





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။ အသင်တို့သည် ကွယ်လွန်သူများကို ဆဲဆိုမကောင်းပြောခြင်း မပြုကြလေနှင့်။ ဧကန်အမှန်ပင် ၎င်းတို့သည် သူတို့ကြိုတင်ပို့ထားသည့် အရာများဆီသို့ ရောက်သွားကြပြီဖြစ်သည်။
رواه البخاريကွယ်လွန်သူများကို ဆဲဆိုမကောင်းပြောဆိုခြင်း၊ ၎င်းတို့၏ ဂုဏ်သိက္ခာကို ထိပါးစော်ကားခြင်းတို့ကို တားမြစ်ထားကြောင်း တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ ထိုသို့ပြောဆိုခြင်းသည် မကောင်းသည့် ကိုယ်ကျင့်တရားပင်ဖြစ်သည်။ ထိုကွယ်လွန်သူများသည် ၎င်းတို့ကြိုတင်ပို့ထားသည့် ကောင်းမြတ်သည့် အမလ်လုပ်ရပ်များဆီသို့ဖြစ်စေ သို့မဟုတ် မကောင်းသည့် အမလ်လုပ်ရပ်များဆီသို့ဖြစ်စေ ရောက်သွားကြပြီဖြစ်သည်။ သို့ဖြစ်၍ ထိုသို့ဆဲဆိုမကောင်းပြောဆိုခြင်းသည် ၎င်းကွယ်လွန်သူများထံ မရောက်ရှိဘဲ ရှင်နေသူများကိုသာ ထိခိုက်နာကျင်စေသည်။
ဂျွန်ဒွဗ်ဗင်န်အဗ်ဒုလ္လာဟ် အလ်ကတ်စ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အကြင်သူသည် ဖဂျရ် ဆွလာသ်ကို ဆောက်တည်ပါက ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ ထိန်းသိမ်းစောင့်ရှောက်မှုအောက်တွင် ရှိနေမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ ထိန်းသိမ်းစောင့်ရှောက်မှုအောက်၌ရှိသည့် တစ်စုံတစ်ရာအား အပြစ်ကျူးလွန်ခဲ့သည့်အတွက် အသင်တို့အား အရှင်မြတ်က ရှာဖွေအရေးယူရခြင်းမျိုး မဖြစ်ကြစေနှင့်။ အကယ်၍ ထိုသို့ရှာဖွေရမည်ဆိုလျှင် အရှင်မြတ်သည် ၎င်းအားသေချာပေါက် ဖမ်းဆီးမိမည်ဖြစ်ပြီး ၎င်းအား မျက်နှာဖြင့်တရွတ်တိုက်ဆွဲကာ ဂျဟန္နမ်ငရဲသို့ ပစ်ချမည်ဖြစ်သည်။
رواه مسلمအကြင်သူသည် ဖဂျရ် ဆွလာသ်ကို ဆောက်တည်ပါက ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ အကာအကွယ်ပေးမှု၊ ထိန်းသိမ်းစောင့်ရှောက်မှု၊ ကူညီမှု အောက်သို့ရောက်ရှိသွားပြီဖြစ်ကြောင်း တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဤပဋိညာဉ်ကို ထိခိုက်ပျက်စီးစေမည့်ကိစ္စကို သတိပေးတော်မူခဲ့သည်။ ၎င်းမှာ ဖဂျရ်ဆွလာသ်ကို စွန့်လွှတ်ခြင်း သို့မဟုတ် ဖဂျရ် ဆွလာသ်ဆောက်တည်သူအား ဒုက္ခပေးခြင်း၊ ရန်ညှိုးထားခြင်းဖြစ်သည်။ မည်သူမဆို ဤသို့ပြုလုပ်ပါက ထိုပဋိညာဉ်ကို ထိခိုက်ပျက်ဆီးအောင်ပြုလုပ်ကာ အရှင်မြတ်နှင့်သက်ဆိုင်သည့် တာဝန်ကို ချိုးဖောက်သည့်အတွက် အရှင်မြတ်က ရှာဖွေအရေးယူမည်ဟူသော ပြင်းထန်သည့် သတိပေးခြိမ်းခြောက်မှုကို