ၎င်းဆွလာသ်နှစ်ခုသို့ တွားသွားရသည့်တိုင်အောင် သွားရောက်ကြပေမည်။"
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်) မိန့်ကြားတော်မူသည်မှာ- “အကယ်၍ လူတို့သည် အဇာန်ပေးခြင်းနှင့် ပထမဆုံးစွတ်ဖ်အတန်း၏ အကျိုးကျေးဇူး၊ ကောင်းကျိုးနှင့် ဗရ်ကသ်မင်္ဂလာရှိခြင်းတို့ကို သိရှိမည်ဆိုလျှင်၊ ထို့နောက် ယင်းတို့ကို ဦးစားပေးရန်အတွက် မဲနှိုက်ဆုံးဖြတ်ခြင်းမှတစ်ပါး အခြားနည်းလမ်း မတွေ့ရှိကြဘူးဆိုလျှင်၊ ဧကန်စင်စစ် သူတို့သည် မဲနှိုက်ဆုံးဖြတ်ကြပေမည်။ အကယ်၍ လူတို့သည် ဆွလာသ်ဝတ်ပြုရန်အတွက် ဗလီသို့စောစီးစွာသွားခြင်း၌ ရှိသော အကျိုးကျေးဇူးကို သိရှိမည်ဆိုလျှင်၊ ထိုသို့ပြုလုပ်ရန် အပြိုင်အဆိုင် ပြုကြပေမည်။ အကယ်၍ ၎င်းတို့သည် အိရှာဆွလာသ်နှင့် ဖဂျရ်ဆွလာသ်ဝတ်ပြုရန် လာရောက်ခြင်း၌ ရရှိသော အကျိုးစဝါးဗ်၏ ပမာဏကို သိရှိမည်ဆိုလျှင်၊ ၎င်းဆွလာသ်နှစ်ခုသို့ နို့ဆို့ကလေးငယ် လေးဖက်ထောက်၍ သွားသကဲ့သို့ လေးဖက်ထောက် သွားရသည့်တိုင်အောင် သွားရောက်ကြပေမည်။