





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ် (ရဿွိယလ္လာဟုအန်ဟုမာ)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။ ဆွေမျိုးအချင်းချင်း အပြန်အလှန် တုံ့ပြန်ဆက်ဆံသူသည် စစ်မှန်ပြည့်ဝသော ဆွေမျိုးဆက်သူမဟုတ်ပေ။ စစ်မှန်ပြည့်ဝသော ဆွေမျိုးဆက်သူဟူသည် ဆွေမျိုးများက အဆက်အသွယ် ဖြတ်လိုက်သည့်အခါ ပြန်ဆက်သွယ်သူဖြစ်သည်။
رواه البخاريတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ စစ်မှန်ပြည့်ဝသော ဆွေမျိုးဆက်သူဆိုသည်မှာ ဆွေမျိုးသားချင်းများကို ကောင်းကျိုးပြုသူဖြစ်ပြီး သူ့ဘက်က ကျေးဇူးပြုသည့်အတွက် ကိုယ့်ဘက်ကပြန်၍ ကျေးဇူးတုံ့ပြန်သူ မဟုတ်ပါ။ ထို့ပြင် ဆွေမျိုးဆက်ရာတွင် အမှန်တကယ်အပြည့်အဝဆွေမျိုးဆက်သူဟူသည် မိမိအား ဆွေမျိုးအဆက်ဖြတ်ထားသူကို ပြန်လည်ဆက်သွယ်ကာ ဆွေမျိုးဆက်သူ၊ ၎င်းတို့၏မကောင်းမှုကို ကောင်းမှုဖြင့် တုံ့ပြန်သူဖြစ်သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မည်သူမဆို အီမာန်နှင့်တကွ အကျိုးဆဝါဗ်ကို မျှော်ကိုးပြီး ရမဿွာန်လ၏ (ဆွိယာမ်)ဥပုသ်ကို စောင့်ထိန်းခဲ့လျှင် ၎င်းသူ ယခင်ကကျူးလွန်မိခဲ့သော အပြစ်အကုသိုလ်များ ခွင့်လွှတ်ပေးခြင်းခံရမည် ဖြစ်သည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ဧကန်အမှန်ပင် မည်သူမဆို အလ္လာဟ်အရှင်မြတ်အပေါ် အီမာန်သက်ဝင်ယုံကြည်မှုနှင့်တကွ (ဆွိယာမ်)ဥပုသ်သည် ဖရ်ဿွ်တာဝန်ဖြစ်ကြောင်းနှင့် အလ္လာဟ်အရှင်မြတ်သည်(ဆွိယာမ်)ဥပုသ်စောင့်ထိန်းသူများအတွက် များပြားသောအကျိုးကုသိုလ်များ အသင့်ပြင်ဆင်ထားကြောင်းကို လက်ခံယုံကြည်မည်။ ထို့အတူ အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကိုသာရည်ရွယ်၍ (ရိယာအ်)ပြစားမှုနှင့် ကျော်ကြားလိုစိတ်မပါဘဲ ရမဿွာန်လ၏ (ဆွိယာမ်) ဥပုသ်ကို စောင့်ထိန်းခဲ့လျှင် ၎င်းသူ ယခင်က ကျူးလွန်မိခဲ့သည့် အပြစ်အကုသိုလ်များ ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မည်သူမဆို ကဒ်ရ်ညမြတ်တွင် အီမာန်ယုံကြည်မှုနှင့်တကွ အကျိုးဆဝါဗ်ကို မျှော်ကိုးပြီး အိဗာဒသ်ခဝပ်ကိုးကွယ်မှုပြုခဲ့လျှင် ၎င်းသူ ယခင်ကကျူးလွန်မိခဲ့သော အပြစ်အကုသိုလ်များ ခွင့်လွှတ်ပေးခြင်းခံရမည်ဖြစ်သည်။