ခံရသူဖြစ်သွားလိမ့်မည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်က ၎င်းအားရှာဖွေမည်ဆိုလျှင် အရှင်မြတ်သည် သူ့အားသေချာပေါက် ဖမ်းဆီးမိမည်ဖြစ်ပြီး မျက်နှာဖြင့်တရွတ်တိုက်ဆွဲကာ ဂျဟန္နမ်ငရဲသို့ ပစ်ချမည်ဖြစ်သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဆွဒကဟ် အလှူဒါနသည် ဥစ္စာပစ္စည်းကို လျှော့နည်းစေမည်မဟုတ်၊ ခွင့်လွှတ်တတ်သူအား အလ္လာဟ်အရှင်မြတ်သည် ဂုဏ်သိက္ခာ ပို၍တိုးပွားစေတော်မူမည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်အတွက် ရိုကျိုးနှိမ့်ချခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအားမြှင့်တင်ပေးတော်မူသည်။
رواه مسلمဆွဒကဟ် အလှူဒါနသည် ဥစ္စာပစ္စည်းကို လျှော့နည်းစေမည် မဟုတ်ကြောင်း တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းလင်းပြတော်မူခဲ့သည်။ ထို့အပြင် ဆွဒကဟ် အလှူဒါနသည် ဘေးဗလာများကိုဖယ်ရှားပေးသည်။ အလ္လာဟ်အရှင်မြတ်သည် အလှူဒါနပြုသူအား ကြီးကျယ်လှသော ကောင်းခြင်းများ အစားပြန်လည်ချီးမြှင့်တော်မူသဖြင့် မလျော့နည်းသည့်အပြင် ပို၍တိုးပွားသွားသည်။ အခြားသူအား လက်စားချေနိုင်စွမ်း၊ အစားယူနိုင်စွမ်းရှိလျက်နှင့် ခွင့်လွှတ်လိုက်ခြင်းသည် အင်အားနှင့် ဂုဏ်သိက္ခာကို ပို၍တိုးပွားစေသည်။ အကြင်သူသည် အခြားသူကို ကြောက်ရွံသည့်အတွက်ကြောင့်လည်း မဟုတ်၊ မိမိအား နူးညံ့သိမ့်မွေ့စွာ ဆက်ဆံသည့်အတွက်ကြောင့်လည်းမဟုတ်၊ ၎င်းထံမှ အကျိုးတစ်စုံတစ်ရာ မျှော်ကိုးသည့်အတွက်ကြောင့်လည်းမဟုတ်ဘဲ အလ္လာဟ်အရှင်မြတ်အတွက်သာ ရိုကျိုးနှိမ့်ချမည်ဆိုပါက အဆင့်အတန်းမြင့်မားခြင်းနှင့် ဂုဏ်သိက္ခာကြီးမြတ်ခြင်းတို့ကို အစားပြန်လည်ရရှိမည်ဖြစ်သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မုအ်မင်န် သက်ဝင်ယုံကြည်သူများအနက် အီမာန် ယုံကြည်မှုအားဖြင့် အပြည့်ဝဆုံးသူမှာ ကိုယ်ကျင့်တရား အကောင်းဆုံးသူပင်ဖြစ်သည်။ သင်တို့အနက် အကောင်းဆုံးသူမှာ အသင်တို့၏ အမျိုးသမီးများအပေါ် အကောင်းဆုံးသူပင် ဖြစ်သည်။
رواه أبو داود والترمذي وأحمدတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ လူတို့အနက် အီမာန်ယုံကြည်မှုအားဖြင့် အပြည့်ဝဆုံးသူမှာ ကိုယ်ကျင့်တရား အကောင်းဆုံးသူပင်ဖြစ်သည်။ ကောင်းမြတ်သည့်ကိုယ်ကျင့်တရား၏ စရိုက်လက္ခဏာမှာ ပြုံးရွှင်ချိုသာသောမျက်နှာရှိခြင်း၊ ကောင်းကျိုးပြုခြင်း၊ ကောင်းမွန်ချိုသာစွာ စကားပြောခြင်း၊ ဘေးဒုက္ခများကို ကာကွယ်ပေးခြင်း စသည်တို့ဖြစ်သည်။ မုအ်မင်န် သက်ဝင်ယုံကြည်သူများအနက် အကောင်းဆုံးသူမှာ မိမိဇနီး၊ သမီး၊ အစ်မ၊ နှမ၊ သားချင်းတော်စပ်သည့် အမျိုးသမီးများအပေါ် အကောင်းဆုံးသူပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူမတို့သည် လူတို့အနက် ကောင်းမြတ်သည့် ကိုယ်ကျင့်တရားနှင့် ဆက်ဆံရန် အထိုက်တန်ဆုံးသူများ ဖြစ်ကြသည်။
အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဒွန္နယာ လောကသည် အကျိုးခံစားသည့် အရာဖြစ်ပြီး လောက၏ အကျိုးခံစားမှုများအနက် အကောင်းဆုံးမှာ ကောင်းမြတ်သော ဇနီးပင်ဖြစ်သည်။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ လောကနှင့် လောကရှိအရာများသည် အချိန်အတိုင်းအတာ တစ်ခုအထိ အကျိုးခံစားပြီး ပျောက်ကွယ်သွားမည့် အရာများဖြစ်သည်။ သို့သော် လောက၏အကျိုးခံစားမှုများအနက် အမွန်မြတ်ဆုံးမှာ ဘာသာတရားကိုင်းရှိုင်းသော ဇနီးပင်ဖြစ်သည်။ ဘာသာတရားကိုင်းရှိုင်းသော ဇနီးဟူသည် အကယ်၍(ခင်ပွန်း)သည်က သူမအားကြည့်လိုက်သည့်အခါ သူ့ကိုပျှော်ရွှင်စေပြီး အမိန့်တစ်ခုခုပေးသည့်အခါ သူ၏အမိန့်ကို နာခံလိုက်နာသည်။ အကယ်၍ ခင်ပွန်းသည် သူမ၏ကွယ်ရာ၌ရှိနေလျှင် သူမသည်မိမိကိုယ်နှင့် ခင်ပွန်း၏ ပစ္စည်းဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်။ အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်မှာ အို - အာဒမ်၏သား သင်သုံးစွဲလှူဒါန်းပါ၊ သင့်အပေါ်ပြန်လည် သုံးစွဲခြင်းခံရမည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ပြောကြားတော်မူသည်မှာ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်။ အို - အာဒမ်၏သား (ဝါဂျိဗ်တာဝန်ထိုက်သည့် အလှူဒါနနှင့် နဖ်လ် အလှူဒါနတို့တွင်) သင်သုံးစွဲလှုဒါန်းပါ ငါအရှင်မြတ်သည် သင့်အား ရိုဇီရိက္ခာကျယ်ဝန်းစွာ ချီးမြှင့်တော်မူမည်။ ဤသုံးစွဲမှုအပေါ် အစားပြန်လည်ပေးသနားကာ ဘရကသ်မင်္ဂလာ ချီးမြှင့်တော်မူမည်ဖြစ်သည်။
အုက်ဗဟ် ဗင်န် အာမိရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့ လိုက်နာဖြည့်ဆည်းရန် အထိုက်တန်ဆုံး စည်းကမ်းချက်မှာ ကိုယ်လက်နှီးနှောခွင့် တရားဝင်စေရန်အတွက် သတ်မှတ်ထားသည့် စည်းကမ်းချက်ပင်ဖြစ်သည်။
متفق عليهဟဒီးဆ်တော်၌ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ရှင်းပြတော်မူသည်မှာ လိုက်နာဖြည့်ဆည်းရန် အထိုက်တန်ဆုံး စည်းကမ်းချက်မှာ အမျိုးသမီးနှင့် ကိုယ်လက်နှီးနှောခွင့် တရားဝင်စေရန်အတွက် အကြောင်းခံဖြစ်စေခဲ့သည့် စည်းကမ်းချက်ပင်ဖြစ်သည်။ ဤသည်နိကဟ်ထိမ်းမြားစဉ် ဇနီးဘက်မှတောင်းဆိုထားသည့် တရားတော်က ခွင့်ပြုထားသော စည်းကမ်းချက်များပင်ဖြစ်သည်။