متفق عليهရမ်ဿွာန်လ၏ နောက်ဆုံးဆယ်ရက်တွင် ကျရောက်သော ကဒ်ရ်ညမြတ်၌ အိဗာဒသ်ခဝပ်ကိုးကွယ်မှုပြုလုပ်ခြင်း၏ ထူးမြတ်မှုနှင့်ပတ်သက်၍ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မည်သူမဆို ကဒရ်ညမြတ်တွင် ယင်းညနှင့် ယင်းည၏ ထူးမြတ်မှုများအပေါ် အီမာန် သက်ဝင်ယုံကြည်ကာ ‘ရိယာအ်’ ပြစားမှု၊ ထင်ပေါ်ကျော်ကြားလိုမှုမပါဘဲ အလ္လာဟ်အရှင်မြတ်ထံတော်မှ အကျိုးကုသိုလ် မျှော်ကိုးကာ ဆွလာသ်ဆောက်တည်ခြင်း၊ ဒုအာဆုမွန်တောင်းခံခြင်း၊ ကုရ်အာန်ကျမ်းမြတ်ဖတ်ရွတ်ခြင်း၊ ဇိက်ရ်ပြုလုပ်ခြင်းစသည့် အမလ်အိဗာဒသ်များ ပြုလုပ်ခဲ့ပါက ၎င်းသူ ယခင်ကကျူးလွန်မိခဲ့သော အပြစ်အကုသိုလ်များ ခွင့်လွှတ်ပေးခြင်းခံရမည်ဖြစ်သည်။
နုအ်မာန် ဗင်န်ဗရှီးရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ (နုအ်မာန်သည် သူ၏ လက်ချောင်းနှစ်ချောင်းဖြင့် မိမိနားနှစ်ဖက်သို့ ညွှန်ပြခဲ့သည်။) « ဧကန်အမှန်ပင် ဟလာလ်(တရားတော်က ခွင့်ပြုထားသည့်အရာ)သည် ထင်ရှားပြီး၊ ဟရာမ်(တရားတော်က တားမြစ်ထားသည့်) အရာသည်လည်း ထင်ရှားသည်။ ထိုနှစ်ခုအကြား၌ သံသယဖြစ်ဖွယ် ကိစ္စရပ်များရှိပြီး ၎င်းတို့ကို များစွာသောလူတို့မသိကြပေ။ ထို့ကြောင့် မည်သူမဆို သံသယဖြစ်ဖွယ် ကိစ္စရပ်များကို ရှောင်ကြဉ်မည်ဆိုပါက မိမိ၏သာသနာနှင့် သိက္ခာကို ထိန်းသိမ်းလိုက်ခြင်းပင်ဖြစ်သည်။ အကြင်သူသည် သံသယဖြစ်ဖွယ် ကိစ္စရပ်များတွင် ကျရောက်သွားပါက ထိုသူသည် ဟရာမ် သို့ကျရောက်သွားမည်ဖြစ်သည်။ (ထိုသူ၏ပမာသည်)၊ တားမြစ်ထားသော စားကျက်အနီးတွင် မိမိသိုး၊ဆိတ်တို့ကို ကျောင်းသည့် (ဆိတ်)ကျောင်းသားကဲ့သို့ဖြစ်ပြီး ၎င်းသည် ထို(တားမြစ်ထားသောစားကျက်)ထဲသို့ ကျရောက်ရန် နီးကပ်သွားပြီဖြစ်သည်။ သတိပြုကြလေကုန်။ အမှန်တကယ် ဘုရင်တိုင်းတွင် (ကိုယ်ပိုင်) သီးသန့်တားမြစ် နယ်နိမိတ် ရှိကြလေသည်။ သတိပြုကြလေကုန်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်၏ တားမြစ်နယ်နိမိတ်သည် အရှင်မြတ်တားမြစ်ထားသည့် (ဟရာမ်) အရာများပင်ဖြစ်သည်။ သတိပြုကြလေကုန်။ အမှန်တကယ်ပင် ခန္ဓာကိုယ်တွင် အသားတုံးတစ်တုံးရှိသည်။ ထိုအသားတုံး မှန်ကန်ကောင်းမွန်လျှင် ခန္ဓာကိုယ်တစ်ခုလုံး မှန်ကန်ကောင်းမွန်နေမည်ဖြစ်သည်။ ထိုအသားတုံး ပျက်စီးလျှင် ကိုယ်ခန္ဓာတစ်ခုလုံး ပျက်စီးသွားမည်ဖြစ်သည်။ သတိပြုကြလေကုန်။ ထိုအရာသည် နှလုံးသားပင်ဖြစ်သည်။»