အဗူဇုဗိုင်းရ်က ဆင့်ပြန်ခဲ့သည်။ အစ်ဗ်နုဇုဗိုင်းရ် (ရဿွိယလ္လာဟုအန်ဟု)သည် စလာမ်လှည့်ပြီးသည့်အခါ ဆွလာသ်တိုင်း၏နောက်တွင် ဤသို့ရွတ်ဆိုလေ့ရှိသည်။ «لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ، لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللهِ، لَا إِلَهَ إِلَّا اللهُ، وَلَا نَعْبُدُ إِلَّا إِيَّاهُ، لَهُ النِّعْمَةُ وَلَهُ الْفَضْلُ وَلَهُ الثَّنَاءُ الْحَسَنُ، لَا إِلَهَ إِلَّا اللهُ مُخْلِصِينَ لَهُ الدِّينَ وَلَوْ كَرِهَ الْكَافِرُونَ» အဓိပ္ပာယ်။ အလ္လာဟ်အရှင်မြတ်သည် အတုမဲ့အနှိုင်းမဲ့၍ ဆည်းကပ်ကိုးကွယ်မှုအပေါင်းကို ခံထိုက်တော်မူသောအရှင်ဖြစ်၏။ စိုးပိုင်ခြင်းဟူသမျှသည် ထိုအရှင်မြတ်အဖို့သာဖြစ်၏။ ချီးမွမ်းထောမနာခြင်းဟူသမျှသည်လည်း ထိုအရှင်မြတ်အဖို့သာဖြစ်၏။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းအလုံးစုံကို စွမ်းဆောင်နိုင်တော်မူသောအရှင်ဖြစ်သည်။ မကောင်းမှုမှ ရှောင်ကြဉ်နိုင်ခြင်းနှင့် ကောင်းမှုများ ပြုကျင့်နိုင်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ စွမ်းအားပေးသနားတော်မူခြင်းကြောင့်သာ ဖြစ်တော်မူသည်။ အလ္လာဟ်အရှင်မြတ်မှအပ မှန်ကန်သည့် ကိုးကွယ်ရာအရှင်ဟူ၍အလျင်းမရှိ။ ၎င်းအပြင် ကျွန်တော်မျိုးတို့သည် ထိုအရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ပါ၏။ နိအ်မသ် စည်းစိမ်အပေါင်းနှင့် ကျေးဇူးတရားအဖြာဖြာတို့သည် ထိုအရှင်မြတ်ထံတော်ပါးမှသာလျှင် ဖြစ်တော်မူသည်။ ချီးမွမ်းထောမနာပြုခြင်းဟူသမျှသည် ထိုအရှင်မြတ်အဖို့သာဖြစ်၏။ အလ္လာဟ်အရှင်မြတ်မှအပ မှန်ကန်သည့် ကိုးကွယ်ရာအရှင်ဟူ၍အလျင်းမရှိ။ ကာဖိရ်များ မနှစ်သက်ကြစေကာမူ ကျွန်တော်မျိုးတို့သည် အလ္လာဟ်အရှင်မြတ်အား အိခ်လာဆွ်ဖြင့် ခဝပ်ကိုးကွယ်ပါ၏။ ထို့နောက် ၎င်းကပြောပြသည်မှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်တိုင်း၏နောက်တွင် ထိုကလိမဟ်တော်များကို ရွတ်ဆိုခဲ့သည်။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဖရ်ဿ်ွဆွလာသ်တိုင်း၌ စလာမ်လှည့်ပြီးသောအခါ ကြီးကျယ်မြင့်မြတ်လှသည့် ဤဇိက်ရ်တော်ကို ရွတ်ဆိုလေ့ရှိသည်။ ယင်းဇိက်ရ်တော်၏အဓိပ္ပာယ်မှာ "لا إله إلا الله" အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိ။ "وحده لا شريك