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အရေးကိစ္စများနှင့် ပတ်သက်၍ ယေဘုယျစည်းမျဉ်းတစ်ခုကို ရှင်းပြတော်မူခဲ့သည်။ ဧကန်အမှန်ပင် ရှရီအဟ်တရားဥပဒေ၌ အမျိုးအစား သုံးမျိုးပါရှိသည်။ ၎င်းတို့မှာ- ၁။ ရှင်းလင်းထင်ရှားသည့် (ဟလာလ်) ခွင့်ပြုထားသောအရာများ' ၂။ ရှင်းလင်းထင်ရှားသည့်(ဟရာမ်) တားမြစ်ထားသော အရာများ' ၃။ ဟလာလ်၊ ဟရာမ်နှင့်ပတ်သက်၍ ရှင်းလင်းထင်ရှားသည့် အမိန့်တစ်စုံတစ်ရာ မသိရသော သံသယဖြစ်ဖွယ်ကိစ္စရပ်များဖြစ်ပြီး ၎င်းနှင့်ပတ်သက်သည့် အမိန့်ပညတ်ချက်ကို လူအများစုက မသိနားမလည်ကြပေ။ ထိုသံသယဖြစ်ဖွယ်ရာများကို စွန့်လွှတ်လိုက်သူသည် ဟရာမ် ထဲသို့ကျရောက်ခြင်းမှ ကင်းဝေးကာ မိမိသာသနာနှင့်ပတ်သက်၍ ငြိမ်းချမ်းမှုရရှိသွားမည်ဖြစ်သည်။ ထိုသံသယဖြစ်ဖွယ်ကိစ္စကို ကျူးလွန်မိသည့်အတွက် လူများ၏ ပြစ်တင်ပြောဆိုခြင်းမှလည်း မိမိ၏သိက္ခာကို ထိန်းသိမ်းရာ ရောက်ပေသည်။ သံသယဖြစ်ဖွယ်ရာများကို မရှောင်ကြဥ်သူသည် မိမိကိုယ်မိမိ ဟရာမ်ထဲသို့ကျရောက်အောင် သို့မဟုတ် မိမိ၏သိက္ခာကို အခြားသူများက ထိပါးစော်ကားအောင် လုပ်လိုက်ခြင်းပင်ဖြစ်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သံသယဖြစ်ဖွယ်ရာများကို ကျူးလွန်သူ၏ အခြေအနေကို မြေပိုင်ရှင်က တားမြစ်ထားသော နယ်မြေအနီး၌ မိမိ၏ ကုလားအုတ် သို့မဟုတ် သိုး၊ ဆိတ်တို့ကို ကျောင်းသည့် ဆိတ်ကျောင်းသားနှင့်တူသည်ဟု ပမာပေးထားတော်မူသည်။ သို့ဖြစ်၍ ထိုဆိတ်ကျောင်းသား၏ တိရစ္ဆာန်များသည် ၎င်းတားမြစ်ထားသော နယ်မြေနှင့် နီးကပ်နေသောကြောင့် ထိုနယ်မြေထဲသို့ ရောက်လုနီးပါးဖြစ်သွားသည်။ ဤနည်းအတိုင်းပင် သံသယဖြစ်ဖွယ်ရာများကို ကျူးလွန်သူသည် ထိုသို့ကျူးလွန်လိုက်သည့်အတွက် ထင်ရှားသော ဟရာမ်နှင့် နီးကပ်သွားပြီး ၎င်းသို့ ကျရောက်လုနီးပါး ဖြစ်သွားပေသည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ခန္ဓာကိုယ်ထဲတွင် အသားတုံးတစ်တုံး(နှလုံးသား) ရှိပြီး ၎င်းမှန်ကန်နေသ၍ ခန္ဓာကိုယ်လည်း မှန်ကန်ကောင်းမွန်နေမည်ဖြစ်သည်။ ၎င်းပျက်စီးသွားပါက ခန္ဓာကိုယ်လည်း ပျက်စီးသွားမည်ဖြစ်သည်။
ရှဒ္ဒါးဒ် ဗင်န်အောဝ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံမှ နှစ်ခုသောအရာကို ကျက်မှတ်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် ကိစ္စရပ်တိုင်းတွင် ကောင်းမွန်စွာကျင့်မူရန် သတ်မှတ်ပြဌာန်းထားတော်မူသည်။ထို့ကြောင့် သင်တို့သည် သတ်သည့်အခါ ကောင်းမွန်စွာဖြင့်သတ်ပါ။ သင်တို့(ဇဗဟ်)လှီးဖြတ်သည့်အခါ ကောင်းမွန်စွာဖြင့်လှီးဖြတ်ပါ။ အသင်တို့အနက်မှတစ်ဦးတစ်ယောက်သည် မိမိ၏ဓါးသွားကို ထက်မြအောင်ပြုပါ၊ ၎င်း၏ သားကောင်အား