له" အလ္လာဟ်အရှင်မြတ်သည် ခဝပ်ကိုးကွယ်မှုကို ခံထိုက်ခြင်း၌လည်းကောင်း၊ အရာခပ်သိမ်းကိုဖန်ဆင်းမွေးမြူး ထိန်းသိမ်းစောင့်ရှောက်ခြင်း၌လည်းကောင်း၊ အရှင်မြတ်၏ ဂုဏ်တော်၊ နာမတော်များကို ပိုင်ဆိုင်ရာတွင်လည်းကောင်း အရှင်မြတ်နှင့်အတူ ဖက်စပ်ပါဝင်သူဟူ၍မရှိ။ "له الملك" အလွန်ပင်ပြည့်ဝစုံလင်၍ အကန့်အသတ်မရှိသော စိုးပိုင်မှုအာဏာ၊ မိုးကောင်းကင်များနှင့် မြေပထဝီနှင့် ၎င်းတို့ကြားရှိ အရာခပ်သိမ်း၏ စိုးမိုးအုပ်ချုပ်မှုအာဏာသည် အရှင်မြတ်အဖို့သာဖြစ်သည်။ "وله الحمد" ထိုအရှင်မြတ်သည် ပြီးပြည့်စုံတော်မူသောအရှင်ဖြစ်ပြီးတော်မူသည်။ ချောင်လည်သည့်အခါတွင်ဖြစ်စေ၊ ခက်ခဲသည့်အခါတွင်ဖြစ်စေ အခြေအနေတိုင်း၌ ပြည့်ဝသည့် ချစ်ခင်မြတ်နိုးမှု၊ ဂုဏ်ပေးလေးစားမှုတို့နှင့်တကွ ချီးမွမ်းခြင်းအပေါင်းကို ခံထိုက်တော်မူသောအရှင်ဖြစ်သည်။ "وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ" ထိုအရှင်မြတ်၏ စွမ်းဆောင်နိုင်မှုသည် အဘက်ဘက်မှ ပြည့်ဝစုံလင်တော်မူသည်။ မည်သည့်အရာကမျှ ထိုအရှင်မြတ်အား မစွမ်းဆောင်နိုင်အောင် မပြုလုပ်နိုင်ချေ။ ထို့အတူ မည်သည့်အရေးကိစ္စကမျှ ထိုအရှင်မြတ်အား တားဆီးပိတ်ပင်နိုင်သည်ဟူ၍မရှိပါ။ "لا حول ولا قوة إلا بالله" အခြေအနေတစ်ခုမှ အခြားအခြေအနေတစ်ခုသို့ ပြောင်းလဲခြင်း၊ အလ္လာဟ်အရှင်မြတ်၏အမိန့်ဖီဆန်ခြင်းမှ အရှင်မြတ်၏ အမိန့်နာခံခြင်းဘက်သို့ ပြောင်းလဲခြင်းသည် အလ္လာဟ်အရှင်မြတ်ချီးမြှင့်မှသာ ဖြစ်နိုင်ပါသည်။ ထိုအရှင်မြတ်သည်သာ အကူအညီစောင်မတော်မူသောအရှင်၊ အားကိုးအားထားရာအရှင်ဖြစ်တော်မူသည်။ "لا إله إلا الله، ولا نعبد إلا إياه" အလ္လာဟ်အရှင်မြတ်သာလျှင် ခဝပ်ကိုးကွယ်မှုကို ခံထိုက်သည့်အရှင်ဖြစ်ကြောင်း အလေးအနက်ထား ဖော်ပြထားပြီး ရှိရ်က်တုဖက်နှိုင်းယှဥ်ခြင်းကို ပယ်ဖျက်ထားသည်။ အရှင်မြတ်မှအပ မည်သူမျှ ခဝပ်ကိုးကွယ်မှုကို ခံထိုက်ခြင်းမရှိ။ "له النعمة وله الفضل" ထိုအရှင်မြတ်သည် နိအ်မသ် စည်းစိမ်အားလုံးကို ဖန်ဆင်းတော်မူသောအရှင်၊ ၎င်းတို့ကို ပိုင်ဆိုင်တော်မူသောအရှင်ဖြစ်သည်။ ထိုအရှင်မြတ်သည် မိမိ၏ကျေးကျွန်များအနက် မိမိအလိုရှိသူအား ထိုနိအ်မသ်များဖြင့် ကျေးဇူးပြုတော်မူသည်။ " وله الثناء الحسن "ချီးမွမ်းထောမနာပြုခြင်းဟူသမျှသည် အခြေအနေတိုင်းတွင် အရှင်မြတ်၏ ဇာသ်တော်၊ ဂုဏ်တော်များ၊ လုပ်ရပ်များ၊ စည်းစိမ်များအားလုံး အတွက်သာဖြစ်၏။ "لا إله إلا الله، مخلصين له الدين" အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ပြီး ပြစားမှု၊ ကျော်ကြားလိုမှု မပါဘဲ အရှင်မြတ်၏အမိန့်ကို နာခံပါ၏။ "ولو كره الكافرون" ကာဖိရ်များ မနှစ်သက်ကြစေကာမူ အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ခြင်းအပေါ် မြဲမြံစွာရပ်တည်နေပါသည်။
အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဤနေ့ရက်များ(ဇွလ်ဟဂ်ျလ၏ ပထမဆယ်ရက်)၌ ကောင်းမှုပြုလုပ်ခြင်းအား အခြားသောနေ့ရက်များတွင် ကောင်းမှုပြုလုပ်ခြင်းထက် အလ္လာဟ်အရှင်မြတ်သည် ပို၍နှစ်သက်တော်မူသည်။ သာဝကကြီးများက အို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် အရှင်မြတ်လမ်းတော်၌ ဂျိဟာဒ်လုပ်ခြင်းကို ပို၍နှစ်သက်သည် မဟုတ်လောဟု လျှောက်ထားခဲ့ကြရာ ကိုယ်တော်က မိန့်ကြားသည်မှာ အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်လုပ်ခြင်းကိုလည်း(ထိုရက်များ၏ ကောင်းမှုထက်) ပို၍မနှစ်သက်ပေ။ သို့သော် မိမိ၏အသက်ဇီဝိန်၊ ဥစ္စာပစ္စည်းတို့နှင့်တကွ ဂျိဟာဒ်ပြုရန်ထွက်သွားပြီး ၎င်းအရာများကို ပြန်မယူလာသည့် ပုဂ္ဂိုလ်သာလျှင် ပို၍နှစ်သက်ခြင်းခံရမည်ဖြစ်သည်။
رواه البخاري وأبو داود، واللفظ لهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ ဇွလ်ဟဂ်ျလ၏ ပထမဆယ်ရက်၌ ကောင်းမှုပြုလုပ်ခြင်းသည် တစ်နှစ်တာ၏အခြားနေ့ရက်များတွင် ကောင်းမှုပြုလုပ်ခြင်းထက် သာပိုမွန်မြတ်သည်။ သာဝကကြီးများက တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ဤဆယ်ရက်မှလွဲ၍ အခြားသောနေရက်များတွင် ဂျိဟာဒ်လုပ်ခြင်းက ပို၍မွန်မြတ်ပါသလား သို့မဟုတ် ဤနေ့ရက်များတွင် ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းက ပို၍မွန်မြတ်ပါသလားဟု လျှောက်ထားမေးမြန်းခဲ့ကြသည်။ ဤသို့မေးရခြင်းမှာ ဂျိဟာဒ်သည် အမွန်မြတ်ဆုံး အမလ်ကောင်းမှုဖြစ်ကြောင်း သာဝကကြီးများ လက်ခံထားကြသည့်အတွက်ဖြစ်သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဖြေကြားတော်မူသည်မှာ ဇွလ်ဟဂ်ျလ၏ ပထမဆယ်ရက်၌ပြုလုပ်သည့် ကောင်းမှုသည် အခြားသောနေ့ရက်များတွင် ဂျိဟာဒ်ပြုခြင်းထက် ပို၍သာမြတ်သည်။ သို့သော် လူတစ်ဦးသည် မိမိ၏အသက်ဇီဝိန်၊ ဥစ္စာပစ္စည်းတို့နှင့်တကွ ဂျိဟာဒ်ပြုရန် မုဂျာဟိဒ်တစ်ဦးအဖြင့် စွန်လွှတ်စွန့်စားကာထွက်ခွာသွားပြီး အလ္လာဟ့်လမ်းတော်တွင် မိမိ၏ဥစ္စာပစ္စည်းများ ဆုံးရှုံးသွားကာ မိမိအသက်ကိုလည်း ပေးအပ်လိုက်ခဲ့လျှင် ထိုသူသာလျှင် ထိုမွန်မြတ်သည့်ရက်များ၌ အမလ်ကောင်းမှုပြုလုပ်ခြင်းထက် ပို၍မွန်မြတ်မည်ဖြစ်သည်။