နာကျင်မှုသက်သာအောင်ပြုလုပ်ပါ။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် ကိစ္စရပ်တိုင်းတွင် ကောင်းမွန်စွာကျင့်မူရန်ကျွန်တော်တို့အပေါ်၌ ‘ဝါဂျိဗ်’တာဝန်အဖြစ် သတ်မှတ်ပြဌာန်းထားသည်။ ကောင်းမွန်စွာကျင့်မူခြင်းဟူသည် ခဝပ်ကိုးကွယ်ခြင်း၊ ကောင်းမှုပြုခြင်း၊ အဖန်ဆင်းခံများ၏ ဒုက္ခကို တားဆီးပေးခြင်းစသည်တို့ကိုဆောင်ရွက်ရာ၌ အလ္လာဟ်အရှင်မြတ်သည် မိမိကိုမြင်တွေ့နေတော်မူသည်ဟူသည့် အသိအမြဲရှိနေခြင်းဖြစ်သည်။ ထိုသို့ ကောင်းမွန်စွာကျင့်မူခြင်း၌ သတ်သည့်အခါ ကောင်းမွန်စွာဖြင့်သတ်ခြင်း၊ ကောင်းမွန်စွာ(ဇဗဟ်)လှီးဖြတ်ခြင်းတို့လည်းပါဝင်သည်။ ‘ကိဆွာဆ်ွ’ လူသတ်မှု ကျူးလွန်သည့်အတွက် ဥပဒေအရ သေဒဏ်စီရင်ခြင်းကို အကောင်အထည်ရာ၌ ကောင်းမွန်စွာကျင့်မူခြင်းဟူသည် စီရင်ခံရသူအား လွယ်ကူ၊ ညင်သာပြီး အမြန်ဆုံးသေဆုံးနိုင်မည့်နည်းလမ်းကို ရွေးချယ်ခြင်းဖြစ်သည်။ ‘ဇဗဟ်’လှီးဖြတ်သည့်အခါ ကောင်းမွန်စွာကျင့်မူခြင်းဟူသည် လှီးဖြတ်မည့်ဓားကို ထက်အောင်သွေးခြင်းဖြင့် သားကောင်အပါ် ညင်သာမှုရှိခြင်းဖြစ်သည်။ လှီးဖြတ်မည့် တိရစ္ဆာန်၏ရှေ့တွင် ဓားမသွေးရပါ။ တိရစ္ဆာန်တစ်ကောင်၏ရှေ့တွင် အခြားတိရစ္ဆာန်တစ်ကောင်ကို မလှီးဖြတ်ရပါ။
အဗူစအီးဒ် ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မိမိကိုယ်မိမိ ထိခိုက်နစ်နာအောင်ပြုခြင်းနှင့် အခြားသူကို ထိခိုက်နစ်နာအောင်ပြုခြင်းတို့ မပြုလုပ်ရ။ မည်သူမဆို တစ်ဦးတစ်ယောက်ကို ထိခိုက်နစ်နာအောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ထိခိုက်နစ်နာစေလိမ့်မည်။ မည်သူမဆို တစ်ဦးတစ်ယောက်အား ခက်ခဲဒုက္ခရောက်အောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအားခက်ခဲဒုက္ခရောက်စေလိမ့်မည်။
رواه الدارقطنيတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်မှာ မိမိကိုယ်တိုင်နှင့် အခြားသူများအား ထိခိုက်နစ်နာမှု အမျိုးမျိုးမှ ကာကွယ်ရန် အရေးကြီးသည်။ မည်သူမဆို မိမိကိုယ်မိမိ သို့မဟုတ် အခြားသူများကို ထိခိုက်နစ်နာအောင်ပြုခွင့်မရှိပေ။ ထို့ကြောင့် မည်သူ့ကိုမျှ ထိခိုက်နစ်နာမှုကို ထိခိုက်နစ်နာမှုဖြင့်လက်တုံ့ပြန်ရန် ခွင့်မပြုထားပေ။ အဘယ်ကြောင့်ဆိုသော် ထိခိုက်နစ်နာမှုအား ထိခိုက်နစ်နာမှုဖြင့် မဖယ်ရှားနိုင်ပေ။ သို့သော် လွန်ကျူးခြင်းမရှိဘဲ တရားသဖြင့် အစားပြန်ယူခြင်းကို ခွင့်ပြုထားသည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က လူတို့အား ထိခိုက်နစ်နာအောင်ပြုသူသည် ထိခိုက်နစ်နာမှု ခံစားရမည်ဖြစ်ကြောင်းနှင့် လူတို့အား ခက်ခဲဒုက္ခရောက်အောင်ပြုသူသည် ခက်ခဲဒုက္ခရောက်မည်ဖြစ်ကြောင်း သတိပေးတော်မူခဲ့သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်ကို ကြားသိခဲ့ရသည်။ငါကိုယ်တော် အသင်တို့အား တားမြစ်ထားသောအရာများကို ရှောင်ကြဉ်ကြပါ၊ ထို့နောက် ငါကိုယ်တော် အသင်တို့အား အမိန့်ပေးထားသောအရာများကို အသင်တို့ စွမ်းနိုင်သမျှ လိုက်နာကျင့်သုံးကြပါ။ ဧကန်အမှန်ပင် အသင်တို့အလျင် ရှိခဲ့ကြသောသူများအား ပျက်ဆီးစေခဲ့သည့် အကြောင်းအရင်းမှာ မလိုအပ်ဘဲ အမေးမြန်းထူခြင်းနှင့် ၎င်းတို့၏ တမန်တော်များအား သွေဖည်ဆန့်ကျင်ကြခြင်းတို့ကြောင့်ဖြစ်သည်။
ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကကျွန်တော်တို့အားညွှန်ကြားခဲ့သည်မှာ- အကယ်၍ကိုယ်တော်သည် ကျွန်တော်တို့အားတစ်စုံတစ်ရာကို တားမြစ်ခဲ့လျှင် ၎င်းအားခြွင်းချက်မရှိ ရှောင်ကြဉ်ရန် ကျွန်တော်တို့အပေါ်တွင် တာဝန်ရှိသည်။ အကယ်၍ကိုယ်တော်သည်ကျွန်တော်တို့အား တစ်စုံတစ်ရာကို ဆောင်ရွက်ရန် အမိန့်ပေးခဲ့လျှင် ၎င်းအားတတ်စွမ်းနိုင်သမျှ လိုက်နာကျင့်သုံးရန် ကျွန်တော်တို့အပေါ် တွင်တာဝန်ရှိပေသည်။ထို့နောက်ကိုယ်တော်သည်ကျွန်တော်တို့အားလွန်လေပြီးသော အချို့အွမ္မသ်သားများကဲ့သို့မဖြစ်စေရန် သတိပေးတားမြစ်ခဲ့သည်။ ၎င်းတို့သည် မိမိတို့၏နဗီတမန်တော်များအားဆန့်ကျင်ပြီး မလိုအပ်ဘဲမေးခွန်းများ အလွန်မေးမြန်းခဲ့ကြသည့်အခါ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား သေကြေပျက်စီးမှု အမျိုးမျိုးဖြင့်ပြစ်ဒဏ်ခတ်တော်မူခဲ့သည်။ထို့ကြောင့် ၎င်းတို့သေကြေပျက်စီးခဲ့ကြသကဲ့သို့ ကျွန်တော်တို့လည်း အလားတူသေကြေပျက်စီးခြင်းမျိုး မဖြစ်ရလေအောင် ရှောင်ကြဉ်ရမည်ဖြစ်သည်။
အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကောင်းကင်တမန် ဂျိဗ်ရီလ်(အလိုင်းဟိစ္စလာမ်)သည် ငါကိုယ်တော်အား အိမ်နီးချင်းနှင့်ပတ်သက်၍ ကောင်းမွန်စွာဆက်ဆံရန် အမြဲမှာကြားတော်မူသည်။ အဘယ်မျှထိဆိုသော် အိမ်နီးချင်းအား အမွေစားအမွေခံအဖြစ် သတ်မှတ်လိုက်မည်ဟုပင် ငါကိုယ်တော် ထင်မိခဲ့သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ ကောင်းကင်တမန် ဂျိဗ်ရီလ် (အလိုင်းဟိစ္စလာမ်)သည် ကိုယ်တော်အား အိမ်နီးချင်းနှင့် ပတ်သက်၍ ထိုအိမ်နီးချင်းသည် မွတ်စ်လင်မ်ဖြစ်စေ၊ ကာဖိရ်ဖြစ်စေ၊ ဆွေမျိုးတော်စပ်သည်ဖြစ်စေ၊ မတော်စပ်သည်ဖြစ်စေ အလေးထားရန်နှင့် အိမ်နီးချင်း၏အခွင့်အရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ၎င်းအား ဒုက္ခမပေးဘဲ ကောင်းကျိုးပြုရန်၊ ၎င်းတို့ပေးသည့်ဒုက္ခအပေါ် သည်းခံရန် အကြိမ်ကြိမ်မှာကြားခဲ့သည်။ အိမ်နီးချင်း၏ ဝတ္တရားကြီးမားမှုနှင့် ဂျိဗ်ရီလ်(အလိုင်းဟိစ္စလာမ်)၏ အကြိမ်ကြိမ်မှာကြားမှုတို့ကြောင့် လူတစ်ဦးသေဆုံးပြီးနောက် သူ၏အိမ်နီးချင်းကိုပါ အမွေခွဲဝေပေးရမည်ဟူသည့် ဝဟီဗျာဒိတ်တော် ကျရောက်လာမလားဟုပင် ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ထင်ခဲ့မိသည်။
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကိုကြားခဲ့သည်။ ဧကန်အမှန်ပင် ဂါထာမန္တန်မန်းမှုတ်ခြင်း၊ အင်းအိုင်အဆောင်လက်ဖွဲ့ချိတ်ဆွဲခြင်း၊ တစ်ဦးကတစ်ဦးကို ချစ်ခင်လာစေရန်အတွက် ဂျာဒူဖြင့်ပြုလုပ်ခြင်း စသည့်ကိစ္စရပ် အားလုံးသည် ရှိရ်က်ဖြစ်သည်။
رواه أبو داود وابن ماجه وأحمدတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ရှိရ်က်ဖြစ်စေသောလုပ်ရပ်များကို ရှင်းပြတော်မူခဲ့သည်။၎င်းတို့မှာ (၁) “ရုကာ” ရောဂါပျောက်ကင်းရန်အတွက် ဂျာဟိလီယသ် အမိုက်ခေတ်က လူတို့ရွတ်ဖတ်သည့် ‘ရှိရ်က်’စကားလုံးများပါဝင်သော မန်းမှုတ်သည့် စာသားများကို ခေါ်ဆိုသည်။ (၂)“သမာအင်မ်” (နဇရ်) မျက်စိထိခြင်းမှကာကွယ်ရန်အတွက် ကလေးငယ်များ၊ တိရ စ္ဆာန်များနှင့် အခြားအရာများတွင် ချိတ်ဆွဲပေးသော ပုတီးစေ့ကဲ့သို့သော အဆောင်လက်ဖွဲ့များဖြစ်သည်။ (၃)“သိဝလဟ်” ဇနီးမောင်နှံကြား ချစ်ခင်မှုရရန် ဂျာဒူဖြင့် ပီယဆေးပြုကျင့်သောကိစ္စကိုခေါ်သည်။ ဤလုပ်ရပ်များသည် ‘ရှိရ်က်’ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အထောက်အထားများဖြင့် အတည်ပြုထားသော ရှရီအဟ် တရားတော်က ခွင့်ပြုထားသည့် အကြောင်းခံများ မဟုတ်သည့်အပြင် လက်တွေ့ကျကျ အတည်ပြုနိုင်သော အာရုံခံစားသိနိုင်သည့်အကြောင်းခံလည်း မဟုတ်ပေ။ ကုရ်အာန်ကျမ်းမြတ်ဖတ်ရွတ်ခြင်းကဲ့သို့ တရားတော်လာအကြောင်းခံများ သို့မဟုတ် လက်တွေ့ကျကျသက်သေပြထားသော ဆေးဝါးများကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ အကြောင်းခံများသည်ပြုပိုင်သည်။ သို့သော် ၎င်းတို့သည် အကြောင်းခံများသာဖြစ်ပြီး ဧကန်မုချ ကောင်းကျိုးနှင့် ဆိုးကျိုးသည် အလ္လာဟ်အရှင်မြတ်၏လက်တော်၌သာရှိသည်ဟုသာ ယုံကြည်ချက်ထားရမည်။